35.အဆုံးသတ်ဟာလှပခဲ့သည်။

2.2K 70 2
                                    

Unicode

အပြစ်မမြင်တတ်တဲ့ကောင်လေးကိုပိုင်ဆိုင်ရတာဟာလည်း ဘဝ့အတွက်ပျော်ရွှင်ခြင်းနိယာမတစ်ခုပါပဲလား။

''ဟင့်အင်းအမုန်းဆိုတာကောင်းတဲ့အရာမှ မဟုတ်တာ
အမုန်းတွေပွားနေရင် သံသရာမှာကော လွှတ်မြောက်မှာတဲ့လား ကိုကို ''

'' ဒါတော့ဒါပေါ့ ခ ရယ် ကိုကို ခ့စိတ်မချမ်းသာဖြစ်မှာ စိုးရိမ်လို့ပါ ။ ''


'' ကိုကိုလည်းအမုန်းမပွားသင့်ဘူး။ လူတိုင်းကို ချစ်ကြည့်လိုက်ပါ။ ရလာတဲ့အကျိုးခံစားခွင့်က အေးချမ်းတယ် ''

သုတရာဇာ ပို၍ အံသြလာရသည်။ သူ့ရှေ့မှာပြောနေတဲ့ကောင်လေးငယ်ဟာ
ကလေးအရွယ် ကောင်လေးနှင့်မတူ။ ပို၍ လူကြီးဆန်နေသည်။ နားလည်မိအောင်လုပ်ယူဖို့သာဦးတည်လို့။

ဇပ်ကနဲ ပွေ့ဖက်ရင်းမျက်ရည်တို့ကျဆင်းလာသည်။ ငိုမိပြန်ပြီ။

'' ကိုကို ဘာဖြစ်တာလဲ ''


'' ကိုကို အဲ့လောက်ထိ ခ တွေးတတ်မယ်လို့မထင်ဘူး။
သိပ်ပြီး ချစ်တတ်အောင် ကိုကို့ကို ကူညီပါဦး ခ က အရမ်းလူကြီးလေးဆန်တာပဲကွာ ကိုကို ငိုချင်လာပြီ ''


''မငိုပါနဲ့ လူကြီးဆန်တာမဟုတ်ပါဘူး။ ခ ကဒီတိုင်းပြောလိုက်တာပါ။ကိုကိုနာကျင်ရ ရင်ထပ်မပြောတော့ဘူးလေ ''

'' ခ သိလား ကိုကို မင်းအမကို ခေါ်လာခဲ့တယ် ''

'' ဟင် တကယ်လား ကိုကို ''


''ဟုတ်တယ် အောက်မှာရောက်နေပြီ ခ ဆီက ဒီစကားတွေကြားရတော့ မောင်နှစ်မနှစ်ယောက်ကို မခွဲချင်တော့ဘူး။ ''


'' ကိုကို ကလေးလည်းမဟုတ် အရမ်းငိုတာပဲ ''

'' ခနစောင့် ကိုကို သူ့ကိုလာဖို့ပြောလိုက်မယ် ''

''....''

..........

သက်လွင်နှင့်အတူ Maria သုတလှမ်းခေါ်၍ လိုက်လာရသည်။

သုခရှိရာအခန်းသို့ဝင်လာကြသည်။

'' မောင်လေး သုခ မလား ''

Maria ကုတင်ပေါ်က လူနှစ်ယောက်ထံ ချဥ်းကပ်သွားရင်း စကားတို့မဝံ့ မရဲဆိုသည်။

🎉 You've finished reading စူးနစ်ခဲ့သော လမ်းတစ်ခု စူးနစ္ခဲ့ေသာ လမ္းတစ္ခု(completed) 🎉
စူးနစ်ခဲ့သော လမ်းတစ်ခု    စူးနစ်ခဲ့သော လမ်းတစ်ခု(completed)Where stories live. Discover now