16

14.1K 1.1K 46
                                    

Zawgyi

မာနထွက်သွားပေမဲ့ နှင်းပွင့်ဖြူ မာနနောက်ကနေ တောက်လျောက် လိုက်ကြည့်နေတာ မာနကားလေး ရှော့ပင်းစင်တာထဲက ထွက်သွားကထဲက ဖြစ်သည်

ပြီးနောက် ဂိမ်းစင်တာထဲတွင် ဂိမ်းကစားနေသော ခရောင်းရိပ်ကို စူးရဲစွာ ကြည့်လိုက်သည်

'နင်က ငါ့အတွက် နဲနဲတော့ အသုံးဝင်မှာပါ'

သူမကို အထင်သေးသွားတဲ့ မာနရဲ့ မျက်လုံးတွေကို ခဏလေးပေမဲ့ နှင်းပွင့်ဖြူ သေချာမြင်လိုက်သည်

ထိုကောင်မလေးကို ကြည့်တဲ့အကြည့်တွေကျ ရည်းစားဟောင်းချင်း အတူတူတောင် ပကတိဖြူစင်နေသည်

ခရောင်းရိပ်ပုံစံကလဲ သူမပုံသွင်းယူရန် သိပ်ကိုလွယ်ကူလွန်းလှသည်

နှင်းပွင့်ဖြူ ကို့အတွေးနဲ့ကို ကျေနပ်စွာ ပြုံးလိုက်သည်

မာန ဖုန်းကိုထုတ်ကြည့်လိုက်တော့ ဝန်းရံက အိမ်ကိုပဲ တန်းတန်းမတ်မတ်​ ပြန်သွားတာကြောင့် လိုက်ရှာနေစရာ မလိုတော့

မာနကားလေး အိမ်ရှေ့ကို ထိုးရပ်လိုက်တော့ အိမ်အကူ အန်တီကြီးက ပြန်ရောက်နေပါပြီ

'အန်တီ ဝန်းရံကော'

'မင်းညီလေး ပြန်ရောက်ကထဲက အခန်းထဲ ဝင်သွားတာ ခုထိပဲ'

'ဒီည ညစာကို ဝန်းရံအကြိုက်တွေပဲ ချက်ပေးထားနော်'

'အေးပါ သားရယ် အန်တီ လုပ်ပေးမယ်'

အန်တီကြီးကို မှာစရာရှိတာတွေ မှာပြီးနောက် မာန ကားထဲက တစ်စုံတစ်ခုကို ပွေ့ယူကာ အပေါ်ထပ်ကို တက်ခဲ့လိုက်သည်

ဒေါက် ဒေါက်

မာန ဝန်းရံအခန်းတံခါးကို နှစ်ချက်လောက် ခေါက်လိုက်သည် အထဲက ဘာသံမှမကြားရ

မာန စိတ်ဓာတ်ကျကာ သက်ပြင်းချချိန် အထဲက လော့ဖွင့်သံ ကြားလိုက်ရသည် တံခါးတော့ ပွင့်မလာ

မာန တံခါးကို နဲနဲလေးဟရုံ ဆွဲဖွင့်ကာ သူ့လက်ထဲကဟာကို လွှတ်ပေးလိုက်သည်

ခဏလောက် ကြာသောအခါ

'အား...ချစ်ဖို့ကောင်းလိုက်တာ'

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now