ငါက မင္းအတြက္ ဘယ္သူလဲ?
လက္ထပ္ၿပီးကတည္းက လုတစ္ေယာက္ ဘယ္ေတာ့မွ ေခ်ာင္နဲ႔အတူ ေနရာမေျပာင္းခဲ့ဘူးပါ။
ဒါက ပမထဆံုးအႀကိမ္သာ။
ေခ်ာင့္အတြက္ မိန္းမတစ္ေယာက္ရဲ႕ အလိုလိုသိျခင္းကေန လုဟာ သူမကို ဇာတ္ၫႊန္းအတြက္ ေခၚျခင္းမဟုတ္ေၾကာင္းသိခဲ့ေပမယ့္ သူဘာေၾကာင့္ေခၚသလဲကို သူမ အစေဖာ္မရခဲ့ေပ။
ေဟာ္တန္းအခန္းထဲကို ေၾကာက္ေၾကာက္ျဖင့္ ျပန္သြားၿပီး ဇာတ္ၫႊန္းကို ဆြဲယူၿပီး ဓာတ္ေလွကားထဲ ဝင္၏ ။
အနီေရာင္နံပါတ္ေတြကို ျမင္တဲ့အခါ အရင္တစ္ခါက လုအခန္းထဲကို ဇာတ္ၫႊန္းသြားေပးတဲ့အခ်ိန္ကို သူမ မွတ္မိခဲ့သည္။
သူ သူမကို အၿပီအျပင္ႏွိပ္စက္ခဲ့သည့္ျမင္ကြင္းမ်ားကို မွတ္မိခဲ့ၿပီး အသားတုန္တက္ေၾကာက္ရြံ႔မိႏိုင္သည္မွတစ္ပါး ဘာမွမတတ္ႏိုင္ပါ။
ဓာတ္ေလွကားပြင့္ၿပီး ေခ်ာင္ တိတ္ဆိတ္ေနတဲ့ေကာ္ရဒါတစ္ေလ်ာက္ လမ္းျဖတ္ေလ်ာက္လာသည္။
လုအခန္းေ႐ွ႕ေရာက္ေသာ္ ဇာတ္ၫႊန္းကို က်စ္က်စ္ညႇစ္ၿပီး ခဏရပ္ေနသည္။
အခန္း ၁၀၀၁ေ႐ွ႕မွာ ေခ်ညင္ သက္ျပင္းႀကီးႀကီးခ်ၿပီး လက္ေခ်ာင္းတုန္တုန္နဲ႔ ဘဲလ္ႏွိပ္၏ ။
လု ဘဲလ္တီးတာ ၾကားခဲ့ေပမယ့္ တံခါးလာမဖြင့္ေပးဘဲ စားပြဲခံုနားကို လမ္းေလ်ာက္သည္။
သူ႔ဇာတ္ၫႊန္းကို ကိုင္ၿပီး ေရခ်ိဳးခန္းထဲ သြားၿပီး တံု႔ဆိုင္းမႈမ႐ွိဘဲ သူ႔ဇာတ္ၫႊန္းထဲက စာမ်က္ႏွာ ႏွစ္ရြက္ သံုးရြက္ျဖဲပစ္လိုက္ၿပီး အမိႈက္ပံုးထဲ ထည့္၏ ။
ေရခ်ိဳးခန္းထဲကေန ထြက္ၿပီး ေခ်ာင့္ကိုတံခါးဖြင့္ေပးကာ မိတၱဴကူးဖို႔ ေစာင့္ေနခဲ့သည္။
ေခ်ာင္ဟာ ဘဲလ္ေတြႏွိပ္ေနေပမယ့္ တံခါးေတာ္ေတာ္နဲ႔ မပြင့္လာတာျဖစ္လို႔ လု အထဲမွာမ႐ွိဘူးဆိုၿပီး ထင္မိေစသည္။
စိတ္သက္သာသြားျပီး သက္ျပင္းခ်ေနတုန္း ႐ုတ္တရက္ တံခါးပြင့္လာသည္။
ေခ်ာင့္တစ္ကိုယ္လံုး ေတာင့္တင္းသြားေစ၏ ။
အသက္ဝဝ႐ွဴၿပီး မ်က္လံုးမ်ားက သူမရဲ႕အေ႐ွ႕မွာ ရပ္ေနတဲ့ လုကို႐ွာေဖြဖို႔ အေပၚပင့္ခဲ့ၾကသည္။
သူမ သူ႔ကို ထင္ထင္႐ွား႐ွားမျမင္ခင္ ေခါင္းငုပ္ၿပီး တိုးတိုးေလးေျပာသည္။
"ဆရာလု ကြၽန္မဇာတ္ၫႊန္းကို ယူလာခိုင္းတယ္မလား? တစ္ျခားလိုအပ္တာမ်ား႐ွိမလားဟင္?"
လု ေခ်ာင့္စကားကို ပလစ္ၿပီး တံခါးပိတ္ဖို႔လုပ္သည္။
ေအးစက္စက္နဲ႔ "အထဲဝင္လာ" ဟုေျပာ၏ ။
ေခ်ာင္ သူ႔ကိုေက်ာ္သြားသည့္အခါ တံခါးပိတ္လိုက္သည္။
ေခ်ာင္ သူမကိုယ္လံုးတုန္ေနတာကို မထိန္းခ်ဳပ္ႏိုင္ေပ။
ေျခလွမ္းေတြ ခဏဂပ္သြားၿပီး သူမစိတ္ထဲ ေၾကာက္ေနခဲ့သည္။
သူမရဲ႕ေမးခြန္းကိုထပ္ေမးသည္။
"ဆရာလု တျခားလိုအပ္တာ ႐ွိေသးလို႔လား?"
ေခ်ာင့္ကို ေစာေစာကလို ဆက္ေခ်သည္။
သူ႔ရဲ႕ေခ်မိုးမႈက ေခ်ာင့္ကို အေတာ္ေလး စိတ္ပင္ပန္းရေစသည္။
သူ အေႏွာင့္အယွက္ျဖစ္သြားသည္ဟု သူမခံစားမိလိမ့္မည္။
ခ်က္ခ်င္း သူမေတာင့္တင္းသြားၿပီး သူ သူမကို ထပ္ႏွိပ္စက္ေတာ့မည္ဟု ထင္ခဲ့ေနစဥ္ လုက ခပ္ေအးေအးအသံနဲ႔...
"ငါ့ဇာတ္ၫႊန္းကို ႐ွာလို႔မေတြ႔လို႔ မင္းဇာတ္ၫႊန္းေလးေပး။ မိတၱဴကူးမယ္"
႐ုပ္႐ွင္႐ိုက္ေနစဥ္မွာ သူတို႔က အခန္းတိုင္းအတူတူ႐ိုက္ကူးရသည္။
ထို႔ေၾကာင့္ ဇာတ္ၫႊန္းကလည္း အတူတူပင္။
လုက အလြန္သေဘာေကာင္းစြာေျပာလာတာေၾကာင့္ သူေဒါသမထြက္ေနတာကို ေခ်ာင္သိသြားၿပီး ေမာ့ၾကည္ခဲ့သည္။
ထို႔ေနာက္ မ်က္ေတာင္ပုတ္ခတ္ပုတ္ႏွင့္ သူမတင္းက်ပ္စြာ ကိုက္ထားတဲ့ ဇာတ္ၫႊန္းကို ေပးၿပီးေနာက္...
"ဒီမွာ ဆရာနဲ႔ဇာတ္ၫႊန္းထားခဲ့မယ္ေနာ္။ ကူးၿပီးရင္ ကြၽန္မကို ေခၚလိုက္ပါ...လာယူပါ့မယ္"
လုမ်က္လံုးမ်ားဟာ ေခါင္းငုပ္ေနတဲ့ ေခ်ာင့္ကို စိုက္ၾကည့္လိုက္ၿပီး သူမလက္ထဲက ဇာတ္ၫႊန္းကို ယူရင္း ဧည့္ခန္းထဲက ဆိုဖာစီ လက္ၫႊန္းၫႊန္လိုက္သည္။
"အဲဒီမွာ ေစာင့္ေနေလ"
ေခ်ာင့္ကို အျပင္ထြက္ခြင့္မေပးဘဲ သူ႔အခန္းထဲ ဇာတ္ၫႊန္းယူသြာ၏ ။
ေခ်ာင္ သတိႀကီးႀကီးနဲ႔ ဆိုဖာမွာ ထိုင္သည္။
လုအခန္းတံခါးက ဖြင့္ထားတာေၾကာင့္ စားပြဲခံုေ႐ွ႕မွာ မတ္တပ္ရပ္ၿပီး ဇာတ္ၫႊန္းကို ေမႊေႏွာက္ေနသည့္လုကို ျမင္ခဲ့သည္။
လု စာမ်က္ႏွာတစ္ခ်ိဳ႕ကို ေဟာ္တယ္ရဲ႕ မိတၱဴးကူးစက္ထဲကို ထည့္လိုက္တာေၾကာင့္ စက္က ဆူညံသံေတြကို ေခ်ာင္ၾကားေနရသည္။
စက္က အလိုအေလ်ာက္လုပ္ေနတာျဖစ္လို႔ လုဘာမွဆက္လုပ္စကာမလိုေတာ့ေပ။
ဒါ့ေၾကာင့္ အခန္းထဲကေန ထြက္လာၿပီး ဧည့္ခန္းထဲကို လာသည္။
ေခ်ာင္ မ်က္လံုးေစြၾကည့္သည္။
လုလည္း ေခ်ာင့္ကို ၾကည့္သည္။
ၿပီးေတာ့ သူ႔အတြက္ ဘားေရာက္ေနသည့္အတိုင္း ေခ်ာင့္ကို ေရထည့္ေပးၿပီး ေရခြက္ကို သူမဆီ သယ္လာ၏ ။
သူမလည္း ျမန္ျမန္ တ႐ိုတေသယူလိုက္ၿပီး
"ေက်းဇူးပါ" ဟုေျပာသည္။
လု ေခ်ာင့္ေဘးနားမွာ ဝင္ထိုင္သည္။
စားပြဲေပၚက ရီမုကိုၿပီး တီဗြီအစီအစဥ္တစ္ခုကို ဖြင့္ၾကည့္သည္။
အဲဒါက ေခ်ာင့္အႀကိဳက္ဆံုး အစီအစဥ္တး္ခုျဖသ္ေပမယ့္ သူမေဘးမွာ လု႐ွိေနတာေၾကာင့္ ေၾကာက္လန္႔ေနခဲ့သည္။
ေဘးနားက ထိုင္ေနတဲ့လုဆီက ကိုယ္သင္းရနံ႕ေလးမွာ သူမကို ႐ူးေအာင္လုပ္ေနသည္။
တီဗီြၾကည့္ဖို႔ စိတ္မပါဘဲ ေရေတြကိုသာ လွိမ့္ေသာက္ရင္း စိတ္သက္သာေအာင္ လုပ္ေနမိသည္။
ေခ်ာင့္ေရခြက္ထဲမွာ ေရကုန္သြားတာကို ျမင္ေတာ့ လုကေန...
" ထပ္ယူဦးမလား?"
လုအသံေၾကာင့္ တုန္သြားၿပီး ေခါင္းခါရင္း ခြက္ကို စားပြဲေပၚတင္လိုက္သည္။
မၾကာခင္မွာ သူမလက္ဖဝါးေတြက ေခြၽးစိုလာခဲ့သည္။
သူမေၾကာက္ေနတာကို ေရခြက္ကိုင္ရင္း ဖံုးကြယ္ဖို႔ ႀကိဳးစာေပမယ့္ အခုေတာ့ လက္ဗလာျဖစ္ေနေလၿပီ။
သူမလုပ္ႏိုင္တာ သူ႔ေဘးမွာ ခံစားခ်က္မ႐ွိဘဲ ထိုင္ေနရံုသာ။
ျကာျကာထိုင္ေလ သူမကိုယ္လံုးက ပိုပို ေတာင့္တင္းလာေလ။
ေနာက္ဆံုးမွာ သူမကိုယ္ဟာ ေက်ာက္႐ုပ္ပမာ ေျပာင္းသြားေတာ့မည့္အတိုင္း။
ငါက မင်းအတွက် ဘယ်သူလဲ?
လက်ထပ်ပြီးကတည်းက လုတစ်ယောက် ဘယ်တော့မှ ချောင်နဲ့အတူ နေရာမပြောင်းခဲ့ဘူးပါ။
ဒါက ပမထဆုံးအကြိမ်သာ။
ချောင့်အတွက် မိန်းမတစ်ယောက်ရဲ့ အလိုလိုသိခြင်းကနေ လုဟာ သူမကို ဇာတ်ညွှန်းအတွက် ခေါ်ခြင်းမဟုတ်ကြောင်းသိခဲ့ပေမယ့် သူဘာကြောင့်ခေါ်သလဲကို သူမ အစဖော်မရခဲ့ပေ။
ဟော်တန်းအခန်းထဲကို ကြောက်ကြောက်ဖြင့် ပြန်သွားပြီး ဇာတ်ညွှန်းကို ဆွဲယူပြီး ဓာတ်လှေကားထဲ ဝင်၏ ။
အနီေရာင်နံပါတ်တွေကို မြင်တဲ့အခါ အရင်တစ်ခါက လုအခန်းထဲကို ဇာတ်ညွှန်းသွားပေးတဲ့အချိန်ကို သူမ မှတ်မိခဲ့သည်။
သူ သူမကို အပြီအပြင်နှိပ်စက်ခဲ့သည့်မြင်ကွင်းများကို မှတ်မိခဲ့ပြီး အသားတုန်တက်ကြောက်ရွံ့မိနိုင်သည်မှတစ်ပါး ဘာမှမတတ်နိုင်ပါ။
ဓာတ်လှေကားပွင့်ပြီး ချောင် တိတ်ဆိတ်နေတဲ့ကော်ရဒါတစ်လျောက် လမ်းဖြတ်လျောက်လာသည်။
လုအခန်းရှေ့ရောက်သော် ဇာတ်ညွှန်းကို ကျစ်ကျစ်ညှစ်ပြီး ခဏရပ်နေသည်။
အခန်း ၁၀၀၁ရှေ့မှာ ချေညင် သက်ပြင်းကြီးကြီးချပြီး လက်ချောင်းတုန်တုန်နဲ့ ဘဲလ်နှိပ်၏ ။
လု ဘဲလ်တီးတာ ကြားခဲ့ပေမယ့် တံခါးလာမဖွင့်ပေးဘဲ စားပွဲခုံနားကို လမ်းလျောက်သည်။
သူ့ဇာတ်ညွှန်းကို ကိုင်ပြီး ရေချိုးခန်းထဲ သွားပြီး တုံ့ဆိုင်းမှုမရှိဘဲ သူ့ဇာတ်ညွှန်းထဲက စာမျက်နှာ နှစ်ရွက် သုံးရွက်ဖြဲပစ်လိုက်ပြီး အမှိုက်ပုံးထဲ ထည့်၏ ။
ရေချိုးခန်းထဲကနေ ထွက်ပြီး ချောင့်ကိုတံခါးဖွင့်ပေးကာ မိတ္တူကူးဖို့ စောင့်နေခဲ့သည်။
ချောင်ဟာ ဘဲလ်တွေနှိပ်နေပေမယ့် တံခါးတော်တော်နဲ့ မပွင့်လာတာဖြစ်လို့ လု အထဲမှာမရှိဘူးဆိုပြီး ထင်မိစေသည်။
စိတ်သက်သာသွားပြီး သက်ပြင်းချနေတုန်း ရုတ်တရက် တံခါးပွင့်လာသည်။
ချောင့်တစ်ကိုယ်လုံး တောင့်တင်းသွားစေ၏ ။
အသက်ဝဝရှူပြီး မျက်လုံးများက သူမရဲ့အရှေ့မှာ ရပ်နေတဲ့ လုကိုရှာဖွေဖို့ အပေါ်ပင့်ခဲ့ကြသည်။
သူမ သူ့ကို ထင်ထင်ရှားရှားမမြင်ခင် ခေါင်းငုပ်ပြီး တိုးတိုးလေးပြောသည်။
"ဆရာလု ကျွန်မဇာတ်ညွှန်းကို ယူလာခိုင်းတယ်မလား? တစ်ခြားလိုအပ်တာများရှိမလားဟင်?"
လု ချောင့်စကားကို ပလစ်ပြီး တံခါးပိတ်ဖို့လုပ်သည်။
အေးစက်စက်နဲ့ "အထဲဝင်လာ" ဟုပြော၏ ။
ချောင် သူ့ကိုကျော်သွားသည့်အခါ တံခါးပိတ်လိုက်သည်။
ချောင် သူမကိုယ်လုံးတုန်နေတာကို မထိန်းချုပ်နိုင်ပေ။
ခြေလှမ်းတွေ ခဏရပ်သွားပြီး သူမစိတ်ထဲ ကြောက်နေခဲ့သည်။
သူမရဲ့မေးခွန်းကိုထပ်မေးသည်။
"ဆရာလု တခြားလိုအပ်တာ ရှိသေးလို့လား?"
ချောင့်ကို စောစောကလို ဆက်ချေသည်။
သူ့ရဲ့ချေမိုးမှုက ချောင့်ကို အတော်လေး စိတ်ပင်ပန်းရစေသည်။
သူ အနှောင့်အယှက်ဖြစ်သွားသည်ဟု သူမခံစားမိလိမ့်မည်။
ချက်ချင်း သူမတောင့်တင်းသွားပြီး သူ သူမကို ထပ်နှိပ်စက်တော့မည်ဟု ထင်ခဲ့နေစဉ် လုက ခပ်အေးအေးအသံနဲ့...
"ငါ့ဇာတ်ညွှန်းကို ရှာလို့မတွေ့လို့ မင်းဇာတ်ညွှန်းလေးပေး။ မိတ္တူကူးမယ်"
ရုပ်ရှင်ရိုက်နေစဉ်မှာ သူတို့က အခန်းတိုင်းအတူတူရိုက်ကူးရသည်။
ထို့ကြောင့် ဇာတ်ညွှန်းကလည်း အတူတူပင်။
လုက အလွန်သဘောကောင်းစွာပြောလာတာကြောင့် သူဒေါသမထွက်နေတာကို ချောင်သိသွားပြီး မော့ကြည်ခဲ့သည်။
ထို့နောက် မျက်တောင်ပုတ်ခတ်ပုတ်နှင့် သူမတင်းကျပ်စွာ ကိုက်ထားတဲ့ ဇာတ်ညွှန်းကို ပေးပြီးနောက်...
"ဒီမှာ ဆရာနဲ့ဇာတ်ညွှန်းထားခဲ့မယ်နော်။ ကူးပြီးရင် ကျွန်မကို ခေါ်လိုက်ပါ...လာယူပါ့မယ်"
လုမျက်လုံးများဟာ ခေါင်းငုပ်နေတဲ့ ချောင့်ကို စိုက်ကြည့်လိုက်ပြီး သူမလက်ထဲက ဇာတ်ညွှန်းကို ယူရင်း ဧည့်ခန်းထဲက ဆိုဖာစီ လက်ညွှန်းညွှန်လိုက်သည်။
"အဲဒီမှာ စောင့်နေလေ"
ချောင့်ကို အပြင်ထွက်ခွင့်မပေးဘဲ သူ့အခန်းထဲ ဇာတ်ညွှန်းယူသွာ၏ ။
ချောင် သတိကြီးကြီးနဲ့ ဆိုဖာမှာ ထိုင်သည်။
လုအခန်းတံခါးက ဖွင့်ထားတာကြောင့် စားပွဲခုံရှေ့မှာ မတ်တပ်ရပ်ပြီး ဇာတ်ညွှန်းကို မွှေနှောက်နေသည့်လုကို မြင်ခဲ့သည်။
လု စာမျက်နှာတစ်ချို့ကို ဟော်တယ်ရဲ့ မိတ္တူးကူးစက်ထဲကို ထည့်လိုက်တာကြောင့် စက်က ဆူညံသံတွေကို ချောင်ကြားနေရသည်။
စက်က အလိုအလျောက်လုပ်နေတာဖြစ်လို့ လုဘာမှဆက်လုပ်စကာမလိုတော့ပေ။
ဒါ့ကြောင့် အခန်းထဲကနေ ထွက်လာပြီး ဧည့်ခန်းထဲကို လာသည်။
ချောင် မျက်လုံးစွေကြည့်သည်။
လုလည်း ချောင့်ကို ကြည့်သည်။
ပြီးတော့ သူ့အတွက် ဘားရောက်နေသည့်အတိုင်း ချောင့်ကို ရေထည့်ပေးပြီး ရေခွက်ကို သူမဆီ သယ်လာ၏ ။
သူမလည်း မြန်မြန် တရိုတသေယူလိုက်ပြီး
"ကျေးဇူးပါ" ဟုပြောသည်။
လု ချောင့်ဘေးနားမှာ ဝင်ထိုင်သည်။
စားပွဲပေါ်က ရီမုကိုပြီး တီဗွီအစီအစဉ်တစ်ခုကို ဖွင့်ကြည့်သည်။
အဲဒါက ချောင့်အကြိုက်ဆုံး အစီအစဉ်တ်းခုဖြသ်ပေမယ့် သူမဘေးမှာ လုရှိနေတာကြောင့် ကြောက်လန့်နေခဲ့သည်။
ဘေးနားက ထိုင်နေတဲ့လုဆီက ကိုယ်သင်းရနံ့လေးမှာ သူမကို ရူးအောင်လုပ်နေသည်။
တီဗွီကြည့်ဖို့ စိတ်မပါဘဲ ရေတွေကိုသာ လှိမ့်သောက်ရင်း စိတ်သက်သာအောင် လုပ်နေမိသည်။
ချောင့်ရေခွက်ထဲမှာ ရေကုန်သွားတာကို မြင်တော့ လုကနေ...
" ထပ်ယူဦးမလား?"
လုအသံကြောင့် တုန်သွားပြီး ခေါင်းခါရင်း ခွက်ကို စားပွဲပေါ်တင်လိုက်သည်။
မကြာခင်မှာ သူမလက်ဖဝါးတွေက ချွေးစိုလာခဲ့သည်။
သူမကြောက်နေတာကို ရေခွက်ကိုင်ရင်း ဖုံးကွယ်ဖို့ ကြိုးစာပေမယ့် အခုတော့ လက်ဗလာဖြစ်နေလေပြီ။
သူမလုပ်နိုင်တာ သူ့ဘေးမှာ ခံစားချက်မရှိဘဲ ထိုင်နေရုံသာ။
ကြာကြာထိုင်လေ သူမကိုယ်လုံးက ပိုပို တောင့်တင်းလာလေ။
နောက်ဆုံးမှာ သူမကိုယ်ဟာ ကျောက်ရုပ်ပမာ ပြောင်းသွားတော့မည့်အတိုင်း။