တားျမစ္ခံထားရတဲ့ အခ်စ္
လုဟာ ေရခ်ိဳးခန္းထဲကေန ထြက္လာၿပီး အက်ႌတစ္စုံကို ယူလိုက္သည္။
အိပ္ရာေပၚက ေခ်ာင့္ကို လွည့္ၾကည့္လိုက္ေတာ့ သူမက ေခြလ်က္သားေလး။
သူမရဲ႕ ျဖဴေဖြးၾကဘ္လင္ေနတဲ့ အသားေရေလးဟာ အျပာနဲ႔ ခရမ္းေရာင္ အညိဳမည္းအကြက္မ်ား... ကိုက္ရာနစ္နစ္မ်ားရွိေန၏ ။
သူ လြန္ခဲ့တဲ့ရက္တုန္းကလည္း သူမကို ကိုက္ထားခဲ့ေသးသည္။
ခု သူမရဲ႕ကိုယ္လုံးေလးဟာ တုန္ေနေသး၏ ။
အဲဒီလိုျဖစ္ေနတဲ့ ေခ်ာင့္ကိုျမင္ေနရတဲ့ လုဟာ သူမကို သြားဖက္ထားခ်င္ေလာက္ေအာင္ ျဖစ္ေနေပမယ့္ အဆုံးမွာေတာ့ သူ႔စိတ္ကိုထိန္းသည္။
ေခ်ာင္ဟာ လု နီးနီးကပ္ကပ္ရွိလာၿပီထင္ၿပီး အသက္ျပင္းျပင္းရွဴမိေနသည္။
ေရခ်ိဳးခန္းကေန ထြက္လာၿပီး ကုတင္ေဘးမွာ ရပ္ရင္း ေခ်ာင့္မ်က္ႏွာေလးကို သူ႔လက္ေတြက ထိဖို႔ေရာက္လာသည္။
သူမမ်က္ႏွာဟာ နာက်င္မႈေတြနဲ႔ ေဖ်ာ့ေတာ့ေနခဲ့သည္။
လုဟာ သူ႔ႏွလုံးသားထဲကေန ဆူးနင့္နာက်င္ေနတာကို ေဖ်ာက္ပစ္ရင္း ေျခာက္လွန႔္ေနတဲ့ အသံအေနထားျဖင့္ စကားလုံးတိုင္းကို ျဖည္းျဖည္းၾကည္ၾကည္ ေျပာသည္။
" ေခ်ာင္အန္းေဟာင္ ငါသတိေပးမယ္။ ငါတိူ႔ၾကားမွာ ငါတို႔ဘယ္ခ်ိန္မွာစမလဲ ဘယ္ခ်ိန္မွာ အဆုံးသတ္မလဲကို ငါကပဲ ေျပာမယ္။ မင္းဆုံးျဖတ္ခြင့္မရွိဘူး!! "
သူဟာ ႏူတ္ခမ္းကို ဖိကိုက္ရင္း ဆက္ေျပာသည္။
" ၿပီးေတာ့ေလ ငါကမင္ူကို ဘဝတစ္ေလ်ာက္လုံးကစားသြားမွာျဖစ္လို႔ စိတ္ပူမေနနဲ႔။ ငါက မင္းနဲ႔တစ္ခါကစားၿပီးရင္ အၿမဲကစားေနမွာ။ မင္းက ရပ္ပါလို႔ေတာင္းပန္ရင္ေတာင္ ငါကမရပ္ဘူး။ အဲဒီလိုဆို မင္းဒီေလာကမွာ မင္းအားမင္းကိုးၿပီး ရပ္တည္ရလိမ့္မယ္! "
ေခ်ာင္အန္းေဟာင္ရဲ႕ မ်က္လုံးမ်ားဟာ ေမွာင္အတိျဖစ္ေနၿပီ။
သူမရဲ႕ အသားေရာင္ဟာ ေသြးထြက္ေနမႈေၾကာင့္ ေဖ်ာ့ေတာ့ျဖဴဖတ္ေနသည္။
လုဟာ သူမရဲ႕ ေမွ်ာ္လင့္ခ်က္မဲ့ေနတဲ့ မ်က္ႏွညေလးကို စိုက္ၾကည့္ၿပီး သနားေသာအၾကည့္ေျပာင္းခဲ့ေပမယ့္ ထြက္ခြာသြားသည္။
ေခ်ာင္လည္း လုအခန္းထဲမွာ သူထြက္ၿပီး ဆယ္မိနစ္ေလာက္မွာ ထိဖို႔အားယူရင္း ထြက္လာခဲ့သည္။
ေရွာင္မန္းဟာ မအိပ္ေသးပါ။
သူမက အိပ္ရာထဲ ဂိမ္းေဆာ့ေန၏ ။
ေခ်ာင္ျပန္လာေတာ့ ဖုန္းလႊတ္ခ်ၿပီး ေခ်ာင့္ကိုအႀကိဳ သူမရဲ႕ သူငယ္ခ်င္းမ်က္ႏွာကို ေတြ႕ၿပီး ၿငိမ္သြားသည္။
" အဲ့ လုက်င္းညန္ဆိုတဲ့ မသာေကာင္ နင့္ကို ႐ိုက္လိုက္ျပန္ၿပီလား? "
ေမာပန္းလာတဲ့ ေခ်ာင္ဟာ အိပ္ရာထဲမွာ အနားယူရင္း မ်က္ႏွာက်က္ကိုၾကည့္လိုက္ၿပီး အၿပဳံတစ္ခုႏွင့္ ေအးေအးေလးေျပာသည္။
" ေရွာင္မန္း နင္သိလား? ငါေလ ဟြမ္းယဥ္ရဲ႕ ေနာက္လာမယ့္ ရာဇဝင္ကားမွာ ေခါင္းေဆာင္မင္းသမီးေနရာရတယ္ဟ။ ငါ star ျဖစ္ေတာ့မွာ!"
ေရွာင္မန္းဘာစကားမွ မေျပာမခ်င္း အခန္းသည္ အသံတိတ္ေန၏ ။
" ေခ်ာင္ေခ်ာင္ နင္လြန္ခဲ့တဲ့ ႏွစ္ဝက္ေလာက္က ႐ုတ္တရက္ ႐ုပ္ရွင္ေလာကထဲဝင္လာဖို႔ အတင္းလုပ္ခဲ့တဲ့အခ်ိန္ နင္မင္းသမီးျဖစ္ခ်င္ရတဲ့ အဓိကရည္႐ြယ္ခ်က္က ဘာလဲ? "
ေခ်ာင္ အသံမထြက္ခဲ့ေပ။
ဒီေမးခြန္းကို သူမရဲ႕ဦးေလးေရာ အေဒၚေရာက ေမးခဲ့ၾကသည္။
သူတို႔ဟာ သူမရဲ႕မိဘရင္းေတြလိုျဖစ္ၾကတဲ့အတြက္ သူမကို နည္းနည္းေလးမွ အထိအခိုက္မခံေပ။
ဒါ့ေၾကာင့္ သူမကို ႐ုပ္ရွင္ေလာက စီးပြားေရးရဲ႕ အခက္အခဲေတြကို မရင္ဆိုင္ေစခ်င္ၾကျခင္းပင္။
အဆုံးမွာ သူမကေန သူတို႔ကို အေပ်ာ္သက္သက္ ႐ုပ္ရွင္႐ိုက္ခ်င္တာပါလို႔ ေျပာၿပီး ဒီေလာကထဲကို ေျခစုံပစ္ဝင္လာခဲ့သည္။
အမွန္ေတာ့ သူမ ႐ုပ္ရွင္မင္းသမီးျဖစ္ခ်င္ခဲ့တာ သူ႔ေၾကာင့္သာ။
တီဗြီဖန္သားျပင္ေပၚမွာ ေဆာင္ရွန္စီနဲ႔ လုတို႔ဟာ အေကာင္းဆုံး႐ုပ္ရွင္စုံတြဲသ႐ုပ္ေဆာင္မ်ားျဖစ္ၾကသည္ဟုသတ္မွတ္ၾကသည္ကို ျမင္တိုင္း ေခ်ာင့္အေနနဲ႔ ေဆာင္ရွန္စီေနရာကို လိုခ်င္မိခဲ့၏ ။
အဲဒါက အတုအေယာင္ဂုဏ္ပုဒ္ျဖစ္ေနေပမယ့္လည္း လက္ေတြ႕ဘဝမွာ လုနဲ႔တကယ့္စုံတြဲမျဖစ္ႏိုင္တာေၾကာင့္ သူမရဲ႕အိမ္မက္ကေလးေတာ့ မွန္ခ်င္ခဲ့သည္။
အဲဒါက ဟန္ဝူက်ဴး ခြင့္ေတာင္းတဲ့အတိုင္း သူ႔မိန္းမလုပ္ဖို႔ ဟန္ေဆာင္ခဲ့သလို။
ဒီအေၾကာင္းကိုေတြးရင္း သူမေခါင္းထဲမွာ ေရာေထြးလာသည္။
၁၃ ႏွစ္ ... ၁၃ ႏွစ္ ကာလမွာ သူနဲ႔တစ္ရက္ေလာက္ ခ်စ္ကြၽမ္းဝင္ခဲ့သလို။
သူမ တကယ္မသိပါ။ သူ႔ကို ဘယ္ေလာက္ထိ ဆက္ခ်စ္နမလဲဆိုတာကို....
ၿငိမ္ဆိမ္ေနရာမွ ေခ်ာင္ဟာ ေျဖခဲ့သည္။
" ဘာလို႔ဆို ႐ုပ္ရွင္ေလာကမွာ ပိုက္ဆံရွာရျမနမလို႔ေလ "
" ဖူးး နင္က ပိုက္ဆံလိုတယ္လား? "
" ေအး ေအး ေအး နင္ပိုက္ဆံအမ်ားႀကီးရွာၿပီးရင္လည္း ငါ့ကိုေပးဖို႔ မေမ့နဲ႔ဦး"
" ကိစၥမရွိပါဘူး။ တစ္ရာေလာက္ရရင္ တစ္ျပားေလာက္ နင့္ကိုေပးမွာပါဟာ"
" အျမတ္ႀကီးစားသမားေတြက ေခါင္ူပုံအရမ္းျဖတ္တာပဲ"
" ဟီးဟီး"
" ေခ်ာင္ေခ်ာင္ ဘာပဲျဖစ္ျဖစ္ စိတ္မပူပါနဲ႔။နင္ဘယ္ေလာက္အခက္အခဲေတြရွိေနလည္း ငါနင့္ေဘးမွာ အၿမဲတမ္းရွိေနမွာ"
ေခ်ာင္ဟာ ခဏေလးၿငိမ္ေနၿပီးေနာက္ ေရွာင္မန္းကို အသံခ်ိဳခ်ိဳျဖင့္..
" ေက်းဇူးပါပဲ ေရွာင္မန္းရယ္"
အဲဒီညထဲက ေခ်ာင္ဟာ လုနဲ႔မေတြ႕ဖို႔ အေကာင္းဆုံးႀကိဳးစားခဲ့ေတာ့သည္။
ညစားစားၿပီး ႐ူတင္ၿပီးသြားရင္လည္း ဘယ္ကိုမွ မသြားပါ။
ကန္တင္းထိုင္မယ္ဆိုရင္ေတာင္ လုရွိမရွိ ၾကည့္သည္။
သူရွိေနရင္ မထိုင္ပါ။ ေဟာ္တယ္ခန္းထဲ ျပန္သြားၿပီး လုထြက္သြားေလာက္တဲ့အထိ ေနသည္။
လဝက္ေလာက္ၾကာခဲ့ၿပီး ေဆာင္ရွန္စီရဲ႕ ေမြးေန႔ပြဲေရာက္လာခဲ့သည္။
သူမေမြးေန႔မွာ အဖြဲ႕သားအားလုံးကို ဖိတ္ခဲ့သည္။
ေခ်ာင္ လု သူမေမြးေန႔ပြဲကို တက္ေရာက္မွာသိလို႔ မသြားခ်င္ခဲ့ပါ။
ဒါေပမယ့္ ေဆာင္ရွန္စီ ကိုယ္တိုင္လာဖိတ္ခဲ့တာျဖစ္လို႔ သူမ ပြဲမတက္မယ့္အေၾကာင္း လူခ်င္းေတြ႕ေျပာရမည္။
ဒါ့ေၾကာင့္ Chanel တံဆိပ္အိတ္ကေလးတစ္လုံးကို ေရွာင္မန္းကို ဝယ္ခိုင္းခဲ့သည္။
ေဆာင္ရွန္စီအခန္းဟာ ၁၀၀၅ ျဖစ္၏ ။
ေခ်ာင္သာ သူမအခန္းတံခါးဖြင့္ႏိုင္တဲ့ လူျဖစ္ခဲ့သည္။
ေခ်ာင့္ကိုျမင္သြားတဲ့ ေဆာင္ရွန္စီဟာ ၿပဳံးလိုက္ၿပီး အခန္းထဲဝင္လာခိုင္းသည္။
" မေခ်ာင္အန္းေဟာင္ ဝင္လာေလ "
" ရပါတယ္ အစ္မ" ေျပာၿပီး ေခ်ာင္ဟာ ရယ္ေနခဲ့သည္။
ထို႔ေနာက္ သူမကိုေပးဖို႔ အိတ္ေလးထုတ္၏ ။
" ညီမ အလုပ္ေတြ႐ူပ္ေနေတာ့ လက္ေဆာက္ေတာင္ သြားမဝယ္ႏိုင္ဘူး"
logo ကိုျမင္ထဲက ေဆာင္ရွန္စီအေနနဲ႔ ေဈးမႀကီးမွန္းသိသည္။
သို႔ေသာ္ သေဘာထားမေသးသိမ္ဘဲ သုမ ၾကည္ျဖဴစြာ လက္ခံခဲ့သည္။
" ေက်းဇူးတင္ပါတယ္ေနာ္ "
" အစ္မ ေဆာင္ရွန္စီ ညီမေလ ဒီည အစ္မေမြးေန႔ပြဲကို အလုပ္ေတြ႐ူပ္ေနလို႔ မတက္ႏိုင္ဘူး အစ္မရယ္။ ဒါေၾကာင့္ ေတာင္းပန္ပါတယ္။"
" အေစာႀကီးရွိေသးတာ။ မအားရင္လည္း ခပ္ေစာလာလာၿပီး ျပန္လို႔ရတယ္ေလ " ဟု ေဆာင္ရွန္စီကေန ေျပာသည္။
ေခ်ာင္အန္းေဟာင္ မေျဖခင္ အေနာက္ကေန အသံေအးေအးႏွင့္ လုက ေျပာခဲ့သည္။
" မေဆာင္ရွန္စီက တစ္ဖက္လူအဆင္မေျပတာကို တြန္းအားေပးတတ္မွန္း ကြၽန္ေတာ္မသိခဲ့ဘူး"
လုအသံကိုၾကားတာနဲ႔ ေခ်ာင္ဟာ သူမအက်ႌစကိုဆြဲကိုင္ၿပီး တည္ၿငိမ္ေအာင္ လုပ္သည္။
" အစ္မ ေဆာင္ရွန္စီ ညီမ သြားစရာကိစၥရွိလို႔လက္ေထာက္ကလည္း ေစာင့္ေနတယ္။ အရင္သြားေတာ့မယ္ေနာ္"
ေခ်ာင္ဟာ စကားျဖတ္ၿပီး လုမတ္တတ္ရပ္ေနတဲ့ တံခါးဆီ ဦးတည္၏ ။
သူ႔ကို မၾကည့္ဘဲ ႏူတ္ဆက္သည္။
" ဟဲလို ဆရာလု "
သူမေရွ႕က တံခါးဟာ ဘန္းခနဲ ပိတ္သြားတာေၾကာင့္ နည္းနည္းတုန္သြားသည္။
တံခါးေစာင့္ပိတ္လိုက္တဲ့လုကို ျဖည္းျဖည္းေမာ့ၾကည့္ရင္း ႏူတ္ခမ္းကိုက္လိုက္သည္။
ထို႔ေနာက္ ေဆာင္ရွန္စီဘက္ လွည့္ရင္း
" တာ့တာေနာ္" ဟု ေျပာလိုက္ၿပီး ဓာတ္ေလွကားစီ သြားသည္။
ထိုညမွာ ေဆာင္ရွန္စီဟာ လသာေဆာင္ကို ဝိုင္ခြက္ကိုင္ရင္း လမ္းေလ်ာက္လာသည္။
အဲဒီမွာ တစ္ေယာက္ထဲေဆးလိပ္ေသာက္ေနတဲ့ လုကို ျမင္ခဲ့သည္။
ခဏေတာ့ တုံ႔ဆိုင္းသြားသည္။
ထို႔ေနာက္မွာ သူ႔ဆီ ေဒါက္ဖိနပ္တစ္လွမ္းခ်င္း လွမ္းလာခဲ့ၿပီး ပခုံးခ်င္း တစ္ေျပးညီ ရပ္ခဲ့သည္။
လုဟာ တစ္ေယာက္ေယာက္လာေနခဲ့တာကို အာ႐ုံရတာေၾကာင့္ ေဆးလိပ္မီးကို သတ္လိုက္သည္။
သူ႔နားရပ္ေနတဲ့ ေဆာင္ရွန္စီကို ၾကည့္ဖို႔ လွည့္၏ ။
ဒါေပမယ့္ ဘာစကားမွ မေျပာပါ။
ေဆာင္ရွန္စီက လုနဲ႔ႏွစ္အၾကာႀကီး အလုပ္လုပ္ခဲ့ဖူးတာေၾကာင့္ သူ႔အက်င့္ေတြကို ရင္းႏွီးၿပီးသားျဖစ္သည္။
ဒါ့ေၾကာင့္ သူမအေနနဲ႔ ဘာမွစိတ္မဆိုးဘဲ ၾကယ္ေတြျပည့္ေနတဲ့ ေကာင္းကင္ကိုသာ ေမာ့ၾကည့္ခဲ့သည္။
ဝိုင္တစ္ငုံေသာက္ၿပီး ေပ်ာ့ေပ်ာင္းတဲ့ အသံျဖင့္ စကားစလိုက္သည္။
" အစ္ကိုလု ရဲ႕ စိတ္ခံစားခ်က္ေတြက မတည္ၿငိမ္ေနဘူးေနာ္။ မိန္းကေလးတစ္ေယာက္ေၾကာင့္ ျဖစ္ေနတဲ့ပုံပဲ"
လုဟာ သူမရဲ႕ အဓိပၸာယ္မရွိစြာ ေျပာေနမႈကို ေခါက္ၿပီး ထြက္ဖို႔ျပင္သည္။
ေဆာင္ရွန္စီကေတာ့ မတားပါ။
လွည့္လိုက္ၿပီး သူ႔ေနာက္ေက်ာကို ၾကည့္ရင္း ...
" အဲ့မိန္းကေလးကလည္း ညီမ ေခ်ာင္အန္းေဟာင္ပဲ ျဖစ္လိမ့္မယ္ေနာ္"
လု ေျခလွမ္းေတြ ရပ္ခဲ့သည္။
ေဆာင္ရွန္စီက ဖန္ခြန္ရွည္ကို ေျမႇာက္လိုက္ၿပီး ဝိုင္နီကို တစ္ငုံေသာက္သည္။
သူမဘက္ကို ျပန္လွည့္လာတဲ့ လုကို ၾကည့္ၿပီး ၿပဳံးခဲ့သည္။
" ေခ်ာင္အန္းေဟာင္ ေရထဲျပဳတ္က်တုန္းက အစ္ကိုလုအေနနဲ႔ ေရထဲကို တစ္စကၠန႔္ေလးေတာင္ မရပ္ေနဘဲ ဒိုင္ဗင္ထိုးဆင္းၿပီး ကယ္ခဲ့တာ။ ကြၽန္မ အစ္ကို႔ကို ႏွစ္အမ်ားႀကီးသိခဲ့ပါၿပီ။ ဒါေပမယ့္ အဲဒီလိုပုံစံနဲ႔ အစ္ကို႔ကို တစ္ခါမွ မျမင္ဖူးခဲ့ဘူး"
လုေျခလွမ္းေတြ ဆက္သြားခဲ့ၿပီး ေဆာင္ရွန္စီဘက္ကို မ်က္ႏွာခ်င္းမဆိုင္ေတာ့ပါ။
ေဆာင္ရွန္စီကေတာ့ သူမလက္ထဲက ဝိုင္ကို ေသာက္ရင္း သူမကိုသူမ ေျပာေနသလို ဆက္ေျပာသည္။
" အနားယူခ်ိန္တိုင္း ဆရာလုႀကီးက သူ႔ေနရာမွာ ထိုင္ရင္း ေဘးပတ္ဝန္းက်င္ကို မၾကည့္ဘဲ အပန္းေျဖတယ္။ မင္းရဲ႕မ်က္လုံးေတြက မင္းရဲ႕ခပ္ေဝးေဝးကို တစ္ခ်က္တစ္ခ်က္ ၾကည့္ၾကည့္ေနတယ္။ ဘာလို႔လဲ သိလား? "
သူမေမးခြန္းကို သူမဘာသာ ေျဖသည္။
" ဘာလို႔လဲဆို ခပ္ေဝးေဝးမွာ ေခ်ာင္အန္းေဟာင္ရွိေနလို႔ေလ"
လုမ်က္လုံးဟာ မီးေတာက္ၿပီး ေဆာင္ရွန္စီကို ၾကည့္သည္။
သူ႔အသံဟာ ေအးစက္မာထန္သည္။
" ေဆာင္ရွန္စီ .. ငါမင္းကို အတင္းတုပ္တတ္မယ္မွန္း မထင္ထားဘူး"
" ဟယ္ အစ္ကိုလုရယ္ ဘာလို႔ရွက္ရမ္းရမ္းၿပီး ေဒါသထြက္ေနရတာတုန္းေနာ္"
ေဆာင္ရွန္စီက လုကို တစ္စက္ေလးမွ မေၾကာက္ပါ။
သူမဟာ ၿပဳံးၿပဳံးေလးနဲ႔သာ သူ႔ကိုၾကည့္သည္။
" အတင္းတုပ္တတ္တာ မိန္းမသဘာဝပဲေလ။ ၿပီးေတာ့ အစ္ကိုလုအေၾကာင္း နဂိုထဲက စိတ္ဝင္စားတာလဲ ပါတာေပါ့။ ဘာပဲျဖစ္ျဖစ္ ဒီေန႔ခင္းတုန္းက ေခ်ာင္အန္းေဟာင္ ကြၽန္မနဲ႔စကားေျပာေနတုန္း ဘာလို႔ျဖတ္ေျပာခဲ့တာလဲ? အဲဒါ သူကေန အစ္ကို႔ကိုေရွာင္ဖို႔ ကြၽန္မပါတီမတတ္ႏိုင္မွန္းသိလို႔ လုပ္ခဲ့တာလား?"
" ေဆာင္ရွန္စီ ..."
အနာေပၚ ဒုတ္က်တဲ့အတြက္ လုဟာ မႏွစ္ၿမိဳ႕ဖြယ္ အသံျဖင့္ ေျပာသည္။
" ဪ ေမ့လို႔ ။ စကားျဖတ္႐ုံတင္မဟုတ္ဘူး။ ေခ်ာင္အန္းေဟာင္က ကြၽန္မကိုပဲ ၾကည့္ၿပီး စကားေျပာေနေတာ့ J ေတြဝင္ၿပီး တံခါးေဆာင့္ပိတ္လိုက္ေရာေလ။ ကြၽတ္ ကြၽတ္ ကြၽတ္ အစ္ကိုလုရယ္။ အစ္ကို႔မွာ အဲဒီလိုခ်စ္ဖို႔ေကာင္းတဲ့ပုံစံရွိေနမွန္း မသိခဲ့ဘူး။ မိန္းကေလးတစ္ေယာက္အတြက္လည္း သဝန္တိုတတ္ေသးသားေနာ္"
" အဓိပၸာယ္မရွိတာေတြ! "
လုဟာ ေဆာင္ရွန္စီနဲ႔ ၿပိဳင္ျငင္းၿပီးမွ အေဝးကို မထြက္ခင္ သူမကို စကားတစ္လုံးထဲႏွင့္ ေစာ္ကားခဲ့သည္။
ဒီတစ္ႀကိမ္မွာေတာ့ ေဆာင္ရွန္စီဟာ သူ႔ေနာက္ကို တည့္တည့္မတ္မတ္ လိုက္သြားၿပီး သူမေခါင္းကို ေစာင္းကာ လုကို စိုက္ၾကည့္ၿပီး ၿပဳံးခဲ့သည္။
" ေဟး အစ္ကိုလု ! ေခ်ာင္အန္းေဟာင္က အစ္ကို႔အတြက္ ဘယ္သူလဲ? "
------
အရမ္းေတြေနာက္က်သြားပါတယ္ရွင္ ေဆာတီးပါလို႔ 😂 မမဘီးရဲ႕စာေတြကို အားရင္ ဝင္ဖတ္ေပးၿပီး voteေလးေတြေရာ acc ကိုေရာ follow လုပ္ေပးၾကပါဦး! 😽
-----
တားမြစ်ခံထားရတဲ့ အချစ်
လုဟာ ရေချိုးခန်းထဲကနေ ထွက်လာပြီး အင်္ကျီတစ်စုံကို ယူလိုက်သည်။
အိပ်ရာပေါ်က ချောင့်ကို လှည့်ကြည့်လိုက်တော့ သူမက ခွေလျက်သားလေး။
သူမရဲ့ ဖြူဖွေးကြဘ်လင်နေတဲ့ အသားရေလေးဟာ အပြာနဲ့ ခရမ်းရောင် အညိုမည်းအကွက်များ... ကိုက်ရာနစ်နစ်များရှိနေ၏ ။
သူ လွန်ခဲ့တဲ့ရက်တုန်းကလည်း သူမကို ကိုက်ထားခဲ့သေးသည်။
ခု သူမရဲ့ကိုယ်လုံးလေးဟာ တုန်နေသေး၏ ။
အဲဒီလိုဖြစ်နေတဲ့ ချောင့်ကိုမြင်နေရတဲ့ လုဟာ သူမကို သွားဖက်ထားချင်လောက်အောင် ဖြစ်နေပေမယ့် အဆုံးမှာတော့ သူ့စိတ်ကိုထိန်းသည်။
ချောင်ဟာ လု နီးနီးကပ်ကပ်ရှိလာပြီထင်ပြီး အသက်ပြင်းပြင်းရှူမိနေသည်။
ရေချိုးခန်းကနေ ထွက်လာပြီး ကုတင်ဘေးမှာ ရပ်ရင်း ချောင့်မျက်နှာလေးကို သူ့လက်တွေက ထိဖို့ရောက်လာသည်။
သူမမျက်နှာဟာ နာကျင်မှုတွေနဲ့ ဖျော့တော့နေခဲ့သည်။
လုဟာ သူ့နှလုံးသားထဲကနေ ဆူးနင့်နာကျင်နေတာကို ဖျောက်ပစ်ရင်း ခြောက်လှန့်နေတဲ့ အသံအနေထားဖြင့် စကားလုံးတိုင်းကို ဖြည်းဖြည်းကြည်ကြည် ပြောသည်။
" ချောင်အန်းဟောင် ငါသတိပေးမယ်။ ငါတိူ့ကြားမှာ ငါတို့ဘယ်ချိန်မှာစမလဲ ဘယ်ချိန်မှာ အဆုံးသတ်မလဲကို ငါကပဲ ပြောမယ်။ မင်းဆုံးဖြတ်ခွင့်မရှိဘူး!! "
သူဟာ နူတ်ခမ်းကို ဖိကိုက်ရင်း ဆက်ပြောသည်။
" ပြီးတော့လေ ငါကမင်ူကို ဘဝတစ်လျောက်လုံးကစားသွားမှာဖြစ်လို့ စိတ်ပူမနေနဲ့။ ငါက မင်းနဲ့တစ်ခါကစားပြီးရင် အမြဲကစားနေမှာ။ မင်းက ရပ်ပါလို့တောင်းပန်ရင်တောင် ငါကမရပ်ဘူး။ အဲဒီလိုဆို မင်းဒီလောကမှာ မင်းအားမင်းကိုးပြီး ရပ်တည်ရလိမ့်မယ်! "
ချောင်အန်းဟောင်ရဲ့ မျက်လုံးများဟာ မှောင်အတိဖြစ်နေပြီ။
သူမရဲ့ အသားရောင်ဟာ သွေးထွက်နေမှုကြောင့် ဖျော့တော့ဖြူဖတ်နေသည်။
လုဟာ သူမရဲ့ မျှော်လင့်ချက်မဲ့နေတဲ့ မျက်နှညလေးကို စိုက်ကြည့်ပြီး သနားသောအကြည့်ပြောင်းခဲ့ပေမယ့် ထွက်ခွာသွားသည်။
ချောင်လည်း လုအခန်းထဲမှာ သူထွက်ပြီး ဆယ်မိနစ်လောက်မှာ ထိဖို့အားယူရင်း ထွက်လာခဲ့သည်။
ရှောင်မန်းဟာ မအိပ်သေးပါ။
သူမက အိပ်ရာထဲ ဂိမ်းဆော့နေ၏ ။
ချောင်ပြန်လာတော့ ဖုန်းလွှတ်ချပြီး ချောင့်ကိုအကြို သူမရဲ့ သူငယ်ချင်းမျက်နှာကို တွေ့ပြီး ငြိမ်သွားသည်။
" အဲ့ လုကျင်းညန်ဆိုတဲ့ မသာကောင် နင့်ကို ရိုက်လိုက်ပြန်ပြီလား? "
မောပန်းလာတဲ့ ချောင်ဟာ အိပ်ရာထဲမှာ အနားယူရင်း မျက်နှာကျက်ကိုကြည့်လိုက်ပြီး အပြုံတစ်ခုနှင့် အေးအေးလေးပြောသည်။
" ရှောင်မန်း နင်သိလား? ငါလေ ဟွမ်းယဉ်ရဲ့ နောက်လာမယ့် ရာဇဝင်ကားမှာ ခေါင်းဆောင်မင်းသမီးနေရာရတယ်ဟ။ ငါ star ဖြစ်တော့မှာ!"
ရှောင်မန်းဘာစကားမှ မပြောမချင်း အခန်းသည် အသံတိတ်နေ၏ ။
" ချောင်ချောင် နင်လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ရုတ်တရက် ရုပ်ရှင်လောကထဲဝင်လာဖို့ အတင်းလုပ်ခဲ့တဲ့အချိန် နင်မင်းသမီးဖြစ်ချင်ရတဲ့ အဓိကရည်ရွယ်ချက်က ဘာလဲ? "
ချောင် အသံမထွက်ခဲ့ပေ။
ဒီမေးခွန်းကို သူမရဲ့ဦးလေးရော အဒေါ်ရောက မေးခဲ့ကြသည်။
သူတို့ဟာ သူမရဲ့မိဘရင်းတွေလိုဖြစ်ကြတဲ့အတွက် သူမကို နည်းနည်းလေးမှ အထိအခိုက်မခံပေ။
ဒါ့ကြောင့် သူမကို ရုပ်ရှင်လောက စီးပွားရေးရဲ့ အခက်အခဲတွေကို မရင်ဆိုင်စေချင်ကြခြင်းပင်။
အဆုံးမှာ သူမကနေ သူတို့ကို အပျော်သက်သက် ရုပ်ရှင်ရိုက်ချင်တာပါလို့ ပြောပြီး ဒီလောကထဲကို ခြေစုံပစ်ဝင်လာခဲ့သည်။
အမှန်တော့ သူမ ရုပ်ရှင်မင်းသမီးဖြစ်ချင်ခဲ့တာ သူ့ကြောင့်သာ။
တီဗွီဖန်သားပြင်ပေါ်မှာ ဆောင်ရှန်စီနဲ့ လုတို့ဟာ အကောင်းဆုံးရုပ်ရှင်စုံတွဲသရုပ်ဆောင်များဖြစ်ကြသည်ဟုသတ်မှတ်ကြသည်ကို မြင်တိုင်း ချောင့်အနေနဲ့ ဆောင်ရှန်စီနေရာကို လိုချင်မိခဲ့၏ ။
အဲဒါက အတုအယောင်ဂုဏ်ပုဒ်ဖြစ်နေပေမယ့်လည်း လက်တွေ့ဘဝမှာ လုနဲ့တကယ့်စုံတွဲမဖြစ်နိုင်တာကြောင့် သူမရဲ့အိမ်မက်ကလေးတော့ မှန်ချင်ခဲ့သည်။
အဲဒါက ဟန်ဝူကျူး ခွင့်တောင်းတဲ့အတိုင်း သူ့မိန်းမလုပ်ဖို့ ဟန်ဆောင်ခဲ့သလို။
ဒီအကြောင်းကိုတွေးရင်း သူမခေါင်းထဲမှာ ရောထွေးလာသည်။
၁၃ နှစ် ... ၁၃ နှစ် ကာလမှာ သူနဲ့တစ်ရက်လောက် ချစ်ကျွမ်းဝင်ခဲ့သလို။
သူမ တကယ်မသိပါ။ သူ့ကို ဘယ်လောက်ထိ ဆက်ချစ်နမလဲဆိုတာကို....
ငြိမ်ဆိမ်နေရာမှ ချောင်ဟာ ဖြေခဲ့သည်။
" ဘာလို့ဆို ရုပ်ရှင်လောကမှာ ပိုက်ဆံရှာရမြနမလို့လေ "
" ဖူးး နင်က ပိုက်ဆံလိုတယ်လား? "
" အေး အေး အေး နင်ပိုက်ဆံအများကြီးရှာပြီးရင်လည်း ငါ့ကိုပေးဖို့ မမေ့နဲ့ဦး"
" ကိစ္စမရှိပါဘူး။ တစ်ရာလောက်ရရင် တစ်ပြားလောက် နင့်ကိုပေးမှာပါဟာ"
" အမြတ်ကြီးစားသမားတွေက ခေါင်ူပုံအရမ်းဖြတ်တာပဲ"
" ဟီးဟီး"
" ချောင်ချောင် ဘာပဲဖြစ်ဖြစ် စိတ်မပူပါနဲ့။နင်ဘယ်လောက်အခက်အခဲတွေရှိနေလည်း ငါနင့်ဘေးမှာ အမြဲတမ်းရှိနေမှာ"
ချောင်ဟာ ခဏလေးငြိမ်နေပြီးနောက် ရှောင်မန်းကို အသံချိုချိုဖြင့်..
" ကျေးဇူးပါပဲ ရှောင်မန်းရယ်"
အဲဒီညထဲက ချောင်ဟာ လုနဲ့မတွေ့ဖို့ အကောင်းဆုံးကြိုးစားခဲ့တော့သည်။
ညစားစားပြီး ရူတင်ပြီးသွားရင်လည်း ဘယ်ကိုမှ မသွားပါ။
ကန်တင်းထိုင်မယ်ဆိုရင်တောင် လုရှိမရှိ ကြည့်သည်။
သူရှိနေရင် မထိုင်ပါ။ ဟော်တယ်ခန်းထဲ ပြန်သွားပြီး လုထွက်သွားလောက်တဲ့အထိ နေသည်။
လဝက်လောက်ကြာခဲ့ပြီး ဆောင်ရှန်စီရဲ့ မွေးနေ့ပွဲရောက်လာခဲ့သည်။
သူမမွေးနေ့မှာ အဖွဲ့သားအားလုံးကို ဖိတ်ခဲ့သည်။
ချောင် လု သူမမွေးနေ့ပွဲကို တက်ရောက်မှာသိလို့ မသွားချင်ခဲ့ပါ။
ဒါပေမယ့် ဆောင်ရှန်စီ ကိုယ်တိုင်လာဖိတ်ခဲ့တာဖြစ်လို့ သူမ ပွဲမတက်မယ့်အကြောင်း လူချင်းတွေ့ပြောရမည်။
ဒါ့ကြောင့် Chanel တံဆိပ်အိတ်ကလေးတစ်လုံးကို ရှောင်မန်းကို ဝယ်ခိုင်းခဲ့သည်။
ဆောင်ရှန်စီအခန်းဟာ ၁၀၀၅ ဖြစ်၏ ။
ချောင်သာ သူမအခန်းတံခါးဖွင့်နိုင်တဲ့ လူဖြစ်ခဲ့သည်။
ချောင့်ကိုမြင်သွားတဲ့ ဆောင်ရှန်စီဟာ ပြုံးလိုက်ပြီး အခန်းထဲဝင်လာခိုင်းသည်။
" မချောင်အန်းဟောင် ဝင်လာလေ "
" ရပါတယ် အစ်မ" ပြောပြီး ချောင်ဟာ ရယ်နေခဲ့သည်။
ထို့နောက် သူမကိုပေးဖို့ အိတ်လေးထုတ်၏ ။
" ညီမ အလုပ်တွေရူပ်နေတော့ လက်ဆောက်တောင် သွားမဝယ်နိုင်ဘူး"
logo ကိုမြင်ထဲက ဆောင်ရှန်စီအနေနဲ့ ဈေးမကြီးမှန်းသိသည်။
သို့သော် သဘောထားမသေးသိမ်ဘဲ သုမ ကြည်ဖြူစွာ လက်ခံခဲ့သည်။
" ကျေးဇူးတင်ပါတယ်နော် "
" အစ်မ ဆောင်ရှန်စီ ညီမလေ ဒီည အစ်မမွေးနေ့ပွဲကို အလုပ်တွေရူပ်နေလို့ မတက်နိုင်ဘူး အစ်မရယ်။ ဒါကြောင့် တောင်းပန်ပါတယ်။"
" အစောကြီးရှိသေးတာ။ မအားရင်လည်း ခပ်စောလာလာပြီး ပြန်လို့ရတယ်လေ " ဟု ဆောင်ရှန်စီကနေ ပြောသည်။
ချောင်အန်းဟောင် မဖြေခင် အနောက်ကနေ အသံအေးအေးနှင့် လုက ပြောခဲ့သည်။
" မဆောင်ရှန်စီက တစ်ဖက်လူအဆင်မပြေတာကို တွန်းအားပေးတတ်မှန်း ကျွန်တော်မသိခဲ့ဘူး"
လုအသံကိုကြားတာနဲ့ ချောင်ဟာ သူမအင်္ကျီစကိုဆွဲကိုင်ပြီး တည်ငြိမ်အောင် လုပ်သည်။
" အစ်မ ဆောင်ရှန်စီ ညီမ သွားစရာကိစ္စရှိလို့လက်ထောက်ကလည်း စောင့်နေတယ်။ အရင်သွားတော့မယ်နော်"
ချောင်ဟာ စကားဖြတ်ပြီး လုမတ်တတ်ရပ်နေတဲ့ တံခါးဆီ ဦးတည်၏ ။
သူ့ကို မကြည့်ဘဲ နူတ်ဆက်သည်။
" ဟဲလို ဆရာလု "
သူမရှေ့က တံခါးဟာ ဘန်းခနဲ ပိတ်သွားတာကြောင့် နည်းနည်းတုန်သွားသည်။
တံခါးစောင့်ပိတ်လိုက်တဲ့လုကို ဖြည်းဖြည်းမော့ကြည့်ရင်း နူတ်ခမ်းကိုက်လိုက်သည်။
ထို့နောက် ဆောင်ရှန်စီဘက် လှည့်ရင်း
" တာ့တာနော်" ဟု ပြောလိုက်ပြီး ဓာတ်လှေကားစီ သွားသည်။
ထိုညမှာ ဆောင်ရှန်စီဟာ လသာဆောင်ကို ဝိုင်ခွက်ကိုင်ရင်း လမ်းလျောက်လာသည်။
အဲဒီမှာ တစ်ယောက်ထဲဆေးလိပ်သောက်နေတဲ့ လုကို မြင်ခဲ့သည်။
ခဏတော့ တုံ့ဆိုင်းသွားသည်။
ထို့နောက်မှာ သူ့ဆီ ဒေါက်ဖိနပ်တစ်လှမ်းချင်း လှမ်းလာခဲ့ပြီး ပခုံးချင်း တစ်ပြေးညီ ရပ်ခဲ့သည်။
လုဟာ တစ်ယောက်ယောက်လာနေခဲ့တာကို အာရုံရတာကြောင့် ဆေးလိပ်မီးကို သတ်လိုက်သည်။
သူ့နားရပ်နေတဲ့ ဆောင်ရှန်စီကို ကြည့်ဖို့ လှည့်၏ ။
ဒါပေမယ့် ဘာစကားမှ မပြောပါ။
ဆောင်ရှန်စီက လုနဲ့နှစ်အကြာကြီး အလုပ်လုပ်ခဲ့ဖူးတာကြောင့် သူ့အကျင့်တွေကို ရင်းနှီးပြီးသားဖြစ်သည်။
ဒါ့ကြောင့် သူမအနေနဲ့ ဘာမှစိတ်မဆိုးဘဲ ကြယ်တွေပြည့်နေတဲ့ ကောင်းကင်ကိုသာ မော့ကြည့်ခဲ့သည်။
ဝိုင်တစ်ငုံသောက်ပြီး ပျော့ပျောင်းတဲ့ အသံဖြင့် စကားစလိုက်သည်။
" အစ်ကိုလု ရဲ့ စိတ်ခံစားချက်တွေက မတည်ငြိမ်နေဘူးနော်။ မိန်းကလေးတစ်ယောက်ကြောင့် ဖြစ်နေတဲ့ပုံပဲ"
လုဟာ သူမရဲ့ အဓိပ္ပာယ်မရှိစွာ ပြောနေမှုကို ခေါက်ပြီး ထွက်ဖို့ပြင်သည်။
ဆောင်ရှန်စီကတော့ မတားပါ။
လှည့်လိုက်ပြီး သူ့နောက်ကျောကို ကြည့်ရင်း ...
" အဲ့မိန်းကလေးကလည်း ညီမ ချောင်အန်းဟောင်ပဲ ဖြစ်လိမ့်မယ်နော်"
လု ခြေလှမ်းတွေ ရပ်ခဲ့သည်။
ဆောင်ရှန်စီက ဖန်ခွန်ရှည်ကို မြှောက်လိုက်ပြီး ဝိုင်နီကို တစ်ငုံသောက်သည်။
သူမဘက်ကို ပြန်လှည့်လာတဲ့ လုကို ကြည့်ပြီး ပြုံးခဲ့သည်။
" ချောင်အန်းဟောင် ရေထဲပြုတ်ကျတုန်းက အစ်ကိုလုအနေနဲ့ ရေထဲကို တစ်စက္ကန့်လေးတောင် မရပ်နေဘဲ ဒိုင်ဗင်ထိုးဆင်းပြီး ကယ်ခဲ့တာ။ ကျွန်မ အစ်ကို့ကို နှစ်အများကြီးသိခဲ့ပါပြီ။ ဒါပေမယ့် အဲဒီလိုပုံစံနဲ့ အစ်ကို့ကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး"
လုခြေလှမ်းတွေ ဆက်သွားခဲ့ပြီး ဆောင်ရှန်စီဘက်ကို မျက်နှာချင်းမဆိုင်တော့ပါ။
ဆောင်ရှန်စီကတော့ သူမလက်ထဲက ဝိုင်ကို သောက်ရင်း သူမကိုသူမ ပြောနေသလို ဆက်ပြောသည်။
" အနားယူချိန်တိုင်း ဆရာလုကြီးက သူ့နေရာမှာ ထိုင်ရင်း ဘေးပတ်ဝန်းကျင်ကို မကြည့်ဘဲ အပန်းဖြေတယ်။ မင်းရဲ့မျက်လုံးတွေက မင်းရဲ့ခပ်ဝေးဝေးကို တစ်ချက်တစ်ချက် ကြည့်ကြည့်နေတယ်။ ဘာလို့လဲ သိလား? "
သူမမေးခွန်းကို သူမဘာသာ ဖြေသည်။
" ဘာလို့လဲဆို ခပ်ဝေးဝေးမှာ ချောင်အန်းဟောင်ရှိနေလို့လေ"
လုမျက်လုံးဟာ မီးတောက်ပြီး ဆောင်ရှန်စီကို ကြည့်သည်။
သူ့အသံဟာ အေးစက်မာထန်သည်။
" ဆောင်ရှန်စီ .. ငါမင်းကို အတင်းတုပ်တတ်မယ်မှန်း မထင်ထားဘူး"
" ဟယ် အစ်ကိုလုရယ် ဘာလို့ရှက်ရမ်းရမ်းပြီး ဒေါသထွက်နေရတာတုန်းနော်"
ဆောင်ရှန်စီက လုကို တစ်စက်လေးမှ မကြောက်ပါ။
သူမဟာ ပြုံးပြုံးလေးနဲ့သာ သူ့ကိုကြည့်သည်။
" အတင်းတုပ်တတ်တာ မိန်းမသဘာဝပဲလေ။ ပြီးတော့ အစ်ကိုလုအကြောင်း နဂိုထဲက စိတ်ဝင်စားတာလဲ ပါတာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီနေ့ခင်းတုန်းက ချောင်အန်းဟောင် ကျွန်မနဲ့စကားပြောနေတုန်း ဘာလို့ဖြတ်ပြောခဲ့တာလဲ? အဲဒါ သူကနေ အစ်ကို့ကိုရှောင်ဖို့ ကျွန်မပါတီမတတ်နိုင်မှန်းသိလို့ လုပ်ခဲ့တာလား?"
" ဆောင်ရှန်စီ ..."
အနာပေါ် ဒုတ်ကျတဲ့အတွက် လုဟာ မနှစ်မြို့ဖွယ် အသံဖြင့် ပြောသည်။
" ဪ မေ့လို့ ။ စကားဖြတ်ရုံတင်မဟုတ်ဘူး။ ချောင်အန်းဟောင်က ကျွန်မကိုပဲ ကြည့်ပြီး စကားပြောနေတော့ J တွေဝင်ပြီး တံခါးဆောင့်ပိတ်လိုက်ရောလေ။ ကျွတ် ကျွတ် ကျွတ် အစ်ကိုလုရယ်။ အစ်ကို့မှာ အဲဒီလိုချစ်ဖို့ကောင်းတဲ့ပုံစံရှိနေမှန်း မသိခဲ့ဘူး။ မိန်းကလေးတစ်ယောက်အတွက်လည်း သဝန်တိုတတ်သေးသားနော်"
" အဓိပ္ပာယ်မရှိတာတွေ! "
လုဟာ ဆောင်ရှန်စီနဲ့ ပြိုင်ငြင်းပြီးမှ အဝေးကို မထွက်ခင် သူမကို စကားတစ်လုံးထဲနှင့် စော်ကားခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ ဆောင်ရှန်စီဟာ သူ့နောက်ကို တည့်တည့်မတ်မတ် လိုက်သွားပြီး သူမခေါင်းကို စောင်းကာ လုကို စိုက်ကြည့်ပြီး ပြုံးခဲ့သည်။
" ဟေး အစ်ကိုလု ! ချောင်အန်းဟောင်က အစ်ကို့အတွက် ဘယ်သူလဲ? "
------
အရမ်းတွေနောက်ကျသွားပါတယ်ရှင် ဆောတီးပါလို့😂 မမဘီးရဲ့စာတွေကို အားရင် ဝင်ဖတ်ပေးပြီး voteလေးတွေရော acc ကိုရော follow လုပ်ပေးကြပါဦး! 😽