ကျွန်တော့်ကိုအရေးမစိုက်ဘူးထင်ထားသော်လည်း ကိုကိုက
ယခုတော့ထိုသို့မဟုတ်ပေ။ အသာတကြည်ပဲ ပြုံးပြုံးဆိုကာ လိုက်ရောလေသည်။ ညကအဖြစ်ကို မေ့ဖို့ရာတွေးလိုက်ပါသည်။ မေးလဲမမေးချင်တော့ပေ။
"ငယ်.... ဘယ်ဆိုင်ထိုင်ချင်လဲ....."
"ကြေးအိုးဆီချက်စားချင်တယ် ကိုကို....."
နှုတ်ခမ်းဆူကာ သူစားလိုသည့်အရာကို စဥ်းစားပြီးပြောလာသည့် ငယ်က ကျွန်တော့်အနားသိုလျှောက်လာသည်။
"ကိုကို......ချစ်တယ်....."
စားပွဲနောက်ရပ်ကာ အံဆွဲထဲမှ ဖုန်းကိုထုတ်နေစဥ် ကျွန်တော့်နောက်မှရပ်ကာ ငယ်က ခါးကိုဖက်ပြီး ကျောပြင်ကို မျက်နှာအပ်လို့ ထိုသို့ဆိုလိုက်ချိန် ကျင်ခနဲဖြစ်သွားသည့် ခံစားချက်နဲ့ ရင်ထဲစူးအောင့်သွားစေသည်။
"ချွဲစိန်လေး...ဘာမဟုတ်တာလုပ်ထားပြန်ပြီလဲ....."
ခေတ္တငြိမ်နေမိပြီးနောက် ခါးအထက်ရှိ လက်ကလေးကို
ခပ်ဖွဖွပုတ်လာသည့် ကိုကို။
ကျွန်တော်ကြားချင်တာ ထိုစကားမဟုတ်ခဲ့ပေ။ ကိုယ်လဲတူတူပဲ ချစ်တယ်ဆိုကာ ပြောတတ်သည့် ကိုကိုက ယခုတော့
ထိုသို့ပြောမလာပါပဲ ခေါင်းကိုနောက်ပြန်ပွတ်သပ်လို့
ဆိုလာသည့်စကားက ဒီအတိုင်းတဲ့လား။ ဖုန်းကိုဖွင့်ကာ ကြည့်နေသည့် ကိုကို သက်ပြင်းချလေသည်။
"ညက ကိုယ်silentလုပ်ပြီး အိပ်လိုက်တာ... ငယ်
ဖုန်းဆက်တာမသိလိုက်ဘူး......Sorry ပါကွာ........"
"ရတယ် ကိုကို....သတိရလို့ဆက်လိုက်တာပါ...."
လိမ်လိုက်ပါသည်။ ကျွန်တော်အိမ်ဘယ်လိုပြန်ရောက်လဲ
ကိုကို စိတ်ဝင်စားမည်မှ မဟုတ်ပဲ။ ယခုတောင် အရင်လို ရင်ခွင်ထဲပြန်လည်ထည့်ကာ သိုင်းဖက်ခြင်းမရှိတော့ပါပဲ
ကျောအနောက်ဘက်မှာပဲထားလို့ ဖုန်းကိုကြည့်နေလေသည့် ကိုကို က အရင်လိုမဟုတ်တော့ပါပဲ သိပ်ကိုအေးစက်နေလေပြီ။ အရင်ကဆို အနောက်ကနေ ကျွန်တော်သိုင်းဖက်လိုက်တိုင်း အလုပ်ဘယ်လောက်ပဲများနေနေ ရင်ခွင်ထဲဆွဲထည့်ပြီး
ဆံနွယ်တို့ကိုနမ်းရှိုက်လို့ အလုပ်ဆက်လုပ်တတ်သည့်ကိုကို
ဘယ်ရောက်သွားသည်လည်းမသိတော့ပေ။
"ငယ် ခဏလေး......."
ဖက်တွယ်ထားသည်ကို ခေတ္တလွှတ်လိုက်ကာ ရှေ့မှခုံတွင်ဝင်ထိုင်လိုက်သည်။ ဖုန်းခေါ်ထားသည့် အဝင်ခေါ်ဆိုခြင်းများက အများကြီးပင်။ ဘယ်သူ့နံပါတ်မှန်းလည်းမသိရချေ။
စာဝင်နေသည်ကြောင့်လဲ ကြည့်မိတော့ ထိုနံပါတ်ဆီမှ။
'ကိုဉာဏ် ကျွန်တော့်ဆီမြန်မြန်လာပါ.....'
"ညီ......"
ယောင်ယမ်းကာရေရွတ်မိပြီးမှ ငယ့် ကိုမော့ကြည့်လိုက်မိတော့ ထိုနေရာတွင်မရှိတော့ပါပဲ ဆိုဖာတွင် ထိုင်နေသည်မို့ သက်ပြင်းချလိုက်မိသည်။
ထိုဖုန်းကိုပြန်လည်ဆက်လိုက်တော့ ဆေးရုံတွင်ရောက်နေပြီး
သားလေးအစာအလဂျစ်ဖြစ်ကာ ခွဲခန်းဝင်ရသည်။ ညီ ကလည်းကလေးအတွက် သွေး လိုသည်ကို ပေးနေရင်းပဲ သွေးလဲပြည့်ရော သတိလစ်နေသည်ဟုဆိုခြင်းကြောင့်
စိုးရိမ်ရေမှတ်က တစ်ရာကျော်သွားသည်။ သားနဲ့ညီနဲ့ ကျွန်တော့်အတွက်အရေးပါသည့် လူသားလေးနှစ်ဦး ဆေးရုံတွင်ရှိနေသည်ဆိုသည့်အသိက ချက်ချင်းဆိုသလို တံခါးနားသို့အပြေးရောက်သွားသည်။ ဖြစ်နိုင်လျှင် မျက်စိတစ်မှိတ်အတွင်း၊ လျှပ်တစ်ပျက်ခဏလေးအချိန်တွင် ညီနဲ့သား ရှိသည့်ဆေးရုံကို ဝုန်းခနဲရောက်သွားချင်သည်။
"ကိုကို......ဒါဘယ်လဲ......."
လက်မောင်းကိုဆွဲကိုင်ကာ မေးလိုက်သည်။
ကျွန်တော့်ကိုထားခဲ့ပြီးတောင် မပြောမဆိုဘယ်သွားဖို့ကျန်နေသည်လဲ။ လွန်ပြီးရင်း လွန်နေပြီဆိုခြင်းကို ကိုကိုမသိလေရော့လား။ ကျွန်တော့်ကို ဘယ်နေရာထားထားတာလဲ။
ကျွန်တော်ကသူ့ရဲ့ဘာလဲ။
"ငယ်.....ကိုယ် နောက်မှ ရှင်းပြမယ်......"
"မလိုဘူး အခုရှင်း......"
ဒေါသတို့နဲ့ ငယ့် မျက်နှာရဲတောက်နေသည်။ စိတ်ဆိုးသွားသည်နေပါလိမ့်မည်။ သူနဲ့အတူတူနှစ်ယောက် နေ့လည်စာစားမည်ပြောပြီးမှ ထိုသို့ဖြစ်လေသည်ကို စိတ်ဆိုးခြင်းနေမည်။
"ညီသု.... ညီ ဆေးရုံမှာ.....သတိလစ်သွားလို့တဲ့....... "
"အဲ့တော့ ကျွန်တော့်ကိုပစ်ပြီး အဲ့ကိုသွားမှာပေါ့.....
သက်ရှိထင်ရှားရည်းစားငုပ်တုပ်ကြီးကို မပြောမဆိုပဲနဲ့လေ...."
တကယ်တော့ ထိုစကားတွေကြားပြီး ငယ့် ကို တကယ်မေ့သွားသည်။ သူနှင့်အတူ ထိုင်နေသည်ဆိုသည့်အသိ၊ရှိနေသည်ဆိုသည့်အသိကိုမေ့ကာ ဆေးရုံမှ ညီ့ဆီ ပြေးချင်နေသည့်စိတ်က ဝရုန်းသုန်းကားနဲ့ စိတ်အစဥ်ကို မောပန်းနေစေသည်။
ယခုတောင်စကားတွေဆက်မပြောချင်တော့ပေ။ ညီရှိရာအရောက် အပြေးသွားချင်သည်။ ဘယ်လောက်စိတ်တွေပူနေမည်လဲ။ သောကဘယ်လောက်များနေမည်လဲ။
ကျွန်တော့်ကိုဖုန်းတွေဆက်ပြီး ငိုနေသည်တဲ့လေ။
"မဟုတ်ပါဘူး ငယ်ရယ်......ကိုယ်သွားမှဖြစ်မယ်....
သူ့အဖေလဲရောက်နေတယ်....အဖွားတို့ကို သူ့အဖေက ဆက်သွယ်ကြည့်တာ အဖွားတို့လဲ လာပြီတဲ့......."
"ညီသုနဲ့ကျွန်တော်နဲ့ ကိုကိုရွေး......"
ငယ်မသိသေးသည့် ကလေးကိစ္စကလည်းရှိနေသေးသလို
လူကြီးတွေလဲရှိနေသေးသည်။ ငယ် ဘာတွေလုပ်နေသည်လဲ။ဘာတွေပြောနေသည်လဲ။ တကယ်နားမလည်တော့ တဖြေးဖြေးကလေးဆန်လာသည့် ငယ့်ကြောင့် စိတ်ရှုပ်လာရ၏။ အကြိမ်ကြိမ်ရှိနေလေပြီ။ အရင်က အခုလိုမရစ်တတ်သည့် ငယ် ။
"အခြေနေနဲ့အချိန်ခါ ပြောသင့်မပြောသင့်စကားဆိုတာရှိတယ် ငယ်.....ငါစိတ်မပျက်ခင် မင်းရင်ကျက်သင့်ပြီ....."
ထိုသို့ပြောကာ ကျွန်တော့်လက်ကိုဖြုတ်ချလို့ ထွက်သွားသည့် ကိုကိုက ညီသုကိုရွေးသွားသည်တဲ့လား။ ကျွန်တော့်မှာ ရှုံးပြီးရင် ရှုံးနေလေပြီလား။ စိတ်ဆိုးလို့ပဲ ပြောပြော၊ စိတ်ညစ်လို့ပဲ ပြောပြော၊ လူဆိုတာ ရင်ထဲရှိတဲ့အတိုင်း
စကားလုံးတို့က ထွက်ကျတတ်တယ်တဲ့ ကိုကို၊ ကျွန်တော့်ကို
တကယ် စိတ်ပျက်နေပြီလား။
........
ခေါင်းထဲသိနေသည့်အသိက သားဆိုသည့်အသိနဲ့ မျက်လုံးများက ဝုန်းခနဲပင် ပွင့်သွားရချေပြီ။ ကုတင်ပေါ်လှဲနေရာမှ ထထိုင်လိုက်သည်။
"ညီ......"
အသံလာရာကြည့်မိတော့ ဘေးကကုတင်ပေါ်မှ သားရဲ့ ခြင်ထောင်ဇာလေးကို ဇစ်ပိတ်ပေးနေသည့် ကိုဉာဏ် ကိုတွေ့ရသည်။အနားရှိကုတင်ဘေးသို့ကပ်လာသည့် ကိုဉာဏ့် ကို
ခါးအထက်သို့ လက်ယှက်ကာ သိုင်းဖက်လိုက်မိသည်။
ကျောပြင်ထက်ဝယ်ခပ်ဖွဖွ ပုတ်ပေးနေလေသည့် လက်ကလေးရှိသည်ဆိုသည့်အသိလေးကပဲ ရင်ထဲတင်းကြပ်ခြင်း
များပြေလျော့သွားစေသည်။
"ဘာမှမဖြစ်ဘူး....ဘာမှမဖြစ်တော့ဘူး......
အဆင်ပြေသွားပြီ စိတ်မပူနဲ့တော့.......
ကိုယ်နောက်ကျသွားလို့ တောင်းပန်ပါတယ်နော်......"
ခါးအထက်သို့တင်းကြပ်စွာဖက်တွယ်လာသည့် ညီ က ကလေးတစ်ယောက်ပမာ ငိုနေခြင်းမို့ ကျောလေးပုတ်ကာ ချော့ရသည်။ ရုတ်တရက်ဖြစ်သွားသည်မို့ ဘယ်သူမဆိုစိုးထိတ်ပြီး လန့်ကြမည်ပဲလေ။ ကျွန်တော်ဆိုလျှင်လည်း
ညီ့လိုပဲ သားအတွက်ပူကာ သောကများနေပါလိမ့်မည်။
"တိတ်တော့လေ....သားက သက်သာလို့
အစာတောင်စားနေပြီ..... မနက်ဖြန်ဆိုဆင်းလို့ရပြီတဲ့...."
လွှတ်ပေးလိုက်သည့် ခါးအထက်မှ လက်တို့ပြေလျော့ချိန်
ကုတင်ပေါ်ထိုင်ကာ မျက်ရည်များကို ပါးပြင်ပေါ်မှ သုတ်ဖယ်ပေးရင်း စကားတို့ဆိုလာသည့် ကိုဉာဏ့် က နူးညံ့စွာပြုံးပြသည်။
"ကျွန်တော်တို့အခုပဲ ဆေးရုံဆင်းရအောင်လေ....."
မျက်ရည်တွေဖြင့်ရွှန်းရွှန်းစိုနေသော မျက်ဝန်းဝိုင်းကြီးများဖြင့် ကြည့်ကာ ကြောက်နေသည်ကြောင့်ထင် ထိုသို့စကားဆိုလာလေသည်။
"ခုမှနေကောင်းခါစလေ ညီရယ်......"
"ကိုဉာဏ် မသိပါဘူး....... "
မျက်ရည်များကျကာ ထိုသို့ခပ်တိုးတိုးဆိုလာသည့် ညီ့ ကြောင့် ကိုယ်တိုင်လည်းစိတ်မကောင်းပေ။သက်ပြင်းကိုခပ်တိုးတိုးချလို့ ခပ်ဖွဖွဖက်တွယ်ပြီး ရင်ခွင်ထဲထည့်ကာ နှစ်သိမ့်ပေးလိုက်ပါသည်။
ညီ က ဆေးရုံကြောက်ရသည့်အကြောင်းကို ညီ့ ဖေဖေပြောပြ၍သိခဲ့ရသည်။ နေမကောင်း၍ဆေးရုံတက်ရစဥ် ဆေးရုံမီးလောင်မှုတစ်ခုဖြစ်သည်။ ဦးဂေါ်လီကလည်း သားကိုခဏထားခဲ့ကာ နိုးလာလျှင် မုန့်ကျွေးရန် သွားဝယ်နေစဥ် ဖြစ်ပျက်သွားသည်ကြောင့် ဘာမှမသိခဲ့ပေ။ ဘေးအခန်းမှ စလောင်သည့် မီးကြောင့် ညီ ကိုယ်တိုင် မီးထဲတွင် ငိုကာမေ့လဲခဲ့ရပြီး မီးသတ်သမားတွေကယ်ထုတ်၍သာ အသက်ရှင်ခဲ့ရသည်တဲ့လေ။ အဲ့နောက်ပိုင်းမှစကာ ဆေးရုံဆိုသည်နှင့် ညီ က သတိလစ်ကာ အိပ်ပျော်သွားတတ်သည်ဟု ယောက္ခမဖြစ်သူပြောပြသည်။ အပိုပြောခြင်းမဟုတ်ပေ။ ကျွန်တော်ရောက်သည့်အချိန်ကစလို့ ၂ရက်ရှိလေပြီ ယခုမှနိုးလာခြင်းပင်။
"ကိုယ်သိတယ် ညီ....... ညီ့ အနားမှာ ကိုယ်ရှိတယ်....."
"ကျွန်တော်တကယ်ကြောက်တယ် ကိုဉာဏ်.....
မီးတွေ..... မီးတွေ..... က အ......."
ခိုက်ခိုက်တုန်နေသည်က တစ်ကိုယ်လုံးပင်၊ အသံများက တိုးညှင်းဖျော့လျော့ တုန်ရီနေသည်။ မပြောရန် တားဖို့ပင် အချိန်မရ။ရင်ခွင်ထဲမှ ကောင်လေးသတိလစ်သွားပြန်သည်။
အခန်းထဲလဲ ဘယ်သူမှမရှိပေ။ အဖွားတို့က အိမ်ခဏပြန်သွားကြပြီး ဦးဂေါ်လီက အောက်ထပ်ခဏဆင်းသွားသည်မို့ အခန်းထဲတစ်ယောက်တည်းကျန်နေသည်။
ယခုညီက သတိလစ်နေပုံနဲ့ အိမ်ကိုသာ သူနာပြုခေါ်သွားကာ
ဆေးရုံဆင်းလိုက်တော့မည်ဟုတွေးလိုက်သည်။
"ဉာဏ်သု အိမ်ပြန်ပြီး ခဏနားပါလား......"
အခန်းထဲပြန်ရောက်လာသည့် ယောက္ခမဖြစ်သူက တံခါးပိတ်ရင်းစကားဆိုသည်။
"မပြန်တော့ဘူး အဖေ....
ကျွန်တော်တိုဆေးရုံဆင်းရအောင်...."
ညီ့ ကို လှမ်းကြည့်ကာ ခေါင်းကိုခပ်ဖြည့်ဖြည်းညိမ့်၍
သက်ပြင်းချနေသည်။
...................
ဆေးရုံကနေ အိမ်ရောက်လို့ တစ်ညရှိကာ နေ့တစ်ဝက်ကျိုးနေလေပြီ ညီတစ်ယောက်မနိုးလာသေးပေ။ တစ်ချက်၊တစ်ချက်အိပ်မက်ယောင်ကာ လန့်လန့်အော်နေသည်မို့ အနားမှာနေပေးနေရသည်။တော်သေးသည်က စနေနေ့မို့ရုံးမသွားဖြစ်သလို ညီတို့သားအဖ ဆေးရုံရောက်နေသည့်နေ့တည်းက ရုံးမတက်တော့ အစည်းအဝေးလောက်သာ ရုံးကိုပြေးဖြစ်သည်။ ကုတင်ပေါ်ထိုင်ကာ စာရင်းတွေလုပ်ပြီးတော့
ညီ့ ကိုကြည့်လိုက်တော့ နှစ်နှစ် ခြိုက်ခြိုက်ပဲအိပ်နေသည်။
နောက်ဆုံးစောင်ထဲဝင်ကာ လှဲလိုက်ပြီး အညောင်းဆန့်ကာ မျက်ဝန်းများ ခေတ္တမှိတ်လိုက်သည်။
"ကိုဉာဏ်.........သားရော........"
အသံကြားသည်မို့ ကုန်းထလိုက်တော့ ညီ တစ်ယောက် ခပ်ပါးပါးလေးပင် နှုတ်ခမ်းလေးတွန့်ကွေးရုံ ရယ်ပြနေလေသည်။ ထိုအတိုင်းလေးကိုပဲ ကောက်ပွေ့ကာ ရင်ခွင်ထဲထည့်လိုက်သည်။
"တော်သေးတာပေါ....သတိရလာလို့.......
ကိုယ့်မှာ စိုးရိမ်နေတာ ညီရာ......."
"ကျေးဇူးတင်ပါတယ်.....
ဆေးရုံမှာမထားပေးတာကိုပဲ........."
ကိုဉာဏ်ဖက်ထားသည့်အတိုင်း ငြိမ်ငြိမ်လေးနေပြီးသာ သောကတို့ဖြေဖျောက်လိုက်သည်။ သားလဲ သက်သာသွားသလို ဆေးရုံမှာမဟုတ်တော့သည်မို့ အဆင်ပြေပြီလို့ထင်ပါသည်။
"ကိုယ် သားကိုသွားခေါ်လိုက်မယ်....
ညီ တစ်ခုခုစားဦးလေ...
ဘာစားချင်လဲ ကိုယ်သွားဝယ်ပေးမယ်..."
သူကလဲမရုန်းသလို ကျွန်တော်လည်းဖက်ထားရာက မလွှတ်ပေးရသေးပေ။ ဒီတိုင်းလေးသာ မေးလိုက်သည်။
ခေါင်းခါပြသည့် ညီ က တကယ်ကိုငြိမ်နေပြီး မျက်နှာလေးမှိုင်နေလေသည်။
"ကိုဉာဏ်.... သားကိုသွားခေါ်ပေး....."
ညီ့စကားအတိုင်း သားလေးကို အန်တီလေးတို့လက်ထဲမှ
ခေါ်ကာ အပေါ်ထပ်အခန်းရှိရာသို့တက်လာခဲ့သည်။
ကုတင်ကိုကျောမှီကာ ထိုင်နေသည့် ညီက ပြုံးပြလာ၏။
သားကိုလား၊ ကျွန်တော့်ကိုလားမသိ၊ သို့သော် ကျွန်တော်ကတော့ ဖောဖောသီသီပါပဲ ညီ့ အတွက် အပြုံးတွေပစ်ပေးလိုက်မိသည်။
"ဖေဖေ့ သားလေး......"
လက်ထဲမှ ကလေးကိုလွှဲယူကာ ဂျိုင်းအောက်က ပင့်မချီလို့
တစ်ဝကြီးကိုနမ်းနေသည့် ညီ နဲ့ သားကိုကြည့်ကာ ကြည်နူးပြီး ရင်ထဲတစ်မျိုးလေးပင်။ သားလေးကို ရင်ထဲပွေ့ဖက်ပြီး
ကျွန်တော့်ကိုကြည့်လာသည့် ညီက ခပ်အေးအေးပင်။
"DNA ရပြီလား ကိုဉာဏ်...."
လက်ထဲငြိမ်ငြိမ်မနေပါပဲ ကော့ဆင်းနေသည့်သားလေးကို ကုတင်ပေါ်ကနှစ်ယောက်ကြား စောင်ထဲထည့်ပေးပြီး
တူတူရေဝါး လုပ်နေရင်း ကိုဉာဏ့်စကားကိုနားထောင်နေလိုက်သည်။
"နောက်သုံးရက်နေရင် ရပြီတဲ့....ညီ...."
တခိခိနဲ့ရယ်နေသည့် သားအဖကိုကြည့်လိုက်တော့ သားက ညီနဲ့ ဆော့ရင်း ကျွန်တော့်ကိုကြည့်လာသည်။
"ပါး....ပါး...."
"ဗျာ....ဗျ......"
ကိုဉာဏ် သင်ပေးထားသည့် ပါပါးခေါ်နည်းဖြင့်
ကျွန်တော်နဲ့ဆော့ရင်းလှမ်းခေါ်သည့် သားလေး။ ပြန်လည်ကာထူးလိုက်လေသည့် သူ။ ကျွန်တော့်အားပြုံးလို့ တစ်ချက် မော့ကြည့်လာသည်။
စောင်ထဲကို သားနဲ့အတူ ခေါင်းလေးဝင်လိုက် တူ၊ ဝါး လုပ်နိုင်နှင့် ဆော့ပေးနေပြန်၏။ သားလေးကလဲရယ်မောနေလေသည်။
ဘယ်တော့လောက်မှ မကြာတော့သည့် ကျွန်တော်တို့ဆက်ဆံရေးမှာ ကျွန်တော့်ဘက်ကသံယောဇဥ်တွေ ခိုင်မာသည်ထက် ခိုင်မာနေတော့သည်။ တည်မြဲသည်ထက် မြဲမြံနေတော့သည်။ ခက်တော့ခက်သား။
ဆော့နေသည့်နှစ်ယောက်ကိုကြည့်နေရင်းပါပဲ သက်ပြင်းမဟုတ်သည့် ရေပူတို့ကိုရှိုက်ထုတ်လိုက်သည်။
'ခင်ဗျားနဲ့ကျွန်တော်က ခွဲခွာကြရမှာ ကိုဉာဏ်...'
"ဖေ.....ဖေ......"
သားရဲအသံကြောင့် တွေးနေရင်း ကြည့်ကာ ပြုံးလိုက်တော့
လက်လေးငါးချောင်းကိုဆုပ်ကာ လာရန်ခေါ်နေသည်။ သားခေါ်သည့်အနားသို့ တိုးကာ ထိုင်နေသည့်သားလေးနဲ့ တန်းတူဖြစ်စေရန် ခါးကိုင်းလိုက်သည်။ ကိုဉာဏ် လဲ သားနဲ့တူတူဆော့နေသည်မို့ ယခုချိန်တွင် နှစ်ယောက်က ခေါင်းချင်းဆိုင်လုလုတွင် သားကိုကြည့်နေမိသည်။
အနားသို့တိုးလာသည့် သားလေးက ဘာလုပ်မည်တော့မသိ။
သိုသော် ကိုဉာဏ့် ဘက်ကို ခေါင်းလှည့်မိတော့ မျက်ဝန်းချင်းဆုံသည်။ ရင်တွေလဲခုန်သွားသည်။
"ကျွန်တော်တို့ခွဲရတော့မယ်နော်....ခုပဲလေးလကျော်ပြီ...."
ပါးပြင်ပေါ်ကျလာသည့် သားရဲ့အနမ်းလေးကို သဘောတကျလက်ခံလိုက်ပြီး ပြန်လည်ကာ ဖက်တွယ်နမ်းရှိုက်လိုက်တော့ ရုန်းနေသည့်ကလေးငယ်က လူလည်လေးပင်။
သားလေးကိစ္စက နောက်သုံးရက်ဆိုသိရပြီတဲ့လား။
ဒီကလေးလေးကို မိဘမဲ့ကျောင်းတော့မပို့နိုင်တော့ပါ။
ကျွတ်တော့်သွေးတွေလည်ပတ်စီးဆင်းနေသလို ဆုံးရှုံးရခါနီးသိသည့်အသိ၊ စိုးရိမ်မှုကြီးနဲ့အတူ သားလေး အနားမှာမရှိနိုင်တော့ဘူးလားဆိုသည့် အတွေးကသိပ်ကြောက်ဖို့ကောင်းသည်။
ကိုဉာဏ့်သားမဟုတ်ပါစေနဲ့ဆုတောင်းပါသည်။
ဒီသံယောဇဥ်သေးသေးလေးနဲ့ အမှတ်တရတွေကို သားလေးကိုမြင်တိုင်း အမှတ်ရနေချင်သည်။
'ကျွန်တော်က အခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့ ပလောင်းပလဲပြောတတ်တယ်နော်....
ဟဟ.......ယဥ်ယဥ်လေးနဲ့ရူးနေပြီထင်ပါရဲ့.......'
တွေး
၆၉၂၀
တို့ရေးထားတဲ့ တို့ Wallထဲက Completed Ficလေးတွေကိုလဲ အချိန်ရလို့ အားရင် Stay Home မှာ
ဖတ်ပေးကြပါဦးလို့.....
တစ်သျှူးတော့ဆောင်နော် 😅
စျေးဗန်းခင်းပါရစေ.....😍😇
.....................
Zawgyi......
ကြၽန္ေတာ့္ကိုအေရးမစိုက္ဘူးထင္ထားေသာ္လည္း ကိုကိုက
ယခုေတာ့ထိုသို႔မဟုတ္ေပ။ အသာတၾကည္ပဲ ၿပဳံးၿပဳံးဆိုကာ လိုက္ေရာေလသည္။ ညကအျဖစ္ကို ေမ့ဖို႔ရာေတြးလိုက္ပါသည္။ ေမးလဲမေမးခ်င္ေတာ့ေပ။
"ငယ္.... ဘယ္ဆိုင္ထိုင္ခ်င္လဲ....."
"ေၾကးအိုးဆီခ်က္စားခ်င္တယ္ ကိုကို....."
ႏႈတ္ခမ္းဆူကာ သူစားလိုသည့္အရာကို စဥ္းစားၿပီးေျပာလာသည့္ ငယ္က ကြၽန္ေတာ့္အနားသိုေလွ်ာက္လာသည္။
"ကိုကို......ခ်စ္တယ္....."
စားပြဲေနာက္ရပ္ကာ အံဆြဲထဲမွ ဖုန္းကိုထုတ္ေနစဥ္ ကြၽန္ေတာ့္ေနာက္မွရပ္ကာ ငယ္က ခါးကိုဖက္ၿပီး ေက်ာျပင္ကို မ်က္ႏွာအပ္လို႔ ထိုသို႔ဆိုလိုက္ခ်ိန္ က်င္ခနဲျဖစ္သြားသည့္ ခံစားခ်က္နဲ႕ ရင္ထဲစူးေအာင့္သြားေစသည္။
"ခြၽဲစိန္ေလး...ဘာမဟုတ္တာလုပ္ထားျပန္ၿပီလဲ....."
ေခတၱၿငိမ္ေနမိၿပီးေနာက္ ခါးအထက္ရွိ လက္ကေလးကို
ခပ္ဖြဖြပုတ္လာသည့္ ကိုကို။
ကြၽန္ေတာ္ၾကားခ်င္တာ ထိုစကားမဟုတ္ခဲ့ေပ။ ကိုယ္လဲတူတူပဲ ခ်စ္တယ္ဆိုကာ ေျပာတတ္သည့္ ကိုကိုက ယခုေတာ့
ထိုသို႔ေျပာမလာပါပဲ ေခါင္းကိုေနာက္ျပန္ပြတ္သပ္လို႔
ဆိုလာသည့္စကားက ဒီအတိုင္းတဲ့လား။ ဖုန္းကိုဖြင့္ကာ ၾကည့္ေနသည့္ ကိုကို သက္ျပင္းခ်ေလသည္။
"ညက ကိုယ္silentလုပ္ၿပီး အိပ္လိုက္တာ... ငယ္
ဖုန္းဆက္တာမသိလိုက္ဘူး......Sorry ပါကြာ........"
"ရတယ္ ကိုကို....သတိရလို႔ဆက္လိုက္တာပါ...."
လိမ္လိုက္ပါသည္။ ကြၽန္ေတာ္အိမ္ဘယ္လိုျပန္ေရာက္လဲ
ကိုကို စိတ္ဝင္စားမည္မွ မဟုတ္ပဲ။ ယခုေတာင္ အရင္လို ရင္ခြင္ထဲျပန္လည္ထည့္ကာ သိုင္းဖက္ျခင္းမရွိေတာ့ပါပဲ
ေက်ာအေနာက္ဘက္မွာပဲထားလို႔ ဖုန္းကိုၾကည့္ေနေလသည့္ ကိုကို က အရင္လိုမဟုတ္ေတာ့ပါပဲ သိပ္ကိုေအးစက္ေနေလၿပီ။ အရင္ကဆို အေနာက္ကေန ကြၽန္ေတာ္သိုင္းဖက္လိုက္တိုင္း အလုပ္ဘယ္ေလာက္ပဲမ်ားေနေန ရင္ခြင္ထဲဆြဲထည့္ၿပီး
ဆံႏြယ္တို႔ကိုနမ္းရွိုက္လို႔ အလုပ္ဆက္လုပ္တတ္သည့္ကိုကို
ဘယ္ေရာက္သြားသည္လည္းမသိေတာ့ေပ။
"ငယ္ ခဏေလး......."
ဖက္တြယ္ထားသည္ကို ေခတၱလႊတ္လိုက္ကာ ေရွ႕မွခုံတြင္ဝင္ထိုင္လိုက္သည္။ ဖုန္းေခၚထားသည့္ အဝင္ေခၚဆိုျခင္းမ်ားက အမ်ားႀကီးပင္။ ဘယ္သူ႕နံပါတ္မွန္းလည္းမသိရေခ်။
စာဝင္ေနသည္ေၾကာင့္လဲ ၾကည့္မိေတာ့ ထိုနံပါတ္ဆီမွ။
'ကိုဉာဏ္ ကြၽန္ေတာ့္ဆီျမန္ျမန္လာပါ.....'
"ညီ......"
ေယာင္ယမ္းကာေရ႐ြတ္မိၿပီးမွ ငယ့္ ကိုေမာ့ၾကည့္လိုက္မိေတာ့ ထိုေနရာတြင္မရွိေတာ့ပါပဲ ဆိုဖာတြင္ ထိုင္ေနသည္မို႔ သက္ျပင္းခ်လိဳက္မိသည္။
ထိုဖုန္းကိုျပန္လည္ဆက္လိုက္ေတာ့ ေဆး႐ုံတြင္ေရာက္ေနၿပီး
သားေလးအစာအလဂ်စ္ျဖစ္ကာ ခြဲခန္းဝင္ရသည္။ ညီ ကလည္းကေလးအတြက္ ေသြး လိုသည္ကို ေပးေနရင္းပဲ ေသြးလဲျပည့္ေရာ သတိလစ္ေနသည္ဟုဆိုျခင္းေၾကာင့္
စိုးရိမ္ေရမွတ္က တစ္ရာေက်ာ္သြားသည္။ သားနဲ႕ညီနဲ႕ ကြၽန္ေတာ့္အတြက္အေရးပါသည့္ လူသားေလးႏွစ္ဦး ေဆး႐ုံတြင္ရွိေနသည္ဆိုသည့္အသိက ခ်က္ခ်င္းဆိုသလို တံခါးနားသို႔အေျပးေရာက္သြားသည္။ ျဖစ္နိုင္လွ်င္ မ်က္စိတစ္မွိတ္အတြင္း၊ လွ်ပ္တစ္ပ်က္ခဏေလးအခ်ိန္တြင္ ညီနဲ႕သား ရွိသည့္ေဆး႐ုံကို ဝုန္းခနဲေရာက္သြားခ်င္သည္။
"ကိုကို......ဒါဘယ္လဲ......."
လက္ေမာင္းကိုဆြဲကိုင္ကာ ေမးလိုက္သည္။
ကြၽန္ေတာ့္ကိုထားခဲ့ၿပီးေတာင္ မေျပာမဆိုဘယ္သြားဖို႔က်န္ေနသည္လဲ။ လြန္ၿပီးရင္း လြန္ေနၿပီဆိုျခင္းကို ကိုကိုမသိေလေရာ့လား။ ကြၽန္ေတာ့္ကို ဘယ္ေနရာထားထားတာလဲ။
ကြၽန္ေတာ္ကသူ႕ရဲ႕ဘာလဲ။
"ငယ္.....ကိုယ္ ေနာက္မွ ရွင္းျပမယ္......"
"မလိုဘူး အခုရွင္း......"
ေဒါသတို႔နဲ႕ ငယ့္ မ်က္ႏွာရဲေတာက္ေနသည္။ စိတ္ဆိုးသြားသည္ေနပါလိမ့္မည္။ သူနဲ႕အတူတူႏွစ္ေယာက္ ေန႕လည္စာစားမည္ေျပာၿပီးမွ ထိုသို႔ျဖစ္ေလသည္ကို စိတ္ဆိုးျခင္းေနမည္။
"ညီသု.... ညီ ေဆး႐ုံမွာ.....သတိလစ္သြားလို႔တဲ့....... "
"အဲ့ေတာ့ ကြၽန္ေတာ့္ကိုပစ္ၿပီး အဲ့ကိုသြားမွာေပါ့.....
သက္ရွိထင္ရွားရည္းစားငုပ္တုပ္ႀကီးကို မေျပာမဆိုပဲနဲ႕ေလ...."
တကယ္ေတာ့ ထိုစကားေတြၾကားၿပီး ငယ့္ ကို တကယ္ေမ့သြားသည္။ သူႏွင့္အတူ ထိုင္ေနသည္ဆိုသည့္အသိ၊ရွိေနသည္ဆိုသည့္အသိကိုေမ့ကာ ေဆး႐ုံမွ ညီ့ဆီ ေျပးခ်င္ေနသည့္စိတ္က ဝ႐ုန္းသုန္းကားနဲ႕ စိတ္အစဥ္ကို ေမာပန္းေနေစသည္။
ယခုေတာင္စကားေတြဆက္မေျပာခ်င္ေတာ့ေပ။ ညီရွိရာအေရာက္ အေျပးသြားခ်င္သည္။ ဘယ္ေလာက္စိတ္ေတြပူေနမည္လဲ။ ေသာကဘယ္ေလာက္မ်ားေနမည္လဲ။
ကြၽန္ေတာ့္ကိုဖုန္းေတြဆက္ၿပီး ငိုေနသည္တဲ့ေလ။
"မဟုတ္ပါဘူး ငယ္ရယ္......ကိုယ္သြားမွျဖစ္မယ္....
သူ႕အေဖလဲေရာက္ေနတယ္....အဖြားတို႔ကို သူ႕အေဖက ဆက္သြယ္ၾကည့္တာ အဖြားတို႔လဲ လာၿပီတဲ့......."
"ညီသုနဲ႕ကြၽန္ေတာ္နဲ႕ ကိုကိုေ႐ြး......"
ငယ္မသိေသးသည့္ ကေလးကိစၥကလည္းရွိေနေသးသလို
လူႀကီးေတြလဲရွိေနေသးသည္။ ငယ္ ဘာေတြလုပ္ေနသည္လဲ။ဘာေတြေျပာေနသည္လဲ။ တကယ္နားမလည္ေတာ့ တေျဖးေျဖးကေလးဆန္လာသည့္ ငယ့္ေၾကာင့္ စိတ္ရႈပ္လာရ၏။ အႀကိမ္ႀကိမ္ရွိေနေလၿပီ။ အရင္က အခုလိုမရစ္တတ္သည့္ ငယ္ ။
"အေျခေနနဲ႕အခ်ိန္ခါ ေျပာသင့္မေျပာသင့္စကားဆိုတာရွိတယ္ ငယ္.....ငါစိတ္မပ်က္ခင္ မင္းရင္က်က္သင့္ၿပီ....."
ထိုသို႔ေျပာကာ ကြၽန္ေတာ့္လက္ကိုျဖဳတ္ခ်လိဳ႕ ထြက္သြားသည့္ ကိုကိုက ညီသုကိုေ႐ြးသြားသည္တဲ့လား။ ကြၽန္ေတာ့္မွာ ရႈံးၿပီးရင္ ရႈံးေနေလၿပီလား။ စိတ္ဆိုးလို႔ပဲ ေျပာေျပာ၊ စိတ္ညစ္လို႔ပဲ ေျပာေျပာ၊ လူဆိုတာ ရင္ထဲရွိတဲ့အတိုင္း
စကားလုံးတို႔က ထြက္က်တတ္တယ္တဲ့ ကိုကို၊ ကြၽန္ေတာ့္ကို
တကယ္ စိတ္ပ်က္ေနၿပီလား။
........
ေခါင္းထဲသိေနသည့္အသိက သားဆိုသည့္အသိနဲ႕ မ်က္လုံးမ်ားက ဝုန္းခနဲပင္ ပြင့္သြားရေခ်ၿပီ။ ကုတင္ေပၚလွဲေနရာမွ ထထိုင္လိုက္သည္။
"ညီ......"
အသံလာရာၾကည့္မိေတာ့ ေဘးကကုတင္ေပၚမွ သားရဲ႕ ျခင္ေထာင္ဇာေလးကို ဇစ္ပိတ္ေပးေနသည့္ ကိုဉာဏ္ ကိုေတြ႕ရသည္။အနားရွိကုတင္ေဘးသို႔ကပ္လာသည့္ ကိုဉာဏ့္ ကို
ခါးအထက္သို႔ လက္ယွက္ကာ သိုင္းဖက္လိုက္မိသည္။
ေက်ာျပင္ထက္ဝယ္ခပ္ဖြဖြ ပုတ္ေပးေနေလသည့္ လက္ကေလးရွိသည္ဆိုသည့္အသိေလးကပဲ ရင္ထဲတင္းၾကပ္ျခင္း
မ်ားေျပေလ်ာ့သြားေစသည္။
"ဘာမွမျဖစ္ဘူး....ဘာမွမျဖစ္ေတာ့ဘူး......
အဆင္ေျပသြားၿပီ စိတ္မပူနဲ႕ေတာ့.......
ကိုယ္ေနာက္က်သြားလို႔ ေတာင္းပန္ပါတယ္ေနာ္......"
ခါးအထက္သို႔တင္းၾကပ္စြာဖက္တြယ္လာသည့္ ညီ က ကေလးတစ္ေယာက္ပမာ ငိုေနျခင္းမို႔ ေက်ာေလးပုတ္ကာ ေခ်ာ့ရသည္။ ႐ုတ္တရက္ျဖစ္သြားသည္မို႔ ဘယ္သူမဆိုစိုးထိတ္ၿပီး လန့္ၾကမည္ပဲေလ။ ကြၽန္ေတာ္ဆိုလွ်င္လည္း
ညီ့လိုပဲ သားအတြက္ပူကာ ေသာကမ်ားေနပါလိမ့္မည္။
"တိတ္ေတာ့ေလ....သားက သက္သာလို႔
အစာေတာင္စားေနၿပီ..... မနက္ျဖန္ဆိုဆင္းလို႔ရၿပီတဲ့...."
လႊတ္ေပးလိုက္သည့္ ခါးအထက္မွ လက္တို႔ေျပေလ်ာ့ခ်ိန္
ကုတင္ေပၚထိုင္ကာ မ်က္ရည္မ်ားကို ပါးျပင္ေပၚမွ သုတ္ဖယ္ေပးရင္း စကားတို႔ဆိုလာသည့္ ကိုဉာဏ့္ က ႏူးညံ့စြာၿပဳံးျပသည္။
"ကြၽန္ေတာ္တို႔အခုပဲ ေဆး႐ုံဆင္းရေအာင္ေလ....."
မ်က္ရည္ေတြျဖင့္႐ႊန္း႐ႊန္းစိုေနေသာ မ်က္ဝန္းဝိုင္းႀကီးမ်ားျဖင့္ ၾကည့္ကာ ေၾကာက္ေနသည္ေၾကာင့္ထင္ ထိုသို႔စကားဆိုလာေလသည္။
"ခုမွေနေကာင္းခါစေလ ညီရယ္......"
"ကိုဉာဏ္ မသိပါဘူး....... "
မ်က္ရည္မ်ားက်ကာ ထိုသို႔ခပ္တိုးတိုးဆိုလာသည့္ ညီ့ ေၾကာင့္ ကိုယ္တိုင္လည္းစိတ္မေကာင္းေပ။သက္ျပင္းကိုခပ္တိုးတိုးခ်လိဳ႕ ခပ္ဖြဖြဖက္တြယ္ၿပီး ရင္ခြင္ထဲထည့္ကာ ႏွစ္သိမ့္ေပးလိုက္ပါသည္။
ညီ က ေဆး႐ုံေၾကာက္ရသည့္အေၾကာင္းကို ညီ့ ေဖေဖေျပာျပ၍သိခဲ့ရသည္။ ေနမေကာင္း၍ေဆး႐ုံတက္ရစဥ္ ေဆး႐ုံမီးေလာင္မႈတစ္ခုျဖစ္သည္။ ဦးေဂၚလီကလည္း သားကိုခဏထားခဲ့ကာ နိုးလာလွ်င္ မုန့္ေကြၽးရန္ သြားဝယ္ေနစဥ္ ျဖစ္ပ်က္သြားသည္ေၾကာင့္ ဘာမွမသိခဲ့ေပ။ ေဘးအခန္းမွ စေလာင္သည့္ မီးေၾကာင့္ ညီ ကိုယ္တိုင္ မီးထဲတြင္ ငိုကာေမ့လဲခဲ့ရၿပီး မီးသတ္သမားေတြကယ္ထုတ္၍သာ အသက္ရွင္ခဲ့ရသည္တဲ့ေလ။ အဲ့ေနာက္ပိုင္းမွစကာ ေဆး႐ုံဆိုသည္ႏွင့္ ညီ က သတိလစ္ကာ အိပ္ေပ်ာ္သြားတတ္သည္ဟု ေယာကၡမျဖစ္သူေျပာျပသည္။ အပိုေျပာျခင္းမဟုတ္ေပ။ ကြၽန္ေတာ္ေရာက္သည့္အခ်ိန္ကစလို႔ ၂ရက္ရွိေလၿပီ ယခုမွနိုးလာျခင္းပင္။
"ကိုယ္သိတယ္ ညီ....... ညီ့ အနားမွာ ကိုယ္ရွိတယ္....."
"ကြၽန္ေတာ္တကယ္ေၾကာက္တယ္ ကိုဉာဏ္.....
မီးေတြ..... မီးေတြ..... က အ......."
ခိုက္ခိုက္တုန္ေနသည္က တစ္ကိုယ္လုံးပင္၊ အသံမ်ားက တိုးညွင္းေဖ်ာ့ေလ်ာ့ တုန္ရီေနသည္။ မေျပာရန္ တားဖို႔ပင္ အခ်ိန္မရ။ရင္ခြင္ထဲမွ ေကာင္ေလးသတိလစ္သြားျပန္သည္။
အခန္းထဲလဲ ဘယ္သူမွမရွိေပ။ အဖြားတို႔က အိမ္ခဏျပန္သြားၾကၿပီး ဦးေဂၚလီက ေအာက္ထပ္ခဏဆင္းသြားသည္မို႔ အခန္းထဲတစ္ေယာက္တည္းက်န္ေနသည္။
ယခုညီက သတိလစ္ေနပုံနဲ႕ အိမ္ကိုသာ သူနာျပဳေခၚသြားကာ
ေဆး႐ုံဆင္းလိုက္ေတာ့မည္ဟုေတြးလိုက္သည္။
"ဉာဏ္သု အိမ္ျပန္ၿပီး ခဏနားပါလား......"
အခန္းထဲျပန္ေရာက္လာသည့္ ေယာကၡမျဖစ္သူက တံခါးပိတ္ရင္းစကားဆိုသည္။
"မျပန္ေတာ့ဘူး အေဖ....
ကြၽန္ေတာ္တိုေဆး႐ုံဆင္းရေအာင္...."
ညီ့ ကို လွမ္းၾကည့္ကာ ေခါင္းကိုခပ္ျဖည့္ျဖည္းညိမ့္၍
သက္ျပင္းခ်ေနသည္။
...................
ေဆး႐ုံကေန အိမ္ေရာက္လို႔ တစ္ညရွိကာ ေန႕တစ္ဝက္က်ိဳးေနေလၿပီ ညီတစ္ေယာက္မနိုးလာေသးေပ။ တစ္ခ်က္၊တစ္ခ်က္အိပ္မက္ေယာင္ကာ လန့္လန့္ေအာ္ေနသည္မို႔ အနားမွာေနေပးေနရသည္။ေတာ္ေသးသည္က စေနေန႕မို႔႐ုံးမသြားျဖစ္သလို ညီတို႔သားအဖ ေဆး႐ုံေရာက္ေနသည့္ေန႕တည္းက ႐ုံးမတက္ေတာ့ အစည္းအေဝးေလာက္သာ ႐ုံးကိုေျပးျဖစ္သည္။ ကုတင္ေပၚထိုင္ကာ စာရင္းေတြလုပ္ၿပီးေတာ့
ညီ့ ကိုၾကည့္လိုက္ေတာ့ ႏွစ္ႏွစ္ ၿခိဳက္ၿခိဳက္ပဲအိပ္ေနသည္။
ေနာက္ဆုံးေစာင္ထဲဝင္ကာ လွဲလိုက္ၿပီး အေညာင္းဆန့္ကာ မ်က္ဝန္းမ်ား ေခတၱမွိတ္လိုက္သည္။
"ကိုဉာဏ္.........သားေရာ........"
အသံၾကားသည္မို႔ ကုန္းထလိုက္ေတာ့ ညီ တစ္ေယာက္ ခပ္ပါးပါးေလးပင္ ႏႈတ္ခမ္းေလးတြန့္ေကြး႐ုံ ရယ္ျပေနေလသည္။ ထိုအတိုင္းေလးကိုပဲ ေကာက္ေပြ႕ကာ ရင္ခြင္ထဲထည့္လိုက္သည္။
"ေတာ္ေသးတာေပါ....သတိရလာလို႔.......
ကိုယ့္မွာ စိုးရိမ္ေနတာ ညီရာ......."
"ေက်းဇူးတင္ပါတယ္.....
ေဆး႐ုံမွာမထားေပးတာကိုပဲ........."
ကိုဉာဏ္ဖက္ထားသည့္အတိုင္း ၿငိမ္ၿငိမ္ေလးေနၿပီးသာ ေသာကတို႔ေျဖေဖ်ာက္လိုက္သည္။ သားလဲ သက္သာသြားသလို ေဆး႐ုံမွာမဟုတ္ေတာ့သည္မို႔ အဆင္ေျပၿပီလို႔ထင္ပါသည္။
"ကိုယ္ သားကိုသြားေခၚလိုက္မယ္....
ညီ တစ္ခုခုစားဦးေလ...
ဘာစားခ်င္လဲ ကိုယ္သြားဝယ္ေပးမယ္..."
သူကလဲမ႐ုန္းသလို ကြၽန္ေတာ္လည္းဖက္ထားရာက မလႊတ္ေပးရေသးေပ။ ဒီတိုင္းေလးသာ ေမးလိုက္သည္။
ေခါင္းခါျပသည့္ ညီ က တကယ္ကိုၿငိမ္ေနၿပီး မ်က္ႏွာေလးမွိုင္ေနေလသည္။
"ကိုဉာဏ္.... သားကိုသြားေခၚေပး....."
ညီ့စကားအတိုင္း သားေလးကို အန္တီေလးတို႔လက္ထဲမွ
ေခၚကာ အေပၚထပ္အခန္းရွိရာသို႔တက္လာခဲ့သည္။
ကုတင္ကိုေက်ာမွီကာ ထိုင္ေနသည့္ ညီက ၿပဳံးျပလာ၏။
သားကိုလား၊ ကြၽန္ေတာ့္ကိုလားမသိ၊ သို႔ေသာ္ ကြၽန္ေတာ္ကေတာ့ ေဖာေဖာသီသီပါပဲ ညီ့ အတြက္ အၿပဳံးေတြပစ္ေပးလိုက္မိသည္။
"ေဖေဖ့ သားေလး......"
လက္ထဲမွ ကေလးကိုလႊဲယူကာ ဂ်ိဳင္းေအာက္က ပင့္မခ်ီလို႔
တစ္ဝႀကီးကိုနမ္းေနသည့္ ညီ နဲ႕ သားကိုၾကည့္ကာ ၾကည္ႏူးၿပီး ရင္ထဲတစ္မ်ိဳးေလးပင္။ သားေလးကို ရင္ထဲေပြ႕ဖက္ၿပီး
ကြၽန္ေတာ့္ကိုၾကည့္လာသည့္ ညီက ခပ္ေအးေအးပင္။
"DNA ရၿပီလား ကိုဉာဏ္...."
လက္ထဲၿငိမ္ၿငိမ္မေနပါပဲ ေကာ့ဆင္းေနသည့္သားေလးကို ကုတင္ေပၚကႏွစ္ေယာက္ၾကား ေစာင္ထဲထည့္ေပးၿပီး
တူတူေရဝါး လုပ္ေနရင္း ကိုဉာဏ့္စကားကိုနားေထာင္ေနလိုက္သည္။
"ေနာက္သုံးရက္ေနရင္ ရၿပီတဲ့....ညီ...."
တခိခိနဲ႕ရယ္ေနသည့္ သားအဖကိုၾကည့္လိုက္ေတာ့ သားက ညီနဲ႕ ေဆာ့ရင္း ကြၽန္ေတာ့္ကိုၾကည့္လာသည္။
"ပါး....ပါး...."
"ဗ်ာ....ဗ်......"
ကိုဉာဏ္ သင္ေပးထားသည့္ ပါပါးေခၚနည္းျဖင့္
ကြၽန္ေတာ္နဲ႕ေဆာ့ရင္းလွမ္းေခၚသည့္ သားေလး။ ျပန္လည္ကာထူးလိုက္ေလသည့္ သူ။ ကြၽန္ေတာ့္အားၿပဳံးလို႔ တစ္ခ်က္ ေမာ့ၾကည့္လာသည္။
ေစာင္ထဲကို သားနဲ႕အတူ ေခါင္းေလးဝင္လိုက္ တူ၊ ဝါး လုပ္နိုင္ႏွင့္ ေဆာ့ေပးေနျပန္၏။ သားေလးကလဲရယ္ေမာေနေလသည္။
ဘယ္ေတာ့ေလာက္မွ မၾကာေတာ့သည့္ ကြၽန္ေတာ္တို႔ဆက္ဆံေရးမွာ ကြၽန္ေတာ့္ဘက္ကသံေယာဇဥ္ေတြ ခိုင္မာသည္ထက္ ခိုင္မာေနေတာ့သည္။ တည္ၿမဲသည္ထက္ ၿမဲၿမံေနေတာ့သည္။ ခက္ေတာ့ခက္သား။
ေဆာ့ေနသည့္ႏွစ္ေယာက္ကိုၾကည့္ေနရင္းပါပဲ သက္ျပင္းမဟုတ္သည့္ ေရပူတို႔ကိုရွိုက္ထုတ္လိုက္သည္။
'ခင္ဗ်ားနဲ႕ကြၽန္ေတာ္က ခြဲခြာၾကရမွာ ကိုဉာဏ္...'
"ေဖ.....ေဖ......"
သားရဲအသံေၾကာင့္ ေတြးေနရင္း ၾကည့္ကာ ၿပဳံးလိုက္ေတာ့
လက္ေလးငါးေခ်ာင္းကိုဆုပ္ကာ လာရန္ေခၚေနသည္။ သားေခၚသည့္အနားသို႔ တိုးကာ ထိုင္ေနသည့္သားေလးနဲ႕ တန္းတူျဖစ္ေစရန္ ခါးကိုင္းလိုက္သည္။ ကိုဉာဏ္ လဲ သားနဲ႕တူတူေဆာ့ေနသည္မို႔ ယခုခ်ိန္တြင္ ႏွစ္ေယာက္က ေခါင္းခ်င္းဆိုင္လုလုတြင္ သားကိုၾကည့္ေနမိသည္။
အနားသို႔တိုးလာသည့္ သားေလးက ဘာလုပ္မည္ေတာ့မသိ။
သိုေသာ္ ကိုဉာဏ့္ ဘက္ကို ေခါင္းလွည့္မိေတာ့ မ်က္ဝန္းခ်င္းဆုံသည္။ ရင္ေတြလဲခုန္သြားသည္။
"ကြၽန္ေတာ္တို႔ခြဲရေတာ့မယ္ေနာ္....ခုပဲေလးလေက်ာ္ၿပီ...."
ပါးျပင္ေပၚက်လာသည့္ သားရဲ႕အနမ္းေလးကို သေဘာတက်လက္ခံလိုက္ၿပီး ျပန္လည္ကာ ဖက္တြယ္နမ္းရွိုက္လိုက္ေတာ့ ႐ုန္းေနသည့္ကေလးငယ္က လူလည္ေလးပင္။
သားေလးကိစၥက ေနာက္သုံးရက္ဆိုသိရၿပီတဲ့လား။
ဒီကေလးေလးကို မိဘမဲ့ေက်ာင္းေတာ့မပို႔နိုင္ေတာ့ပါ။
ကြၽတ္ေတာ့္ေသြးေတြလည္ပတ္စီးဆင္းေနသလို ဆုံးရႈံးရခါနီးသိသည့္အသိ၊ စိုးရိမ္မႈႀကီးနဲ႕အတူ သားေလး အနားမွာမရွိနိုင္ေတာ့ဘူးလားဆိုသည့္ အေတြးကသိပ္ေၾကာက္ဖို႔ေကာင္းသည္။
ကိုဉာဏ့္သားမဟုတ္ပါေစနဲ႕ဆုေတာင္းပါသည္။
ဒီသံေယာဇဥ္ေသးေသးေလးနဲ႕ အမွတ္တရေတြကို သားေလးကိုျမင္တိုင္း အမွတ္ရေနခ်င္သည္။
'ကြၽန္ေတာ္က အခုတစ္မ်ိဳးေတာ္ၾကာတစ္မ်ိဳးနဲ႕ ပေလာင္းပလဲေျပာတတ္တယ္ေနာ္....
ဟဟ.......ယဥ္ယဥ္ေလးနဲ႕႐ူးေနၿပီထင္ပါရဲ႕.......'
ေတြး
၆၉၂၀
တို႔ေရးထားတဲ့ တို႔ Wallထဲက Completed Ficေလးေတြကိုလဲ အခ်ိန္ရလို႔ အားရင္ Stay Home မွာ
ဖတ္ေပးၾကပါဦးလို႔.....
တစ္သ်ႉးေတာ့ေဆာင္ေနာ္ 😅
ေစ်းဗန္းခင္းပါရေစ.....😍😇
.....................