34

4.9K 321 2
                                    

Uni

ကားပေါ်တွင် ဘာစကားတစ်ခွန်းမှ မပြောပဲ အသံတိတ်ကာ ငြိမ်ပြီးလိုက်လာသော ရတုကို မာန် ကားမောင်းနေရင်းကနေ လှည့်ကြည့်လိုက်သည်

ရတုက စိတ်နှင့်လူ မကပ်တာမလို့ မာန် ရတုကို လက်တစ်ဖတ်နှင့်ဆွဲကာ ရင်ခွင်ထဲထည့်ပြီး ဖတ်ထားလိုက်သည်

ရတုကတော့ မာန့်ရင်ခွင်ထဲတွင် ငြိမ်သက်နေဆဲပင်

'မောင် မာန့်ကို စိတ်ဆိုးနေတာလားဟင်'

မာန့်ရဲ့ အသံကို ကြားခါမှ ရတုက ဖြည်းဖြည်းချင်း မော့ကြည့်လာသည်

မာန် ပြန်ငုံ့ကြည့်မိတော့ ရတုရဲ့ မျက်လုံးအိမ်ထဲကနေ မျက်ရည်တွေ လျှံကျလာတော့သည်

မာန် ရတုရဲ့ မျက်ရည်တွေကြောင့် အလန့်တကြားဖြစ်ကာ ကားလေးကို လမ်းဘေးတွင် ထိုးရပ်လိုက်သည်

ပြီးတော့ ရတုရဲ့ ကိုယ်လုံးလေးကို လက်နှစ်ဖက်နှင့် သိမ်းကြုံးကာ ရင်ခွင်ထဲ ဖတ်ထားလိုက်သည်

'မငိုပါနဲ့ မောင်ရယ် မာန် တောင်းပန်ပါတယ် မာန် မကောင်းတာပါ နော်'

မာန်ကပြောရင်း ရတုရဲ့ ခေါင်းလေးကိုပါ ငုံ့နမ်းလိုက်လေသည်

မာန် ပြောလိုက်ခါမှ ရတုက ပိုဝမ်းနည်းသွားသည်ထင် ရတုရဲ့ ကိုယ်လေးက ပိုလှုပ်လာကာ ရှိုက်ရှိုက်ပြီး ငိုနေတော့သည်

ရတုက ပျော့ညံ့တက်တဲ့ အထဲမှာ မပါတာမလို့ အသံကတော့ အပြင်ကို ထွက်မလာပါချေ

ရတု ကို့နှုတ်ခမ်းကိုကိုက်ကာ အားရအောင် ငိုပြီးခါမှ မာန့်ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်သည်

'မောင် အဆင်ပြေပြီလားဟင် မာန် နောက်ဆို မောင်မကြိုက်တာ ဘာမှမလုပ်တော့ဘူး နော်'

ရတုက ရင်ခွင်ထဲကနေ ထွက်သွားတာမလို့ မာန် ရတုရဲ့လက်လေးတစ်ဖတ်ကိုဆွဲကာ သူ့နှုတ်ခမ်းတွေနှင့် ထိကပ်ပြီး နမ်းရှိုက်လိုက်သည်

မာန် သူ့ရှေ့မှာ ရှိနေသော ထိုလူသားရဲ့ အရာရာတိုင်းကို ချစ်မြတ်နိုးပါသည်

ရတုက ပါးပြင်ပေါ်က မျက်ရည်တွေကို အကြမ်းပတမ်း ပွတ်သုတ်ပစ်လိုက်ပြီး မာန့်ကို မော့ကြည့်လိုက်သည်

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Waar verhalen tot leven komen. Ontdek het nu