Part-6

20.4K 1.4K 25
                                    

(Zawgyi)

ခု​နေ့မာနတစ်​​ယောက်​ အိပ်​ရာက​နေ အ​စောကြီးနိုးလာခဲ့သည်

နိုးနိုးချင်း သူသတိရလိုက်​တာ ဝန်းရံကိုပါ

ဒီက​လေး မ​နေ့ထဲက ဖျား​နေတာ သက်​သာပါ့မလားဟု​တွေးရင်း ဝန်းရံအခန်း​လေးဆီသို့ သွားလိုက်​သည်

ဝန်းရံက အိပ်​​နေသည်​မှာ က​လေး​လေးပမာ တုတ်​တုတ်​မျှ မလှုပ်​ပဲ အိပ်​​မောကျ​နေ​လေသည်

မာန​ခြေ​ဖော့နင်းကာ အသာ​လေး ဝန်းရံအိပ်​​နေ​သော​ကုတင်​ဆီသို့ ​ဖြေး​ဖြေး​လေး ​လျောက်​သွားလိုက်​သည်

ဝန်းရံကအိပ်​​နေဆဲမို့ ကုတင်​စွန်းတွင်​ ဝင်​ထိုင်​လိုက်​ပြီး ဝန်းရံနဖူးကိုလက်​နဲ့ စမ်းကြည့်​လိုက်​သည်

ထို့​နောက်​ ကို့နဖူးကို ပြန်​စမ်းရင်း ကိုယ်​ပူကျမကျ စစ်​​နေလိုက်​သည်

'အွင်း...'

ဝန်းရံက လူးလွန့်​လာရင်း အပျင်း​ကြောဆန့်​ကာ မျက်​လုံးများပွင့်​လာ​လေသည်

မျက်​​တောင်​ရှည်​များကို ပုတ်​ခက်​ပုတ်​ခက်​လုပ်​ကာ မာနအား အထူးအဆန်းသဖွယ်​ ပြန်​ကြည့်​သည်

ထိုအကြည့်​​ကြောင့်​ မာန ရင်​ခုန်​သွားကာ မျက်​နှာကို တစ်​ဖက်​သို့ လှည့်​လိုက်​သည်

'​ဆောရီး ကို့​ကြောင့်​မင်းနိုးသွားပြီ'

မာနက လက်​ပြန်​ရုတ်​ပြီး မတ်​တပ်​ပြန်​ရပ်​လိုက်​သည်

'ကိုယ်​ပူ​တော့ကျသွားပါပြီ ခု​နေ့​တော့ ​ကျောင်းမသွားပဲ နားလိုက်​ဦး မင်းဘာစားမလဲ​ပြော အန်​တီကို ပြင်​ခိုင်းလိုက်​မယ်​'

ဝန်းရံက ဘာမှမ​ပြောပဲ မာနကိုသာ ​သေချာလိုက်​ကြည့်​​နေသည်

အိပ်​ရာထကာစ ဆံပင်​​တွေက ဖရိုဖရဲနှင့်​ ဘာမှပြင်​ဆင်​မထားတာ​တောင်​ မာနက ဆွဲ​ဆောင်​မှုရှိ​နေပါသည်

ဝန်းရံကို နူးညံ့စွာကြည့်​ပြီး ​မေး​နေပုံ​ကြောင့်​ ဝန်းရံတကယ်​ ​ကျေနပ်​မိပါသည်

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now