He & Me - သူရယ် ကိုရယ် (Compl...
By AYuMi2091
989K 91.2K 5.1K
ဂေါ်လီ့သားက ဂေါ်ပြီးသား........ More
AN
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Part - 43
Part - 44
Part - 45 (Unicode)
Part - 45 (Zawgyi)
Part - 46 (Unicode)
Part - 46 (Zawgyi)
Part - 47 (Unicode)
Part - 47 (Zawgyi)
Part - 48 ( Unicode)
Part - 48 (Zawgyi)
Part - 49 (Unicode)
Part - 49(Zawgyi)
Part - 50(Unicode)
Part - 50 (Zawgyi)
Part - 51 (Unicode)
Part - 51(Zawgyi)
Part - 52 (Unicode)
Part - 52 (Zawgyi)
Part - 53(Unicode)
Part - 53 (Zawgyi)
Part -54(Unicode)
Part - 54 (Zawgyi)
Part - 55(Unicode)
Part - 55 (Zawgyi)
Part - 56(Unicode)
Part - 56 (Zawgyi)
Part - 57 (Unicode)
Part - 57 (Zawgyi)
Part - 58 (Unicode)
Part - 58 (Zawgyi)
Part - 59 (Unicode)
Part - 59 (Zawgyi)
Part - 60 (Unicode)
Part - 60 (Zawgyi)
Part - 61 (Unicode)
Part - 61 (Zawgyi)
Thank you Note
Thank you Note (Zawgyi)
Extra
Extra (Zawgyi)
Extra - II
Extra II (Zawgyi)
Extra III (Unicode)
Extra III (Zawgyi)
Extra IV (U & Z) ❌🚫
Special Extra
Part - 27
11.1K 1.3K 127
By AYuMi2091
"ညီ...."
ထမင်းခပ်နေစဥ် ခေါ်သံကြောင့်ကြည့်လိုက်မိတော့ ကိုဇေ တစ်ယောက် သူ့ရဲ့​ပါးစပ်လေးကိုဟကာ လေပေါ်မြောက်နေသည့် သူ၏လက်ထဲမှာလည်း အကင်တစ်ချောင်းကဝဲပျံနေသည်။
"အာ....ဝက်ပေါင်ခြောက်ကင်...."
ညီသုကဒါတော့လျင်ပါသည်။ ပါးစပ်ကိုတန်းခနဲပင် ပြဲလန်နေအောင်ဟကာ ရှေ့သို့တိုးလျက် အကင်ကိုကိုက်ချလိုက်သည်။ ပေါင်ခြောက်ကင်က စျေးမတရားကြီးသည်မို့ စျေးပင်တစ်ခါတည်းမေးကြည့်လိုက်ပြီး
မျက်စတောင်လှမ်း၍ ထပ်ကာမပစ်တော့ပေ။ လက်တစ်ဝါးစာလေးတစ်ပြားကို ဘယ်လောက်ဆိုလား။
ယခုတော့ကိုဇေ့ကောင်းမှုကြောင့် စားရလေပြီ။
တစ်ဖက်သို့ငေးနေရာမှ အသံကြောင့်ကြည့်လိုက်မိတော့
ဟိုလူ ကိုဇေက ညီ့ အား မုန့်ခွံနေလေသည်။ နှစ်ယောက်သားချစ်ကြည်နူးနေပုံမှာ ကျွန်တော့်အားမျက်လုံးထဲရှိတယ်လို့ပင်မထင်သည့် သဘောလား။
"အ...ကိုဉာဏ် ဘယ်လိုဖြစ်လို့ အတင်းညှစ်ဖက်နေတာလဲ ကိုဇေ ကျွေးတာစားနေတယ်လေ....... "
"မင်းလက်မပါဘူးလား....."
"ပြတ်သွားပြီ အခုပဲ...."
ရှေ့မှာရန်ဖြစ်နေသည့် ညီနဲ့ဉာဏ်သုကိုကြည့်လိုက်ပြီး ခပ်အေးအေးသာထမင်းဆက်စားနေလိုက်သည်။ လှည့်ကြည့်လာသည့် ညီ့ ကိုလဲ ဆက်ပြီးခွံ့နေလိုက်ပါသည်။ညီကလည်း
မငြင်းပေ။ တမြုံ့မြုံ့နဲ့ စားနေသည်က သွားမရှိသည့်ကလေးပေါက်စလေး အစာဝါးနေသလိုပင်။
ဉာဏ်သုနဲ့ မျက်လုံးချင်းဆုံတော့ မျက်ခုံးပင့်ပြကာ ခပ်ရိရိပြုံးပြလိုက်တော့ မဲ့ပြုံးကိုမသိမသာပြုံးပြနေလေသည်။
"ထမင်းခုမှစားနေတာ အကျင့်တွေပျက်နေတာလားဟင်..."
အော်လိုက်တော့ငြိမ်သွားသည့် ကိုဉာဏ်က ခပ်တိုးတိုးမေးလာသည်မို့ ခေါင်းခါပြလိုက်သည်။
"ဆူရှီတွေ ကိုဇေလာကျွေးလို့
၂ဘူးတောင်စားထားသေးတယ်...."
ပါပြန်ပြီ အဲ့လူနာမည်။
"ကိုယ့်ကိုနည်းနည်းကျွေး...."
"ခင်ဗျားဘာမှမစားရသေးဘူးဆိုပြီး လာမရွှီးနဲ့....
ပါးစပ်က ဘီယာနံ့ရနေတယ်....ပီကေနဲ့ဖုံးထားလို့ ကျွန်တော်မသိဘူးထင်နေလား....."
အဲ့မှာ ကျွန်တော်နားကားလေပြီ။ 'ဘီယာသောက်ပြီး
မူးကွဲလာရင် အခန်းပြင်ထွက်အိပ် 'ကျွန်တော်အန်ဖက်မကျုံးနိုင်ဘူး...အခန်းထဲအန်လဲ ခင်ဗျားသေပြီ...' ဆိုသည့် ညီ့အမှာစကားကြောင့် အရက်မပြောနဲ့ဘီယာကိုပင်မတွေ့ထိသော်ငြား အတင်းဝိုင်းတိုက်လေသည်မို့ တစ်ခွက်တည်းသောက်လာသည်။ ညီ့ဆီရောက်ချင်ဇောနဲ့လာသော်လည်း
အနံပျောက်အောင် ပလုတ်ကျင်းလိုက် ပီကေကိုသုံးခုလောက်တစ်ပြိုင်တည်းဝါးလိုက်နဲ့ ကားပေါ်တွင်သေချာဂရုစိုက်လာသော်လည်း ညီကသိနေသည်တဲ့။
'မလှိမ်တပတ်လုပ်လို့မရပါလား ကိုညီသုရယ်....'
နောက်ကျောပေးထိုင်နေရာက ဘေးသို့စောင်းကာ ဖဲ့ထားသည့် အသားကင်နဲ့ ထမင်းပါရောပြီး လာခွံ့လေသည့် ညီ့ကြောင့် ပါးစပ်လေးဟပေးပြီး ပြုံးပြီးကြီးနဲ့မျက်ခုံးလှုပ်ကာ
ကိုဇေဆိုသည့် ဟိုလူကိုကြည့်ပေးလိုက်ပါသည်။
'ခင်ဗျား ဘာတတ်နိုင်သေးလဲ....ဟက်...'
"ကိုဇေ....ဒီကြက်အူချောင်းကပိုကောင်းတယ်...."
ပါးစပ်နားသို့လာတေ့ပေးကာ ခွံ့ပေးလေသည့် ညီ့ကြောင့်
ပါးစပ်ဟပေးလိုက်ပြီး ဉာဏ်သုကို ပြန်ကြည့်ပေးလိုက်ပါသည်။
'ကဲ...မင်းခုရော ဘာပြောချင်သေးလဲ....'
သွေးအေးအေးနဲ့ ဟိုဘက်ဒီဘက်တိုက်ခိုက်နေသည့် စစ်ပွဲကို
ညီသုကတော့ ဘာမှမသိရှာ၊ သူ၏အကျင့်အတိုင်း အစားစားနေရ၍ပတ်ဝန်းကျင်ကို လစ်လျူရှူ့ထားလေသည်။
"ထစမ်း ညီ......"
လူကိုကိုယ်ပေါ်ကပါ အတင်းတွန်းဖယ်လာသည့် ကိုဉာဏ့်ကြောင့် ရှေ့သို့လူက ကိုင်းကျကာ ထရပ်ပြီးသား။
ထမင်းဘူကိုင်ကာရပ်လိုက်ပြီး နောက်သို့လှည့်ကာ အော်လိုက်မိသည်။
"ဘာတုန်းဗျာ...စားနေတာကို...."
ညီသုအသံကြောင့် ကျွန်မနဲ့ပိုးလည်း ဖျော်ရည်ဖျော်နေရာမှကြည့်လိုက်သည်။ ကိုဇေနဲ့ကိုဉာဏ်တို့၏သွေးအေးတိုက်ပွဲမို့
ပါလို့ကောင်းသည့်အရာမဟုတ်နေ၍ မသိချင်ယောင်ဆောင်နေလိုက်ပြီး ဝယ်သူကိုသာစောင့်နေလိုက်သည်။
တစ်ယောက်စ၊ နှစ်ယောက်စလာနေသည်မို့တော့ ရောင်းရပါသည်။ လူတော့မအုံသေးပေ။
"ဘာလုပ်တာလဲ သူများစားနေတာကို...."
"အာ....ကိုယ်ခွံ့ကျွေးမယ်....."
ထိုင်ရာမှထကာ ကိုဉာဏ်တစ်ယောက်မတ်တပ်ရပ်နေပြီး
ကျွန်တော့်ကိုထိုင်ခိုင်းသည်မို့ ထိုင်လိုက်သည်။မတ်တပ်ရပ်နေသော်လည်း အစားကတော့မပျက်ပေ။ စားနေသည့်ဘူးကို လုယူလေသည်မို့ မေးလိုက်တော့ မျက်လုံးပင်ပြူးသွားရသည်။ တကယ်ကိုပင် ခါးကိုင်းလာကာ ထမင်းလာခွံ့နေသည်မို့ ယောင်ယမ်းကာပါးစပ်ဟပေးလိုက်ပါသည်။
တကယ်ကို နားမလည်နိုင် အူလည်လည်အကြည့်နဲ့ ကြည့်နေမိပါသည်။ ကိုဉာဏ် ဘာတွေလုပ်နေတာလဲမသိသလို
ကိုဇေရော အမကြီးနှစ်ယောက်ပါရှိနေသည်မို့ ရှက်တော့ရှက်သား။ ကိုဇေမှလွဲ၍ ကိုဇေ့သူငယ်ချင်းအမကြီးတွေအားလုံးသိထားခြင်းမှာ ကျွန်တော်ညီသုမှာ ယောကျာ်းတစ်ယောက်နဲ့လက်ထပ်ထားသည့်
အိမ်ထောင်သည်ဟူ၍ပင်။ သူတို့ကတော့ပြုံးစိစိနဲ့မသိချင်ယောင်ဆောင်နေသလောက် ယွန်းနဲ့ပိုးကတော့ ကျွန်တော်တို့ကို ရှိတယ်လို့ပင်မထင်လေရော့လား၊ ဝယ်သူတွေကိုသာကြည့်နေလေသည်။
.......
"ကိုကို......"
အိမ်နားရောက်ခါနီးမှ စိတ်ထဲထင့်နေသည်မို့ ကျိုက္ကဆံကွင်းသို့လိုက်သွားမိသည်။ ထင်သည့်အတိုင်း ဒီနေရာသို့ရောက်နေလေသည်။ ယခုမြင်သည့်ရမြင်ကွင်းကလည်း စိတ်ရှိတိုင်းသာဆို ပြေးပြီးသာကုတ်ဖဲ့လိုက်ချင်မိ၏။
ကိုကို့အား မော့ကြည့်ကာ ခွံကျွေးနေသည့်အရာကို ပြုံးလျက်စားနေသည့် ညီသုနောင်၏ မျက်နှာအား ကုတ်ဖဲ့ချင်မိပါ၏။
"ငယ်....."
ဆိုင်အဝမှာရပ်နေသည့် နန္ဒမိုးနေကြောင့် ကိုဉာဏ့်ကိုမော့ကြည့်ကာ ချက်ချင်းဆိုသလို ဒေါသကထွက်ရသည်။သူ့ပတ်ဝန်းကျင်မှာ တွဲနေသည်ကိုမပြောလိုပါ။ယခုက ကျွန်တော့်ပတ်ဝန်းကျင်၊မိတ်ဆွေ၊ သူငယ်ချင်းတွေရှိနေသည့်နေရာမှာတော့ အငယ်အနှောင်းကိုပါခေါ်လာသည်က မကောင်းဘူးမဟုတ်လား။ ကိုဉာဏ် ရောက်လာတော့  ဟိုဘက်ဆိုင်၊ဒီဘက်ဆိုင်ကူးနေသည့် အကိုတွေအမတွေကို
ကျွန်တော့်အမျိုးသားဟု မကောင်းတတ်၍မိတ်ဆက်ပေးလိုက်ရသည်။ ဒီအတိုင်းသာဆို ကိုဉာဏ်ဆိုသည့် လူအား မည်သူနဗင်မြှ မိတ်ဆက်ပေးမည်မဟုတ်ပေ။ အရင်တည်းက ကျွန်တော့်အကြောင်းသိနေသည့် Sleeping walkingရောဂါအတွက် ဆေးခန်းပြနေကြ အကိုကြီးသာမပါလျှင် ယောကျာ်းရှိတယ်လို့မည်သူမှ သိကြမည်မဟုတ်ပေ။ ကိုဉာဏ်ရော အဖွားရောနဲ့ ဆေးခန်းပြဖူးသည်မို့ ထိုအကိုကြီးကသိနေသည်။
စနောက်ရင်း တခြားသူများကပါသိသွားကြသည်။ သိသာသိစေ၊ မမြင်စေနဲ့ဆိုသလို လူတော့မမြင်ဖူးကြ။ ယခုတော့အကောင်လိုက်ကြီးလိုက်လာသလိုလို သူ၏ အနောက်မှ သန္ဓေဆိုးအရိုင်းအစိုင်းလေးကလဲ လိုက်လာသေးသည်။
"ညီ.....ကိုယ်......"
"မကြားချင်ဘူး..... အခုချက်ချင်းထွက်သွား......"
အံကိုတင်းတင်းကြိတ်ကာ ယခုနကမျက်နှာနှင့်မတူ သွားကြားထဲကလေသံတို့နဲ့အတူ ခပ်တိုးတိုးပြောလာသည့် ညီ့ကြောင့် ထမင်းဘူးကိုလက်ထဲထည့်ပေးလိုက်သည်။
ဘေးနားကစက္ကူပုံးထဲ ထမင်းဗူးကရောက်သွားကာ ညီမျက်နှာလွှဲသွားသည်။
"ငယ့်ကိုအိမ်ပို့ပြီးရင် ကိုယ်ပြန်လာခဲ့ပါ့မယ်......"
ညီက တစ်ဖက်သို့မျက်နှာလွှဲကာ ဘာမှပြန်ပြောမလာပေ။
"ကိုဇေ....ကျွန်တော် ညီ့ကိုထားခဲ့မယ်နော်....."
ထိုသို့ပြောလာသည့် ဉာဏ်သုကို ကြည့်လိုက်တော့ ခေါင်းငြိမ့်ပြကာ ပြုံးဖို့ပင်အားမပါတော့ပါပဲ ညီ့ကိုကြည့်နေလေသည်။ လက်သီးကိုကျစ်နေအောင် ဆုပ်ထားသည့်ညီ စိတ်တိုနေတာနေမည်။ သူဆေးခန်းပြနေကြ ကျွန်တော်တို့အဖွဲ့ထဲမှ ဆရာဝန်တစ်ဦးမှာ ဆိုင်ဆောက်နေစဥ်က ညီသုအား
ဉာဏ်သုက ဘယ်လောက်ဂရုစိုက်ကြောင်း ဆေးခန်းလာတိုင်း ဘယ်လိုစိတ်ပူကြောင်းနဲ့ ဉာဏ်သုမသိအောင် အပျော်တမ်း ဆိုင်ဖွင့်သည့်အကြောင်း သိသွားလျှင် ဟုအစချီကာ ညီ့ ကိုဝိုင်းစနေကြပြီး ညီကလဲ ဖော်လိုလိုက်ကာ
ပျော်ပျော်ပါးပါးနဲ့ပေါ့ပေါ့ပါးပါး အိမ်ထောင်ရေးတစ်ခုတည်ဆောက်ထားသည့်ပုံဖြင့်
နေသည်။ ယခု ဉာဏ်သု၏ အထုတ်ရှုတ်ကြီးကပါလိုက်လာခြင်းကြောင့် ညီ ဒေါသထွက်နေသည်ကလဲ မမှာပေ။
"ကောင်းပါပြီ.....မင်းကိစ္စမင်းသွားရှင်း ဉာဏ်သု..."
သက်ပြင်းကိုချပြီး ရှေ့တစ်ဖက်မှာထိုင်နေသည့် ညီ့ ပေါင်ပေါ်မှလက်ကို ခပ်ဖွဖွပုတ်ပေးလိုက်တော့ မော့ကြည့်လာကာယသက်ပြင်းချနေလေသည်။
'ပင်ပန်းလိုက်တာ ကလေးရယ်.....'
...............
လက်ကိုအတင်းဆွဲလာသည့် ကိုကို့၏ လက်ကိုအတင်းရုန်းကာ
အော်ပစ်လိုက်သည်။
"နာတယ်...ဘာလို့ အဲ့လောက်ဒေါနဲ့မောနဲ့
ဆွဲခေါ်လာရတာလဲ......"
"မင်းကိုငါ အိမ်ပြန်ပို့ပေးတာလေ ငယ်......"
တစ်ယောက်တစ်ခွန်းစကားများနေရာမှ ငယ်က ရယ်ပြီး ကျွန်တော့်ကိုအငိုမျက်ဝန်းနဲ့ ကြည့်​နေလေသည်။
"ဘာလဲ ဒါကလိုက်လာလို့ ဒေါသထွက်တာလား .....
ကျွန့်တော်ကကိုကို့ချစ်သူလား....ညီသုနောင်က ကိုကို့ချစ်သူလား......"
ထိုသို့ပြောလိုက်မှ ​ငြိမ်သွားသည့်ကိုကိုက တွေဝေနေသည့်ပုံနဲ့ ဘာတွေစဥ်းစားနေသည်မသိပေ။ငိုင်သွားသည်မို့
အနားသို့တိုးကာ ရင်ဘတ်မှ အကျီစနှစ်ဖက်ကို ဆွဲလိုက်ပြီး
မော့ကြည့်ကာ မေးလိုက်သည်။
"ဖြေလေ..... ကျွန်တော်က ခင်ဗျားရဲ့ဘာလဲ........
သူကရော........."
အသက်ကိုဖြေးဖြေးချင်းရှူရှူထုတ်ကာ အသားတွေပင်တုန်လို့ ဒေါသထွက်နေသည့်ငယ်က စကားဆက်ဆိုလာပြန်သည်။
"ကျွန်တော့်ကိုကျအိမ်တောင်ပြန်မပို့ပဲ....သူငယ်ချင်းတွေကိုတစ်ပတ်လှိမ့်ပြီး အိမ်မှာအရေးကြီးလို့ဆိုတဲ့ ခင်ဗျားက.....
အဲ့အကောင်ဆီကို အပြေးရောက်ပြီးသာယာနေဖို့လား......"
ရင်ဘတ်ကအကျီကိုဆွဲကာ မျက်ရည်များနဲ့ ကျွန်တော့်ကိုလဲ စောင့်တွန်းကာ လှုပ်ကိုင်မေးနေသည့်ငယ် ငိုနေပုံကလဲ
မျက်ရည်များက စိုရွှဲနေလေသည်။
"ဖြေလေ...ဖြေ.....ခင်ဗျားဖြေ......."
လှုပ်ကိုင်ကာမေးနေသည်ကိုပင် ငေးကြည့်နေသည့်ကိုကို့ကိုဒေါသတို့က ထိန်းမရအောင်ထွက်နေသည်မို့ ထိန်းထားသမျှကိုဖြည်ချလိုက်သည်။
"သူ့ကိုချစ်နေတာလား......ကျွန်တော်လမ်းခွဲ......"
"ငယ်ရာ......"
ရင်ခွင်ထဲထည့်ဖက်လိုက်သည့် ကိုကို့ကြောင့် ပြောမယ့်စကားတို့က ရပ်တန့်သွားရလေသည်။ တကယ်ဝမ်းနည်းရသည်။
"ခင်ဗျားကိုမယုံလို့မဟုတ်ဘူး......
တစ်လမ်းလုံး.....တစ်လမ်းလုံး....ခင်ဗျားမရှိပါဘူးဆိုတဲ့အတွေးနဲ့ အားတက်သယော လိုက်ကြည့်မိတာ....."
ကိုကိုတောင်မဟုတ်တော့ပါပဲ ခင်ဗျားဟုဆိုကာငိုနေလေသည့်ငယ့်ကြောင့် စိတ်ထဲတော့မကောင်းပေ။ ကိုယ့်ကြောင့် ငိုသွားရသည်မို့ ကိုယ့်တာဝန်လည်းရှိသည်မဟုတ်လား။
ငယ်က ကျွန်တော့်ချစ်သူပေမို့ ငယ့်ကိုငိုအောင် လုပ်မိသည့် ကျွန်တော်ကသာလူဆိုးဖြစ်လိမ့်မည်။
"ကိုယ်က ညီသု ကိူလိုက်ခေါ်တာပါ....
ကိုယ်နဲ့လက်ထပ်ထားတာ လူတိုင်းသိနေတယ်လေ...ဒါကိုသူက လမ်းဘေးမှာစျေးရောင်းနေတော့ ကိုယ့်သိက္ခာကျမှာဆိုးလို့ စိတ်ဆိုးပြီး လိုက်ခေါ်တာပါ......"
'ထမင်းတောင်ခွံပေးနေတာ စိတ်ဆိုးနေတာတဲ့လား ကိုကိုရာ...'
"အိမ်လိုက်ပို့ပေး....."
ငယ့် ကို ဖက်ထားလျက်ပဲ ကားထဲသို့ခေါ်သွားလိုက်တော့
ငြိမ်ငြိမ်လေးပါပဲ လိုက်လာလေသည်။ ဘာမှထပ်မရှင်းရ၍လည်း တော်သေးသည်။ ရှင်းပါဆိုလျှင်လည်း ပြောစရာစကားတို့ကမရှိတော့သည်မို့ ဘာရှင်းရမည်လဲမသိပေ။
"အပေါ်လိုက်မှာလား....."
ကားပါကင်ရောက်လို့် ပါကင်ထိုးပြီးချိန် မေးလာသည့် ငယ့်ကြောင့် သူလေးဘက်ကို လှည့်ကြည့်လိုက်တော့ စိတ်ဆိုးနေသည်ထင်။ ဘာကိုဆိုးစရာရှိလို့ ဆိုးနေသည်လဲ။
ကျွန်တော်လဲအမှားမလုပ်ပဲ ဆိုးနေသည်မို့ နေချင်သလိုသာနေပါစေဟုတွေးလိုက်သည်။ ပြီးလျှင် သူ့ဘာသာသူ ပြန်ပြေသွားတတ်သူမို့ ညီ့ လို လိုက်ချော့မနေရပေ။
ကိုယ်လဲမချော့တတ်တော့ ချော့မနေတော့။စိတ်ကလည်းရှည်တတ်သူမဟုတ်ခြင်းကို ငယ်လဲသိသည်မို့ အချိန့တန် စိတ်ကောက်တာပြေသွားမှာပါ။
ညီကတော့ မချော့မချင်းကို အသေအလဲကောက်တတ်သည့်ကောက်တေးလေးပင်။ ညီ တစ်ယောက် စိတ်ဆိုးကျန်ခဲ့သည်။ ဘယ်နှစ်ရက်လောက် စိတ်ဆိုးနေမည်လဲမသိ။
ရင်မောရသည်မို့ သက်ပြင်းချကာ ငယ့်ကိုကြည့်လိုက်ပြီး...
"ကိုယ်...လိုက်ပို့မယ်လေ....."
အခန်းထဲရောက်တော့ ကိုကို့ကိုပြန်မလွှတ်နိုင်ပါ။အကြံဉာဏ်ပေါင်းစုံသုံးရမည်။
"ကိုကို....ငယ့်ကို လမ်းခွဲချင်လို့ ငြီးငွေ့နေလဲပြောပါ....
လမ်းခွဲပေးပါ့မယ်......"
"ငယ်ရာမဟုတ်တာကွာ......"
ထိုသို့ပြောလာသည့်ကျွန်တော့်ကိုကြည့်ကာ ရင်ခွင်ထဲဝင်လာသည့်ငယ့်ကြောင့် ပွေ့ဖက်ကာထားလိုက်မိသည်။
ဘာတွေတွေးနေသည်လဲ ကျွန်တော်ကသူ့ကိုထားခဲ့မယ်လို့ ဘာ့ကြောင့်တွေးနေရသည်လဲ။
"ကိုကိုနဲ့မခွဲနိုင်ဘူး....မခွဲချင်ဘူး......မထားခဲ့ပါနဲ့နော်....."
"ဘာလို့ထားခဲ့ရမှာလဲကွာ...မဟုတ်တာတွေမတွေးနဲ့လေ...."
ပိုမိုတင်းကြပ်စွာဖက်ထားပေးလိုက်တော့ ရင်ခွင်ထဲခေါင်းတိုးလာကာ ခါးကိုသိုင်းဖက်လာသည့်ငယ်က ငိုနေ၏။ စိတ်ထဲတကယ်မကောင်းပေ။ ကျွန်တော့်ချစ်သူလေးက ပျော်ပျော်နေတတ်သည့် ကလေးလေး။ယခုလိုငိုသည်ဆိုတာက ရှားသည်။ ယခုဘာတွေဖြစ်နေသည်လဲမသိပေ။
"မငိုပါနဲ့ကွာ...... ကိုယ် မင်းကိုအငိုတိတ်အောင်
ဘာလုပ်ပေးရမလဲ......"
"ဒီည ငယ်နဲ့နေပေး....အိမ်မပြန်နဲ့နော် ကိုကို....."
ထိုသို့ပြောပြီး အတင်းဖက်တွယ်လာကာ ပိုတိုးလို့ငိုပြီး ရှိုက်သံကိုပင်ကြားနေရသည်မို့ သက်ပြင်းကိုချကာ ကျောပြင်လေးကိုသပ်ပေးလိုက်မိသည်။
"မငိုနဲ့....တိတ်တော့....ငိုနေရင်ပြန်မှာနော်......."
တကယ်နော်ဟုဆိုကာ ရင်ခွင်ထဲကရုန်းထွက်ပြီး မျက်ရည်တွေကိုသုတ်ဖယ်နေသည့် ငယ်က ပြုံးသွားကာရယ်ပြနေလေသည်။ ငယ် ပြုံးရယ်နေလေတော့ ကျွန်တော်လဲရယ်မိကာပြုံးပြလိုက်ပါသည်။ သို့ပေမယ့် အရမ်းကြီးမပျော်နိုင်တာ ကိုယ်သာသိသည်။ ငယ့်ကိုလည်း ပစ်ထားမိသလိုဖြစ်နေသည်မို့ ဂရုစိုက်ပေးသင့်ပါသည်။ ကျောင်းပိတ်တုန်း ကိုယ်ရှိရာအရပ်ကိုအပြေးပြန်လာသည့် ချစ်သူလေးကို ပစ်ထားသည့် ကျွန်တော်လူဆိိုးလုံးလုံးဖြစ်နေပြီထင်သည်။
တွေး
၃၁၈၂၀
..........
Zawgyi
"ညီ...."
"အာ....ဝက်ပေါင်ခြောက်ကင်...."
"မင်းလက်မပါဘူးလား....."
"ပြတ်သွားပြီ အခုပဲ...."
ပါပြန်ပြီ အဲ့လူနာမည်။
"ထစမ်း ညီ......"
"အာ....ကိုယ်ခွံ့ကျွေးမယ်....."
.......
"ကိုကို......"
"ငယ်....."
"ညီ.....ကိုယ်......"
...............
အော်ပစ်လိုက်သည်။
ဆွဲခေါ်လာရတာလဲ......"
သူကရော........."
"ဖြေလေ...ဖြေ.....ခင်ဗျားဖြေ......."
"ငယ်ရာ......"
"ကိုယ်က ညီသု ကိုလိုက်ခေါ်တာပါ....
ကိုယ်နဲ့လက်ထပ်ထားတာ လူတိုင်းသိနေတယ်လေ...ဒါကိုသူက လမ်းဘေးမှာဈေးရောင်းနေတော့ ကိုယ့်သိက္ခာကျမှာဆိုးလို့ စိတ်ဆိုးပြီး လိုက်ခေါ်တာပါ......"
"အိမ်လိုက်ပို့ပေး....."
"အပေါ်လိုက်မှာလား....."
"ကိုယ်...လိုက်ပို့မယ်လေ....."
လမ်းခွဲပေးပါ့မယ်......"
"ငယ်ရာမဟုတ်တာကွာ......"
ဘာလုပ်ပေးရမလဲ......"
တွေး
၃၁၈၂၀
Continue Reading
You'll Also Like
2M 112K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
1.3M 68.3K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
2.8M 159K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...