26

10.3K 847 81
                                    

Zawgyi

ညမိုးချုပ်ကာနီးတော့ မာန်နှင့်ရတုက ပြန်သွားသည်

အိမ်အကူ အန်တီကြီးကလဲ အခန်းရှင်းပေးပြီး နှုတ်ဆက်ကာ ပြန်သွား‌ပြီ ဖြစ်သည်

မာန သူ့ဘေးမှာ ရပ်နေသော ၀န်းရံကို ဆက်ကနဲ ‌ပွေ့ချီလိုက်သည်

ဝန်းရံက အရင်တုန်းကလိုတော့ မအော်တော့

'ဘာလုပ်တာလဲ'

ဝန်းရံက မျက်လုံးလေးတွေ ပိတ်လိုက်ဖွင့်လိုက်လုပ်ကာ မေးသည်

'အသည်းယားလို့ ဖျစ်ညစ်ပစ်ချင်တယ်'

မာန‌ကပြောရင်း ၀န်းရံနှုတ်ခမ်းလေးတွေကို ငုံ့နမ်းရန် ပြင်သည်

'ဟိုးထား ကိုကို ဟိုမှာ ကြည့်နေတယ် မရှက်ဘူးလား'

ဝန်းရံက မာနနှုတ်ခမ်းတွေကို လက်နှင့်ကာလိုက်ကာ စနိုးကိုပြပြီး ပြောသည်

စနိုးက ခေါင်းလေးကို ဟိုဘက်ဒီဘက်စောင်းကာ မာနတို့ကို ထိုင်ကြည့်နေသည်

'အဲ့ဒါဆို သူမမြင်တဲ့နေရာသွားမယ်'

မာန‌ကပြောရင်း ‌၀န်းရံကိုပွေ့ချီထားလျှက် အပေါ်ထပ် တက်လာခဲ့သည်

ဝန်းရံက မာနလည်ပင်းကို လက်နှင့်ချိတ်ထားရင်းက နောက်ဘက်ကို ကြည့်လိုက်သည်

စနိုးက သူတို့နောက်ကနေ ထပ်ချပ်မကွာ ပြေးလိုက်လာသည်

'စနိုး ပါလာပြီနော်'

ဝန်းရံ မာနမျက်နှာကိုကြည့်ပြီး ရယ်ပြကာ ပြောလိုက်သည်

မာနက ၀န်းရံအခန်းထဲသွားကာ စနိုး ၀င်မလာခင် တံခါးပိတ်လိုက်သည်

ပြီးနောက် ၀န်းရံကို ‌မွေ့ယာပေါ်ချကာ အပေါ်ကနေ အုပ်မိုးပြီး ကြည့်လိုက်သည်

'အဟမ်း ဒါပိုင်နက် ကျူးကျော်မှုနော်'

ဝန်းရံက ရုပ်တည်ကြီးနှင့် မာနကိုကြည့်ကာ ‌ပြောသည်

မာနက နှုတ်ခမ်းတွေ ကွေးတက်သွားသည်အထိ ပြုံးသည်

'ဘယ်သူက ကျူးကျော်နေတာလဲ'

'ကိုကို ၀န်းရံအခန်းထဲကို ကျူးကျော်နေတာလေ'

ဝန်းရံက နှုတ်ခမ်းလေးဆူကာ ပြောသည်

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now