အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ...

By Empress184

646K 44.4K 1.7K

Uni Bl ficပါနော် အရင်တစ်ပုဒ်ထက် ပိုကောင်းအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ် Ocပါ ငယ်ငယ်လေးထဲက အမေနဲ့ မခွဲမ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
16
17
18
19
20
21
22
23
24
25
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50(end)

26

10.9K 874 81
By Empress184

Zawgyi





'ဘာလုပ်တာလဲ'











'စနိုး ပါလာပြီနော်'














'ဘာရယ်တာလဲ'


'ဟွန့်'



'ကို့ကို ထပ်ပြောပါဦး'

'ဘာကိုလဲ'

'ကို့ကို ချစ်တယ်လို့'

'ကို့ကို အရမ်းချစ်တယ်'

























'အော်...'



'မာန်'














'မောင် ကျွန်တော့်ကို...'

'ငါ ငါ မသိတော့ဘူး'



'ငါ ငါက...'














'အင်း'








'အင်းလို့'









Uni

ညမိုးချုပ်ကာနီးတော့ မာန်နှင့်ရတုက ပြန်သွားသည်

အိမ်အကူ အန်တီကြီးကလဲ အခန်းရှင်းပေးပြီး နှုတ်ဆက်ကာ ပြန်သွား‌ပြီ ဖြစ်သည်

မာန သူ့ဘေးမှာ ရပ်နေသော ၀န်းရံကို ဆက်ကနဲ ‌ပွေ့ချီလိုက်သည်

၀န်းရံက အရင်တုန်းကလိုတော့ မအော်တော့

'ဘာလုပ်တာလဲ'

၀န်းရံက မျက်လုံးလေးတွေ ပိတ်လိုက်ဖွင့်လိုက်လုပ်ကာ မေးသည်

'အသည်းယားလို့ ဖျစ်ညစ်ပစ်ချင်တယ်'

မာန‌ကပြောရင်း ၀န်းရံနှုတ်ခမ်းလေးတွေကို ငုံ့နမ်းရန် ပြင်သည်

'ဟိုးထား ကိုကို ဟိုမှာ ကြည့်နေတယ် မရှက်ဘူးလား'

၀န်းရံက မာနနှုတ်ခမ်းတွေကို လက်နှင့်ကာလိုက်ကာ စနိုးကိုပြပြီး ပြောသည်

စနိုးက ခေါင်းလေးကို ဟိုဘက်ဒီဘက်စောင်းကာ မာနတို့ကို ထိုင်ကြည့်နေသည်

'အဲ့ဒါဆို သူမမြင်တဲ့နေရာသွားမယ်'

မာန‌ကပြောရင်း ‌၀န်းရံကိုပွေ့ချီထားလျှက် အပေါ်ထပ် တက်လာခဲ့သည်

၀န်းရံက မာနလည်ပင်းကို လက်နှင့်ချိတ်ထားရင်းက နောက်ဘက်ကို ကြည့်လိုက်သည်

စနိုးက သူတို့နောက်ကနေ ထပ်ချပ်မကွာ ပြေးလိုက်လာသည်

'စနိုး ပါလာပြီနော်'

၀န်းရံ မာနမျက်နှာကိုကြည့်ပြီး ရယ်ပြကာ ပြောလိုက်သည်

မာနက ၀န်းရံအခန်းထဲသွားကာ စနိုး ၀င်မလာခင် တံခါးပိတ်လိုက်သည်

ပြီးနောက် ၀န်းရံကို ‌မွေ့ယာပေါ်ချကာ အပေါ်ကနေ အုပ်မိုးပြီး ကြည့်လိုက်သည်

'အဟမ်း ဒါပိုင်နက် ကျူးကျော်မှုနော်'

၀န်းရံက ရုပ်တည်ကြီးနှင့် မာနကိုကြည့်ကာ ‌ပြောသည်

မာနက နှုတ်ခမ်းတွေ ကွေးတက်သွားသည်အထိ ပြုံးသည်

'ဘယ်သူက ကျူးကျော်နေတာလဲ'

'ကိုကို ၀န်းရံအခန်းထဲကို ကျူးကျော်နေတာလေ'

၀န်းရံက နှုတ်ခမ်းလေးဆူကာ ပြောသည်

'အမှန်ဆို ၀န်းရံက ကို့နှလုံးသားထဲကို ကျူးကျော်နေတာ မဟုတ်ဘူးလား'

မာနက‌‌ပြောရင်း ၀န်းရံရဲ့နှုတ်ခမ်းလေးတွေကို ငုံ့နမ်းလိုက်သည်

၀န်းရံက မျက်လုံးလေးတွေမှိတ်ကာ ငြိမ်နေပေးသည်

မာနက နှုတ်ခမ်းချင်း ပြန်ခွာလိုက်ကာ ၀န်းရံကိုကြည့်ပြီး ရယ်သည်

'ဘာရယ်တာလဲ'

'ကိုက လူမှတ်နေတာ လက်စသတ်တော့ အရုပ်လေးပဲ ငြိမ်နေတာပဲ'

'ဟွန့်'

၀န်းရံက မာနကို သူ့အပေါ်ကနေ တွန်းချပစ်လိုက်သည်

မာနက မွေ့ယာပေါ် ကျသွား‌ကာ ၀န်းရံကို ရင်ခွင်ထဲ ဆွဲသွင်းပြီး ဖက်ထားသည်

'ကို့ကို ထပ်ပြောပါဦး'

'ဘာကိုလဲ'

'ကို့ကို ချစ်တယ်လို့'

'ကို့ကို အရမ်းချစ်တယ်'

၀န်းရံက ရင်ခွင်ထဲကနေ မာနကို မော့ကြည့်ကာ ပြောသည်

'ကိုလဲ ၀န်းရံကို အရမ်းချစ်တယ်'

ခင်ဗျားတို့ ကမ္ဘာမှာတော့ မသိပေမဲ့ ကျွန်တော့ကမ္ဘာမှာတော့ ပန်းပေါင်းစုံ ဖူးပွင့်နေပါပြီ

ကျွန်တော့်ရဲ့ ပထမဆုံးအနမ်းကို အတင်းယူခဲ့တဲ့ ဒီလူကြီးကို ကျွန်တော် အမြင်ကတ်ခဲ့သည်

နောက်တော့ အမြဲတမ်း ကျွန်တော့်ကို ကာကွယ်ပေးခဲ့လို့ ရန်ခုန်စိတ်လှုပ်ရှားခဲ့သည်

ကျွန်တော့်ဆန္ဒတွေကိုသာ ရှေ့တန်းတင် ဦးစားပေးတဲ့ ဒီလူကြီးကို ချစ်မိခဲ့သည် 

ခုတော့ ဒီလူကြီးလဲ ကျွန်တော့်ကို ချစ်ပါသတဲ့

ကိုချစ်မြတ်နိုးတဲ့ လူတစ်ယောက်ဟာ ကိုနဲ့ထပ်တူကျတဲ့အထိ ပြန်ချစ်ပေးတာလောက် ပျော်ဖို့ကောင်းတာ ရှိပါတော့မလား

ကမ္ဘာပေါ်မှာရှိတဲ့ ချစ်ခြင်းမေတ္တာတိုင်းတာ လူတိုင်းနဲ့ ထိုက်တန်ပါတယ်

လူတိုင်းရဲ့ ချစ်ခြင်းကလဲ သိပ်ကိုလှပပါတယ်လို့ ကျွန်တော်‌ပြောရင် ယုံ

ရတုက မာန့်ကို သူ့အိမ်ရှေ့ ရောက်တဲ့အထိ လိုက်ပို့သည်

သို့သော် မာန်က ရတုအိမ်ကို လိုက်မည်‌ပြောကာ လုံး၀မဆင်း

ရတု ဘာ‌‌လုပ်ရမည် မသိပဲ အတော်လေး အကြပ်ရိုက်နေသည်

'မောင်ကလဲ ကျွန်တော် ရောက်ဖူးချင်လို့ ခေါ်သွားပါလို့'

ရတု မာန်နှင့် စတွေ့ကထဲက တစ်ရက်တစ်ရက် သက်ပြင်းချရတာ အကြိမ်ပေါင်း ထောင်ချီလောက်သည်

ခုလဲ ရတု သက်ပြင်းချရုံကလွဲပြီး မတက်နိုင်တော့

ထို့ကြောင့်ကားလေးကို သူ့အိမ်ဆီသို့ ပြန်မောင်းလာခဲ့သည်

အိမ်ရောက်တော့ မာန့်ကို ဧည့်ခန်းထဲ ခဏ ထိုင်ခိုင်းထားလိုက်သည်

ရတု အချိုရည်ဘူးကိုဖောက်ကာ ဖန်ခွက်ထဲထည့်ပြီး မာန့်ရှေ့ချပေးလိုက်သည်

'မောင် တစ်ယောက်ထဲ နေတာလား'

မာန်က တစ်အိမ်လုံးကို ဝေ့ကြည့်ကာ မေးသည်

မာန် ရတုအိမ် ရောက်ကထဲက ခြံတံခါး လာဖွင့်ပေးသော ခြံစောင့်တစ်ယောက်သာ မြင်သည်

ကျန်တဲ့ တစ်အိမ်လုံးမှာ လူတစ်ယောက်မှ မတွေ့ပဲ တိတ်ဆိတ်နေသည်

'အင်း မိဘတွေက တစ်ခြားမှာလေ အလုပ်မတူတော့ နေရာတွေ မတူတော့ဘူး'

'အော်...'

မာန်က ပြုံးလိုက်ကာ သူ့ဘေးနား ထိုင်နေသော ရတုကို ရုတ်တရက်  ဆိုဖာပေါ် လှဲချလိုက်သည်

တစ်အိမ်လုံး ဘယ်သူမှ မရှိတာမလို့ မာန် အတင့်ရဲပြီး လုပ်လိုက်တာ ဖြစ်သည်

'မာန်'

ရတု မျက်လုံးလေးတွေ ဝိုင်းစက်သွားကာ ပါးလေးတွေ ပန်းဆီရောင် ‌သန်းသွားသည်

မာန် ရတုကို အပေါ်ကနေ အုပ်မိုးပြီး ကြည့်လိုက်သည်

ရတုကိုမြင်တိုင်း သူ့ရင်ခုန်သံတွေ မြန်လာတာ ထိန်းလို့တောင်မရ

ခုအ‌ခြေအနေမှာတော့ မာန့်တစ်ကိုယ်လုံးကသွေးတွေ ပြောင်းပြန်စီးကုန်ပြီတောင် ထင်သည်

မာန့်အကြည့်က ရတုရဲ့နှုတ်ခမ်းမှာသာ မြဲနေသည်

မာန် သူ့အောက်နှုတ်ခမ်းကို သူ့ဘာသာ သွားနှင့်ဖိကိုက်လိုက်သည်

'မောင့်ကို ကျွန်တော် ချစ်တယ်'

မာန် ရတုရဲ့ နှုတ်ခမ်းလေးတွေကို ငုံ့နမ်းလိုက်သည်

မောင့် နှုတ်ခမ်း‌တွေက ကျွန်တော့်ရဲ့ စိတ်အာရုံ အလုံးစုံကို ယစ်မူးသွားစေသည်

သူမမျှော်လင့်ထားစွာ ရတုက အနမ်းတွေကို တုန့်ပြန်လာခဲ့သည်

မောင် ဘာလို့လဲလို့ ကျွန်တော် မေးကြည့်ချင်ပေမဲ့ ဒီအခိုက်အတန့်လေးကို မရပ်ပစ်လိုက်ချင်ဘူး

မာန် ရတုနှုတ်ခမ်းတွေကို အချိန်အတော်ကြာအောင် နမ်းရှိုက်လိုက်သည်

သူ နမ်းနေတာကို ရပ်လိုက်တော့ ရတုနှုတ်ခမ်းလေးတွေက နီရဲနေပါပြီ

'မောင် ကျွန်တော့်ကို...'

'ငါ ငါ မသိတော့ဘူး'

ရတုက နားရွက်ဖျားလေးတွေပါ ရဲတက်လာကာ မျက်နှာကို ဘေးတစ်ဖက်သို့ လှည့်သွားသည်

'ဒါပေမဲ့ မောင် ကျွန်တော့်ကို မငြင်းဘူးလေ'

'ငါ ငါက...'

ရတု ဘာပြန်‌ပြောရမလဲ မသိပါ

အမှန်ဆို သူ့ကို လာနမ်းတာကို တွန်းဖယ်ရမည့်အစား သူက ပြန်နမ်းခဲ့မိသည်

ရတု သူ့မျက်နှာကို သူ့ဘာသာ လက်နှစ်ဖက်နှင့် ကာထားမိသည်

မာန်က ရတုလက်ကို အတင်းဆွဲဖယ်ကာ ရတုမျက်နှာလေးကို သေချာလိုက်ကြည့်သည်

'မောင် ကျွန်တော့်ကို ချစ်တယ်မလား'

ရတု ဘာလုပ်လို့ လုပ်ရမယ်မသိ

သူ ဒီနေရာမှာတင် အငွေ့ပျံပြီး ပျောက်သွားချင်စိတ် ပေါက်နေသည်

'မောင့် ရင်ခုန်သံတွေ ကျွန်တော် ကြားနေရတယ်နော်'

မာန့် စကားကြောင့် ရတု သူ့ကိုယ်သူ ပြန်ဆန်းစစ်ကြည့်သည်

မာန်‌ပြောတာ မှန်ပါသည် သူ့ရင်တစ်ခုလုံး ထိန်းမရလောက်အောင် ခုန်လှုပ်နေသည်

သူ့ဘ၀မှာ တစ်ခါမှ ခုလိုမျိုး ရင်ခုန်စိတ်လှုပ်ရှားတာမျိုး မဖြစ်ဘူးခဲ့

'မောင် ကျွန်တော့်ကို ချစ်တယ်မလားဟင်'

မာန်ကတော့ မျှော်လင့်ခြင်းကြီးစွာ ရတုမျက်နှာလေးကိုကြည့်ပြီး တောက်လျှောက် မေးနေခဲ့သည်

'အင်း'

မာန့်စကားကို ရတုက ခေါင်းညိတ့်ရင်း အ‌ဖြေပေးလိုက်သည်

ရတု သူတို့နှစ်ယောက်ကြား ရှိလာမည့် ချစ်ခြင်းမေတ္တာကို မဖြစ်နိုင်ဟု ထင်ခဲ့မိသည်

ခုနေ့ မာနက ၀န်းရံကို ချစ်တယ်‌ပြောတော့ ဒီချစ်ခြင်းဟာ ဘယ်လောက်လှလဲ သူမြင်ခဲ့ရသည်

အချစ်ဆိုတာ ယောက်ျားလား မိန်မလား မလိုပါဘူး

လူတစ်ယောက်က လူတစ်ယောက်ကို ချစ်မြတ်နိုးပါတယ် ဆိုတာနဲ့တင် လုံလောက်ပါပြီ

'မောင် မောင် တစ်ကယ်‌ပြောတာနော်'

မာန့်မျက်နှာက အပျော်တစ်၀က် မယုံတစ်၀က်နှင့် ရတုကိုကြည့်ကာမေးသည်

'အင်းလို့'

'ဟား ပျော်လိုက်တာ မောင် ကျွန်တော့်ကို ချစ်တယ်‌လို့ သေချာပြော'

'မောင် မာန့်ကို ချစ်တယ်'

ရတုစကားဆုံးသည်နှင့် မာန် ရတုကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲ မြုပ်သည်အထိ ဆွဲဖက်ထားလိုက်သည်

အကုန်လုံး မြန်မြန်ချစ် မြန်မြန်ကြိုက် မြန်မြန်ညားသွားကြ အေးတာပဲ

သာသာ မာန်နဲ့ရတုကို ဒီလောက် မြန်မြန်ချစ်ခိုင်းဖို့ အစီအစဉ်တော့ မရှိပါဘူး

ရတုက သူ့ဘာသာတောင် ဘာမှန်းမသိ ဖြစ်နေတာ တစ်ချို့ဒါဒါလေးတွေက မောင်ခေါ်တာနဲ့ အထက်ပုဂ္ဂိုလ် ထင်နေကြလို့

မာန်က အပေါ်ကပါရှင် ရတုက အောက်ကပါ

ဒါတောင် မကွဲကြသေးရင် papapaပြီး မှောင်ပစ်လိုက်မှာနော် ဟွန့်

Continue Reading

You'll Also Like

71.3K 4.6K 27
မဝေးပါရစေနဲ့ Arthit ❤️ Kongpob
1.7M 123K 67
ဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Maf...
805K 26K 58
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
25.5K 2.5K 26
Park Chan Yeol✨Doh Kyung Soo (14.8.2021)