မြန်မာပလာဇာမှ Pizza Companyတွင်ထိုင်နေရင်း စားပွဲထိုး
လာချပေးသည့် ပီဇာကိုသွားအဖြီးသားနှင့်ကြည့်နေမိသည်။ မုန့်ဝယ်ကျွေးရန် ဖေဖေ့အား ပူဆာလိုက်ချိန် မငြိုမငြင်ခေါင်းငြိမ့်သည်မို့ သားအဖနှစ်ယောက်သား အပြင်ထွက်ကြ၏။
စားချင်တာမှာဟု ပြောလာပါသောကြောင့် မှာချလိုက်ချိန် ၄သောင်းကျော်သွားသည်။ ခပ်ပြုံးပြုံးဖြင့် ပိုက်ဆံအိတ်ထဲမှ တစ်သောင်းတန်၅ရွက်ထုတ်ပေးသည့် ဖေဖေဦးဂေါ်လီက ခုတစ်လောအရမ်းကိုသဘောကောင်းနေသည်။
"ဖေဖေ့အတွက်..... "
"ငါ့သားကတော်လိုက်တာ... ဒီလိုဆိုင်ကြီးကနားကြီးမှာ
ဘယ်လိုစားသောက်ရတယ်ဆိုတာသိနေပြီ....."
"ဖေဖေကတော့ပြောပြန်ပီ....အာ့ကြောင့်ရန်ကုန်လာနေပြောတာပေါ့....နောက်ဆိုနေရာအနှံ့သားက ဖေဖေ့ကိုလိုက်ပို့ပေးမယ်......"
သားအဖနှစ်ယောက်စားသောက်ရယ်မောနေစဥ် ရယ်သံကြားရသည်မို့ကြည့်လိုက်မိရာ ဂျပုမကိုတွေ့ရလေသည်။
"ဟယ် ညီသု....အန်ကယ်ရောပါလား....."
"နင်တို့နှစ်ကောင်တည်း လှိမ့်နေတာလား ဂျပုမ....."
လက်ကျန်ပီဇာကို ပါးစပ်ထဲထည့်ပြီးမော့ကြည့်လိုက်ချိန်...
"ညီ နဲ့ အန်ကယ်လ်....မုန့်လာစားကြတာလား...... "
"က်ိုဇေ....."
သိနေကြတာလားဆိုသည့် ဝက်မစကားမှအစပြုကာ
နောက်ဆုံးကိုဇေနှင့် သူငယ်ချင်းမနှစ်ကောင်ပါ တစ်ဝိုင်းတည်းထိုင်ရင်း စကားပြောဖြစ်ကြသည်။ နောက်ဆုံး ယွန်းမမှီဆိုသည့် ဝက်မလေးရဲ့အကိုတစ်ဝမ်းကွဲမှာ ကိုဇေ ဟုသိလိုက်ရလေသည်။
"ညီသုလေ ကိုဇေ မှတ်မိလား.....
ဒုတိယနှစ်လောက်ကလေ..........."
ဝက်မဖြစ်သူ သူ၏အကို့အား မေးနေသည်မို့ တွေးနေပါသော ကိုဇေမှာ တော်တော်လေးကို အတိတ်ကိုပြန်လည်တူးဆွနေရသယောင်ပင်။ ကျွန်တော်လည်း ယွန်းမမှီ၏ စကားကိုအံ့သြမိပါသည်။
'ကျွန်တော်တို့ဆုံဖူးလို့လား ကိုဇေ.....'
"အိမ်မှာစာလုပ်ဖို့ပါလာတဲ့ ကတုံးနဲ့ကောင်လေးလေ......"
"ဟဲ့ အဲ့တုန်းက ဘုန်းကြီးဝတ်ထားတာ.....
သာသနာကတုံးဟဲ့..... အာပလာကတုံးမဟုတ်ဘူး....."
ကပ်ဖဲ့လာသည့် ဝက်မရဲ့စကားကို ပြန်၍ ချေပလိုက်ပါသည်။ ကတုံးရာဇဝင်ကိုပြန်ပြောတိုင်း သူတို့နှစ်ကောင်တဟားဟားနဲ့ရယ်ကြရင်း အတောမသတ်နိုင်ပဲ တစ်ပတ်လောက်အဲ့အကြောင်းကို စမြှုပ်ပြန်ကောင်းဆဲပေ။
"အဲ့ကောင်လေး....."
ကျွန်တော့်ကိုလက်ငြိုးထိုးကာ ရယ်ကျဲကျဲနဲ့ အားနာသလိုကြည့်နေသည့် ကိုဇေ့ကိုကြည့်လိုက်ပြီး ရှက်ရမ်းရမ်းကာ ခေါင်းငြိမ့်ပြလိုက်မိပါသည်။ ထိုအချိန်က အတည်ပေါက်နဲ့နောက်လိုက်မိခြင်းပါ။
"ညီသုနောင်လေ....အဲ့ဒါ....သူပဲ...."
ပီဇာတစ်ခုကို ပါးစပ်တည်းကိုက်ကာထည့်ရင်း အဖြေစကားပြန်ပေးလာသည့် ညီမဖြစ်သူကိုကြည့်ပြီး ထိုအချိန်ကဖြစ်ရပ်ကိုပြန်တွေးမိလေသည်။
ရန်ကုန်ဆေးရုံတွင် Ward ဆင်းနေရသည်က ၅လကျော် ကြာမည်မို့ အဒေါ်ဖြစ်သူရော ဦးလေးရောပါ သူတို့အိမ်တွင်လာနေရန်ပြော၍ နေဖြစ်ခဲ့သည်။
တစ်ရက်တွင် ညီမလေးယွန်းမမှီက သူ့၏သူငယ်ချင်းများ အိမ်သို့ခေါ်ထားပြီး စာစု၍ကျက်မည်ဆိုသည်ကြောင့် သူငယ်ချင်းတွေကိုစောင့်ရင်း ဧည့်ခန်းတွင်ထိုင်နေလေသည်။
"ကိုကိုလတ်.....အလုပ်သွားတော့မှာလား....."
"ဟုတ်တယ် ယွန်းလေး...."
"ယွန်းကိုလေ အပြန်ကျရင် ဒီစာအုပ်လေးရှာပေးပါ...."
ခဏနော်ဟုဆိုကာ အိမ်ပေါ်ပြေးတတ်သွားသည့် ဝဝလုံးလုံးနဲ့ချစ်စရာညီမလေးပင်။ ညီမလေးကိုစောင့်နေစဥ် အိမ်အဝတွင်တွေ့လိုက်ရသည့် ကတုံးပြောင်ပြောင်နှင့် ဘုန်းကြီးထီးကြီးကိုကိုင်ကာ အနီရောင်ဝတ်စုံကြီးဝတ်ထားသည့်လူမှာ တရုတ်ဘုန်းကြီးများလိုမျိုးပင်။ ယွန်း၏ဖေဖေမှာ မြန်မာ၊တရုတ်လူမျိုးဖြစ်သည်မို့ တရုတ်ပြည်ယူနန်နှင့်လည်းအဆက်အသွယ်ရှိခြင်းအား သိထားသောကြောင့် တရုတ်ဘုန်းကြီးကြွလာသည်အထင်နှင့် ထိုကတုံးပြောင်ပြောင်အနားသို့သွားလိုက်သည်။
လက်အုပ်ချီကာ အိမ်ထဲကြွဖို့ လက်နှင့်သာ လမ်းညွှန်လိုက်ပြီး ထိုင်ခိုင်းလိုက်သည်။ ကိုယ်လည်းတရုတ်လိုမပြောတတ်သည်မို့ စိတ်လေရလေသည်။ အိမ်နောက်ဖေးမှ အိမ်အကူအဒေါ်ကြီးဆီသွားကာ အချိုရည်နှင့်မုန့်ပြင်ပေးရန်မှာလိုက်သည်။ ထိုင်နေသည့် ဘုန်းကြီးအနားသို့သွားကာ လက်အုပ်ချီလျက် ပဆစ်ပိတ်ထိုင်လိုက်ပြီး ဂါရဝပြုကာ
ဦးသုံးကြိမ်ချရန်ပြင်စဥ်.....
"ဟဲ့...ညီသုနောင်.... ငါ့အကိုကို နင်မွှေပြန်ပလား....."
ထိုတော့မှ ရုပ်တည်တည်နှင့် ကတုံးကောင်လေးမှာ ခွီခနဲထရယ်၏။ တဟားဟားနှင့် ရယ်နေသောကြောင့် ညီမဖြစ်သူဘက်လှည့်ကြည့်ပြီး မေးလိုက်မိသည်။
"တရုတ်ပြည်က ဘုန်းကြီးမဟုတ်ဘူးလား....."
ထိုသို့ပြောလေ ဗိုက်ကိုဖိကပ်ပြီးရယ်လေ၊ အူလှိုက်သည်းလှိုက်ရယ်နေသည့်ကောင်လေးကိုကြည့်ပြီး ညီမဖြစ်သူယွန်းလေးက ခေါင်းတခါခါနဲ့ ကျွန်တော့်ကိုကြည့်နေလေသည်။ ရှက်ကိုးရှက်ကန်းနဲ့ အိမ်ဧည့်ခန်းထဲက ထွက်ကာ ဆေးရုံကိုပဲကားမောင်းပြီး ထွက်သွားလိုက်ပါသည်။
အတိတ်မှအကြောင်း ပြန်တွေးတိုင်းရယ်ရ၏။ ညီနှင့်ပျော်စရာအတိတ်ရှိခဲ့ဖူးသည်တဲ့လား။
"အဲ့တုန်းက စလိုက်တာ....ဟား....ဟား...."
ရှင်းပြရင်းကိူ အူလှိုက်သည်းလှိုက်ရယ်နေသည့် ညီ့ကိုကြည့်ပြီး အပျော်တို့ကူးဆက်သွားသည်ထင် ကိုယ်ပါလိုက်ရယ်မိသွားသည်။
"ငါ့သားရယ်.... အဖေကိုပဲ မွှေတာမဟုတ်ပဲ
မသိတဲ့သူကိုပါမွှေရလား......"
"ပြောပြမယ်...ပြောပြမယ်.....အဲဒီ့နေ့ကလေ....."
ကျွန်တော်ရွာကပြန်ရောက်ပြီး ၃ရက်မြောက်သည့်နေ့ပင်။
ရွှေတိဂုံဘုရားသို့သွားကာ ဘုန်းဘုန်းတပါးအား ဘုန်းကြီးထီးသွားလှူရမည်။ ယတြာချေသည့်
နေ့တွင်ဝတ်စုံသည် နီညိုရောင်အရင့်ကိုဝတ်ရမည်။ ဘုန်းကြီးလွယ်သည့် လွယ်အိတ်ကိုဝတ်ရမည်။
ဖိနပ်မစီးရ။
ကံခေနေခြင်း၊ ကျန်းမာရေးညံ့ခြင်းအပြင် အမွေတွေဘာတွေပါရကိန်းမြင်သည်။ ဒီယတြာကိုချေလိုက်ပါဆိုသည့်
ရွာမှ ဗေဒင်တွက်ပေးသည့် ကိုကြီးသာဆိုသူ၏ စကားအတိုင်းလိုက်လုပ်ခဲ့သည်။
ယွန်းတို့နှင့်စာလုပ်ပြီးလျှင် ရွှေတိဂုံသို့ အတူသွားကာ ယတြာချေမည်ဟုတွေးထားသည်မို့ ယွန်းတို့အိမ်သို့အရင်သွားလိုက်သည်။ တက္ကစီနဲ့သာကျွန်တော်ထွက်လာဖြစ်ခြင်းပေ။ ကားမောင်းလျှင် လီဗာနင်းရသည်မဟုတ်လား။ ခြေဗလာနှင့် လီဗာနင်းလျှင်
ဖဝါးနုနုသွေးချေဥမတတ်နာသည်ကြောင့် ကားကိုကွန်ဒိုမှာသာထားခဲ့ပြီး အငှားကားခေါ်ကာ ထွက်လာမိခြင်းပေ။
လွယ်အိတ်ထဲတော့ဘာမှမပါ၍ ယတြာအပြီးတွင် ဖိနပ်စီးဖို့ရာ လွယ်အိတ်ထဲထည့်လာခဲ့၏။
အိမ်ရှေ့အရောက်တွင် ယွန်းအား လှမ်းခေါ်ရန်ပြင်စဥ် လူရိပ်တွေ့ရလေသည်။ မိမိအနားသို့လျှောက် လက်အုပ်ကြီးချီလို့ အိမ်ထဲဝင်ရန်ခေါ်သည်။ ကိုယ့်ပုံကိုယ်ခြေဆုံးခေါင်းဆုံးအိမ်ကမှန်ထဲတွင်ကြည့်ထားပြီး ဘုန်ကြီးပုံနဲ့တူနေသည်ကိုလည်း သတိထားမိခဲ့သည်။ ယခုထိုလူလည်း မိမိအား ဘုန်းကြီးထင်နေတာပဲနေမည်ဟု တွေးမိသွားသည်ကြောင့်
စနောက်ချင်တာရော ပေါင်းကာ ထိုလူပြသည့်နေရာတွင်ထိုင်လိုက်သည်။ ထိုလူဘာဆက်လုပ်မလဲတွေးနေမိ၏။ ဦးချရန်ပြင်နေလေသည်ကြောင့် ကြိတ်ရယ်နေရာမှ မျက်လုံးပြူးချိန် ဝက်စုတ်မ၏အော်သံထွက်လာတော့သည်။
ခပ်တည်တည်နဲ့ ဘာတွေပြောမလဲနားထောင်နေမိ၏။
'တရုတ်ပြည်က ဦးဇင်းမဟုတ်ဘူးလား.....'ဆိုသည်ကြောင့် တဟားဟားနဲ့အော်ရယ်မိသွားသည်။ ပြီးနောက် ထိုလူ့မှာ အိမ်ပြင်သို့ထွက်ကာ ကားမောင်းသွားသည်ထင် ကားသံသာကြားလိုက်ရတော့သည်။
အဖြစ်က ခေတ်စကားနှင့်ပြောရလျှင် အူတက်သေ။
"ကိုယ်တကယ်ရှက်သွားခဲ့တာ........"
"ဟို...ဟီးဟီး...တောင်းပန်ပါတယ်......"
ခပ်ပြုံးပြုံးနဲ့ အားနာပြီး အားနာနေခြင်း
ကြောင့်ထင် တောင်းပန်စကားဆိုလာသည့် ညီ့ကိုကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
"ဒါနဲ့အမွေတွေရခဲ့ရဲ့လား......"
"ဘိုးဘိုးနဲ့ဘွားဘွားက ကျွန်တော့်ကိုသူတို့ရဲ့စပါးနဲ့ပဲ စိုက်ခင်းတွေ ခေါ်ပေးကြတယ်လေ.......
ဖေဖေက ဘဏ္ဍာထိန်းပေါ့....ကျွန်တော်တော့ဘာမှမလုပ်တတ်ဘူး ဟီး......"
ထိုစဥ်ဝက်မက သူ့အကိုကို စကားဖြတ်ပြောလေသည်။
"ကိုဇေ..... ယွန်းလေးတို့နဲ့အကျိုးဆောင် အေဂျင်စီဖွင့်ထားတဲ့သူက ညီသုပဲလေ......."
"ဟုတ်လား....."
"ယွန်းရယ်၊ ပိုးရယ်၊ ညီသုရယ် သုံးယောက်စပ်တူပဲ......"
ယွန်းဆိုသည့်ဝက်ကလေး၏အပြောကို ဝင်ကာထောက်လာသူက ပိုးအိဆိုသည့်ဂျပုမလေးပင်။
"ကိုဇေ့ကိုလဲ ကောင်လေးချောချောလေးရှာပေးမယ်....
ကုမ္ပဏီလာခဲ့......"
"ကုမ္ပဏီလာဆိုလာပါ့မယ်....ရှာတော့မရှာပေးပါနဲ့...
ကိုယ်တွေ့ထားပြီးပြီ....."
ခပ်ပြုံးပြုံးနဲ့အဖြေစကားပြန်ပေးလာသည့်
ကိုဇေကအကြည့်တို့ကိုလွှဲသွားကာ တခြားနေရာတစ်ခုကို
မျက်ဝန်းအိမ်ရဲ့ဒီဂရီပြောင်းရွှေ့သွားသည်။
"ပိုင်ခွင့်မရှိရုံပါပဲ....ဒီလိုလေးပဲကောင်းပါတယ်......"
ပလုတ်ပလောင်းနှင့် ပီဇာနင်နေသည်ကြောင့် အအေးကိုကုန်းသောက်နေသည့် ညီသုကိုပြုံးကာကြည့်နေသည့် ကိုဇေ၏မျက်ဝန်းတို့ထဲ အချစ်သစ်ပင်ကြီးက အကိုင်း၊အခက်၊အပွင့်၊အဖူးတွေဖြင့် ဝေဆာကာပွင့်လန်းပြီး ရှင်သန်နေလေသည်။
'ဘုရားရေ...ကိုဇေ က ညီသုကိုများ......'
......................
အဖွားနဲ့တီတီတို့ကတော့ မဂ်လာဆောင်ပွဲမှရိုက်ကူးမှတ်တမ်းတင်ထားသည့် ဗီဒီယိုအခွေရလေပြီဟုဆိုကာ
အတူကြည့်ရန်လာခေါ်သည်မို့ အောက်ထပ်သို့ဆင်းကာ ထိုင်ခုံတွင် ဝင်ထိုင်၍ ကြည့်နေမိသော်လည်း နားကိုက်နေသည်ကြောင့် ဘယ်လိုမှ အာရုံမရပါပဲ ကိုက်နေသည့် ပါးပြင်တစ်လျှောက်ကိုကိုင်ကာ မှိုင်နေမိသည်။
ရယ်စရာများကိုရယ်ချင်သော်လည်း လူကမလှုပ်ချင်တော့ပေ။ ကိုဉာဏ်ကတော့ကောင်းပါသည်။ ဆေးခန်းလိုက်ပို့သည်။ ထမင်းမဝါးနိုင်မှန်းသိတော့ အဒေါ်ကြီးကို ဆန်ပြုတ်လုပ်ပေးရန်မှာပြီး အသားကိုပါကြိတ်၍ထည့်ရန်ပြောထားသည်ကြောင့် စားရတာအဆင်ပြေသော်လည်း ကိုယ်တိုင်ကပါးစပ်မဖွင့်ချင်မိ၍ စားမဝင်။ ညီသု ဘဝကြီး နေမပျော်တော့ပေ။
"ညီသုလေး...မြေးငယ်လေး ဘာဖြစ်နေလို့ မှိုင်နေလဲ ကလေး...."
"နားကိုက်နေတာဖွားဖွား....နားပြည်တည်ပြီး အူနေတာ...."
"ဟယ်....ဆေးခန်းသွားမယ်လေ ဉာဏ်သု က ဒါလေးတောင်ဂရုမစိုက်ဘူးလား....."
အဖွား၏အပြောလဲအဆုံး တီတီလေးကပါ အနားသို့ရောက်လာပြီး ပြောချင်ရာစွတ်ပြောကြလေတော့သည်။
"ကိုဉာဏ် ဆေးခန်းလိုက်ပို့တယ် ဖွားဖွား....."
"အဖွားလဲမသိရပါလားကွယ်....ဒီရက်ထဲအလုပ်များနေတော့ ငါ့မြေးလေးကိုပစ်ထားမိပြီထင်တယ်......."
"မဟုတ်ပါဘူး ဖွားဖွားရဲ့....."
"သွားသွား အခန်းထဲသွားနားတော့....
ကလေး ပင်ပန်းနေပြီ...."
ခေါင်းငြိမ့်ပြပြီးနေရာမှထကာ
အပေါ်ထပ်သို့တက်ခဲ့လိုက်သည်။
အခန်းထဲဝင်နားရန် ဖွားဖွားခွင့်ပြုသည်မို့ ကိုက်နေသည့်နားကိုကိုင်ကာ အိမ်ပေါ်ထပ်သို့တက်ခဲ့လိုက်သည်။
အခန်းဝရောက်တော့ ကြားလိုက်ရသည့်အသံတွေက အော်ဂလီဆန်စရာပင်။ နားကိုက်တာပါပျောက်ချင် ချင် ဖြစ်သွားသည်။ ကနု၊ ကလျပြောတတ်လွန်းသည့် အရိုင်းအစိုင်းကောင်နှင့် နွားသိုးကြီး တို့ တဟီးဟီး၊တဟားဟားနှင့် ဖုန်းပြောနေကြသည့်အသံများပင်။
ထိုကောင်လေးအကြောင်းအား ယွန်းနဲ့ပိုး ပြောပြသည်ကြောင့် သိခဲ့ရသည်။ ကိုဉာဏ်သုက သိရက်နဲ့ မသိချင်ယောင်ဆောင်ပေးထားသည်လား။ မသိတာပဲလားတော့မပြောတတ်ပေ။ ကိုယ့်အကြောင်းမဟုတ်သည်ကြောင့်လည်း ဆက်မတွေးမိတော့ပါပဲ တံခါးဖွင့်ကာ ဝင်လိုက်ပြီး ဆိုဖာတွင် ခွေကာ အိပ်နေလိုက်သည်။ ကုတင်ပေါ်တွင်အိပ်ချင်သော်လည်း
ဟိုသတ္တဝါလေးနှင့်
ကိုဉာဏ်ဖုန်းပြောနေပုံမှာ ဝမ်းလျားမှောက်ကာ ကုတင်ပေါ်တွင်ပြောနေကြသည်မို့
နောက်မှပဲသွားမည်တွေးလိုက်ပြီး ကိုက်နေသည့်နားကိုကိုင်ကာ မျက်စိမှိတ်၍ငြိမ်နေလိုက်သည်။
အရမ်းနာသည်။ဖြုတ်ပစ်လို့ရရင် ခဏဖြုတ်ထားချင်သည်။ ဘယ်ကတိုးလာသည့် နာကျင်ခြင်းမှန်းမသိ ရင်ဘတ်တွေပါ အောင့်ကာ နာလာသည်။
........
ဒီနေ့ကျောင်းမှပြန်ရောက်တော့အချိန်အားဖြင့် နေခင်းသုံးနာရီရှိနေလေပြီ။ သူတပါးနိုင်ငံမှာ ကျောင်းတက်နေရသော်လည်း သိမ်ငယ်စိတ်တို့မဝင်ပါ။ ဖေဖေက လိုလေသေးမရှိထားပေးသည်။ ချစ်သူတစ်ယောက်ရှိသည်။
ထိုချစ်သူကလည်း လိုလေသေးမရှိအရာရာကို ကိုယ့်သဘော ကိုယ့်ဆန္ဒဖြည့်ဆည်းပေးကာ အမြဲတစေ ဂရုစိုက်ပေးနေသည်မို့ ချစ်၍မဝပေ။
"ကိုကို......"
"ငယ်...နေကောင်းရဲ့လား...ကိုယ့်ကိုရော လွမ်းရဲ့လား...."
"အရမ်းလွမ်းတယ်....."
"ကိုယ်ရောပဲ....."
လေလှိုင်းပေါ်မှ မြင်နေရသည့် ချစ်ရသူမျက်နှာလေးကို ကြည့်ရင်း ပြုံးနေမိသော်လည်း စိတ်ထဲတွင် အမည်မသိခံစားချက်ကြီးက ကိန်းအောင်းကာ ခိုကပ်လာသည်။
Long Distance Relationship ဘဝကြီးနဲ့
နှစ်ယောက်သားအတူမရှိရသည်ကြောင့်ထင်ပါသည်။ ငယ့်ကိုကြည့်တော့ ရေခဲမုန့်ကိုစားကာ
လမ်းလျှောက်နေလေသည်။
"ကိုကို ဒီကိုလာမယ်ဆို......."
"လာမယ်လေ ငယ်ရဲ့...ဖွားဖွားကို လိမ်ပြီးလာမှာဆိုတော့ ဒီကအလုပ်တွေအရင်ဖြတ်ပြီး လက်စသတ်ရမယ်လေ......"
"လွမ်းနေပြီ...."
နှုတ်ခမ်းလေးဆူကာ မျက်လုံးလေးပေကလပ်၊ပေကလပ်နဲ့
ချွဲစိန်လေးကိုကြည့်ကာ အသည်းတွေက တယားယား။
"စားလဲ ကိုကို၊ သွားလဲကိုကို ၊ အိပ်လဲ ကိုကို၊
နေရာတိုင်းကိုကို နှလုံးသားထဲလဲကိုကို....
ငယ် ရူးတော့မယ်....."
"ဟာ....မရူးတော့မရူးပါနဲ့ကွာ......ကိုယ်ရင်ကျိုးရမှာပေါ့...."
"ရူးတော့ရူးနေပြီ သွက်သွက်ခါမရူးသွားခင် ကိုကို
မြန်မြန်လာလိုက်....လာ လိုက် နော်နော်နော်လို့ ချစ်တယ်လေ ကိုကိုလို့......"
"အား....ချစ်မဝလေး ချုပ်နေပြီ......"
"ငယ့်နှလုံးသွေးနဲ့စီရင်မယ့် ပွဲမှာ....ဂါထာကတော့ကိုကိုပဲ....
ရည်ရွယ်ချက်ကတော့ ငယ့်ကိုထာဝရချစ်စေတဲ့....
ကိုကို လူဆိုး.....အား...အရမ်းလွမ်းနေပြီ....."
ချစ်စရာ့ချစ်သူလေးနှင့် ဖုန်းမပြောဖြစ်ခဲ့သည်က နှစ်ပတ်ကျော်၊သုံးပတ်ရှိနေခဲ့ပြီ။ ကျောင်းမှ လေ့လာရေးခရီး ကန့်ဝင်ထားသည်ဟုဆိုကာ တောထဲခရီးထွက်သွားသည်မို့ လိုင်းမမိ။ယခုမှသာ အဆက်အသွယ်ပြန်ရကာ နှစ်ယောက်သား ချစ်စကားတို့ တီးတိုးဆိုဖြစ်ကြသည်။ ငယ်က အဲ့လိုပဲ သိပ်ကိုချွဲတတ်သည့် ကလေးဆိုးလေးပင်။
.........
တွေး
၂၆၈၂၀
....
Zawgyi.......
ျမန္မာပလာဇာမွ Pizza Companyတြင္ထိုင္ေနရင္း စားပြဲထိုး
လာခ်ေပးသည့္ ပီဇာကိုသြားအၿဖီးသားႏွင့္ၾကည့္ေနမိသည္။ မုန့္ဝယ္ေကြၽးရန္ ေဖေဖ့အား ပူဆာလိုက္ခ်ိန္ မၿငိဳမျငင္ေခါင္းၿငိမ့္သည္မို႔ သားအဖႏွစ္ေယာက္သား အျပင္ထြက္ၾက၏။
စားခ်င္တာမွာဟု ေျပာလာပါေသာေၾကာင့္ မွာခ်လိဳက္ခ်ိန္ ၄ေသာင္းေက်ာ္သြားသည္။ ခပ္ၿပဳံးၿပဳံးျဖင့္ ပိုက္ဆံအိတ္ထဲမွ တစ္ေသာင္းတန္၅႐ြက္ထုတ္ေပးသည့္ ေဖေဖဦးေဂၚလီက ခုတစ္ေလာအရမ္းကိုသေဘာေကာင္းေနသည္။
"ေဖေဖ့အတြက္..... "
"ငါ့သားကေတာ္လိုက္တာ... ဒီလိုဆိုင္ႀကီးကနားႀကီးမွာ
ဘယ္လိုစားေသာက္ရတယ္ဆိုတာသိေနၿပီ....."
"ေဖေဖကေတာ့ေျပာျပန္ပီ....အာ့ေၾကာင့္ရန္ကုန္လာေနေျပာတာေပါ့....ေနာက္ဆိုေနရာအႏွံ႕သားက ေဖေဖ့ကိုလိုက္ပို႔ေပးမယ္......"
သားအဖႏွစ္ေယာက္စားေသာက္ရယ္ေမာေနစဥ္ ရယ္သံၾကားရသည္မို႔ၾကည့္လိုက္မိရာ ဂ်ပဳမကိုေတြ႕ရေလသည္။
"ဟယ္ ညီသု....အန္ကယ္ေရာပါလား....."
"နင္တို႔ႏွစ္ေကာင္တည္း လွိမ့္ေနတာလား ဂ်ပဳမ....."
လက္က်န္ပီဇာကို ပါးစပ္ထဲထည့္ၿပီးေမာ့ၾကည့္လိုက္ခ်ိန္...
"ညီ နဲ႕ အန္ကယ္လ္....မုန့္လာစားၾကတာလား...... "
"က်ိုဇေ....."
သိေနၾကတာလားဆိုသည့္ ဝက္မစကားမွအစျပဳကာ
ေနာက္ဆုံးကိုေဇႏွင့္ သူငယ္ခ်င္းမႏွစ္ေကာင္ပါ တစ္ဝိုင္းတည္းထိုင္ရင္း စကားေျပာျဖစ္ၾကသည္။ ေနာက္ဆုံး ယြန္းမမွီဆိုသည့္ ဝက္မေလးရဲ႕အကိုတစ္ဝမ္းကြဲမွာ ကိုေဇ ဟုသိလိုက္ရေလသည္။
"ညီသုေလ ကိုေဇ မွတ္မိလား.....
ဒုတိယႏွစ္ေလာက္ကေလ..........."
ဝက္မျဖစ္သူ သူ၏အကို႔အား ေမးေနသည္မို႔ ေတြးေနပါေသာ ကိုေဇမွာ ေတာ္ေတာ္ေလးကို အတိတ္ကိုျပန္လည္တူးဆြေနရသေယာင္ပင္။ ကြၽန္ေတာ္လည္း ယြန္းမမွီ၏ စကားကိုအံ့ၾသမိပါသည္။
'ကြၽန္ေတာ္တို႔ဆုံဖူးလို႔လား ကိုေဇ.....'
"အိမ္မွာစာလုပ္ဖို႔ပါလာတဲ့ ကတုံးနဲ႕ေကာင္ေလးေလ......"
"ဟဲ့ အဲ့တုန္းက ဘုန္းႀကီးဝတ္ထားတာ.....
သာသနာကတုံးဟဲ့..... အာပလာကတုံးမဟုတ္ဘူး....."
ကပ္ဖဲ့လာသည့္ ဝက္မရဲ႕စကားကို ျပန္၍ ေခ်ပလိုက္ပါသည္။ ကတုံးရာဇဝင္ကိုျပန္ေျပာတိုင္း သူတို႔ႏွစ္ေကာင္တဟားဟားနဲ႕ရယ္ၾကရင္း အေတာမသတ္နိုင္ပဲ တစ္ပတ္ေလာက္အဲ့အေၾကာင္းကို စျမႇုပ္ျပန္ေကာင္းဆဲေပ။
"အဲ့ေကာင္ေလး....."
ကြၽန္ေတာ့္ကိုလက္ၿငိဳးထိုးကာ ရယ္က်ဲက်ဲနဲ႕ အားနာသလိုၾကည့္ေနသည့္ ကိုေဇ့ကိုၾကည့္လိုက္ၿပီး ရွက္ရမ္းရမ္းကာ ေခါင္းၿငိမ့္ျပလိုက္မိပါသည္။ ထိုအခ်ိန္က အတည္ေပါက္နဲ႕ေနာက္လိုက္မိျခင္းပါ။
"ညီသုေနာင္ေလ....အဲ့ဒါ....သူပဲ...."
ပီဇာတစ္ခုကို ပါးစပ္တည္းကိုက္ကာထည့္ရင္း အေျဖစကားျပန္ေပးလာသည့္ ညီမျဖစ္သူကိုၾကည့္ၿပီး ထိုအခ်ိန္ကျဖစ္ရပ္ကိုျပန္ေတြးမိေလသည္။
ရန္ကုန္ေဆး႐ုံတြင္ Ward ဆင္းေနရသည္က ၅လေက်ာ္ ၾကာမည္မို႔ အေဒၚျဖစ္သူေရာ ဦးေလးေရာပါ သူတို႔အိမ္တြင္လာေနရန္ေျပာ၍ ေနျဖစ္ခဲ့သည္။
တစ္ရက္တြင္ ညီမေလးယြန္းမမွီက သူ႕၏သူငယ္ခ်င္းမ်ား အိမ္သို႔ေခၚထားၿပီး စာစု၍က်က္မည္ဆိုသည္ေၾကာင့္ သူငယ္ခ်င္းေတြကိုေစာင့္ရင္း ဧည့္ခန္းတြင္ထိုင္ေနေလသည္။
"ကိုကိုလတ္.....အလုပ္သြားေတာ့မွာလား....."
"ဟုတ္တယ္ ယြန္းေလး...."
"ယြန္းကိုေလ အျပန္က်ရင္ ဒီစာအုပ္ေလးရွာေပးပါ...."
ခဏေနာ္ဟုဆိုကာ အိမ္ေပၚေျပးတတ္သြားသည့္ ဝဝလုံးလုံးနဲ႕ခ်စ္စရာညီမေလးပင္။ ညီမေလးကိုေစာင့္ေနစဥ္ အိမ္အဝတြင္ေတြ႕လိုက္ရသည့္ ကတုံးေျပာင္ေျပာင္ႏွင့္ ဘုန္းႀကီးထီးႀကီးကိုကိုင္ကာ အနီေရာင္ဝတ္စုံႀကီးဝတ္ထားသည့္လူမွာ တ႐ုတ္ဘုန္းႀကီးမ်ားလိုမ်ိဳးပင္။ ယြန္း၏ေဖေဖမွာ ျမန္မာ၊တ႐ုတ္လူမ်ိဳးျဖစ္သည္မို႔ တ႐ုတ္ျပည္ယူနန္ႏွင့္လည္းအဆက္အသြယ္ရွိျခင္းအား သိထားေသာေၾကာင့္ တ႐ုတ္ဘုန္းႀကီးႂကြလာသည္အထင္ႏွင့္ ထိုကတုံးေျပာင္ေျပာင္အနားသို႔သြားလိုက္သည္။
လက္အုပ္ခ်ီကာ အိမ္ထဲႂကြဖို႔ လက္ႏွင့္သာ လမ္းၫႊန္လိုက္ၿပီး ထိုင္ခိုင္းလိုက္သည္။ ကိုယ္လည္းတ႐ုတ္လိုမေျပာတတ္သည္မို႔ စိတ္ေလရေလသည္။ အိမ္ေနာက္ေဖးမွ အိမ္အကူအေဒၚႀကီးဆီသြားကာ အခ်ိဳရည္ႏွင့္မုန့္ျပင္ေပးရန္မွာလိုက္သည္။ ထိုင္ေနသည့္ ဘုန္းႀကီးအနားသို႔သြားကာ လက္အုပ္ခ်ီလ်က္ ပဆစ္ပိတ္ထိုင္လိုက္ၿပီး ဂါရဝျပဳကာ
ဦးသုံးႀကိမ္ခ်ရန္ျပင္စဥ္.....
"ဟဲ့...ညီသုေနာင္.... ငါ့အကိုကို နင္ေမႊျပန္ပလား....."
ထိုေတာ့မွ ႐ုပ္တည္တည္ႏွင့္ ကတုံးေကာင္ေလးမွာ ခြီခနဲထရယ္၏။ တဟားဟားႏွင့္ ရယ္ေနေသာေၾကာင့္ ညီမျဖစ္သူဘက္လွည့္ၾကည့္ၿပီး ေမးလိုက္မိသည္။
"တ႐ုတ္ျပည္က ဘုန္းႀကီးမဟုတ္ဘူးလား....."
ထိုသို႔ေျပာေလ ဗိုက္ကိုဖိကပ္ၿပီးရယ္ေလ၊ အူလွိုက္သည္းလွိုက္ရယ္ေနသည့္ေကာင္ေလးကိုၾကည့္ၿပီး ညီမျဖစ္သူယြန္းေလးက ေခါင္းတခါခါနဲ႕ ကြၽန္ေတာ့္ကိုၾကည့္ေနေလသည္။ ရွက္ကိုးရွက္ကန္းနဲ႕ အိမ္ဧည့္ခန္းထဲက ထြက္ကာ ေဆး႐ုံကိုပဲကားေမာင္းၿပီး ထြက္သြားလိုက္ပါသည္။
အတိတ္မွအေၾကာင္း ျပန္ေတြးတိုင္းရယ္ရ၏။ ညီႏွင့္ေပ်ာ္စရာအတိတ္ရွိခဲ့ဖူးသည္တဲ့လား။
"အဲ့တုန္းက စလိုက္တာ....ဟား....ဟား...."
ရွင္းျပရင္းကိူ အူလွိုက္သည္းလွိုက္ရယ္ေနသည့္ ညီ့ကိုၾကည့္ၿပီး အေပ်ာ္တို႔ကူးဆက္သြားသည္ထင္ ကိုယ္ပါလိုက္ရယ္မိသြားသည္။
"ငါ့သားရယ္.... အေဖကိုပဲ ေမႊတာမဟုတ္ပဲ
မသိတဲ့သူကိုပါေမႊရလား......"
"ေျပာျပမယ္...ေျပာျပမယ္.....အဲဒီ့ေန႕ကေလ....."
ကြၽန္ေတာ္႐ြာကျပန္ေရာက္ၿပီး ၃ရက္ေျမာက္သည့္ေန႕ပင္။
ေ႐ႊတိဂုံဘုရားသို႔သြားကာ ဘုန္းဘုန္းတပါးအား ဘုန္းႀကီးထီးသြားလႉရမည္။ ယၾတာေခ်သည့္
ေန႕တြင္ဝတ္စုံသည္ နီညိုေရာင္အရင့္ကိုဝတ္ရမည္။ ဘုန္းႀကီးလြယ္သည့္ လြယ္အိတ္ကိုဝတ္ရမည္။
ဖိနပ္မစီးရ။
ကံေခေနျခင္း၊ က်န္းမာေရးညံ့ျခင္းအျပင္ အေမြေတြဘာေတြပါရကိန္းျမင္သည္။ ဒီယၾတာကိုေခ်လိဳက္ပါဆိုသည့္
႐ြာမွ ေဗဒင္တြက္ေပးသည့္ ကိုႀကီးသာဆိုသူ၏ စကားအတိုင္းလိုက္လုပ္ခဲ့သည္။
ယြန္းတို႔ႏွင့္စာလုပ္ၿပီးလွ်င္ ေ႐ႊတိဂုံသို႔ အတူသြားကာ ယၾတာေခ်မည္ဟုေတြးထားသည္မို႔ ယြန္းတို႔အိမ္သို႔အရင္သြားလိုက္သည္။ တကၠစီနဲ႕သာကြၽန္ေတာ္ထြက္လာျဖစ္ျခင္းေပ။ ကားေမာင္းလွ်င္ လီဗာနင္းရသည္မဟုတ္လား။ ေျခဗလာႏွင့္ လီဗာနင္းလွ်င္
ဖဝါးႏုႏုေသြးေခ်ဥမတတ္နာသည္ေၾကာင့္ ကားကိုကြန္ဒိုမွာသာထားခဲ့ၿပီး အငွားကားေခၚကာ ထြက္လာမိျခင္းေပ။
လြယ္အိတ္ထဲေတာ့ဘာမွမပါ၍ ယၾတာအၿပီးတြင္ ဖိနပ္စီးဖို႔ရာ လြယ္အိတ္ထဲထည့္လာခဲ့၏။
အိမ္ေရွ႕အေရာက္တြင္ ယြန္းအား လွမ္းေခၚရန္ျပင္စဥ္ လူရိပ္ေတြ႕ရေလသည္။ မိမိအနားသို႔ေလွ်ာက္ လက္အုပ္ႀကီးခ်ီလို႔ အိမ္ထဲဝင္ရန္ေခၚသည္။ ကိုယ့္ပုံကိုယ္ေျခဆုံးေခါင္းဆုံးအိမ္ကမွန္ထဲတြင္ၾကည့္ထားၿပီး ဘုန္ႀကီးပုံနဲ႕တူေနသည္ကိုလည္း သတိထားမိခဲ့သည္။ ယခုထိုလူလည္း မိမိအား ဘုန္းႀကီးထင္ေနတာပဲေနမည္ဟု ေတြးမိသြားသည္ေၾကာင့္
စေနာက္ခ်င္တာေရာ ေပါင္းကာ ထိုလူျပသည့္ေနရာတြင္ထိုင္လိုက္သည္။ ထိုလူဘာဆက္လုပ္မလဲေတြးေနမိ၏။ ဦးခ်ရန္ျပင္ေနေလသည္ေၾကာင့္ ႀကိတ္ရယ္ေနရာမွ မ်က္လုံးျပဴးခ်ိန္ ဝက္စုတ္မ၏ေအာ္သံထြက္လာေတာ့သည္။
ခပ္တည္တည္နဲ႕ ဘာေတြေျပာမလဲနားေထာင္ေနမိ၏။
'တ႐ုတ္ျပည္က ဦးဇင္းမဟုတ္ဘူးလား.....'ဆိုသည္ေၾကာင့္ တဟားဟားနဲ႕ေအာ္ရယ္မိသြားသည္။ ၿပီးေနာက္ ထိုလူ႕မွာ အိမ္ျပင္သို႔ထြက္ကာ ကားေမာင္းသြားသည္ထင္ ကားသံသာၾကားလိုက္ရေတာ့သည္။
အျဖစ္က ေခတ္စကားႏွင့္ေျပာရလွ်င္ အူတက္ေသ။
"ကိုယ္တကယ္ရွက္သြားခဲ့တာ........"
"ဟို...ဟီးဟီး...ေတာင္းပန္ပါတယ္......"
ခပ္ၿပဳံးၿပဳံးနဲ႕ အားနာၿပီး အားနာေနျခင္း
ေၾကာင့္ထင္ ေတာင္းပန္စကားဆိုလာသည့္ ညီ့ကိုၾကည့္ကာ ေခါင္းၿငိမ့္ျပလိုက္သည္။
"ဒါနဲ႕အေမြေတြရခဲ့ရဲ႕လား......"
"ဘိုးဘိုးနဲ႕ဘြားဘြားက ကြၽန္ေတာ့္ကိုသူတို႔ရဲ႕စပါးနဲ႕ပဲ စိုက္ခင္းေတြ ေခၚေပးၾကတယ္ေလ.......
ေဖေဖက ဘ႑ာထိန္းေပါ့....ကြၽန္ေတာ္ေတာ့ဘာမွမလုပ္တတ္ဘူး ဟီး......"
ထိုစဥ္ဝက္မက သူ႕အကိုကို စကားျဖတ္ေျပာေလသည္။
"ကိုေဇ..... ယြန္းေလးတို႔နဲ႕အက်ိဳးေဆာင္ ေအဂ်င္စီဖြင့္ထားတဲ့သူက ညီသုပဲေလ......."
"ဟုတ္လား....."
"ယြန္းရယ္၊ ပိုးရယ္၊ ညီသုရယ္ သုံးေယာက္စပ္တူပဲ......"
ယြန္းဆိုသည့္ဝက္ကေလး၏အေျပာကို ဝင္ကာေထာက္လာသူက ပိုးအိဆိုသည့္ဂ်ပဳမေလးပင္။
"ကိုေဇ့ကိုလဲ ေကာင္ေလးေခ်ာေခ်ာေလးရွာေပးမယ္....
ကုမၸဏီလာခဲ့......"
"ကုမၸဏီလာဆိုလာပါ့မယ္....ရွာေတာ့မရွာေပးပါနဲ႕...
ကိုယ္ေတြ႕ထားၿပီးၿပီ....."
ခပ္ၿပဳံးၿပဳံးနဲ႕အေျဖစကားျပန္ေပးလာသည့္
ကိုေဇကအၾကည့္တို႔ကိုလႊဲသြားကာ တျခားေနရာတစ္ခုကို
မ်က္ဝန္းအိမ္ရဲ႕ဒီဂရီေျပာင္းေ႐ႊ႕သြားသည္။
"ပိုင္ခြင့္မရွိ႐ုံပါပဲ....ဒီလိုေလးပဲေကာင္းပါတယ္......"
ပလုတ္ပေလာင္းႏွင့္ ပီဇာနင္ေနသည္ေၾကာင့္ အေအးကိုကုန္းေသာက္ေနသည့္ ညီသုကိုၿပဳံးကာၾကည့္ေနသည့္ ကိုေဇ၏မ်က္ဝန္းတို႔ထဲ အခ်စ္သစ္ပင္ႀကီးက အကိုင္း၊အခက္၊အပြင့္၊အဖူးေတြျဖင့္ ေဝဆာကာပြင့္လန္းၿပီး ရွင္သန္ေနေလသည္။
'ဘုရားေရ...ကိုေဇ က ညီသုကိုမ်ား......'
......................
အဖြားနဲ႕တီတီတို႔ကေတာ့ မဂ္လာေဆာင္ပြဲမွရိုက္ကူးမွတ္တမ္းတင္ထားသည့္ ဗီဒီယိုအေခြရေလၿပီဟုဆိုကာ
အတူၾကည့္ရန္လာေခၚသည္မို႔ ေအာက္ထပ္သို႔ဆင္းကာ ထိုင္ခုံတြင္ ဝင္ထိုင္၍ ၾကည့္ေနမိေသာ္လည္း နားကိုက္ေနသည္ေၾကာင့္ ဘယ္လိုမွ အာ႐ုံမရပါပဲ ကိုက္ေနသည့္ ပါးျပင္တစ္ေလွ်ာက္ကိုကိုင္ကာ မွိုင္ေနမိသည္။
ရယ္စရာမ်ားကိုရယ္ခ်င္ေသာ္လည္း လူကမလႈပ္ခ်င္ေတာ့ေပ။ ကိုဉာဏ္ကေတာ့ေကာင္းပါသည္။ ေဆးခန္းလိုက္ပို႔သည္။ ထမင္းမဝါးနိုင္မွန္းသိေတာ့ အေဒၚႀကီးကို ဆန္ျပဳတ္လုပ္ေပးရန္မွာၿပီး အသားကိုပါႀကိတ္၍ထည့္ရန္ေျပာထားသည္ေၾကာင့္ စားရတာအဆင္ေျပေသာ္လည္း ကိုယ္တိုင္ကပါးစပ္မဖြင့္ခ်င္မိ၍ စားမဝင္။ ညီသု ဘဝႀကီး ေနမေပ်ာ္ေတာ့ေပ။
"ညီသုေလး...ေျမးငယ္ေလး ဘာျဖစ္ေနလို႔ မွိုင္ေနလဲ ကေလး...."
"နားကိုက္ေနတာဖြားဖြား....နားျပည္တည္ၿပီး အူေနတာ...."
"ဟယ္....ေဆးခန္းသြားမယ္ေလ ဉာဏ္သု က ဒါေလးေတာင္ဂ႐ုမစိုက္ဘူးလား....."
အဖြား၏အေျပာလဲအဆုံး တီတီေလးကပါ အနားသို႔ေရာက္လာၿပီး ေျပာခ်င္ရာစြတ္ေျပာၾကေလေတာ့သည္။
"ကိုဉာဏ္ ေဆးခန္းလိုက္ပို႔တယ္ ဖြားဖြား....."
"အဖြားလဲမသိရပါလားကြယ္....ဒီရက္ထဲအလုပ္မ်ားေနေတာ့ ငါ့ေျမးေလးကိုပစ္ထားမိၿပီထင္တယ္......."
"မဟုတ္ပါဘူး ဖြားဖြားရဲ႕....."
"သြားသြား အခန္းထဲသြားနားေတာ့....
ကေလး ပင္ပန္းေနၿပီ...."
ေခါင္းၿငိမ့္ျပၿပီးေနရာမွထကာ
အေပၚထပ္သို႔တက္ခဲ့လိုက္သည္။
အခန္းထဲဝင္နားရန္ ဖြားဖြားခြင့္ျပဳသည္မို႔ ကိုက္ေနသည့္နားကိုကိုင္ကာ အိမ္ေပၚထပ္သို႔တက္ခဲ့လိုက္သည္။
အခန္းဝေရာက္ေတာ့ ၾကားလိုက္ရသည့္အသံေတြက ေအာ္ဂလီဆန္စရာပင္။ နားကိုက္တာပါေပ်ာက္ခ်င္ ခ်င္ ျဖစ္သြားသည္။ ကႏု၊ ကလ်ေျပာတတ္လြန္းသည့္ အရိုင္းအစိုင္းေကာင္ႏွင့္ ႏြားသိုးႀကီး တို႔ တဟီးဟီး၊တဟားဟားႏွင့္ ဖုန္းေျပာေနၾကသည့္အသံမ်ားပင္။
ထိုေကာင္ေလးအေၾကာင္းအား ယြန္းနဲ႕ပိုး ေျပာျပသည္ေၾကာင့္ သိခဲ့ရသည္။ ကိုဉာဏ္သုက သိရက္နဲ႕ မသိခ်င္ေယာင္ေဆာင္ေပးထားသည္လား။ မသိတာပဲလားေတာ့မေျပာတတ္ေပ။ ကိုယ့္အေၾကာင္းမဟုတ္သည္ေၾကာင့္လည္း ဆက္မေတြးမိေတာ့ပါပဲ တံခါးဖြင့္ကာ ဝင္လိုက္ၿပီး ဆိုဖာတြင္ ေခြကာ အိပ္ေနလိုက္သည္။ ကုတင္ေပၚတြင္အိပ္ခ်င္ေသာ္လည္း
ဟိုသတၱဝါေလးႏွင့္
ကိုဉာဏ္ဖုန္းေျပာေနပုံမွာ ဝမ္းလ်ားေမွာက္ကာ ကုတင္ေပၚတြင္ေျပာေနၾကသည္မို႔
ေနာက္မွပဲသြားမည္ေတြးလိုက္ၿပီး ကိုက္ေနသည့္နားကိုကိုင္ကာ မ်က္စိမွိတ္၍ၿငိမ္ေနလိုက္သည္။
အရမ္းနာသည္။ျဖဳတ္ပစ္လို႔ရရင္ ခဏျဖဳတ္ထားခ်င္သည္။ ဘယ္ကတိုးလာသည့္ နာက်င္ျခင္းမွန္းမသိ ရင္ဘတ္ေတြပါ ေအာင့္ကာ နာလာသည္။
........
ဒီေန႕ေက်ာင္းမွျပန္ေရာက္ေတာ့အခ်ိန္အားျဖင့္ ေနခင္းသုံးနာရီရွိေနေလၿပီ။ သူတပါးနိုင္ငံမွာ ေက်ာင္းတက္ေနရေသာ္လည္း သိမ္ငယ္စိတ္တို႔မဝင္ပါ။ ေဖေဖက လိုေလေသးမရွိထားေပးသည္။ ခ်စ္သူတစ္ေယာက္ရွိသည္။
ထိုခ်စ္သူကလည္း လိုေလေသးမရွိအရာရာကို ကိုယ့္သေဘာ ကိုယ့္ဆႏၵျဖည့္ဆည္းေပးကာ အၿမဲတေစ ဂ႐ုစိုက္ေပးေနသည္မို႔ ခ်စ္၍မဝေပ။
"ကိုကို......"
"ငယ္...ေနေကာင္းရဲ႕လား...ကိုယ့္ကိုေရာ လြမ္းရဲ႕လား...."
"အရမ္းလြမ္းတယ္....."
"ကိုယ္ေရာပဲ....."
ေလလွိုင္းေပၚမွ ျမင္ေနရသည့္ ခ်စ္ရသူမ်က္ႏွာေလးကို ၾကည့္ရင္း ၿပဳံးေနမိေသာ္လည္း စိတ္ထဲတြင္ အမည္မသိခံစားခ်က္ႀကီးက ကိန္းေအာင္းကာ ခိုကပ္လာသည္။
Long Distance Relationship ဘဝႀကီးနဲ႕
ႏွစ္ေယာက္သားအတူမရွိရသည္ေၾကာင့္ထင္ပါသည္။ ငယ့္ကိုၾကည့္ေတာ့ ေရခဲမုန့္ကိုစားကာ
လမ္းေလွ်ာက္ေနေလသည္။
"ကိုကို ဒီကိုလာမယ္ဆို......."
"လာမယ္ေလ ငယ္ရဲ႕...ဖြားဖြားကို လိမ္ၿပီးလာမွာဆိုေတာ့ ဒီကအလုပ္ေတြအရင္ျဖတ္ၿပီး လက္စသတ္ရမယ္ေလ......"
"လြမ္းေနၿပီ...."
ႏႈတ္ခမ္းေလးဆူကာ မ်က္လုံးေလးေပကလပ္၊ေပကလပ္နဲ႕
ခြၽဲစိန္ေလးကိုၾကည့္ကာ အသည္းေတြက တယားယား။
"စားလဲ ကိုကို၊ သြားလဲကိုကို ၊ အိပ္လဲ ကိုကို၊
ေနရာတိုင္းကိုကို ႏွလုံးသားထဲလဲကိုကို....
ငယ္ ႐ူးေတာ့မယ္....."
"ဟာ....မ႐ူးေတာ့မ႐ူးပါနဲ႕ကြာ......ကိုယ္ရင္က်ိဳးရမွာေပါ့...."
"႐ူးေတာ့႐ူးေနၿပီ သြက္သြက္ခါမ႐ူးသြားခင္ ကိုကို
ျမန္ျမန္လာလိုက္....လာ လိုက္ ေနာ္ေနာ္ေနာ္လို႔ ခ်စ္တယ္ေလ ကိုကိုလို႔......"
"အား....ခ်စ္မဝေလး ခ်ဳပ္ေနၿပီ......"
"ငယ့္ႏွလုံးေသြးနဲ႕စီရင္မယ့္ ပြဲမွာ....ဂါထာကေတာ့ကိုကိုပဲ....
ရည္႐ြယ္ခ်က္ကေတာ့ ငယ့္ကိုထာဝရခ်စ္ေစတဲ့....
ကိုကို လူဆိုး.....အား...အရမ္းလြမ္းေနၿပီ....."
ခ်စ္စရာ့ခ်စ္သူေလးႏွင့္ ဖုန္းမေျပာျဖစ္ခဲ့သည္က ႏွစ္ပတ္ေက်ာ္၊သုံးပတ္ရွိေနခဲ့ၿပီ။ ေက်ာင္းမွ ေလ့လာေရးခရီး ကန့္ဝင္ထားသည္ဟုဆိုကာ ေတာထဲခရီးထြက္သြားသည္မို႔ လိုင္းမမိ။ယခုမွသာ အဆက္အသြယ္ျပန္ရကာ ႏွစ္ေယာက္သား ခ်စ္စကားတို႔ တီးတိုးဆိုျဖစ္ၾကသည္။ ငယ္က အဲ့လိုပဲ သိပ္ကိုခြၽဲတတ္သည့္ ကေလးဆိုးေလးပင္။
.........
ေတြး
၂၆၈၂၀
....