Part-4

20.9K 1.6K 25
                                    

(Zawgyi)

မာန ခန်းမထဲ ပြန်​ဝင်​လာခဲ့​တော့ ဝန်းရံက ဒယ်​ဒီမိတ်​​ဆွေ​တွေနှင့်​ အဖွဲ့ကျ​နေပါပြီ

အမယ်​ မနက်​က အာပြဲကြီးနဲ့ ငိုထားတာ သူမဟုတ်​တဲ့အတိုင်း ပြုံးလို့ရွှင်​လို့

စကား​တွေကလဲ များလိုက်​တာမှ တစ်​ဝိုင်းလုံးရဲ့ ဦး​ဆောင်​ပြီး စကား​ပြောသူက ဝန်းရံ

မာန စကားဝိုင်းနားကို ​လျှောက်​သွားလိုက်​​တော့ အကုန်​လုံးရဲ့ အကြည့်​​တွေက မာနဆီ​ရောက်​လာသည်

ဝန်းရံက မ​ကျေမနပ်​ မျက်​​စောင်းလှမ်းထိုးတာကို မာနမြင်​ဖြစ်​​အောင်​ မြင်​လိုက်​​သေးသည်

'ဒါ ဦး​နေမင်းရှိန်​ရဲ့ သားကြီးမလား'

ဝိုင်းထဲမှ ဒယ်​ဒီမိတ်​​ဆွေ တစ်​​ယောက်​က လှမ်း​မေးသည်

'ဟုတ်​ကဲ့ ကျွန်​​တော့်​နာမည်​ မင်းမာနပါ ​တွေ့ရတာ ဝမ်းသာပါတယ်​'

'ဦး​နေမင်းရှိန်​ သား​တွေက​တော့ တစ်​​ယောက်​ကလဲ ခန့်​​ချောကြီး ​နောက်​တစ်​​ယောက်​ကလဲ ချစ်​ဖို့​ကောင်းလိုက်​တာမှ အရမ်းပဲ'

မာနပြုံးပြီးပဲ နား​ထောင်​​နေလိုက်​သည်​ ဝန်းရံက​တော့ ပါးချိုင့်​​လေး​တွေပါ ​ပေါ်သည်​အထိ ရီ​နေ​တော့သည်

ဧည့်​ခံပွဲက မနက်​ပိုင်းပဲ ဆို​ပေမဲ့ ဧည့်​သည်​​တွေ တစ်​ဖွဲဖွဲနှင့်​ ​ရောက်​လာကြတာမို့ ည​နေထိ ကြာသွား​တော့သည်

ဧည့်​သည်​​တွေ အကုန်​လုံးကို နှုတ်​ဆက်​ပြီး​သောအခါ

'သား မာန​ရေ'

'ဟုတ်​ မာမီ ဘာကိစ္စရှိလို့​လေ'

'မာမီတို့ ခရီးက​နေ အချိန်​သိပ်​မရ​တော့လို့ ခုသွားမှဖြစ်​မယ်​'

'ဟုတ်​ သွား​လေ ရတယ်​ ကျွန်​​တော်​ပဲ ကျန်​တာအကုန်​ ဆက်​လုပ်​လိုက်​မယ်​'

'မဟုတ်​ပါဘူးကွယ်​ မာမီစိတ်​ပူတာ ဝန်းရံကိုပါ သားမာနအတွက်​ အဆင်​​ပြေပါ့မလားလို့'

လာပြန်​ပြီ ဒီက​လေးပဲလား

'ရတယ်​ မာမီ ကျွန်​​တော်​အဆင်​​ပြေတယ်​ သူ့ကိုလဲ စိတ်​မပူနဲ့ ခရီးမှာ ​ပျော်​​အောင်​သာ ​နေခဲ့ကြ'

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now