35

4.8K 324 16
                                    

Uni

မာန ရတုကိုလဲ ပြန်ရပြီမလို့ ကားကို အေးအေးဆေးဆေးပဲ မောင်းလာကာ မြို့ထဲကအိမ်ကိုဝင်ပြီး ဝန်းရံရဲ့အချစ်တော် စနိုးလေးကို ခေါ်လာခဲ့သည်

ခုချိန်လောက်ဆိုရင် ဝန်းရံ တစ်ယောက်ထဲမလို့ ပျင်းနေလောက်ပြီထင်သည်

တစ်လက်စတည်း မာန်နှင့်ရတုကိုပါ ဆွေးနွေးစရာတွေ ရှိနေသေးတာမလို့ မြို့ပြင်က အိမ်ကိုပဲ လိုက်ခဲ့ခိုင်းလိုက်သည်

ဦးမုန်းခန့်ထည်နှင့် ပါတ်သက်သမျှအကုန် ပါသွားပြီမလို့ သူတို့မှာ လုပ်စရာတွေ ပိုများသွားပြီ ဖြစ်သည်

မာန ဝန်းရံအတွက် အများကြီး စိတ်မပူမိပေ ထိုအိမ်လေး ရှိတဲ့နေရာကို သိတဲ့သူက သူနှင့်ဝန်းရံအပြင် တစ်ခြားလူ မရှိသောကြောင့်ဖြစ်သည်

ထို့ကြောင့် လမ်းတွင် ဝန်းရံအတွက် လိုအပ်မည် ထင်တာတွေကိုပါ ဝင်ဝယ်နေလိုက်သည်

သူ ဝန်းရံကို ထိုအိမ်လေးတွင်ပင် ဆက်ထားဖို့ ဆုံးဖြတ်လိုက်သည်

သူတို့ ထိုအိမ်လေးတွင် ဘယ်လောက်ကြာကြာ နေရမလဲဆိုတာ မပြောတက်ပေ

မာန ရောက်လာသောအခါ အိမ်ရှေ့တွင် ကားတစ်စီး တွေ့တာကြောင့် မာန်နှင့်ရတုတို့ ရောက်နေပြီမှန်း သူသိလိုက်သည်

မာန အိမ်ထဲသို့ ဝင်လာသောအခါ မာန်နှင့်ရတုက ဆိုဖာတွင် ထိုင်နေကာ မျက်နှာများ မကောင်းကြပေ

'မင်းတို့ ဘာထိုင်လုပ်နေကြတာလဲ ဝန်းရံကော ဝန်းရံ...'

မာန ထိုနှစ်ယောက်ကိုပြောရင်း ပါးစပ်ကလဲ ဝန်းရံကိုပါ အော်ခေါ်လိုက်သည်

'သူ မရှိတော့ဘူး'

မာန်က အံကြိတ်ကာ ပြောလာလေသည်

ရတုကလဲ မာန့်ဘေးတွင် ထိုင်နေကာ မာနကို တောင်းပန်သလို လှမ်းကြည့်လေသည်

'ဘာ ဘယ်သူက မရှိတော့တာလဲ'

မာနရင်ထဲ ဒိန်းကနဲဖြစ်သွားကာ မာန့်ကို သေချာအောင် ထပ်မေးလိုက်သည်

'ဝန်းရံ သူ မရှိတော့ဘူး သူ့ကို တစ်ယောက်ယောက် ခေါ်သွားလောက်ပြီ'

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now