40

5.1K 354 12
                                    

Uni

ထိုစခန်းက တောင်ခြေတစ်ခုတွင် ရှိနေခြင်းဖြစ်ပြီး စခန်းအပေါ်တွင်လဲ ကျောက်ဆောင်တစ်ခုက သဘာဝအတိုင်း ကာထားလေသည်

ထို့ကြောင့် အပေါ်စီးကနေသာ ရှာမည်ဆိုပါက ထိုစခန်းကို လုံးဝမမြင်ရပဲ တောင်ကိုပဲ မြင်နေရမှာဖြစ်သည်

ထိုလူက စခန်းထဲသို့ အေးအေးဆေးဆေး လျှောက်ဝင်သွားလေသည်

ဒရုန်းက ဆက်မလိုက်သေးပဲ ရတုရဲ့အမိန့်ကို ထပ်စောင့်နေသည်

ရတုက မာနကို လှည့်ကြည့်လိုက်သောအခါ မာနက ခေါင်းညိတ်ပြလာပြီး

'ဆက်လိုက်ခိုင်းလိုက်'

'ဆက်လိုက်မယ်'

ရတုဘက်က အမိန့်ကို ရသောအခါ ဒရုန်းလေးက စခန်းထဲထိ ပျံသန်းလာလေသည်

စခန်းထဲက လူတွေကတော့ တောထဲတောင်ထဲမှာမလို့ အကောင်ပလောင်တွေ ပေါများနေပြီးသားဖြစ်ကာ ထိုအကောင်သေးသေးလေးကိုလဲ ဘယ်သူမှ ဂရုမစိုက်ကြချေ

'ဝန်းရံရဲ့ တည်နေရာကို ရှာဖို့လုပ်'

ထိုအချိန်တွင် ကျန်တဲ့ဒရုန်းလေးတွေကလဲ စခန်းရဲ့ ပတ်ပတ်လည်ကို ရောက်ရှိလာကာ ဘယ်သူမှ သတိမထားမိခင် စခန်းထဲသို့ အလျိုလျို ဝင်လာကြလေသည်

သူတို့အကုန်လုံး ရှိသမျှ အခန်းတွေထဲ ဝင်ကြည့်ကာ တစ်ခန်းဝင် တစ်ခန်းထွက်နှင့် ဝန်းရံကို လိုက်ရှာနေကြသည်

အဖွဲ့နှစ်ရဲ့ ဒရုန်းလေးက တံခါးပိတ်ထားသော အခန်းလေးရဲ့ ရှေ့ကနေ ဖြတ်ပျံဖို့အလုပ်

'အဲ့အခန်းထဲကို ဝင်ခိုင်းလိုက်'

မာန ပြောလိုက်တာနှင့် ရတုလဲ တစ်ဖတ်က သူ့လူတွေကို အမိန့်ပေးလိုက်သည်

ဒရုန်းလေးက အလုံပိတ်ထားသော အခန်းလေးထဲကိုဝင်ရန် အခန်းရဲ့ပတ်ပတ်လည်ကိုပျံပြီး အပေါက်လိုက်ရှာနေလေသည်

ဝင်လို့ အဆင်ပြေလောက်သော အပေါက်လေးကို တွေ့သောအခါ ဒရုန်းလေးက ထိုအပေါက်ထဲကနေတစ်ဆင့် အခန်းထဲသို့ ဝင်သွားလေသည်

အခန်းလေးက အလင်းရောင် သိပ်မရှိပဲ မာနတို့ မြင်လိုက်ရတာက ထိုအခန်းလေးထဲက ကုတင်ပေါ်တွင် ဝန်းရံက ဒူးနှစ်ဖတ်ကိုပိုက်ကာ ငုတ်တုတ်လေး ထိုင်နေလေသည်

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now