Reflection.. (Completed)

By Giggle1995

67.5K 3.4K 90

Unicode ကျွန်တော်ချစ်တဲ့ သူက ကျွန်တော့်လို ဘုန်းကံမြင့်တဲ့ ယောကျာ်းတစ်ယောက်မို့ ကျွန်တော် တန်ဖိုးထားတယ်... More

(1)
(2)
(3)
(4 )
(5)
(6)
(7)
(8)
(9)
(10)
(11)
(12)
(13)
(14)
(15)
(16)
(17)
(18)
(19)
(20)
(22)
(23)
(24)
(25)
(26)
Readers လေးတို့အတွက် အမှာစာ..
(27)
(28)
😛🙌
(29)
(30)
(31)
(32)
(33)
(34)
(35)
(36)
(37) (ဇာတ်သိမ်းပိုင်း)
Extra (1)
Extra 2
Extra ( 3)
Hey ... Attention..

(21)

1.2K 74 2
By Giggle1995

Unicode

"ဪ...သားတောင် ပြန်လာပြီလား "

"ဟုတ်မေမေ ဒါနဲ့ ညီမလေးရော..."

"သားရဲ့ ညီမလေးက ရောက်ထဲက အခန်းထဲမှာပဲလေ..."

"ဟုတ် ဒါဆို သား ညီမလေးဆီ ခနသွားလိုက်ဦးမယ်..."

"အေးအေး သား..."

မြူနဲ့ ညီမလေး ဖြစ်ခဲ့တဲ့ အကြောင်းကို သိချင်လွန်းတာကြောင့် ချက်ချင်းပဲ ညီမလေးရဲ့
အခန်းကို လျှောက်လာမိသည်...

ဒေါက်...ဒေါက်...ဒေါက်

"တံခါးဖွင့်ထားတယ်..."

"ညီမလေး...."

"ဪ...ဘာပြောစရာရှိလို့လဲ ကိုကို...."

"နေ့ခင်းက မြူနဲ့ ညီမလေး ပြသနာဖြစ်လာကြတာလား
မြူ အရမ်းဒေါသထွက်နေလို့..."

"ဟုတ်လား အကဲပိုလိုက်တာ အပြင်လေး ခနခေါ်ပြီး
သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတာကို အဲ့လောက် ဒေါသထွက်စရာ လိုလို့လား ....."

"ဟင်းးးးး မဟုတ်ဘူးလေ ညီမလေးရဲ့ မြူက ငယ်ငယ်လေးထဲက လူတွေနဲ့ ဆက်ဆံရတာ မကြိုက်ဘူးဆိုတာ ညီမလေးလဲ သိနေတာပဲ...."

"အခု ကိုကိုက သစ်ခက်ကို သူ့အတွက်နဲ့ ဆူနေတာလား
သစ်ခက်က ကိုယ်သဘောကျတဲ့ သူကို သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးချင် ရုံလေးလေ သစ်ခက် ဘာမှားလို့လဲ....."

"ဟင်!!!ညီ ညီမလေး ဘာပြောလိုက်တာ..."

"ဟုတ်တယ် သစ်ခက် မြူ့ကို သဘောကျတယ်
မေမေကလဲ သဘောတူတယ် အဲ့တာကြောင့် သစ်ခက်ကို
သူသဘောကျလာအောင် ကြိုးစားနေတာ...."

"......."

ကျွန်တော် နားကြားများမှားတာလား  ညီမလေးက မြူ့ကို...

"အဲ့တာကြောင့် ကိုကိုလဲ သစ်ခက်ကို ကူညီပေးလေနော်
သစ်ခက် မြူ့ကို တကယ်သဘောကျတာပါ..."

"ဒါပေမယ့် ညီမလေး မြူ့ဘက်က...."

"သစ်ခက် သိပါတယ် မြူက သစ်ခက်ကို ခံစားချက်မရှိဘူးဆိုတာ ဒါပေမယ့် သစ်ခက် ဂရုမစိုက်ဘူးကိုကို သူ သစ်ခက်ကို သဘောကျလာအောင်
သစ်ခက် ကြိုးစားမှာ ကိုကိုလဲ သစ်ခက်ကို ကူညီပေးလေနော်...."

ကျွန်တော် ဖွင့်ပြောသင့်ရဲ့လား ကျွန်တော်နဲ့ မြူရဲ့ ဆက်ဆံရေးကိုလေ....ကျွန်တော့်ညီမလေး သဘောကျနေတဲ့သူက ကျွန်တော်နဲ့ သာမာန်ပက်သက်မှုထက်ပိုနေတယ်ဆိုတာ ကျွန်တော်
ဖွင့်ပြောလိုက်သင့်လား......ဖွင့်ပြောလိုက်ရင်ရော
ညီမလေး ကျွန်တော့်ကို မုန်းသွားမှာလား....

ကိုကို ကြောက်တယ်မြူရယ်...တစ်ဖက်က ကိုကိုချစ်ရတဲ့
ညီမလေး...တစ်ဖက်က ကိုကို့တစ်ဘဝလုံး ပုံပြီး ချစ်ရတဲ့
မင်း.....

"ကိုကို...နေမကောင်းဘူးလား လက်တွေ အေးစက်နေတာပဲ..."

ဟုတ်ပါရဲ့ ခြေတွေ လက်တွေ အကုန် အေးစက်လို့ပါလား...

"ဘာ ဘာမှမဖြစ်ပါဘူး ညီမလေးရဲ့ ကိုကိုနည်းနည်း
ပင်ပန်းနေလို့ပါ...ဒါ ဒါဆို ကိုကို သွားတော့မယ်နော်..."

"ဟုတ်....သစ်ခက်နဲ့ မြူ့ကို အဆင်ပြေအောင် ကူညီပေးပါနော် ..."

"အင်း အင်းပါ...."

ညီမလေးကို အပြုံးမပျက်နှုတ်ဆက်ရင်း ကျလာတော့မယ့်မျက်ရည်တွေကို မမြင်အောင်
ပုတ်ခတ်ကာ အခန်းဆီသို့ အမြန်ပြေးလာလိုက်သည်...

အခန်းတံခါးကို ဂျက်ချရင်း မျက်ရည်တွေကို
လွတ်လပ်စွာ ကျဆင်းခွင့်ပေးလိုက်သည်....

မြူ....ကိုကို့တို့ပက်သက်မှုက အမှားဖြစ်နေပီထင်တယ်....

တီ...တီ....တီ.....

အဆက်မပြတ် မြည်နေတဲ့ ဖုန်းသံကြောင့် contact
name လေးကိုကြည့်လိုက်တော့ "ကိုကို့ရဲ့မြူ"ဆိုတဲ့
Nickname လေးက အထင်းသား.....

ကျွန်တော်ဖုန်းကိုင်လိုက်သင့်ရဲ့လား.....

ကျွန်တော်ဖုန်းမကိုင်ရင် ချက်ချင်းအိမ်ကိုရောက်လာနိုင်တဲ့
မြူ့ရဲ့စိတ်ကို သိတာကြောင့် မျက်ရည်တို့ကို သုတ်ရင်း
Answer call လေးကို နှိပ်လိုက်တော့ ထွက်ပေါ်လာတဲ့
အသံစူးစူးလေးက ဒေါသသံမပါပါပဲ စိုးရိမ်မှုတို့ကအထင်းသား...

"ကိုကို ကျွန်တော်ဖုန်းခေါ်နေတာ ကြာလှပြီ ဘာလို့မကိုင်တာလဲ!!!!"

"ကိုကို ရေချိုးနေလို့ပါ...."

"ကိုကိုသာ ဖုန်းမကိုင်ရင် ကျွန်တော် ကိုကို့အိမ်ကို လိုက်လာတော့မှာ ကားသော့တောင် ကိုင်နေပီ...."

အဲ့တာပါပဲ မြူဆိုတာ အမြဲတမ်း တဇွတ်ထိုးလုပ်တတ်တဲ့
ကောင်ဆိုးလေး.....

"အင်းပါ ကိုကိုတောင်းပန်ပါတယ်နော်...."

"ကျွန်တော့်ကောင်လေးကို လွမ်းလိုက်တာ ....."

စချွဲပါပြီ မြူငွေ့ခိုးတို့....

"ခုလေးမှ တွေ့လာတာလေ မြူ..."

"ဒါပေမယ့် လွမ်းနေတယ်လေ ကိုကိုကလဲ..."

လူဆိုးကောင်လေးရဲ့စကားကြောင့် ရင်ထဲမှာ
ကြည်နူးမှုလေးတွေတော့ ဖြစ်တန်သွားပါရဲ့......

"မြူ....."

"ဟုတ် ကိုကိုပြောလေ..."

"တကယ်လို့များ ကိုကို့ထက်သာတဲ့သူနဲ့ တွေ့ရင် ကိုကို့ကို
ထားခဲ့လို့ရတယ်နော်......"

အဆက်အစပ်မရှိ ပြောလာတဲ့စကားကြောင့်
ကိုယ့်နားကိုပင်မယုံနိုင် ကိုကိုက ကျွန်တော့်ကို မယုံကြည်လို့ပြောနေတာမလား.....

"ကိုကို ဘာတွေပြောနေတာလဲ ဘာလို့ကျွန်တော်က
ကိုကို့ကိုထားခဲ့ရမှာလဲ မဖြစ်နိုင်လိုက်တာကွာ!!!!"

"မဟုတ်ဘူးလေ မြူ.... မြူ့ကို ကိုကို့ထက်သာတဲ့သူနဲ့တွေ့ခဲ့တဲ့အခါ အဲ့လူကိုလက်လွတ်မခံဖို့ ကိုကိုကပြောတာပါ ကိုကို့မှာ ဘာမှပြည့်စုံမှုမရှိဘူးလေ မြူရယ်...."

"ကိုကိုတော်လိုက်တော့!!!!!! ကိုကိုပြောသလိုများ ကိုကို့ထက်သာတဲ့သူနဲ့ တွေ့ခဲ့ရင်တောင် ကျွန်တော်ရွေးချယ်မှာမဟုတ်ဘူး ကျွန်တော့်အတွက်
ကိုကို့ရဲ့ဖြစ်တည်မှုက အားလုံးထက်ပိုပြီး တန်ဖိုးရှိတယ်
အဲ့တာကို ကိုကိုမှတ်ထား!!!!!"

"ဒါပေမယ့် ကိုကိုတို့က ယောကျာ်းလေးတွေလေ မြူ
ကိုကိုတို့ရဲ့ ဖြစ်တည်မှုကို လူတွေက လက်ခံပေးနိုင်မှာ မဟုတ်ဘူး ......"

"အဲ့ဒီ့လူတွေကို ကျွန်တော်ဂရုမစိုက်ဘူး ကိုကိုသိထားရမှာက တိမ်ယံပျိုးဆိုတဲ့ ကိုကိုက ကျွန်တော့်အပိုင်ပဲဖြစ်ရမယ် အဲ့လိုပဲ မြူငွေ့ခိုးဆိုတဲ့ ကျွန်တော်ကလဲ ကိုကို့အပိုင်ပဲဖြစ်ရမယ်!!!!"

"မြူ..."

"တော်တော့ကိုကို ကျွန်တော်နားချင်ပြီ goodnight"

ရုတ်ချည်းပြောင်းလဲသွားတဲ့ အခြေအနေကြောင့်
သက်ပြင်းတစ်ချက်ချရင်း အရာအားလုံးကိုမေ့စေရန်
အိပ်ယာပေါ်သာ ပစ်လှဲချလိုက်တော့သည်....

ကိုကို ကျွန်တော့်အချစ်ကို စော်ကားလိုက်တာ!!!











#LKP

ဒီအပိုင်းတိုသွားတယ်ကွာ 😷
နောက်အပိုင်းကျမှ အများကြီးရေးပေးမယ်နော်
မေ့နေကြပီလား😷













Zawgyi

"ဪ...သားေတာင္ ျပန္လာၿပီလား "

"ဟုတ္ေမေမ ဒါနဲ႔ ညီမေလးေရာ..."

"သားရဲ့ ညီမေလးက ေရာက္ထဲက အခန္းထဲမွာပဲေလ..."

"ဟုတ္ ဒါဆို သား ညီမေလးဆီ ခနသြားလိုက္ဦးမယ္..."

"ေအးေအး သား..."

ျမဴနဲ႔ ညီမေလး ျဖစ္ခဲ့တဲ့ အေၾကာင္းကို သိခ်င္လြန္းတာေၾကာင့္ ခ်က္ခ်င္းပဲ ညီမေလးရဲ့
အခန္းကို ေလ်ွာက္လာမိသည္...

ေဒါက္...ေဒါက္...ေဒါက္

"တံခါးဖြင့္ထားတယ္..."

"ညီမေလး...."

"ဪ...ဘာေျပာစရာရိွလို႔လဲ ကိုကို...."

"ေန့ခင္းက ျမဴနဲ႔ ညီမေလး ျပသနာျဖစ္လာၾကတာလား
ျမဴ အရမ္းေဒါသထြက္ေနလို႔..."

"ဟုတ္လား အကဲပိုလိုက္တာ အျပင္ေလး ခနေခၚၿပီး
သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးတာကို အဲ့ေလာက္ ေဒါသထြက္စရာ လိုလို႔လား ....."

"ဟင္းးးးး မဟုတ္ဘူးေလ ညီမေလးရဲ့ ျမဴက ငယ္ငယ္ေလးထဲက လူေတြနဲ႔ ဆက္ဆံရတာ မႀကိဳက္ဘူးဆိုတာ ညီမေလးလဲ သိေနတာပဲ...."

"အခု ကိုကိုက သစ္ခက္ကို သူ႔အတြက္နဲ႔ ဆူေနတာလား
သစ္ခက္က ကိုယ္သေဘာက်တဲ့ သူကို သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးခ်င္ ရံုေလးေလ သစ္ခက္ ဘာမွားလို႔လဲ....."

"ဟင္!!!ညီ ညီမေလး ဘာေျပာလိုက္တာ..."

"ဟုတ္တယ္ သစ္ခက္ ျမဴ႔ကို သေဘာက်တယ္
ေမေမကလဲ သေဘာတူတယ္ အဲ့တာေၾကာင့္ သစ္ခက္ကို
သူသေဘာက်လာေအာင္ ႀကိဳးစားေနတာ...."

"......."

ကြၽန္ေတာ္ နားၾကားမ်ားမွားတာလား  ညီမေလးက ျမဴ႔ကို...

"အဲ့တာေၾကာင့္ ကိုကိုလဲ သစ္ခက္ကို ကူညီေပးေလေနာ္
သစ္ခက္ ျမဴ႔ကို တကယ္သေဘာက်တာပါ..."

"ဒါေပမယ့္ ညီမေလး ျမဴ႔ဘက္က...."

"သစ္ခက္ သိပါတယ္ ျမဴက သစ္ခက္ကို ခံစားခ်က္မရိွဘူးဆိုတာ ဒါေပမယ့္ သစ္ခက္ ဂရုမစိုက္ဘူးကိုကို သူ သစ္ခက္ကို သေဘာက်လာေအာင္
သစ္ခက္ ႀကိဳးစားမွာ ကိုကိုလဲ သစ္ခက္ကို ကူညီေပးေလေနာ္...."

ကြၽန္ေတာ္ ဖြင့္ေျပာသင့္ရဲ့လား ကြၽန္ေတာ္နဲ႔ ျမဴရဲ့ ဆက္ဆံေရးကိုေလ....ကြၽန္ေတာ့္ညီမေလး သေဘာက်ေနတဲ့သူက ကြၽန္ေတာ္နဲ႔ သာမာန္ပက္သက္မႈထက္ပိုေနတယ္ဆိုတာ ကြၽန္ေတာ္
ဖြင့္ေျပာလိုက္သင့္လား......ဖြင့္ေျပာလိုက္ရင္ေရာ
ညီမေလး ကြၽန္ေတာ့္ကို မုန္းသြားမွာလား....

ကိုကို ေၾကာက္တယ္ျမဴရယ္...တစ္ဖက္က ကိုကိုခ်စ္ရတဲ့
ညီမေလး...တစ္ဖက္က ကိုကို႔တစ္ဘဝလံုး ပံုၿပီး ခ်စ္ရတဲ့
မင္း.....

"ကိုကို...ေနမေကာင္းဘူးလား လက္ေတြ ေအးစက္ေနတာပဲ..."

ဟုတ္ပါရဲ့ ေျခေတြ လက္ေတြ အကုန္ ေအးစက္လို႔ပါလား...

"ဘာ ဘာမွမျဖစ္ပါဘူး ညီမေလးရဲ့ ကိုကိုနည္းနည္း
ပင္ပန္းေနလို႔ပါ...ဒါ ဒါဆို ကိုကို သြားေတာ့မယ္ေနာ္..."

"ဟုတ္....သစ္ခက္နဲ႔ ျမဴ႔ကို အဆင္ေျပေအာင္ ကူညီေပးပါေနာ္ ..."

"အင္း အင္းပါ...."

ညီမေလးကို အၿပံဳးမပ်က္ႏႈတ္ဆက္ရင္း က်လာေတာ့မယ့္မ်က္ရည္ေတြကို မျမင္ေအာင္
ပုတ္ခတ္ကာ အခန္းဆီသို႔ အျမန္ေျပးလာလိုက္သည္...

အခန္းတံခါးကို ဂ်က္ခ်ရင္း မ်က္ရည္ေတြကို
လြတ္လပ္စြာ က်ဆင္းခြင့္ေပးလိုက္သည္....

ျမဴ....ကိုကို႔တို႔ပက္သက္မႈက အမွားျဖစ္ေနပီထင္တယ္....

တီ...တီ....တီ.....

အဆက္မျပတ္ ျမည္ေနတဲ့ ဖုန္းသံေၾကာင့္ contact
name ေလးကိုၾကၫ့္လိုက္ေတာ့ "ကိုကို႔ရဲ့ျမဴ"ဆိုတဲ့
Nickname ေလးက အထင္းသား.....

ကြၽန္ေတာ္ဖုန္းကိုင္လိုက္သင့္ရဲ့လား.....

ကြၽန္ေတာ္ဖုန္းမကိုင္ရင္ ခ်က္ခ်င္းအိမ္ကိုေရာက္လာႏိုင္တဲ့
ျမဴ႔ရဲ့စိတ္ကို သိတာေၾကာင့္ မ်က္ရည္တို႔ကို သုတ္ရင္း
Answer call ေလးကို ႏိွပ္လိုက္ေတာ့ ထြက္ေပၚလာတဲ့
အသံစူးစူးေလးက ေဒါသသံမပါပါပဲ စိုးရိမ္မႈတို႔ကအထင္းသား...

"ကိုကို ကြၽန္ေတာ္ဖုန္းေခၚေနတာ ၾကာလွၿပီ ဘာလို႔မကိုင္တာလဲ!!!!"

"ကိုကို ေရခ်ိဳးေနလို႔ပါ...."

"ကိုကိုသာ ဖုန္းမကိုင္ရင္ ကြၽန္ေတာ္ ကိုကို႔အိမ္ကို လိုက္လာေတာ့မွာ ကားေသာ့ေတာင္ ကိုင္ေနပီ...."

အဲ့တာပါပဲ ျမဴဆိုတာ အၿမဲတမ္း တဇြတ္ထိုးလုပ္တတ္တဲ့
ေကာင္ဆိုးေလး.....

"အင္းပါ ကိုကိုေတာင္းပန္ပါတယ္ေနာ္...."

"ကြၽန္ေတာ့္ေကာင္ေလးကို လြမ္းလိုက္တာ ....."

စခြၽဲပါၿပီ ျမဴေငြ့ခိုးတို႔....

"ခုေလးမွ ေတြ့လာတာေလ ျမဴ..."

"ဒါေပမယ့္ လြမ္းေနတယ္ေလ ကိုကိုကလဲ..."

လူဆိုးေကာင္ေလးရဲ့စကားေၾကာင့္ ရင္ထဲမွာ
ၾကည္ႏူးမႈေလးေတြေတာ့ ျဖစ္တန္သြားပါရဲ့......

"ျမဴ....."

"ဟုတ္ ကိုကိုေျပာေလ..."

"တကယ္လို႔မ်ား ကိုကို႔ထက္သာတဲ့သူနဲ႔ ေတြ့ရင္ ကိုကို႔ကို
ထားခဲ့လို႔ရတယ္ေနာ္......"

အဆက္အစပ္မရိွ ေျပာလာတဲ့စကားေၾကာင့္
ကိုယ့္နားကိုပင္မယံုႏိုင္ ကိုကိုက ကြၽန္ေတာ့္ကို မယံုၾကည္လို႔ေျပာေနတာမလား.....

"ကိုကို ဘာေတြေျပာေနတာလဲ ဘာလို႔ကြၽန္ေတာ္က
ကိုကို႔ကိုထားခဲ့ရမွာလဲ မျဖစ္ႏိုင္လိုက္တာကြာ!!!!"

"မဟုတ္ဘူးေလ ျမဴ.... ျမဴ႔ကို ကိုကို႔ထက္သာတဲ့သူနဲ႔ေတြ့ခဲ့တဲ့အခါ အဲ့လူကိုလက္လြတ္မခံဖို႔ ကိုကိုကေျပာတာပါ ကိုကို႔မွာ ဘာမျွပၫ့္စံုမႈမရိွဘူးေလ ျမဴရယ္...."

"ကိုကိုေတာ္လိုက္ေတာ့!!!!!! ကိုကိုေျပာသလိုမ်ား ကိုကို႔ထက္သာတဲ့သူနဲ႔ ေတြ့ခဲ့ရင္ေတာင္ ကြၽန္ေတာ္ေရြးခ်ယ္မွာမဟုတ္ဘူး ကြၽန္ေတာ့္အတြက္
ကိုကို႔ရဲ့ျဖစ္တည္မႈက အားလံုးထက္ပိုၿပီး တန္ဖိုးရိွတယ္
အဲ့တာကို ကိုကိုမွတ္ထား!!!!!"

"ဒါေပမယ့္ ကိုကိုတို႔က ေယာက်ာ္းေလးေတြေလ ျမဴ
ကိုကိုတို႔ရဲ့ ျဖစ္တည္မႈကို လူေတြက လက္ခံေပးႏိုင္မွာ မဟုတ္ဘူး ......"

"အဲ့ဒီ့လူေတြကို ကြၽန္ေတာ္ဂရုမစိုက္ဘူး ကိုကိုသိထားရမွာက တိမ္ယံပ်ိဳးဆိုတဲ့ ကိုကိုက ကြၽန္ေတာ့္အပိုင္ပဲျဖစ္ရမယ္ အဲ့လိုပဲ ျမဴေငြ့ခိုးဆိုတဲ့ ကြၽန္ေတာ္ကလဲ ကိုကို႔အပိုင္ပဲျဖစ္ရမယ္!!!!"

"ျမဴ..."

"ေတာ္ေတာ့ကိုကို ကြၽန္ေတာ္နားခ်င္ၿပီ goodnight"

ရုတ္ခ်ည္းေျပာင္းလဲသြားတဲ့ အေျခအေနေၾကာင့္
သက္ျပင္းတစ္ခ်က္ခ်ရင္း အရာအားလံုးကိုေမ့ေစရန္
အိပ္ယာေပၚသာ ပစ္လွဲခ်လိုက္ေတာ့သည္....

ကိုကို ကြၽန္ေတာ့္အခ်စ္ကို ေစာ္ကားလိုက္တာ!!!











#LKP

ဒီအပိုင္းတိုသြားတယ္ကြာ 😷
ေနာက္အပိုင္းက်မွ အမ်ားႀကီးေရးေပးမယ္ေနာ္
ေမ့ေနၾကပီလား😷






Continue Reading

You'll Also Like

56.6K 4.1K 8
zaw gyi version Shuu~~~ခင္ဗ်ားတို႔ကို ကြၽန္ေတာ့္ရဲ႕ခ်စ္ရသူ ပိစိေလးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ဖတ္ေပးၾကမယ္ ဟုတ္? အခုမွ fic စေရးမွာဆိုေတာ့ အားေပးၾကပါခင္ဗ်...
248K 9K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
233K 5.7K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်