He & Me - သူရယ် ကိုရယ် (Compl...

By AYuMi2091

1M 92.1K 5.1K

ဂေါ်လီ့သားက ဂေါ်ပြီးသား........ More

AN
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Part - 43
Part - 44
Part - 45 (Unicode)
Part - 45 (Zawgyi)
Part - 46 (Unicode)
Part - 46 (Zawgyi)
Part - 47 (Unicode)
Part - 47 (Zawgyi)
Part - 48 ( Unicode)
Part - 48 (Zawgyi)
Part - 49 (Unicode)
Part - 49(Zawgyi)
Part - 50(Unicode)
Part - 50 (Zawgyi)
Part - 51 (Unicode)
Part - 51(Zawgyi)
Part - 52 (Unicode)
Part - 52 (Zawgyi)
Part - 53(Unicode)
Part - 53 (Zawgyi)
Part -54(Unicode)
Part - 54 (Zawgyi)
Part - 55(Unicode)
Part - 55 (Zawgyi)
Part - 56(Unicode)
Part - 56 (Zawgyi)
Part - 57 (Unicode)
Part - 57 (Zawgyi)
Part - 58 (Unicode)
Part - 58 (Zawgyi)
Part - 59 (Unicode)
Part - 60 (Unicode)
Part - 60 (Zawgyi)
Part - 61 (Unicode)
Part - 61 (Zawgyi)
Thank you Note
Thank you Note (Zawgyi)
Extra
Extra (Zawgyi)
Extra - II
Extra II (Zawgyi)
Extra III (Unicode)
Extra III (Zawgyi)
Extra IV (U & Z) ❌🚫
Special Extra

Part - 59 (Zawgyi)

5.7K 333 12
By AYuMi2091

"ကယ်ကြပါ.....ကယ်ပေးပါ......ကယ်ပေးပါ........"

ကုတင်ဘေးကစားပွဲလေးပေါ် ခေါင်းမှောက်လို့ မှေးခနဲ့အိပ်ပျော်သွားစဉ် ဂယောင်ခြောက်ခြား၊ကြောက်မက်ဖွယ်ရာများကြားမှ ထွက်ပြေးရန်ကြိုးစားနေသူတစ်ယောက်လို
အော်ဟစ်နေသည့်အသံနှင့်အတူ ငြီးငြူသံကြားရပြီး
လက်ကိုတင်းတင်းကျပ်ကျပ် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ခံလိုက်ရသည်မို့ လူကနိုးတစ်ဝက်ဖြစ်နေရာမှ လုံးလုံးကိုနိုးသွားရလေပြီ။

"ကယ်ပါ......ကျွန်တော့်ကို......ကယ်ပါ............"

အေးစက်နေသည့်လက်တို့က ရေခဲတုန်းကိုကိုင်ထားရသလိုပင်။ နန္ဒမိုးနေ၏ တစ်ကိုယ်လုံးကလည်း အေးစက်ပြီး ဖြူဖျော့နေသည်။ သွေးမရှိတော့သည့်လူလို အသားတွေပါတုန်ရီနေလေသည်။ ဆရာဝန်ကိုပြေးခေါ်လို့ တစ်ယောက်တည်း ပြာယာတွေခတ်နေမိသည်ကအမှန်။
တကယ့်ကိုကမောက်ကမဖြစ်စရာအတိပင်။
ဘယ်အချိန်မှ ဒီကောင်လေးသတိရမည်လဲ။ ဘယ်လိုကြောင့်
ဒီလောက်တောင် ဖျားနာနေရသည်လဲ။ ဤအဖျားမျိုးကရက်ရှည်အဖျားမျိုးပင်။ တစ်ရက်တည်းနဲ့ချက်ချင်းတော့
ထိုသို့မဖြစ်နိုင်ပါ။ အားနည်းနေသည်မို့ ဖြူဖျော့နေပြီး ဘယ်လိုကြောင့် သွေးမရှိသူလိုဖြစ်ကာ အပြိုပြိုအလဲလဲဖြစ်နေသည်လဲ။ မစားမသောက်ပဲများနေသည်လား။ ဉာဏ်သုနဲ့ပြသနာတက်ကာ ပြတ်ဆဲကြသည်က ရက်ပိုင်းပဲရှိသေးသည်မဟုတ်လား။

.................

"ရေ.....ရေ ဆာတယ် ဖေဖေ၊ မေမေ......"

မျက်ဝန်းများကတော့မဖွင့်သေးပါပဲ လက်ကလေးတွေလှုပ်ကာ ရေတောင်းနေသည့်ကောင်လေး သတိရလာပြီနေမည်။

"ရေလား......."

ဖေဖေ့အသံလဲမဟုတ်သော ယောကျာ်းတစ်ယောက်ရဲ့အသံ။ မေမေရောမရောက်သေးဘူးလား။ ဖေဖေရော ဘယ်အငယ်အနှောင်းအိမ်မှာလဲ။ ကျွှန်တော်ဆေးရုံရောက်နေတယ်လေ လာမတွေ့ကြဘူးလား။ မျက်လုံးဝန်းများပင်မဖွင့်ရသေး ဝမ်းမမနည်းစိတ်တို့က ရင်ထဲအပြည့်ကိန်းဝပ်နေသည်မို့ မခံစားနိုင်တော့သည့်နာကျင်ခြင်းတွေက မျက်ရည်အဖြစ်ပြိုပါတယ်။ ဆေးရုံအနံ့အသက်တွေရသည်။ သူနာပြုနဲ့ပဲထားခဲ့ပြန်ပြီနေမည်။ မျက်ဝန်းများပင် မဖွင့်ချင် သေပစ်လိုက်ချင်ပါတော့သည်။

"မင်းငိုနေတာလား ကောင်လေး......"

မျက်ဝန်းများမှိတ်ထားလျက်ပါပဲ မျက်ရည်တွေကိုသုတ်ဖယ်ပြီး ကျွန်တော့်ကိုမော့ကြည့်လာသည့်ကောင်လေးရဲ့မျက်ဝန်းတို့က ခံစားချက်ကင်းမဲ့နေသယောင်ပင်။

"သူနာပြုမဟုတ်ဘူးလား......
ဦးရော ဘယ်တော့ ထွက်သွားဦးမှာလဲ........."

"ဦး......"

အံ့သြကာရယ် သူ့ကိုခေါ်သည့်နာမ်စားလေးကို ရေရွတ်နေသည့်ဦးက တကယ့်ကိုချောမောနေဆဲပါပဲ။ သတိမမေ့ခင်အချိန်က ထွက်သွားလေပြီဟုထင်ခဲ့သော်လည်း အခုထိဦးက ထွက်မသွားသေးပါလား။

"မင်းနဲ့ကိုယ်သိလို့လား ကောင်လေး....... "

"လွန်ခဲ့တဲ့၆နှစ်လောက်က မိုးရေထဲအဝတ်ဗလာနဲ့ကောင်လေးကို မှတ်မိသေးလား ဦး........."

အံ့အားသင့်သွားသည့် ဦးက ခန့်ညားသောမျက်ခုံးတန်းလေးက ပင့်မြှောက်သွားချိန် မဲနက်ကာတည်ကြည်သောမျက်ဝန်းအိမ်က အနည်းငယ်ပြူးကျယ်သွားသည်။ ပွင့်ဟသွားသော
နှုတ်ခမ်းပါးနှစ်ခုကို လက်ဖြင့်အုပ်ကိုင်ပြီး မျက်တောင်လေးများပုတ်ခတ်လို့ ကျွန်တော့်ကိုကြည့်နေလေသည်။

"ကျေးဇူးအများကြီးတင်ပါတယ်....
အသက်ကိုကယ်တင်ပေးခဲ့လို့ရော.....
ချစ်ခွင့်ပါ မပေးခဲ့လို့ပါ....ကျေးဇူးတင်ပါတယ်...."

ဝမ်းနည်းစို့တက်လာသည်က ဘယ်လောက်ပဲထိန်းနေပါစေ
မျက်ရည်အဖြစ် ဝမ်းနည်းခြင်းတို့ကအသွင်ပြောင်းကာ
အပြင်ဘက်လောကကြီးကို ကိုယ့်ရဲ့အားနည်းခြင်းတွေပြသလေသည်။ ကျွန်တော်အမြဲဝမ်းနည်းပြီး အားငယ်နေရသူတစ်ယောက်မဖြစ်ချင်ခဲ့တာတော့အမှန်ပါ။ ကံကြမ္မာကရက်စက်ပါသည်။ အချစ်လိုချင်နေသူကို အချစ်တွေမပေးတဲ့အပြင် ရက်စက်ခြင်းတွေသာ လှိမ့်ပေးနေတာ သူပျော်နေတယ်ထင်ပါရဲ့ ကံဇာတ်ဆရာကြီးရယ်။

"ကျွန်တော့်ကိုထားခဲ့လိုက်ပါ.....သူနာပြုခေါ်ပေးပါ......
ပြီးတော့ ဦး ထွက်သွားပေးပါ.........."

မျက်နှာကိုတစ်ဖက်သို့လွှဲကာ မျက်ရည်တွေကျလို့ ငိုနေသည့်ကောင်လေးက မျက်ရည်များကိုသုတ်ဖယ်လို့ လှည့်ပင်မကြည့်ပါပဲ ထိုစကားများကိုဆိုလာလေသည်။ သတိလစ်မေ့မျောနေသည်က နှစ်ရက်ရှိနေလေပြီ။ ခုမှသတိရလာပြီး
သူက ကျွန်တော်သိခဲ့တဲ့ကောင်လေးတဲ့လေ။

"သုခမိုးနေ........"

ကျွန်တော့်ကိုကြည့်ကာ သွားတန်းလေးများပေါ်အောင်ရယ်နေသည်က တစ်ကိုယ်လုံးပင်လှုပ်ခတ်နေသည်။ ထိုရယ်နေရာမှ မျက်ဝန်းအိမ်ကနေ မျက်ရည်တွေကပါ တသွင်သွင်စီးလို့ ရယ်သံရော၊ ငိုသံကပါ ထွက်အံလို့ကျမလာချေ။
သို့သော် ကောင်လေးကတော့ ငိုနေတာရော၊ရယ်နေခြင်းပါ မရပ်တန့်သေးပေ။

"မင်းမျက်နှာက....ဟက်....မဖြစ်နိုင်လိုက်တာ.....
ကောင်လေး မင်းအကိုနာမည်ကို ယူမသုံးသင့်ပါဘူးကွာ......."

ကုတင်ဘေးကထိုင်ခုံပေါ်သို့ ပြိုကာလဲကျသွားသည့် ဦးက ငုပ်တုပ်ထိုင်ရက်ကြီးဖြင့် တောင့်တောင့်ကြီးနဲ့ငူငိုင်ငိုင်ကြီး ကျွန်တော့်ကိုကြည့်နေလေပြီးနောက် ထိုသို့စကားတို့ဆိုလာသည်။ ကျွန်တော်တစ်ချက်လေးပဲ လှောင်ရယ်၊ရယ်လိုက်သည်။

"ပလက်စတစ်ဆာဂျရီကလေ အရမ်းနာတယ်သိလား....
အခုခံစားနေရတာက ဆာဂျရီထက်ပိုနာရတယ်........"

ဆာဂျရီ....? ဒါဆို နန္ဒမိုးနေဆိုတာ ကျွန်တော်သိခဲ့တဲ့ကောင်လေးတစ်ယောက်ပေါ့။ သတင်းလွှင့်ခဲ့သည်မဟုတ်လား။သတင်းစာတွေထဲကြေငြာခဲ့ကြသည်က သုခမိုးနေ နှလုံးခွဲစိတ်မှုမအောင်မြင်၍ဆုံးသွားခဲ့သည်ဟူ၍။ ကျွန်တော့်မှာရင်ကျုံးမရဖြစ်ခဲ့ရသည်။ ချစ်ရသူပေးခဲ့သည့် နှလုံးသားနဲ့အသက်ရှင်နေသူအကိုကြီး၊ အကိုကြီးမဆုံးခင် ပြန်လှူခဲ့သည့် ချစ်ရသူနှလုံးသားလေးကို လက်ခံခဲ့တဲ့ကောင်လေးရဲ့
ခွဲစိတ်မှုမအောင်မြင်ခဲ့ခြင်းအကြောင်းတရားကြောင့်လဲ ငိုကြွေးခဲ့ရသည်။ ရင်နာခြင်းများစွာနဲ့ပဲ နိုင်ငံရပ်ခြားတိုင်းတစ်ပါးမှ မြန်မာပြည်ကိုခြေမချခဲ့သည်က နှစ်နှစ်တိတိပေ။ မမကိုယ်တိုင်လာခေါ်သည်မို့ရော မောင်နှမနှစ်ယောက်တည်းရှိတော့တဲ့ ဘဝမှာ မမကျွန်တော့်အား လိုအပ်နေမည်ဟုတွေးမိ၍ မန္တလေးတွင်သာနေထိုင်ခဲ့တော့သည်။

..................

အဲဒီ့နေ့ကပေါ့ ........

ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးတွင် တာဝန်ကျနေသည့် ဆရာဖြစ်သူဆီသို့ ရန်ကုန်ရောက်ခိုက်အပြေးသွားကာ နှုတ်ဆက်ရသည်။ ဆေးတက္ကသိုလ်တွင် ဂျူနီယာလေးများနဲ့ ဆွေးနွေးပွဲတစ်ခုကျင်းပပြီးချိန်က ညနေပင်စောင်းနေလေပြီ။ ဆရာဝန်သူငယ်ချင်းများ၊ စီနီယာများ၊ သူနာပြုများကို နှုတ်ဆက်ပြီးချိန်က ညနေ၅နာရီခွဲပြီမို့ ဆရာသမားဂျူတီကျရာဆေးရုံသို့ အပြေးသွားတွေ့ပြီး ပြန်လာချိန်က ၉နာရီထိုးသွားလေပြီ။ ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီး၏ တစ်ဖက်သို့ထွက်လျှင် ပဲခူးဘက်တန်းရောက်သည်မို့ ထိုလမ်းဘက်မှ ပဲခူးမြို့ကိုဝင်ကာ အမြန်လမ်းဘက်တက်ရန်တွေးလိုက်သည်။

ဆေးရုံဘက်မှထွက်ခါစလမ်းတစ်ခုအရောက်တွင် မိုးတွေကလည်းသဲကြီးမဲကြီးစကာရွာသွန်းနေလေသည်။ လမ်းညွှန်ပေးလိုက်သည့်အတိုင်း ဘယ်ဘက်အခြမ်းသို့ကွေ့လျှင်
လမ်းမကျယ်ကြီးကိုတွေ့နိုင်လေပြီ။ ထိုလမ်းကတော့ လူသူအရမ်းမရှင်းပါပဲ ဟိုက်ဝေးလမ်းကြီးဖြစ်သည်မို့ ကားများဖြတ်သွားဖြတ်လာရှိသည်ဆိုခြင်းကြောင့် သက်ပြင်းချနိုင်တော့သည်။ ယခုမောင်းလာသည့် လမ်းတစ်လျှောက် လယ်ကွင်းတွေနဲ့ ကျို့တို့ကျဲတဲ တဲအိမ်အချို့သာတွေ့ရသည်မို့ အနည်းငယ်တော့ကြောက်မိသားပေ။
မိုးကအရမ်းသည်းနေသည်မို ကျွန်တော်ကားကိုနားချင်သည်။ ဇဝေဇဝါ ဝေဝေဝါးဝါးမောင်းနေရသည်က သိပ်တော့အဆင်မပြေလှပေ။ သို့သော်လည်း အစိမ်းသက်သက်ပတ်ဝတ်းကျင်မို့ မနားချင်ပေ။ စိတ်တို့က ဆုံးဖြတ်ချက်မပြတ်သားနိုင်သေး။ အရှေ့ကိုတည့်တည့်ကြည့်တော့ အဝတ်ဗလာနဲ့ လူတစ်ယောက်။ ကားရှေ့တည့်တည့်လျှောက်လာပုံမှာ
ဒယိန်းဒယိုင်နဲ့ပင်။ ကြောက်ကလည်းကြောက်သည်။

ညကြီးမင်းကြီးမိုးထဲလေထဲ အဝတ်ဗလာနဲ့ ဘယ်လိုဟာလဲကွာ.....ကားမီးရောင်ရှိရာကို လျှောက်လာနေသည်ကြောင့် မီးကိုပိတ်ချလိုက်ပြီး အခြေအနေကြည့်တော့ ဝန်းကျင်တစ်ခုလုံးက လမ်းမီးပင် မရှိသည်မို့ လုံးဝမှောင်မဲနေသည်။
မဖြစ်ပါဘူးလေဟုတွေးပြီး ထိုလူ့ကိုကျော်မောင်းမည်ဟု
စဉ်းစားမိကာ ကားကိုအရှိန်တင်မောင်းလိုက်သည်။
မရှောင်သည့်အပြင် ထိုအဝတ်ဗလာလူက တည့်တည့်ကြီးတိုးလာသည်မို့ ကားရပ်လိုက်ရပါသည်။ ကားဘောနပ်ဖုံးပေါ်သို့ ကျလာသည့် ခန္ဓာကိုယ်က ဗုန်းခနဲ၊ ထိုစဉ်မှာပဲ မိုးနတ်သား၏ဒေါသကြီးဖြင့် တောက်ခေါက်သံကြောင့်ထင် လောကတစ်ခွင် အုန်းခနဲမြည်လို့ မိုးချုန်းကာ လေတွေပါတိုက်နေသည်။ ထိုလူကတော့ မလှုပ်တော့ပေ။ ကားဘောနပ်အရှေ့ဖုံးကိုမှီလို့ သူ၏ အိပ်ယာများမှတ်နေလားလဲမသိ ကျကျနနအိပ်နေသည်။

"ဘယ်လိုကောင်လဲကွာ....ငါ့ကိုအန္တရာယ်ပေးဖို့ အယောင်ဆောင်နေတာလား.....
တကယ်ကူညီသင့်တဲ့သူလား..........."

နောက်ဆုံးဆရာဝန်ဆိုသည့်အတွေးနဲ့ လူသားတွေကိုကယ်ဆယ်ချင်သည့် ငယ်စဉ်တည်းကအတွေး၊ ဒုက္ခရောက်နေသူသာဖြစ်လျှင်ဆိုပြီး တွေးမိပြန်တော့ကယ်ဆယ်ပေးချင်လာ၏။ အန္တရာယ်ပေးသူဆိုလည်း ချရုံသာဟုတွေးမိကာ ကားထဲကထီးကိုယူပြီး
အပြင်သို့ထွက်လိုက်သည်။

"ကယ်......ကယ်ပါ......."

လင်းထိန်နေသည့်နေရာသို့ အပြေးသွားမိသည်။ ခန္ဓာကိုယ်တစ်ခုလုံးက လှုပ်ပင်မလှုပ်ချင်တော့ ဓားဒဏ်ကာထိထားသည့်ဗိုက်ကလည်း သွေးတွေထွက်လို့ နာကျင်နေသည်က တဆစ်ဆစ်နဲ့ပင်။ ခါးအထက်ကအောင့်ကာ ကိုက်နေသည်။ တင်နေရာကလည်းတစ်စို့စို့နဲ့ နာလွန်းနေသည်။
မျက်နှာတစ်ခုလုံးက ထိုးကြိတ်ခံထားရသည်မို့ ဖူးယောင်ကာ အမြင်တွေဝေဝါးနေ၏။ မိုးမင်းကိုကျေးဇူးတင်ရပေမည်။ သူငိုချလိုက်လို့ ကျွန်တော်သတိလည်လာပြီး လမ်းလျှောက်ကာ ကယ်တင်သူကိုရှာမိခြင်းပေ။ မျက်နှာက စပ်ဖျင်းဖျင်းနဲ့ ဓားနဲ့ထိထားသည်မို့ ဒဏ်ရာရသွားပြီနေပါမည်။

နောက်ဆုံးကျွန်တော်သွားနေသည့် လင်းထိန်နေသည့်နေရာဆီရောက်သွားသည်။ ပြီးနောက် မေမေ့ကိုခေါ်မိသည်။ ဖေဖေ့ကိုလည်း တမ်းတမိသည်။ ဘယ်သူကမှအဖတ်လုပ်၍ ပြန်လည်ထူးမလာပေ။ မျက်ရည်တွေကလည်း မိုးရည်တွေနဲ့ရောလို့ ကျဆင်းပြန်သည်။ ငိုရတာမောနေပြီ။ နာကျင်နေသည့် တစ်ကိုယ်လုံးရော၊ အသည်းအူတွေပါ၏လေးနရာလက်ပင်မကျန်နာကျင်ရသော ဝေဒနတို့ကို ခန္ဓာကသိနေသလို၊ မိပစ်၊ဖပစ် ဘဝမို့ နှလုံးသားကပါနာသည်။

ဖေဖေတို့ခန့်ပေးထားပါသော ဒရိုင်ဘာကို စာနာသနားမိလို့ သူ့မိခင်နာမကျန်းသည်ကိုကူပေးရန် ငွေက၁၀သိန်းနဲ့ ထိုလူ့အမေရှိနေထိုင်သည့်နေရာသို့ ထွက်လာကြစဉ် လူသူကင်းတဲ့ လမ်းခုလတ်မှာပဲ မတော်မတရား စော်ကားသည်။ ငြိမ်မခံပါပဲ ပြန်ခုခံတော့ ထိုးကြိတ်ရိုက်နှက်ပြီး စော်ကားကာ ခြေတော်တင်ပြီးအပြီးတွင် ဓားနဲ့ထိုးကာ
သတ်ပစ်ပြီး လယ်ကွင်းထဲပစ်ချလို့ ထားခဲ့သည်။ ဝတ်စားထားသည့် ဆွဲကြိုး၊ ဖေဖေဆင်ထားသည့်စိန်နားကပ်နဲ့ ပတ္တမြားလက်စွပ်ကိုပါယူသွားသည်။

ထိုလူပစ်ချခဲ့သည့်အတိုင်း လူကဘယ်လောက်ကြာသွားသည်မသိ မေ့မြောနေရာမှ မိုးရွာတော့နိုးလာသည်။ မဲမဲမှောင်မှောင်နေရာကြီးထဲလမ်းလျှောက်မိစဉ် လင်းထိန်ဝါဝင်းသည့်နေရာတစ်ခု ယခုထိုလင်းထိန်နေရာကြီးကို ကျွန်တော်ဖက်ထားလိုက်သည်။ စိတ်ထဲမှာတော့ လူကောင်းသူကောင်းဖြစ်ပါစေလို့ ဆုတောင်းနေ၏။ သို့သော် နှုတ်မှထွက်သည့်စကား၊
တကယ်ပင်ပန်းနေသည်မို့။

"ကယ်ပါ......မေမေ၊ ဖေဖေ......ကယ်ပါ......"

ကားအဖြူတစ်ခုလုံးကနီရဲလို့ ထိုကောင်လေးရပ်နေရာနေရာကလည်း နီရဲနေခြင်းကြောင့် သွေးတွေထွက်နေခြင်းထင်သည်။ မှောက်ရက်ကြီးကားကိုဖက်ထားသည်ကောင်လေး၏ အသားစိုင်နှစ်ခုကြားက နီရဲကာ သွေးတွေပင်စိမ့်လို့ အရိုက်ခံထားရသည်ထင် လက်ဝါးရာများ၊ ခြစ်ကုတ်ရာများ ကျောတွင်ညိုမဲနေသည်။ နောက်ဆုံးထိုကောင်လေးဖက်ထားရာကနေ လျောကြလာသည်။

"ကလေး.....ကလေး......ကလေး......."

ထီးကိုပစ်ချကာ ပွေ့ချီမလို့ ဆေးရုံတင်ရလေပြီ ။ နီးစပ်ရာ စိတ္တဇဆေးရုံ၊ ဆရာကြီးရှိရာသို့ပဲ အရင်မောင်းလိုက်သည်။
လိုအပ်တာများလုပ်ပေးပြီးပါလျှင် တခြားဆေးရုံရွှေ့မည်ဟုတွေးပြီး ကားနောက်ခန်းကို ရေစိုနေသည့်ကောင်လေးကိုထည့် ကိုယ်တိုင်လဲ ရေဆိုသွားသည်ကိုမမှု့နိုင် လူ့အသက်ကယ်ကောင်းပါသည်။

"ဖေဖေ...."

နာကျင်တာများမရှိတော့သည်မို့ ကျွန်တော်သေသွားလေပြီလား။ အတွေးတို့မဆုံးသေး။ကြားလိုက်ရသည့် စကားသံတွေကြောင့် နတ်ပြည်မှာလဲ လူစကားပြောတာပဲလားမသိ။ ကျွန်တော်လူတိုင်းအပေါ်စိတ်ထားကောင်းကောင်းထားခဲ့သည်မို့ နတ်ပြည်ရောက်မှာသိပါသည်။
နားစွင့်နေရာက ဖေဖေ့အသံကြားလိုက်ရသည်မို့ မျက်ဝန်းများကိုဖြတ်ခနဲဖွင့်ကြည့်တော့ မျက်နှာကျက်ဖြူဖြူကြီးတွေ့ရသည်။

"ဖေဖေ......"

ထထိုင်ကာကြည့်လိုက်တော့ ဖေဖေတစ်ယောက်အခန်းပြင်ထွက်ရန် ပြင်နေသည်။

"သုခလေးနိုးနေပြီလား....ဖေဖေ အရေးကြီးအစည်းဝေးရှိလို့ ဒီကအကိုကြီးနဲ့နေခဲ့နော်......."

ထားခဲ့ပြန်လေပြီ။ လူစိမ်းယောကျာ်းတွေနဲ့ ထားခဲ့ပြန်လေပြီ။

"ဖေဖေ သားကိုမထားခဲ့နဲ့ သားကြောက်တယ်......"

ဆေးပိုက်ကိုဖြုတ်ကာ ကုတင်ပေါ်မှဆင်းပြေးလာသည့်ကောင်လေးက တံခါးနားသို့ရောက်ကာ ဖွင့်ရန်ပြင်နေပြီး အော်ဟစ်နေသော်လည်း အပြင်ရောက်သွားသည့် အဖေဖြစ်သူကတော့မကြားပေ။ ထိုကောင်လေးကိုထိမိတော့ အော်ကာ ရုန်းနေလေသည်။ တော်တော်ကြောက်နေတာနေမည်။ သူ့ပုံစံလေးကြည့်ရတာ တစ်မျိုးကြီးပင်။
သေးသေးလေးနဲ့၁၆နှစ်ဆိုတာမယုံနိုင်စရာလေးပင်။

"ကလေး....ကလေး....Relax.....ကလေး....."

အတင်းချုပ်ကာဖက်ထားလိုက်ပြီး တသိမ့်သိမ့်တုန်နေတဲ့ကောင်လေးကို စိတ်ငြိမ်စေရန် စိတ်ငြိမ်ဆေးကိုထိုးလိုက်သည်။ ထင်သည့်အတိုင်းလက်ထဲဆောင်ကာ ကိုင်ထားပြီး သူ၏ဖခင်နဲ့စကားပြောနေကြခြင်းပါ။ ကောင်လေးက Rapeခံထားရသည်။ ကားသမားကိုတော့ဖမ်းထားလေပြီ။
ကောင်လေးကတော့ တစ်ပတ်ကျော်ပြီမေ့မြောနေသည်။
ယခုနိုးလာတော့သောင်းကျန်းသည်။ ရဲမှုခင်းမို့ ကိုယ်ဿယ်ထားသူပီပီ ကိုယ်ပါဘယ်မှသွားမရသေး။ အမေ၊အဖေကတော့ သူနာပြုမလေးတွေ၂ယောက်ခေါ်ပေးထားသည်တဲ့လေ။ ကလေးကိုတစ်ယောက်တည်းပစ်ထားကာ အမေကကားသမားကို တရားစွဲလို့ အဖေကတော့ အလုပ်တွေအစည်းအဝေးတွေပြေးနေသည်။ ကျွန်တော်သူနဲ့ခင်မင်ခဲ့ပါသည်။ တပတ်လောက်နေတော့ သူနဲ့ကျွန်တော်သူငယ်ချင်းတွေလိုဖြစ်သွားသည်။

"ဉီး........ ဦးမှာ ချစ်သူရှိလားဟင်........."

"ရှိတာပေါ့ 'ခ'လေးရဲ့......"

ရင်ထဲ၌ ဦး၏ စကားအား နာသွားရသည်။ ပြုံးလိုက်သည့်အပြုံးကြီးက သေလောက်အောင်ခံစားရလေပြီ။ ကျွန်တော်ကယောကျာ်းတွေကိုသဘောကျပြီး လိုက်ကာငေးငမ်းမိလို့ ကားသမားအကိုကြီးက စော်ကားခဲ့သည်။
ကျွန်တော့်ဖြစ်တည်မှုက မှားနေပြီလား။
ဘယ်နေရာများလဲ။

"ဦး....ကျွန်တော်လေ ယောကျာ်းတွေကိုကြိုက်တယ်......ပြီးတော့........... "

'ဦးကိုချစ်တယ်....' ထုတ်မပြောဖြစ်တော့ပါဘူး။

ဆေးသွင်းထားရသည်မို့ လက်ကလှုပ်၍မရ။ထိုင်နေသည့် မိမိအား ကုတင်ဘေးဘေးစောင်းတွင်ထိုင်ကာ မုန့်ခွံ့နေသည့်ဦးက ငေးကြည့်နေသည်။ ဘာပြောမလဲ နားထောင်နေခြင်းဖြစ်မည်။

"ကျွန်တော့်ဘဝမှာ ဦးက ခင်တွယ်ဖို့အကောင်းဆုံးပဲ....
ဦး သိလား...ဖေဖေ၊မေမေတောင် ဒီလို မကြင်နာဖူးဘူး...."

ခေါင်းငြိမ့်ပြသည့် ဦးကြောင့် ပြုံးလိုက်မိကာ ဆက်ပြောလိုက်သည်။

"ဦး အနားမှာနေချင်တယ်......
တစ်ယောက်တည်း အထီးကျန်မနေချင်ဘူး......."

ငေးကြည့်ကာ မျက်ရည်များကြနေသည့်ကောင်လေးက တစ်လပြည့်လုဆဲဆဲအချိန်တွင် ကျွန်တော့်အား ခင်တွယ်ခြင်းထက်ပိုသွားလေပြီလား။ ကျွန်တော်ထိုကလေးကို မျှော်လင့်ချက်တွေပေးခဲ့မိတာလား။ မဖြစ်ပေဘူး....ပြန်မှရမည်။ သံယောဇဉ်တွေတိုးသွားလျှင် အားလုံးအတွက်မကောင်းနိုင်ပေ။

"ဦး က 'ခ'လေးနဲ့ အတူနေလို့မရဘူးလေ....
ဦး က ဒီနေ့ပြန်မှာ 'ခ'လေး နဲ့အတူ အကူသူနာပြုအမတွေအဖော်ရှိတယ်လေနော်.... တစ်ယောက်တည်းမဖြစ်ပါဘူး ခလေးရဲ့......."

စကားလမ်းကြောင်းကို မသိချင်ယောင်ဆောင်ကာ လွှဲလိုကိပါ၏။ ဒီအရွယ်စိတ်ကစားသည့်အရွယ်လေးတွင် အဖြစ်ဆိုးနဲ့ကြုံရသည်။ လေတိုက်လျှင်တောင် ရယ်နေတတ်ပြီး သစ်ရွက်လှုပ်တာကို ကနေတယ်ဟုတွေးကာ ရင်ခုန်နေတတ်သည့်အရွယ်လေးမို့ ကိုယ်ကပဲခင်တွယ်မှုကိုဖြတ်တောက်ရပေမည်။ ကြာလျှင်မကောင်းနိုင်သည်မို့ ကိုယ့်ကိုခွင့်လွှတ်ပါ။

'ကိုယ့်ချစ်သူက နှလုံးသားထဲမှာရှိနေသေးလို့...
သူမရှိသည့်တိုင် သူ့နှလုံးသားလေးကို စောင့်ရှောက်ဖို့ တာဝန်ရှိသေးတာမို့ မင်းနဲ့အချိန်မကုန်နိုင်သလို...
အချစ်ကိုရှာဖို့မအားသေးဘူး ကောင်ငယ်လေးရယ်....
ကိုယ်မင်းကိုခင်တွယ်ပါတယ်....ဒီနားမှာပဲ ရပ်တန့်ရအောင်...'

"ဦးချစ်သူကို ချစ်လားဟင်....."

"အရမ်းချစ်တာပေါ့ ခလေးရဲ့.......
ကြည့်ပါဦးမျက်ရည်တွေ ဘာလို့ကျတာလဲ မျက်နှာကအနာပေါ်ကျကုန်ပြီ.... အနာဖေးတောင်တက်နေပြီ...."

ဘယ်ဘက်နှာခေါင်းကိုမှ မျက်ခမ်းအောက်မှစကာ ညာဘက်ပါးလယ်အထိ ဓားနဲ့ခြစ်ရာကြီးက တော်တော်အကျည်းတန်နေလေသည်။ ချစ်စရာကလေးငယ်လေးကိုမှ ဘယ်လိုကြောင့် ရက်စက်သလဲ ကံကြမ္မာစေစားသူကြီးရယ်။

.......

သုံးလအကြာတွင 'ခ' လေး ၏ ဖေဖေဖုန်းဆက်လာသည်။ 'ခ' လေး နှလုံးကို ခွဲစိတ်ရမည်။ အလှူရှင်ရှာပေးရန် အကူအညီတောင်းလာသည်။ ကူညီပေးရန်ပြင်လိုက်ပါသည်။ ချစ်ရသူ၏နှလုံးကို လက်ခံထားပါသော အိမ်မှအကိုအကြီးဆုံးလည်း သူ့အသက်မဆုံးခင် ပြန်လှူထားလေသည်။
ခလေး၏တစ်သျူးတွေ ဆဲလ်တွေ အကုန်ကိုက်ညီသည်။ ကားအက်ဆီးဒင့်နဲ့အကိုဆုံးတော့ ခလေး ခွဲစိတ်မှုပြုသည်။
ခလေး ဖေဖေ ဖုန်းဆက်လာသည်က မအောင်မြင်၍ဆုံးပြီဟူ၍သာ။ သတင်းစာထဲ သားတစ်ယောက်ဆုံးသည်။ အမွှာတူညီဖြစ်သူ နန္ဒမိုးနေ ဆိုသည့် ဦးမိုးနေ၏သားဖြစ်သူ
၁၈နှစ်ပြည့်မွေးနေ့ကို ဘယ်ဟော်တည်တွင် ကျင်းပသည်ဆိုသည့်သတင်းကို ခလေးဆုံးပြီး ၂နှစ်ကြာ မြန်မာပြည်ရောက်တော့ကြားခဲ့ရ၏။ ကျွန်တော်သူတို့အား မဆက်သွယ်မိ။ အဆက်အသွယ်ဖြတ်လိုက်ပြီး အစဖျောက်လိုက်တာဆိုပိုမှန်မည်။

'ကျွန်တော်သိတဲ့ကောင်လေးက သုခမိုးနေ......'

.......

"ဦးကရက်စက်တယ်နော်..... ထွက်သွားတုန်းက လှည့်တောင်မကြည့်ဘူး....... ကျွန်တော်ငိုနေခဲ့တာ......
မေးချင်ခဲ့တာ..... ဘယ်မှာရှာရမလဲ....ဘယ်တော့ပြန်တွေ့ရမလဲ....ပြီးတော့ ဦးချစ်သူကို ဦးအရမ်းချစ်သလို....
ကျွန်တော် ဦးကိုချစ်နေမှာလို့လဲ ပြောချင်ခဲ့တာ........
ဦးသိလား.....ကျွန်တော်အခုထိ အချစ်ကိုရှာဖွေနေသေးတယ်........ ကျွန်တော့်ဆီရောက်လာတယ်.....
ဦးလိုပဲ ထွက်ပြေးပြန်ပြီ.......... "

အတိတ်ကိုတူးဆွနေစဉ် ကုတင်အထက်မှကောင်လေးက စကားတို့ဆိုလာသည်မို့ နားထောင်နေရင်း ငေးကြည့်နေလိုက်မိသည်။မျက်ရည်များကို ပွတ်သုတ်ပြီးနောက် ကျွန်တော့်ကိုကြည့်ကာ မေးလာသည့် ခလေး တဖြစ် နန္ဒမိုးနေပင်။

"ကျွန်တော့ဖြစ်တည်မှုမှားနေသလား.......ဒါမှမဟုတ်
အချစ်ကပဲ ကျွန်တော်နဲ့မထိုက်တန်တာလား......."

ထိုစဉ်မှာပင် ဦး ရဲ့ ဖုန်းကမြည်လာလေသည်။ ဖုန်းကိုကြည့်ကာ ပြာပြာသလဲနဲ့ဖြစ်သွားသည့် ဦး၊ လက်ကာပြကာ
ထ၍ထွက်သွားသည်။ ဦးရဲ့ချစ်သူဆက်တာပဲနေမည်ထင်ပါသည်။ ဆေးရုံစောင့်ပေးနေခြင်းကို
ပိုင်ဆိုင်သူက စိတ်ပူပြီဆက်တာနေပါလိမ့်မည်။ ဆန်းကြယ်မနေပါ။ ကုတင်ဘေးကိုကြည့်တော့ ခက်ရင်းနှင့်ဇွန်း ပန်းကန်တစ်ချက်ကိုတွေ့ရသည်။

"အချစ်နဲ့မထိုက်တန်ပေမယ် သေခြင်းတရားနဲ့တော့
ကျွန်တော်ထိုက်တန်မှာပါနော် ကိုကိုနဲ့ဦးရေ.....
ကျွန်တော်အရမ်းပူလောင်တယ်....
ဘဝမှာ တစ်ခါလောက်ပါပဲ ကျွန်တော့်ကိုကြင်ကြင်နာနာနဲ့
ချစ်ပေး၊ဂရုစိုက်ပေးမယ့် သူအနား တစ်နာရီလောက်လေးနေရရင်ပဲ သေပျော်ပါပြီ...........

'ဟက်....အခုထိတောင့်တနေဆဲနော်....အရူးကောင်....
မတန်မရာတွေ မှန်းနေပြန်ပြီ......'

ခပ်လှောင်လှောင်ရယ်ရင်း ပန်းကန်ထဲမှ ခက်ရင်းကို လှမ်းယူလိုက်သည်။ ဆေးပိုက်တန်းလန်းနဲ့ကောင်ငယ်လေးက
ဆေးပိုက်အားဖြုတ်လိုက်ပါ၏။

"နောင်ဘဝများလူဖြစ်ခဲ့ရင်
အချစ်ခံလူတန်းစားလေးတစ်ဦးဖြစ်ရပါလို၏....."ဟုဆုတောင်းလေးချွေပြီးနောက်
မျက်ဝန်းများမှိတ်လို့ ထိုသို့ဆုတောင်းပြီးနောက် သူလေးက  ခက်ရင်းကိုလေပေါ်မြှောက်လို့ ထိုးစိုက်ချလိုက်သည်။ သူ၏လက်တို့က လေထဲတွင် ဝဲပျံကျလို့ ရည်ရွယ်ရာနေရာသည်က လည်ပင်းရှိ သွေးကြောများပေါ်သို့ပင်။

တွေး.....
၁၇၉၂၀

Continue Reading

You'll Also Like

31.3K 777 31
Jungkoo (Top) Taehyung (Btt)
990K 30.7K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...
10.2M 640K 168
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
2.6K 177 9
The story revolves around a business tycoon, Prithwi Pirapat . Everything was okay until one of his employees died mysteriously. He has to go out of...