မျက်နှာလွှဲထားသည့် ညီ က စိတ်ဆိုးနေဆဲဖြစ်လိမ့်မည်။
နာမည်ခေါ်သည်ကိုပင် မသိချင်ယောင်ဆောင်နေသော်လည်း ပါးလေးနှစ်ဖက်က ရဲနေသည်မှာ စတော်ဘယ်ရီအရောင်လေးကိုသမ်းနေလေသည်။ ချစ်ဖို့ကောင်းသည်။
ဟုတ်ပါသည်။ ဒီလိုပုံအား ချစ်ဖို့ကောင်းသည်ဟုခေါ်ခြင်းပေ။
"ညီ လို့....."
အပေါ်ကနေတက်ခွထားပြီး လက်နှစ်ဖက်ဘေးသို့ဆန့်ထားသည်မို့ရော ချုပ်ထားသည်ကြောင့်ပါ လှုပ်လို့ကမရပေ။ တညီ ညီ နဲ့ကိုခေါ်နေခြင်းမှာ သုံးကြိမ်ပြည့်လေပြီ။
စကားမပြောချင်ပါ။ သူ့မျက်နှာမြင်လျှင် အလိုလိုဝမ်းနည်းပါသည်။ တစ်နေ့လုံး၊ တစ်ညနေလုံးပင်ပန်းကာ အဖွားရော
တီလေးပါရှိနေသည်မို့ ပြန်လာမှာပါလေဟု တွေးမိပြီးစောင့်သည်။ ဖုန်းဆက်ခဲ့၏။ သုံးကြိမ်တိတိမကိုင်ခဲ့။ စာပို့ခဲ့သည်။ ပြန်စာမလာခဲ့ပါ။ ယခုမှလာချော့နေလို့ ရရိုးလား။
"ဖယ်ဗျာ....အသက်ရှူကြပ်တယ်...."
ပခုံးကိုတွန်းကာ ရုန်းနေသော်လည်းမရပေ။ သူ့အားကြီးနဲ့ချုပ်ထားလေ၏။ စိတ်လေပါသည်။ ရင်ဘတ်ထဲမှာလည်း
ဟာလာဟင်းလင်းကြီး နှင့် အသည်းတွေအူတွေမရှိတော့သလိုလို။ နှလုံးတစ်ခုတည်းက တုန်နေသည်။ ကျွန်တော်ပဲလားဆိုတော့မဟုတ်ပေ။ သူ့ဆီမှလည်း တဒုတ်ဒုတ်နဲ့ ရင်တုန်နေသံကြားရသည်။ ဘဲကြီးက အသက်ကြီးလာ၍ ကျန်းမာရေးချို့ယွင်းကာ လျောတော့မလားလဲမသိပေ။
"စိတ်ဆိုးနေတုန်းလား....
ဝလုံးကိုလေ စာမျက်နှာ တစ်ထောင်ရေးပြီးပြီ...."
မကြားချင်ယောင်ဆောင်ပြီး ဂရုမစိုက်သည့်ပုံနဲ့ကို မျက်နှာလွှဲကာထား၏။ ကုတင်ဘေးမှ လိုက်ကာ လွင့်နေသည်ကို အထူးအဆန်းနဲ့ လိုက်ကြည့်နေသည့် ညီ ။ ရင်တွေကလည်း တလှပ်လှပ်နဲ့ ကျွန်တော့်မှာဘာတွေဖြစ်နေသည်လဲ မသိသလို
ညီကလည်း စိတ်ဆိုးမပြေသေးပေ။
ဘယ်ဘက်ပါးကို နမ်းရှိုက်လာသည့် ကိုဉာဏ်ကြောင့် မျက်လုံးအဝိုင်းသားနဲ့ ပြုးကြည့်နေမိစဥ် ညာဘက်ပါးကို ထပ်ကာနမ်းလာ၏။ ကလေးငယ်ပုစိလေးကို အသည်းတယားယားနဲ့နမ်းရှိုက်နေသည့် မိဘများလိုပင် တရွှတ်ရွှတ်နဲ့နမ်းလေတော့ ရင်တွေလဲ တလှပ်လှပ်နဲ့ တုန်နေသည်။
နောက်နေ့မှပဲ နှလုံးရောဂါသွားစစ်ဦးမည်။ အီးစီဂျီသွားရိုက်ဦးမှပါလေ။
ပထမတော့ တစ်ချက်၊နှစ်ချက်နမ်းကာ စနောက်မည်ဟုတွေးထားသော်လည်း ရင်ခွင်အောက်မှ ဖြတ်ဖြတ်ခါလူးကာ အော်ဟစ်နေသည့်အသံလေးနဲ့ ရှက်သွေးဖြာကာ ဒေါသထွက်နေသည့် ညီ့ ပုံလေးကို အသည်းတယားယားနဲ့မို့ အားရပါးရနမ်းရှိုက်လိုက်မိပါသည်။ ကျွန်တော့်လက်ထဲက
လွတ်တာနဲ့ စိတ်ဆိုးမပြေသေးရင်တော့ နောက်နေ့အရေးပေါ်ခန်းထဲရောက်တော့မည်မှာသေချာသည်။ ဇွဲမလျော့ပါ။
စိတ်ဆိုးဒေါသထွက်တတ်ခြင်းက ညီ့အကျင့်ဆိုလျှင်
မချော့တတ်သည့်တိုင် ချော့မော့ရမည်မှာ ကျွန်တော့်အလုပ်ပင်။
ဘယ်တစ်ပြန် ၊ညာတစ်ပြန် လေးချက်၊ငါးချက်လောက်
အားရပါးရကို တစ်ဝကြီး နမ်းပြီးမှ
"စိတ်ဆိုးပြေပါတော့ကွာ....
ညီ စကားမပြောတော့ ကိုယ်မနေတတ်လို့ပါ....."
"နမ်းထားတာ အလကားရမယ်ထင်နေလား.....
ပိုက်ဆံမတောင်းဘူး....ဒီတစ်ခါ လက်သီးနဲ့ပြန်ထိုးမယ်.....ခင်ဗျား....ခင်ဗျား.......... "
မျက်နှာကြီးတစ်ခုလုံး နီရဲကာနေပြီး ဒေါသရော၊ရှက်နေမှုရောက ရောထွေးကာ ကြိမ်းဝါးလိုက်သည်။ ဘဝမှာထားခဲ့ဖူးတဲ့ တစ်ယောက်တည်းရှိသော ရွာကရည်းစားကိုပင် မနမ်းခဲ့ဖူးသလို၊ အနမ်းခံရခြင်းမျိုးလည်းမရှိခဲ့ပေ။ ယခုက ပထမဆုံးသောအနမ်းကို နမ်းဖူးသည့် ကိုဉာဏ်က အခုလိုရယ်ကျဲကျဲနဲ့ ပိုးစိုးပက်စက် တရွှတ်ရွှတ်နမ်းကာ ချော့နေသည်။ ကျွန်တော့်ရည်းစားလဲမဟုတ်ပဲ နမ်းစရာလား။
"စိတ်ဆိုးပြေမယ်ဆို ကြိုက်သလောက်ထိုးပါ....
ကိုယ်မချော့တတ် ချော့တတ်နဲ့ချော့နေတာကို
လက်ခံပေးလေ ညီရာ......."
"စိတ်မဆိုးဘူး....."
ခင်ဗျားကိုသတ်ပစ်ချင်လောက်အောင် ဒေါသထွက်နေတာ။
ပြီးတော့ ဘာကိုပျော်မှန်းမသိ ပြုံးချင်နေတဲ့ ကိုယ့်ကိုကိုယ်လဲ
နားမလည်ဖြစ်နေတာ ဘဲအိုကြီးရဲ့...'
ကိုဉာဏ် ခင်ဗျား ကျုပ်ကို သောကတွေပေးနေတာလား...?
မဆိုးဘူးသာပြောနေပြီး နှုတ်ခမ်းဆူကာ မျက်နှာကလည်းလွှဲထားသေးသည်။ ယခုဏထက်တော့ နည်းနည်းလျော့သွားသည့် မျက်နှာထားလေးကြောင့် ရင်မောနည်းနည်းသက်သာပါသည်။
"ကိုယ်ကမချက်ထားလောက်ဘူးထင်ခဲ့တာပါ.....
ဒါပေမယ့် ညီက......."
"ခင်ဗျားမှန်တယ်....."
သူမှန်ပါတယ်။ ကျွန်တော်ကသာ ဂရုဏာပိုပြီး
မပြောမဆိုချက်ပေးထားမိတာ။
"ကိုယ်စိတ်မကောင်းပါဘူး....အမှန်က ညီနဲ့အတူ ကြက်ပေါင်းစွပ်ပြုတ်ကို သွားစားချင်ခဲ့တာ......."
မျက်နှာလွှဲထားရာကပြန်လှည့်မလာသေးပါပဲ ငြိမ်နေသည့်ညီ မျက်နှာလေးငြိုးနေသည်။ ထိုပုံလေးအား ကြည့်ရ၊မြင်ရခြင်းအား ရင်ကိုဓားနဲ့ထိုးခံရသလို နာလွန်းသည်။
"ကိုယ့်ကိုကြည့် ညီ......"
လူမိုက်ရုပ်လေးနဲ့ကြည့်လာပုံလေးကပင် ချစ်စရာကောင်းနေပါသည်။ ချစ်ဖို့ကောင်းသည့်အချက်က ညီ့ ရဲ့ မွေးရာပါအားနည်းချက်ဆိုလျှင် ချစ်မွှေးလေးကို ထွေးပွေ့သိမ်းဖက်ထားဖို့က ဘယ်သူ့ အားသာချက်ဖြစ်မည်လဲ။
ညီ့ လိုချစ်စရာကောင်းသူလေးအား ဘယ်သူကများ ပိုင်ဆိုင်နိုင်မည်လဲ။
တနေ့ ကိုယ့်အနားက ထွက်ခွာသွားမယ့်ညီ့က ပြောခဲ့တဲ့စကားအတိုင်း ခပ်လန်းလန်းကောင်မလေးတွေ ထည်လဲတွဲပြီး ပျော်နေမလား။ မဟေသီကို ဘယ်တပြန်၊ညာတပြန် တွဲပြီး ဂေါ်ကြည့်ဦးမယ်ဆိုတဲ့ စကားအတိုင်း ဘယ်တယောက်၊ညာတယောက်နဲ့ ဂေါ်နေမလား။ ရင်ထဲ ထိုအတွေးတွေက မွန်းကြပ်လွန်းလို့ မတွေးချင်ပါ။ သူနဲ့ကိုယ်က သူ့ဘဝနဲ့သူ၊ ကိုယ့်ဘဝနဲ့ကိုယ် မဟုတ်လား။
ကြည့်ဆိုလို့ကြည့်လာသည့် ညီ့မျက်ဝန်းလေးတွေထဲ ကျွန်တော် နားမလည်နိုင်သည့် မျက်ဝန်းတို့ရဲ့
ဘာသာစကားကိုလဲ ထပ်မံ၍နားလည်မည်မဟုတ်ပေ။
"ကိုယ် တောင်းပန်တယ် ညီ........"
ဘာမှမပြောပါပဲ စိုက်ကာကြည့်နေသည့် ညီ့ကြောင့် ရင်ထဲဝေခွဲမရခြင်းတွေများနေသည်။
ခုထိခွင့်မလွတ်နိုင်သေးဘူးလားကွာ။ ဘယ်လိုထပ်ချော့သင့်လဲမသိသည့် ကျွန်တော်လည်းရွာသာကြီးဆိုသည့် စိတ္တဇဆေးရုံကြီးကို ပြေးမြင်လာသည်။
"စိတ်ဆိုးမပြေမချင်းချော့ပါ့မယ်....ဉာည့်နက်တဲ့အထိ အဖွားတို့နဲ့မနေပါနဲ့....ကိုယ်ပဲ ထွက်သွားပေးမယ်...
ညီ အိပ်ပျော်အောင် အိပ်နော်....."
ပြောလဲပြောပြီး ထ ထွက်သွားသည့် ကိုဉာဏ့် ကို အကျီကနေလှမ်းဆွဲလိုက်ပါသည်။ ချော့ချင်သူကို ချော့ခိုင်းရမည်မဟုတ်လား။
"အိပ်ပျော်တဲ့အထိ ချီပြီးလမ်းလျှောက်ပါလား...."
ကိုဉာဏ့်၏ဖက်ကာ သူ့ကိုယ်ပေါ်မှနေ၍ပြုံးလိုက်မိသည်။
တမြင်တကာမလုပ်နိုင်ဘူးအထင်နဲ့ ပြောလိုက်သည်ကို တကယ့်ကိုခါးတစ်ခွင်ချီလာလေသည်။ အေးဆေးငြိမ်ငြိမ်လေးသာ ပခုံးကိုသိုင်းဖက်ပြီးနေလိုက်ပါသည်။
ကိုရီးယားကားတွေထဲမြင်ဖူးသည်။ မင်းသမီးကို မင်းသားက ကုန်းပိုးပြီး ရိုဆန်ဆန်လမ်းလေးလျှောက်ကာ အိမ်ပြန်ကြသည်။ကုန်းပိုးခံရသည့် မင်းသမီးက အပျော်ကြီးပျော်နေသည်မို့ တကယ်ပျော်ဖို့ကောင်းလားသိချင်သည်။ တစ်ချိန်မိန်းမယူလျှင် မိန်းမကို ကိုယ်ကခွပြီးပိုးခိုင်းလို့မရသည်မို့ ထိုခံစားချက်ကိုမသိနိုင်ပေ။ ခုတော့ ချီခိုင်းလို့ရမည့် သူရှိတုန်း ချီခိုင်းပြီး ပျော်စရာကောင်းမကောင်းစမ်းသပ်လိုက်ပါသည်။ကြည်နူးဖို့ကောင်းသည်ဟုဆိုလျှင် ပိုမှန်ပေလိမ့်မည်။
'ကျေးဇူးတင်ပါတယ် ကိုဉာဏ်...ကျွန်တော်ကလည်း ခင်ဗျားကိုဆို အနိုင်ကျင့်ပြီးကို ဆိုးချင်နေတာ.....'
နောက်ဆုံးတော့ ကျွန်တော့်ဒေါသအိုးလေး
အိပ်ပျော်သွားလေပြီ။ ကုတင်ပေါ်တင်ကာ စောင်ခြုံပေးလိုက်ပြီး ပန်ကာဖွင့် မီးကိုပိတ်ကာ အရစ်ထုတ်ဘေးဝင်လှဲလိုက်သည်။
'စိတ်ဆိုးပြေပေးလိုက်မယ်...နောက်တစ်ခါဆို ရိုက်သတ်မယ်လို့...' ပြောသွားသည့် စကားကိုကြားယောင်တော့
ရယ်လိုက်ရင်း မျက်ဝန်းများမှိတ်လိုက်တော့သည်။
ကိုဉာဏ်မသိလိုက်သလို ဘယ်သူမှမသိလိုက်၊ သတိမထားမိလိုက်သည်က Silentလုပ်ထားသည့်ဖုန်းကို အကြိမ်ငါးဆယ်မကခေါ်နေပြီး ဒေါသတို့အထွဋ်အထိပ်ရောက်နေသည့် ကောင်လေးတစ်ယောက်ရှိနေခြင်းကိုပင်။
.......
တံခါးခေါက်သံကြောင့် ကိုကို ရောက်လာသည့်အထင်နဲ့ အပြေးသွားဖွင့်ပေးလိုက်မိသည်။ မှန်ဘီလူးလေးက မချောင်းမိသည့် ကိုယ့်ကိုကိုသာအပြစ်တင်လိုက်ချင်သည်။
ညကဖုန်းခေါ်နေသည်ကိုမကိုင်တော့ ကိုကို့ ကို စိတ်ဆွဲနေပြီး အရာရာ၊ နေရာတိုင်း ကိုကိုလို့ပင်ထင်နေမိလို့ပင်။
"ဟိုင်း အသဲလေး........"
"ခင်ဗျား........"
"ဘယ်လိုလဲ နေကောင်းရဲ့လား....."
"ဘာလာလုပ်တာလဲ...."
တခြားသူတော့မဟုတ်ပါပဲ ကိုကို့ရဲ့ချစ်သူနဲ့ လုပ်ဇာတ်ဆင်ပေးကာ ကိုကို့အနားက ထိုအစစ်မကိုအဝေးပို့လိုက်စဥ်က
ကူညီပေးခဲ့ဖူးသူပင်။ ကျွန်တော်နဲ့လည်း နည်းနည်းပတ်သတ်ဖူးသည့် သူဆိုလည်းမမှားပေ။ နိုင်ငံခြားသဘော်တက်ချင်သည့် သူ့ကိုငွေတွေပေးကာ ကူညီလိုက်သည်။ ထိုလူ လုပ်ချင်သည့်အလုပ်ရ၍ပျော်မြူးနေမည်ထင်ထားခဲ့သော်လည်း ဘယ်လိုကြောင့် ကျွန်တော့်ဆီပြန်လာခဲ့သည်လဲ။ သူက ကျွန်တော့်ကိုအသေရရအရှင်ရရ လိုချင်နေသူတစ်ယောက်ပင်။
"ကိုကောင်းမြတ်....မေးနေတာဖြေ....."
"မင်းကိုလိုချင်လို့....."
"ဘာ....."
လက်သီးကိုကျစ်နေအောင်ဆုပ်ကာ ထွက်နေသည့်ဒေါသကိုထိန်းချုပ်ပြီး စကားအေးဆေးပြောရန်ကြံလိုက်ရသည်။ နံရံကိုမှီရပ်နေသည့်လူအား ဧည့်ခန်းထဲထိုင်ခိုင်းလိုက်ရပါ၏။
"မင်းနဲ့ဉာဏ်သုနဲ့ လက်ထပ်မယ်ဆို....
ခုသတင်းကြားတာတော့ ဉာဏ်သုက ကောင်လေးတစ်ယောက်နဲ့လက်ထပ်ထားတယ်မဟုတ်လား......"
လက်ပိုက်ကာ ခြေချိတ်ထိုင်နေသည်က တော်တော်ကြာနေလေပြီ။ လူကိုအရှေ့တွင်ထားကာ ဖုတ်လေသောငပိ ရှိလေသည်ကို မထင်သည့်
နန္ဒမိုးနေဆိုသည့်ဟာလေးကို ကိုယ့်ဘက်ကပဲစကားဆိုရပေမည်။ သူ့ထံတွင် အကြွေးရစရာရှိသည်။ အကြွေးဆိုတာလဲ ကြာကြာထားရင် အတိုးများသွားနိုင်သည်မဟုတ်လား။ သဘော်ပေါ်ကပြန်ရောက်ရောက်ချင်းလုပ်ရသည့်အလုပ်က ထိုဟာလေးဆီပြန်လာရခြင်းတဲ့လေ။
"ဘယ်ကသိလဲ......"
"အဲ့ဒါကအကြောင်းမဟုတ်ပါဘူး......
မင်းမှတ်မိလား.....ဉာဏ်သု အနားက သူအချစ်ဆုံးကောင်မလေးနဲ့ကွဲအောင်လုပ်ပေးရင် လိုချင်တာပေးမယ်ပြောထားတာလေ...... ကိုယ်လိုချင်တာ မင်းဆိုတာရော မှတ်မိပါတယ်နော်........"
ခေါင်းအုံးနဲ့ပစ်ပေါက်ကာ လူကိုလုံးဖိပြီး ထိုးရန်ပြင်နေသည့် နှံပီစုပ်လိုဟာလေးကို တစ်ချက်ထဲချုပ်လိုက်ကာ ဆိုဖာပေါ်ပစ်တင်ပြီး ဖိထားလိုက်သည်။
"ဉာဏ်သုကို ဒီအကြောင်းတွေပြောပြလိုက်ရမလား....."
ကျွန်တော်ဘယ်လိုလုပ်ရမည်လဲ။ကိုကို့ ကိုလည်း သစ္စာမဖောက်ချင်သလို ချစ်တဲ့စိတ်၊ပိုင်ဆိုင်လိုစိတ်ကြောင့် လုပ်ခဲ့ဖူးသည့် အပြစ်တွေကိုလဲ ကိုကို့ အားမပြသလိုပေ။ မတော်တဆ ကိုကိုက ခွင့်မလွှတ်ပါပဲ ထားခဲ့ပါလျှင် ကျွန်တော်ရင်ကွဲရပေမည်။ နှစ်နှစ်နီးပါးကြာငြောင်းခဲ့သည့်အကြောင်းအရာကို အခုမှပြန်လာကာ ချေးခြောက်ရေနှူးနေသည့် လူကိုလဲသတ်ချင်ပါသည်။ကိုကိုနဲ့လဲ မဝေးလိုပါ။
"ခင်ဗျားလိုချင်တာရရင် ကျွန်တော့်ဘဝကိုမနှောင့်ယှက်ဘူးလို့ကတိပေးတယ်မဟုတ်လား..... "
နဖူးမှစကာနားသယ်စပ်အထိကို ခပ်ဖွဖွပွတ်ဆွဲကာ ကြာကြည့်ကြည့်နေသည့်လူကိုလဲ ရွံသည်။ ကိုကို့ ကျွန်တော့်ကို ရွံသွားမှာလည်း တွေးပူကာကြောက်ရသေးသည်။ ဒီလူ လိုက်နှောင့်ယှက်နေလျှင်လည်း ဘာတွေဖြစ်လာမည် မသိရရိုး။
ပြောလျှင်ပြောသလိုလုပ်တတ်သည့် ကိုကောင်းမြတ် အကြောင်းကိုသိသည့် ကျွန်တော့်မှာနည်းလမ်းမရှိတော့ပေ။
ပခုံးသားကအထိအတွေ့နဲ့ လစ်ဟနေသော ရင်ဘတ်ပေါ်မှကြယ်သီးလေးရဲ့ငိုကြွေးသံ ကျွန်တော်ကြားလိုက်ရသည်။
ကိုကို မဟုတ်တော့ ကျွန်တော့်ကမ္ဘာမှာ မိုးပြိုပါ၏။
တစ်ယောက်လောက် ကိုကိုနဲ့အမှတ်တရတွေကလွဲလို့ ဒီအဖြစ်ကြီးကိုမေ့လောက်အောင် သံတုတ်နဲ့ခေါင်းကိုနာနာလေးရိုက်ပေးကြပါလား။
...............
မနက်လင်းတော့ ညီ့ကိုအိပ်ယာပေါ်မှာမတွေ့ ထုံးစံအတိုင်းလမ်းလျှောက်ထွက်သွားတာနေမည်ဟု တွေးပြီး ရေမိုးချိုးကာအောက်ထပ်ဆင်းရန်ပြင်စဥ် အိတ်လာဆွဲသည့် ညီက ပြုံးပြနေလေသည်။
"ပေးပေး....ဟောဒီ့က ညီသုလေးက သယ်ပေးပါ့မယ်ဗျ..."
ကိုဉာဏ့်ကိုအချိုသတ်ရမည်။ ဒီည စျေးရောင်းပွဲကစလေပြီမို့ အချိုသတ်ကာဖားပြီး သူငယ်ချင်းတွေနဲ့ဒီညရုပ်ရှင်သွားကြည့်မည်ဟုပြောရမည်။ နောက်နေ့တော့ နောက်တစ်ကွက် ရွှေ့မည်။
"ကိုဉာဏ်.... ညကျရင်လေ ပိုးတို့၊ ယွန်းတို့နဲ့ သရဲကားသွားကြည့်ချင်လို့ လက်မှတ်ကည၁၀နာရီပဲကျန်တာတဲ့လေ...."
ခေါင်းငြိမ့်ပြလာသည့် ကိုဉာဏ်ကြောင့် ရင်ထဲတွင်ပန်းဝေဝေဆာစွာပွင့်ကာ လက်သီးလက်မောင်းတန်းလို့ P'Markရုပ်ရှင်ထဲက မင်းသားမာရီယိုကသလိုကို ကွေးနေအောင် ကနေလိုက်သည်။ ထမင်းစားခန်းထဲဝင်သွားသည့် ကိုဉာဏ်တော့မသိပေ။
"ဘယ်ရုံလဲ ညီ......"
ပါးစပ်ထဲရှိရာဖြေလိုက်သည်။ စပ်စပ်စုစုမေးနေသေးသော ဘဲစပ်စပ်ရို။
"Junction city...."
ထမင်းကြော်ကိုပြင်ပေးထားသည့်ပုံက ညီသုလက်ရာပဲနေမည် ငန်သလူးနေသည်။သို့သော်လည်း စိတ်ဆိုးပြေခါစမို့ပြောမနေတော့ ရှေ့မှဂေါ်ဖီချဥ်နဲ့ နယ်ပြီးစားလိုက်သည်။
ညကျသူငယ်ချင်းတွေနဲ့တွေ့ပြီး ၁၀နာရီလောက်တော့ပြန်မည်။ ညီတို့ရုံရှေ့ရောက်ရင် ကားထဲထိုင်စောင့်ကာ ညီ့ကိုတခါတည်းကြိုလိုက်မည်။
'ညီ့အတွက် supriseပေါ့.....'
တွေး
၂၈၈၂၀
................
Zawgyi.....
မ်က္ႏွာလႊဲထားသည့္ ညီ က စိတ္ဆိုးေနဆဲျဖစ္လိမ့္မည္။
နာမည္ေခၚသည္ကိုပင္ မသိခ်င္ေယာင္ေဆာင္ေနေသာ္လည္း ပါးေလးႏွစ္ဖက္က ရဲေနသည္မွာ စေတာ္ဘယ္ရီအေရာင္ေလးကိုသမ္းေနေလသည္။ ခ်စ္ဖို႔ေကာင္းသည္။
ဟုတ္ပါသည္။ ဒီလိုပုံအား ခ်စ္ဖို႔ေကာင္းသည္ဟုေခၚျခင္းေပ။
"ညီ လို႔....."
အေပၚကေနတက္ခြထားၿပီး လက္ႏွစ္ဖက္ေဘးသို႔ဆန့္ထားသည္မို႔ေရာ ခ်ဳပ္ထားသည္ေၾကာင့္ပါ လႈပ္လို႔ကမရေပ။ တညီ ညီ နဲ႕ကိုေခၚေနျခင္းမွာ သုံးႀကိမ္ျပည့္ေလၿပီ။
စကားမေျပာခ်င္ပါ။ သူ႕မ်က္ႏွာျမင္လွ်င္ အလိုလိုဝမ္းနည္းပါသည္။ တစ္ေန႕လုံး၊ တစ္ညေနလုံးပင္ပန္းကာ အဖြားေရာ
တီေလးပါရွိေနသည္မို႔ ျပန္လာမွာပါေလဟု ေတြးမိၿပီးေစာင့္သည္။ ဖုန္းဆက္ခဲ့၏။ သုံးႀကိမ္တိတိမကိုင္ခဲ့။ စာပို႔ခဲ့သည္။ ျပန္စာမလာခဲ့ပါ။ ယခုမွလာေခ်ာ့ေနလို႔ ရရိုးလား။
"ဖယ္ဗ်ာ....အသက္ရႉၾကပ္တယ္...."
ပခုံးကိုတြန္းကာ ႐ုန္းေနေသာ္လည္းမရေပ။ သူ႕အားႀကီးနဲ႕ခ်ဳပ္ထားေလ၏။ စိတ္ေလပါသည္။ ရင္ဘတ္ထဲမွာလည္း
ဟာလာဟင္းလင္းႀကီး ႏွင့္ အသည္းေတြအူေတြမရွိေတာ့သလိုလို။ ႏွလုံးတစ္ခုတည္းက တုန္ေနသည္။ ကြၽန္ေတာ္ပဲလားဆိုေတာ့မဟုတ္ေပ။ သူ႕ဆီမွလည္း တဒုတ္ဒုတ္နဲ႕ ရင္တုန္ေနသံၾကားရသည္။ ဘဲႀကီးက အသက္ႀကီးလာ၍ က်န္းမာေရးခ်ိဳ႕ယြင္းကာ ေလ်ာေတာ့မလားလဲမသိေပ။
"စိတ္ဆိုးေနတုန္းလား....
ဝလုံးကိုေလ စာမ်က္ႏွာ တစ္ေထာင္ေရးၿပီးၿပီ...."
မၾကားခ်င္ေယာင္ေဆာင္ၿပီး ဂ႐ုမစိုက္သည့္ပုံနဲ႕ကို မ်က္ႏွာလႊဲကာထား၏။ ကုတင္ေဘးမွ လိုက္ကာ လြင့္ေနသည္ကို အထူးအဆန္းနဲ႕ လိုက္ၾကည့္ေနသည့္ ညီ ။ ရင္ေတြကလည္း တလွပ္လွပ္နဲ႕ ကြၽန္ေတာ့္မွာဘာေတြျဖစ္ေနသည္လဲ မသိသလို
ညီကလည္း စိတ္ဆိုးမေျပေသးေပ။
ဘယ္ဘက္ပါးကို နမ္းရွိုက္လာသည့္ ကိုဉာဏ္ေၾကာင့္ မ်က္လုံးအဝိုင္းသားနဲ႕ ျပဳးၾကည့္ေနမိစဥ္ ညာဘက္ပါးကို ထပ္ကာနမ္းလာ၏။ ကေလးငယ္ပုစိေလးကို အသည္းတယားယားနဲ႕နမ္းရွိုက္ေနသည့္ မိဘမ်ားလိုပင္ တ႐ႊတ္႐ႊတ္နဲ႕နမ္းေလေတာ့ ရင္ေတြလဲ တလွပ္လွပ္နဲ႕ တုန္ေနသည္။
ေနာက္ေန႕မွပဲ ႏွလုံးေရာဂါသြားစစ္ဦးမည္။ အီးစီဂ်ီသြားရိုက္ဦးမွပါေလ။
ပထမေတာ့ တစ္ခ်က္၊ႏွစ္ခ်က္နမ္းကာ စေနာက္မည္ဟုေတြးထားေသာ္လည္း ရင္ခြင္ေအာက္မွ ျဖတ္ျဖတ္ခါလူးကာ ေအာ္ဟစ္ေနသည့္အသံေလးနဲ႕ ရွက္ေသြးျဖာကာ ေဒါသထြက္ေနသည့္ ညီ့ ပုံေလးကို အသည္းတယားယားနဲ႕မို႔ အားရပါးရနမ္းရွိုက္လိုက္မိပါသည္။ ကြၽန္ေတာ့္လက္ထဲက
လြတ္တာနဲ႕ စိတ္ဆိုးမေျပေသးရင္ေတာ့ ေနာက္ေန႕အေရးေပၚခန္းထဲေရာက္ေတာ့မည္မွာေသခ်ာသည္။ ဇြဲမေလ်ာ့ပါ။
စိတ္ဆိုးေဒါသထြက္တတ္ျခင္းက ညီ့အက်င့္ဆိုလွ်င္
မေခ်ာ့တတ္သည့္တိုင္ ေခ်ာ့ေမာ့ရမည္မွာ ကြၽန္ေတာ့္အလုပ္ပင္။
ဘယ္တစ္ျပန္ ၊ညာတစ္ျပန္ ေလးခ်က္၊ငါးခ်က္ေလာက္
အားရပါးရကို တစ္ဝႀကီး နမ္းၿပီးမွ
"စိတ္ဆိုးေျပပါေတာ့ကြာ....
ညီ စကားမေျပာေတာ့ ကိုယ္မေနတတ္လို႔ပါ....."
"နမ္းထားတာ အလကားရမယ္ထင္ေနလား.....
ပိုက္ဆံမေတာင္းဘူး....ဒီတစ္ခါ လက္သီးနဲ႕ျပန္ထိုးမယ္.....ခင္ဗ်ား....ခင္ဗ်ား.......... "
မ်က္ႏွာႀကီးတစ္ခုလုံး နီရဲကာေနၿပီး ေဒါသေရာ၊ရွက္ေနမႈေရာက ေရာေထြးကာ ႀကိမ္းဝါးလိုက္သည္။ ဘဝမွာထားခဲ့ဖူးတဲ့ တစ္ေယာက္တည္းရွိေသာ ႐ြာကရည္းစားကိုပင္ မနမ္းခဲ့ဖူးသလို၊ အနမ္းခံရျခင္းမ်ိဳးလည္းမရွိခဲ့ေပ။ ယခုက ပထမဆုံးေသာအနမ္းကို နမ္းဖူးသည့္ ကိုဉာဏ္က အခုလိုရယ္က်ဲက်ဲနဲ႕ ပိုးစိုးပက္စက္ တ႐ႊတ္႐ႊတ္နမ္းကာ ေခ်ာ့ေနသည္။ ကြၽန္ေတာ့္ရည္းစားလဲမဟုတ္ပဲ နမ္းစရာလား။
"စိတ္ဆိုးေျပမယ္ဆို ႀကိဳက္သေလာက္ထိုးပါ....
ကိုယ္မေခ်ာ့တတ္ ေခ်ာ့တတ္နဲ႕ေခ်ာ့ေနတာကို
လက္ခံေပးေလ ညီရာ......."
"စိတ္မဆိုးဘူး....."
ခင္ဗ်ားကိုသတ္ပစ္ခ်င္ေလာက္ေအာင္ ေဒါသထြက္ေနတာ။
ၿပီးေတာ့ ဘာကိုေပ်ာ္မွန္းမသိ ၿပဳံးခ်င္ေနတဲ့ ကိုယ့္ကိုကိုယ္လဲ
နားမလည္ျဖစ္ေနတာ ဘဲအိုႀကီးရဲ႕...'
ကိုဉာဏ္ ခင္ဗ်ား က်ဳပ္ကို ေသာကေတြေပးေနတာလား...?
မဆိုးဘူးသာေျပာေနၿပီး ႏႈတ္ခမ္းဆူကာ မ်က္ႏွာကလည္းလႊဲထားေသးသည္။ ယခုဏထက္ေတာ့ နည္းနည္းေလ်ာ့သြားသည့္ မ်က္ႏွာထားေလးေၾကာင့္ ရင္ေမာနည္းနည္းသက္သာပါသည္။
"ကိုယ္ကမခ်က္ထားေလာက္ဘူးထင္ခဲ့တာပါ.....
ဒါေပမယ့္ ညီက......."
"ခင္ဗ်ားမွန္တယ္....."
သူမွန္ပါတယ္။ ကြၽန္ေတာ္ကသာ ဂ႐ုဏာပိုၿပီး
မေျပာမဆိုခ်က္ေပးထားမိတာ။
"ကိုယ္စိတ္မေကာင္းပါဘူး....အမွန္က ညီနဲ႕အတူ ၾကက္ေပါင္းစြပ္ျပဳတ္ကို သြားစားခ်င္ခဲ့တာ......."
မ်က္ႏွာလႊဲထားရာကျပန္လွည့္မလာေသးပါပဲ ၿငိမ္ေနသည့္ညီ မ်က္ႏွာေလးၿငိဳးေနသည္။ ထိုပုံေလးအား ၾကည့္ရ၊ျမင္ရျခင္းအား ရင္ကိုဓားနဲ႕ထိုးခံရသလို နာလြန္းသည္။
"ကိုယ့္ကိုၾကည့္ ညီ......"
လူမိုက္႐ုပ္ေလးနဲ႕ၾကည့္လာပုံေလးကပင္ ခ်စ္စရာေကာင္းေနပါသည္။ ခ်စ္ဖို႔ေကာင္းသည့္အခ်က္က ညီ့ ရဲ႕ ေမြးရာပါအားနည္းခ်က္ဆိုလွ်င္ ခ်စ္ေမႊးေလးကို ေထြးေပြ႕သိမ္းဖက္ထားဖို႔က ဘယ္သူ႕ အားသာခ်က္ျဖစ္မည္လဲ။
ညီ့ လိုခ်စ္စရာေကာင္းသူေလးအား ဘယ္သူကမ်ား ပိုင္ဆိုင္နိုင္မည္လဲ။
တေန႕ ကိုယ့္အနားက ထြက္ခြာသြားမယ့္ညီ့က ေျပာခဲ့တဲ့စကားအတိုင္း ခပ္လန္းလန္းေကာင္မေလးေတြ ထည္လဲတြဲၿပီး ေပ်ာ္ေနမလား။ မေဟသီကို ဘယ္တျပန္၊ညာတျပန္ တြဲၿပီး ေဂၚၾကည့္ဦးမယ္ဆိုတဲ့ စကားအတိုင္း ဘယ္တေယာက္၊ညာတေယာက္နဲ႕ ေဂၚေနမလား။ ရင္ထဲ ထိုအေတြးေတြက မြန္းၾကပ္လြန္းလို႔ မေတြးခ်င္ပါ။ သူနဲ႕ကိုယ္က သူ႕ဘဝနဲ႕သူ၊ ကိုယ့္ဘဝနဲ႕ကိုယ္ မဟုတ္လား။
ၾကည့္ဆိုလို႔ၾကည့္လာသည့္ ညီ့မ်က္ဝန္းေလးေတြထဲ ကြၽန္ေတာ္ နားမလည္နိုင္သည့္ မ်က္ဝန္းတို႔ရဲ႕
ဘာသာစကားကိုလဲ ထပ္မံ၍နားလည္မည္မဟုတ္ေပ။
"ကိုယ္ ေတာင္းပန္တယ္ ညီ........"
ဘာမွမေျပာပါပဲ စိုက္ကာၾကည့္ေနသည့္ ညီ့ေၾကာင့္ ရင္ထဲေဝခြဲမရျခင္းေတြမ်ားေနသည္။
ခုထိခြင့္မလြတ္နိုင္ေသးဘူးလားကြာ။ ဘယ္လိုထပ္ေခ်ာ့သင့္လဲမသိသည့္ ကြၽန္ေတာ္လည္း႐ြာသာႀကီးဆိုသည့္ စိတၱဇေဆး႐ုံႀကီးကို ေျပးျမင္လာသည္။
"စိတ္ဆိုးမေျပမခ်င္းေခ်ာ့ပါ့မယ္....ဉာည့္နက္တဲ့အထိ အဖြားတို႔နဲ႕မေနပါနဲ႕....ကိုယ္ပဲ ထြက္သြားေပးမယ္...
ညီ အိပ္ေပ်ာ္ေအာင္ အိပ္ေနာ္....."
ေျပာလဲေျပာၿပီး ထ ထြက္သြားသည့္ ကိုဉာဏ့္ ကို အက်ီကေနလွမ္းဆြဲလိုက္ပါသည္။ ေခ်ာ့ခ်င္သူကို ေခ်ာ့ခိုင္းရမည္မဟုတ္လား။
"အိပ္ေပ်ာ္တဲ့အထိ ခ်ီၿပီးလမ္းေလွ်ာက္ပါလား...."
ကိုဉာဏ့္၏ဖက္ကာ သူ႕ကိုယ္ေပၚမွေန၍ၿပဳံးလိုက္မိသည္။
တျမင္တကာမလုပ္နိုင္ဘူးအထင္နဲ႕ ေျပာလိုက္သည္ကို တကယ့္ကိုခါးတစ္ခြင္ခ်ီလာေလသည္။ ေအးေဆးၿငိမ္ၿငိမ္ေလးသာ ပခုံးကိုသိုင္းဖက္ၿပီးေနလိုက္ပါသည္။
ကိုရီးယားကားေတြထဲျမင္ဖူးသည္။ မင္းသမီးကို မင္းသားက ကုန္းပိုးၿပီး ရိုဆန္ဆန္လမ္းေလးေလွ်ာက္ကာ အိမ္ျပန္ၾကသည္။ကုန္းပိုးခံရသည့္ မင္းသမီးက အေပ်ာ္ႀကီးေပ်ာ္ေနသည္မို႔ တကယ္ေပ်ာ္ဖို႔ေကာင္းလားသိခ်င္သည္။ တစ္ခ်ိန္မိန္းမယူလွ်င္ မိန္းမကို ကိုယ္ကခြၿပီးပိုးခိုင္းလို႔မရသည္မို႔ ထိုခံစားခ်က္ကိုမသိနိုင္ေပ။ ခုေတာ့ ခ်ီခိုင္းလို႔ရမည့္ သူရွိတုန္း ခ်ီခိုင္းၿပီး ေပ်ာ္စရာေကာင္းမေကာင္းစမ္းသပ္လိုက္ပါသည္။ၾကည္ႏူးဖို႔ေကာင္းသည္ဟုဆိုလွ်င္ ပိုမွန္ေပလိမ့္မည္။
'ေက်းဇူးတင္ပါတယ္ ကိုဉာဏ္...ကြၽန္ေတာ္ကလည္း ခင္ဗ်ားကိုဆို အနိုင္က်င့္ၿပီးကို ဆိုးခ်င္ေနတာ.....'
ေနာက္ဆုံးေတာ့ ကြၽန္ေတာ့္ေဒါသအိုးေလး
အိပ္ေပ်ာ္သြားေလၿပီ။ ကုတင္ေပၚတင္ကာ ေစာင္ၿခဳံေပးလိုက္ၿပီး ပန္ကာဖြင့္ မီးကိုပိတ္ကာ အရစ္ထုတ္ေဘးဝင္လွဲလိုက္သည္။
'စိတ္ဆိုးေျပေပးလိုက္မယ္...ေနာက္တစ္ခါဆို ရိုက္သတ္မယ္လို႔...' ေျပာသြားသည့္ စကားကိုၾကားေယာင္ေတာ့
ရယ္လိုက္ရင္း မ်က္ဝန္းမ်ားမွိတ္လိုက္ေတာ့သည္။
ကိုဉာဏ္မသိလိုက္သလို ဘယ္သူမွမသိလိုက္၊ သတိမထားမိလိုက္သည္က Silentလုပ္ထားသည့္ဖုန္းကို အႀကိမ္ငါးဆယ္မကေခၚေနၿပီး ေဒါသတို႔အထြဋ္အထိပ္ေရာက္ေနသည့္ ေကာင္ေလးတစ္ေယာက္ရွိေနျခင္းကိုပင္။
.......
တံခါးေခါက္သံေၾကာင့္ ကိုကို ေရာက္လာသည့္အထင္နဲ႕ အေျပးသြားဖြင့္ေပးလိုက္မိသည္။ မွန္ဘီလူးေလးက မေခ်ာင္းမိသည့္ ကိုယ့္ကိုကိုသာအျပစ္တင္လိုက္ခ်င္သည္။
ညကဖုန္းေခၚေနသည္ကိုမကိုင္ေတာ့ ကိုကို႔ ကို စိတ္ဆြဲေနၿပီး အရာရာ၊ ေနရာတိုင္း ကိုကိုလို႔ပင္ထင္ေနမိလို႔ပင္။
"ဟိုင္း အသဲေလး........"
"ခင္ဗ်ား........"
"ဘယ္လိုလဲ ေနေကာင္းရဲ႕လား....."
"ဘာလာလုပ္တာလဲ...."
တျခားသူေတာ့မဟုတ္ပါပဲ ကိုကို႔ရဲ႕ခ်စ္သူနဲ႕ လုပ္ဇာတ္ဆင္ေပးကာ ကိုကို႔အနားက ထိုအစစ္မကိုအေဝးပို႔လိုက္စဥ္က
ကူညီေပးခဲ့ဖူးသူပင္။ ကြၽန္ေတာ္နဲ႕လည္း နည္းနည္းပတ္သတ္ဖူးသည့္ သူဆိုလည္းမမွားေပ။ နိုင္ငံျခားသေဘာ္တက္ခ်င္သည့္ သူ႕ကိုေငြေတြေပးကာ ကူညီလိုက္သည္။ ထိုလူ လုပ္ခ်င္သည့္အလုပ္ရ၍ေပ်ာ္ျမဴးေနမည္ထင္ထားခဲ့ေသာ္လည္း ဘယ္လိုေၾကာင့္ ကြၽန္ေတာ့္ဆီျပန္လာခဲ့သည္လဲ။ သူက ကြၽန္ေတာ့္ကိုအေသရရအရွင္ရရ လိုခ်င္ေနသူတစ္ေယာက္ပင္။
"ကိုေကာင္းျမတ္....ေမးေနတာေျဖ....."
"မင္းကိုလိုခ်င္လို႔....."
"ဘာ....."
လက္သီးကိုက်စ္ေနေအာင္ဆုပ္ကာ ထြက္ေနသည့္ေဒါသကိုထိန္းခ်ဳပ္ၿပီး စကားေအးေဆးေျပာရန္ႀကံလိုက္ရသည္။ နံရံကိုမွီရပ္ေနသည့္လူအား ဧည့္ခန္းထဲထိုင္ခိုင္းလိုက္ရပါ၏။
"မင္းနဲ႕ဉာဏ္သုနဲ႕ လက္ထပ္မယ္ဆို....
ခုသတင္းၾကားတာေတာ့ ဉာဏ္သုက ေကာင္ေလးတစ္ေယာက္နဲ႕လက္ထပ္ထားတယ္မဟုတ္လား......"
လက္ပိုက္ကာ ေျခခ်ိတ္ထိုင္ေနသည္က ေတာ္ေတာ္ၾကာေနေလၿပီ။ လူကိုအေရွ႕တြင္ထားကာ ဖုတ္ေလေသာငပိ ရွိေလသည္ကို မထင္သည့္
နႏၵမိုးေနဆိုသည့္ဟာေလးကို ကိုယ့္ဘက္ကပဲစကားဆိုရေပမည္။ သူ႕ထံတြင္ အေႂကြးရစရာရွိသည္။ အေႂကြးဆိုတာလဲ ၾကာၾကာထားရင္ အတိုးမ်ားသြားနိုင္သည္မဟုတ္လား။ သေဘာ္ေပၚကျပန္ေရာက္ေရာက္ခ်င္းလုပ္ရသည့္အလုပ္က ထိုဟာေလးဆီျပန္လာရျခင္းတဲ့ေလ။
"ဘယ္ကသိလဲ......"
"အဲ့ဒါကအေၾကာင္းမဟုတ္ပါဘူး......
မင္းမွတ္မိလား.....ဉာဏ္သု အနားက သူအခ်စ္ဆုံးေကာင္မေလးနဲ႕ကြဲေအာင္လုပ္ေပးရင္ လိုခ်င္တာေပးမယ္ေျပာထားတာေလ...... ကိုယ္လိုခ်င္တာ မင္းဆိုတာေရာ မွတ္မိပါတယ္ေနာ္........"
ေခါင္းအုံးနဲ႕ပစ္ေပါက္ကာ လူကိုလုံးဖိၿပီး ထိုးရန္ျပင္ေနသည့္ ႏွံပီစုပ္လိုဟာေလးကို တစ္ခ်က္ထဲခ်ဳပ္လိုက္ကာ ဆိုဖာေပၚပစ္တင္ၿပီး ဖိထားလိုက္သည္။
"ဉာဏ္သုကို ဒီအေၾကာင္းေတြေျပာျပလိုက္ရမလား....."
ကြၽန္ေတာ္ဘယ္လိုလုပ္ရမည္လဲ။ကိုကို႔ ကိုလည္း သစၥာမေဖာက္ခ်င္သလို ခ်စ္တဲ့စိတ္၊ပိုင္ဆိုင္လိုစိတ္ေၾကာင့္ လုပ္ခဲ့ဖူးသည့္ အျပစ္ေတြကိုလဲ ကိုကို႔ အားမျပသလိုေပ။ မေတာ္တဆ ကိုကိုက ခြင့္မလႊတ္ပါပဲ ထားခဲ့ပါလွ်င္ ကြၽန္ေတာ္ရင္ကြဲရေပမည္။ ႏွစ္ႏွစ္နီးပါးၾကာေျငာင္းခဲ့သည့္အေၾကာင္းအရာကို အခုမွျပန္လာကာ ေခ်းေျခာက္ေရႏႉးေနသည့္ လူကိုလဲသတ္ခ်င္ပါသည္။ကိုကိုနဲ႕လဲ မေဝးလိုပါ။
"ခင္ဗ်ားလိုခ်င္တာရရင္ ကြၽန္ေတာ့္ဘဝကိုမႏွောင့္ယွက္ဘူးလို႔ကတိေပးတယ္မဟုတ္လား..... "
နဖူးမွစကာနားသယ္စပ္အထိကို ခပ္ဖြဖြပြတ္ဆြဲကာ ၾကာၾကည့္ၾကည့္ေနသည့္လူကိုလဲ ႐ြံသည္။ ကိုကို႔ ကြၽန္ေတာ့္ကို ႐ြံသြားမွာလည္း ေတြးပူကာေၾကာက္ရေသးသည္။ ဒီလူ လိုက္ႏွောင့္ယွက္ေနလွ်င္လည္း ဘာေတြျဖစ္လာမည္ မသိရရိုး။
ေျပာလွ်င္ေျပာသလိုလုပ္တတ္သည့္ ကိုေကာင္းျမတ္ အေၾကာင္းကိုသိသည့္ ကြၽန္ေတာ့္မွာနည္းလမ္းမရွိေတာ့ေပ။
ပခုံးသားကအထိအေတြ႕နဲ႕ လစ္ဟေနေသာ ရင္ဘတ္ေပၚမွၾကယ္သီးေလးရဲ႕ငိုေႂကြးသံ ကြၽန္ေတာ္ၾကားလိုက္ရသည္။
ကိုကို မဟုတ္ေတာ့ ကြၽန္ေတာ့္ကမၻာမွာ မိုးၿပိဳပါ၏။
တစ္ေယာက္ေလာက္ ကိုကိုနဲ႕အမွတ္တရေတြကလြဲလို႔ ဒီအျဖစ္ႀကီးကိုေမ့ေလာက္ေအာင္ သံတုတ္နဲ႕ေခါင္းကိုနာနာေလးရိုက္ေပးၾကပါလား။
...............
မနက္လင္းေတာ့ ညီ့ကိုအိပ္ယာေပၚမွာမေတြ႕ ထုံးစံအတိုင္းလမ္းေလွ်ာက္ထြက္သြားတာေနမည္ဟု ေတြးၿပီး ေရမိုးခ်ိဳးကာေအာက္ထပ္ဆင္းရန္ျပင္စဥ္ အိတ္လာဆြဲသည့္ ညီက ၿပဳံးျပေနေလသည္။
"ေပးေပး....ေဟာဒီ့က ညီသုေလးက သယ္ေပးပါ့မယ္ဗ်..."
ကိုဉာဏ့္ကိုအခ်ိဳသတ္ရမည္။ ဒီည ေစ်းေရာင္းပြဲကစေလၿပီမို႔ အခ်ိဳသတ္ကာဖားၿပီး သူငယ္ခ်င္းေတြနဲ႕ဒီည႐ုပ္ရွင္သြားၾကည့္မည္ဟုေျပာရမည္။ ေနာက္ေန႕ေတာ့ ေနာက္တစ္ကြက္ ေ႐ႊ႕မည္။
"ကိုဉာဏ္.... ညက်ရင္ေလ ပိုးတို႔၊ ယြန္းတို႔နဲ႕ သရဲကားသြားၾကည့္ခ်င္လို႔ လက္မွတ္ကည၁၀နာရီပဲက်န္တာတဲ့ေလ...."
ေခါင္းၿငိမ့္ျပလာသည့္ ကိုဉာဏ္ေၾကာင့္ ရင္ထဲတြင္ပန္းေဝေဝဆာစြာပြင့္ကာ လက္သီးလက္ေမာင္းတန္းလို႔ P'Mark႐ုပ္ရွင္ထဲက မင္းသားမာရီယိုကသလိုကို ေကြးေနေအာင္ ကေနလိုက္သည္။ ထမင္းစားခန္းထဲဝင္သြားသည့္ ကိုဉာဏ္ေတာ့မသိေပ။
"ဘယ္႐ုံလဲ ညီ......"
ပါးစပ္ထဲရွိရာေျဖလိုက္သည္။ စပ္စပ္စုစုေမးေနေသးေသာ ဘဲစပ္စပ္ရို။
"Junction city...."
ထမင္းေၾကာ္ကိုျပင္ေပးထားသည့္ပုံက ညီသုလက္ရာပဲေနမည္ ငန္သလူးေနသည္။သို႔ေသာ္လည္း စိတ္ဆိုးေျပခါစမို႔ေျပာမေနေတာ့ ေရွ႕မွေဂၚဖီခ်ဥ္နဲ႕ နယ္ၿပီးစားလိုက္သည္။
ညက်သဴငယ္ခ်င္းေတြနဲ႕ေတြ႕ၿပီး ၁၀နာရီေလာက္ေတာ့ျပန္မည္။ ညီတို႔႐ုံေရွ႕ေရာက္ရင္ ကားထဲထိုင္ေစာင့္ကာ ညီ့ကိုတခါတည္းႀကိဳလိုက္မည္။
'ညီ့အတြက္ supriseေပါ့.....'
ေတြး
၂၈၈၂၀
................