24

11.1K 910 41
                                    

Zawgyi

ဝန်းရံ မနက်မိုးလင်းနေပြီဆိုတာ သိသော်လဲ မထချင်သေးတာနှင့် စောင်ပုံထဲ မှေးနေလိုက်သည်

ခုနေ့က သူ့မာမီနှင့် မာန်ပဲသိသော သူ့မွေးနေ့လေးလေ

မာမီကလဲ အဝေးရောက်နေသလို မာန်ကလဲ သူ့ကို အရင်လောက် ဂရုမစိုက်အားပါ

ဝန်းရံ နားထဲမှာ သီချင်းသံ သဲ့သဲ့လေး ကြားမိသလိုပင်

သူစိတ်ထင်လို့ပဲ နေမှာပါလို့တွေးပြီး စောင်ကိုခေါင်းပေါ်ထိ ဆွဲခြုံပစ်လိုက်သည်

ရုတ်တရက် သူ့စောင်ကို ဆွဲချသွားကာ နဖူးပေါ်ကျလာသော အနမ်းဖွဖွလေးတစ်ခု

'Happy Birthday ဝန်းရံ'

ဝန်းရံ မျက်လုံးလေးတွေ ဖွင့်ကြည့်လိုက်တော့ မာနက သူ့ကိုပြုံးပြီး ကြည့်နေသည်

ဒါလဲ ဝန်းရံ အိမ်မက်မက်နေတာ နေမှာပါလို့တွေးပြီး တစ်ဖက်သို့လှည့်ကာ မျက်လုံးမှိတ်ပြီး ပြန်အိပ်လိုက်သည်

နေဦး ဝန်းရံကိုယ်ပေါ်မှာ စောင်က တစ်ကယ်ကြီး မရှိတော့ဘူးလေ

ဝန်းရံ မျက်လုံးတွေ ပြူးကျယ်သွားကာ တစ်ဖက်ကို ပြန်လှည့်ပြီး မာနကို သေချာအောင် ထပ်ကြည့်လိုက်သည်

မာနက သူ့နှာခေါင်းထိပ်ကို လက်ညိုးလေးနှင့်တို့ကာ ရယ်ပြသည်

'ထတော့လေ သွားစရာနေရာ ရှိတယ်'

'တစ်ကယ်ကြီးလား'

ဝန်းရံ သူ့လက်လေးနဲ့ မာနရဲ့ပါးကို လှမ်းကိုင်လိုက်သည်

မာနက ဝန်းရံလက်ကို ပြန်ကိုင်ကာ ဖွဖွလေး နမ်းလိုက်သည်

ဝန်းရံက သူ့လက်လေးကို ဆက်ကနဲ ပြန်ရုတ်သွားသည်

'ထတော့ အိပ်ပုတ်လေး အိပ်ချင်မူးတူးနဲ့ လျှောက်လုပ်မနေနဲ့'

မာနပြောရင်း ဝန်းရံကို ဆွဲပွေ့ကာ ကုတင်ပေါ်ကနေ မလိုက်သည်

'အာ ဘာလုပ်တာလဲ အောက်ချပေး ဝန်းရံ နိုးနေပြီ'

ဝန်းရံက မာနလက်ထဲကနေ မရုန်းနိုင်မှန်း သိနေပေမဲ့ ရုန်းပြီး အော်လိုက်သည်

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now