36

4.8K 327 17
                                    

Uni

ကားတံခါးကို ဆွဲဖွင့်ဖွင့်ခြင်း မြင်လိုက်ရတာက အပြစ်ကင်းစွာ သတိလစ် လဲကျနေသော ကောင်လေးတစ်ယောက်

ထိုကောင်လေး ဘယ်သူလဲဆိုတာကို ဦးရောင်ဝါလင်း သိနေတာကြောင့် ချက်ချင်းပင် ခေါင်းကြီးသွားမိသည်

တစ်ဆက်တည်းမှာပဲ နှင်းပွင့်ဖြူရဲ့ ပြသနာရှာနိုင်စွမ်းကို လက်ဖျားခါမိတော့သည်

အရင်က နှင်းပွင့်ဖြူ ဘယ်လောက် ပြသနာရှာရှာ အကုန်လုံးကို သူရှင်းပေးခဲ့တာပဲ ဖြစ်သည်

ထို့ကြောင့် သူ့သမီးလေးက လူအများအမြင်တွေ အပြစ်မရှိစွာ အေးအေးချမ်းချမ်းနှင့် တင့်တင့်တယ်တယ် နေနေရခြင်း ဖြစ်သည်

သို့သော် ယခုတစ်ခါတွင်တော့ ဦးရောင်ဝါလင်း သူကိုယ်တိုင် မြွေပွေး ခါးပိုက်ပိုက်မိပြီဟု တွေးမိတော့သည်

ထိုဝန်းရံခဆိုတဲ့ ကောင်လေးက မင်းမာနရဲ့ အားနည်းချက် နှလုံးသည်းညှာလေး ဖြစ်သည်

ဒါလေးသာ သူ့စခန်းမှာဟု မင်းမာန သိသွားပါက သူ့စခန်းရဲ့အဖြစ်ကို သူကိုယ်တိုင်တောင် မတွေးရဲပေ

နေ့ချင်းညချင်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားမည်မှာ မြေကြီးလက်ခတ်မလွဲ

သူ မင်းမာနဆိုတဲ့ တစ်ယောက်အကြောင်းကို အများကြီး စုံစမ်းပြီးသား ဖြစ်သည်

ဒုစရိုက်လုပ်ငန်းတွေကို မလုပ်သော်လဲ သူ့ကို ထိတဲ့သူမှန်သမျှ မရှုမလှနှင့်သာ ဇာတ်သိမ်းသွားကြလေသည်

ထို့ကြောင့် သူကိုယ်တိုင် နှင်းပွင့်ဖြူကို သတိပေးဦးမည်ဟု တွေးထားခဲ့သော်လဲ သူတောင် ဘာမှသတိမပေးရသေး

သူ့ရဲ့ ချစ်ရပါသော သမီးတော်လေးက မင်းမာနဆိုတဲ့ ဗုံးတစ်လုံးရဲ့ စနတ်တံဖြစ်သော ဝန်းရံခဆိုသူကို မီးညှိကာ သူ့ဆီ သယ်လာခဲ့ပြီ ဖြစ်သည်

ယခုမှတော့ ပေါက်တဲ့နဖူး မထူးတော့ပြီမလို့ သူ့နောက်လိုက် တစ်ယောက်ကိုခေါ်ကာ ထိုကောင်လေးကို သယ်လာခိုင်းလိုက်သည်

သူတို့အကုန်လုံး အခန်းထဲ ပြန်ဝင်လာကြသောအခါ နှင်းပွင့်ဖြူက ထိုင်ခုံပေါ်တွင် ခြေချိတ်ထိုင်ကာ စီးကရက်တစ်လိပ်ကို မီးညှိပြီး သောက်နေလေသည်

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now