He & Me - သူရယ် ကိုရယ် (Compl...
By AYuMi2091
1M 92.1K 5.1K
ဂေါ်လီ့သားက ဂေါ်ပြီးသား........ More
AN
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Part - 43
Part - 44
Part - 45 (Unicode)
Part - 45 (Zawgyi)
Part - 46 (Unicode)
Part - 46 (Zawgyi)
Part - 47 (Unicode)
Part - 47 (Zawgyi)
Part - 48 ( Unicode)
Part - 48 (Zawgyi)
Part - 49 (Unicode)
Part - 49(Zawgyi)
Part - 50(Unicode)
Part - 50 (Zawgyi)
Part - 51 (Unicode)
Part - 51(Zawgyi)
Part - 52 (Unicode)
Part - 52 (Zawgyi)
Part - 53(Unicode)
Part - 53 (Zawgyi)
Part -54(Unicode)
Part - 54 (Zawgyi)
Part - 55(Unicode)
Part - 55 (Zawgyi)
Part - 56(Unicode)
Part - 56 (Zawgyi)
Part - 57 (Unicode)
Part - 57 (Zawgyi)
Part - 58 (Unicode)
Part - 58 (Zawgyi)
Part - 59 (Unicode)
Part - 59 (Zawgyi)
Part - 60 (Unicode)
Part - 60 (Zawgyi)
Part - 61 (Unicode)
Part - 61 (Zawgyi)
Thank you Note
Thank you Note (Zawgyi)
Extra
Extra (Zawgyi)
Extra - II
Extra II (Zawgyi)
Extra III (Unicode)
Extra III (Zawgyi)
Extra IV (U & Z) ❌🚫
Special Extra
Part - 29
11K 1.3K 147
By AYuMi2091
တံခါးကိုသော့နဲ့ဖွင့်နေသံကြားလိုက်ရပြီး လော့ခ်ပွင့်သံကြားလိုက်ရသည်။ အိပ်ချင်ယောင်ဆောင်နေလိုက်ပါသည်။
ဘယ်သူဆိုတာ မပြောပဲလဲသိနေပါ၏။ ​ပြန်လာပြီလားဟုဆိုကာ ဖလှဲတကင်း မနှုတ်ဆက်ချင်သည်ကြောင့် ငြိမ်နေလိုက်သည်။ မွေ့ယာအိခနဲနိမ့်ကျသွားကာ စောင်ကိုပါ လစ်ဟဖွင့်လိုက်သည့် သူ့ကြောင့် လူကအေးသွားရသည်။
ဒီလူမနက်လင်းနေပြီကို ဝင်အိပ်ဦးမလို့လား။
"ညီ...နိုးပြီလား....."
နှုတ်ဆက်လိုက်ခြင်းအား တစ်ချက်ကလေးသာလှည့်ကြည့်လာပြီး ခေါင်းငြိမ့်ပြကာ ရေချိုးခန်းဝင်သွားသည့် ညီကလည်း ညဝတ်အကျီမဟုတ်သည့် မနေ့ညခင်း ပွဲတွင် ဝတ်ထားသည့်အဝတ်အစားများနှင့်ပင်။ ဂရုစိုက်မနေတော့ပါ။သူ့ဘာသူ ဘာပဲဝတ်ဝတ် ကိုယ်နဲ့မဆိုင်လေသည်မို့ ခပ်အေးအေးသာနေလိုက်တော့သည်။
ညကပြန်ရောက်တည်းက အဝတ်အစားပင်မလဲချင်၍
ဒီအတိုင်းသာအိပ်ပစ်လိုက်တော့သည်။ အိပ်မပျော်၍ လူးလှိမ့်နေခြင်းဆိုပိုမှန်မည်။မနက်လင်းခါနီးမှ မှေးခနဲအိပ်ပျော်စဥ် ကိုဉာဏ် အိမ်ပြန်ရောက်လာခြင်းပေ။
သွားတိုက်နေရင်း ကိုဇေ့ ကိုမြင်ယောင်လာပြီး ကိုဇေပြောခဲ့သောစကားများ နားထဲကြားယောင်လာတော့ သက်ပြင်းမောကို ချလျက် မျက်နှာသစ်၊ သွားတိုက်ကာ အဝတ်လဲပြီး မနက်ခင်း လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ရန် ပြင်လိုက်ရတော့သည်။
'ကိုဇေ လာမှလာပါ့မလား.....'
............
အိမ်ရှေ့ရောက်နေသည်မို့ ကိုဇေ့ အိမ်ထဲဝင်လိုက်သည်။
ညကကိစ္စကိုလည်း မဖြစ်ခဲ့ဖူးဟုသာတွေးလိုက်ပါမည်။
မတော်တဆဖြစ်သွားခြင်းမှာ ကျွန်တော်လဲ​စိတ်ရှုတ်ထွေးကာ လုပ်မိလုပ်ရာလုပ်လိုက်ပြီး ငြိမ်နေမိ၍ ရှေ့တိုးလာသည့် ကိုဇေ။ ကျွန်တော့်ထက်ကောင်းသေသာ သူကိုတွေ့နိုင်မှာပါ။
ညီအကိုတွေလို ၊ သူငယ်ချင်းတွေလိုပဲနေကြတာကောင်းသည်မဟုတ်လား။ ဖြူဖြူစင်စင် သံယောဇဥ်နဲ့ တစ်ယောက်အပေါ်တစ်ယောက် ဂရုစိုက်ကာ သွားအတူ၊လာအတူ၊ စိတ်တူ၊ ကိုယ်တူ သူငယ်ချင်းစည်းက ပျော်ဖို့ပိုကောင်းပါသည်။
ချစ်မိရင်၊နာကျင်ပြီး၊အမြဲတစေပူပန်နေရသည်မဟုတ်လား။
ချစ်မိရင် နာကျင်ရပါ၏။ ယောကျာ်း
တွေကမကောင်းပါ။ ကျွန်တော့်ကိုသာကြည့် ကိုဇေ့လိုချစ်တတ်သူကို ပလစ်ရက်တဲ့ ဂေါ်လီ့သား။ ရူးသွားလေပါပြီ။
"ညီသုလေး......မင်း ရဲ့ ကိုဇေကြီး အိပ်နေတုန်း
သွားနှိုးမလား...."
ခေါင်းငြိမ့်ပြပြီး အပေါ်ထပ်သို့တက်ကာ ကိုဇေ့ အခန်းရှေ့ရောက်တော့ တံခါးခေါက်ရန်ပြင်စဥ် လက်တွန့်ရလေပြီ။
'တွေ့လား...အချစ်နဲ့ဆိုတာကြီးလဲရောက်လာရော
စည်းတွေ ဘောင်တွေနဲ့ဖြစ်ကုန်ရော.....'
သက်ပြင်းကိုချပြီး ဘာမှမရှိခဲ့၊မဖြစ်ခဲ့သလိုတွေးလျက်
တံခါးခေါက်လိုက်သည်။
ညက စိတ်အလိုလိုက်ကာ ညီ့အပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်ရန်ပြင်စဥ် အော်မြည်လာသည့်ဖုန်းသံနှင့်အတူ ရှောင်လွှဲသွားသည် ညီ့ အကြောင်းကို အိမ်ရောက်စဥ်တည်းကတွေးနေမိသည်။ ကျွန်တော်မှားသွားသည်လားလဲ မပြောတတ်ပေ။ ညီစိတ်ဆိုးသွားသည်လားလဲမသိတာ့​ချေ။ လှည့်ထွက်သွားလေသည့် ညီက ကားကိုမောင်းကာ အိမ်ပြန်သွားသည်။ ဘယ်သူခေါ်သည့်ဖုန်းလဲတော့မသိသော်လည်း
ညီ့ စိတ်ကိုတော့ ကျွန်တော်သိလိုက်ပြီး ရင်ထဲဘာတွေဖြစ်နေကာ ဘယ်သူရှိနေပြီလဲဆိုတာပါ သိလာလေပြီ။
'မင်းပင်ပန်းတော့မယ် ညီရယ်........'
လေပူတစ်ချက်မှုတ်ထုတ်ကာအသက်ကိုခပ်ဖွဖွရှူရင်း....
"ကိုယ်မင်းရဲ့မျက်ရည်တွေသုတ်ပေးနိုင်ဖို့ အနားမှာတော့ရှိချင်ပါတယ်....... ညီသာ ခွင့်ပြုမယ်ဆိုရင်ပေါ့......"
အခန်းထဲ၌ညီခေါက်ပေးထားသည့် ကြယ်ဗူးအပြာနုရောင်လေးကို ငေးကာ ခပ်ဆွေးဆွေးလေးဆိုမိသည်။
'ဒေါက်...ဒေါက်...'
"လော့မချထားဘူး မမ......"
"ဟယ်လို....."
ခန်းတံခါးလေးဖွင့်ကာ ခေါင်းလေးထွက်လာပြီး တာ့တာလုပ်ပြနေသည့် ညီ့ကိုတွေ့လိုက်ရသည်မို့ ခေတ္တမျှကြောင်သွားကာ ရယ်လိုက်မိပါသည်။
"ထတော့လေဗျာ....လမ်းလျှောက်ကြမယ်လေ
ကျွန်တော်တစ်ယောက်တည်းပျင်းတယ်...."
ညီက ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေလိုက်သည်လား။
'ကိုယ်.......'
"ကျွန်တော့်အကိုကြီးကိုဇေက ငပျင်းပါလား.....
ကျွန်တော့်မှာလေ အကိုတွေ၊အမတွေမရှိတော့
ကိုဇေနဲ့မမကို အကိုရင်စ၊အမရင်းတွေလို သိပ်ချစ်တာ...."
ကုတင်ဘေးခုံပေါ်တွင်အလှဆင်ထားသည့် မီးဆိုင်းလေးများနဲ့ ကြယ်ဘူးလေးတချို့၊ ပြီးတော့ ညီနဲ့ကျွန်တော်တို့အုပ်စုလိုက်ပုံနဲ့ ပြေးနေသည့်ညီ့ပုံလေးကို ရိုက်ထားသည့် ကျောပြင်လေးအား မှန်ဘောင်သေးသေး photo standလေးများနဲ့ထည့်ထားသည်ကို ကြည့်နေလေသည်။
"အဲ့တော့ ညီသုဆိုတဲ့ ညီအလ်ိမ်အမာလေးကို
မုန့်ဝယ်​ ကျွေးနော်နော်....."
တစ်ဖက်သို့ဖြတ်ခနဲလှည့်ကာ ကိုဇေ့ကိုကြည့်လျက် ပြုံးရယ်ပြီး လိုချင်တာပူဆာနေသည့် ကလေးငယ်လေးတစ်ယောက်လို တောင်းဆိုသလိုလိုလေးပြောလိုက်တော့ မပြုံးချင်ပြုံးချင်နဲ့ကို အားတင်းကာပြုံးပြလာသည့် ကိုဇေ့ ကိုကြည့်ကာ စိတ်ထဲတော့မကောင်းပေ။ ကျွန်တော်တကယ် ကိုဇေ့ကိုမချစ်သလို အချစ်ဆိုတာ ဘယ်လိုပုံစံ၊ ဘယ်လိုလက္ခဏာ ၊ ဘယ်လိုအပြုအမူတွေရှိသည်မသိပါ။
တချို့ကပြောတယ် ရင်ခုန်ရင်အချစ်တဲ့လေ။
ကျွန်တော် ကိုဉာဏ် နဲ့တွေ့ရင်တော့ ရန်တုန်တယ်။
"ညီ....သွားရအောင်လေ....."
ကိုဇေနဲ့အတူလမ်းလျှောက်ထွက်ရင်း အပြေးပြိုင်ကြသည်။
အရင်နေ့ကလိုပါပဲ ပန်းခြံထိပ်ဝင်ကာ လေ့ကျင့်ခန်းလုပ်ရင်း
အကြောလျော့ပြီး စျေးထဲပတ်ကာမုန့်စားဖြစ်သည်။
ထုံစံအတိုင်းပေါ့ ပါဆယ်သယ်ရလေသည်က ကိုဉာဏ့်အတွက်ပင်။
.....
အလုပ်ရှင်နဲ့အလုပ်သမားဆက်ဆံရေးအတိုင်းသာနေဖို့ ဆုံးဖြတ်လိုက်သည်။ ညီနဲ့ကျွန်တော့်ရဲ့ ခင်မင်မှုတွေကို လျော့ချသင့်ပြီထင်သည်။ ရင်းနှီးရာကနေ သံယောဇဥ်ဖြစ်ကြပြီး ခင်မင်မှုတိုးလာတော့ ငယ့်မှာ ကျွန်တော့်အတွက်သောကတွေတိုးပြီး အမြဲစိုးထိတ်နေရသည်မဟုတ်လား။
ငယ် က ကျွန်တော့်ချစ်သူ။ လက်ထပ်ဖို့အထိကို ရည်ရွယ်ခဲ့သူ။ အချစ်နယ်ကို ဟိုးချောက်ကမ်းပါးအထိအတူတကွ ငယ့်လက်ကိုတွဲ ခုန်ချကာ၊ ပတ်ဝန်းကျင်ဆိုတဲ့ ရေခဲတောင်တွေ၊မီးပင်လယ်တွေကိုလဲ ဖြတ်ခဲ့သူ။ ငယ်ကျွန်တော့်အတွက် မိဘတွေနဲ့အတိုက်အခံလုပ်လို့ ပြသနာတွေတက်ခဲ့သူ။
ကျွန်တော့်ရည်းစားဟောင်းတွေရဲ့ ပြသနာရှာမှုတိုင်းကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ သည်းခံပေးခဲ့သူ။
ကြက်ဥကိုကြော်ရင်း သက်ပြင်းချလိုက်ပြီး ပန်းကန်ထဲထည့်ကာ စားပွဲပေါ်တင်လိုက်သည်။ ဒေါ်ကြီးလာချပေးသည့် နို့ခွက်ကိုကိုင်ကာ မော့သောက်လိုက်ရင်း ကြက်ဥကြော်စားနေလိုက်သည်။
"ကိုဉာဏ် စားနေပြီလား....ခေါက်ဆွဲသုပ်ဝယ်လာတယ်...."
အိမ်ထဲရောက်ရောက်ချင်းမှာပဲ ထမင်းစားခန်းကိုပြေးလိုက်ပါသည်။ ညကပြသနာကလည်း ကိုဉာဏ် နဲ့ပြောစရာကြီးက ကြီးကြီးမားမားမဟုတ်ခဲ့ပေ။ ဘယ်သူမှလည်း နန္ဒမိုးနေကိုသတိမထားမိသလို အကျယ်အကျယ်လဲပြသနာမဖြစ်ခဲ့သည်မို့ ကျွန်တော့်ဘက်ကပဲ လျော့လိုက်ပါမည်။
"ငါစားပြီးပြီ....."
လူကိုတစ်ချက်လေးမကြည့်ပါပဲ ရှေ့မှတစ်သျှူးတစ်ရွက်ကိုယူကာ ပါးစပ်ကိုသုတ်လို့ပန်းကန်ထဲထည့်ပြီး ထ ထွက်သွားရန်ပြင်နေသူ၏ လက်ကို လှမ်းဆွဲကာ ထွက်နေသည့်ဒေါသကိုမြိုချပြီး ခပ်တည်တည်ပင် ခေါက်ဆွဲထုတ်ကို လေပေါ်မြှောက်ပြလိုက်သည်။ ဖော့ဘူးလေးနဲ့ကို သေသေချာချာဝယ်လာခဲ့သည်ကို ထိုလူက စေတနာအားစော်ကားနေပါ၏။
"ဒါက ဘာလုပ်ရမှာလဲ......"
ထထွက်သွားသည်ကိုပင် လက်လာဆွဲသည့် ညီ့ နဲ့မျက်နှာချင်းဆိုင်ဖြစ်နေသည်မို့ ကြည့်လိုက်တော့ ဖော့ဘူးနဲ့
သူပြောသည့်အသုပ်ဆိုတာပင်။ ရင်ထဲမှာမောနေသည် မပြောရက်သော်လည်း ကျွန်တော်ပြောမှရမည်။ ညီနဲ့ကျွန်တော်က အချိန်တန်ရင် ခွဲကြရမည်မဟုတ်လား။
ဒီ့ထက်မက ခင်တွယ်လို့ သံယောဇဥ်ပိုလာကြလျှင် သူရော၊ကျွန်တော်ရောအတွက်မကောင်းနိုင်ပေ။
'ဒီနေရာကပဲ လမ်းခွဲ​ကြစို့..... '
"မင်းပြောနေကြအတိုင်း ခွေးကျွေးလိုက်လေ...ပြီးရင်
ကျေးဇူးတင်စကားနားထောင်လိုက်ပေါ့........"
ပြောချင်ရာပြောပြီး ကျောခိုင်းထွက်သွားသည့် ကိုဉာဏ့်ကျောပြင်ကို ကြည့်ပြီး ဒေါသထွက်သည်ဆိုတာထက် ငိူချင်လာသည်ဆိုပိုမှန်ပေမည်။ တကယ်ကိုပင် ဝမ်းနည်းသွားရသည်။ ကျွန်တော်ကစိတ်မဆိုးရလေပဲ သူကစိတ်ဆိုးနေသည့်တိုင် ကိုဉာဏ့်ကိုစိတ်ဆိုးအောင် ဘာလုပ်မိသည်လဲ။
"မစားနေပေါ့ဟာ....ငါ့ဟာ ငါပဲစားမယ်....."
ထိုင်ခုံကိုဆွဲကာထိုင်လိုက်ပြီး ဖော့ဘူးကိုအိတ်ထဲကထုတ်ကာ တူကိုပလက်စတစ်ထဲကဖောက်လို့ ခေါက်ဆွဲတွေကို နှံ့အောင်နယ်လိုက်သည်။
"စားလို့ကောင်းလိုက်တာ.....အလကားလူ၊ အပေအတေကောင်၊ ငဖယ်တွေ၊အကြော်တွေနဲ့ လူလိုသူလိုဝယ်လာပေးတာကို လူစာနဲ့မတန်တဲ့ မြက်ပဲစားသင့်တဲ့ နွားလိုကောင်....."
ကျလာသည့်မျက်ရည်တွေကို တူကိုင်ထားသည့် လက်ခုံနဲ့သုတ်လိုက်ရင်း ခေါက်ဆွဲသုပ်ကို ပါးစပ်ထဲထည့်ကာ ပလုတ်ပလောင်းဝါးနေလိုက်သည်။ ကျွန်တော်စားခဲ့သည့်ဟာထက် ဒီဟာကပိုအရသာရှိနေသည်။ ကျနေသည့် နှာရည်တွေကလည်း သုတ်မနိုင်သည်မို့ ပါးစပ်ထဲတွေလဲ ဝင်လို့ ဒါကြောင့် ပိုစားကောင်းနေတာဖြစ်ပေလိမ့်မည်။
ညီသု မျက်ရည်နဲ့ရောသည့် အစားအစာက စားရခဲသည်မို့ နတ်သုဒ္ဓါနဲ့မလဲနိုင်ပေ။
...............
အဖွားနဲ့ဒေါ်လေးထိုင်နေသည်မို့ အိမ်ပေါ်ထပ်မှဆင်းလာကာ ကိုင်ထားသည့် ခရီးဆောင်အိတ်ကို ဧည့်ခန်းတွင်ချလိုက်ပြီး
ဝင်ထိုင်လိုက်သည်။ ဘယ်သွားဖို့ပြင်နေကြသည်မသိ နှစ်ယောက်လုံး လှပလို့ပင်။
"အဖွား.... ကျွန်တော်သူငယ်ချင်းတွေနဲ့ ဒီညပဲခရီးသွားမလို့... တစ်ပတ်လောက်ပေါ့....."
ပြုံးပြလာသည့်အဖွားက ခေါင်းငြိမ့်ပြလေသည်။
"မင်းရဲ့အတွင်းရေးမှူးကို သေချာလွှဲခဲ့တယ်မဟုတ်လား...."
"မှာခဲ့ပါတယ် အဖွား....."
"အေးအေး...ဂရုစိုက်ဦး.... တစ်ခုခုလုပ်မယ်ဆို သေချာစဥ်းစားပြီးမှ ဆုံးဖြတ်နော်....အဝေးမှာဆိုတော့ လမ်းခရီးစိတ်ပူလို့ပါ....."
'မင်းလည်တာ ငါအိပ်နေသလောက်ပါ ငါ့မြေးရယ်....'
ဉာဏ်သု ဘယ်သို့သွားမည်ကို သိနေသည်မို့ ထိုသို့ပြောလိုက်ခြင်းပေ။ ညကလည်းနှစ်ယောက်လုံးပြန်မလာကြပါပဲ
ပွဲခင်းထဲဖြစ်ပျက်သမျှအကြောင်းအရာတို့ကို အစအဆုံးဖုန်းဆက်ပြောပြသည့် ယွန်းနဲ့ပိုး ကြောင့် အားလုံးသိပြီးသားပေ။ ဟိုကောင်လေး ဘာတွေမျက်ရည်ခံထိုးသည်မသိ။
ချက်ချင်းဆိုသလို ညီသုလေးအပေါ်သွေးအေးကာ အေးစက်စက်နိုင်သွားပြီး မနက်ကလည်း ငိုနေရင်းအသုပ်ထိုင်စားနေသည့် ညီသုကို ငိုရမလို၊ရယ်ရမလိုရုပ်နဲ့ ကြည့်နေမိတော့သည်။
လုပ်ချင်ရာလုပ်ပါစေ....နန္ဒမိုးနေနဲ့တော့ ဘယ်လိုမှသဘောမတူသလို....ညီသုနောင်ဆိုတဲ့ ကောင်လေးကိုလဲမထွက်သွားခိုင်းပါ.... သုနောင်လေးက ထွက်သွားချင်ပြီဆိုလျှင်တောင်
ချော့မော့ကာပြောကြည့်ပြီး ဆွဲထားပါပေဦးမည်။
အဲ့ကလေးလေးက လူပါးနပ်ပြီး လူယဥ်ကျေးလေးပင်မို့
အဖွားဖြစ်သူ ကျွန်မတော့ချစ်သည်။
'အိမ်ကနွားသာ ကန်းနေသည်မို့
ညီသုလေး၏ အချစ်ကိုမမြင်ချင်းပေ'
..............
ဖုန်းကိုမကိုင်မချင်း တရစပ်မနားတမ်းခေါ်နေသည်မို့ ဖုန်းပိတ်လိုက်သော်လည်း အိမ်ဖုန်းကိုခေါ်ပြန်သည်။ ထိုလူဆိုသည်ကို သိနေသည်မို့ တစ်ခါတည်း ကြိုးပါဖြုတ်လိုက်သည်။ တံခါးကိုအခန်းရှေ့ကနေ တဒန်းဒန်းနဲ့ထုနေလေငည်မို့ ပတ်ဝန်းကျင်အားနာရသည်ကြောင့် ဖွင့်ပေးရလေတော့မည်။ Security ခေါ်ရန်တွေးလိုက်သော်လည်း ကိုကိုသာ ဒီကိစ္စကိုသိလျှင်ဆိုပြီး အတွေးတို့ဝင်လာသောအခါ ကိုယ်တိုင်ပဲ ထွက်တွေ့ရလေမည်။
"ခင်ဗျား....ဘာလဲ...."
"အိမ်ထဲတောင်မဝင်ခိုင်းဘူးလား အသဲလေးကလဲ.."
ရင်ဘတ်နဲ့ရင်ညွန့်ပေါ်လာရောက်တို့ထိ ပွတ်သပ်နေသောလူရဲ့လက်တို့ကို ဖြတ်ရိုက်လိုက်သည်။
"စိတ်ကြီးပဲကွာ....ကိုယ့်ယောကျာ်းကို...."
"ခင်ဗျား....."
စိတ်ကိုအတတ်နိုင်ဆုံးထိန်းကာ လေပူတစ်ချက်ကို ခပ်တိုတို၊ခပ်ပြတ်ပြတ် ထုတ်လွှင့်လိုက်ရ၏။
"ခင်ဗျားဘာလာလုပ်ပြန်တာလဲ...ဘာလိုချင်လို့လဲ...."
"သတိရလို့ပါ...."
"သေလိုက်....."
"မင်းနဲ့ထပ်ပြီး....**ckချင်တယ်...."
လှမ်းရိုက်လာသည့်လက်ဝါးကို ခပ်ပြုံးပြုံးနဲ့ကိုင်လိုက်ပါသည်။ ဒီကောင်လေးကိုစရခြင်စမှာ ပျော်ဖို့ကောင်းပါ၏။ မျက်ဝန်းထောင့်မှမြင်လိုက်ရသည့် လူရိပ်မှာ ဉာဏ်သုဖြစ်နေသည်မို့ နန္ဒမိုးနေရဲ့လက်ခုံအား ဖမ်းဆွဲကာ နမ်းရှိုက်လိုက်သည်။ပြီးနောက် ထိုဒေါသအိုးအသေးလေးကို အဲ့နေရာတင်ပဲထားခဲ့ရင်း
"မင်းရဲ့ကိုကိုလာနေပြီ...."ဟုဆိုလိုက်ရာ
ထိုးရန်ပြင်နေသည့် ကောင်လေး ခေတ္တငြိမ်သွားလေ၏။
ဒေါသတို့မြိုချနေကာ ရုပ်တည်ဖြင့်​ကြည့်​လာလေသည်။ တဟားဟားရယ်ကာ တည်တည်ငြိမ်ငြိမ်ပြုံးပြလိုက်ပါသည်။သူလေးအား နမ်းလိုက်​ခြင်းအကြောင်းကို ဉာဏ်သု မြင်ရန်ရည်ရွယ်ပါသည်။။
ဓာတ်လှေကားထဲရောက်တော့ ဖုန်းကိုထုတ်ကာ နံပါတ်တစ်ခုကိုဆက်သွယ်လိုက်သည်။
"ဉာဏ်သုကတော့ ကိုယ့်ကိုမြင်သွားတာပါပဲ......
ကဲ....ငွေလွှဲလိုက်တော့ဗျာ...တာဝန်ကျေတယ်မဟုတ်လား...."
တစ်ဖက်မှကျေကျေနပ်နပ်ကြီးကိုရယ်လျက် ဖုန်းချသွားလေ၏။  နှာဖျားလေးကိုလက်နဲ့ခပ်ဖွဖွပွတ်ပြီး ကိုယ်လုပ်ခဲ့သမျှအလုပ်ကို ဂုဏ်ယူ၍မဆုံးပေ။
နန္ဒမိုးနေကို ထိုးချဖို့တဲ့လေ ပထမကလဲ ဗီဒီယိုအတုလုပ်ကာ
ကျွန်တော့်ကိုသရုပ်ဆောင်ခိုင်းသည်။ လက်ဖျားနဲ့ကိုမထိခဲ့ပါ သို့သော်လည်း မေ့ဆေးကြောင့် ထိုကောင်လေးကတော့
သူ့ကို တခုခုလုပ်ခဲ့သည်လို့ ထင်နေလိမ့်မည်။ မေ့ဆေးကလည်း ၂ရက်လောက်အိပ်နိုင်သည့်အရာမို့ ထိုကောင်လေးတစ်ခုခုဖြစ်ခဲ့သည်ဟု တွေးကောင်းတွေးနေမှာပင်။
ပိုက်ဆံရရင်အကုန်လုပ်ပါ၏။ သူများသားသမီးကို
ဖျက်ဆီးပြီး ချီးစားပြဆိုတာကလွဲရင် အကုန်လုပ်ပါသည်။
ဟား....ဟား........သဘောတကျ
ရယ်ကာ ဓာတ်လှေကားထဲမှ ထွက်လိုက်ချိန် ကောင်လေးတစ်ယောက်နှင့် တိုက်မိသည်။
ဆံပင်အစိမ်းရောင်အရှည်လေးကို ခပ်မြင့်မြင့်စီးထားပြီး အကျီအစိမ်းနုလေးနဲ့ ဖြူသည်မဟုတ်သော ဝါဝါညက်ညက်အသားလေးပိုင်ရှင်။ အားနာသွားကာခေါင်းလေးငုံ့ပြပြီး
တောင်းပန်သယောင်လုပ်သွားသည့်ကောင်လေးကို ငေးနေမိပါ၏။ ဓာတ်လှေကားတံခါးကြီးပိတ်ကာ ကောင်လေးပျောက်သွားသည်အထိပင်။
လူသားလား...?
နတ်သားလား....?
Tomboyလေးလား...?
"ကိုယ်​တော်ကယ်တင်တော်မူပါ...ရင်တွေခုန်နေခြင်းမှ ဝေးရာဆီသို့ ဆောင်မတော်မူပါ။ အာမင်။ "
ဓာတ်လှေကားရှေ့တွင် တစ်ယောက်တည်းယောင်နနနဲ့ ဘုရားတနေသည့် ကောင်လေးတစ်ယောက်မှာလည်း
ခရစ်ယာန်အယူအဆများနဲ့ ရင်ဘတ်ဖိကာ ဆုတောင်းနေသည်ကို
ဓာတ်လှေကားထဲဝင်သွားသည့် ကောင်လေးကတော့မသိရှာပေ။
တွေး.....
၁၉၂၀
Upပေးလိုက်ပါပြီ.....ဟီး.....
ဇာတ်ကအရမ်းအေးနေလားဟင်🙄
ညကျထပ်Upမယ်နော်....
...........
Zawgyi.....
"ညီ...နိုးပြီလား....."
'ကိုဇေ လာမှလာပါ့မလား.....'
............
ချစ်မိရင် နာကျင်ရပါ၏။ ယောကျာ်း
သွားနှိုးမလား...."
တံခါးခေါက်လိုက်သည်။
'ဒေါက်...ဒေါက်...'
"လော့မချထားဘူး မမ......"
"ဟယ်လို....."
'ကိုယ်.......'
"အဲ့တော့ ညီသုဆိုတဲ့ ညီအလျိမျအမာလေးကို
"ညီ....သွားရအောင်လေ....."
အကြောလျော့ပြီး ဈေးထဲပတ်ကာမုန့်စားဖြစ်သည်။
.....
"ငါစားပြီးပြီ....."
"ဒါက ဘာလုပ်ရမှာလဲ......"
...............
"မှာခဲ့ပါတယ် အဖွား....."
..............
"ခင်ဗျား....ဘာလဲ...."
"ခင်ဗျား....."
"သတိရလို့ပါ...."
"သေလိုက်....."
ဟား....ဟား........သဘောတကျ
လူသားလား...?
နတ်သားလား....?
Tomboyလေးလား...?
တွေး.....
၁၉၂၀
Upပေးလိုက်ပါပြီ.....ဟီး.....
ညကျထပ်Upမယ်နော်....
Continue Reading
You'll Also Like
5.3M 478K 98
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
28.9K 1.3K 28
"မောင့်ရဲ့ဆည်းလည်းလေး" လင်းရောင်
2.6K 177 9
The story revolves around a business tycoon, Prithwi Pirapat . Everything was okay until one of his employees died mysteriously. He has to go out of...
987K 30.5K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...