"သေချာလား ကိုကို...."
ငြိမ်နေပြီးမှ တော်တော်လေးကြာမှ မေးလာသည့်ငယ့် မျက်နှာလေးငြိုးနေပြန်သည်။ ကျွန်တော်တောင်လက်ခံဖို့ရာ
မနည်းအားတင်းခဲ့ရသည်မဟုတ်လား။ စသိစဥ် ကိုယ့်ကိစ္စနဲ့ကိုယ်မို့ သက်သက် ဖောက်ပြန်ခဲ့သည်ဟု တွေးမိပြီး
သားကိုလက်ခံဖို့ရာ စိုးရွံ့ခဲ့မိသည်။သို့သော်လည်း ထိုစိတ်တို့နဲ့အတူ အားငယ်ခဲ့ရသည်။ သွားလေသူကို စိတ်ဆိုးခဲ့ရသလို စိတ်မကောင်းလဲဖြစ်ခဲ့ရပြီး များစွာသောရသတွေခံစားခဲ့ရသည်မဟုတ်လား။ သို့သော်လည်းDNAမှာ ကျွန်တော်နှင့်လုံးဝတူနေလေ၏။ ကျွန်တော့်သားဆိုသည်ကို လက်ခံလိုက်ရသည်။ ကလေးငယ်အာယ
ပိုချစ်ပေးကာ အရာရာဂရုစိုက်ပေးဖို့တွေးထားသည်။ ဘဝမှာ ဘယ်သူ့ရှေ့တွင်မှ ဒူးထောက်ကာ အောက်မကျို့ခဲ့ဖူးသော်ငြား သားအတွက်နဲ့မျက်ရည်ကျကာ ဒူးထောက်ခဲ့ဖူးပါသည်။ သားရဲ့ဖေဖေ ညီ၏ အအရှေ့တွင်။ ကျွန်တော့်အဆိုးတွေကို သိထားသည့်ငယ်က သားကိုလက်ခံနိုင်ဖို့ရာ အချိန်လိုမည်ထင်ပါသည်။ ငယ် သာ သားနဲ့သူ့ကိုရွေးခိုင်းလျှင် ကျွန်တော်သားကိုရွေးမိမည်ထင်သည်။ ထိုစကားကို ငယ့် နှုတ်ဖျားမှ ထွက်ကျမလာဖို့ မျှော်လင့်မိပါ၏။
"DNAစာရွက်မှာ ကိုယ့်သားပဲ ငယ်......"
"ကိုကို့သားဆိုတော့ ကျွန်တော်လဲချစ်ပေးပါ့မယ်.....
ငယ့် ကို မထားခဲ့ပါနဲ့နော်........."
ကားမောင်းနေသည့် ကိုကို့ ဘက်သို့လှည့်ကာ သူ၏ကျောနောက်ကိုလက်လျိုဝင်ပြီး ခါးကိုဖက်လိုက်မိ၏။ ဗိုက်သားပြင်ပေါ်ခေါင်းလေးဖွဖွကပ်ကာ ကျလာတော့မည့် မျက်ရည်တို့ကိုထိန်းနေသော်လည်း ထိန်းထားမရတော့ပေ။
"ငယ်.... ကိုယ် ကားမောင်းနေတယ် ဖယ်ပေးဦးလေ....."
ပါးပြင်ပေါ်သို့ပေါက်ခနဲကျလာသည့် မျက်ရည်စက်ကို လူမသ်ိအောင် သုတ်ဖယ်လိုက်သည်။ ရှေ့ခန်းမှမြင်ကွင်းကြောင့်လား။ ကြားလိုက်ရသည့် စကားတွေကြောင့်လားတော့မသိပေ။ ရင်ဘတ်ကြီးတစ်ခုလုံး ဘယ်နားကနာမှန်းပင်မသိတော့ ထုံထိုင်းနေသည်။ မျက်လုံးရွဲတွေနဲ့ပါပဲ ယောင်ရမ်းကာ
နောက်ကြည့်မှန်မှမြင်နေရသည့် ကျွန်တော်မပိုင်သောအငှားလူသားကြီးအား ငေးနေမိစဥ်
မျက်ဝန်းချင်းဆုံသည်။ ကိုဉာဏ့် မျက်ဝန်းထဲ ညီဆိုပြီး ခေါ်လိုက်သယောင်။
မျက်နှာလွှဲကာ ခြင်ထောင်လေးထဲက သားကိုကြည့်နေသည့် ညီ က ပြုံးနေသည်။ မျက်ဝန်းအိမ်ထဲ ယခုဏက ဝမ်းနည်းခြင်းတွေက စွဲထင်နေဦးမည်ဆိုတာ ကျွန်တော်ထင်ပါသည်။
ညီ ဘာကို ဝမ်းနည်းနေသည်ကိုတော့ တကယ်မသိပေ။ရှေ့တည့်တည့်သို့ကြည့်၍သာ မောင်းနေလိုက်တော့သည်။
ကျွန်တော်တကယ့်ကို စိတ်တွေလေးနေသည်။ ညီ့ မျက်နှာလေးငြိုးနေသည်ကြောင့် ကိုယ်တိုင်လဲဝမ်းနည်းနေရပါသည်။ ငြိုးနွမ်းနေသော မျက်နှာလေးနှင့် ညီ့ ကို ရင်ခွင်ထဲထည့်လို့ ဘာတွေဖြစ်နေလဲဟုမေးကာ ချော့မော့ချင်မိသည်။
စိတ်ဆိုးတတ်သည့် ညီ့ ရဲ့ အော်သံလေးတွေ
ကြားရအောင်လည်း စနောက်ချင်သေးသည်။ ဘာတွေတွေးနေမိမှန်းလည်းမသိတော့ချေ။
......................
"ဝေး......အရီးရေ ဧည့်သည်တွေလာပြီဗျို့........"
ကားရပ်လိုက်သည်ကို အော်ကာပြေးဝင်သွားသည့်ကောင်လေးက ပုဆိုးကိုစလွယ်သိုင်းလို့ စွပ်ကျယ်လက်ပြတ်နှင့်
ဘောင်းဘီအတိုကိုဝတ်ထားသည့်ပုံမှာ ကျွန်တော်ရွာတွင်နေသည့် ဒီဇိုင်းအတိုင်းပင် မတူသည်ကတော့ ဆံပင်ပုံစံပင်။
ထိုကောင်လေးက အုန်းမို့ခွက်လိုဆံပင်နဲ့ ကျွန်တော်ကဆံပင်အရှည်ကို ဆံထုံးထုံးကာ ငယ်ထိပ်တွင်တင်ထားသည့်ပုံပင်။ တခါတရံအရောင်ပြောင်းတတ်သည့် ဆံပင်အရောင်များကတော့ ထည့်မပြောချင်တော့ပေ။ ဂေါ်လီ့သားဆိုသူသည် တစ်နှစ်တစ်ခါရွာပြန်ချိန်တိုင်း ဆံပင်အရောင် ပြောင်းတတ်သူမို့ ရွာတွင်ဂေါ်ထွက်နေတတ်သည်။
"အယို့....ဂူဂူးလေး ရွာရောက်ပြီ......"
မနက်၇နာရီထိုးခါနီးတော့ရွာရောက်လေပြီ။ ကားကိုရပ်ကာ
ဘေးနားက ငယ့်ကိုကြည့်တော့ အိပ်မောကျနေလေ၏။
ခေါင်းသေးသေးလေးကိုကိုင်ကာ ဆံနွယ်များကိုဖွပြီး
နှိုးတော့ အိပ်မှုန်စုန်ပွားဖြင့် ထလာသည်။ အနောက်ခန်းက သားအဖကိုကြည့်လိုက်ရာ ဘာတွေသဘောကျနေသည်မသိ
ရယ်နေကြလေသည်။
"ဂူဂူးလေးရေ...... ပါပါးဆီလာ......"
ကားပေါ်ကဆင်းတော့ ညီမဝမ်းကွဲတွေအကုန် ကားနားရောက်လာကြသည်။
"ချစ်စရာလေးနော် ကိုကြီးဉာဏ်သုရယ်.....
တစ်တစ်လေးနဲ့လုံးနေရောပဲ....."
"သားဖေဖေကြောင့် သားကပိုတစ်ရစ်လာတာ....
ညီကလဲ ကျွေးသလားမမေးနဲ့လေ....
သူ့သားက သေးနေလို့တဲ့.........."
ကားထဲဘာတွေလုပ်နေသည်မသိ ညီက ထွက်မလာသေး။ ငယ်တစ်ယောက် မိမိဘေးလာရပ်နေလေသည်။
"ကိုညီသုကြီးရော......."
မှန်ခေါက်သံကြောင့်ကြည့်လိုက်တော့ ကိုဉာဏ့် ညီမဝမ်းကွဲနှစ်ယောက် အထဲကိုမမြင်ရသည့်မှန်မဲကြီးကးအား ပြုံးလို့ကြည့်နေသည်မို့ ကိုယ်တိုင်လဲ ပြုံးလိုက်မိပါသည်။ သားရဲ့ခြင်ထောင်င်လေးကို ခေါက်နေပြီး ဖက်လုံးနဲ့ခေါင်းအုံးတွေကိုပါ အိတ်ထဲသေချာထည့်နေသည်ကြောင့် အပြင်ထွက်၍မရခြင်းပေ။
"ကိုညီသုကြီး ထွက်လာပြီ ဟေ့........"
"အို ငါတို့အကိုက ချောပြီးခန့်လာလိုက်တာ ......"
မြှောက်ပင့်နေကြသည့် ညီမတွေကြောင့် ကိုယ့်ဘာကိုယ်ပင်ဂုဏ်ယူနေမိသည်။ ခန့်လာသည်ဆိုခြင်းကြောင့် ပါးစပ်ပင်စိမရလောက်အောင်ပြုံးနေမိသည်။ ခန့်ချောဟုပြောခံရသည်က ဒါပထမဦးဆုံးပင်။ ကိုဉာဏ့် အိမ်မှာဆိုလျှင် ချောတယ်ဟေ့၊ လှတယ်ဟေ့ပဲ ပြောခံရသည်မို့ ယခုတော့ပြုံးဖြီးနေဦးမည်။
"မနက်ဖြန်သီလရှင်ဝတ်ကြမှာဆိုတော့ လူထွက်ရင်
ဆံပင်အတုဝယ်ပေးမယ်ကွာ....."
"ဟား........ဟား......"
ဝိုင်းကာရယ်နေကြသည့် ညီမတွေနဲ့ ညီ့ကိုကြည့်ကာ ပြုံးလိုက်ရင်း သားကိုလက်ပြောင်းယူပြီး ညီမသုံးယောက်ဆွဲသည့်အနောက်လိုက်ရသည်။ ညီ့ကိုတော့ လက်ဆွဲခေါ်လာသည်မို့ အနောက်မှ ယက်ကန်၊ယက်ကန်နဲ့ပါလာလေသည်။
"အစအဆုံးကတော့ ဒါပဲပေါ့အေ......
အဲ့တာ ငါတို့မြေးပဲ အမရေ.....
သူ့အမေကတော့ နောင်သုခ လို့နာမည်ပေးခဲ့တာပဲ........"
ခြံဝန်းကြီးထဲ ကားသုံးစီးရပ်ထားပြီးနောက် တခြားကားတစ်ချို့လည်း ရပ်ထားသည်။အမျိုးတွေရဲ့ ကားတွေပဲနေမည်။
မဏ္ဍပ်ကြီးကလည်း ဘေးဘက်အခြမ်းတွင် အလှဆင်ကနုတ်ပန်းတွေနဲ့ ရွှေရောင်ကိုဝင်းလို့ ကောဇောအနီကြီးတွေလဲခင်းကာထားပြီး ထိုအထဲမှာလူတစ်ချို့အမျိုးတစ်စုလဲထိုင်နေကြသေးသည်။ ကျွန်တော်တို့ကတော့ တိုက်ခံနှစ်ထပ်အိမ်လေးထဲရောက်နေကြသည်ပင်။ အဖွားအမနဲ့ အဖွားတို့စကားပြောနေပြီး တီလေးကတော့ဘယ်ရောက်သွားသည်မသိ။ Smith နဲ့ အဖွားအမကို မိတ်ဆက်ပေးပြီး ကလေးအကြောင်းကိုပြောပြနေခြင်းပေ။
"ဉာဏ်သု ငါ့မြေး ရှုပ်နေတုန်းပဲလား........"
"မရှုပ်တော့ပါဘူး အဖွားအေးရယ်......"
သားကိုပေါင်ပေါ်တင်ကာ ရယ်ပြုံးပြုံးနဲ့ သူ၏အဖွားအမေးကို ဖြေနေပုံရုပ်က အားနာသယောင်ပုံနဲ့ပင်။
အဖွားအေးဆိုသူကတော့ ကိုဉာဏ့် ကို မျက်စောင်းထိုးနေလေသည်။
"ဖေ....."
"လာလာ...ဖေ့ ဆီလာ သားလေး........"
သားတစ်ယောက်ငြိမ်ငြိမ်မနေတော့ပါပဲ ကျွန်တော့်ဆီလာရန်ပြင်နေသည်မို့ ကိုဉာဏ့် လက်ထဲက လက်ပြောင်းယူလိုက်သည်။
"မြေးသုလေးလဲ နေကောင်းတယ်မဟုတ်လား......"
"ဟုတ်ကဲ့ ကောင်းပါတယ် ခင်ဗျ....."
"မဂ်လာဆောင်တုန်းက အဖွားကမလာနိုင်လို့ပါ မြေးရယ်....
အဖွားအသက်ပဲ၇၅နှစ်ဆိုတော့
ခရီးဝေးမသွားနိုင်ဘူးကွယ်.....ဒါကြောင့်ပါ............."
"ဟုတ်ကဲ့ ဖွားဖွားအေး..... ရန်ကုန်နဲ့ ဒီနဲ့ကလဲအရမ်းဝေးတယ်လေ နောက်ဆို......"
ပြောနေရင်း ကိုဉာဏ်ကိုကြည့်လိုက်တော့ သားနဲ့ကျွန်တော့်ကိုပြုံးကာကြည့်နေသည်မို့ အပြုံးတို့ကူးစက်သည်ထင်
ကိုယ်တိုင်ပင်ပြုံးကာ အဖွားဘက်သို့လှည့်ပြီး စကားဆက်ရသည်။
"ကျွန်တော်တို့ပဲလာလည်ပါ့မယ်......"
"မလာရင်ကို အဖွားက လူလွှတ်ခေါ်ခိုင်းမှာ.......
ငါ့မြေးတွေ ချစ်နေကြတာမြင်တော့ ဝမ်းသာပါတယ်ကွယ်..."
အဖွားရဲ့စကားကြောင့် ကိုဉာဏ့်ကိုကြည့်တော့ပြုံးနေလေသည်။ ဟန်ဆောင်ကောင်းလွန်းပါဘိ။
သွားနားရန်ပြောသည်မို့ ညီ့ ဘက်ကိုကြည့်လိုက်တော့ ယခုဏကအဖွားစကားကြောင့် ရှက်နေသည်ထင် ပါးလေးများရဲနေသည်က ယခုထိမြင်နေရဆဲ။ ရှက်ကိုးရှက်ကန်းနဲ့ ပြုံးနေပုံလေးကလဲ ချစ်စရာနဲ့အသည်းယားစရာလေးပင်။
ဒေါ်လေးအငယ်ရဲ့အိမ်တစ်ခုလုံးကို ကျွန်တော်နဲ့ညီနေရန်
ပြင်ပေးထားသည်ဆိုခြင်းကြောင့် ထိုအိမ်သို့ထွက်လာလိုက်ကြသည်။
"ကိုကို........"
ခေါ်သံက တော်တော်ကျယ်သည်။ ငယ့် အသံပင်။
ဟုတ်သား သူ့ကိုမေ့ပြီး ညီ့လက်ကိုဆွဲလို့ အိမ်ထဲဝင်သွားမိခြင်း။ တော်တော်ကြာကြာအိမ်ထဲစကားပြောနေကြပြီး ယခုမှ အပြင်ဘက်ထွက်လာကြခြင်းပေ။ ငယ် စိတ်ဆိုးနေပြီထင်သည်။
"ငယ် ဘယ်လိုခေါ်လိုက်တာလဲ.......
ကိုယ် တောင်းပန်တယ်ကွာ.....နော်........
ပြင်ပြီးခေါ်ပေးပါကွာ...ခဏပါပဲ.........."
လက်ကိုဆွဲကာ ညီသုနဲ့အတူရပ်နေသည့်ကောင်မလေး၂ယောက်အနားမှ ထွက်လာသည့်ကိုကိုက
အသံခပ်အုပ်အုပ်နဲ့ ထိုသို့ဆိုလာသည်မို့ ခေါင်းငြိမ့်ပြလိုက်ပါသည်။ သနားစရာသတ္တဝါလေးလို တောင်းပန်စကားကို အောက်ကျို့စွာဆိုနေသည်မို့ ခွင့်လွှတ်လိုက်မည်။
ကိုယ့်ချစ်သူတစ်ယောက်လုံးကို ဖြစ်ချင်ရာဖြစ်ထားခဲ့ပြီး အိမ်ထဲဝင်သွားသည်မို့တော့ စိတ်တကယ်ဆိုးပါသည်။ ဘယ်လိုကြောင့်ဖြစ်ပါစေ ကျွန်တော်က ဧည့်သည်မဟုတ်လား။ နေရာပေးသင့်ပါသည်။ သို့သော်လည်း အပ္ပါယ်ခံဖြစ်နေသည်။
'ဟက်....သိပ်ရယ်ရတယ်.....ကိုယ့်လူလဲ အလုခံရတယ်...ကိုယ်ကလဲ ဗီလိန်ဖြစ်သွားတယ်...'
ကားနားတွင်ပဲ တစ်ယောက်တည်းရပ်ကာ ခြံထဲကမဏ္ဍပ်ကြီးကို ကြည့်နေမိသည်။ လူတွေလဲအများကြီးနဲ့ ပျော်စရာကြီးပင်။ အိမ်တွေဆိုသည်ကလဲ ခြံထဲတွင်ပဲ ဘယ်နှလုံးမှန်းမသိ အကြီးကြီးတွေနဲ့ တကယ်မိုက်သည်။ ပျဥ်ထောင်နှစ်ထပ်အိမ်ကြီးအိမ်ကောင်းကြီးတွေပင်။ ငေးနေစဥ် ကိုကို့ဒေါ်လေး ကိုကိုဝင်သွားသည့် အိမ်ထဲကထွက်လာသည်။
ကျွန်တော်ရပ်နေသည်ကို မြင်ရက်နဲ့ မသိချင်ယောင်ဆောင်ကာ ထွက်သွားသည်ကို သိပါသည်။ သို့သော်လည်း
ဘာမှမပြောနေတော့ပါပဲ ရပ်၍သာစောင့်နေလိုက်သည်။
Smith ဆိုသူထွက်လာပြီးနောက် မဏ္ဍကြီးဘက်ကို
အမကြီးနှစ်ယောက်ခေါ်သွားသည်။ ဧည့်သည်ခြင်းတူတူ ကိုယ့်ဘဝက ခွေးလိုပါပဲ။ နာလိုက်တာဆိုတာလဲ ရင်တွေက ကွဲထွက်မတတ်ပေ။ ကိုယ့်ချစ်သူကိုယ်တိုင်က ပစ်ထားမှတော့ ဘယ်သူမှ ဂရုမစိုက်ခြင်းက ဆန်းကြယ်မနေပေ။
"ပျော်လား..... ဘယ်သူနဲ့မှ မသိတဲ့ ဒီအရပ်မှာ ကိုကို့မျက်နှာနဲ့လိုက်လာသူကို တစ်ယောက်တည်းထားခဲ့တာ......
ပျော်လား.............."
တကယ်မေ့သွားသည်မို့ ခေါင်းငုံ့ကာ တောင်းပန်ရုံမှအပ ကျွန်တော်တကယ် ဘာမှမတတ်နိုင်ပေ။ ငယ် ကတော့ မျက်ရည်တွေဝဲနေသည်။ စိတ်ထဲတော့ မကောင်းပါ။
အစတည်းက ထိုသို့ဖြစ်မည်ဆိုး၍ မလိုက်ရန်ပြောခြင်းကို တားမရဆီးမရလိုက်လာခြင်းမှာ ဘယ်သူ့ကိုအပြစ်တင်ရမည်လဲ။ အမျိုးတွေအကုန်၊ မိသားစုအစုံ၊ အားလုံးသိကြသည်က ညီသုသည်သာ ကျွန်တော်ယူထားသည့် ယောကျာ်းဖြစ်နေခြင်းကိုပေ။
"ဒါကြောင့် ငယ့်ကို နေခဲ့ဖို့ပြောတာပေါ့ကွာ.....
အခု စိတ်မကောင်းဖြစ်ရပြီမဟုတ်လား......"
"ကိုကိုမှန်ပါတယ်......."
"ငယ်ရာ စကားနာမထိုးပါနဲ့ကွာ.....
ကိုယ်လဲ မဖြေရှင်းပေးတတ်ဘူး....."
ခေါင်းကိုကုတ်ကာ ခါးထောက်လို့ သက်ပြင်းတွေချ နဖူးကိုပွတ်သပ်ပြီး လေပူတွေမှုတ်ထုတ်နေသည့်ကိုကို၏ ထိုအမူအရာကိုကြည့်ခြင်းဖြင့် စိတ်ရှုပ်နေသည်နေမည်။
ကျွန်တော့်ကြောင့်ဖြစ်ရတယ်ဆိုရင် ကိုကို့လုပ်ရပ်တွေကြောင့် ရင်ကွဲမတတ်နာနေတဲ့ နှလုံးသားကို ဘယ်လိုလူက လာကုစားပေးမှာလဲ.......ကိုကို့ ကိုပဲ လိုအပ်တာ။
"စကားနာမဟုတ်ပါဘူး ကိုကိုရယ်.....
စိတ်မကောင်းဖြစ်မိလို့ပါ..... နောက်ဆိုမမေ့တော့ဘူးဆိုတဲ့ ကတိ
စကားလေးများကြားရမလားလို့ ရစ်မိတာပါ......"
"ငယ်ရာ....."
သက်ပျင်းအရှည်ကြီးချပြီးသာ ထိုနာမ်စားလေးကိုရေရွတ်လိုက်မိပါသည်။
"ကိုယ်ပြောမယ်ငယ်..... နေတတ်အောင်နေ....ပြီးတော့ တစ်ခုခုဆို ညီနဲ့ပဲ တွဲလုပ်ရမယ့်ပွဲကိုရောက်လာတာ....
ငယ့်ကို နေရာမပေးဘူးလို့ စိတ်မကောင်းဖြစ်နေလဲ အပိုပဲ....
ကိုယ်က ဒါတွေကိုကြိုသိလို့ မင်းကိုနေခဲ့ဖို့တားခဲ့တာ.....
ခုတော့ လာ......လိုက်ခဲ့....."
.......
"ကိုဉာဏ်သုကြီးက ဘာလို့အဲ့ကောင်လေး
လက်ကိုဆွဲထားတာလဲ....."
"ငါကြားဖူးတာ ကိုဉာဏ်သုကြီးမှာ အရင်တုန်းက
ကောင်လေးတစ်ယောက်ရှိတယ်တဲ့ သူကအရမ်းကြိုက်တာတဲ့...... ယူတော့ ကိုညီသုကြီးနဲ့ယူဖြစ်တာ..."
"မကေသီနဲ့ပြတ်ပြီးတော့ ကောင်လေးတစ်ယောက်တွဲတယ်ဆိုတာ အဲ့ကောင်လေးများလား...
ဓာတ်ပုံထဲမြင်ဖူးသလိုပဲလေနော့်....
facebookမှာလေ......"
"ပြီးရင်သွားကြည့်မယ်ဟဲ့....."
"ဖြတ်ပစ်လိုက်ပြီ....အကုန်လုံး ရှာမတွေ့တော့ဘူးဟ....."
တွတ်ထိုးကာ တီးတိုးပြောနေကြသော်လည်း ခပ်ရေးရေးတော့ ကျွန်တော်ကြားနေရပါသည်။
ဟိုတစ်ယောက်ရဲ့ လက်ကိုဆွဲကာ အနားသို့ပြန်လာသည့် ကိုဉာဏ်နဲ့ ဘေးကညီမနှစ်ယောက်ရဲ့စကားများကြောင့် သက်ပြင်းတွေလဲချမိပါသည်။ ဘာတတ်နိုင်မှာလဲ သူတို့ပြောနေကြသည်က အမှန်တွေပဲမဟုတ်လား။ မကေသီတဲ့လား။
ကိုဉာဏ် ရွာသို့မသွားခင် ညကပြောသည့်စကား။
ရင်ဖွင့်ခဲ့ပြီး ရွာမသွားချင်ဘူးပြောခဲ့သည့် ကိုဉာဏ့် ရည်းစားဟောင်းရဲ့အကြောင်းက ခေါင်းထဲပေါ်လာသည်။
မြင်တော့မြင်ဖူးချင်သား။ ရွာရောက်တုန်းတော့ ကောင်မလေးတွေဆီက စပ်စုပေဦးမည်။
"ဒါနဲ့လေ ညီမလေးတို့ မကေသီက ရွာမြောက်ပိုင်းက
ကိုဉာဏ့်ရည်းစားမဟုတ်လား......."
"ဟယ်....ကိုညီသုကြီး ဘယ်လိုသိလဲ......"
အံ့သြသွားသည့်ကောင်မလေးတွေကိုကြည့်ကာ ပြုံးပြလိုက်သည်။
"ညနေကျ ရွာထဲလျှောက်သွားရအောင် သူမကဘယ်လိုပုံလဲဆိုတာ တွေ့ဖူးချင်လို့လိုက်ပြနော်......."
ပါးစပ်အဟောင်းသားနဲ့ အံ့သြနေဆဲ ညီအမနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ကျွန်တော့်ကိုကြည့်ကာ ဘာပြောကြမည်လဲတော့မသိပေ။ ကိုဉာဏ်နဲ့နန္ဒမိုးနေရောက်လာသည်မို့ ရှေ့ကမြင်နေရသည့် ခြေတံရှည်အိမ်လေးဆီသို့သာ ထွက်ခဲ့လိုက်ကြသည်။
'ငယ့်ကို ညီမနှစ်ယောက် လက်ထဲထည့်ပေးရန်ခေါ်လာခဲ့လိုက်သည်။ ငယ့် အတွက် ဧည့်သည်တွေနေသည့် အိမ်မကြီးတွင် ပြင်ဆင်ပေးထားသည်မို့ အဆင်ပြေမည် ထင်ပါသည်။
တွေး
၉၉၂၀
..............
Zawgyi........
"ေသခ်ာလား ကိုကို...."
ၿငိမ္ေနၿပီးမွ ေတာ္ေတာ္ေလးၾကာမွ ေမးလာသည့္ငယ့္ မ်က္ႏွာေလးၿငိဳးေနျပန္သည္။ ကြၽန္ေတာ္ေတာင္လက္ခံဖို႔ရာ
မနည္းအားတင္းခဲ့ရသည္မဟုတ္လား။ စသိစဥ္ ကိုယ့္ကိစၥနဲ႕ကိုယ္မို႔ သက္သက္ ေဖာက္ျပန္ခဲ့သည္ဟု ေတြးမိၿပီး
သားကိုလက္ခံဖို႔ရာ စိုး႐ြံ႕ခဲ့မိသည္။သို႔ေသာ္လည္း ထိုစိတ္တို႔နဲ႕အတူ အားငယ္ခဲ့ရသည္။ သြားေလသူကို စိတ္ဆိုးခဲ့ရသလို စိတ္မေကာင္းလဲျဖစ္ခဲ့ရၿပီး မ်ားစြာေသာရသေတြခံစားခဲ့ရသည္မဟုတ္လား။ သို႔ေသာ္လည္းDNAမွာ ကြၽန္ေတာ္ႏွင့္လုံးဝတူေနေလ၏။ ကြၽန္ေတာ့္သားဆိုသည္ကို လက္ခံလိုက္ရသည္။ ကေလးငယ္အာယ
ပိုခ်စ္ေပးကာ အရာရာဂ႐ုစိုက္ေပးဖို႔ေတြးထားသည္။ ဘဝမွာ ဘယ္သူ႕ေရွ႕တြင္မွ ဒူးေထာက္ကာ ေအာက္မက်ိဳ႕ခဲ့ဖူးေသာ္ျငား သားအတြက္နဲ႕မ်က္ရည္က်ကာ ဒူးေထာက္ခဲ့ဖူးပါသည္။ သားရဲ႕ေဖေဖ ညီ၏ အအေရွ႕တြင္။ ကြၽန္ေတာ့္အဆိုးေတြကို သိထားသည့္ငယ္က သားကိုလက္ခံနိုင္ဖို႔ရာ အခ်ိန္လိုမည္ထင္ပါသည္။ ငယ္ သာ သားနဲ႕သူ႕ကိုေ႐ြးခိုင္းလွ်င္ ကြၽန္ေတာ္သားကိုေ႐ြးမိမည္ထင္သည္။ ထိုစကားကို ငယ့္ ႏႈတ္ဖ်ားမွ ထြက္က်မလာဖို႔ ေမွ်ာ္လင့္မိပါ၏။
"DNAစာ႐ြက္မွာ ကိုယ့္သားပဲ ငယ္......"
"ကိုကို႔သားဆိုေတာ့ ကြၽန္ေတာ္လဲခ်စ္ေပးပါ့မယ္.....
ငယ့္ ကို မထားခဲ့ပါနဲ႕ေနာ္........."
ကားေမာင္းေနသည့္ ကိုကို႔ ဘက္သို႔လွည့္ကာ သူ၏ေက်ာေနာက္ကိုလက္လ်ိဳဝင္ၿပီး ခါးကိုဖက္လိုက္မိ၏။ ဗိုက္သားျပင္ေပၚေခါင္းေလးဖြဖြကပ္ကာ က်လာေတာ့မည့္ မ်က္ရည္တို႔ကိုထိန္းေနေသာ္လည္း ထိန္းထားမရေတာ့ေပ။
"ငယ္.... ကိုယ္ ကားေမာင္းေနတယ္ ဖယ္ေပးဦးေလ....."
ပါးျပင္ေပၚသို႔ေပါက္ခနဲက်လာသည့္ မ်က္ရည္စက္ကို လူမသ်ိအောင် သုတ္ဖယ္လိုက္သည္။ ေရွ႕ခန္းမွျမင္ကြင္းေၾကာင့္လား။ ၾကားလိုက္ရသည့္ စကားေတြေၾကာင့္လားေတာ့မသိေပ။ ရင္ဘတ္ႀကီးတစ္ခုလုံး ဘယ္နားကနာမွန္းပင္မသိေတာ့ ထုံထိုင္းေနသည္။ မ်က္လုံး႐ြဲေတြနဲ႕ပါပဲ ေယာင္ရမ္းကာ
ေနာက္ၾကည့္မွန္မွျမင္ေနရသည့္ ကြၽန္ေတာ္မပိုင္ေသာအငွားလူသားႀကီးအား ေငးေနမိစဥ္
မ်က္ဝန္းခ်င္းဆုံသည္။ ကိုဉာဏ့္ မ်က္ဝန္းထဲ ညီဆိုၿပီး ေခၚလိုက္သေယာင္။
မ်က္ႏွာလႊဲကာ ျခင္ေထာင္ေလးထဲက သားကိုၾကည့္ေနသည့္ ညီ က ၿပဳံးေနသည္။ မ်က္ဝန္းအိမ္ထဲ ယခုဏက ဝမ္းနည္းျခင္းေတြက စြဲထင္ေနဦးမည္ဆိုတာ ကြၽန္ေတာ္ထင္ပါသည္။
ညီ ဘာကို ဝမ္းနည္းေနသည္ကိုေတာ့ တကယ္မသိေပ။ေရွ႕တည့္တည့္သို႔ၾကည့္၍သာ ေမာင္းေနလိုက္ေတာ့သည္။
ကြၽန္ေတာ္တကယ့္ကို စိတ္ေတြေလးေနသည္။ ညီ့ မ်က္ႏွာေလးၿငိဳးေနသည္ေၾကာင့္ ကိုယ္တိုင္လဲဝမ္းနည္းေနရပါသည္။ ၿငိဳးႏြမ္းေနေသာ မ်က္ႏွာေလးႏွင့္ ညီ့ ကို ရင္ခြင္ထဲထည့္လို႔ ဘာေတြျဖစ္ေနလဲဟုေမးကာ ေခ်ာ့ေမာ့ခ်င္မိသည္။
စိတ္ဆိုးတတ္သည့္ ညီ့ ရဲ႕ ေအာ္သံေလးေတြ
ၾကားရေအာင္လည္း စေနာက္ခ်င္ေသးသည္။ ဘာေတြေတြးေနမိမွန္းလည္းမသိေတာ့ေခ်။
......................
"ေဝး......အရီးေရ ဧည့္သည္ေတြလာၿပီဗ်ိဳ႕........"
ကားရပ္လိုက္သည္ကို ေအာ္ကာေျပးဝင္သြားသည့္ေကာင္ေလးက ပုဆိုးကိုစလြယ္သိုင္းလို႔ စြပ္က်ယ္လက္ျပတ္ႏွင့္
ေဘာင္းဘီအတိုကိုဝတ္ထားသည့္ပုံမွာ ကြၽန္ေတာ္႐ြာတြင္ေနသည့္ ဒီဇိုင္းအတိုင္းပင္ မတူသည္ကေတာ့ ဆံပင္ပုံစံပင္။
ထိုေကာင္ေလးက အုန္းမို႔ခြက္လိုဆံပင္နဲ႕ ကြၽန္ေတာ္ကဆံပင္အရွည္ကို ဆံထုံးထုံးကာ ငယ္ထိပ္တြင္တင္ထားသည့္ပုံပင္။ တခါတရံအေရာင္ေျပာင္းတတ္သည့္ ဆံပင္အေရာင္မ်ားကေတာ့ ထည့္မေျပာခ်င္ေတာ့ေပ။ ေဂၚလီ့သားဆိုသူသည္ တစ္ႏွစ္တစ္ခါ႐ြာျပန္ခ်ိန္တိုင္း ဆံပင္အေရာင္ ေျပာင္းတတ္သူမို႔ ႐ြာတြင္ေဂၚထြက္ေနတတ္သည္။
"အယို႔....ဂူဂူးေလး ႐ြာေရာက္ၿပီ......"
မနက္၇နာရီထိုးခါနီးေတာ့႐ြာေရာက္ေလၿပီ။ ကားကိုရပ္ကာ
ေဘးနားက ငယ့္ကိုၾကည့္ေတာ့ အိပ္ေမာက်ေနေလ၏။
ေခါင္းေသးေသးေလးကိုကိုင္ကာ ဆံႏြယ္မ်ားကိုဖြၿပီး
ႏွိုးေတာ့ အိပ္မႈန္စုန္ပြားျဖင့္ ထလာသည္။ အေနာက္ခန္းက သားအဖကိုၾကည့္လိုက္ရာ ဘာေတြသေဘာက်ေနသည္မသိ
ရယ္ေနၾကေလသည္။
"ဂူဂူးေလးေရ...... ပါပါးဆီလာ......"
ကားေပၚကဆင္းေတာ့ ညီမဝမ္းကြဲေတြအကုန္ ကားနားေရာက္လာၾကသည္။
"ခ်စ္စရာေလးေနာ္ ကိုႀကီးဉာဏ္သုရယ္.....
တစ္တစ္ေလးနဲ႕လုံးေနေရာပဲ....."
"သားေဖေဖေၾကာင့္ သားကပိုတစ္ရစ္လာတာ....
ညီကလဲ ေကြၽးသလားမေမးနဲ႕ေလ....
သူ႕သားက ေသးေနလို႔တဲ့.........."
ကားထဲဘာေတြလုပ္ေနသည္မသိ ညီက ထြက္မလာေသး။ ငယ္တစ္ေယာက္ မိမိေဘးလာရပ္ေနေလသည္။
"ကိုညီသုႀကီးေရာ......."
မွန္ေခါက္သံေၾကာင့္ၾကည့္လိုက္ေတာ့ ကိုဉာဏ့္ ညီမဝမ္းကြဲႏွစ္ေယာက္ အထဲကိုမျမင္ရသည့္မွန္မဲႀကီးကးအား ၿပဳံးလို႔ၾကည့္ေနသည္မို႔ ကိုယ္တိုင္လဲ ၿပဳံးလိုက္မိပါသည္။ သားရဲ႕ျခင္ေထာင္င္ေလးကို ေခါက္ေနၿပီး ဖက္လုံးနဲ႕ေခါင္းအုံးေတြကိုပါ အိတ္ထဲေသခ်ာထည့္ေနသည္ေၾကာင့္ အျပင္ထြက္၍မရျခင္းေပ။
"ကိုညီသုႀကီး ထြက္လာၿပီ ေဟ့........"
"အို ငါတို႔အကိုက ေခ်ာၿပီးခန့္လာလိုက္တာ ......"
ျမႇောက္ပင့္ေနၾကသည့္ ညီမေတြေၾကာင့္ ကိုယ့္ဘာကိုယ္ပင္ဂုဏ္ယူေနမိသည္။ ခန့္လာသည္ဆိုျခင္းေၾကာင့္ ပါးစပ္ပင္စိမရေလာက္ေအာင္ၿပဳံးေနမိသည္။ ခန့္ေခ်ာဟုေျပာခံရသည္က ဒါပထမဦးဆုံးပင္။ ကိုဉာဏ့္ အိမ္မွာဆိုလွ်င္ ေခ်ာတယ္ေဟ့၊ လွတယ္ေဟ့ပဲ ေျပာခံရသည္မို႔ ယခုေတာ့ၿပဳံးၿဖီးေနဦးမည္။
"မနက္ျဖန္သီလရွင္ဝတ္ၾကမွာဆိုေတာ့ လူထြက္ရင္
ဆံပင္အတုဝယ္ေပးမယ္ကြာ....."
"ဟား........ဟား......"
ဝိုင္းကာရယ္ေနၾကသည့္ ညီမေတြနဲ႕ ညီ့ကိုၾကည့္ကာ ၿပဳံးလိုက္ရင္း သားကိုလက္ေျပာင္းယူၿပီး ညီမသုံးေယာက္ဆြဲသည့္အေနာက္လိုက္ရသည္။ ညီ့ကိုေတာ့ လက္ဆြဲေခၚလာသည္မို႔ အေနာက္မွ ယက္ကန္၊ယက္ကန္နဲ႕ပါလာေလသည္။
"အစအဆုံးကေတာ့ ဒါပဲေပါ့ေအ......
အဲ့တာ ငါတို႔ေျမးပဲ အမေရ.....
သူ႕အေမကေတာ့ ေနာင္သုခ လို႔နာမည္ေပးခဲ့တာပဲ........"
ၿခံဝန္းႀကီးထဲ ကားသုံးစီးရပ္ထားၿပီးေနာက္ တျခားကားတစ္ခ်ိဳ႕လည္း ရပ္ထားသည္။အမ်ိဳးေတြရဲ႕ ကားေတြပဲေနမည္။
မ႑ပ္ႀကီးကလည္း ေဘးဘက္အျခမ္းတြင္ အလွဆင္ကႏုတ္ပန္းေတြနဲ႕ ေ႐ႊေရာင္ကိုဝင္းလို႔ ေကာေဇာအနီႀကီးေတြလဲခင္းကာထားၿပီး ထိုအထဲမွာလူတစ္ခ်ိဳ႕အမ်ိဳးတစ္စုလဲထိုင္ေနၾကေသးသည္။ ကြၽန္ေတာ္တို႔ကေတာ့ တိုက္ခံႏွစ္ထပ္အိမ္ေလးထဲေရာက္ေနၾကသည္ပင္။ အဖြားအမနဲ႕ အဖြားတို႔စကားေျပာေနၿပီး တီေလးကေတာ့ဘယ္ေရာက္သြားသည္မသိ။ Smith နဲ႕ အဖြားအမကို မိတ္ဆက္ေပးၿပီး ကေလးအေၾကာင္းကိုေျပာျပေနျခင္းေပ။
"ဉာဏ္သု ငါ့ေျမး ရႈပ္ေနတုန္းပဲလား........"
"မရႈပ္ေတာ့ပါဘူး အဖြားေအးရယ္......"
သားကိုေပါင္ေပၚတင္ကာ ရယ္ၿပဳံးၿပဳံးနဲ႕ သူ၏အဖြားအေမးကို ေျဖေနပုံ႐ုပ္က အားနာသေယာင္ပုံနဲ႕ပင္။
အဖြားေအးဆိုသူကေတာ့ ကိုဉာဏ့္ ကို မ်က္ေစာင္းထိုးေနေလသည္။
"ေဖ....."
"လာလာ...ေဖ့ ဆီလာ သားေလး........"
သားတစ္ေယာက္ၿငိမ္ၿငိမ္မေနေတာ့ပါပဲ ကြၽန္ေတာ့္ဆီလာရန္ျပင္ေနသည္မို႔ ကိုဉာဏ့္ လက္ထဲက လက္ေျပာင္းယူလိုက္သည္။
"ေျမးသုေလးလဲ ေနေကာင္းတယ္မဟုတ္လား......"
"ဟုတ္ကဲ့ ေကာင္းပါတယ္ ခင္ဗ်....."
"မဂ္လာေဆာင္တုန္းက အဖြားကမလာနိုင္လို႔ပါ ေျမးရယ္....
အဖြားအသက္ပဲ၇၅ႏွစ္ဆိုေတာ့
ခရီးေဝးမသြားနိုင္ဘူးကြယ္.....ဒါေၾကာင့္ပါ............."
"ဟုတ္ကဲ့ ဖြားဖြားေအး..... ရန္ကုန္နဲ႕ ဒီနဲ႕ကလဲအရမ္းေဝးတယ္ေလ ေနာက္ဆို......"
ေျပာေနရင္း ကိုဉာဏ္ကိုၾကည့္လိုက္ေတာ့ သားနဲ႕ကြၽန္ေတာ့္ကိုၿပဳံးကာၾကည့္ေနသည္မို႔ အၿပဳံးတို႔ကူးစက္သည္ထင္
ကိုယ္တိုင္ပင္ၿပဳံးကာ အဖြားဘက္သို႔လွည့္ၿပီး စကားဆက္ရသည္။
"ကြၽန္ေတာ္တို႔ပဲလာလည္ပါ့မယ္......"
"မလာရင္ကို အဖြားက လူလႊတ္ေခၚခိုင္းမွာ.......
ငါ့ေျမးေတြ ခ်စ္ေနၾကတာျမင္ေတာ့ ဝမ္းသာပါတယ္ကြယ္..."
အဖြားရဲ႕စကားေၾကာင့္ ကိုဉာဏ့္ကိုၾကည့္ေတာ့ၿပဳံးေနေလသည္။ ဟန္ေဆာင္ေကာင္းလြန္းပါဘိ။
သြားနားရန္ေျပာသည္မို႔ ညီ့ ဘက္ကိုၾကည့္လိုက္ေတာ့ ယခုဏကအဖြားစကားေၾကာင့္ ရွက္ေနသည္ထင္ ပါးေလးမ်ားရဲေနသည္က ယခုထိျမင္ေနရဆဲ။ ရွက္ကိုးရွက္ကန္းနဲ႕ ၿပဳံးေနပုံေလးကလဲ ခ်စ္စရာနဲ႕အသည္းယားစရာေလးပင္။
ေဒၚေလးအငယ္ရဲ႕အိမ္တစ္ခုလုံးကို ကြၽန္ေတာ္နဲ႕ညီေနရန္
ျပင္ေပးထားသည္ဆိုျခင္းေၾကာင့္ ထိုအိမ္သို႔ထြက္လာလိုက္ၾကသည္။
"ကိုကို........"
ေခၚသံက ေတာ္ေတာ္က်ယ္သည္။ ငယ့္ အသံပင္။
ဟုတ္သား သူ႕ကိုေမ့ၿပီး ညီ့လက္ကိုဆြဲလို႔ အိမ္ထဲဝင္သြားမိျခင္း။ ေတာ္ေတာ္ၾကာၾကာအိမ္ထဲစကားေျပာေနၾကၿပီး ယခုမွ အျပင္ဘက္ထြက္လာၾကျခင္းေပ။ ငယ္ စိတ္ဆိုးေနၿပီထင္သည္။
"ငယ္ ဘယ္လိုေခၚလိုက္တာလဲ.......
ကိုယ္ ေတာင္းပန္တယ္ကြာ.....ေနာ္........
ျပင္ၿပီးေခၚေပးပါကြာ...ခဏပါပဲ.........."
လက္ကိုဆြဲကာ ညီသုနဲ႕အတူရပ္ေနသည့္ေကာင္မေလး၂ေယာက္အနားမွ ထြက္လာသည့္ကိုကိုက
အသံခပ္အုပ္အုပ္နဲ႕ ထိုသို႔ဆိုလာသည္မို႔ ေခါင္းၿငိမ့္ျပလိုက္ပါသည္။ သနားစရာသတၱဝါေလးလို ေတာင္းပန္စကားကို ေအာက္က်ိဳ႕စြာဆိုေနသည္မို႔ ခြင့္လႊတ္လိုက္မည္။
ကိုယ့္ခ်စ္သူတစ္ေယာက္လုံးကို ျဖစ္ခ်င္ရာျဖစ္ထားခဲ့ၿပီး အိမ္ထဲဝင္သြားသည္မို႔ေတာ့ စိတ္တကယ္ဆိုးပါသည္။ ဘယ္လိုေၾကာင့္ျဖစ္ပါေစ ကြၽန္ေတာ္က ဧည့္သည္မဟုတ္လား။ ေနရာေပးသင့္ပါသည္။ သို႔ေသာ္လည္း အပ္ပါယ်ခံဖြစ်နေသည်။
'ဟက္....သိပ္ရယ္ရတယ္.....ကိုယ့္လူလဲ အလုခံရတယ္...ကိုယ္ကလဲ ဗီလိန္ျဖစ္သြားတယ္...'
ကားနားတြင္ပဲ တစ္ေယာက္တည္းရပ္ကာ ၿခံထဲကမ႑ပ္ႀကီးကို ၾကည့္ေနမိသည္။ လူေတြလဲအမ်ားႀကီးနဲ႕ ေပ်ာ္စရာႀကီးပင္။ အိမ္ေတြဆိုသည္ကလဲ ၿခံထဲတြင္ပဲ ဘယ္ႏွလုံးမွန္းမသိ အႀကီးႀကီးေတြနဲ႕ တကယ္မိုက္သည္။ ပ်ဥ္ေထာင္ႏွစ္ထပ္အိမ္ႀကီးအိမ္ေကာင္းႀကီးေတြပင္။ ေငးေနစဥ္ ကိုကို႔ေဒၚေလး ကိုကိုဝင္သြားသည့္ အိမ္ထဲကထြက္လာသည္။
ကြၽန္ေတာ္ရပ္ေနသည္ကို ျမင္ရက္နဲ႕ မသိခ်င္ေယာင္ေဆာင္ကာ ထြက္သြားသည္ကို သိပါသည္။ သို႔ေသာ္လည္း
ဘာမွမေျပာေနေတာ့ပါပဲ ရပ္၍သာေစာင့္ေနလိုက္သည္။
Smith ဆိုသူထြက္လာၿပီးေနာက္ မ႑ႀကီးဘက္ကို
အမႀကီးႏွစ္ေယာက္ေခၚသြားသည္။ ဧည့္သည္ျခင္းတူတူ ကိုယ့္ဘဝက ေခြးလိုပါပဲ။ နာလိုက္တာဆိုတာလဲ ရင္ေတြက ကြဲထြက္မတတ္ေပ။ ကိုယ့္ခ်စ္သူကိုယ္တိုင္က ပစ္ထားမွေတာ့ ဘယ္သူမွ ဂ႐ုမစိုက္ျခင္းက ဆန္းၾကယ္မေနေပ။
"ေပ်ာ္လား..... ဘယ္သူနဲ႕မွ မသိတဲ့ ဒီအရပ္မွာ ကိုကို႔မ်က္ႏွာနဲ႕လိုက္လာသူကို တစ္ေယာက္တည္းထားခဲ့တာ......
ေပ်ာ္လား.............."
တကယ္ေမ့သြားသည္မို႔ ေခါင္းငုံ႕ကာ ေတာင္းပန္႐ုံမွအပ ကြၽန္ေတာ္တကယ္ ဘာမွမတတ္နိုင္ေပ။ ငယ္ ကေတာ့ မ်က္ရည္ေတြဝဲေနသည္။ စိတ္ထဲေတာ့ မေကာင္းပါ။
အစတည္းက ထိုသို႔ျဖစ္မည္ဆိုး၍ မလိုက္ရန္ေျပာျခင္းကို တားမရဆီးမရလိုက္လာျခင္းမွာ ဘယ္သူ႕ကိုအျပစ္တင္ရမည္လဲ။ အမ်ိဳးေတြအကုန္၊ မိသားစုအစုံ၊ အားလုံးသိၾကသည္က ညီသုသည္သာ ကြၽန္ေတာ္ယူထားသည့္ ေယာက်ာ္းျဖစ္ေနျခင္းကိုေပ။
"ဒါေၾကာင့္ ငယ့္ကို ေနခဲ့ဖို႔ေျပာတာေပါ့ကြာ.....
အခု စိတ္မေကာင္းျဖစ္ရၿပီမဟုတ္လား......"
"ကိုကိုမွန္ပါတယ္......."
"ငယ္ရာ စကားနာမထိုးပါနဲ႕ကြာ.....
ကိုယ္လဲ မေျဖရွင္းေပးတတ္ဘူး....."
ေခါင္းကိုကုတ္ကာ ခါးေထာက္လို႔ သက္ျပင္းေတြခ် နဖူးကိုပြတ္သပ္ၿပီး ေလပူေတြမႈတ္ထုတ္ေနသည့္ကိုကို၏ ထိုအမူအရာကိုၾကည့္ျခင္းျဖင့္ စိတ္ရႈပ္ေနသည္ေနမည္။
ကြၽန္ေတာ့္ေၾကာင့္ျဖစ္ရတယ္ဆိုရင္ ကိုကို႔လုပ္ရပ္ေတြေၾကာင့္ ရင္ကြဲမတတ္နာေနတဲ့ ႏွလုံးသားကို ဘယ္လိုလူက လာကုစားေပးမွာလဲ.......ကိုကို႔ ကိုပဲ လိုအပ္တာ။
"စကားနာမဟုတ္ပါဘူး ကိုကိုရယ္.....
စိတ္မေကာင္းျဖစ္မိလို႔ပါ..... ေနာက္ဆိုမေမ့ေတာ့ဘူးဆိုတဲ့ ကတိ
စကားေလးမ်ားၾကားရမလားလို႔ ရစ္မိတာပါ......"
"ငယ္ရာ....."
သက္ပ်င္းအရွည္ႀကီးခ်ၿပီးသာ ထိုနာမ္စားေလးကိုေရ႐ြတ္လိုက္မိပါသည္။
"ကိုယ္ေျပာမယ္ငယ္..... ေနတတ္ေအာင္ေန....ၿပီးေတာ့ တစ္ခုခုဆို ညီနဲ႕ပဲ တြဲလုပ္ရမယ့္ပြဲကိုေရာက္လာတာ....
ငယ့္ကို ေနရာမေပးဘူးလို႔ စိတ္မေကာင္းျဖစ္ေနလဲ အပိုပဲ....
ကိုယ္က ဒါေတြကိုႀကိဳသိလို႔ မင္းကိုေနခဲ့ဖို႔တားခဲ့တာ.....
ခုေတာ့ လာ......လိုက္ခဲ့....."
.......
"ကိုဉာဏ္သုႀကီးက ဘာလို႔အဲ့ေကာင္ေလး
လက္ကိုဆြဲထားတာလဲ....."
"ငါၾကားဖူးတာ ကိုဉာဏ္သုႀကီးမွာ အရင္တုန္းက
ေကာင္ေလးတစ္ေယာက္ရွိတယ္တဲ့ သူကအရမ္းႀကိဳက္တာတဲ့...... ယူေတာ့ ကိုညီသုႀကီးနဲ႕ယူျဖစ္တာ..."
"မေကသီနဲ႕ျပတ္ၿပီးေတာ့ ေကာင္ေလးတစ္ေယာက္တြဲတယ္ဆိုတာ အဲ့ေကာင္ေလးမ်ားလား...
ဓာတ္ပုံထဲျမင္ဖူးသလိုပဲေလေနာ့္....
facebookမွာေလ......"
"ၿပီးရင္သြားၾကည့္မယ္ဟဲ့....."
"ျဖတ္ပစ္လိုက္ၿပီ....အကုန္လုံး ရွာမေတြ႕ေတာ့ဘူးဟ....."
တြတ္ထိုးကာ တီးတိုးေျပာေနၾကေသာ္လည္း ခပ္ေရးေရးေတာ့ ကြၽန္ေတာ္ၾကားေနရပါသည္။
ဟိုတစ္ေယာက္ရဲ႕ လက္ကိုဆြဲကာ အနားသို႔ျပန္လာသည့္ ကိုဉာဏ္နဲ႕ ေဘးကညီမႏွစ္ေယာက္ရဲ႕စကားမ်ားေၾကာင့္ သက္ျပင္းေတြလဲခ်မိပါသည္။ ဘာတတ္နိုင္မွာလဲ သူတို႔ေျပာေနၾကသည္က အမွန္ေတြပဲမဟုတ္လား။ မေကသီတဲ့လား။
ကိုဉာဏ္ ႐ြာသို႔မသြားခင္ ညကေျပာသည့္စကား။
ရင္ဖြင့္ခဲ့ၿပီး ႐ြာမသြားခ်င္ဘူးေျပာခဲ့သည့္ ကိုဉာဏ့္ ရည္းစားေဟာင္းရဲ႕အေၾကာင္းက ေခါင္းထဲေပၚလာသည္။
ျမင္ေတာ့ျမင္ဖူးခ်င္သား။ ႐ြာေရာက္တုန္းေတာ့ ေကာင္မေလးေတြဆီက စပ္စုေပဦးမည္။
"ဒါနဲ႕ေလ ညီမေလးတို႔ မေကသီက ႐ြာေျမာက္ပိုင္းက
ကိုဉာဏ့္ရည္းစားမဟုတ္လား......."
"ဟယ္....ကိုညီသုႀကီး ဘယ္လိုသိလဲ......"
အံ့ၾသသြားသည့္ေကာင္မေလးေတြကိုၾကည့္ကာ ၿပဳံးျပလိုက္သည္။
"ညေနက် ႐ြာထဲေလွ်ာက္သြားရေအာင္ သူမကဘယ္လိုပုံလဲဆိုတာ ေတြ႕ဖူးခ်င္လို႔လိုက္ျပေနာ္......."
ပါးစပ္အေဟာင္းသားနဲ႕ အံ့ၾသေနဆဲ ညီအမႏွစ္ေယာက္က တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး ကြၽန္ေတာ့္ကိုၾကည့္ကာ ဘာေျပာၾကမည္လဲေတာ့မသိေပ။ ကိုဉာဏ္နဲ႕နႏၵမိုးေနေရာက္လာသည္မို႔ ေရွ႕ကျမင္ေနရသည့္ ေျခတံရွည္အိမ္ေလးဆီသို႔သာ ထြက္ခဲ့လိုက္ၾကသည္။
'ငယ့္ကို ညီမႏွစ္ေယာက္ လက္ထဲထည့္ေပးရန္ေခၚလာခဲ့လိုက္သည္။ ငယ့္ အတြက္ ဧည့္သည္ေတြေနသည့္ အိမ္မႀကီးတြင္ ျပင္ဆင္ေပးထားသည္မို႔ အဆင္ေျပမည္ ထင္ပါသည္။
ေတြး
၉၉၂၀
..............