He & Me - သူရယ် ကိုရယ် (Compl...

By AYuMi2091

989K 91.2K 5.1K

ဂေါ်လီ့သားက ဂေါ်ပြီးသား........ More

AN
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Part - 43
Part - 44
Part - 45 (Unicode)
Part - 45 (Zawgyi)
Part - 46 (Unicode)
Part - 46 (Zawgyi)
Part - 47 (Unicode)
Part - 47 (Zawgyi)
Part - 48 ( Unicode)
Part - 48 (Zawgyi)
Part - 49 (Unicode)
Part - 49(Zawgyi)
Part - 50(Unicode)
Part - 50 (Zawgyi)
Part - 51 (Unicode)
Part - 51(Zawgyi)
Part - 52 (Unicode)
Part - 52 (Zawgyi)
Part - 53(Unicode)
Part - 53 (Zawgyi)
Part -54(Unicode)
Part - 54 (Zawgyi)
Part - 55(Unicode)
Part - 55 (Zawgyi)
Part - 56(Unicode)
Part - 56 (Zawgyi)
Part - 57 (Zawgyi)
Part - 58 (Unicode)
Part - 58 (Zawgyi)
Part - 59 (Unicode)
Part - 59 (Zawgyi)
Part - 60 (Unicode)
Part - 60 (Zawgyi)
Part - 61 (Unicode)
Part - 61 (Zawgyi)
Thank you Note
Thank you Note (Zawgyi)
Extra
Extra (Zawgyi)
Extra - II
Extra II (Zawgyi)
Extra III (Unicode)
Extra III (Zawgyi)
Extra IV (U & Z) ❌🚫
Special Extra

Part - 57 (Unicode)

9K 813 57
By AYuMi2091

"ဟာ....အဖေဆိုခိုင်းလို့ ကျွန်တော်ဆိုပေးတာတာလေ
ကဲ...ခု ကျွန်တော့်ထိုင်ခုံပြန်ရင် ဗိုက်ကြောကိုပြတ်နေအောင်ဆွဲခံရမှာ.... နားရွက်လိမ်ဆွဲရင်ဆွဲ မဟုတ်ရင် ကျောပုတ်တဲ့အထိ အထုခံရမှာ.....ခုဒီကိစ္စ ဒီမှာအပြီးရှင်းရမယ်.....ဟား......"

"ရင်ကိုတိုးဝှေ့ဆဲပါ ညီ လို့ဆိုလို့ရတယ်လေ....
ဒါကတော့ အဖေ့သမက်ရွေးချယ်တာပါပဲ.........
ကဲ....ဝင်းဦးရဲ့ တိမ်လွှာမို့မို့လွင်ဆိုမလား....
တွံတေးသိန်းတန်ရဲ့ ၄၀ကျော်အချစ်ဆိုမလား....."

တဟားဟားနဲ့ရယ်နေကြသူများအကြား
ဉီး​ဂေါ်လီရဲ့အသံကထွက်လာပြန်သည်။

"တွံတေးသိန်းတန်ရဲ့ မိအေးဘယ်မှာလဲ ဆိုတဲ့
သီချင်းပါဆိုချင်ရသေးတယ်.....ကွ.......
ဒါတွေဆို​​ပြီးရင် ရှင်းပေးမယ်ကွာ......."

ပြောလဲပြောပြီး မိုက်ကို ကိုင်လို့ ချစ်ကောင်းစတိုင်နဲ့
လက်ခံလား ပရိတ်သတ်ကြီးဟုဆိုကာ စင်အောက်ကပရိတ်သတ်ကို မိုက်ထိုးပေးသည်မို့ ဉာဏ်သုအဖွားကိုယ်တိုင်ဦးဆောင်လို့ ထောက်ခံကြောင်း အော်နေလေသည်။

ဖိုးသားလေးကိုချီထားရင်း ကိုဉာဏ်နဲ့ဖေဖေတို့ပြောနေသည်များကို ရယ်နေမိသည်။ ကိုဉာဏ်က ဇော်ဝင်းထွဋ်တို့၊ လေးဖြူတို့လောက်သိတာ ဘယ့်နှယ် တွံတေးသိန်းတန်ဆိုခိုင်းတုန်း၊ တွံတေးသိန်းတန်ဆိုရင်လည်း အသံတူရမယ်၊ ဝင်းဦးဆိုရင်လဲ ဟန်ပန်ပါတူရမယ်ဆိုသည်မို့ မွေးနေ့လာ လူအပေါင်းပါ ရယ်နေကြပြီး အဘွားဆို သဘောတွေကိုကျနေသည်က ပါးစပ်ကိုမစိပေ။ အဖေကိုယ်တိုင် ဝင်းဦးစတိုင်လုပ်ပြပြီး စကားပြောနေသည်ကို ကိုဉာဏ်ကပါ ပခုံးတွန့်လို့ပြန်လုပ်ပြနေရသည်မို့ ဘယ်သူမရယ်ပဲ နေနိုင်မည်လဲ။
တကယ့်ကို ကျွန်တော့်ထက်ဂေါ်နေလေပြီ။

"အကို ခင်ဗျ........"

အသံလာရာကြည့်မိတော့ ဝိတ်တာကောင်လေးတစ်ယောက်ပင်။

"ညီလေးပြော....."

"ကားပါကင်မှာစောင့်နေတယ် အခုလာခဲ့ပေးပါတဲ့...အရေးကြီးတာပြောစရာရှိလို့ပါတဲ့...ခင်ဗျ....
နန္ဒမိုးနေ လို့ပြောခိုင်းလိုက်ပါတယ်.........."

မျက်မှောင်တစ်ချက်ကျုံ့လိုက်ကာ စဥ်းစားလိုက်မိပါသည်။
သို့သော် လာပြောသည့်ကောင်လေးကိုတော့ ခေါင်းငြိမ့်ပြလိုက်သည်။ သူက ကျွန်တော့်ကိုဘာကြောင့်တွေ့ချင်ရသည်လဲ။ ပတ်သတ်စရာအကြောင်းမရှိသလို စကားပင်ဖြောင့်အောင်မပြောဖူးခဲ့ပေ။

ကိုဉာဏ့် အပေါ်မပြတ်နိုင်သေး၍များ
လမ်းခွဲပေးဖို့တောင်းဆိုမလို့လား...........?

သူပါ ကိုယ်ဝန်ရှိနေပြီလို့ ပြောမလို့လား.....?

'အော်...ငါဆိုသည်ကလည်း ပေါက်ကရတွေးလိုက်ရမှ စားဝင်အိပ်ပျော်နေသည်လားလဲ မသိ။'

သွားတော့သွားတွေ့ရမည်။ နောက်တစ်ခါလာ မပတ်သတ်စေရန်ပြောပစ်ရမည်။ ကျွန်တော့်မှာရှိတဲ့ မသက်သက်ရဲ့စာအုပ်ထဲရေးထားသည့် နန္ဒမိုးနေအကြောင်းနဲ့ မကေသီ မတရားခံလိုက်ရသည့်အကြောင်းကို မကေသီကိုယ်တိုင်video recordလုပ်၍ ကိုဉာဏ့်ကိုပြောပြခဲ့သည်။ မတော်တဆများ သူမဆုံးသွားခဲ့ပါလျှင် ဖိုးသားလေးနဲ့အတူ ကိုဉာဏ်ကိုယ်တိုင်မွေးနေ့လက်ဆောင်ဝယ်ပေးခဲ့တဲ့ ဖုန်းလေးကို ကိုဉာဏ့်လက်ထဲထည့်ပေးရန် အတန်တန်ပြောခဲ့သည့် Video fileလေးကို ကြည်ခြဲ့ရသည်က လွန်ခဲ့သောရက်လေးကမှပင်။ ကိုဉာဏ့်ကိုတော့ မပြောရသေးချေ။ စာအုပ်ရော၊ဖုန်းရောကို မတော်တဆတွေ့လျှင်တောင် ချစ်လျှင် မထိနဲ့ဟုဆိုကာ ကျိန်းမောင်းထားသည်ကို
သူကလည်းမျက်စိနဲ့ပင်စွေမကြည့်သည့် ကျွန်တော့်ရည်းစား
၊ယောကျာ်းကြီးပင်။

"အဖွား.....ဖိုးသားလေးကို ခေါ်ပေးထားဦး....
အပေါ့သွားချင်လို့............"

ကလေးကိုလက်ထဲလာထည့်သည့် ညီသု ကြောင့် ရယ်နေရာကနေပဲ မြေးဖြစ်သူကို ခေါ်ထားလိုက်ရသည်။ ညီသုပြောပြထား၍ ဖိုးသားလေးကလည်း ဉာဏ်သုရဲ့သားဆိုသည်ကို
သိထားရလေသည်။ ဂူဂူးလေးနဲ့ဖိုးသားလေး မြေးနှစ်ယောက်ပဲရှိသေးသည်။

နောက်များဘယ်နှယောက်လောက်ပေါ်လာဦးမည်လဲ ရင်မောရပါသည်။ တော်သေးသည်က မိန်းမတွေအကုန်သေကုန်လို့ပင်။ မသေသာမသေခဲ့လျှင်
ဟိုရုပ်ရှင်ထဲကလို 'ဘယ်ရည်းစားကို အချစ်ဆုံးလဲ' ဆိုပြီး
အိမ်ပေါ်တက်လာကြမှ နုတ်နုတ်စင်းလို့ ဉာဏ်သုတစ်ယောက် ခွေးစာကျွေးခံရလိမ့်မည်။ အခုတောင် ဉာဏ်သု အထုအထောင်းခံရသည်က နေ့တိုင်းပင်။ ဟိုကလဲစိတ်ဆိုးတာနဲ့ ထုထောင်းပစ်တာ လက်သန်ကလဲပြောင်လို့။
ကလေးတွေကိုစိတ်ရှည်သလောက် ဉာဏ်သု ကိုဆိုပြီး အော်ငေါက်တတ်သော ညီသုလေးကိုအပြစ်မမြင်ပါ။
ဉာဏ်သု အခုလိုအပိုးကျိုးသွားတာကိုပင် ကျေးဇူးတင်မဆုံးချေ။

....................

အိမ်ပြန်လာသည့် လမ်းတွင် ပိတ်ရပ်ထားသည့် ဂျစ်ကားကြောင့် ဟွန်းတီးသော်လည်း ထွက်မလာချေ။ နောက်တစ်လမ်းကသွားမည်ဟု တွေးလိုက်ပြီးနောက် ကားကို ဘက်စုတ်လိုက်သည်။ ကားအနက်တစ်စီးက ကန့်လန့်ရပ်လာပြန်သည်မို့ ဂျစ်ကားနဲ့ ကားအနက်ကြား ကျွန်တော့်ကားက ကန့်လန့်ကြီးပင်။ အပေါ်ကအုပ်မိုးကြည့်လျှင် ကားသုံးစီးက အဂ်လိပ်အက္ခရာ အိုင် ပုံသဏ္ဍန်ဖြစ်နေပေလိမ့်မည်။

ကားဘက်မှန်ကကြည့်လိုက်တော့ လူလေးယောက်ဆင်းလာသည်။ ရန်ငြိုးရှိသည့်လူလည်းမရှိသည်မို့ ထိုလူတွေလူမှားသည်လားလဲမသိချေ။ ဂျစ်ကားထဲကလူကို သေချာကြည့်လိုက်တော့ ဟူဒီအမဲရောင်ကိုခေါင်းစွပ်ဝတ်ထားပြီး ဘေးစောင်းထိုင်နေသည်မို့ ဘယ်သူဘယ်ဝါ မသဲကွဲပေ။

'ဒေါက်ဒေါက်......'

ကားမှန်ခေါက်လာသည်မို့ ကြည့်လိုက်မိတော့ ကားတံခါးဖွင့်ဟုပြောသည်လား။ မှန်ချဟုပဲပြောချင်သည်လားမသိပေ။
မေးငေါ့ပြသည်မို့ မသိချင်ယောင်ဆောင်ကာ ထိုင်နေလိုက်သည်။

'ခွပ်....ဒုတ်....'

ကားမှန်က ဖိုင်ဘာဖြစ်သည်မို့ မကွဲသေးသော်လည်း အက်သွားသည်။ ဘာကြောင့်ဆိုလျှင် ထိုထဲကလူတစ်ယောက်က
လက်သီးကွင်းကိုစွပ်လို့ လက်သီးနဲ့ထိုးလိုက်ခြင်းကြောင်ပေ။ မဖြစ်တော့ ထပ်ထိုးရန်ပြင်နေသည့် လူကြောင့် တံခါးကို တွန်းဖွင့်လိုက်ချိန် စောင့်ဆွဲလိုက်သည့် တံခါးကြောင့်
လက်ကအပြင်သို့ရောက်ကာ ယိုင်သွားရသည်။
ထိုလက်ကို ဆွဲကာ အပြင်ကိုဆွဲထုတ်သည့် လူတွေ။

'ရမ်းကားလိုက်တာ....'

အတွေးတို့မဆုံးသေး၊ လက်သီးကွင်းစွတ်ထားသည့်လက်တွေနဲ့ပဲ မျက်နှာကိုထိုးချနေကြသည့်လူတွေက၊ ဗိုက်နေရာ၊ အရှိုက်နေရာ၊ နံကြား စသည့်နေရာတို့ကို အားပါပါထိုးနေကြသည်။ရုတ်တရက်ဆန်လှသည်မို့ ပြန်မလုပ်လိုက်နိုင်ပေ။
မျက်နှာပေါ်ကျလာသည့်လက်သီးချက်က နှာရိုးနုကိုထိခတ်သွားသည်မို့ တော်တော်လေးနာရသည်။ ဒူးထောက်ရက်ပြုတ်ကျရသည်။ ခြေထောက်ညို့သကျည်းကို
ရိုက်ချလိုက်ခြင်းကြောင့်ပေ။

"တော်တော့..... ဒီခေါ်ခဲ့........."

အသံတစ်ချက်ကြားရပြီး ထိုအသံကြောင့် ထိုးကြိတ်နေသူများ အားလုံးငြိမ်သွားလေသည်။ တရှဲရှဲတောက်လောင်နေသည့် မီးကျည်ခဲ ရေဖြင့်ဖြန်းကာ ငြှိမ်းလိုက်သလိုပါပဲလား။ ဘယ်သူတွေလဲလဲမသိ။ ထိုအသံပိုင်ရှင်ကလည်း ဘယ်သူလဲ။ အသံက ရင်းနှီးသလိုလိုပင် ။
အတွေးတို့မဆုံးလေး လမ်းလျှောက်နေရာကနေ တွန်းချလိုက်သည်မျု့ နာကျင်နေပြီဖြစ်သည့် ကိုယ်ခန္ဓာက ကွန်ကရစ်လမ်းမထက်သို့ကျသွားသည်။

ဖိနပ်တစ်ရံ ရင်းရင်းနှီးနှီးမြင်ဖူးပါသည်။ မျက်လုံးက ဖူးယောင်နေသည်ကြောင့်ထင် မဖွင့်နိုင်တော့ပေ။ သို့သော်အားယူကာ ထိုဖိနပ်ကိုကြည့်နေချိန် မေးဖျားကိုထိခတ်လာသည့်ဖိနပ်။ စိတ်တွေတိုကာ ထိုလူဘယ်သူလဲမသိ။ တကယ်ကိုသတ်ပစ်ချင်ပါသည်။ မော့သွားသည့် မျက်နှာနှင့်အတူ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လို့ ထိုလူ့မျက်နှာကို
သေချာစွာကြည့်လိုက်သည်။

"ကိုကောင်းမြတ်...နာသွားလား.....ကျွတ် ကျွတ် ကျွတ်...."

ပြုံးပြလာသည်က လုံးဝကို ရွှန်းရွှန်းစားစားပေ။

"နန်......နန္ဒ......."

ရေမော့သောက်နေရင်း ဟက်ခနဲရယ်သည်။ နောက်တခါရေမော့သောက်ပြီးနောက် ကျွန်တော့်မျက်နှာသို့ ငုံထွေးထားသည့် ရေတွေဖြင့် မှုတ်ထုတ်သည်။ပြီး​နောက် ရင်ဝမှနေအကျီစနှစ်ဖက်ကိုဆုပ်ကိုင်ကာ......

"ကျေးဇူးကန်းတဲ့ ခွေး........ခင်ဗျားကိုသတ်ပစ်မယ်......"

သွေတွေဖြင့်ပေပွနေသည့်မျက်နှာက ရစရာကိုမရှိလောက်အောင်ပင်။ တဟားဟားနဲ့သွားများရုံ ရယ်နေသောကြောင့်
သွားဖြူဖြူများက အနီရောင်များ စွန်းထင်းနေလေသည်။
ခေါင်းကိုမော့လို့ ရာ်နေရင်းကျွန်တော်ကိုကြည့်နေသည်။
ဒေါသတို့က စထက်တန်ပိုးကြီးထွားက ယခုပဲဓားနဲ့ထိုးကာ၊ ကားဖြင့်ကြိတ်သတ်ချင်တော့သည်။

"ကျေးဇူး.......... ဟက်........"

နီရဲပြီး ဒေါသအပြည့်မျက်နှာထားတဲ့ မျက်ဝန်းများကပါ
မီးဟုန်းဟုန်းတောက်နေသယောင် အကြည့်များဖြင့်ကြည့်နေသည့် နန္ဒမိုးနေအား ကြည့်ကာ ဟက်ဟက်ပက်ပက်ရယ်ပြီး
ရယ်လို့ဝသည်နှင့် စကားတို့ကိုပြောရပေဦးမည်။ ဘယ်သူများလဲလို့ အဖေ့တပည့်တွေအားကိုးနဲ့ လူကိုအနိုင်ကျင့်နေသည့် ချာတိတ်လေးပင်။

"မင်းအဖေအပေါ် ငါ့အဖေတင်နေတဲ့ကျေးဇူးကြွေးက ခြေမနဲ့ကုပ်ထုတ်တောင် အတောင့်လိုက်ထွက်တယ်........
ဟ.....ဟ.....ဟ......."

"ဘာတွေပြောနေတာလဲ........"

"ငါ့ကိုအပြစ်မတင်နဲ့...... မင်းအဖေကိုသွားမေး.......
ငါ့အဖေကိုသတိရသေးရဲ့လား.....ကျောင်းနေဖက် သူငယ်ချင်းကိုသစ္စာဖောက်ရတာပျော်လားလို့လေ......."

ပြေလျော့လာသည့် ရင်ဝမှအကျီစကြောင့် ထိုကောင်လေးတွေးနေသည်နေမည်။

'တွေးပါစေ.........အမှန်တရားက သိသင့်တယ်.....'

"ငါ့အဖေရဲ့ငယ်ချစ်ဦးက မင်းအမေပဲ......မင်းအဖေ လူယုတ်မာက ရအောင်ယူတယ်..... သူငယ်ချင်းကို ချစ်လွန်းလို့ မပြောရက်ခဲ့တဲ့ ငါ့အဖေက မသိချင်ယောင်ဆောင်ပေးပြီး လုပ်ငန်းတွေပါအတူလုပ်တယ်........ အလစ်မှာ စီးပွားတွေကိုပါ ရအောင်လုပြီးဖြိုပစ်တယ်........."

"မဟုတ်ဘူး....ဖေဖေက အဲ့လိုလူမဟုတ်ဘူး....
ခင်ဗျားလိမ်နေတာ......."

စောင့်တွန်းသည်မို့ နာနေသည့်ကိုယ်က ကြမ်းပြင်ပေါ်လဲကျသွားသည်။ ထိုကောင်လေးကတော့ ကျွန်တော့်ကိုကြည့်လို့နေလေသည်။

"ကျေးဇူးဆိုတာဘာလဲ မင်းအဖေကိုသွားမေး.....
မင်းအဖေရဲ့ကုန်တင်သဘော်တွေ၊ ရာဘာခြံကြီးတစ်ခုလုံး
ပျက်စီးချိန် ကျောထောက်နောက်ခံငွေအားကို ဘယ်ပထွေးပေးလဲပါ မေးခဲ့......ပြီးမှ ငါနဲ့လာရှင်း.......
ငါမင်းအပေါ်လုပ်ခဲ့တာ ပါးပါးလေးပဲရှိသေးတာ....."

လည်ပင်းကိုညှစ်လာသည့်ကောင်လေးက တကယ့်ကိုဂျူရိုကစားသမားပီသလေသည်။ လည်ပင်းအသက်ရှူသည့်ချက်ကောင်းကို သေချာစွာဖျစ်ထားသည်မို့ သူ့လက်ကို ရိုက်ထုတ်နေကာ ပုတ်ဖယ်နေရရုံမှတပါးမတတ်နိုင်ပေ။
ဟိုလူတွေလက်ကိုလိမ်ချိုးထားသည်မို​့ နာနေသည်ကြောင့်
နွားလေးလုပ်သမျှ ခံနေရသည်။

"ခင်ဗျား......မဟုတ်တာပြောကြည့် နောက်နေ့ကျရင် အိမ်အထိလာပြီး လျှာဖြတ်ပစ်မယ်......"

ပြောလဲပြောပြီး ထွက်သွားသည့် ငနွားလေးက ကျွန်တော့်ကို ဒီအတိုင်းထားခဲ့လေသည်။

..............

"ကိုဇေယျ ကျွန်တော်ပြောပြနေတာတွေ
နားထောင်နေရဲ့လား....."

ဖုန်းပြောရင်းနားထောင်ပြီး စဥ်းစားနေရာမှ တစ်ဖက်ကကောင်းမြတ်အသံကြားမှသာ အသိဝင်လာတော့သည်။

"အို...ဆောရီး ကောင်းမြတ်.....ကိုယ်ကြားတယ်...."

သက်ပြင်းတိုတစ်ခုကိုချသံကြားလိုက်ရပြီးနောက်...

"ဒါနဲ့မင်းအခု အခြေအနေဘယ်လိုလဲ.....သက်သာရဲ့လား...
ကိုယ်မသိလိုက်ဘူးကွာ...တစ်နေ့ကမင်းဖုန်းဆက်တဲ့အချိန်
လူနာကသောင်းကျန်းနေတယ်ဆိုလို့ ပြေးရတာနဲ့ မသိလိုက်ဘူး..... ပြန်လာတော့ စက်ပိတ်ထားတယ်ကြီးပြောနေတာ...."

"ဟုတ်တယ်... ကျွန်တော်လဲ အဲ့နားမှာပဲ လဲလျောင်းနေရင်း ကားတစ်စီးစီးအလာစောင့်နေခဲ့တာ.... ကံကောင်းတော့ ကားတစ်စီးကိုတွေ့တယ် ကူညီတော့ ဆေးရုံရောက်ပြီး
သတိလစ်နေတာ နေ့လည်ကမှသတိရတယ် ဖုန်းကိုအားသွင်းပြီး ကိုဇေယျကိုဆက်လိုက်တာ....."

ေအာက်နှုတ်ခမ်းကိုဖိကိုက်ကာ စိတ်ထဲလေးလံနေရင်း.....

"ညီသု.....ညီသု ကို ဂရုစိုက်ဦးနော်......
ကျွန်တော့်တောင်အဲ့လောက် နှိပ်ဆက်တာ......"

စကားပင်မဆုံးသေး တစ်ဖက်မှ ကိုဇေယျစကားတိုဆြိုလာပြန်သည်။

"ကိုယ်လဲအဲ့ဒါတွေးနေတာ....
ညီ့ကိုပြောပြသင့်လားလို့လေ....
သွားကာ လာကာ ဂရုစိုက်ဖို့ပဲ.... ညီကအပြင်ထွက်ရင် ကလေးနှစ်ယောက်ပါ ပါတာ ပိုစိတ်ပူရတယ်....."

"ခုက ညီသု အဖေမွေးနေ့ပွဲနေ့မဟုတ်လား.......
ကိုဇေယျ အဲ့မှာလား..........."

အိမ်သာထဲမှဖုန်းပြောနေရင်းထွက်လာချိန် ဟော်တည်ခန်းမကြီး၏ဘက်မှထွက်လာသူနဲ့ တိုက်မိသည်မို့ ဖုန်းကလွတ်ကျသွားသည်မှ ဂွက်ခနဲပင် မြည်သွားတော့သည်။ အပြင်ဘက်တွင် လူသူကသိပ်မရှိချေ။ အခန်းတွင်းသာ ပါတီထဲ တီးလုံးသံများက ဆူညံနေပေသည်။ အသံလုံအခန်းများဖြစ်နေသည်မို့ အပြင်ဘက်တွင် အသံတို့က ခပ်သဲ့သဲ့သာကြားရလေသည်။

"ဆောရီး......."

ထိုသို့ပြောပြီးသာထွက်သွားသည့် လူငယ်လေးက လှည့်ပင်မကြည့်။ ဘယ်လိုဟာလေးလဲမသိပေ။
ဖုန်းလေးတစ်လုံးနဲ့တော့ ဘာမှမကြောချင်တော့သည်မို့ ဖုန်းကိုကောက်ပြီး အခန်းတွင်းသာဝင်လာလိုက်သည်။
VIPမိသားစုဝိုင်းဆိုသည့်နေရာသို့ပြန်လာချိန် ကျွန်တော့ဘေးကနေရာတွင် ညီတစ်ယောက်ကိုမတွေ့ချေ။
ဉာဏ်သုကတော့ စင်ပေါ်တွင် ယောက္ခထီးဖြစ်သူနဲ့ စကားတွေပြောနေကာ ရယ်နေသော်လည်း မျက်ဝန်းများက
ညီ့ ကိုရှာနေသည့်ပုံပင်။

'ညီသု ဘယ်တွေသွားနေသည်လဲ......'

................

ထိုးနှက်ခံထားရသည့် ဒဏ်ရာများနဲ့အတူ တစ်ကိုယ်လုံးကလည်း ညိုမဲလို့ အောက်ပိုင်းတစ်ခုလုံးကလည်း သွေးတွေပေပွကာ တစ်နေရာမှ စိမ့်ထွက်လာသည့် သွေးများကလည်း
ယိုစိမ့်လို့ပင် ညိုမဲဒဏ်ရာများနဲ့ပေါင်တံတစ်လျှောက်စီးဆင်ကာ ခြေသလုံးသားဖြူဖြူတို့ပေါ်တွင် ဖြေးညှင်းငြင်သာစွာ လျှောက်လှမ်းလို့ ကြမ်းပြင်ပေါ်သို့ နီနီရဲရဲများပေကျံစေသည်။ ထိုကောင်လေးကတော့ မိုးရေထဲဝယ် အဝတ်ဗလာနဲ့ ဦးခေါင်းကိုကိုင်လို့ ဦးတည်ချက်မဲ့စွာ ယိုင်တိုင်တိုင်နဲ့ လျှောက်လှမ်းနေလေသည်က ဘယ်ဆီဘယ်သို့ရည်ရွယ်သည်ကိုမသိပေ။

မှောင်မဲနေသည့် ညတစ်ည၊ သည်းထန်စွာရွာသွန်းနေသည့်မိုးက ဖြိုင်ဖြိုင်ကျလို့ မိုးနတ်သားနဲ့လေနတ်သားတို့ အငြိုးအတေးအပြည့် စစ်ခင်းနေကြသည်ထင် လေကြမ်းများကလည်း တဟုန်းဟုန်းတိုက်ခတ်သလို၊ မိုးရေစက်တို့ကလည်း
အနိုင်မခံအရှုံးမပေး အေးစိမ့်စွာကြွေနေသည်။ ကောင်းကင်ကြီးတစ်ခုလုံးကလည်း လျှပ်စီးတွေလက်လို့၊ မိုးတွေချုန်းနေသည်က ကြောက်မက်ဖွယ်ရာ။ အဝတ်ဗလာနဲ့ကောင်လေးကလည်း ထိတ်လန့်ဖွယ်ရာအဖြစ်နဲ့ ခြေဦးတည့်ရာ။
ပတ်ဝန်းကျင်က ဆိတ်ဆိတ်ငြိမ်လို့ အိမ်ခြေများလည်းမရှိသလို ဖြတ်သွားဖြတ်လာ လူသူတစ်ယောက်ပင်မရှိချေ။

ကောင်လေးကရော ဘယ်ဆီသို့လှမ်းရန် ရည်ရွယ်သည်လဲ.........?

အငြိုးနဲ့စွေတဲ့မိုးကရော ဘယ့်နှယ်ကြောင့် ရက်စက်နေရသည်လဲ.......?

လောကကြီးကို ကိုယ်မပိုင်သလို၊ ကံကြမ္မာကိုလည်း မဆိုင်ရရင် ကောင်းပါလေရဲ့။

တွေး
၁၅၉၂၀

......

Continue Reading

You'll Also Like

16.2K 441 31
In the year 2099, humanity encountered a dangerous, new threat, hyper-intelligent being called Fuhai. After conquering most of humanity, the Fuhai th...
2M 112K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
3.7M 292K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
2.8M 160K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...