Part-1

63.8K 2.2K 21
                                    

(Zawgyi)

မင်္ဂလာခန်းမကြီးထဲတွင်​ လူအများအပြားနဲ့ စည်​ကားသိုက်​မြိုက်​​နေသည်

ဧည့်​သည်​​တွေကို ​နေရာချ​ပေးသူက​ပေး လိုအပ်​သည်​များကို ညွှန်​ကြားသူက ညွှန်​ကြားလိုက်​နှင့်​ ပျားပန်းခတ်​မျှ လှုပ်​ရှား​နေကြသည်

သတို့သမီး အလှပြင်​ခန်းတွင်​မူ

'ဟင့်​...ရွှတ်​'

ဝန်းရံခတစ်​​ယောက်​ ကြိတ်​ပြီး မျက်​ရည်​ကျ​နေရသည်

သူ့အတွက်​ ကမ္ဘာ​ပေါ်မှာ အချစ်​ရဆုံး​သော မာမီက ပထမဆုံးအကြိမ်​အဖြစ်​ သူ့နားက​နေ ခွဲခွာသွား​တော့မည်​​လေ

အတက်​နိုင်​ဆုံး စိတ်​ထိန်း​နေ​သော်​လဲ မျက်​ရည်​​တွေက ကျ​နေဆဲပင်

ဝန်းရံခပုခုံး​ပေါ်ကို လက်​တစ်​ဖက်​က အသာလာပုတ်​သည်

'အင့်​...'

ထိုလက်​​ကြောင့်​ ပိုဝမ်းနည်းကာ ထက်​ရှိုက်​မိပြန်​သည်

ဝန်းရံ​မော့ကြည့်​​တော့ မာမီက အနူးညံ့ဆုံး ပြုံးပြသည်

ဝန်းရံ မျက်​ရည်​​တွေကို ကပြာကယာ ပွတ်​သုတ်​လိုက်​ရင်း ပြုံးပြလိုက်​သည်

မာမီအတွက်​ အ​ပျှော်​ရွှင်​ဆုံး​သော အချိန်​​လေးကို သူ့​ကြောင့်​စိတ်​မညစ်​​စေချင်​ဘူး​လေ

သုံးဆယ်​​ကျော်​ ​လေးဆယ်​နားနီး​နေပြီဖြစ်​​သော မာမီက အရွယ်​တင်​နုပျို လှပဆဲပါ

ဒယ်​ဒီဆုံး​သွား​သော ဆယ့်​ငါးနှစ်​အတွင်းမှာ မာမီက ဝန်းရံအတွက်​သာ အရာအားလုံးကို ဖြည့်​စည်း​ပေးခဲ့သည်​​လေ

ထို့​ကြောင့်​လဲ မာမီ ဝန်းရံဆီက​နေ ပထမဆုံး ​တောင်းဆိုခဲ့​သော ဒီမင်္ဂလာပွဲကို မငြင်းနိုင်​ခဲ့ပါ

'မာမီ အရမ်းလှ​တယ်​'

မာမီက အဖြူလွလွဂါဝန်​ကို လှပစွာ ဝတ်​ထားသည်​မှာ ဝန်းရံအတွက်​​တော့ နတ်​သမီးတစ်​ပါးနှယ်

မာမီက ဝန်းရံနဖူးကို ခပ်​ဖွဖွ အနမ်းတစ်​ခု ​ခြွေ​ပေးရင်း

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now