27

10K 783 30
                                    

Zawgyi

ရိုစ့် သူမရုံးခန်းထဲမှာ ထိုင်နေတုန်း အတွင်းရေးမှူးမလေးက ၀င်လာသည်

'ဘော့စ် လူတစ်ယောက်က တွေ့ချင်လို့တဲ့'

'ဘယ်သူလဲ'

'နှင်းပွင့်ဖြူလို့ ပြောပါတယ်'

သူမ အတွင်းရေးမှူးမလေးရဲ့ စကားကြောင့် ရိုစ့် မျက်ခုံးပင့်ပြီး ပြုံးမိသွားသည်

'၀င်လာခိုင်းလိုက်လေ'

ထိုနှင်းပွင့်ဖြူကို ရိုစ့်သိနေပေမဲ့ တစ်ခါမှ စကားမပြောဖူးပါ

နှင်းပွင့်ဖြူက ၀င်လာလာခြင်း ရိုစ့်ကိုပြုံးပြသည်

'ထိုင်ပါဦး'

ရိုစ့် ပြောလိုက်တော့ နှင်းပွင့်ဖြူက ဆိုဖာခုံမှာ ၀င်ထိုင်သည်

'လာရင်းကိစ္စက'

ရိုစ့်က ပွင့်ပွင့်လင်းလင်းသမားမို့ တည့်ပဲမေးလိုက်သည်

နှင်းပွင့်ဖြူက ရိုစ့်ကိုကြည့်ပြီး ထက်ပြုံးသည်

ဝင်လာကာစက အပြုံးက လူတစ်ယောက်ကို အတော်လေး နှစ်လိုဖွယ် ကောင်းသော်လဲ ယခုအပြုံးကတော့ လူတစ်ယောက်ကိုခနဲ့နေတဲ့ အပြုံးပါ

'ရိုစ့် ကုမ္မဏီတချို့ကို ဖြူတို့ထက် ပိုပေးပြီး ၀ယ်သွားတယ်လေ'

'အဲ့တော့...'

'ရိုစ့် မင်းမာနရဲ့ ကုမ္မဏီနဲ့ ပေါင်းလိုက်တာ ဖြူသိပါတယ် ဒါပေမဲ့ ရိုစ့် သူ့ကို အဲ့လောက်ပေးဆပ်စရာ မလိုဘူးလေ'

'ဘာရယ် ဟား ဟား ဟား ဟား'

နှင်းပွင့်ဖြူ စကားကြောင့် ရိုစ့် အူလှိုက်သည်းလှိုက် ရယ်မိသည်

လက်စသတ်တော့ နှင်းပွင့်ဖြူက ရိုစ့်ကို သူ့စိတ်နဲ့နှိုင်းပြီး လာစွပ်စွဲနေတာကိုး

နှင်းပွင့်ဖြူ ထင်နေတာက ရိုစ့်ဟာ မာနကို အသည်းအသန်ကြိုက်လို့ သူခိုင်းသမျှ လုပ်နေသည်ဟု

'ဒီမှာ ဒေါ်နှင်းပွင့်ဖြူ ရိုစ့်က ရှင့်လိုမျိုး ယောက်ျားမရှားဘူးရှင့်'

ထိုစကားက နှင်းပွင့်ဖြူရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာထက် ပိုနာပါသည်

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now