ငယ်နဲ့ဖုန်းပြောနေစဥ် တံခါးဖွင့်သံကြားတော့ ကြည့်လိုက်မိရာ ညီ တစ်ယောက် နားကိုကိုင်ပြီး ရှုံ့မဲ့ကာရယ်ဖြင့် ဆိုဖာပေါ်လျှောက်သွားလေသည်။ ညီ့ပုံစံကြည့်ရသည်က တော်တော်လေးကိုမသက်မသာဖြစ်နေပုံမို့ သနားမိပြီး ကိုယ်ပါစိတ်မကောင်းဖြစ်မိသည်။ ညနေဘက် ထမင်းစားချိန်လည်း
အဖွားနှင့်အန်တီလေး အပြင်မှာစားကြသည်မို့ သူရယ်၊ကိုရယ် နှစ်ယောက်တည်းသာ။ ဆန်ပြုတ်ကိုပင် ပါးစပ်မဟနိုင်ပါပဲ နည်းနည်းချင်းစားနေပြီး မျက်ရည်ဝဲနေသည်မို့ ချော့မော့ရသေး၏။ ဘာစားချင်လဲမေးသော်ငြား ခေါင်းသာခါပြီး ပါးတစ်ခြမ်းကိုသာကိုင်နေ၏။
ငယ်နဲ့ဖုန်းပြောရင်းအာရုံကမရတော့ပေ။ ဆိုဖာကိုသာ အကြည့်ရောက်ရောက်နေမိသည်။
"ကိုကို....ဘာတွေကြည့်နေတာလဲ
အနောက်တစ်လှည့်လှည့်နဲ့.........."
"ဘာမှမဟုတ်ပါဘူး ငယ်ရဲ့....."
မျက်မှောင်ကြုတ်နေသည်က လုံးဝကိုသိသာလွန်းနေသည်။ ကိုကိုဘာတွေဖြစ်နေသည်လဲမသိရပေ။
"ဒါနဲ့ဟိုတစ်ယောက်နဲ့ အခန်းခွဲအိပ်ပြီလား....."
ခေါင်းခါပြသည့် ကိုကိုကြောင့် စိတ်ထဲတော့ ကွက်ခနဲဖြစ်သွားသည်။ယခုနက ပြုံးရွှင်နေပြီး နေလို၊လလိုဝင်းပနေသည့် ကိုကို့ မျက်နှာအခြေအနေမှာ ချက်ချင်းဆိုသလို လ ငပုတ်ဖမ်းပြီး ကောက်ခါငင်ခါကြီး နေ ထကြတ်သလို အရောင်အသွေးတို့က မှိုင်းရီကာမဲညစ်ပြီး ပျော်ရွှင်မှုမပြတော့ပါပဲ စိုးရိမ်ကာစိတ်ပူနေသည့်ပုံဖြစ်နေသည်မို့ ကိုယ်တိုင်လဲမပျော်တော့ပေ။ ကိုကို ဘာဖြစ်သွားသည်လဲမသိတော့ပေ။
"ကိုကို......"
ငြီးနေသည့်အသံသည်က တိတ်ဆိတ်နေသည့် အခန်းထဲထွက်ပေါ်၍လာလေသည်။ ညီ ဘယ်လောက်တောင်နာကျင်ကိုက်ခဲနေသည်မပြောတတ်ပေ။ အိပ်နေရင်းတောင် ငြီးငြူနေသည်မို့ ပစ်စလက်ခတ်၊ပစ်မထားချင်တော့၊
ပစ်မထားနိုင်တော့ချေ။ ငယ်၏ ကိုကိုခေါ်သံကိုလည်း
ပြန်၍ထူးရပေဦးမည်။
"ငယ်..... ညီသု နေမကောင်းဘူး....
ကိုယ်ဂရုစိုက်ပေးလိုက်ဦးမယ်........"
ဒါကြီးကလွန်သွားသည်ဟု ထင်ပါသည်။ နေမကောင်းတာ နေကောင်းတာကိုပါ လိုက်ဂရုစိုက်နေရလောက်အောင်
အဲ့လောက်ထိလိုလို့လား။
"ကိုကို အဲ့လောက်ထိလိုလား....မျက်စိပျက်၊မျက်နှာပျက်နဲ့
ချက်ခြင်းကြီးကို ဖြစ်သွားတာ.... အဲ့စပ်စလူးကောင်နေမကောင်းလို့တဲ့လား....."
"ငယ် အဲ့လိုမရိုင်းနဲ့လေကွာ......."
"ဘာ......ကျွန်တော်ကရိုင်းတယ်ဟုတ်လား ကိုကို......"
စိတ်ဆိုးမာန်ဆိုးနဲ့ အော်ဟစ်နေသည့် ငယ့်ကိုကြည့်ပြီး သက်ပြင်းမောကိုချကာ အသံကိုတိုးလိုက်ပါသည်။ နားကိုက်နေသည့် ညီသု ကြားလျှင် မကောင်းချေ။ ညီသုဒေါသနှင့် ငယ်နှင့် နှစ်ယောက်သား
ရန်ထသတ်ပြီး
စကားတွေများကြလျှင် ညီသု က နေမကောင်းဖြစ်နေသည်မဟုတ်လား။ ဘယ်သူ့အတွက်မှမကောင်းနိုင်ချေ။
"ကိုယ် တောင်းပန်တယ် ငယ်ရာ....
အိမ်မှာက ဖွားဖွားရော...အန်တီလေးရောရှိတယ်....
ပြီးတော့ ညီသု က ကိုယ်တို့ကိုကူညီနေတာ....."
"ကူညီတာက အလကားမှမဟုတ်ပဲ
တန်ရာတန်ကြေးပေးထားရတာပဲလေ......"
ကိုကိုနဲ့ကျွန်တော် စကားတစ်ယောက်တစ်ခွန်းများကာ ရန်ဖြစ်နေရခြင်းမှာ ချက်ချင်းဆိုသလိုပင်။ ယခုနကပျော်စရာအတိနှင့် စနောက်နေကြပြီး ယခုကျတော့ လျှာနဲ့သွားကဲ့သို့ မတော်တဆ ကိုက်မိသလို ရန်ဖြစ်ရလေပြီ။ ဘယ်သူ့အမှားလဲ။
အိပ်နေရင်းကြားလိုက်ရသောအသံမှာ စကားများကာ ရန်ဖြစ်နေကြသလ်ိုပင်။ ညီသုဆိုသည့် ကိုဉာဏ်ပြောသည့်အသံကြောင့်
နားစွင့်မိတော့ ဟိုအရိုင်းအစိုင်းကောင်ရဲ့ စကားသံကြားရလေသည်။ 'တန်ရာတန်ကြေးပေးထားရတာပဲလေ' ဆိုသည့်စကားကြောင့် သူတို့ဘာတွေပြောနေကြသည်မသိပေ။
ကြားတစ်ချက်၊မကြားတစ်ချက်စကားကြောင့် နားမဆွင့်နိုင်တော့ပါပဲ အိမ်အပြင်သို့သွားရန် ပြင်လိုက်သည်။
မနေ့တည်းက ဖေဖေ ရွာခဏပြန်သွား၏။ နားထဲပြည့်လာပြီ ထင်သည့်ပြည်တို့ကို ဘယ်သူ့ကိုထုတ်ခိုင်းရမည်မသိတော့။ ပြေးပြီး သတိရမိသူမှာ ကိုဇေနှင့်မမ ကိုပင်။
ကိုဇေ ဒီနေ့အိမ်မှာရှိပါစေဟု ဆုတောင်းပြီး အောက်ထပ်သို့ဆင်းလိုက်သည်။ ဖွားဖွားရဲ့အမေးကို ကိုဇေတို့အိမ် ခဏဟုဆိုလိုက်ပြီး နားကိုကိုင်ကာထွက်လာခဲ့လိုက်သည်။
.........
"ကိုဇေရေ ရော့ အချိုတည်းဖို့ ချောကလတ်ကိတ်လေး...."
စိတ်ပင်ပန်း၊လူပင်ပန်းနှင့် အလုပ်ထဲစိတ်ညစ်စရာများအား ရုပ်ရှင်လေးကြည့်ကာ ဖြေဖျောက်မည်ဟုတွေးမိ၍ ထမင်းစားပြီးချိန် တီဗီရှေ့ထိုင်ကာ ရုပ်ရှင်ကြည့်ရန်ပြင်လိုက်၏။ တစ်ဦးတည်းသောမမ၏
အလိုကိုလိုက်ပေးကာ သူမကြည့်လိုသည့်ရုပ်ရှင်အား လိုက်ကြည့်ပေးမိ၏။
"ကိတ်က ကောင်းသားပဲ မမ....
ကိုယ်တိုင်လုပ်တာလား....."
"အင်း....ကိုယ်တိုင်လုပ်တာ...... "
ပြုံးရွှင်ပြီး သူမ လုပ်ထားသည်ကို ကောင်းတယ် ချီးကျူးသည်ကြောင့် ပျော်မဆုံးဖြစ်နေသူအမကိုကြည့်ပြီး
ညီသု ကိုပင် သတိရသွားသည်။ ညီသုအား ထိုသို့ပြောလျှင်'ကျွန်တော်ကမွေးကတည်းကတော်တယ်....' ဟုပြန်ပြောတတ်သည့် ရုပ်ကလေးက ဘာလေးမှန်းကိုမသိ။
"ညီ လဲ ချောကလတ်ကိတ်ကြိုက်တယ်....
သူ့အတွက်ဖယ်ထားပေးလိုက်ဦး မမရေ....ကျွန်တော်မရှိတုန်း အိမ်လာလည်ရင်ကျွေးလိုက်ပါဦး......"
"ဟုတ်ကဲ့ပါရှင် ဘာလေးဖြစ်ဖြစ် ညီ...ညီ..ညီ နဲ့ ဒီကောင်လေးနော်.....ဟိုက အိမ်ထောင်သည် သတိထားပါဦး....."
ဂရုဏာဖြင့်ပြောသည့်မမ၏စကားက အရှိုက်ကိုထိသွားသည်ကြောင့် ရင်ဘတ်ကြီးတစ်ခုလုံး စုတ်ပြတ်သတ်ကာ အောင့်သွားရသည်။ ဆူနာမီတိုက်စဥ်က လေသံကြီးက အလုံးလိုက်အရင်းလိုက် တိုက်ခံလိုက်ရသလိုလို။ ရင်ဘတ်ကို ဝင်ဆောင့်တိုက်ခတ်ခံလိုက်ရ၏။ နာပါသည်။ သက်ပြင်းမောကိုချပြီး တီဗီကိုသာ ကြည့်လိုက်မိတော့သည်။
"ကိုဇေ....."
သတိရနေသည်ကြောင့်လားမသိပေ။ ညီသုအသံကိုကြားလိုက်ရလေတော့သည်။ ကိုယ့်နားနှစ်ဖက်ကို တစ်ဖက်တစ်ချက်ဆီ ပွတ်သပ်ကာဆွဲလိုက်ပြီး မျက်လုံးနှစ်ဖက်ကို မှတ်လိုက်ဖွင့်လိုက်တစ်ပြိုင်တည်းလုပ်မိသည်။
ကြားယောင်နေတာ ထင်မိ၍ပင်။
"ကိုဇေ....မမ..."
"ဟယ် ကိုဇေ...မမ နားကြားလွဲတာမဟုတ်ဘူးပဲ
ညီသုလေးရဲ့အသံ..... "
အသံကြားရာအပြေးထွက်ကြည့်မိတော့ ဖိနပ်ချွတ်စင်တွင်ရပ်ကာ ဖိနပ်ချွတ်နေလေသည့် ညီ့ ကိုတွေ့ရသည်။ ပါးတစ်ခြမ်းလည်းယောင်နေသည်မို့ ကိုဉာဏ်ဆိုတဲ့ကောင်များ တစ်ခုခုလုပ်လိုက်သည်လား စိတ်ပူကာ အနားသို့အပြေးသွားလိုက်သည်။
"ညီ......ဘာဖြစ်လာတာလဲ....."
ပခုံးလေးတစ်ဖက်ကို အသာကိုင်ကာ ဂရုဏာသံအပြည့် စိုးရိမ်သံအပြည့်နဲ့မေးလာသည့် ကိုဇေ့ကြောင့်ထင် နားကပိုကိုက်လာသည်။ မျက်ရည်တွေပင်ဝဲလို့လာရသည်။
နားထဲပြည်တွေကို စုပ်ထုတ်ရမည်ကိုမထုတ်ရသေးသည်ကြောင့် ပိုနာလာတာနေမည်။
မေးလိုက်ကာမှ မျက်ရည်တွေဝဲလို့ ကျွန်တော့်ကိုကြည့်လာသည့် ညီ့ကြောင့် စိုးရိမ်ရေမှတ်က သုညဒီဂရီကို အနှုတ်ဘက်အထိကျဆင်းသွားသည်။ ညီတစ်ယောက် ဖိနပ်ချွတ်ပြီးနောက် ကျွန်တော့်ဘက်လှည့်လာကာ လက်ထဲပစ္စည်းလေးတစ်ခုထည့်လာသည်။
"နားအရမ်းကိုက်နေတယ် ကိုဇေ....နားထဲက ပြည်တွေစုပ်ထုတ်ပေးပါလား.... ဖေဖေကလဲ ဒီမှာမဟုတ်ဘူး...."
ပြောနေရင်းက မျက်ရည်ကျပါသည်။ ယောကျာ်းလေးလဲ
နာလျှင် ငိုတတ်သည်မဟုတ်လား။ နာတာထက်ကို တဆစ်ဆစ်နဲ ကိုက်နေသည်ကပိုဆိုးသည်။
"လာ...လာ...."
ပြောနေရင်းမျက်ရည်တွေနဲ့ ကျွန်တော့်ကိုကြည့်နေသည့် ညီသုက တော်တော်ဝမ်းနည်းနေသည်ထင်။ ဟိုအိမ်မှာ ဘယ်သူမှဂရုမစိုက်လေဘူးလား။ ကလေးကို တစ်ယောက်တည်းပစ်ထားရလား ဉာဏ်သုရာ။ သက်ပြင်းကိုချပြီးနောက်
ဧည့်ခန်းအတွင်း ဆိုဖာအရှည်ပေါ်ထိုင်လိုက်သည်။
မမကလည်း ရေနွေးနှင့် ပိုးသတ်ဆေးများပြင်ပေးပြီး လက်အိတ်တွေပါပြင်ဆင်ပေးလေသည်မို့ မြန်လေသည်။
ပေါင်ပေါ်သို့ခေါင်းအုံးခိုင်းတော့ ကလေးတယောက်လို ခေါင်းလေးငြိမ့်ပြီးနားထောင်လေသည်။
မျက်ရည်တွေလဲ မသုတ်ရသေးပဲ သနားစရာလေးပင်။
ကိုယ့်မှာစိတ်ထဲတကယ်မကောင်း၊ ကိုယ်တိုင်ပဲ နားကိုက်လာသလိုလို ခံစားနေရလေတော့သည်။
ငယ်နှင့်ဖုန်းပြောပြီးနောက် စိတ်ကောက်သွားကာ ဖုန်းချသွားလေသည်မို့ သက်ပြင်းကိုချပြီးသာ laptopပိတ်လိုက်ပါသည်။ နောက်နေ့ကျ သူ့အလိုလိုပြေသွားတတ်သည့် ငယ်၏စိတ်ကိုသိနေသည်မို့ ဖုန်းထပ်မဆက်ဖြစ်တော့ပေ။
အခန်းတွင်းဆိုဖာပေါ်ကိုကြည့်တော့ ညီသုရှိမနေတော့။အခန်းတံခါးကြီးကလဲ ပွင့်လျက်နဲ့မို့ ဘယ်ထသွားသည်လဲမသိ။ နားကိုက်တာရော သက်သာရဲ့လားမပြောတတ်ပေ။
"ဖွားဖွား.....ညီရော....."
အောက်ထပ်ရောက်တော့ ဧည့်ခန်းထဲထိုင်နေသည့် ဒေါ်လေးနဲ့ဖွားဖွားကိုသာတွေ့သည်မို့ မေးလိုက်မိသည်။ သူမတို့က ကျွန်တော်နဲ့ ညီသု၏ မဂ်လာဆောင်စဥ်က ဗီဒီယိုအား ထိုင်ကြည့်ကာ ရယ်နေကြရင်း ကိုဇေ့ အိမ်ဆိုသည်ကြောင့်ခြေလှမ်းတို့ကို ခပ်ကျဲကျဲ၊ ခပ်သုတ်သုတ်လျှောက်ကာ
ဦးတည်ရာက ထိုလူ့အိမ်သို့ပင်။
"အဲ့ဒါဘာလုပ်နေကြတာလဲ......"
ညီသုက ကိုဇေဆိုသည့်လူ၏ပေါင်ပေါ်သို့ ခေါင်းအုံးလျက်။ ထိုလူကလည်း ခေါင်းငုံ့ထားပြီး ညီသု၏ ပါးပြင်ကိုနမ်းရှိုက်နေပုံမှာ ထိကပ်လုဆဲဆဲပင်။ စိတ်ထဲဒေါသက ထောင်းခနဲ။
'ငါ့မှာတော့ စိုးရိမ်ပြီး စိတ်ပူလိုက်ရတာ...
မင်းက ဒီမှာလာပြီး အကြည်စိုက်နေတာလား ညီသုနောင်....'
.........
ကိုကိုနဲ့စကားများပြီးနောက် စိတ်ဆိုးမာန်စိုးနဲ့ပဲ ဖုန်းချလိုက်ရသည်။နောက်နေ့ပြန်ချော့လျှင်ချော့၊ မချော့လျှင် ကိုယ့်ဘာသာကိုယ်ပဲ စိတ်ဆိုးပြေရပေမည်။ ကိုကိုဆိုတာ ဆယ်ကြိမ်စိတ်ဆိုးလျှင် တစ်ကြိမ်လောက်သာချော့သည့်သူပင်။
စိတ်တိုတိုနဲ့ ဝယ်လာသည့် မုန့်တွေကို တစ်ခုချင်းဖောက်ကာ စားနေလိုက်သည်။အိမ်ရှေ့မှ ဘဲလ်သံကြောင့် ဘယ်သူလာသည်လဲမသိပေ။ ခုတလော ဒီလီဗာရီလဲ မမှာထားသည်မို့ တွေးနေရင်းပင် မှန်ဘီလူးကချောင်းလိုက်တော့ Deli ပို့သည့်လူပင်။
"Mr...Nanda...."
"Yes,I'am..."
"This is for you....
Please singnature in here...."
အထုတ်ကိုကြည့်တော့ ကိုယ့်နာမည်ပင်မို့ လက်ခံကာယူလိုက်သည်။လက်မှတ်ထိုးပေးပြီးနောက် ထိုလူလဲ ပြန်သွားသည်။ ထိုင်ခုံပြန်ကာ ဝင်ထိုင်လိုက်ပြီး စားလက်စကိုလက်စသတ်ကာ လက်ဆေးပြီးနောက် ထိုအထုတ်ကိုဖောက်လိုက်သည်။ ပို့သူက ဘယ်သူပါဟု မရေးထားသည်မို့ စိတ်လေပါသည်။ ဘယ်သူမှန်းလဲ မခန့်မှန်းတတ်။ ကိုကိုဟုလဲမတွေးပါ။ ဒီလို ရိုမန်းတစ်ဆန်ဆန်မလုပ်တတ်သည့် ကိုဉာဏ်သုခမောင်ဆိုသည့် ချစ်သူအကြောင်းသိထား၍
သူလုပ်ပေးတာပါလားဟု တွေးပြီးလဲ ရင်မခုန်နိုင်။
"Memory Stick လေးပဲ....."
ဘာပဲဖြစ်ဖြစ်လေဟုတွေးကာ လက်ပ်တော့ပ်နဲ့ ချိတ်ဆက်ပြီး ဘယ်သူက ၊ ဘာကိုပို့သည်လဲ ဆိုသည့်အတွေးနဲ့
Click ခလုတ် Arrow လေးနဲ့ထောက်ကာ လက်ငြိုးလေးဖြင့်နှိပ်လိုက်သည်။
"Wedding တစ်ခုပဲ.... အခမ်းအနားက မိုက်လိုက်တာ...."
အပြင်အဆင်တွေကို လာနေသည်မို့ အားကျစိတ်၊သရေကျစိတ်များအပြည့်နဲ့ စိတ်ကူးယဥ်လိုက်သည်။ ကိုကိုနဲ့ မဂ်လာဆောင်တဲ့နေ့ ကျွန်တော်လဲ အဲ့လိုလေးလုပ်မည်။
မဟုတ်မှ ကိုကိုများ မပို့စဖူး Supriseလုပ်တာလားလဲမသိပေ။
"ကိုကိုသာ suprise ဆိုပြီး ကိုယ်တို့မဂ်လာဆောင်အဲလိုလုပ်မလားငယ်ဆိုပြီးများပို့......."
အတွေးတို့နဲ့ နှုတ်ခမ်းလေးကိုကိုက်ကာ စိတ်ကူးထဲမျောနေသည့်ကောင်လေးက laptop မျက်နှာပြင်ပေါ်အကြည့်ရောက်ချိန် မျက်နှာတစ်ခုလုံးက တည်တင်းကာ တပင်တလင်ခွေထိုင်နေရာမှ ဝုန်းခနဲပင် ခြေထောက်ကို ဆိုဖာအောက်သို့ချလိုက်သည်။
"မောင်ဉာဏ်သုခမောင် နှင့် မောင်ညီသုနောင် တို့၏
မဂ်လာဦးဆွမ်းကျွေးဆိုသည့် စာတန်းကြီးက ကျွန်တော့်ကိုလှောင်နေတယ် ကိုကို...."
ဘာကြောင့်လဲ။ဘာကြောင့် ဒီလိုလုပ်ခဲ့တဲ့ကိစ္စကို ကိုကိုမပြောပြတာ ဘာကြောင့်လဲ။ ဘာကြောင့် လျိုထားတာလဲ။
ဘယ်သူကရော ဘာရည်ရွယ်ချက်နဲ့ ပို့တာလဲ....?
ကိုကိုကရော ဘာရည်ရွယ်ချက်နဲ့ မဂ်ဆွမ်းကျွေးရော၊
ညဘက်ဧည့်ခံပွဲရော လုပ်ရတာလဲ....?
နောက်ဆုံးအချက်ကတော့ ကိုကိုဘာကြောင့် အရမ်းကိုအပြုံးတွေကချိုနေရတာလဲ......?
ညီသုနောင်ရဲ့ နဖူးကို နမ်းရှိုက်လိုက်တဲ့ ကိုကိုရဲ့အနမ်းတွေက
ဘာကြောင့် နူးနူးညံ့ညံ့နဲ့အကြင်နာတွေပါနေရတာလဲ....?
ကျွန်တော်ပြန်ဖို့လိုပြီထင်တယ်။ ကျွန်တော် ကန့်မ် ထွက်ပြီးပြီဆိုတော့ အမှတ်၄၀ကအသာလေးရပြီ။ အမှတ်၂၀က ရှာဖွေပြီး အစိုင်းမန့်တွေရေးလိုက်မယ်။ ဒါဆိုရင်အောင်သွားပြီကိုကို။ စာမေးပွဲကို ရိုးရိုးပဲဖြေတော့မယ်။
ဖေဖေပြောလို့ ငယ်က ကိုကို့ထက်တော်အောင်ကြိုးစားခဲ့တာ
အခု ကိုကို့ထက်မတော်ချင်တော့ဘူး။ ကိုကို့ ကို ဆုံးရှုံးရမှာပဲ
ကြောက်သွားတာ။
အတွေးများနဲ့ တစ်ယောက်တည်း ရင်ထဲမှာပဲ ရင်တွင်းစကားတို့ကိုပြောနေသည့်ကောင်လေးသည် ဧည့်ခန်းဆိုဖာတွင်ထိုင်ကာ မျက်ရည်များကျလျက် မဂ်လာပဲဲကီးပြီးဆုံးသည်အထိ videoလေးကိုထိုင်ကြည့်နေသည်။
ဘယ်သူသိနိုင်မလဲ ကောင်ငယ်လေးရဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်ကာ အောင်မြင်ကျော်ကြားချင်သည့်စိတ်ကလေးကို ချစ်ရသူကို ချစ်တဲ့စိတ်လေးတစ်ခုတည်းနဲ့ ကံကြမ္မာကိုလက်ဝါးချင်းရိုက် အိပ်မက်နဲ့ဆန္ဒတို့ကို ချစ်ရသူနဲ့လဲလှယ်ပွဲကြီး မည်သူနိုင်မည်ဆိုတာကိုပေါ့.....
ကံကြမ္မာလား...? ကောင်ငယ်လေးလား.....?
တွေး
၂၇၈၂၀
Triple Upလိုက်ပါပြီလို့......
တရေးအိပ်ပြီးရင် ထပ်တင်ပေးပါ့မယ်....
နိုးလာရင်ပေါ့နော်....ခေါင်းကိုက်နေလို့ ၁၀၀၀အားသောက်ပြီးအိပ်မှာဆိုတော့ နိုးလာရင် ထပ် up ပေးမယ်လို့နော်.....
Love you all..........
........
Zawgyi......
ငယ္နဲ႕ဖုန္းေျပာေနစဥ္ တံခါးဖြင့္သံၾကားေတာ့ ၾကည့္လိုက္မိရာ ညီ တစ္ေယာက္ နားကိုကိုင္ၿပီး ရႈံ႕မဲ့ကာရယ္ျဖင့္ ဆိုဖာေပၚေလွ်ာက္သြားေလသည္။ ညီ့ပုံစံၾကည့္ရသည္က ေတာ္ေတာ္ေလးကိုမသက္မသာျဖစ္ေနပုံမို႔ သနားမိၿပီး ကိုယ္ပါစိတ္မေကာင္းျဖစ္မိသည္။ ညေနဘက္ ထမင္းစားခ်ိန္လည္း
အဖြားႏွင့္အန္တီေလး အျပင္မွာစားၾကသည္မို႔ သူရယ္၊ကိုရယ္ ႏွစ္ေယာက္တည္းသာ။ ဆန္ျပဳတ္ကိုပင္ ပါးစပ္မဟနိုင္ပါပဲ နည္းနည္းခ်င္းစားေနၿပီး မ်က္ရည္ဝဲေနသည္မို႔ ေခ်ာ့ေမာ့ရေသး၏။ ဘာစားခ်င္လဲေမးေသာ္ျငား ေခါင္းသာခါၿပီး ပါးတစ္ျခမ္းကိုသာကိုင္ေန၏။
ငယ္နဲ႕ဖုန္းေျပာရင္းအာ႐ုံကမရေတာ့ေပ။ ဆိုဖာကိုသာ အၾကည့္ေရာက္ေရာက္ေနမိသည္။
"ကိုကို....ဘာေတြၾကည့္ေနတာလဲ
အေနာက္တစ္လွည့္လွည့္နဲ႕.........."
"ဘာမွမဟုတ္ပါဘူး ငယ္ရဲ႕....."
မ်က္ေမွာင္ၾကဳတ္ေနသည္က လုံးဝကိုသိသာလြန္းေနသည္။ ကိုကိုဘာေတြျဖစ္ေနသည္လဲမသိရေပ။
"ဒါနဲ႕ဟိုတစ္ေယာက္နဲ႕ အခန္းခြဲအိပ္ၿပီလား....."
ေခါင္းခါျပသည့္ ကိုကိုေၾကာင့္ စိတ္ထဲေတာ့ ကြက္ခနဲျဖစ္သြားသည္။ယခုနက ၿပဳံး႐ႊင္ေနၿပီး ေနလို၊လလိုဝင္းပေနသည့္ ကိုကို႔ မ်က္ႏွာအေျခအေနမွာ ခ်က္ခ်င္းဆိုသလို လ ငပုတ္ဖမ္းၿပီး ေကာက္ခါငင္ခါႀကီး ေန ထၾကတ္သလို အေရာင္အေသြးတို႔က မွိုင္းရီကာမဲညစ္ၿပီး ေပ်ာ္႐ႊင္မႈမျပေတာ့ပါပဲ စိုးရိမ္ကာစိတ္ပူေနသည့္ပုံျဖစ္ေနသည္မို႔ ကိုယ္တိုင္လဲမေပ်ာ္ေတာ့ေပ။ ကိုကို ဘာျဖစ္သြားသည္လဲမသိေတာ့ေပ။
"ကိုကို......"
ၿငီးေနသည့္အသံသည္က တိတ္ဆိတ္ေနသည့္ အခန္းထဲထြက္ေပၚ၍လာေလသည္။ ညီ ဘယ္ေလာက္ေတာင္နာက်င္ကိုက္ခဲေနသည္မေျပာတတ္ေပ။ အိပ္ေနရင္းေတာင္ ၿငီးျငဴေနသည္မို႔ ပစ္စလက္ခတ္၊ပစ္မထားခ်င္ေတာ့၊
ပစ္မထားနိုင္ေတာ့ေခ်။ ငယ္၏ ကိုကိုေခၚသံကိုလည္း
ျပန္၍ထူးရေပဦးမည္။
"ငယ္..... ညီသု ေနမေကာင္းဘူး....
ကိုယ္ဂ႐ုစိုက္ေပးလိုက္ဦးမယ္........"
ဒါႀကီးကလြန္သြားသည္ဟု ထင္ပါသည္။ ေနမေကာင္းတာ ေနေကာင္းတာကိုပါ လိုက္ဂ႐ုစိုက္ေနရေလာက္ေအာင္
အဲ့ေလာက္ထိလိုလို႔လား။
"ကိုကို အဲ့ေလာက္ထိလိုလား....မ်က္စိပ်က္၊မ်က္ႏွာပ်က္နဲ႕
ခ်က္ျခင္းႀကီးကို ျဖစ္သြားတာ.... အဲ့စပ္စလူးေကာင္ေနမေကာင္းလို႔တဲ့လား....."
"ငယ္ အဲ့လိုမရိုင္းနဲ႕ေလကြာ......."
"ဘာ......ကြၽန္ေတာ္ကရိုင္းတယ္ဟုတ္လား ကိုကို......"
စိတ္ဆိုးမာန္ဆိုးနဲ႕ ေအာ္ဟစ္ေနသည့္ ငယ့္ကိုၾကည့္ၿပီး သက္ျပင္းေမာကိုခ်ကာ အသံကိုတိုးလိုက္ပါသည္။ နားကိုက္ေနသည့္ ညီသု ၾကားလွ်င္ မေကာင္းေခ်။ ညီသုေဒါသႏွင့္ ငယ္ႏွင့္ ႏွစ္ေယာက္သား
ရန္ထသတ္ၿပီး
စကားေတြမ်ားၾကလွ်င္ ညီသု က ေနမေကာင္းျဖစ္ေနသည္မဟုတ္လား။ ဘယ္သူ႕အတြက္မွမေကာင္းနိုင္ေခ်။
"ကိုယ္ ေတာင္းပန္တယ္ ငယ္ရာ....
အိမ္မွာက ဖြားဖြားေရာ...အန္တီေလးေရာရွိတယ္....
ၿပီးေတာ့ ညီသု က ကိုယ္တို႔ကိုကူညီေနတာ....."
"ကူညီတာက အလကားမွမဟုတ္ပဲ
တန္ရာတန္ေၾကးေပးထားရတာပဲေလ......"
ကိုကိုနဲ႕ကြၽန္ေတာ္ စကားတစ္ေယာက္တစ္ခြန္းမ်ားကာ ရန္ျဖစ္ေနရျခင္းမွာ ခ်က္ခ်င္းဆိုသလိုပင္။ ယခုနကေပ်ာ္စရာအတိႏွင့္ စေနာက္ေနၾကၿပီး ယခုက်ေတာ့ လွ်ာနဲ႕သြားကဲ့သို႔ မေတာ္တဆ ကိုက္မိသလို ရန္ျဖစ္ရေလၿပီ။ ဘယ္သူ႕အမွားလဲ။
အိပ္ေနရင္းၾကားလိုက္ရေသာအသံမွာ စကားမ်ားကာ ရန်ဖြစ်နေကြသလ်ိုပင်။ ညီသုဆိုသည့္ ကိုဉာဏ္ေျပာသည့္အသံေၾကာင့္
နားစြင့္မိေတာ့ ဟိုအရိုင္းအစိုင္းေကာင္ရဲ႕ စကားသံၾကားရေလသည္။ 'တန္ရာတန္ေၾကးေပးထားရတာပဲေလ' ဆိုသည့္စကားေၾကာင့္ သူတို႔ဘာေတြေျပာေနၾကသည္မသိေပ။
ၾကားတစ္ခ်က္၊မၾကားတစ္ခ်က္စကားေၾကာင့္ နားမဆြင့္နိုင္ေတာ့ပါပဲ အိမ္အျပင္သို႔သြားရန္ ျပင္လိုက္သည္။
မေန႕တည္းက ေဖေဖ ႐ြာခဏျပန္သြား၏။ နားထဲျပည့္လာၿပီ ထင္သည့္ျပည္တို႔ကို ဘယ္သူ႕ကိုထုတ္ခိုင္းရမည္မသိေတာ့။ ေျပးၿပီး သတိရမိသူမွာ ကိုေဇႏွင့္မမ ကိုပင္။
ကိုေဇ ဒီေန႕အိမ္မွာရွိပါေစဟု ဆုေတာင္းၿပီး ေအာက္ထပ္သို႔ဆင္းလိုက္သည္။ ဖြားဖြားရဲ႕အေမးကို ကိုေဇတို႔အိမ္ ခဏဟုဆိုလိုက္ၿပီး နားကိုကိုင္ကာထြက္လာခဲ့လိုက္သည္။
.........
"ကိုေဇေရ ေရာ့ အခ်ိဳတည္းဖို႔ ေခ်ာကလတ္ကိတ္ေလး...."
စိတ္ပင္ပန္း၊လူပင္ပန္းႏွင့္ အလုပ္ထဲစိတ္ညစ္စရာမ်ားအား ႐ုပ္ရွင္ေလးၾကည့္ကာ ေျဖေဖ်ာက္မည္ဟုေတြးမိ၍ ထမင္းစားၿပီးခ်ိန္ တီဗီေရွ႕ထိုင္ကာ ႐ုပ္ရွင္ၾကည့္ရန္ျပင္လိုက္၏။ တစ္ဦးတည္းေသာမမ၏
အလိုကိုလိုက္ေပးကာ သူမၾကည့္လိုသည့္႐ုပ္ရွင္အား လိုက္ၾကည့္ေပးမိ၏။
"ကိတ္က ေကာင္းသားပဲ မမ....
ကိုယ္တိုင္လုပ္တာလား....."
"အင္း....ကိုယ္တိုင္လုပ္တာ...... "
ၿပဳံး႐ႊင္ၿပီး သူမ လုပ္ထားသည္ကို ေကာင္းတယ္ ခ်ီးက်ဴးသည္ေၾကာင့္ ေပ်ာ္မဆုံးျဖစ္ေနသူအမကိုၾကည့္ၿပီး
ညီသု ကိုပင္ သတိရသြားသည္။ ညီသုအား ထိုသို႔ေျပာလွ်င္'ကြၽန္ေတာ္ကေမြးကတည္းကေတာ္တယ္....' ဟုျပန္ေျပာတတ္သည့္ ႐ုပ္ကေလးက ဘာေလးမွန္းကိုမသိ။
"ညီ လဲ ေခ်ာကလတ္ကိတ္ႀကိဳက္တယ္....
သူ႕အတြက္ဖယ္ထားေပးလိုက္ဦး မမေရ....ကြၽန္ေတာ္မရွိတုန္း အိမ္လာလည္ရင္ေကြၽးလိုက္ပါဦး......"
"ဟုတ္ကဲ့ပါရွင္ ဘာေလးျဖစ္ျဖစ္ ညီ...ညီ..ညီ နဲ႕ ဒီေကာင္ေလးေနာ္.....ဟိုက အိမ္ေထာင္သည္ သတိထားပါဦး....."
ဂ႐ုဏာျဖင့္ေျပာသည့္မမ၏စကားက အရွိုက္ကိုထိသြားသည္ေၾကာင့္ ရင္ဘတ္ႀကီးတစ္ခုလုံး စုတ္ျပတ္သတ္ကာ ေအာင့္သြားရသည္။ ဆူနာမီတိုက္စဥ္က ေလသံႀကီးက အလုံးလိုက္အရင္းလိုက္ တိုက္ခံလိုက္ရသလိုလို။ ရင္ဘတ္ကို ဝင္ေဆာင့္တိုက္ခတ္ခံလိုက္ရ၏။ နာပါသည္။ သက္ျပင္းေမာကိုခ်ၿပီး တီဗီကိုသာ ၾကည့္လိုက္မိေတာ့သည္။
"ကိုေဇ....."
သတိရေနသည္ေၾကာင့္လားမသိေပ။ ညီသုအသံကိုၾကားလိုက္ရေလေတာ့သည္။ ကိုယ့္နားႏွစ္ဖက္ကို တစ္ဖက္တစ္ခ်က္ဆီ ပြတ္သပ္ကာဆြဲလိုက္ၿပီး မ်က္လုံးႏွစ္ဖက္ကို မွတ္လိုက္ဖြင့္လိုက္တစ္ၿပိဳင္တည္းလုပ္မိသည္။
ၾကားေယာင္ေနတာ ထင္မိ၍ပင္။
"ကိုေဇ....မမ..."
"ဟယ္ ကိုေဇ...မမ နားၾကားလြဲတာမဟုတ္ဘူးပဲ
ညီသုေလးရဲ႕အသံ..... "
အသံၾကားရာအေျပးထြက္ၾကည့္မိေတာ့ ဖိနပ္ခြၽတ္စင္တြင္ရပ္ကာ ဖိနပ္ခြၽတ္ေနေလသည့္ ညီ့ ကိုေတြ႕ရသည္။ ပါးတစ္ျခမ္းလည္းေယာင္ေနသည္မို႔ ကိုဉာဏ္ဆိုတဲ့ေကာင္မ်ား တစ္ခုခုလုပ္လိုက္သည္လား စိတ္ပူကာ အနားသို႔အေျပးသြားလိုက္သည္။
"ညီ......ဘာျဖစ္လာတာလဲ....."
ပခုံးေလးတစ္ဖက္ကို အသာကိုင္ကာ ဂ႐ုဏာသံအျပည့္ စိုးရိမ္သံအျပည့္နဲ႕ေမးလာသည့္ ကိုေဇ့ေၾကာင့္ထင္ နားကပိုကိုက္လာသည္။ မ်က္ရည္ေတြပင္ဝဲလို႔လာရသည္။
နားထဲျပည္ေတြကို စုပ္ထုတ္ရမည္ကိုမထုတ္ရေသးသည္ေၾကာင့္ ပိုနာလာတာေနမည္။
ေမးလိုက္ကာမွ မ်က္ရည္ေတြဝဲလို႔ ကြၽန္ေတာ့္ကိုၾကည့္လာသည့္ ညီ့ေၾကာင့္ စိုးရိမ္ေရမွတ္က သုညဒီဂရီကို အႏႈတ္ဘက္အထိက်ဆင္းသြားသည္။ ညီတစ္ေယာက္ ဖိနပ္ခြၽတ္ၿပီးေနာက္ ကြၽန္ေတာ့္ဘက္လွည့္လာကာ လက္ထဲပစၥည္းေလးတစ္ခုထည့္လာသည္။
"နားအရမ္းကိုက္ေနတယ္ ကိုေဇ....နားထဲက ျပည္ေတြစုပ္ထုတ္ေပးပါလား.... ေဖေဖကလဲ ဒီမွာမဟုတ္ဘူး...."
ေျပာေနရင္းက မ်က္ရည္က်ပါသည္။ ေယာက်ာ္းေလးလဲ
နာလွ်င္ ငိုတတ္သည္မဟုတ္လား။ နာတာထက္ကို တဆစ္ဆစ္နဲ ကိုက္ေနသည္ကပိုဆိုးသည္။
"လာ...လာ...."
ေျပာေနရင္းမ်က္ရည္ေတြနဲ႕ ကြၽန္ေတာ့္ကိုၾကည့္ေနသည့္ ညီသုက ေတာ္ေတာ္ဝမ္းနည္းေနသည္ထင္။ ဟိုအိမ္မွာ ဘယ္သူမွဂ႐ုမစိုက္ေလဘူးလား။ ကေလးကို တစ္ေယာက္တည္းပစ္ထားရလား ဉာဏ္သုရာ။ သက္ျပင္းကိုခ်ၿပီးေနာက္
ဧည့္ခန္းအတြင္း ဆိုဖာအရွည္ေပၚထိုင္လိုက္သည္။
မမကလည္း ေရႏြေးႏွင့္ ပိုးသတ္ေဆးမ်ားျပင္ေပးၿပီး လက္အိတ္ေတြပါျပင္ဆင္ေပးေလသည္မို႔ ျမန္ေလသည္။
ေပါင္ေပၚသို႔ေခါင္းအုံးခိုင္းေတာ့ ကေလးတေယာက္လို ေခါင္းေလးၿငိမ့္ၿပီးနားေထာင္ေလသည္။
မ်က္ရည္ေတြလဲ မသုတ္ရေသးပဲ သနားစရာေလးပင္။
ကိုယ့္မွာစိတ္ထဲတကယ္မေကာင္း၊ ကိုယ္တိုင္ပဲ နားကိုက္လာသလိုလို ခံစားေနရေလေတာ့သည္။
ငယ္ႏွင့္ဖုန္းေျပာၿပီးေနာက္ စိတ္ေကာက္သြားကာ ဖုန္းခ်သြားေလသည္မို႔ သက္ျပင္းကိုခ်ၿပီးသာ laptopပိတ္လိုက္ပါသည္။ ေနာက္ေန႕က် သူ႕အလိုလိုေျပသြားတတ္သည့္ ငယ္၏စိတ္ကိုသိေနသည္မို႔ ဖုန္းထပ္မဆက္ျဖစ္ေတာ့ေပ။
အခန္းတြင္းဆိုဖာေပၚကိုၾကည့္ေတာ့ ညီသုရွိမေနေတာ့။အခန္းတံခါးႀကီးကလဲ ပြင့္လ်က္နဲ႕မို႔ ဘယ္ထသြားသည္လဲမသိ။ နားကိုက္တာေရာ သက္သာရဲ႕လားမေျပာတတ္ေပ။
"ဖြားဖြား.....ညီေရာ....."
ေအာက္ထပ္ေရာက္ေတာ့ ဧည့္ခန္းထဲထိုင္ေနသည့္ ေဒၚေလးနဲ႕ဖြားဖြားကိုသာေတြ႕သည္မို႔ ေမးလိုက္မိသည္။ သူမတို႔က ကြၽန္ေတာ္နဲ႕ ညီသု၏ မဂ္လာေဆာင္စဥ္က ဗီဒီယိုအား ထိုင္ၾကည့္ကာ ရယ္ေနၾကရင္း ကိုေဇ့ အိမ္ဆိုသည္ေၾကာင့္ေျခလွမ္းတို႔ကို ခပ္က်ဲက်ဲ၊ ခပ္သုတ္သုတ္ေလွ်ာက္ကာ
ဦးတည္ရာက ထိုလူ႕အိမ္သို႔ပင္။
"အဲ့ဒါဘာလုပ္ေနၾကတာလဲ......"
ညီသုက ကိုေဇဆိုသည့္လူ၏ေပါင္ေပၚသို႔ ေခါင္းအုံးလ်က္။ ထိုလူကလည္း ေခါင္းငုံ႕ထားၿပီး ညီသု၏ ပါးျပင္ကိုနမ္းရွိုက္ေနပုံမွာ ထိကပ္လုဆဲဆဲပင္။ စိတ္ထဲေဒါသက ေထာင္းခနဲ။
'ငါ့မွာေတာ့ စိုးရိမ္ၿပီး စိတ္ပူလိုက္ရတာ...
မင္းက ဒီမွာလာၿပီး အၾကည္စိုက္ေနတာလား ညီသုေနာင္....'
.........
ကိုကိုနဲ႕စကားမ်ားၿပီးေနာက္ စိတ္ဆိုးမာန္စိုးနဲ႕ပဲ ဖုန္းခ်လိဳက္ရသည္။ေနာက္ေန႕ျပန္ေခ်ာ့လွ်င္ေခ်ာ့၊ မေခ်ာ့လွ်င္ ကိုယ့္ဘာသာကိုယ္ပဲ စိတ္ဆိုးေျပရေပမည္။ ကိုကိုဆိုတာ ဆယ္ႀကိမ္စိတ္ဆိုးလွ်င္ တစ္ႀကိမ္ေလာက္သာေခ်ာ့သည့္သူပင္။
စိတ္တိုတိုနဲ႕ ဝယ္လာသည့္ မုန့္ေတြကို တစ္ခုခ်င္းေဖာက္ကာ စားေနလိုက္သည္။အိမ္ေရွ႕မွ ဘဲလ္သံေၾကာင့္ ဘယ္သူလာသည္လဲမသိေပ။ ခုတေလာ ဒီလီဗာရီလဲ မမွာထားသည္မို႔ ေတြးေနရင္းပင္ မွန္ဘီလူးကေခ်ာင္းလိုက္ေတာ့ Deli ပို႔သည့္လူပင္။
"Mr...Nanda...."
"Yes,I'am..."
"This is for you....
Please singnature in here...."
အထုတ္ကိုၾကည့္ေတာ့ ကိုယ့္နာမည္ပင္မို႔ လက္ခံကာယူလိုက္သည္။လက္မွတ္ထိုးေပးၿပီးေနာက္ ထိုလူလဲ ျပန္သြားသည္။ ထိုင္ခုံျပန္ကာ ဝင္ထိုင္လိုက္ၿပီး စားလက္စကိုလက္စသတ္ကာ လက္ေဆးၿပီးေနာက္ ထိုအထုတ္ကိုေဖာက္လိုက္သည္။ ပို႔သူက ဘယ္သူပါဟု မေရးထားသည္မို႔ စိတ္ေလပါသည္။ ဘယ္သူမွန္းလဲ မခန့္မွန္းတတ္။ ကိုကိုဟုလဲမေတြးပါ။ ဒီလို ရိုမန္းတစ္ဆန္ဆန္မလုပ္တတ္သည့္ ကိုဉာဏ္သုခေမာင္ဆိုသည့္ ခ်စ္သူအေၾကာင္းသိထား၍
သူလုပ္ေပးတာပါလားဟု ေတြးၿပီးလဲ ရင္မခုန္နိုင္။
"Memory Stick ေလးပဲ....."
ဘာပဲျဖစ္ျဖစ္ေလဟုေတြးကာ လက္ပ္ေတာ့ပ္နဲ႕ ခ်ိတ္ဆက္ၿပီး ဘယ္သူက ၊ ဘာကိုပို႔သည္လဲ ဆိုသည့္အေတြးနဲ႕
Click ခလုတ္ Arrow ေလးနဲ႕ေထာက္ကာ လက္ၿငိဳးေလးျဖင့္ႏွိပ္လိုက္သည္။
"Wedding တစ္ခုပဲ.... အခမ္းအနားက မိုက္လိုက္တာ...."
အျပင္အဆင္ေတြကို လာေနသည္မို႔ အားက်စိတ္၊သေရက်စိတ္မ်ားအျပည့္နဲ႕ စိတ္ကူးယဥ္လိုက္သည္။ ကိုကိုနဲ႕ မဂ္လာေဆာင္တဲ့ေန႕ ကြၽန္ေတာ္လဲ အဲ့လိုေလးလုပ္မည္။
မဟုတ္မွ ကိုကိုမ်ား မပို႔စဖူး Supriseလုပ္တာလားလဲမသိေပ။
"ကိုကိုသာ suprise ဆိုၿပီး ကိုယ္တို႔မဂ္လာေဆာင္အဲလိုလုပ္မလားငယ္ဆိုၿပီးမ်ားပို႔......."
အေတြးတို႔နဲ႕ ႏႈတ္ခမ္းေလးကိုကိုက္ကာ စိတ္ကူးထဲေမ်ာေနသည့္ေကာင္ေလးက laptop မ်က္ႏွာျပင္ေပၚအၾကည့္ေရာက္ခ်ိန္ မ်က္ႏွာတစ္ခုလုံးက တည္တင္းကာ တပင္တလင္ေခြထိုင္ေနရာမွ ဝုန္းခနဲပင္ ေျခေထာက္ကို ဆိုဖာေအာက္သို႔ခ်လိဳက္သည္။
"ေမာင္ဉာဏ္သုခေမာင္ ႏွင့္ ေမာင္ညီသုေနာင္ တို႔၏
မဂ္လာဦးဆြမ္းေကြၽးဆိုသည့္ စာတန္းႀကီးက ကြၽန္ေတာ့္ကိုေလွာင္ေနတယ္ ကိုကို...."
ဘာေၾကာင့္လဲ။ဘာေၾကာင့္ ဒီလိုလုပ္ခဲ့တဲ့ကိစၥကို ကိုကိုမေျပာျပတာ ဘာေၾကာင့္လဲ။ ဘာေၾကာင့္ လ်ိဳထားတာလဲ။
ဘယ္သူကေရာ ဘာရည္႐ြယ္ခ်က္နဲ႕ ပို႔တာလဲ....?
ကိုကိုကေရာ ဘာရည္႐ြယ္ခ်က္နဲ႕ မဂ္ဆြမ္းေကြၽးေရာ၊
ညဘက္ဧည့္ခံပြဲေရာ လုပ္ရတာလဲ....?
ေနာက္ဆုံးအခ်က္ကေတာ့ ကိုကိုဘာေၾကာင့္ အရမ္းကိုအၿပဳံးေတြကခ်ိဳေနရတာလဲ......?
ညီသုေနာင္ရဲ႕ နဖူးကို နမ္းရွိုက္လိုက္တဲ့ ကိုကိုရဲ႕အနမ္းေတြက
ဘာေၾကာင့္ ႏူးႏူးညံ့ညံ့နဲ႕အၾကင္နာေတြပါေနရတာလဲ....?
ကြၽန္ေတာ္ျပန္ဖို႔လိုၿပီထင္တယ္။ ကြၽန္ေတာ္ ကန့္မ္ ထြက္ၿပီးၿပီဆိုေတာ့ အမွတ္၄၀ကအသာေလးရၿပီ။ အမွတ္၂၀က ရွာေဖြၿပီး အစိုင္းမန႔္ေတြေရးလိုက္မယ္။ ဒါဆိုရင္ေအာင္သြားၿပီကိုကို။ စာေမးပြဲကို ရိုးရိုးပဲေျဖေတာ့မယ္။
ေဖေဖေျပာလို႔ ငယ္က ကိုကို႔ထက္ေတာ္ေအာင္ႀကိဳးစားခဲ့တာ
အခု ကိုကို႔ထက္မေတာ္ခ်င္ေတာ့ဘူး။ ကိုကို႔ ကို ဆုံးရႈံးရမွာပဲ
ေၾကာက္သြားတာ။
အေတြးမ်ားနဲ႕ တစ္ေယာက္တည္း ရင္ထဲမွာပဲ ရင္တြင္းစကားတို႔ကိုေျပာေနသည့္ေကာင္ေလးသည္ ဧည့္ခန္းဆိုဖာတြင္ထိုင္ကာ မ်က္ရည္မ်ားက်လ်က္ မဂ္လာပဲဲကီးၿပီးဆုံးသည္အထိ videoေလးကိုထိုင္ၾကည့္ေနသည္။
ဘယ္သူသိနိုင္မလဲ ေကာင္ငယ္ေလးရဲ႕ စီးပြားေရးလုပ္ငန္းရွင္ႀကီးျဖစ္ကာ ေအာင္ျမင္ေက်ာ္ၾကားခ်င္သည့္စိတ္ကေလးကို ခ်စ္ရသူကို ခ်စ္တဲ့စိတ္ေလးတစ္ခုတည္းနဲ႕ ကံၾကမၼာကိုလက္ဝါးခ်င္းရိုက္ အိပ္မက္နဲ႕ဆႏၵတို႔ကို ခ်စ္ရသူနဲ႕လဲလွယ္ပြဲႀကီး မည္သူနိုင္မည္ဆိုတာကိုေပါ့.....
ကံၾကမၼာလား...? ေကာင္ငယ္ေလးလား.....?
ေတြး
၂၇၈၂၀
Triple Upလိုက္ပါၿပီလို႔......
တေရးအိပ္ၿပီးရင္ ထပ္တင္ေပးပါ့မယ္....
နိုးလာရင္ေပါ့ေနာ္....ေခါင္းကိုက္ေနလို႔ ၁၀၀၀အားေသာက္ၿပီးအိပ္မွာဆိုေတာ့ နိုးလာရင္ ထပ္ up ေပးမယ္လို႔ေနာ္.....
Love you all..........
........