အမဲရောင်ကိုမှရေနံကြီးကိုသေချာစွာသုတ်ထားသည်မို့
ပြောင်လက်နေပြီး အိမ်ရဲ့ခြေတံက လူတစ်ရပ်ကောင်းကောင်းဝင်နိုင်သည်။ ကျွန်းလုံးကြီးများဖြင့်ဆောက်ထားသည့် အိမ်တိုင်ဟုဆိုခြင်းကြောင့် ခိုင်ခံ့နေသည်ကအသေအချာပင်။ ဓနိမိုးထားသည်မို့ သွပ်ပူဒဏ်ကိုခံရမည်တော့မဟုတ်ပေ။ အေးနေမည်မှာအသေအချာပင်။
အိမ်ပေါ်တက်လှေကားတွေကလည်း ပျဉ်းကတိုးသားများဖြစ်သည်မို့ ခိုင်မာနေရောပဲ။
"အထုတ်တွေကို အကို့ညီတွေသယ်လာလိမ့်မယ်သိလား...."
စကားသံအဆုံး ခေါင်းငြိမ့်လိုက်သည့်ကိုဉာဏ်နဲ့အတူ
သူ၏ညီမဖြစ်သူတစ်ယောက်က ပြတင်းတံခါးဆီသွားကာ
တံခါးဖွင့်နေလေသည်။ ပွင့်သွားသည့် တံခါး၏အပြင်သို့ကြည့်မိရာ ရွာလမ်းလေးတစ်ခုကိုဖြောငိ့နေအောင်တွေရြလေသည်။အိမ်ကသိပ်တော့မကျယ်ပေ။ ပေ၃၀ပတ်လည်ဝန်းကျင်လောက်သာရှိလိမ့်မည်။
"ကိုဉာဏ်ကြီးတို့ ဟိုဘက်အခန်းမှာ
အိတ်တွေထားလိုက်လေနော့်......"
ထရံခြားထားသည့် အခန်းလေးတစ်ခုကိုကြည့်လိုက်ပြီး
ခေါင်းငြိမ့်ပြလိုက်ပါသည်။ အိပ်ယာပြင်ပေးထားသည်မို့ ထိုအပေါ်တွင်ပဲခြေပစ်လက်ပစ်ထိုင်လိုက်မိသည်။ ကျွန်တော်ပင်ပန်းနေသည်ကြောင့်ရော ကားမောင်းလာရသည်က နာရီပေါင်းမနည်းသည်ကြောင့်ပါ အိပ်ချင်သည်။ နုံးနေလေသည်။
"အိပ်ယာကလေ အောက်ကမွေ့ယာအပါးလေးတော်ရေ....
သုံးထပ်ခင်းပေးထားတယ်.....သင်ဖြူးဖျာလေးက အေးအောင်လို့ အပေါ်ကခင်းပေးထားတာ......"
ထိုင်ရသည်ကအနည်းငယ် သက်တောင့်သက်သာရှိသည်။ ဖျာရဲ့အအေးဓာတ်လေးကလည်း အေးနေသည်မို့အတော်ကိုသက်သာသည်။ ပြောပြသည့်ညီမဖြစ်သူကို ခေါင်းငြိမ့်ပြလိုက်ပါသည်။ ယခင်ကဆို ဟိုဘက်တိုက်အိမ်ကြီးထဲတွင်သာ နေသည့်ကျွန်တော်က ညအိပ်လျှင် ကားစက်နှိုးကာ ကားထဲ အဲယားကွန်းဖြင့်အိပ်တတ်သော်လည်း ယခုကညီရော၊သားရောပါရှိသည်မို့ အိပ်ယာပြင်ပေးထားဖို့ဖုန်းဆက်မိတော့ အဖွားအေးကထိုသို့လုပ်ပေးထားသည်တဲ့လေ။ မွေ့ယာသုံးခုပေါင်း ၃လက်မကျော်ကျော်လောက်တော့ရှိမည်။ အပေါ်ကနေဖျာလေးခင်းထားပြီး ခေါင်းအုံးကလည်းဆင်တူနှစ်လုံးနဲ့ အညာစောင်အပါးလေးဆင်တူနှစ်ထည်။အလယ်က ခေါင်းအုံးအသေးလေးက သားအတွက်နေမည်။
"ကျေးဇူးတင်ပါတယ် ငါ့ညီမတွေရေ......"
ရယ်ပြနေသည့် ညီမတွေနောက်မှ တွေ့လိုက်ရသည့် ညီတွေက အိတ်တွေကိုသယ်လာကြပြီး တစ်ဖက်အခန်းတွင်အကုန်ထည့်နေလေတော့သည်။
"ကိုကြီးဉာဏ်သုကြီးရေ ကြာညိုနဲ့နွဲ့ရင် တို့ကိုကလေးပေးပြီး မဏ္ဍပ်ကိုလွှတ်လိုက်တဲ့ ကိုကြီးတို့ကိုနားကြတဲ့လေ....."
"အေး....ငါ့ညီလေးတွေ နောက်မှတွေ့မယ်....."
"ဟာ....စိတ်ချ.... ညကျ ဖဲရိုက်ကြရအောင်........
ညနေ ထန်းတောသွားကြမယ် ဘယ်လိုလဲ......."
အိပ်ယာခြေရင်းကိုပြေးလာကာ အနားကပ်ပြောလာသည့် ညီဖြစ်သူကြောင့် ခေါင်းငြိမ့်ပြလိုက်သည်။ သူကလာ်း အသံကိုခပ်အုပ်အုပ်ပြောရခြင်းမှာ သူ့အမနွဲ့ရင်ပြန်တိုင်မည်ဆိုး၍နေမည်။
"ကိုကြီးညီသု ကိုဉာဏ်ကြီးကသဘောတူလိုက်ပြီ
ညနေနော်......"
ခေါင်းတဆတ်ဆတ်ငြိမ့်နေသည့် ညီကလည်းပြုံးလို့ပင်။
အံ့သြရသည်က ကျွန်တော့်အနားမှာပဲရှိနေသည့် ညီက ဘယအ်ချိန်က ကျွန်တော့်ဝမ်းကွဲညီအကိုတွေနဲ့ အဖော်စပ်ကာ ထန်းတောသွားရန် ကြိုပွိုင့်ထားလိုက်သည်လဲ။
"ဧည့်သည်ညီလေး.....အဖွားက ဟိုဘက်ကိုလာခဲ့ပါတဲ့.....
ခေါ်ခိုင်းလိုက်တယ်............"
"ဗျာ....ကျွန်တော့်ကို....."
လက်ငြိုးကို ကိုယ့်ဘက်ကိုထိုးကာ ထိုပြောလာသည့် ကိုကို့အကိုလား။ ကို့ကို့ညီလား မသိသည့်ကောင်လေးနှစ်ယောက်ကို မေးလိုက်မိပါသည်။
"ဒီမှာကဧည့်သည်ဆိုလို့ ခင်ဗျားပဲရှိတာလေ....
ကျန်တာက မိသားစုတွေကြီးပဲ........"
ထိုစကားကြောင့် ကိုကို့ကိုကြည့်လိုက်မိရာ ညီသူ့လက်ကို
ကိုင်ကာ ဘာတွေလုပ်နေကြသည်မသိ ကျွန်တော့်အပေါ်ကိုနည်းနည်းလေးပင် ဂရုမစိုက်ပေ။ထိုနေရာကနေ အကြည့်တို့ကမခွာသေးပါပဲ နှုတ်မှရေရွတ်မိလိုက်ပါသည်။
"ဧည့်သည်.........."
ညီတစ်ယောက်လက်ဆွဲအိတ်ကိုသွားယူရာကနေ ထရံကိုကိုင်လိုက်ပြီး ထရံကသစ်သားစနဲ့ရှလာသည်ဟုဆိုသည်။
လက်ကိုဆွဲယူကာကြည့်လိုက်မိတော့ အသားထဲစိုက်နေသည့် သစ်သားစလေးပင်။ ဆွဲထူတ်လျှင်ရသည်မို့ဆွဲလိုက်ရာ တစ်ဝက်က အသားထဲဝင်နေသည်။ ဘာတွေပြောနေကြသည်တော့မသိ ငယ့်အသံကြားတော့ မော့ကြည့်လိုက်မိသည်။
"ကိုသုခ ဧည့်သည်မို့ ဟိုဘက်အိမ်လိုက်ဖို့
ကျွန်တော့်ကိုခေါ်နေတယ်တဲ့ ဖွားဖွားက......"
"လိုက်သွားလိုက်လေ ငယ်လေးရဲ့..... ဟိုဘက်အိမ်မှာ
ပန်ကာတွေလဲရှိတယ် မီးလဲရှိတယ်......."
'အော်..... ကိုကိုရယ်..... ကျွန်တော့်ဘက်က လိုက်ပြောပေးမယ်ထင်ခဲ့တာလေ..... ကိုယ်တို့နဲ့ပဲ ထားခဲ့လိုက်ပါဆိုပြီး
ကိုကိုပြောမယ့်စကားလေးကို မျှော်လင့်ခဲ့တာ........'
"မီးဆိုမှ ဒီအိမ်မှာမရှိဘူးမဟုတ်လား......"
ကိုဉာဏ့်စကားကြောင့် ထိုင်နေရာကနေ အပေါ်ဓနိမိုး ထုတ်တန်းတွေကိုလိုက်ကြည့်မိရာ မီးချောင်းဖြူဖြူတစ်ချောင်းပင်မရှိချေ။
"ဓနိမိုးဆိုတော့ ဆိုလာပြားလည်းမရှိဘူး.....
ဟာ....ညဘက်ကြီး ငါကြောက်တယ်.........."
သူ့ဘာသူရေရွတ်နေသည့် ညီတစ်ယောက် အိမ်ပတ်လည်ကို မျက်လုံးဝေ့ကာ လိုက်ကြည့်နေလေသည်။ အနားတိုးလာကာ လက်မောင်းကို ဖမ်းဆွဲလို့ နားနားကိုခပ်တိုးတိုးလေးမေးလာသည့် ညီ။
"သရဲတော့မခြောက်ဘူးမဟုတ်လား ဟင်........"
တစ်ချက်ပြုံးကာ ရယ်လိုက်မိပါသည်။
ဤအိမ်ကြီးက လွန်ခဲ့တဲ့ ၁၅နှစ်လောက်က အိတ်တွေထားသည့်အခန်းထဲ ကြိုးဆွဲချသေသွားသည့် ဒေါ်လေးငယ်ရဲ့အိမ်ပင်။ ပြန်ဖွင့်ကာပြင်ထားသည်က ၅နှစ်ရှိသော်လည်း
ဘယ်သူမှတော့မနေကြပေ။ မနေရဲကြဟုဆိုကာ ဘယ်သူမှမနေပေ။ သရဲတော့မခြောက်ပါ။ သူတို့ကိုယ်တိုင် ကြောက်စိတ်ကိုမွေးကာ ကြောက်နေကြခြင်းပေ။
ကျွန်တော့်ကိုအိမ်တစ်လုံးပြင်ပေးထားဆိုသည်ကို ဧည့်သည်များ၍ အိမ်မဆံ့ဟုဆိုလာသည့် အဖွားအေးက တစ်ဖက်နှစ်ထပ်အိမ်တွင်ပြင်ပေးမည်ဆိုသည်မို့ ဒေါ်လေးငယ်အိမ်ကိုပြင်ပေးရန်သာပြောလိုက်သည်။ ဧည့်သည်ထားရန်တွေးနေသည့်အဖွားအေးက ပြင်ပေးရှာသား။
"မရှိပါဘူးကွာ....."
အနည်းငယ်ပြုံးကာစကားတို့ဆိုလာသည့် ကိုဉာဏ့် အသံကြောင့် လန့်နေသည့်စိတ်တို့ငြိမ်သက်သွားရလေတော့သည်။ သရဲခြောက်ရင် ညီသုတို့က လုံးဝမနေပါ။
.............
ဟိုဘက်အိမ်ဆိုတော့ ခဏလိုက်သွားရုံပေ။ လက်မှပတ်ထားသည့် နာရီအားကြည့်မိရာ ဝယ်ပေးထားသည့်ကိုကို့မျက်နှာလေးမြင်ယောင်လာ၍ ပြုံးမိသား။ လက်တံအတိုလေးမှာ ကိုးဆိုသည့် ကိန်းဂဏန်းကို
ညွှန်ပြနေပါသောကြောင့်
အပေါ်နှုတ်ခမ်းတို့တွန့်ကွေးရုံ မသိမသာမဲ့လိုက်ပါသည်။
အစောကြီးပဲရှိသေးသည်။ ဟိုဘက်အိမ်တွင် ခေတ္တနေပြီး နေ့လည်သို့မဟုတ် ညနေကိုကိုနှင့် တွေ့ဖြစ်ကြသည့်အခါ ယခုသူနေနေပါသောအိမ်တွင်နေနိုင်အောင် ပူဆာမည်။ ငယ့်ကိုချစ်သောကိုကို အလိုလိုက်မည်ဟုယုံကြည်ပါသည်။ ကိုကို့မျက်နှာတစ်ရွာထင်ပြီး လိုက်လာသူကိုတော့ တစ်ပါးသူလက်ထဲစိတ်ချလက်ချ ထားရက်မည်မထင်ပါ။
"Hey နန္ဒမိုးနေ......."
ကိုကိုနှင့်လုပ်ငန်းတူတူ၊အကျိုးတူပူးပေါင်းထားသည့် Smithဆိုသူကလှမ်းခေါ်သည်မို့ ပြုံးပြပြီး ခေါင်းငြိမ့်ပြလိုက်ပါသည်။ ဒီလူ့ကိုရိုရိုသေသေဆက်ဆံရမည်မဟုတ်လား။ ကိုကိုနဲ့အလုပ်လုပ်နေသည့် ပါတနာပေမို့ ကျွန်တော်လဲဧည့်ဝတ်ကျေပေးသင့်ပါသည်။ ဒီလိုအခွင့်အရေးစကားပြောခွင့်ကြုံရတာကပဲ ကျေနပ်ဖို့ကောင်းနေပြီ။
ညီသုနောင်လို တောသားမျိုးက မြန်မာစကားပင်အပြောအဆိုမတတ်။ ယခုလိုအဂ်လိပ်မျိုးနှင့်စကားပြောနိုင်ပါ့မလား။
"Sit there....."
သူ၏မျက်နှာချင်းဆိုင်ခုံသို့ လက်ငြိုးထိုးကာ ထိုင်ဆို
သည်မို့ ခေါင်းငြိမ့်ပြကာ ဝင်ထိုင်လိုက်သည်။
"ငါတို့ကဒီအိမ်မှာနေရမှာတဲ့....အပေါ်ထပ်မှာအခန်းတစ်ခန်းပဲရှိတယ် မင်းနဲ့ငါ သုံးကြမယ်..... ငါတို့ကဧည့်သည်ဆိုတော့ အလုပ်ပိုမရှုတ်စေချင်လို့ အဲ့လိုလုပ်ကြမလား....
မင်းအတွက် လိုက်ကာ နဲ့အခန်းလုပ်ပေးထားတယ်...are you ok?...."
မြန်မာစကားကိုတစ်လုံးချင်းပြောနေသည့် ထိုအဖြူကောင်က လေယူလေသိမ်းတော့သိပ်မမှန်သည့်တိုင် ကောင်းကောင်းပြောနိုင်သည်မို့ ချီးကျူးရလေမည်။
"အဆင်ပြေပါတယ်....."
'ကျွန်တော်က ဟိုဘက်မှာအိပ်မှာ......'
ထိုစကားကိုတော့ ပြုံးပြလိုက်ရင်းပဲ ရင်ထဲ၌သာဆိုလိုက်ပါသည်။
"Smithရေ.... ဂူဂူးလေးကိုခေါ်ထားပေးဦး....
အန်တီလေး ရှေ့က ဘုန်းကြီးကျောင်းသွားမလို့....
ငွေဖလားတွေ သွားသယ်မလို့လေ........... "
"Sure.....ရတယ်....လာလာ ဘေဘီလေး...."
အကူညီတောင်းစရာလူဆိုလို့ Smithတစ်ယောက်သာတွေ့လေသည်။ တခြားသူလက်ထဲလဲ မြေးငယ်လေးကိုမထည့်ချင်သလို၊ အမေကလည်း ဘယ်ရောက်သွားသည်မသိသည်ကြောင့် smithကိုပဲ အပူကပ်ရသည်။ ရှေ့တွင် ဟိုကပ်ပါးကောင်လေးကပါ ထိုင်နေပြီးစကားပြောနေကြသည်။ ဘာတွေပြောနေသည်ကိုတော့မသိပေ။ ညီသုနဲ့ဉာဏ်သုနားရလေအောင် နန္ဒမိုးနေကို ဒီဘက်အိမ်သို့ အမေက တမင်ခေါ်လိုက်ခြင်းပေ။ မဟုတ်လျှင် သုံးယောက်သား သတ်ပွဲတွေဖြစ်ကုန်ပေလိမ့်မည်ထင်သည်။
ဒီသတ္တဝါလေးအား ခေါ်လာရခြင်းမှာ ဘယ်သူမှပျော်မနေပေ။ သစ္စာမရှိ ဖောက်ပြန်ခဲ့တဲ့ ထိုကောင်လေးကိုတော့
ကျွန်မကြည့်မရပေ။ ဉာဏ်သုက သိရက်နဲ့ခွင့်လွှတ်ပေးခဲ့ခြင်းကို ကြားခဲ့ရသည်ကြောင့်လဲ အံ့သြရသည်။
ပစ္စည်းသယ်မည်ဆိုသည်မို့ ကျွန်တော်လဲကူပေးချင်သည်ကြောင့်ရော ကိုကို့အဒေါ်ဖြစ်နေသည်ကြောင့်ပါ အကြံရသွားလေသည်။ ကူညီပေးရင်း ပိုမိုရင်းနှီးရလေအောင်
အနားကပ်နေရမည်။ လိုက်လာစဥ်ကလည်း ထိုဒေါ်လေးက ပြုံးရယ်ပြကာ လိုက်ခဲ့လေဟုဆိုသည်မို့ သဘောကောင်းမည်ထင်ပါသည်။
"အန်တီလေး ကျွန်တော်လိုက်မယ်လေ.....
ဝိုင်းကူသယ်ပေးလို့ရတာပေါ့..........."
ချစ်စဖွယ်ကောင်းသည့်ပုံလေးဖြင့် သွားအထပ်လေးပေါ်သည်အထိ ပြုံးရယ်ပြကာ မျက်ဝန်းကလည်းတောင်းဆိုသလိုဆိုလာသည့်ကောင်ငယ်လေးက တကယ်တော့ချစ်စရာတော့ကောင်းပါသည်။ မိဘတွေရဲ့လိုချင်ရမ္မက်တွေနဲ့ မိသားစုအသိုင်းအဝိုင်းကလဲ မွေးဖွားမလာသင့်သည့် မျိုးရိုးမှာမှပေါက်ဖွားလာသည့်ကလေးမို့ တကယ်ကိုဆီနဲ့ရေလိုပေါင်းစပ်ဖို့မဖြစ်နိုင်ပေ။
'ဉာဏ်သုနဲ့တွဲနေရင်သတောင် ဖောက်ပြန်ခဲ့ဖူးတဲ့
မင်းကို အန်တီလေးတူလေးနဲ့သဘောမတူနိုင်တာ
ခွင့်လွှတ်ပေးပါကွာ.........'
"အင်း....ရပါတယ် လိုက်ခဲ့လေ...ဖလားက၄လုံးသယ်ရမှာ
အန်တီလေးက ၂လုံး ၂ခါခွဲသယ်မလို့ နန္ဒမိုးနေလေးလိုက်လာပေးတော့ တခါတည်းနဲ့ပြီးတာပေါ့ကွာ......"
အပြုံးများအပြည့်နဲ့စကားဆိုလာသည့်အန်တီလေးက
တကယ်တော့ကျွန်တော်ပြောသလိုပါပဲ သဘောကောင်းသည်မဟုတ်လား။
.........
လူတွေအကုန်လုံးထွက်သွားကြပြီး အိမ်ထဲတွင်လည်း ဘယ်သူမှမရှိတော့ပေ။ မနေ့ညကဝတ်ထားသည့် အကျီဘောင်းဘီတွေကိုချွတ်ပြီး ခေတ္တနားကာ အိပ်ဦးမည်။
ဘောင်းဘီအတိုနဲ့ စွပ်ကျယ်အကျီကိုသာဝတ်ပြီး ရှေ့ခန်းထွက်လိုက်ချိန် ကိုဉာဏ်တစ်ယောက် ပက်လက်ကြီးလှန်ကာ လှဲနေပုံမှာ ကျောပြင်ကမွေ့ယာပေါ် ခြေထောက်က ကြမ်းပြင်အထက်တွင် ဆန့်တန်းလို့ ဘယ်လိုနေနေသည်မသိပေ။ တစ်တီတူးများလိုပဲ ဇောက်ထိုးအိပ်နေတယ်။
"လူလိုသူလိုအိပ်စမ်း......."
"ညီ.... ကိုယ်အိပ်ချင်နေပြီ........"
ခြေထောက်ကိုလာကန်ကာ ပါးစပ်ကလည်း ပြောချင်ရာပြောပြီး ဘာတွေလုပ်နေသည်လည်းမသိ ကျွတ်ကျွတ်အိတ်ဖွင့်သည့် ကြားနေရသည်မို့ ခေါင်းစောင်းကာရယ် သူရှိရာရာသို့ ကြည့်လိုက်မိရာ ကျောပြင်ကိုသာမြင်နေရလေတော့သည်။
"ညီ........အိပ်ရအောင်ကွာ............"
"အိပ်ပါလား ကိုယ့်ဘာကို........."
ဝတ်ပြီးသားအကျီတွေကို ကျွတ်ကျွတ်အိတ်ထဲထည့်
သားရဲ့အကျီအထုပ်ကြီးဖြစ်နေသည်မို့ လူကြီးအဝတ်နဲ့ကလေးအဝတ်မရောချင်သည်ကြောင့် ထည့်လာသည့်
အိတ်တွေရှာနေရသည်။ ပူလောင်နေသည့်နေကလည်း မပြောလေနှင့် ဓနိမိုးထားသည်မို့တော်သေးသည်။ လေတိုက်နေသည်ကတော့ လေပူငွေ့ငွေ့ဆိုပေသည်တိုင်နေလို့တော့ကောင်းပါသည်။
"ကိုဉာဏ် ထစမ်း........"
တစ်ဖက်သို့လှည့်ကာ အိပ်ယာပေါ်ကြည့်တော့ စကားတော့နားထောင်သား သူ့၏နေရာဘက်အခြမ်းတွင်အကျအန အိပ်နေသည်။ အဝတ်မလဲပါပဲ အိပ်နေ၏။ ညစ်ပတ်လွန်းသည်။ ရိုက်စရာနေရာရှာသော်လည်း ပက်လက်ကြီးဖြစ်နေသူကို ဘယ်နားရိုက်ရမည်မသိ။ ရင်ဘတ်နဲ့ဗိုက်နေရာကိုသာ ရိုက်ချပစ်လိုက်သည်။
"အွန်း....."
မျက်လုံးများက တကယ့်ကိုမဖွင့်ချင်တော့။ အမှန်ပါ။
ဘေးနားကသာလိကာလေးကိုလည်း ဘာလုပ်ရမည်မသိပေ။ ဘာတွေအလိုမကျသည်လဲမသိ မျက်မှောင်ကြုံ့ပြီး နှုတ်ခမ်းရွဲ့ကာ ကျွန်တော့်ကိုကြည့်နေသည်။ ထိုသာလိကာလေးကို လှမ်းဆွဲပြီး ရင်ဘတ်ပေါ်ကျလာသည့် ကိုယ်လေးကို
ရင်ခွင်ထဲထည့်ကာ ဖက်ထားလိုက်သည်။
"ဖယ်စမ်း.....ပူရတဲ့အထဲ...... အကျီ ထလဲ......"
ရုန်းနေသော်လည်း အတင်းဖက်ပြီး တစ်ဖက်စောင်းလိုက်ကာ ထိုင်နေရင်းဆွဲချခံလိုက်ရသည့်မို့ ကုန်းကွကွဖြစ်နေသည့် ကိုယ်ကို သူ့အားအင်နဲ့မှအားမနာ ခွကာထားသေးသည်။
"အား.....ကိုဉာဏ် ခင်ဗျားခြေထောက်ကြီးနဲ့ခွထားတာ ကျွန်တော့်ခါးကျိုးတော့မယ်........."
"ခွလုံးမရှိဘူး.... ကိုယ်အိပ်လို့ပျော်မှာမဟုတ်ဘူး
ခဏဖက်ထားမယ်ကွာ..... ပြီးရင် အလုပ်ဝိုင်းကူပေးရဦးမှာလေ........ညီလဲ ဖက်လုံးမရှိ မအိပ်တတ်ဘူးမို့လား ကိုယ့်ကိုဖက်ထားလိုက်......"
"အကျီလဲပြီးအိပ်...... ထ ပြီးအကျီလဲ ညစ်ပတ်......"
နဖူးပေါ်ကျလာသည့် အနမ်းတစ်ချက်ကြောင့် ပြောနေရင်းနဲ့ရုန်းကန်နေရင်းပင် ကြောင်အသွားရသည်။ ပြောစကားများကလည်း ပျောက်ရှကာ ဘာပြောရမည်ကိုလဲမသိတော့ပေ။
ကိုဉာဏ့်ကိုမော့ကြည့်လိုက်တော့ ကျွန်တော့်ကိုဖက်ပြီးကို မျက်ဝန်းများက မှိတ်ထားသည်။
"ဆက်ပြောနေရင် အပေါ်ကနေခွပြီးကို ဖက်နမ်းပစ်မယ်....
ပင်ပန်းနေတယ်မဟုတ်လား ညီရာ.....
ခုတော့မဆူနဲ့ဦး ညီလဲ နားတော့......
နိုးလာမှ သတ်ချင်သတ်...ရိုက်ချင်ရိုက်...
ကိုယ်ငြိမ်နေပေးမယ်.........."
ထိုစကားတွေကိုလည်းပြောနေသူက မျက်ဝန်းများဖွင့်မလာချေ။
"ခွထားတာဖယ်ပေး.......ခြေထောက်ဆင်းမလို့....."
ဖယ်ပေးလိုက်သည်မို့ ခြေထောက်ကိုဆင်းလိုက်ကာ ခွလုံးမခွပဲ မအိပ်တတ်သည့် ကျွန်တော်က ကိုဉာဏ့်ကိုခွထားလိုက်သည်။ သူ၏ ခါးပေါ်ကိုလဲ လက်တင်လိုက်သေး၏။ ဖက်လုံး သို့မဟုတ် ခေါင်းအုံး တစ်ခုခုကို မဖက်လျှင် အိပ်မပျော်တတ်သည့်သူ့အကျင့်ကြောင့်နေမည် ကျွန်တော့်အားဖက်ထားလေ၏။
တစ်ညတာလုံး ကားမောင်းနေသည့်ကိုဉာဏ့်အား ရေတိုက်လိုက်၊ မုန့်ကျွေးလိုက် စကားပြောလိုက်နှင့် ခရီးဆက်ခဲ့ရသည်။
ခေါင်းခန်းမှ နန္ဒမိုးနေတစ်ယောက် အိပ်၍လိုက်လာ၏။ တစ်သက်လုံးမအိပ်ခဲ့ရသည့် သူလိုပင်။ ကိုယ်သာ မအိပ်နိုင်။ ကားမောင်းသူကို မပျင်းရလေအောင် မငိုက်သွားရလေအောင် ဘေးနားမှ အဖော်ပြုရင်း တခါတရံသီချင်းလေးများပင်ဖွငိ့ပေးမိ၏။
ကားမောင်းနေသူ မတော်တဆ ငိုက်သွားလျှင် လမ်းခရီး အန္တရာယ်ရှိသည်။ သားနှင့်အတူ ကားထဲရှိသူတိုင်းကို စိတ်ပူမိ၍ ကိုယ်ပဲပင်ပန်းရသည်။
ကိုဉာဏ်လဲ ပင်ပန်းရော့ပေါ့။
"အိပ်ရာကနိုးရင် ခင်ဗျားသေပြီသာမှတ်ထား......"
ရင်ခွင်ထဲမှကိုယ်က သူရှိရာအရပ်မော့ငေးမိချိနဝယ် မျက်ဝန်းများမဖွင့်သော်လည်း အပြုံးပါးပါးလေးအား မြင်လိုက်ရ၏။ ကိုယ်တိုင်လည်းပြုံးလိုက်မိပြီး မျက်ဝန်းများကို ခေတ္တမှိတ်ကာ ခန္ဓာကိုယ်ကိုအနားပေးရလေပြီ။
ဂေါ်လီ့သားပင်ပန်းနေ၍ မဂေါ်နိုင်သေးပါ။ ဂေါ်တပေါက်နှင့်ရွာပတ်ရဦးမည်။ အိပ်မက်လှလှမက်ပါစေဟု ကိုယ့်ဘာသာကိုယ်ပြောရင်း ခွလုံးလူသားကြီးအား ပိုတိုးကာဖက်လိုက်ပါသည်။
၁၀၉၂၀
..................
Zawgyi
အမဲေရာင္ကိုမွေရနံႀကီးကိုေသခ်ာစြာသုတ္ထားသည္မို႔
ေျပာင္လက္ေနၿပီး အိမ္ရဲ႕ေျခတံက လူတစ္ရပ္ေကာင္းေကာင္းဝင္နိုင္သည္။ ကြၽန္းလုံးႀကီးမ်ားျဖင့္ေဆာက္ထားသည့္ အိမ္တိုင္ဟုဆိုျခင္းေၾကာင့္ ခိုင္ခံ့ေနသည္ကအေသအခ်ာပင္။ ဓနိမိုးထားသည္မို႔ သြပ္ပူဒဏ္ကိုခံရမည္ေတာ့မဟုတ္ေပ။ ေအးေနမည္မွာအေသအခ်ာပင္။
အိမ္ေပၚတက္ေလွကားေတြကလည္း ပ်ဥ္းကတိုးသားမ်ားျဖစ္သည္မို႔ ခိုင္မာေနေရာပဲ။
"အထုတ္ေတြကို အကို႔ညီေတြသယ္လာလိမ့္မယ္သိလား...."
စကားသံအဆုံး ေခါင္းၿငိမ့္လိုက္သည့္ကိုဉာဏ္နဲ႕အတူ
သူ၏ညီမျဖစ္သူတစ္ေယာက္က ျပတင္းတံခါးဆီသြားကာ
တံခါးဖြင့္ေနေလသည္။ ပြင့္သြားသည့္ တံခါး၏အျပင္သို႔ၾကည့္မိရာ ရွာလမ်းလေးတစ်ခုကိုဖြောငိ့နေအောင်တွေရြလေသည်။အိမ်ကသိပ်တော့မကျယ်ပေ။ ေပ၃၀ပတ္လည္ဝန္းက်င္ေလာက္သာရွိလိမ့္မည္။
"ကိုဉာဏ္ႀကီးတို႔ ဟိုဘက္အခန္းမွာ
အိတ္ေတြထားလိုက္ေလေနာ့္......"
ထရံျခားထားသည့္ အခန္းေလးတစ္ခုကိုၾကည့္လိုက္ၿပီး
ေခါင္းၿငိမ့္ျပလိုက္ပါသည္။ အိပ္ယာျပင္ေပးထားသည္မို႔ ထိုအေပၚတြင္ပဲေျခပစ္လက္ပစ္ထိုင္လိုက္မိသည္။ ကြၽန္ေတာ္ပင္ပန္းေနသည္ေၾကာင့္ေရာ ကားေမာင္းလာရသည္က နာရီေပါင္းမနည္းသည္ေၾကာင့္ပါ အိပ္ခ်င္သည္။ ႏုံးေနေလသည္။
"အိပ္ယာကေလ ေအာက္ကေမြ႕ယာအပါးေလးေတာ္ေရ....
သုံးထပ္ခင္းေပးထားတယ္.....သင္ျဖဴးဖ်ာေလးက ေအးေအာင္လို႔ အေပၚကခင္းေပးထားတာ......"
ထိုင္ရသည္ကအနည္းငယ္ သက္ေတာင့္သက္သာရွိသည္။ ဖ်ာရဲ႕အေအးဓာတ္ေလးကလည္း ေအးေနသည္မို႔အေတာ္ကိုသက္သာသည္။ ေျပာျပသည့္ညီမျဖစ္သူကို ေခါင္းၿငိမ့္ျပလိုက္ပါသည္။ ယခင္ကဆို ဟိုဘက္တိုက္အိမ္ႀကီးထဲတြင္သာ ေနသည့္ကြၽန္ေတာ္က ညအိပ္လွ်င္ ကားစက္ႏွိုးကာ ကားထဲ အဲယားကြန္းျဖင့္အိပ္တတ္ေသာ္လည္း ယခုကညီေရာ၊သားေရာပါရွိသည္မို႔ အိပ္ယာျပင္ေပးထားဖို႔ဖုန္းဆက္မိေတာ့ အဖြားေအးကထိုသို႔လုပ္ေပးထားသည္တဲ့ေလ။ ေမြ႕ယာသုံးခုေပါင္း ၃လက္မေက်ာ္ေက်ာ္ေလာက္ေတာ့ရွိမည္။ အေပၚကေနဖ်ာေလးခင္းထားၿပီး ေခါင္းအုံးကလည္းဆင္တူႏွစ္လုံးနဲ႕ အညာေစာင္အပါးေလးဆင္တူႏွစ္ထည္။အလယ္က ေခါင္းအုံးအေသးေလးက သားအတြက္ေနမည္။
"ေက်းဇူးတင္ပါတယ္ ငါ့ညီမေတြေရ......"
ရယ္ျပေနသည့္ ညီမေတြေနာက္မွ ေတြ႕လိုက္ရသည့္ ညီေတြက အိတ္ေတြကိုသယ္လာၾကၿပီး တစ္ဖက္အခန္းတြင္အကုန္ထည့္ေနေလေတာ့သည္။
"ကိုႀကီးဉာဏ္သုႀကီးေရ ၾကာညိုနဲ႕ႏြဲ႕ရင္ တို႔ကိုကေလးေပးၿပီး မ႑ပ္ကိုလႊတ္လိုက္တဲ့ ကိုႀကီးတို႔ကိုနားၾကတဲ့ေလ....."
"ေအး....ငါ့ညီေလးေတြ ေနာက္မွေတြ႕မယ္....."
"ဟာ....စိတ္ခ်.... ညက် ဖဲရိုက္ၾကရေအာင္........
ညေန ထန္းေတာသြားၾကမယ္ ဘယ္လိုလဲ......."
အိပ္ယာေျခရင္းကိုေျပးလာကာ အနားကပ္ေျပာလာသည့္ ညီျဖစ္သူေၾကာင့္ ေခါင္းၿငိမ့္ျပလိုက္သည္။ သူကလာ္း အသံကိုခပ္အုပ္အုပ္ေျပာရျခင္းမွာ သူ႕အမႏြဲ႕ရင္ျပန္တိုင္မည္ဆိုး၍ေနမည္။
"ကိုႀကီးညီသု ကိုဉာဏ္ႀကီးကသေဘာတူလိုက္ၿပီ
ညေနေနာ္......"
ေခါင္းတဆတ္ဆတ္ၿငိမ့္ေနသည့္ ညီကလည္းၿပဳံးလို႔ပင္။
အံ့ၾသရသည္က ကြၽန္ေတာ့္အနားမွာပဲရွိေနသည့္ ညီက ဘယအ္ခ်ိန္က ကြၽန္ေတာ့္ဝမ္းကြဲညီအကိုေတြနဲ႕ အေဖာ္စပ္ကာ ထန္းေတာသြားရန္ ႀကိဳပြိုင့္ထားလိုက္သည္လဲ။
"ဧည့္သည္ညီေလး.....အဖြားက ဟိုဘက္ကိုလာခဲ့ပါတဲ့.....
ေခၚခိုင္းလိုက္တယ္............"
"ဗ်ာ....ကြၽန္ေတာ့္ကို....."
လက္ၿငိဳးကို ကိုယ့္ဘက္ကိုထိုးကာ ထိုေျပာလာသည့္ ကိုကို႔အကိုလား။ ကို႔ကို႔ညီလား မသိသည့္ေကာင္ေလးႏွစ္ေယာက္ကို ေမးလိုက္မိပါသည္။
"ဒီမွာကဧည့္သည္ဆိုလို႔ ခင္ဗ်ားပဲရွိတာေလ....
က်န္တာက မိသားစုေတြႀကီးပဲ........"
ထိုစကားေၾကာင့္ ကိုကို႔ကိုၾကည့္လိုက္မိရာ ညီသူ႕လက္ကို
ကိုင္ကာ ဘာေတြလုပ္ေနၾကသည္မသိ ကြၽန္ေတာ့္အေပၚကိုနည္းနည္းေလးပင္ ဂ႐ုမစိုက္ေပ။ထိုေနရာကေန အၾကည့္တို႔ကမခြာေသးပါပဲ ႏႈတ္မွေရ႐ြတ္မိလိုက္ပါသည္။
"ဧည့္သည္.........."
ညီတစ္ေယာက္လက္ဆြဲအိတ္ကိုသြားယူရာကေန ထရံကိုကိုင္လိုက္ၿပီး ထရံကသစ္သားစနဲ႕ရွလာသည္ဟုဆိုသည္။
လက္ကိုဆြဲယူကာၾကည့္လိုက္မိေတာ့ အသားထဲစိုက္ေနသည့္ သစ္သားစေလးပင္။ ဆြဲထူတ္လွ်င္ရသည္မို႔ဆြဲလိုက္ရာ တစ္ဝက္က အသားထဲဝင္ေနသည္။ ဘာေတြေျပာေနၾကသည္ေတာ့မသိ ငယ့္အသံၾကားေတာ့ ေမာ့ၾကည့္လိုက္မိသည္။
"ကိုသုခ ဧည့္သည္မို႔ ဟိုဘက္အိမ္လိုက္ဖို႔
ကြၽန္ေတာ့္ကိုေခၚေနတယ္တဲ့ ဖြားဖြားက......"
"လိုက္သြားလိုက္ေလ ငယ္ေလးရဲ႕..... ဟိုဘက္အိမ္မွာ
ပန္ကာေတြလဲရွိတယ္ မီးလဲရွိတယ္......."
'ေအာ္..... ကိုကိုရယ္..... ကြၽန္ေတာ့္ဘက္က လိုက္ေျပာေပးမယ္ထင္ခဲ့တာေလ..... ကိုယ္တို႔နဲ႕ပဲ ထားခဲ့လိုက္ပါဆိုၿပီး
ကိုကိုေျပာမယ့္စကားေလးကို ေမွ်ာ္လင့္ခဲ့တာ........'
"မီးဆိုမွ ဒီအိမ္မွာမရွိဘူးမဟုတ္လား......"
ကိုဉာဏ့္စကားေၾကာင့္ ထိုင္ေနရာကေန အေပၚဓနိမိုး ထုတ္တန္းေတြကိုလိုက္ၾကည့္မိရာ မီးေခ်ာင္းျဖဴျဖဴတစ္ေခ်ာင္းပင္မရွိေခ်။
"ဓနိမိုးဆိုေတာ့ ဆိုလာျပားလည္းမရွိဘူး.....
ဟာ....ညဘက္ႀကီး ငါေၾကာက္တယ္.........."
သူ႕ဘာသူေရ႐ြတ္ေနသည့္ ညီတစ္ေယာက္ အိမ္ပတ္လည္ကို မ်က္လုံးေဝ့ကာ လိုက္ၾကည့္ေနေလသည္။ အနားတိုးလာကာ လက္ေမာင္းကို ဖမ္းဆြဲလို႔ နားနားကိုခပ္တိုးတိုးေလးေမးလာသည့္ ညီ။
"သရဲေတာ့မေျခာက္ဘူးမဟုတ္လား ဟင္........"
တစ္ခ်က္ၿပဳံးကာ ရယ္လိုက္မိပါသည္။
ဤအိမ္ႀကီးက လြန္ခဲ့တဲ့ ၁၅ႏွစ္ေလာက္က အိတ္ေတြထားသည့္အခန္းထဲ ႀကိဳးဆြဲခ်ေသသြားသည့္ ေဒၚေလးငယ္ရဲ႕အိမ္ပင္။ ျပန္ဖြင့္ကာျပင္ထားသည္က ၅ႏွစ္ရွိေသာ္လည္း
ဘယ္သူမွေတာ့မေနၾကေပ။ မေနရဲၾကဟုဆိုကာ ဘယ္သူမွမေနေပ။ သရဲေတာ့မေျခာက္ပါ။ သူတို႔ကိုယ္တိုင္ ေၾကာက္စိတ္ကိုေမြးကာ ေၾကာက္ေနၾကျခင္းေပ။
ကြၽန္ေတာ့္ကိုအိမ္တစ္လုံးျပင္ေပးထားဆိုသည္ကို ဧည့္သည္မ်ား၍ အိမ္မဆံ့ဟုဆိုလာသည့္ အဖြားေအးက တစ္ဖက္ႏွစ္ထပ္အိမ္တြင္ျပင္ေပးမည္ဆိုသည္မို႔ ေဒၚေလးငယ္အိမ္ကိုျပင္ေပးရန္သာေျပာလိုက္သည္။ ဧည့္သည္ထားရန္ေတြးေနသည့္အဖြားေအးက ျပင္ေပးရွာသား။
"မရွိပါဘူးကြာ....."
အနည္းငယ္ၿပဳံးကာစကားတို႔ဆိုလာသည့္ ကိုဉာဏ့္ အသံေၾကာင့္ လန့္ေနသည့္စိတ္တို႔ၿငိမ္သက္သြားရေလေတာ့သည္။ သရဲေျခာက္ရင္ ညီသုတို႔က လုံးဝမေနပါ။
.............
ဟိုဘက္အိမ္ဆိုေတာ့ ခဏလိုက္သြား႐ုံေပ။ လက္မွပတ္ထားသည့္ နာရီအားၾကည့္မိရာ ဝယ္ေပးထားသည့္ကိုကို႔မ်က္ႏွာေလးျမင္ေယာင္လာ၍ ၿပဳံးမိသား။ လက္တံအတိုေလးမွာ ကိုးဆိုသည့္ ကိန္းဂဏန္းကို
ၫႊန္ျပေနပါေသာေၾကာင့္
အေပၚႏႈတ္ခမ္းတို႔တြန့္ေကြး႐ုံ မသိမသာမဲ့လိုက္ပါသည္။
အေစာႀကီးပဲရွိေသးသည္။ ဟိုဘက္အိမ္တြင္ ေခတၱေနၿပီး ေန႕လည္သို႔မဟုတ္ ညေနကိုကိုႏွင့္ ေတြ႕ျဖစ္ၾကသည့္အခါ ယခုသူေနေနပါေသာအိမ္တြင္ေနနိုင္ေအာင္ ပူဆာမည္။ ငယ့္ကိုခ်စ္ေသာကိုကို အလိုလိုက္မည္ဟုယုံၾကည္ပါသည္။ ကိုကို႔မ်က္ႏွာတစ္႐ြာထင္ၿပီး လိုက္လာသူကိုေတာ့ တစ္ပါးသူလက္ထဲစိတ္ခ်လက္ခ် ထားရက္မည္မထင္ပါ။
"Hey နႏၵမိုးေန......."
ကိုကိုႏွင့္လုပ္ငန္းတူတူ၊အက်ိဳးတူပူးေပါင္းထားသည့္ Smithဆိုသူကလွမ္းေခၚသည္မို႔ ၿပဳံးျပၿပီး ေခါင္းၿငိမ့္ျပလိုက္ပါသည္။ ဒီလူ႕ကိုရိုရိုေသေသဆက္ဆံရမည္မဟုတ္လား။ ကိုကိုနဲ႕အလုပ္လုပ္ေနသည့္ ပါတနာေပမို႔ ကြၽန္ေတာ္လဲဧည့္ဝတ္ေက်ေပးသင့္ပါသည္။ ဒီလိုအခြင့္အေရးစကားေျပာခြင့္ႀကဳံရတာကပဲ ေက်နပ္ဖို႔ေကာင္းေနၿပီ။
ညီသုေနာင္လို ေတာသားမ်ိဳးက ျမန္မာစကားပင္အေျပာအဆိုမတတ္။ ယခုလိုအဂ္လိပ္မ်ိဳးႏွင့္စကားေျပာနိုင္ပါ့မလား။
"Sit there....."
သူ၏မ်က္ႏွာခ်င္းဆိုင္ခုံသို႔ လက္ၿငိဳးထိုးကာ ထိုင္ဆို
သည္မို႔ ေခါင္းၿငိမ့္ျပကာ ဝင္ထိုင္လိုက္သည္။
"ငါတို႔ကဒီအိမ္မွာေနရမွာတဲ့....အေပၚထပ္မွာအခန္းတစ္ခန္းပဲရွိတယ္ မင္းနဲ႕ငါ သုံးၾကမယ္..... ငါတို႔ကဧည့္သည္ဆိုေတာ့ အလုပ္ပိုမရႈတ္ေစခ်င္လို႔ အဲ့လိုလုပ္ၾကမလား....
မင္းအတြက္ လိုက္ကာ နဲ႕အခန္းလုပ္ေပးထားတယ္...are you ok?...."
ျမန္မာစကားကိုတစ္လုံးခ်င္းေျပာေနသည့္ ထိုအျဖဴေကာင္က ေလယူေလသိမ္းေတာ့သိပ္မမွန္သည့္တိုင္ ေကာင္းေကာင္းေျပာနိုင္သည္မို႔ ခ်ီးက်ဴးရေလမည္။
"အဆင္ေျပပါတယ္....."
'ကြၽန္ေတာ္က ဟိုဘက္မွာအိပ္မွာ......'
ထိုစကားကိုေတာ့ ၿပဳံးျပလိုက္ရင္းပဲ ရင္ထဲ၌သာဆိုလိုက္ပါသည္။
"Smithေရ.... ဂူဂူးေလးကိုေခၚထားေပးဦး....
အန္တီေလး ေရွ႕က ဘုန္းႀကီးေက်ာင္းသြားမလို႔....
ေငြဖလားေတြ သြားသယ္မလို႔ေလ........... "
"Sure.....ရတယ္....လာလာ ေဘဘီေလး...."
အကူညီေတာင္းစရာလူဆိုလို႔ Smithတစ္ေယာက္သာေတြ႕ေလသည္။ တျခားသူလက္ထဲလဲ ေျမးငယ္ေလးကိုမထည့္ခ်င္သလို၊ အေမကလည္း ဘယ္ေရာက္သြားသည္မသိသည္ေၾကာင့္ smithကိုပဲ အပူကပ္ရသည္။ ေရွ႕တြင္ ဟိုကပ္ပါးေကာင္ေလးကပါ ထိုင္ေနၿပီးစကားေျပာေနၾကသည္။ ဘာေတြေျပာေနသည္ကိုေတာ့မသိေပ။ ညီသုနဲ႕ဉာဏ္သုနားရေလေအာင္ နႏၵမိုးေနကို ဒီဘက္အိမ္သို႔ အေမက တမင္ေခၚလိုက္ျခင္းေပ။ မဟုတ္လွ်င္ သုံးေယာက္သား သတ္ပြဲေတြျဖစ္ကုန္ေပလိမ့္မည္ထင္သည္။
ဒီသတၱဝါေလးအား ေခၚလာရျခင္းမွာ ဘယ္သူမွေပ်ာ္မေနေပ။ သစၥာမရွိ ေဖာက္ျပန္ခဲ့တဲ့ ထိုေကာင္ေလးကိုေတာ့
ကြၽန္မၾကည့္မရေပ။ ဉာဏ္သုက သိရက္နဲ႕ခြင့္လႊတ္ေပးခဲ့ျခင္းကို ၾကားခဲ့ရသည္ေၾကာင့္လဲ အံ့ၾသရသည္။
ပစၥည္းသယ္မည္ဆိုသည္မို႔ ကြၽန္ေတာ္လဲကူေပးခ်င္သည္ေၾကာင့္ေရာ ကိုကို႔အေဒၚျဖစ္ေနသည္ေၾကာင့္ပါ အႀကံရသြားေလသည္။ ကူညီေပးရင္း ပိုမိုရင္းႏွီးရေလေအာင္
အနားကပ္ေနရမည္။ လိုက္လာစဥ္ကလည္း ထိုေဒၚေလးက ၿပဳံးရယ္ျပကာ လိုက္ခဲ့ေလဟုဆိုသည္မို႔ သေဘာေကာင္းမည္ထင္ပါသည္။
"အန္တီေလး ကြၽန္ေတာ္လိုက္မယ္ေလ.....
ဝိုင္းကူသယ္ေပးလို႔ရတာေပါ့..........."
ခ်စ္စဖြယ္ေကာင္းသည့္ပုံေလးျဖင့္ သြားအထပ္ေလးေပၚသည္အထိ ၿပဳံးရယ္ျပကာ မ်က္ဝန္းကလည္းေတာင္းဆိုသလိုဆိုလာသည့္ေကာင္ငယ္ေလးက တကယ္ေတာ့ခ်စ္စရာေတာ့ေကာင္းပါသည္။ မိဘေတြရဲ႕လိုခ်င္ရမၼက္ေတြနဲ႕ မိသားစုအသိုင္းအဝိုင္းကလဲ ေမြးဖြားမလာသင့္သည့္ မ်ိဳးရိုးမွာမွေပါက္ဖြားလာသည့္ကေလးမို႔ တကယ္ကိုဆီနဲ႕ေရလိုေပါင္းစပ္ဖို႔မျဖစ္နိုင္ေပ။
'ဉာဏ္သုနဲ႕တြဲေနရင္သေတာင္ ေဖာက္ျပန္ခဲ့ဖူးတဲ့
မင္းကို အန္တီေလးတူေလးနဲ႕သေဘာမတူနိုင္တာ
ခြင့္လႊတ္ေပးပါကြာ.........'
"အင္း....ရပါတယ္ လိုက္ခဲ့ေလ...ဖလားက၄လုံးသယ္ရမွာ
အန္တီေလးက ၂လုံး ၂ခါခြဲသယ္မလို႔ နႏၵမိုးေနေလးလိုက္လာေပးေတာ့ တခါတည္းနဲ႕ၿပီးတာေပါ့ကြာ......"
အၿပဳံးမ်ားအျပည့္နဲ႕စကားဆိုလာသည့္အန္တီေလးက
တကယ္ေတာ့ကြၽန္ေတာ္ေျပာသလိုပါပဲ သေဘာေကာင္းသည္မဟုတ္လား။
.........
လူေတြအကုန္လုံးထြက္သြားၾကၿပီး အိမ္ထဲတြင္လည္း ဘယ္သူမွမရွိေတာ့ေပ။ မေန႕ညကဝတ္ထားသည့္ အက်ီေဘာင္းဘီေတြကိုခြၽတ္ၿပီး ေခတၱနားကာ အိပ္ဦးမည္။
ေဘာင္းဘီအတိုနဲ႕ စြပ္က်ယ္အက်ီကိုသာဝတ္ၿပီး ေရွ႕ခန္းထြက္လိုက္ခ်ိန္ ကိုဉာဏ္တစ္ေယာက္ ပက္လက္ႀကီးလွန္ကာ လွဲေနပုံမွာ ေက်ာျပင္ကေမြ႕ယာေပၚ ေျခေထာက္က ၾကမ္းျပင္အထက္တြင္ ဆန့္တန္းလို႔ ဘယ္လိုေနေနသည္မသိေပ။ တစ္တီတူးမ်ားလိုပဲ ေဇာက္ထိုးအိပ္ေနတယ္။
"လူလိုသူလိုအိပ္စမ္း......."
"ညီ.... ကိုယ္အိပ္ခ်င္ေနၿပီ........"
ေျခေထာက္ကိုလာကန္ကာ ပါးစပ္ကလည္း ေျပာခ်င္ရာေျပာၿပီး ဘာေတြလုပ္ေနသည္လည္းမသိ ကြၽတ္ကြၽတ္အိတ္ဖြင့္သည့္ ၾကားေနရသည္မို႔ ေခါင္းေစာင္းကာရယ္ သူရွိရာရာသို႔ ၾကည့္လိုက္မိရာ ေက်ာျပင္ကိုသာျမင္ေနရေလေတာ့သည္။
"ညီ........အိပ္ရေအာင္ကြာ............"
"အိပ္ပါလား ကိုယ့္ဘာကို........."
ဝတ္ၿပီးသားအက်ီေတြကို ကြၽတ္ကြၽတ္အိတ္ထဲထည့္
သားရဲ႕အက်ီအထုပ္ႀကီးျဖစ္ေနသည္မို႔ လူႀကီးအဝတ္နဲ႕ကေလးအဝတ္မေရာခ်င္သည္ေၾကာင့္ ထည့္လာသည့္
အိတ္ေတြရွာေနရသည္။ ပူေလာင္ေနသည့္ေနကလည္း မေျပာေလႏွင့္ ဓနိမိုးထားသည္မို႔ေတာ္ေသးသည္။ ေလတိုက္ေနသည္ကေတာ့ ေလပူေငြ႕ေငြ႕ဆိုေပသည္တိုင္ေနလို႔ေတာ့ေကာင္းပါသည္။
"ကိုဉာဏ္ ထစမ္း........"
တစ္ဖက္သို႔လွည့္ကာ အိပ္ယာေပၚၾကည့္ေတာ့ စကားေတာ့နားေထာင္သား သူ႕၏ေနရာဘက္အျခမ္းတြင္အက်အန အိပ္ေနသည္။ အဝတ္မလဲပါပဲ အိပ္ေန၏။ ညစ္ပတ္လြန္းသည္။ ရိုက္စရာေနရာရွာေသာ္လည္း ပက္လက္ႀကီးျဖစ္ေနသူကို ဘယ္နားရိုက္ရမည္မသိ။ ရင္ဘတ္နဲ႕ဗိုက္ေနရာကိုသာ ရိုက္ခ်ပစ္လိုက္သည္။
"အြန္း....."
မ်က္လုံးမ်ားက တကယ့္ကိုမဖြင့္ခ်င္ေတာ့။ အမွန္ပါ။
ေဘးနားကသာလိကာေလးကိုလည္း ဘာလုပ္ရမည္မသိေပ။ ဘာေတြအလိုမက်သည္လဲမသိ မ်က္ေမွာင္ႀကဳံ႕ၿပီး ႏႈတ္ခမ္း႐ြဲ႕ကာ ကြၽန္ေတာ့္ကိုၾကည့္ေနသည္။ ထိုသာလိကာေလးကို လွမ္းဆြဲၿပီး ရင္ဘတ္ေပၚက်လာသည့္ ကိုယ္ေလးကို
ရင္ခြင္ထဲထည့္ကာ ဖက္ထားလိုက္သည္။
"ဖယ္စမ္း.....ပူရတဲ့အထဲ...... အက်ီ ထလဲ......"
႐ုန္းေနေသာ္လည္း အတင္းဖက္ၿပီး တစ္ဖက္ေစာင္းလိုက္ကာ ထိုင္ေနရင္းဆြဲခ်ခံလိုက္ရသည့္မို႔ ကုန္းကြကြျဖစ္ေနသည့္ ကိုယ္ကို သူ႕အားအင္နဲ႕မွအားမနာ ခြကာထားေသးသည္။
"အား.....ကိုဉာဏ္ ခင္ဗ်ားေျခေထာက္ႀကီးနဲ႕ခြထားတာ ကြၽန္ေတာ့္ခါးက်ိဳးေတာ့မယ္........."
"ခြလုံးမရွိဘူး.... ကိုယ္အိပ္လို႔ေပ်ာ္မွာမဟုတ္ဘူး
ခဏဖက္ထားမယ္ကြာ..... ၿပီးရင္ အလုပ္ဝိုင္းကူေပးရဦးမွာေလ........ညီလဲ ဖက္လုံးမရွိ မအိပ္တတ္ဘူးမို႔လား ကိုယ့္ကိုဖက္ထားလိုက္......"
"အက်ီလဲၿပီးအိပ္...... ထ ၿပီးအက်ီလဲ ညစ္ပတ္......"
နဖူးေပၚက်လာသည့္ အနမ္းတစ္ခ်က္ေၾကာင့္ ေျပာေနရင္းနဲ႕႐ုန္းကန္ေနရင္းပင္ ေၾကာင္အသြားရသည္။ ေျပာစကားမ်ားကလည္း ေပ်ာက္ရွကာ ဘာေျပာရမည္ကိုလဲမသိေတာ့ေပ။
ကိုဉာဏ့္ကိုေမာ့ၾကည့္လိုက္ေတာ့ ကြၽန္ေတာ့္ကိုဖက္ၿပီးကို မ်က္ဝန္းမ်ားက မွိတ္ထားသည္။
"ဆက္ေျပာေနရင္ အေပၚကေနခြၿပီးကို ဖက္နမ္းပစ္မယ္....
ပင္ပန္းေနတယ္မဟုတ္လား ညီရာ.....
ခုေတာ့မဆူနဲ႕ဦး ညီလဲ နားေတာ့......
နိုးလာမွ သတ္ခ်င္သတ္...ရိုက္ခ်င္ရိုက္...
ကိုယ္ၿငိမ္ေနေပးမယ္.........."
ထိုစကားေတြကိုလည္းေျပာေနသူက မ်က္ဝန္းမ်ားဖြင့္မလာေခ်။
"ခြထားတာဖယ္ေပး.......ေျခေထာက္ဆင္းမလို႔....."
ဖယ္ေပးလိုက္သည္မို႔ ေျခေထာက္ကိုဆင္းလိုက္ကာ ခြလုံးမခြပဲ မအိပ္တတ္သည့္ ကြၽန္ေတာ္က ကိုဉာဏ့္ကိုခြထားလိုက္သည္။ သူ၏ ခါးေပၚကိုလဲ လက္တင္လိုက္ေသး၏။ ဖက္လုံး သို႔မဟုတ္ ေခါင္းအုံး တစ္ခုခုကို မဖက္လွ်င္ အိပ္မေပ်ာ္တတ္သည့္သူ႕အက်င့္ေၾကာင့္ေနမည္ ကြၽန္ေတာ့္အားဖက္ထားေလ၏။
တစ္ညတာလုံး ကားေမာင္းေနသည့္ကိုဉာဏ့္အား ေရတိုက္လိုက္၊ မုန့္ေကြၽးလိုက္ စကားေျပာလိုက္ႏွင့္ ခရီးဆက္ခဲ့ရသည္။
ေခါင္းခန္းမွ နႏၵမိုးေနတစ္ေယာက္ အိပ္၍လိုက္လာ၏။ တစ္သက္လုံးမအိပ္ခဲ့ရသည့္ သူလိုပင္။ ကိုယ္သာ မအိပ္နိုင္။ ကားေမာင္းသူကို မပ်င္းရေလေအာင္ မငိုက္သြားရေလေအာင္ ေဘးနားမွ အေဖာ္ျပဳရင္း တခါတရံသီခ်င္းေလးမ်ားပင္ဖြငိ့ေပးမိ၏။
ကားေမာင္းေနသူ မေတာ္တဆ ငိုက္သြားလွ်င္ လမ္းခရီး အႏၱရာယ္ရွိသည္။ သားႏွင့္အတူ ကားထဲရွိသူတိုင္းကို စိတ္ပူမိ၍ ကိုယ္ပဲပင္ပန္းရသည္။
ကိုဉာဏ္လဲ ပင္ပန္းေရာ့ေပါ့။
"အိပ္ရာကနိုးရင္ ခင္ဗ်ားေသၿပီသာမွတ္ထား......"
ရင္ခြင္ထဲမွကိုယ္က သူရွိရာအရပ္ေမာ့ေငးမိခ်ိနဝယ္ မ်က္ဝန္းမ်ားမဖြင့္ေသာ္လည္း အၿပဳံးပါးပါးေလးအား ျမင္လိုက္ရ၏။ ကိုယ္တိုင္လည္းၿပဳံးလိုက္မိၿပီး မ်က္ဝန္းမ်ားကို ေခတၱမွိတ္ကာ ခႏၶာကိုယ္ကိုအနားေပးရေလၿပီ။
ေဂၚလီ့သားပင္ပန္းေန၍ မေဂၚနိုင္ေသးပါ။ ေဂၚတေပါက္ႏွင့္႐ြာပတ္ရဦးမည္။ အိပ္မက္လွလွမက္ပါေစဟု ကိုယ့္ဘာသာကိုယ္ေျပာရင္း ခြလုံးလူသားႀကီးအား ပိုတိုးကာဖက္လိုက္ပါသည္။
၁၀၉၂၀
..................