He & Me - သူရယ် ကိုရယ် (Compl...
By AYuMi2091
1M 92.1K 5.1K
ဂေါ်လီ့သားက ဂေါ်ပြီးသား........ More
AN
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Part - 43
Part - 44
Part - 45 (Unicode)
Part - 45 (Zawgyi)
Part - 46 (Unicode)
Part - 46 (Zawgyi)
Part - 47 (Unicode)
Part - 47 (Zawgyi)
Part - 48 ( Unicode)
Part - 48 (Zawgyi)
Part - 49 (Unicode)
Part - 49(Zawgyi)
Part - 50(Unicode)
Part - 50 (Zawgyi)
Part - 51 (Unicode)
Part - 51(Zawgyi)
Part - 52 (Unicode)
Part - 52 (Zawgyi)
Part - 53(Unicode)
Part - 53 (Zawgyi)
Part -54(Unicode)
Part - 54 (Zawgyi)
Part - 55(Unicode)
Part - 55 (Zawgyi)
Part - 56(Unicode)
Part - 56 (Zawgyi)
Part - 57 (Unicode)
Part - 57 (Zawgyi)
Part - 58 (Unicode)
Part - 58 (Zawgyi)
Part - 59 (Unicode)
Part - 59 (Zawgyi)
Part - 60 (Unicode)
Part - 60 (Zawgyi)
Part - 61 (Unicode)
Part - 61 (Zawgyi)
Thank you Note
Thank you Note (Zawgyi)
Extra
Extra (Zawgyi)
Extra - II
Extra II (Zawgyi)
Extra III (Unicode)
Extra III (Zawgyi)
Extra IV (U & Z) ❌🚫
Special Extra
Part - 12
12.1K 1.3K 46
By AYuMi2091
"နမ်းပါ....နမ်းပါ....နမ်းပါ......"
ပွဲလာသည့်ဧည့်သည်တော်များရဲ့ လက်ခုပ်တီး၍ဆော်အော်သံ၊ စင်ပေါ်မှ ဂိမ်းဆော့လျှင် ဒိုင်လုပ်ပေးရန်ခေါ်ထားသည့် အနောင်စာအမကြီး၏ မိုက်ကြီးနဲ့ကို အော်သံများက
ခမ်းမတစ်ခုလုံးဟိန်းထွက်နေကာ မျက်နှာတစ်ခုလုံး ထူပူပြီးကိုရှက်နေမိတော့သည်။ ညီသု မျက်နှာကြီးကို ခဏဖြုတ်ကာ ရေခဲကပ်ထားချင်သည်က အမှန်ပင်။
ကိုဉာဏ့်ကို မျက်လုံးလှန်ကာမော့ကြည့်လိုက်တော့ ပြုံးပြနေသည်။
"ဘာတွေအော်နေကြတာလဲမသိဘူး....."
"နမ်းခိုင်းနေတယ်...."
နှစ်ယောက်သားတီးတိုးစကားဆိုနေစဥ်အတွင်း မိုက်သံထွက်လာသည်ကြောင့် ငြိမ်သွားကြသည်က ပွဲခင်းထဲမှ
မဂ်လာပွဲ ဂုဏ်ပြုရန်လာကြသူအပေါင်းပင်။ မီးကြည်ခဲကို
ရေနဲ့ဖြန်းလိုက်သလို ရှဲခနဲ​မြည်ကာ အရောင်ကျသွားသလို မိုက်သံကြောင့် လုံးဝငြိမ်သွားသည်။
"Please..Please...လူကြီးမင်းများ....လူကြီးမင်းများ.."
အသံလာရာကြည့်လိုက်တော့ ဟိုဆပ်ပြာသယ်သူငယ်ချင်းနှစ်ကောင်ပင်။ မိုက်တစ်ယောက်တစ်လုံးရသွားသည်က မသိလျှင် မျောက်မတွေကို အုန်းသီးပေးလိုက်သလိုဖြစ်နေလေပြီ။ လုပ်စမ်းပေါက်ကရဟုသာ အော်လိုက်သံက စိတ်ထဲတွင် ကျယ်လောင်သွားသော်လည်း လက်တွေ့တင် မျက်နှာငယ်နဲ့သာ သူတို့နှစ်ယောက်ကိုကြည့်နေမိသည်။
"ကျွန်မတို့မှာလူကြီးမင်းတို့တောင်းဆိုမှုကို သတို့သားနှစ်ယောက်မလိုက်နာပဲ မနေနိုင်အောင် နည်းလမ်းရှိပါတယ်..."
တစ်ယောက်အပြောကို နောက်တစ်ယောက်ကပါ ဆက်ပြောလာသည်။
"ဟုတ်ပါတယ်.....သူတို့နှစ်ယောက်ဟာ ဒီည ဒီစင်ပေါ်မှာ နမ်းကိုနမ်းမှ အဆင်ပြေမှာမို့.... သူတို့ရှက်နေတာကိုလဲ သနားတာမို့...."
"ဒါကြောင့် ရွေးချယ်ခွင့်ပေးပါ့မယ်...."
ပြုံးပျော်လို့ကိုပြောနေသော သူငယ်ချင်းနှစ်ကောင်ပင်။
ကိုဉာဏ့်ခါးကိုထိန်းကာဖက်ထားရင်း သူငယ်ချင်းမနှစ်ယောက်ကို သနားသယကမားရုပ်လေးနဲ့ကြည့်သည်ကို မမြင်ချင်ယောင်ဆောင်နေသည်။
"သတို့သားကိုဉာဏ်သုခမောင် ရွေးချယ်ပါ....
(၁) သတို့သား ညီသုနောင် ကို ဂါဝန်အပေါ်ပိုင်း ချွတ်ပြီး
ဗလပြခိုင်းမလား......
(၂) နမ်းမလား....."
"ဟဲ့.....ဖရိုဖရဲမတွေ....."
သူမတို့တော့ကြားမည်မဟုတ်ပေ။ ကိုယ့်ဘာသာ တီးတိုးပြောလိုက်မိသည်။
"တခါနမ်းရင် ဘယ်လောက်လဲ........
စျေးမသတ်မှတ်ရသေးဘူးနော်..........."
ကိုဉာဏ် ပြောလာသည့်စကားအဓိပ္ပါယ်ကို စဥ်းစားနေဆဲမှာပင်။ ခန်းမကြီးတစ်ခုလုံး ဆူညံကာ လက်ခုပ်သံများနှင့် အားပေးသံများကြားရပြီးနောက် ပါးနှစ်ဖက်ကိုအုပ်ကိုင်ထားသည့်လက်ကြောင့်ထင် ပါးပြင်နှစ်ဖက်လုံးပူလောင်လာသည်။ နှုတ်ခမ်းထက်မှ အိစက်စွာဖိကပ်လာသော နှုတ်ခမ်းတစ်စုံ၊ ဝင်လေထွက်လေတစ်ချက်ခြင်းကမိမိ၏ဝင်သက်ထွက်သက်နှင့် ရောနှောနေသည်။ ဖိကပ်ရုံတင်မဟုတ်တော့သည့် နှုတ်ခမ်းတစ်စုံက ဆွဲငင်နေသယောင် ခပ်ပျော့ပျော့တစ်စုံတစ်ရာက အထက်အောက်နှုတ်ခမ်းနှစ်ခုကို ထိကပ်ပွတ်ဆွဲ တို့ထိကစားချိန် ကြက်သီးမွှေးညှင်းများ ဖြန်းခနဲထသည်။ အဲဒီပျော့ပျော့ကြီးက လျှာဖျားမဟုတ်လား။
မျက်လုံးများပြူးကျယ်ဝိုင်းစက်နေရာက
မြင်နေရသည့် မျက်နှာပိုင်ရှင်အားလည်း ရင်းနှီးနေပါ၏။
ကောင်မလေးနှစ်ယောက်ပြောသည့် နံပါတ်တစ်အချက်မှာ ဘယ်လိုမှဖြစ်နိုင်ပေ။ ညီသု ကိုယ်တိုင်လဲ လုပ်နိုင်မည်မဟုတ်ချေ။ လူတွေအများကြီးနှင့် ရှက်စရာကြီးဖြစ်နေသလို၊ ရိုက်ကူးရေး ကင်မရာများလဲရှိနေသောကြောင့် ဗလပြခြင်းအား မလုပ်စေချင်ပါ။ နံပါတ်နှစ် ကိုရွေးချယ်လိုက်သော်လည်း နမ်းလျှင်ဘယ်စျေးဟု ချစ်တီးပေါက်စလေးက မပြောထားဖူးသေး။ သို့ပါသောကြောင့် သူ၏
အလစ်တွင် အမိအရပြောကာ နှုတ်ခမ်းအား ဖြတ်ခနဲ နမ်းမည်ဟုကြံလိုက်၏။ လက်ထပ်ကာစ ကြင်စဦးအနမ်းလေးပင်ရှက်နေကြခြင်းအတွက် လူအများအမြင်တွင် အဆင်ပြေမည်ဟုမထင်ပါ။
နမ်းချင်၍နမ်းခြင်းမဟုတ်သော်လည်း ထိကပ်လိုက်ချိန် အိစက်စက်နှင့် မွှေးပျံ့နေပါသော ချိုချဥ်ရနံ့လေး၊ စိုစွတ်စွတ်နှုတ်ခမ်းလွှာအား လွှတ်ပေးချင်စိတ်မရှိတော့။
ဂျယ်လီလေးအထင်ဖြင့် ဝါးကြည့်မိသည်။ စိတ်ကခိုင်းစေသည့်အတိုင်း စိတ်ခေါ်ဆောင်ရာလိုက်ကာ အိစက်စက်အသားလေး၏ အရသာ ရင်ထဲမည်သည့်ခံစားချက်မှန်းမသိရတော့။
'အရသာကို လျှာကသိ' ဆိုသည့်စကားအတိုင်း လျှာဖျားလေးဖြင့်တို့ထိကြည့်သည်။ တစ်ကိုယ်လုံးအား ကျဥ်စက်ပေးခံလိုက်ရသလို ကျဥ်တက်သွားပြီး
နှလုံးခုန်နှုန်းမြန်လာသည်။
ရင်ဘတ်အားတွန်းလာသည့် လက်ကလေးနှင့် ခြေဖျားထိပ်တက်နင်းချလာသည့် ဒေါက်ဖိနပ်အချွန်ကြောင့် ရှူးဖိနပ်အောက်မှ ခြေထောက်နာသွားခြင်းမှာ အသည်းခိုက်မတတ်ပေ။ ပြုံးလျက်ကြည့်နေသည့် ညီသု မျက်ဝန်းတို့ထဲတွင် သတ်ချင်နေပြီဆိုသည့် ချိန်းခြောက်သော ရာဇသံများကရှိနေလေ​ပြီ။
"တော်သေးတာပေါ့ သတို့သားက
သတို့သမီးလေးလိုဝတ်ထားတဲ့ လှပချောမောနေတဲ့ သတို့သားလေး နှုတ်ခမ်းကို လွှတ်ပေးသေးလို့......."
ထိုစကားသံအဆုံး ထိုင်နေကြသော ပရိတ်သတ်အားလုံး၏
ရယ်မောသံများက ခန်းမတစ်ခုလုံး ပျံ့လွင့်သွားလေသည်။
"ဒီတစ်ခါ သတို့သားညီသုအလှည့်ပါ.....
ကိုဉာဏ်သုခမောင် ဒီဘက်ကိုကြွပေးပါ........"
ကိုဉာဏ့်ကို ခေါ်သွားကြသည်မို့ လိုက်ကြည့်မိသည်။
စင်အလယ်တွင်တစ်ယောက်တည်းရပ်နေသော ကျွန်တော့်အနားအနောင်စာအမနှင့် ဂျပုမတို့ရောက်လာသည်။
"ကိုဉာဏ်သုခမောင် တို့က လူကြီးတွေသဘောမတူဘူးထင်လို့ ညီသု ကို ခိုးပြေးတာဆို ဟုတ်ပါသလား....."
ထိုမေးခွန်းဆုံးတော့ ကျွန်တော်ရပ်နေသောစင်ရှေ့မလှမ်းမကမ်း Familyဆိုသည့် ထိပ်ဆုံးဝင်တွင်ထိုင်နေသော ဖွားဖွားကိုကြည့်လိုက်မိရာ ပြုံးလျက်ကြည့်နေပြီး ခေါင်းကိုမသိမသာငြိမ့်ပြသည်။ လူအပေါင်းကလည်း
လုံးဝကိုငြိမ်သက်စွာ နားထောင်နေသည်။ မထူးတော့သည့်အဆုံး...
"ဟုတ်ပါတယ်......."
အဖြေအဆုံးတွင် ညီသုဘေးက ကောင်မလေးက စကားဆက်လေသည်။
"ကိုဉာဏ်သုခမောင်က ဟုတ်တယ်ဆိုလာပြီဆိုတော့ ညီသုနောင်ကိုမေးပါမယ်.....ကိုဉာဏ်သုခမောင် ကိုမကြည့်ပါနဲ့ ညီသု...."
ကိုဉာဏ်တောင်ဇာတ်မတိုက်ထားသည့် မေးခွန်းအမေးခံထားရသည်။ကျွန်တော့်ကိုမေးမည်ဆိုတော့ ချွေးစေးတွေပင်ထွက်လာသလိုလို။ကြောက်လဲကြောက်သည်။
ကိုဉာဏ်ကလည်းအနားမှာမရှိ။ ဘာတွေမေးမည်လဲမသိ။ အဖေရေကယ်ပါဟုလည်း အော်မရ။ တကယ့်ကိုဂေါ်နေပါသော မဂ်လာပွဲ။
"ညီသုနောင်အတွက်မေးခွန်းက
ကိုဉာဏ့်အတွင်းခံ Sizeပါတဲ့............"
တဟားဟားနဲ့ရယ်ကာ လက်ခုပ်လက်ဝါးတီးနေသည့် စင်အောက်မှလူများက မသိလျှင် သူတို့အား
မျောက်ပွဲပြထားမိသလိုလိုပင်။
"ဟင်......"
"မဲလိတ်အခု၅၀ထဲက ရွေးပြီးသား၅ခုပါ.....
မဖြေနိုင်ရင် ပြစ်ဒဏ်ရှိပါတယ်......"
"ဖြေမယ်ဟဲ့...Xxl....."
"ဘာ..."
ညီသု၏ အဖြေအဆုံးတွင် ဘေးနားရှိကောင်မလေးဆီမှ မိုက်အား ယူကာအော်ချလိုက်မိသည်။ ဘယ်လို့တောင် XxLဟုပြောရသည်လဲ။ ရမ်းရွှီးတာတောင်အနည်းဆုံး Xlဆိုတော်သေးသည်။
စင်အောက်မှ လူများ၏ ဝိုးခနဲ၊ ဟာခနဲ နှင့်ဖြစ်ကုန်သည်ကြောင့် ကျွန်တော့်မှာညီသုအဖြေကြောင့် ရှက်သွားပါသည်။
"ထင်တာပြောတာလေ..."
ကျွန်တော်က M sizeဝတ်သည်။သူက ကျွန်တော့်ထက်လဲလူကောင်ထွားသည်ဆိုတော့ ခန့်မှန်းချေအနေနဲ့ Xlလို့ပြောလိုက်သော်လည်း တကယ်တမ်းပါးစပ်ဖျားက ထွက်ကျလာသည့်စကားတို့က XXL အိတ်စ်နှစ်လုံးဖြစ်သွားခြင်းပေ။
"အဖြေမှားသွားပါပြီ ပရိတ်သတ်ကြီး.......
ကဲ....အဖြေမှားသူ ညီသုအနားကို ကိုဉာဏ်သုလာပေးပါ...
ပြစ်ဒဏ်ကို မဲနှိုက်ကြေငြာပါ့မယ်....."
"အနမ်းပေးပါ..."
ခါးအနည်းငယ်ကိုင်းပေးလိုက်ချိန် ညီသု ခေါင်းလေးတစ်ရွေ့ရွေ့နဲ့အနားသို့ကပ်လာသည်။ ကျွန်တော့် အား မော့ကြည့်နေပါသော မျက်ဝန်းလှလှလေးတစ်စုံက ချစ်စရာကောင်းနေသည်။ ပါးပြင်ပေါ်သို့ ဝင်သက်သာရှိနေသည့် နှာဖျာလေးကတို့ထိလာ၏။ ရင်ထဲမှာလဲတဒုန်းဒုန်းနဲ့ ခုန်လာသည့် နှလုံးသားမှာ ဘာကြောင့်ပါလိမ့်။
တစ်ဆယ်ဆိုသည့် ဂဏန်းကိုကြားပြီးချိန် နှုတ်ခမ်းပါးလေးပါထိကပ်သွားပြီး လူချင်းခွာသွားသည်။ ဒဏ်ပေးခံရသူ ညီသုက ကျွန်တော့်အား ဆယ်စက္ကန့်တိတိနမ်းရမည်။ ရွေးချယ်လိုက်သော​ရောမှာက ပါးပြင်ဆို​ခြင်းကြောင့် ကျွန်တော်က ပါး ထိုးပေးရသည်။
မေးခွန်းတွေမေးကြ၊ဖြေကြနှင့် တစ်ခုမှ မမှန်ကြပေ။
မျက်နှာအနှံ့သို့အနမ်းခံလိုက်ရသည့် ညီသု ဘဝကြီးလွယ်ကူမနေတော့။ နဖူးလေးသာ နမ်းရန်စာရင်းထဲမပါခဲ့ပေ။
အိမ်ရောက်မှ ပိုက်ဆံတွက်ကာ စားဘဲအိုကြီးဆီမှ
တောင်းပစ်မည်။ လူကိုရလျှင်ရသလို နှိုက်မြည်းသည့်လူကြီး။
"ဉာဏ်သု....စွန်တယ်ကွာ....."
"ညီ.... ဒါကိုယ့်ငယ်သူငယ်ချင်တွေလေ....."
"တွေ့ရတာဝမ်းသာပါတယ်......."
နိုင်ငံခြားမှမကြာသေးခင်က ပြန်လာသည့်သူငယ်ချင်းမို့
ကျွန်တော့်အကြောင်းမသိသေးချေ။ ထိုသို့ပြောလာသည်ကို ဘာမှမပြောလိုက်တော့ပဲ ညီသုနဲ့သာ
မိတ်ဆက်ပေးလိုက်သည်။ ကျန်နှစ်ယောက်က မဂ်လာပွဲအကြောင့း
သိနေပြီးသားမို့ ခေါင်းငြိမ့်၍သာ ပြုံးပြလေသည်။ ဘာစကားတစ်ခွန်းမျှတော့မဆိုကြချေ။
"ငါ့မြေးလေးညီသုက လှလိုက်တာနော်....."
ဖွားဖွားအနားရောက်သွားသည့် ညီသုကိုဖွားဖွားကထိုသို့ပြောပြီး ပွေ့ဖက်ရန်လက်ကမ်းသည်ကြောင့် ညီသု ရင်ခွင်ထဲဝင်လိုက်သည်။ ဖေဖေကတော့ မျက်ရည်ဝဲကာ ပြုံးကြည့်နေသည်။ ဝမ်းသာနေသည်ထင်ပါသည်။ ကိုဉာဏ်နှင့် လမ်းခွဲမှသာ
ဖေဖော့အား​ပြောပြတော့မည်ဟု တွေးထားလိုက်တော့သည်။ သူ၏သားမဂ်လာဆောင်ကို ပျော်မဆုံးဖြစ်နေသည်။
"သားညီသု...မင်းအဒေါ်တွေဝိုင်းကိုသွားကြမယ်...."
"ဗျာ....."
အလန့်တကြားထအော်မိပါသည်။ ဖေဖေပြောသည့်စကားကြောင့် တကယ်လန့်ဖြန့်သွားသည်။ ဖေဖေဖိတ်ထားသည်လား။
"သွားလိုက်ဦး သားငယ်လေး....
ဉာဏ်သုလဲ လိုက်သွားလေ.........."
"ဖေဖေ ဖိတ်လိုက်တာလား...."
"မင်းရဲ့ဖွားဖွားက အမျိုးတွေလဲဖိတ်ဦးဆိုလို့လေ...."
အဲ့မှာသေတာပါပဲ။ ညီသုရဲ့မေမေ့ဘက်မှ အမျိုးတစ်သိုက်ကို တွေ့ရလေပြီ။ ဦးလေးတွေရော၊ ညီမဝမ်းကွဲတွေရော၊
အဒေါ်တွေရော စုံစုံလင်လင်ပင်။ ညီသုသွားတော့ အားလုဲးက ရယ်ပြနေလေသည်။
"ဘဘကြီး......"
"သုနောင်လေး...မိတ်ဆက်ပေးဦးလေကွဲ့....."
"ကိုဉာဏ် ဒါက ညီ့ရဲ့ဘဘကြီဲး
ဖေဖေ့အကိုဝမ်းကွဲ...."
"ဘဘ...ဒါက သားရဲ့...သားရဲ့ခင်ပွန်း ကိုဉာဏ်ပါ...."
ညီသုလေးကိုစောင့်ရှောက်ပေးပါနဲ့အစချီကာ အမျိုးလူကြီးအဒေါ်များနဲ့ ပြုံးရယ်လျက် စကားလက်ဆုံကြသွားသည့် ကိုဉာဏ့်ကိုကြည့်နေမိသည်။ ရယ်မောကာ ဘာတွေပြောနေကြတယ်မသိ။မကြားတော့ခြင်းဆိုမှန်ပေမည်။ ကျွန်တော်ထင်ထားသည်က ဖေဖေနဲ့ကျွန်တော်သာရှိသော မဂ်လာပွဲ။အမျိုးတစ်သိုက်မပါသလို၊ ကုမ္ပဏီရှိလူကြီးများနှင့် ရုံးဝန်ထမ်းများလည်းမပါ။ အဖွား၏ဂေါ်တစ်ပေါက်လှမ်းလျှမ်းတောက်လုပ်ရပ်မှာ ရုံးရှိဝန်ထမ်းများအား လက်ဖွဲ့ခြင်းသည်းခံပါဟုဆိုကာကို ဖိတ်ကြားခဲ့သည့်ကိစ္စပင်။
"ကိုကိုညီသု...."
ခေါ်သံကြောင့်ကြည့်မိတော့ ညီမတစ်ဝမ်းကွဲ နွယ်ဆိုသည့်ကောင်မလေးပင်။ ဂါဝန်လေးနှင့်လှနေလေသည်။အတွေးတို့ပျောက်ကာ ဘဘတို့ဝိုင်းနားကနေ မောင်နှမဝမ်းကွဲတွေထိုင်နေသည့် ဝိုင်းနားရောက်ကာ ရယ်မောနေလိုက်သည်။ ရွာမှာနေစဥ်တည်းက ပျော်စရာအတိနေခဲ့ကြသူများမို့ နွေးထွေးနေဆဲပင်။
ခါးအထက်သို့ ဖက်တွယ်လာသည့်လူကြောင့် သူ့ရင်ခွင်ဘက်ရောက်နေသည့်ကိုယ်တခြမ်း နွေးခနဲဖြစ်သွားသည်။
မော့ငေးကြည့်ချိန် ပြုံးပြ​ခြင်းကြောင့် ရရှိလာသော အပြုံးချိုချိို။ ခပ်ပါးပါးသာ ပြန်၍ပြုံးပြနိုင်တော့သည်။
"စိတ်ညစ်နေမှာသိတယ် ဒါပေမယ့် ပြုံးထားပေးပါကွာ...
မင်းအပြုံးတွေလိုအပ်တယ်......တောင်းဆိုတာပါ ညီ......"
"ချစ်နေလိုက်ကြတာ.....အားကျတယ်ရော်....."
ညီမဖြစ်သူ၏စကားကိုတစ်ဝိုင်းလုံးက စနောက်ပြီး ကိုဉာဏ်နှင့်လဲ မောင်နှမအားလုံးခင်သွားကြသည်။ ရန်ကုန်လာလည်ကြရန်လည်း ကိုဉာဏ်ဘက်မှ သဘောမနောကောင်းစွာခေါ်နေသေး၏။
ကျွန်တော့်ကိုဖက်ထားခြင်း အမှုလည်းမပြတ်သေး။
မဂ်လာကိတ်ခွဲရန် စင်ပေါ်မှခေါ်သည်ကြောင့် ပြန်တက်ရလေသည်။
"အပေါ်စင်က ကိတ်တွေက အတုတွေလား......"
"အင်းလေ...ဒီလောက်အကြီးကြီး လေးငါးစင့်ဘယ်သူကစားမှာတုန်း ညီရဲ့......"
"သိဘူးလေ ကျွန်တော်ကအကုန်အစစ်တွေထင်တာ...."
ကိတ်ခွဲပြီးနောက် တစ်ယောက်နှင့်တစ်ယောက် ကိတ်ခွံ့ရန်ပြောလာကြပါသော ငါးမွေထိုးမသူငယ်ချင်းနှစ်ယောက်ကြောင့် ခွံ့ပေးရပြန်သည်။
"နောက်ဆုံးပိတ်အနမ်းလေးပါ သတို့သားကြီးက...
သတို့သားလေးရဲ့ နဖူးကိုကြင်ကြင်နာနာနဲ့မြတ်မြတ်နိုးနိုးလေး အနမ်းတစ်ပွင့်ခြွေပေးပါတဲ့.....
တောင်းဆိုသူကတော့ ဤပွဲရဲ့ပဲ့ကိုင်ရှင် ဖွားဖွားဆီကပါပဲ...."
အဖွားဆီကို စင်ပေါ်မှနေကာ နှစ်ယောက်လုံးအကြည့်ရောက်တော့ လက်လေးတစ်ဖက်ထောင်ကာ တာ့တာပြ၍ သွားစိကာရယ်ရယ်ပြနေလေသည်။ လက်လန်တယ်ဆိုတဲ့စကားနဲ့ ပြောမနိုင်တော့ပေ။ ယခုဖြစ်ရပ်များသည်က လက်နှစ်ဖက်တင်မက ခြေပါလန်သည်။
အဖွားလုပ်ရပ်များကို အခုခေတ်စကားဖြင့်ပြောလိုက်ရလျှင် အမွှေပေါ့။
ခါးကိုကိုင်ကာ သူ့အနားသို့အရောက်
ရင်ခွင်ထဲဆွဲကပ်လာသည့် ကိုဉာဏ်၊
မတိမ်းမယိမ်းအရပ်ဆိုသော်ငြား မော်ကြည့်ရသေးသည်။
"နဖူးကိုနမ်းရင် ဘယ်လောက်လဲ...."
"ခင်ဗျားဆပ်ရမယ့်အကြွေးတွေများနေပြီ......."
ပြုံးရယ်ကာ ကျွတ်တော့်ကိုငေးစိုက်ကြည့်နေသည့် ကိုဉာဏ့်ကိုအကြည့်လွှဲလိုက်ချိန် နဖူးထပ်သို့ကျရောက်လာသည့်
ခပ်နွေးနွေးအနမ်းလေးတစ်ချက်နှင့် ပွဲသိမ်းသည်။
လက်ခုပ်သြဘာများကြားရကြီးနောက် ရင်ထဲနွေးခနဲလည်းခံစားလိုက်ရသည်။ ကျွန်တော်ပြုံးမိသွားသည်လားမသိတော့ချေ။ ပျော်ဖို့တော့ကောင်းသည်ထင်မိသည်။
ကျွန်တော်ဉာဏ်သုဟာပွေခဲ့ရှုတ်ခဲ့သူတစ်ဦးပါ။ ရည်းစားထားခဲ့ချိန်မှာ ၁၈နှစ်အရွယ်တည်းကပင်။
ယခုဆိုလျှင် ၂၉ ကျော်လို့ ၃၀ပြည့်တော့မည်။
တခြားသူတွေကိုလဲ နမ်းဖူးရုံတင်မက လွန်လွန်မင်းမင်းပင် ပတ်သတ်ခဲ့ဖူး၏။ ငယ့်ကိုလည်း ချစ်သည်ဟုဆိုကာ နမ်းရှိုက်ဖူးသော်လည်း ယခုလိုတော့ရင်ထဲသိမ့်ခနဲ မခံစားဖူးခဲ့ခြင်းက အရိုးသားဆုံးဖြောင့်ချက်တစ်ခုပင်။
လူတစ်ယောက်ကို ကြည်နူးစွာ၊မြတ်နိုးစွာဆိုသည့် ခံစားမှုတို့ကိုမသိသေးပါ။ ယခုညီသုကို နမ်းရှိုက်ချိန် ပြုံးနေမိသည်။ရင်ထဲတစ်နေရာကလည်း တသိမ့်သိမ့်နဲ့ပင်။
ဘာခံစားချက်ကြီးမှန်းမသိသော်လည်း ပျော်နေမိသယောင်ယောင်။
ညီသု ရဲ့ ဂါဝန်လေးကတော့အတိုလေးပေါ့......
........
Zawgyi
"နမ်းပါ....နမ်းပါ....နမ်းပါ......"
"နမ်းခိုင်းနေတယ်...."
ဗလပြခိုင်းမလား......
(၂) နမ်းမလား....."
"ဟဲ့.....ဖရိုဖရဲမတွေ....."
ဈေးမသတ်မှတ်ရသေးဘူးနော်..........."
"ဟုတ်ပါတယ်......."
"ဟင်......"
"ဖြေမယ်ဟဲ့...Xxl....."
"ဘာ..."
"ထင်တာပြောတာလေ..."
"အနမ်းပေးပါ..."
"ဉာဏ်သု....စွန်တယ်ကွာ....."
"တွေ့ရတာဝမ်းသာပါတယ်......."
"ဗျာ....."
ဉာဏ်သုလဲ လိုက်သွားလေ.........."
"ဖေဖေ ဖိတ်လိုက်တာလား...."
"ဘဘကြီး......"
"ကိုဉာဏ် ဒါက ညီ့ရဲ့ဘဘကွီဲး
ဖေဖေ့အကိုဝမ်းကွဲ...."
"ကိုကိုညီသု...."