He & Me - သူရယ် ကိုရယ် (Compl...

By AYuMi2091

1M 92.1K 5.1K

ဂေါ်လီ့သားက ဂေါ်ပြီးသား........ More

AN
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Part - 43
Part - 44
Part - 45 (Unicode)
Part - 45 (Zawgyi)
Part - 46 (Unicode)
Part - 46 (Zawgyi)
Part - 47 (Unicode)
Part - 47 (Zawgyi)
Part - 48 ( Unicode)
Part - 48 (Zawgyi)
Part - 49 (Unicode)
Part - 49(Zawgyi)
Part - 50(Unicode)
Part - 50 (Zawgyi)
Part - 51 (Unicode)
Part - 51(Zawgyi)
Part - 52 (Unicode)
Part - 52 (Zawgyi)
Part - 53(Unicode)
Part - 53 (Zawgyi)
Part -54(Unicode)
Part - 54 (Zawgyi)
Part - 55(Unicode)
Part - 55 (Zawgyi)
Part - 56(Unicode)
Part - 56 (Zawgyi)
Part - 57 (Unicode)
Part - 57 (Zawgyi)
Part - 58 (Unicode)
Part - 58 (Zawgyi)
Part - 59 (Unicode)
Part - 59 (Zawgyi)
Part - 60 (Unicode)
Part - 60 (Zawgyi)
Part - 61 (Unicode)
Part - 61 (Zawgyi)
Thank you Note
Thank you Note (Zawgyi)
Extra
Extra (Zawgyi)
Extra - II
Extra II (Zawgyi)
Extra III (Unicode)
Extra III (Zawgyi)
Extra IV (U & Z) ❌🚫
Special Extra

Part - 9

11.6K 1.4K 53
By AYuMi2091

ရေချိုးခန်းထဲမှထွက်လာတော့ ခေါင်းဖြီးနေသည့် ညီသု က
မှန်ထဲမှနေ ကျွန်တော့်အား စိုက်ကြည့်နေလေသည်။
မျက်လုံးလှန်ကာကြည့်နေပုံကြီးက ကြက်သီးထစရာပင်။
ဆံပင်ဖားလျားပခုံးကျော်ဆံနွယ်တို့ကြား မျက်နှာသေးသေးကပျောက်လျက် မျက်လုံးလှန်ကြည့်နေသူက ဘယ်လိုချစ်ဖို့ကောင်းနိုင်မလဲ ကြောက်ဖို့သာကောင်းသည်။

"ကိုဉာဏ်....."

ကျောခိုင်းကာရယ် အဝတ်ခန်းထဲဝင်ရန်ပြင်နေသည်မို့သူ၏အမည်ကိုအော်ကာခေါ်လိုက်သည်။ ရှင်းစရာတွေကရှိသည်။ရင်ထဲမျိုသိပ်ထား၍မရပေ။ ညီသုဆိုတာ ရှင်းစရာရှိ ဒဲ့ရှင်းတတ်ပြီး ရင်ထဲမထားတတ်သူမို့ ယခုတနုတ်နုတ်နဲ့မနေတတ်တော့။ရှင်းမည်။ဒီလူနဲ့အလုပ်ဆက်မလုပ်နိုင်တော့ပေ။

"အင်း မနေနဲ့... ဒီနားခဏလာခဲ့ပါ....
စကားပြောရမယ် ခင်ဗျားနဲ့ကျွန်တော်......"

ဘောင်းဘီလဲရန်စဥ်းစားထားသောလည်း ယခုအတိုလည်းအဆင်ပြေသည်လို့သာတွေးပြီး ညီသုခေါ်သည့် အနားသို့သာသွားလိုက်သည်။

"မနက်ကဘာဖြစ်လဲသိလား......."

ခေါင်းခါသည်ကြောင့် မျက်ထောင့်နီနဲ့စောင်းကြည့်ကာ
မျက်စောင်းထိုးပြီး မျက်နှာတစ်ဖက်လွှဲလိုက်သည်။

'ဟိုနွားလေးက မပြောပြဘူးလား....'

ဒေါသကိုမြိုချလိုက်ပြီး
ပြောမှသိမည့်လူကိုပြောကိုပြောရမည်။

"ခင်ဗျားကောင်လေးတဲ့ ကျွန်တော့်ရုံးကိုလာတယ်....."

မျက်လုံးကြီးပြူးကာလာကြည့်သည်က ကျွန်တော့်မျက်နှာပင် ထိုမျက်လုံးနှစ်ခုပြေးကပ်မလား ထင်ရလောက်သည်။
အံ့သြသွားသည့်ရုပ်ကိုကြည့်ခြင်းဖြင့် သူမသိဘူးပေါ့။

'မဖြစ်နိုင်တာ' သူမပြောပဲ ဘယ်လိုသိမလဲ....သူ့ရည်းစားကသူမပြောပဲအကြောင်းစုံမသိနိုင်သလို...ကျွန်တော့်အလုပ်ရုံးကိုလဲ သိနိုင်မည်မဟုတ်ပေ။ ကိုကို ပြောလို့ တို့အကုန်သိပြီးပါပြီဆိုသည့် ဟိုဂေးနာလေးရဲ့စကား။ ရုပ်ကိုက ကြာကူလီရုပ်နဲ့မို့ ကြည့်မရချေ။ အကြည့်တို့ကို တကယ်မကြိုက်ပါ။
ထိုကောင်လေးရဲ့တစ်ဖက်လူကိုကြည့်သည့်အကြည့်တွင်
ဘာတွေရောစပ်နေသည်မသိ။အထင်သေးခံရသလိုလို
ဘာလိုလိုနဲ့ တကယ်မကြိုက်ပါ။

"ကျွန်တော်ညီသု ဂေးချင်ဂေးမယ်၊ မိန်းမယူချင်ယူမယ် သူ့အပူမပါသလို၊ သူနဲ့လဲမဆိုင်ဘူး မဟုတ်လား....
သူဘာလို့ အဲ့လိုလာပြောရတာလဲ......."

ငယ် ဘာတွေ ညီသုကိုသွားပြောသည်လဲ။ ငယ်ငြိမ်နေသည်က နှစ်ရက်ပင်ရှိနေသည်။ ဒေါ်လေးနဲ့ ဖွားဖွားကလည်း ကုမ္ပဏီကိုမလိုက်သလို ညီသု နဲ့အချိန်ကုန်နေတတ်သည်။
ညီသုကရော ရုံးကိုဘယ်အချိန်သွားသည်လဲ။ ကျွန်တော်မနက်ရုံးသွားချိန်တိုင်း အိမ်မှာသာနေခဲ့သည်မဟုတ်လား။

"ကျွ်န်တော့်အိမ် ကျွန်တော်ပြန်မယ်....အလုပ်စာချုပ် ၅ဆ ဆိုရင် တစ်လ ၁၀သိန်း.... သိန်း၅၀ လျော်ပေးမယ်....ဖေဖေ့ကိုဖူန်းဆက်ပြီး ငွေလွှဲခိုင်းလိုက်မယ်....."

ခပ်တည်တည်နဲ့ပြောလာပြီး တစ်ရှူးရှူးဒေါသထွက်နေသည့် ညီသု ထိုသို့ပြောကာ သူ့ဆံနွယ်တို့ကို ဖြီးသင်လျက် စုချီနေသည်။ကျွန်တော်ညီသုပြောသွားသည့်စကားတို့ကို အဓိပ္ပါယ်ဖော်ကာ နားလည်အောင်ကြိုးစားနေရသည်။
ဘာတွေဖြစ်ခဲ့သည်မပြောပဲ လျော်မည်တွေဘာတွေနဲ့
ဘာပြောနေတာပါလိမ့်။

"ကျွန်တော်တို့ဇာတ်လမ်းပြတ်ပြီနော်...."

ကျွန်တော့်ဘက်တစ်ချက်ကြည့်ကာ စကားဆက်ဆိုသည်။

"မနက်ကျ အဖွားတို့ကိုပြောပြပြီး
ကျွန်တော့်အိမ်​ပြန်ပြောင်း​​​ပေးမယ်...."

" ကိုယ်တို့ဇာတ်ကအခုမှစမှာလေ....."

"အစမကောင်းတဲ့ ဇာတ်လမ်း...နိဂုံးလဲလှမှာမဟုတ်သလို...
ဒိုင်ယာလော့ခ်တေကလဲ ပေါနေမှာ....
ကျွန်တော်အာရုံနောက်မခံနိုင်ဘူး........."

ခပ်တည်တည်ပင် ကိုဉာဏ့်မျက်နှာကိုကြည့်ကာ ထိုစကားတို့ ပြောလိုက်ပါသည်။ ညီသု ကိုယ့်ကိုကိုယ်အံ့သြမိပါသည်။ ကဗျာဆန်ဆန်တွေပြောတတ်လိမ့်မယ်ဟု မထင်ခဲ့ရိုးပေ။ သိပ်တော်တဲ့ငါလေး ဂုဏ်ပြုတဲ့အနေနဲ ပြီးမှရေခဲမုန့်ကိုယ့်ဘာကိုကျွေးမည်။ ထိုအကြောင်းလဲခေါင်းထဲက ထုတ်လိုက်ပြီ။ ခုလိုပြောလိုက်ရသည်မို့ ပေါ့သွားသည်။
မနက်ဖြန်လွတ်လပ်ပါပြီ။ ဒီအခုတောင် လွတ်လပ်နေပြီပဲ။

စောင်ထဲဝင်ကာအိပ်ရန်လုံးထွေးနေသည့် ညီသုကိုကြည့်နေလိုက်သည်။ မျက်လုံးချင်းမတော်တဆဆုံတော့ မျက်စောင်းထိုးခြင်းသီအိုရီနဲ့အတူ ဂရုမစိုက်ကြောင်းကို ကျောခိုင်း​​ခြင်း ပုစ္ဆာဖြင့် အဖြေထုတ်ခိုင်းသွားသည်။

'ငယ်.... ဘာတွေမွှေတာပါလိမ့်နော်....'

"ညီသု စကားထပြောဦး....
ဖြစ်ခဲ့သမျှ ကိုယ့်ကိုရှင်းပြ ကိုယ်ရှင်းပေးမယ်....."

"ပြောစရာရှိမနေဘူး.....စကားအကုန်ပြောပြီးပြီ...."

စောင်ထဲမှ ပြန်အော်သည်မို့ ထိုအနားသို့သွားကာ စောင်ကိုဖယ်ကြည့်သည်။မရချေ။ ဘယ်လိုလုပ်ရမည်လဲမသိ။
စိတ်တွေညစ်လွန်းတာကိုပဲသိတော့သည်။

"ညီ စကားပြောရအောင်ကွာ....."

တုပ်တုပ်မျှမလှုပ်ပါပဲငြိမ်နေသည့် ညီသုကို ဘယ်လိုချော့ရမည်လဲမသိချေ။ ငယ့်ကို ဖုန်းဆက်ရန် အတွေးရလာသည်မို့
စားပွဲပေါ်မှဖုန်းကိုလှမ်းအကြည့် ဝင်လာသည့် ဖုန်းသံကြောင့် လန့်ပင်သွားရသည်။ ကလေးငယ် တဟားဟားနဲ့ တဝါးဝါးရယ်သံပင်။ ထိုအသံကြောင့်ထင် ငေါက်ခနဲ ထလာသည့် ညီသုက ဘေးနားရပ်နေသည့် ကျွန်တော့်ကိုတွန်းထုတ်ကာ စားပွဲရှိရာသို့အပြေးလှမ်းလေသည်။

"ဟယ်လို ချစ်ဖေဖေ.....ဦးဂေါ်လီရေ....."

ဖုန်းသံကြောင့်ပျော်သွားသည်ကအမှန်ပင်။ ထိုကလေးလေးရယ်သံက ဖေဖေ့အတွက်ပေးထားသည့် ဖုန်းringသံပင်။
ထိုအသံလေးမကြားရသည်က ကြာလေပြီမို့ သတိတွေလဲရပါသည်။

"ခွေးသား....."

"ဟင်....ဖေဖေ့သားလေ....."

"ပြောပြော သား ကောင်လေးကိုဖေဖေကတောင်းပေးရမှာလား....သားကအတောင်းခံရမှာလား.....
ဖေဖေလေ LGBT ဆိုတာလေ့လာထားတယ်....
ငါ့သားက အခု Gayဆိုတဲ့ ခေါင်းစဥ်အောက်ရောက်သွားတာပဲ သားရဲ့...... အားမငယ်နဲ့နော်...ဖေဖေရှိတယ်သိလား...
ဖေဖေ သားနဲ့အတူ ရန်ကုန်မှာလာနေဖို့ လယ်သူငှားတေခေါ်ထားတယ်....နောက်နှစ်ပတ်လောက်ဆို စာရင်းပြတ်ပြီ....."

ငယ့် ဖုန်းနံပါတ်ကို နှိပ်ပြီးကာမှ ဖုန်းပြောနေသည့် ညီသု ငြိမ်နေသည်မို့ အကြည့်ရောက်သွားခိုက် မျက်ရည်တွေ စီးကျနေသည်က ပါးပြင်ထက်သို့ တလှိမ့်လှိမ့်ပင်။ ထူပူကာ လန့်ဖြန့်သွားသည်။စိုးရိမ်သွားသည်။အမြဲပျော်ပျော်နေတတ်သူက ထိုသို့မျက်ရည်ကျတော့ ကျွန်တော့်ရင်ထဲမကောင်းတာ အမှန်စကားပင်။ ဘာကြောင့် ကောက်ခါငင်ခါထငိုရသည်လဲ။ယခုဏရန်ဖြစ်နေစဥ်ကပဲ အကောင်းမဟုတ်လား။ အမြဲတမ်းဆူပုတ်နေသော်လည်း ထိုသို့ဝမ်းနည်းပက်လက်နဲ့ ငိုတာတော့မတွေ့ဖူးပေ။ ရောက်နေသည်က တစ်လပင်ပြည့်တော့မည်။ ညီသုကို ငိုအောင်လည်း မလုပ်ဖူးပါ။အပြေးသွားကာ ပခုံးပေါ် လက်တင်ကာခပ်ဖွဖွကိုင်လှုပ်တော့ မျက်ရည်လည်ရွဲမျက်ဝန်းဖြင့် မော့ကြည့်သည်။ပြီးနောက် ကျွန်တော့်လက်ကိုရိုက်ချပစ်သည်က အားနဲ့မာန်နဲ့မို့ တော်တော်တော့နာသွားသည်။

"ဟယ်လို သားလေး.....ဖေဖေပြောတာကြားလား....."

ဖေဖေတစ်ယောက် သူ ပြောချင်ရာကို ဦးဆောင်ပြောသည်က အကြောင်းတော့မဟုတ်ပေ။ကျွန်တော်တို့သားအဖက ဖုန်းပြောလျှင် သူ့ထက်ငါအပြိုင် စကားနိုင်လုပြောနေကြမို့
အသာစီးရသူကိုအကြောပေးရမြဲ။ယခုက ဖေဖေက Jmeနဲ့G fatt ရက်ပ်ရွတ်နေသလို မနားတမ်းတတွတ်တွတ်နဲ့ သူလုပ်ထားသည်များကိုပြောပြနေသည်က မျက်ရည်ကိုဘူးသီးတင်မဟုတ် ဇကောလောက်ကြီးပါကျစေသည်။

ယောကျာ်းယူသွားပြီဟု ကိုယ်ကပေါ့ပေါ့လေးသာပြောပြီး
လုပ်ချင်ရာလုပ်နေသည်။ ဖေဖေကတော့ ထိုသို့မဟုတ်ပါပဲ
ကျွန်တော်ယောကျာ်းယူသွားခြင်းကို အပြစ်မမြင်တဲ့အပြင်
ယောကျာ်း၊ယောက်ျားခြင်း လိင်တူချစ်မိခြင်း၏ဆိုသည့်
ခေါင်းစဥ်ပါ LGBTအကြောင်းတွေကိုပါ လေ့လာပေးပြီး
Gayနေခြင်းကိုပါ အားပေးနေသည်တဲ့လား။
သူ့သားကကွေးမှမကွေးသေးတာ....
ကွေးနေရင်တောင်တော်သေးသည်။ ဘာကိုကြိုက်မှန်းမသိတဲ့ ကျွန်တော်ကဖေဖေ့ကိုဘယ်လိုရှင်းပြရမည်လဲ။
ခုကျ ရင်ထဲတကယ်ထိသွားသည်။

"ကြားတယ်လို့ ဖေဖေလူဇိုး....."

"ကဲကဲ...ဖေဖေ့ကို စာပို့​တော့အရေးကြီးတာပြောမလို့ဆို
ဘာလဲပြော မိုးချုပ်နေပြီ မအိပ်သေးဘူးလား...."

"မအိပ်သေးဘူး.... ပိုက်ဆံလျော်စရာရှိလို့......"

ထိုသို့ပြောသည့် ကျွန်တော့်ပါးစပ်ကိုအတင်းကာရော
လာပိတ်သည့် ကိုဉာဏ်နှင့် ကျွန်တော်ထသတ်ပါတော့သည်။   ဖုန်းကိုအတင်းလုကာ ပါးစပ်ကိုလက်ဝါးဖြင့် လာပိတ်သည်မို့ ရုန်း​​သော်လည်းမရချေ။ အားနဲ့မာန်နဲ့ကိုကိုက်ချပစ်လိုက်သည်။

"အား........." ဆိုသည့်အသံကြောင့် တဖက်မှ ဦးဂေါ်လီ လန့်ဖြန့်ကာ ပြာပြာသလဲမေးလာသည်။

"သားဘာဖြစ်တာလဲ....."

"ဘာမှမဖြစ်ဘူး အန်ကယ်လ်....
ကျွန်တော့်ကိုကုန်းကိုက်တာ........"

"ဟေ....ရန်ဖြစ်နေတာလား...."

ဖုန်းကိုအတင်းရအောင်လုသွားကာ ကျွန်တော့်ကိုကုတင်ပေါ်တွန်းပြီးဖိထားသည်။ သူကိုယ်ကြီးနဲ့ချုပ်ထားသည်မို့ အရပ်သာရှည်တာ သေးတဲ့ခန္ဓာကိုယ်ကြောင့် အားခြင်းမမှသော်လည်း တွေ့ရာ ခေါင်းအုံးနဲ့ချပါမည်။

"ဗုန်း......ဗုန်း....."

နှစ်ချက်သုံးချက်ကိုပိတ်ချလိုက်သည်က
ကိုဉာဏ့် မျက်နှာကိုပင်။

ဖုန်းပြောနေသည့် တစ်ဖက်မှ အသံတို့က ကျွက်ကျွက်ညံလို့... ကိုယ့်သားအကြောင်းကိုယ်သိသည်မို့ ဖုန်းလွှဲပေးရန်ပြောရသည်။

ဖုန်းပေးလိုက်သည်ကို ကုန်းထပြီး စောင့်တွန်းသည်။တထောင်ဖြင့် မျက်နှာကို လွှဲရိုက်ကာ၊ လက်သီးနဲ့တစ်ချက်ထိုးသွားသည့် ညီသု လက်သံတော်တော်ပြောင်သည်။
နှာခေါင်းသွေးတို့လျှံကျလာလေသည်မို့ ရေချိုးခန်းသို့ပြေးရလေတော့သည်။

သားနဲ့ဖုန်းပြောပြီးနောက် ဦးဂေါ်လီတစ်ယောက်ထိုင်နေရင်း
အတွေးတို့က များပြားစွာပင်။ လေးပင်သော သက်ပြင်းကိုချလျက် ရန်ကုန်မြန်မြန်သွားနေနိုင်ရန် အလုပ်တွေမြန်မြန်လုပ်ပြီးဖို့သာ စိတ်လောနေတော့သည်။ ညီသုနောင် က ဒေါသကြီးလျှင် ဘယ်လိုဆိုသည်ကိုသိသော အဖေတစ်ယောက်သောက များနေလေသည်။

...........

ဖုန်းပြန်ခေါ်သော်လည်း တစ်ဖက်ဖုန်းမှပြန်လည်ဖြေကြားခြင်းမရှိဆိုသည့် စကားကြောင့် နန္ဒမိုးနေ တစ်ယောက်တည်း
ပူလောင်နေလေတော့သည်။ ခုနလေးတင် ကိုကို့ဆီမှ ဖုန်းဝင်သည်ကို မကိုင်လိုက်ရသည်မို့ ပြန်ခေါ်နေသော်လည်း
ပြန်လည်ဖြေကြားချင်းမရှိသောဖုန်းကြောင့် စိတ်ထဲတစ်မျိုးကြီးဖြစ်သွားသည်။ ကိုကို မသိအောင်လုပ်ခဲ့သည့် ကိစ္စကိုကိုသိသွားသည်လားဆိုသည့် အတွေးတို့ကလည်း တဝီဝီပင်။ပြန်မပြောရန် ညီသုနောင် ကိုမှာလိုက်သည်ကိုပဲ ပြန်ပြောလိုက်သည်လား။ ငါကရော ဘာကြောင့် သိသွားမည်ကို စိုးရိမ်နေသည်လဲ။ သိတော့ရော ငါ့ချစ်သူမို့ ငါ့လုပ်ပိုင်ခွင့် ငါလုပ်တာ အပြစ်တင်၍မှမရလေပဲ။

မနက်က ဟိုအကိုညီသုနောင် ဆိုသည့်လူ၏ ရုံးသို့ သွားဖြစ်သည်။ အမကြီးနှစ်ယောက်တွေ့သည်မို့ မေးဆန်းလိုက်တော့ အိမ်မှာနေနေသည်ဟုဆိူခြင်းကြောင့်
ဖုန်းဆက်ကာ ခေါ်လိုက်မိသည်။

........

ရေချိုးခန်းထဲနှာညှစ်သံ တရွှီရွှီနဲ့ကြားနေရသည်မို့ ဖေဖေနဲ့ဖုန်းပြောပြီး သွားကြည့်လိုက်မိရာ ကိုယ့်ဒေါသကြောင့်ဖြစ်သွားသည့် ထိခိုက်မှုတွင် ကိုဉာဏ် ဒဏ်ရာရသွားလေသည်။
ခဏလေးဆိုမှ ခဏလေး အသိစိတ်လွတ်သွားသည်မို့ ယခုလိုဖြစ်ခြင်းသာ ဘယ်သူမှတော့ထိုသို့မဖြစ်လိုပေ။
ကျွန်တော့်ဒေါသကိုလာဆွသည်ပဲ ခံပေါ့။ ညီသုက ပျော်ပျော်နေတတ်သည်။ သို့သော် မကောင်းတဲ့အကျင့်ကတော့ စိတ်ဆတ်ကာ လက်သန်ပြောင်သည်။ မနက်က ဟိုကောင်လေးအပေါ်သည်းခံပေးခဲ့သည့် ဒေါသတို့ ကိုဉာဏ့်ဆီသို့ ကျသွားသည်ထင်။

"ရော့ တစ်သျှူး...."

တစ်သျှူးတောင်တစ်ရွက်၊နှစ်ရွက် ကြင်ကြင်နာနာပေးခြင်းမဟုတ်ပေ။ ဘေစင်ပေါ်သို့ ဗူးလိုက်ကို ဘုတ်ခနဲ လာတင်ပေးကာ ဘုရှိုးရှိုးနေသည့် ညီသုကြောင့် ခေါင်းငြိမ့်ပြလိုက်သည်။ ဖုန်းလေးလုမိတာကိုပင် ဒီလောက်ထုထောင်းခံရသည်။

"ကျေးဇူး....."

"မလိုဘူး......."

လက်ပိုက်ကာ ရပ်ကြည့်နေရင်းမှ
ခပ်ပြတ်ပြတ်ပြောလိုက်ပါသည်။

"ခင်ဗျားနဲ့ကျုပ် စကားပြောမယ်...ပြီးရင် ထွက်ခဲ့......."

ခုံတွင်ထိုင်နေသည့် ညီသုကြောင့် တစ်သျှူးဗူးကို သူ့နေရာသူထားပြီး တစ်ခုတည်းသောဆိုဖာတွင်ထိုင်လိုက်သည်။
ကျွန်တော့်ကိုမနက်ကကိစ္စဖြစ်ကြောင်းကုန်စင်ပြောပြမည်ဟုဆိုကာ ညီသု စကားဆိုလေတော့သည်။

မနက်ကအိမ်တွင်ဖွားဖွားနဲ့အတူ ရွှေကျီအချိုတည်းကာ
အဂ်လိပ်ဟာသကားတစ်ခုကြည့်နေစဥ် ဖုန်းဝင်လာသည်မို့ ကိုင်လိုက်မိသည်။ နံပါတ်ကအစမ်းသက်သက် ဖုန်းနံပါတ်မို့ ဟယ်လိုဟုသာထူးလိုက်သည်။

"ဟယ်လို ကိုညီသုနောင်လား...."

"ဟုတ်ပါတယ်...အခုပြောနေတာ ဘယ်သူပါလဲ...."

တစ်ဖက်မှ ရယ်သံသဲ့သဲ့ကြားလိုက်ရပြီး.....

"ဉာဏ်သုခမောင်ရဲ့ချစ်သူ နန္ဒမိုးနေပါ.....ညီ......."

တွေး
၂၂၈၂၀
.......

Zawgyi.......

ေရခ်ိဳးခန္းထဲမွထြက္လာေတာ့ ေခါင္းၿဖီးေနသည့္ ညီသုက
မွန္ထဲမွေန ကြၽန္ေတာ့္အား စိုက္ၾကည့္ေနေလသည္။
မ်က္လုံးလွန္ကာၾကည့္ေနပုံႀကီးက ၾကက္သီးထစရာပင္။
ဆံပင္ဖားလ်ားပခုံးေက်ာ္ဆံႏြယ္တို႔ၾကား မ်က္ႏွာေသးေသးကေပ်ာက္လ်က္ မ်က္လုံးလွန္ၾကည့္ေနသူက ဘယ္လိုခ်စ္ဖို႔ေကာင္းနိုင္မလဲ ေၾကာက္ဖို႔သာေကာင္းသည္။

"ကိုဉာဏ္....."

ေက်ာခိုင္းကာရယ္ အဝတ္ခန္းထဲဝင္ရန္ျပင္ေနသည္မို႔သူ၏အမည္ကိုေအာ္ကာေခၚလိုက္သည္။ ရွင္းစရာေတြကရွိသည္။ရင္ထဲမ်ိဳသိပ္ထား၍မရေပ။ ညီသုဆိုတာ ရွင္းစရာရွိ ဒဲ့ရွင္းတတ္ၿပီး ရင္ထဲမထားတတ္သူမို႔ ယခုတႏုတ္ႏုတ္နဲ႕မေနတတ္ေတာ့။ရွင္းမည္။ဒီလူနဲ႕အလုပ္ဆက္မလုပ္နိုင္ေတာ့ေပ။

"အင္း မေနနဲ႕... ဒီနားခဏလာခဲ့ပါ....
စကားေျပာရမယ္ ခင္ဗ်ားနဲ႕ကြၽန္ေတာ္......"

ေဘာင္းဘီလဲရန္စဥ္းစားထားေသာလည္း ယခုအတိုလည္းအဆင္ေျပသည္လို႔သာေတြးၿပီး ညီသုေခၚသည့္ အနားသို႔သာသြားလိုက္သည္။

"မနက္ကဘာျဖစ္လဲသိလား......."

ေခါင္းခါသည္ေၾကာင့္ မ်က္ေထာင့္နီနဲ႕ေစာင္းၾကည့္ကာ
မ်က္ေစာင္းထိုးၿပီး မ်က္ႏွာတစ္ဖက္လႊဲလိုက္သည္။

'ဟိုႏြားေလးက မေျပာျပဘူးလား....'

ေဒါသကိုၿမိဳခ်လိဳက္ၿပီး
ေျပာမွသိမည့္လူကိုေျပာကိုေျပာရမည္။

"ခင္ဗ်ားေကာင္ေလးတဲ့ ကြၽန္ေတာ့္႐ုံးကိုလာတယ္....."

မ်က္လုံးႀကီးျပဴးကာလာၾကည့္သည္က ကြၽန္ေတာ့္မ်က္ႏွာပင္ ထိုမ်က္လုံးႏွစ္ခုေျပးကပ္မလား ထင္ရေလာက္သည္။
အံ့ၾသသြားသည့္႐ုပ္ကိုၾကည့္ျခင္းျဖင့္ သူမသိဘူးေပါ့။

'မျဖစ္နိုင္တာ' သူမေျပာပဲ ဘယ္လိုသိမလဲ....သူ႕ရည္းစားကသူမေျပာပဲအေၾကာင္းစုံမသိနိုင္သလို...ကြၽန္ေတာ့္အလုပ္႐ုံးကိုလဲ သိနိုင္မည္မဟုတ္ေပ။ ကိုကို ေျပာလို႔ တို႔အကုန္သိၿပီးပါၿပီဆိုသည့္ ဟိုေဂးနာေလးရဲ႕စကား။ ႐ုပ္ကိုက ၾကာကူလီ႐ုပ္နဲ႕မို႔ ၾကည့္မရေခ်။ အၾကည့္တို႔ကို တကယ္မႀကိဳက္ပါ။
ထိုေကာင္ေလးရဲ႕တစ္ဖက္လူကိုၾကည့္သည့္အၾကည့္တြင္
ဘာေတြေရာစပ္ေနသည္မသိ။အထင္ေသးခံရသလိုလို
ဘာလိုလိုနဲ႕ တကယ္မႀကိဳက္ပါ။

"ကြၽန္ေတာ္ညီသု ေဂးခ်င္ေဂးမယ္၊ မိန္းမယူခ်င္ယူမယ္ သူ႕အပူမပါသလို၊ သူနဲ႕လဲမဆိုင္ဘူး မဟုတ္လား....
သူဘာလို႔ အဲ့လိုလာေျပာရတာလဲ......."

ငယ္ ဘာေတြ ညီသုကိုသြားေျပာသည္လဲ။ ငယ္ၿငိမ္ေနသည္က ႏွစ္ရက္ပင္ရွိေနသည္။ ေဒၚေလးနဲ႕ ဖြားဖြားကလည္း ကုမၸဏီကိုမလိုက္သလို ညီသု နဲ႕အခ်ိန္ကုန္ေနတတ္သည္။
ညီသုကေရာ ႐ုံးကိုဘယ္အခ်ိန္သြားသည္လဲ။ ကြၽန္ေတာ္မနက္႐ုံးသြားခ်ိန္တိုင္း အိမ္မွာသာေနခဲ့သည္မဟုတ္လား။

"ကြၽ္ေတာ့္အိမ္ ကြၽန္ေတာ္ျပန္မယ္....အလုပ္စာခ်ဳပ္ ၅ဆ ဆိုရင္ တစ္လ ၁၀သိန္း.... သိန္း၅၀ ေလ်ာ္ေပးမယ္....ေဖေဖ့ကိုဖူန္းဆက္ၿပီး ေငြလႊဲခိုင္းလိုက္မယ္....."

ခပ္တည္တည္နဲ႕ေျပာလာၿပီး တစ္ရႉးရႉးေဒါသထြက္ေနသည့္ ညီသု ထိုသို႔ေျပာကာ သူ႕ဆံႏြယ္တို႔ကို ၿဖီးသင္လ်က္ စုခ်ီေနသည္။ကြၽန္ေတာ္ညီသုေျပာသြားသည့္စကားတို႔ကို အဓိပ္ပါယ်ဖော်ကာ နားလည္ေအာင္ႀကိဳးစားေနရသည္။
ဘာေတြျဖစ္ခဲ့သည္မေျပာပဲ ေလ်ာ္မည္ေတြဘာေတြနဲ႕
ဘာေျပာေနတာပါလိမ့္။

"ကြၽန္ေတာ္တို႔ဇာတ္လမ္းျပတ္ၿပီေနာ္...."

ကြၽန္ေတာ့္ဘက္တစ္ခ်က္ၾကည့္ကာ စကားဆက္ဆိုသည္။

"မနက္က် အဖြားတို႔ကိုေျပာျပၿပီး
ကြၽန္ေတာ့္အိမ္ျပန္ေျပာင္းေပးမယ္...."

" ကိုယ္တို႔ဇာတ္ကအခုမွစမွာေလ....."

"အစမေကာင္းတဲ့ ဇာတ္လမ္း...နိဂုံးလဲလွမွာမဟုတ္သလို...
ဒိုင္ယာေလာ့ခ္ေတကလဲ ေပါေနမွာ....
ကြၽန္ေတာ္အာ႐ုံေနာက္မခံနိုင္ဘူး........."

ခပ္တည္တည္ပင္ ကိုဉာဏ့္မ်က္ႏွာကိုၾကည့္ကာ ထိုစကားတို႔ ေျပာလိုက္ပါသည္။ ညီသု ကိုယ့္ကိုကိုယ္အံ့ၾသမိပါသည္။ ကဗ်ာဆန္ဆန္ေတြေျပာတတ္လိမ့္မယ္ဟု မထင္ခဲ့ရိုးေပ။ သိပ္ေတာ္တဲ့ငါေလး ဂုဏ္ျပဳတဲ့အေနနဲ ၿပီးမွေရခဲမုန့္ကိုယ့္ဘာကိုေကြၽးမည္။ ထိုအေၾကာင္းလဲေခါင္းထဲက ထုတ္လိုက္ၿပီ။ ခုလိုေျပာလိုက္ရသည္မို႔ ေပါ့သြားသည္။
မနက္ျဖန္လြတ္လပ္ပါၿပီ။ ဒီအခုေတာင္ လြတ္လပ္ေနၿပီပဲ။

ေစာင္ထဲဝင္ကာအိပ္ရန္လုံးေထြးေနသည့္ ညီသုကိုၾကည့္ေနလိုက္သည္။ မ်က္လုံးခ်င္းမေတာ္တဆဆုံေတာ့ မ်က္ေစာင္းထိုးျခင္းသီအိုရီနဲ႕အတူ ဂ႐ုမစိုက္ေၾကာင္းကို ေက်ာခိုင္းျခင္း ပုစ္ဆာျဖင့္ အေျဖထုတ္ခိုင္းသြားသည္။

'ငယ္.... ဘာေတြေမႊတာပါလိမ့္ေနာ္....'

"ညီသု စကားထေျပာဦး....
ျဖစ္ခဲ့သမွ် ကိုယ့္ကိုရွင္းျပ ကိုယ္ရွင္းေပးမယ္....."

"ေျပာစရာရွိမေနဘူး.....စကားအကုန္ေျပာၿပီးၿပီ...."

ေစာင္ထဲမွ ျပန္ေအာ္သည္မို႔ ထိုအနားသို႔သြားကာ ေစာင္ကိုဖယ္ၾကည့္သည္။မရေခ်။ ဘယ္လိုလုပ္ရမည္လဲမသိ။
စိတ္ေတြညစ္လြန္းတာကိုပဲသိေတာ့သည္။

"ညီ စကားေျပာရေအာင္ကြာ....."

တုပ္တုပ္မွ်မလႈပ္ပါပဲၿငိမ္ေနသည့္ ညီသုကို ဘယ္လိုေခ်ာ့ရမည္လဲမသိေခ်။ ငယ့္ကို ဖုန္းဆက္ရန္ အေတြးရလာသည္မို႔
စားပြဲေပၚမွဖုန္းကိုလွမ္းအၾကည့္ ဝင္လာသည့္ ဖုန္းသံေၾကာင့္ လန့္ပင္သြားရသည္။ ကေလးငယ္ တဟားဟားနဲ႕ တဝါးဝါးရယ္သံပင္။ ထိုအသံေၾကာင့္ထင္ ေငါက္ခနဲ ထလာသည့္ ညီသုက ေဘးနားရပ္ေနသည့္ ကြၽန္ေတာ့္ကိုတြန္းထုတ္ကာ စားပြဲရွိရာသို႔အေျပးလွမ္းေလသည္။

"ဟယ္လို ခ်စ္ေဖေဖ.....ဦးေဂၚလီေရ....."

ဖုန္းသံေၾကာင့္ေပ်ာ္သြားသည္ကအမွန္ပင္။ ထိုကေလးေလးရယ္သံက ေဖေဖ့အတြက္ေပးထားသည့္ ဖုန္းringသံပင္။
ထိုအသံေလးမၾကားရသည္က ၾကာေလၿပီမို႔ သတိေတြလဲရပါသည္။

"ေခြးသား....."

"ဟင္....ေဖေဖ့သားေလ....."

"ေျပာေျပာ သား ေကာင္ေလးကိုေဖေဖကေတာင္းေပးရမွာလား....သားကအေတာင္းခံရမွာလား.....
ေဖေဖေလ LGBT ဆိုတာေလ့လာထားတယ္....
ငါ့သားက အခု Gayဆိုတဲ့ ေခါင္းစဥ္ေအာက္ေရာက္သြားတာပဲ သားရဲ႕...... အားမငယ္နဲ႕ေနာ္...ေဖေဖရွိတယ္သိလား...
ေဖေဖ သားနဲ႕အတူ ရန္ကုန္မွာလာေနဖို႔ လယ္သူငွားေတေခၚထားတယ္....ေနာက္ႏွစ္ပတ္ေလာက္ဆို စာရင္းျပတ္ၿပီ....."

ငယ့္ ဖုန္းနံပါတ္ကို ႏွိပ္ၿပီးကာမွ ဖုန္းေျပာေနသည့္ ညီသု ၿငိမ္ေနသည္မို႔ အၾကည့္ေရာက္သြားခိုက္ မ်က္ရည္ေတြ စီးက်ေနသည္က ပါးျပင္ထက္သို႔ တလွိမ့္လွိမ့္ပင္။ ထူပူကာ လန့္ျဖန့္သြားသည္။စိုးရိမ္သြားသည္။အၿမဲေပ်ာ္ေပ်ာ္ေနတတ္သူက ထိုသို႔မ်က္ရည္က်ေတာ့ ကြၽန္ေတာ့္ရင္ထဲမေကာင္းတာ အမွန္စကားပင္။ ဘာေၾကာင့္ ေကာက္ခါငင္ခါထငိုရသည္လဲ။ယခုဏရန္ျဖစ္ေနစဥ္ကပဲ အေကာင္းမဟုတ္လား။ အၿမဲတမ္းဆူပုတ္ေနေသာ္လည္း ထိုသို႔ဝမ္းနည္းပက္လက္နဲ႕ ငိုတာေတာ့မေတြ႕ဖူးေပ။ ေရာက္ေနသည္က တစ္လပင္ျပည့္ေတာ့မည္။ ညီသုကို ငိုေအာင္လည္း မလုပ္ဖူးပါ။အေျပးသြားကာ ပခုံးေပၚ လက္တင္ကာခပ္ဖြဖြကိုင္လႈပ္ေတာ့ မ်က္ရည္လည္႐ြဲမ်က္ဝန္းျဖင့္ ေမာ့ၾကည့္သည္။ၿပီးေနာက္ ကြၽန္ေတာ့္လက္ကိုရိုက္ခ်ပစ္သည္က အားနဲ႕မာန္နဲ႕မို႔ ေတာ္ေတာ္ေတာ့နာသြားသည္။

"ဟယ္လို သားေလး.....ေဖေဖေျပာတာၾကားလား....."

ေဖေဖတစ္ေယာက္ သူ ေျပာခ်င္ရာကို ဦးေဆာင္ေျပာသည္က အေၾကာင္းေတာ့မဟုတ္ေပ။ကြၽန္ေတာ္တို႔သားအဖက ဖုန္းေျပာလွ်င္ သူ႕ထက္ငါအၿပိဳင္ စကားနိုင္လုေျပာေနၾကမို႔
အသာစီးရသူကိုအေၾကာေပးရၿမဲ။ယခုက ေဖေဖက Jmeနဲ႕G fatt ရက္ပ္႐ြတ္ေနသလို မနားတမ္းတတြတ္တြတ္နဲ႕ သူလုပ္ထားသည္မ်ားကိုေျပာျပေနသည္က မ်က္ရည္ကိုဘူးသီးတင္မဟုတ္ ဇေကာေလာက္ႀကီးပါက်ေစသည္။

ေယာက်ာ္းယူသြားၿပီဟု ကိုယ္ကေပါ့ေပါ့ေလးသာေျပာၿပီး
လုပ္ခ်င္ရာလုပ္ေနသည္။ ေဖေဖကေတာ့ ထိုသို႔မဟုတ္ပါပဲ
ကြၽန္ေတာ္ေယာက်ာ္းယူသြားျခင္းကို အျပစ္မျမင္တဲ့အျပင္
ေယာက်ာ္း၊ေယာက္်ားျခင္း လိင္တူခ်စ္မိျခင္း၏ဆိုသည့္
ေခါင္းစဥ္ပါ LGBTအေၾကာင္းေတြကိုပါ ေလ့လာေပးၿပီး
Gayေနျခင္းကိုပါ အားေပးေနသည္တဲ့လား။
သူ႕သားကေကြးမွမေကြးေသးတာ....
ေကြးေနရင္ေတာင္ေတာ္ေသးသည္။ ဘာကိုႀကိဳက္မွန္းမသိတဲ့ ကြၽန္ေတာ္ကေဖေဖ့ကိုဘယ္လိုရွင္းျပရမည္လဲ။
ခုက် ရင္ထဲတကယ္ထိသြားသည္။

"ၾကားတယ္လို႔ ေဖေဖလူဇိုး....."

"ကဲကဲ...ေဖေဖ့ကို စာပို႔ေတာ့အေရးႀကီးတာေျပာမလို႔ဆို
ဘာလဲေျပာ မိုးခ်ဳပ္ေနၿပီ မအိပ္ေသးဘူးလား...."

"မအိပ္ေသးဘူး.... ပိုက္ဆံေလ်ာ္စရာရွိလို႔......"

ထိုသို႔ေျပာသည့္ ကြၽန္ေတာ့္ပါးစပ္ကိုအတင္းကာေရာ
လာပိတ္သည့္ ကိုဉာဏ္ႏွင့္ ကြၽန္ေတာ္ထသတ္ပါေတာ့သည္။ ဖုန္းကိုအတင္းလုကာ ပါးစပ္ကိုလက္ဝါးျဖင့္ လာပိတ္သည္မို႔ ႐ုန္းေသာ္လည္းမရေခ်။ အားနဲ႕မာန္နဲ႕ကိုကိုက္ခ်ပစ္လိုက္သည္။

"အား........." ဆိုသည့္အသံေၾကာင့္ တဖက္မွ ဦးေဂၚလီ လန့္ျဖန့္ကာ ျပာျပာသလဲေမးလာသည္။

"သားဘာျဖစ္တာလဲ....."

"ဘာမွမျဖစ္ဘူး အန္ကယ္လ္....
ကြၽန္ေတာ့္ကိုကုန္းကိုက္တာ........"

"ေဟ....ရန္ျဖစ္ေနတာလား...."

ဖုန္းကိုအတင္းရေအာင္လုသြားကာ ကြၽန္ေတာ့္ကိုကုတင္ေပၚတြန္းၿပီးဖိထားသည္။ သူကိုယ္ႀကီးနဲ႕ခ်ဳပ္ထားသည္မို႔ အရပ္သာရွည္တာ ေသးတဲ့ခႏၶာကိုယ္ေၾကာင့္ အားျခင္းမမွေသာ္လည္း ေတြ႕ရာ ေခါင္းအုံးနဲ႕ခ်ပါမည္။

"ဗုန္း......ဗုန္း....."

ႏွစ္ခ်က္သုံးခ်က္ကိုပိတ္ခ်လိဳက္သည္က
ကိုဉာဏ့္ မ်က္ႏွာကိုပင္။

ဖုန္းေျပာေနသည့္ တစ္ဖက္မွ အသံတို႔က ကြၽက္ကြၽက္ညံလို႔... ကိုယ့္သားအေၾကာင္းကိုယ္သိသည္မို႔ ဖုန္းလႊဲေပးရန္ေျပာရသည္။

ဖုန္းေပးလိုက္သည္ကို ကုန္းထၿပီး ေစာင့္တြန္းသည္။တေထာင္ျဖင့္ မ်က္ႏွာကို လႊဲရိုက္ကာ၊ လက္သီးနဲ႕တစ္ခ်က္ထိုးသြားသည့္ ညီသု လက္သံေတာ္ေတာ္ေျပာင္သည္။
ႏွာေခါင္းေသြးတို႔လွ်ံက်လာေလသည္မို႔ ေရခ်ိဳးခန္းသို႔ေျပးရေလေတာ့သည္။

သားနဲ႕ဖုန္းေျပာၿပီးေနာက္ ဦးေဂၚလီတစ္ေယာက္ထိုင္ေနရင္း
အေတြးတို႔က မ်ားျပားစြာပင္။ ေလးပင္ေသာ သက္ျပင္းကိုခ်လ်က္ ရန္ကုန္ျမန္ျမန္သြားေနနိုင္ရန္ အလုပ္ေတြျမန္ျမန္လုပ္ၿပီးဖို႔သာ စိတ္ေလာေနေတာ့သည္။ ညီသုေနာင္ က ေဒါသႀကီးလွ်င္ ဘယ္လိုဆိုသည္ကိုသိေသာ အေဖတစ္ေယာက္ေသာက မ်ားေနေလသည္။

...........

ဖုန္းျပန္ေခၚေသာ္လည္း တစ္ဖက္ဖုန္းမွျပန္လည္ေျဖၾကားျခင္းမရွိဆိုသည့္ စကားေၾကာင့္ နႏၵမိုးေန တစ္ေယာက္တည္း
ပူေလာင္ေနေလေတာ့သည္။ ခုနေလးတင္ ကိုကို႔ဆီမွ ဖုန္းဝင္သည္ကို မကိုင္လိုက္ရသည္မို႔ ျပန္ေခၚေနေသာ္လည္း
ျပန္လည္ေျဖၾကားခ်င္းမရွိေသာဖုန္းေၾကာင့္ စိတ္ထဲတစ္မ်ိဳးႀကီးျဖစ္သြားသည္။ ကိုကို မသိေအာင္လုပ္ခဲ့သည့္ ကိစၥကိုကိုသိသြားသည္လားဆိုသည့္ အေတြးတို႔ကလည္း တဝီဝီပင္။ျပန္မေျပာရန္ ညီသုေနာင္ ကိုမွာလိုက္သည္ကိုပဲ ျပန္ေျပာလိုက္သည္လား။ ငါကေရာ ဘာေၾကာင့္ သိသြားမည္ကို စိုးရိမ္ေနသည္လဲ။ သိေတာ့ေရာ ငါ့ခ်စ္သူမို႔ ငါ့လုပ္ပိုင္ခြင့္ ငါလုပ္တာ အျပစ္တင္၍မွမရေလပဲ။

မနက္က ဟိုအကိုညီသုေနာင္ ဆိုသည့္လူ၏ ႐ုံးသို႔ သြားျဖစ္သည္။ အမႀကီးႏွစ္ေယာက္ေတြ႕သည္မို႔ ေမးဆန္းလိုက္ေတာ့ အိမ္မွာေနေနသည္ဟုဆိူျခင္းေၾကာင့္
ဖုန္းဆက္ကာ ေခၚလိုက္မိသည္။

........

ေရခ်ိဳးခန္းထဲႏွာညွစ္သံ တ႐ႊီ႐ႊီနဲ႕ၾကားေနရသည္မို႔ ေဖေဖနဲ႕ဖုန္းေျပာၿပီး သြားၾကည့္လိုက္မိရာ ကိုယ့္ေဒါသေၾကာင့္ျဖစ္သြားသည့္ ထိခိုက္မႈတြင္ ကိုဉာဏ္ ဒဏ္ရာရသြားေလသည္။
ခဏေလးဆိုမွ ခဏေလး အသိစိတ္လြတ္သြားသည္မို႔ ယခုလိုျဖစ္ျခင္းသာ ဘယ္သူမွေတာ့ထိုသို႔မျဖစ္လိုေပ။
ကြၽန္ေတာ့္ေဒါသကိုလာဆြသည္ပဲ ခံေပါ့။ ညီသုက ေပ်ာ္ေပ်ာ္ေနတတ္သည္။ သို႔ေသာ္ မေကာင္းတဲ့အက်င့္ကေတာ့ စိတ္ဆတ္ကာ လက္သန္ေျပာင္သည္။ မနက္က ဟိုေကာင္ေလးအေပၚသည္းခံေပးခဲ့သည့္ ေဒါသတို႔ ကိုဉာဏ့္ဆီသို႔ က်သြားသည္ထင္။

"ေရာ့ တစ္သ်ႉး...."

တစ္သ်ႉးေတာင္တစ္႐ြက္၊ႏွစ္႐ြက္ ၾကင္ၾကင္နာနာေပးျခင္းမဟုတ္ေပ။ ေဘစင္ေပၚသို႔ ဗူးလိုက္ကို ဘုတ္ခနဲ လာတင္ေပးကာ ဘုရွိုးရွိုးေနသည့္ ညီသုေၾကာင့္ ေခါင္းၿငိမ့္ျပလိုက္သည္။ ဖုန္းေလးလုမိတာကိုပင္ ဒီေလာက္ထုေထာင္းခံရသည္။

"ေက်းဇူး....."

"မလိုဘူး......."

လက္ပိုက္ကာ ရပ္ၾကည့္ေနရင္းမွ
ခပ္ျပတ္ျပတ္ေျပာလိုက္ပါသည္။

"ခင္ဗ်ားနဲ႕က်ဳပ္ စကားေျပာမယ္...ၿပီးရင္ ထြက္ခဲ့......."

ခုံတြင္ထိုင္ေနသည့္ ညီသုေၾကာင့္ တစ္သ်ႉးဗူးကို သူ႕ေနရာသူထားၿပီး တစ္ခုတည္းေသာဆိုဖာတြင္ထိုင္လိုက္သည္။
ကြၽန္ေတာ့္ကိုမနက္ကကိစၥျဖစ္ေၾကာင္းကုန္စင္ေျပာျပမည္ဟုဆိုကာ ညီသု စကားဆိုေလေတာ့သည္။

မနက္ကအိမ္တြင္ဖြားဖြားနဲ႕အတူ ေ႐ႊက်ီအခ်ိဳတည္းကာ
အဂ္လိပ္ဟာသကားတစ္ခုၾကည့္ေနစဥ္ ဖုန္းဝင္လာသည္မို႔ ကိုင္လိုက္မိသည္။ နံပါတ္ကအစမ္းသက္သက္ ဖုန္းနံပါတ္မို႔ ဟယ္လိုဟုသာထူးလိုက္သည္။

"ဟယ္လို ကိုညီသုေနာင္လား...."

"ဟုတ္ပါတယ္...အခုေျပာေနတာ ဘယ္သူပါလဲ...."

တစ္ဖက္မွ ရယ္သံသဲ့သဲ့ၾကားလိုက္ရၿပီး.....

"ဉာဏ္သုခေမာင္ရဲ႕ခ်စ္သူ နႏၵမိုးေနပါ.....ညီ......."

ေတြး
၂၂၈၂၀
.......

Continue Reading

You'll Also Like

13.2K 470 20
❝The only beloved thing is something I lost only to fall down into nowhere.❞ Mikasa Ackerman is a young woman who moves on with her daily life. One n...
10.2M 640K 168
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
5.4M 484K 98
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
1.7M 93.1K 46
|𝐑𝐨𝐬𝐞𝐬 𝐚𝐧𝐝 𝐂𝐢𝐠𝐚𝐫𝐞𝐭𝐭𝐞𝐬 - 𝐈| She was someone who likes to be in her shell and He was someone who likes to break all the shells. "Jun...