FOD Extra 1 - Chapter (2-5)
ဒီစကားေျပာၿပီး ရႊယ္ဇီရႊမ္က ထြက္သြားေတာ့သည္။
"ဘာေၾကာင့္လဲ.."
က်ိဳးယြင္ရွန္႔က သြားေစ့ၿပီး ေမးလိုက္သည္။ သူ႔လက္ေခ်ာင္းမ်ားက နာက်င္လြန္းလို႔ တုန္ယင္လို႔ေနသည္။
"ဒီစႏၵရားသံက ဝိညာဥ္ကင္းမဲ့တဲ့ အေလာင္းေကာင္ လမ္းေလွ်ာက္သံနဲ႔တူတယ္.."
တံခါးက ေဆာင့္ပိတ္သြားခဲ့သည္။ က်ိဳးယြင္ရွန္႔က နီရဲေယာင္ယမ္းေနသည့္ လက္မ်ားျဖင့္ မ်က္လံုးကို ပြတ္သပ္လိုက္မိသည္။ သူ႔မ်က္ႏွာက ျဖဴေဖ်ာ့လို႔ေနသည္။ ပထမ ေဒါသထြက္ေနသည့္ ရႊယ္က်င္းရီက ေက်နပ္ေပ်ာ္ရႊင္စြာျဖင့္ ေငြဆည္းလည္းလို ခပ္သာသာရယ္ေမာလိုက္သည္။ သူမ၏မ်က္ဝန္းမ်ားက ေက်နပ္စြာ ပိတ္က်သည္ထိ ရယ္ေမာေနၿပီး ေျပာလိုက္သည္။
"နင္ ဒီအခန္းထဲဝင္ရင္ အေဖနဲ႔အေမကိုေျပာၿပီး ေမာင္းထုတ္ပစ္မယ္လို႔ ငါသတိေပးဖူးခဲ့တယ္မလား.. ခုေတာ့ ထားလိုက္ေတာ့.. အစ္ကိုႀကီးက နင့္ကို သင္ခန္းစာေပးလိုက္ၿပီ.. ဒီတစ္ခါ နင့္ကို ငါ ခြင့္လႊတ္လိုက္မယ္.. စိတ္ဝိညာဥ္မပါဘူး ဟုတ္လား.. လူေသလမ္းေလွ်ာက္သံလိုပဲ ဟုတ္လား.. နင္ ဘယ္လုိေတာင္ တီးလိုက္တာလဲ.. ငါၾကားဖူးသမွ်ထဲမွာ အဆိုးဝါးဆံုးေကာက္ခ်က္ပဲ.."
သူမက အရမ္းကိုေပ်ာ္ေနသည္။ ဒီေကာင္ေလးကို သူမအစ္ကိုႀကီးက အရွက္ခြဲ႐ိုက္ခ်ိဳးလိုက္သည္ကို ၾကည့္ၿပီး ရင္ထဲကစိုးရိမ္ပူပန္မႈအားလံုး ေပ်ာက္သြားသလိုပင္။ ဒီလိုျဖစ္ေအာင္ သူမ ေစာင့္ၾကည့္ရက်ိဳး နပ္သြားသည္။ ပါရမီရွင္ ဟုတ္လား.. ဟမ့္..။
က်ိဳးယြင္ရွန္႔က သူမ၏သေရာ္စကားကို မတံု႔ျပန္ဘဲ သူ႔အခန္းထဲ လ်င္ျမန္စြာျပန္လာခဲ့သည္။ အခန္းထဲေရာက္ေတာ့ system က အလုပ္ၿပီးေျမာက္ေၾကာင္းေျပာလာေတာ့ ေဒါသေတြလြင့္ျပယ္သြားေပမယ့္ ျပင္းထန္စြာ ရယ္ေမာလိုက္သည္။
"ဒီလုိျဖစ္မွာကို မင္းက အေစာႀကီးကတည္းက သိထားၿပီးသားမဟုတ္ဘူးလား.. ငါက ေသာက္ဗီလိန္ျဖစ္ၿပီး ဇာတ္လိုက္ေတြရဲ့ ႏွိပ္စက္တာကို ထပ္ခါထပ္ခါခံရမယ့္ေကာင္ပဲ.. fuck.."
က်ိဳးယြင္ရွန္႔က ကြန္ပ်ဴတာကိုဖြင့္ၿပီး သူလုပ္ထားတဲ့စႏၵရားတီးေလ့က်င့္သည့္ software ကို ျပန္စစ္ေဆးလိုက္သည္။ ဒီ software က လံုးဝၿပီးျပည့္စံုၿပီး မည္သည့္ခ်ိဳ႕ယြင္းခ်က္မွ မရွိေပ။ သူက နာက်င္ေနသည့္ေဝဒနာကို သည္းခံကာ ကြန္ပ်ဴတာခလုတ္ကိုႏွိပ္ကာ ေလ့က်င့္ရင္းေျပာလိုက္သည္။
"ဒီတီးခတ္တဲ့နည္းစနစ္ကို ၾကည့္ေလ.. တီးလံုးနဲ႔ ရစ္သမ္ေတြကို ၾကည့္လိုက္၊ လံုးဝျပည့္စံုတယ္.. ဒါက နည္းပညာအဆင့္ျမင့္ software တစ္ခုပဲ.. လံုးဝေကာင္းမြန္တယ္.. ဘာမွမမွားဘူး.. ဘာဝိညာဥ္မရွိဘူးလဲ.. ဘာ လူေသလမ္းေလွ်ာက္သလိုလဲ.. ကၽြတ္.. နားေထာင္လိုက္တာနဲ႔ ၿပီးျပည့္စံုတယ္ဆိုတာ မင္းက ဘယ္လိုနားလည္ႏိုင္မွာလဲ.."
System က သူေျပာသမွ်ကို မတံု႔ျပန္ႏိုင္တာကိုသိေပမယ့္ က်ိဳးယြင္ရွန္႔က အေတာ္ၾကာ ေရရြတ္ေျပာဆိုေနၿပီးမွ စိတ္ၿငိမ္သြားခဲ့သည္။ ဖူဘိုက မ်က္ႏွာတင္းတင္းႏွင့္ တံခါးဖြင့္ၾကည့္လာခ်ိန္တြင္ သူအိပ္ဖို႔ျပင္ေနသည္။
"မင္း ဒီေန႔ စႏၵရားခန္းထဲဝင္သြားၿပီး သခင္ေလးကို ေဒါသထြက္ေအာင္ လုပ္ခဲ့တယ္လို႔ ငါၾကားခဲ့တယ္.."
သူ႔မ်က္ႏွာထက္က စိတ္ပ်က္ျခင္းႏွင့္ အထင္ေသးရြံရွာျခင္းတို႔ ျပည့္ေနၿပီး ေအးစက္စြာ သတိေပးခဲ့သည္။
"မင္း ဒီအိမ္ထဲကဘယ္ေနရာကိုမဆို သြားလို႔ရေပမယ့္ စႏၵရားခန္းထဲ ထပ္မသြားရဘူး.. ေနာက္ထပ္အမွားက်ဴးလြန္ရင္ သခင္နဲ႔သခင္မကို ေျပာျပၿပီး မင္းကို ရြာျပန္ပို႔ခိုင္းမယ္.."
တစ္ေယာက္ၿပီးတစ္ေယာက္ သူတို႔က ဒီစကားပဲေျပာၿပီး သူ႔ကိုၿခိမ္းေျခာက္ေနခဲ့သည္။ မင္းတို႔ျပန္ပို႔လိုက္မယ္ဆိုရင္ ဒီသခင္ေလးက အႀကိဳက္ေပါ့။ မင္းလုပ္ရဲရင္လုပ္ေပါ့။ ေခြးမသားႀကီး.. မင္း ေသာက္ပြစိပြစိေျပာေနတာ မရပ္ႏိုင္ေသးဘူး။
က်ိဳးယြင္ရွန္႔က စိတ္ထဲကေန ေလွာင္ေျပာင္ေနေပမယ့္ အျပင္ပန္းကေတာ့ အိပ္ယာေထာင့္မွာ ကိုယ္ကိုက်ံဳ႕ေနၿပီး ေၾကာက္ရြံ႕ခ်င္ေယာင္ ေဆာင္လိုက္သည္။
ရႊယ္အိမ္က အေျခအေနနဲ႔ သူ႔ရြာကိုယွဥ္ၾကည့္လိုက္ရင္ ရႊယ္အိမ္ကေျမႀကီး၊ သူ႔ရြာက ေကာင္းကင္လိုမ်ိဳး ကြာျခားလွသည္။ ဒီရႊယ္အိမ္မွာ ေခြးတစ္ေကာင္အဆင့္သာသာ ေနသည္ထက္ သူ႔ရြာမွာေနရတာ အမ်ားႀကီးပိုေကာင္းသည္။ ဖူဘိုက သူ႔စိတ္နဲ႔ႏိႈင္းၿပီး ဒီေကာင္ေလးက ဒီရႊယ္အိမ္ကေန ဘယ္လိုမွမခြာႏိုင္ဘူးလို႔ ေကာက္ခ်က္ခ်လိုက္ၿပီး လက္ထဲကိုင္လာသည့္ ေဆးေသတၱာကို ၾကမ္းျပင္ေပၚခ်ကာ ေျပာလိုက္သည္။
"ကိုယ့္ဘာသာ ဒဏ္ရာကို ေဆးထည့္လိုက္.. ငါ မအားဘူး.."
က်ိဳးယြင္ရွန္႔က ေဆးဆီကိုယူၿပီး နီရဲေနသည့္ဒဏ္ရာေပၚ လိမ္းလိုက္သည္။ သူ႔လက္ေခ်ာင္းေတြ လႈပ္လို႔ရေသးသည္ဆိုေတာ့ က်ိဳးသြားသည့္ပံုမေပၚေပ။ ရႊယ္မိသားစုက သူ႔ကို ေဆး႐ံုေခၚသြားၿပီး လက္ေခ်ာင္းေတြကို ဓာတ္မွန္႐ိုက္ေပးဖို႔ စိတ္ကူးမည့္ပံုမေပၚေပ။ သူ႔လက္ေခ်ာင္းေတြ က်ိဳးၿပီး သူ႔ကလီစာေတြ တစ္ခုခုျဖစ္သြားရင္ေတာင္ သူ႔ႏွလံုးက အေကာင္းပကတိႏွင့္ ခုန္ေနေသးသေရြ႕ သူတို႔က ဂ႐ုစိုက္မည္မဟုတ္ေပ။
ပံုမွန္မဟုတ္တဲ့ အ႐ူးေကာင္ေတြ.. ေခြးသားေတြ..။
က်ိဳးယြင္ရွန္႔က ရႊယ္မိသားစုနဲ႔ သူတို႔ဘိုးေဘးေတြကိုပါ အႀကိမ္ရာေထာင္ခ်ီ ဆဲလိုက္သည္။ အဲ့ဒီေန႔ကစၿပီး ဖူဘိုက လက္ေထာက္တစ္ေယာက္ကို က်ိဳးယြင္ရွန္႔သြားေလရာ တေကာက္ေကာက္လိုက္ၿပီး လုပ္သမွ်ကို ရႊယ္ေလြ႕ဆီ အစီရင္ခံေစသည္။ ခြင့္ျပဳခ်က္မရွိဘဲ စႏၵရားကိုကိုင္ခဲ့လို႔ ရႊယ္မိသားစုက မေက်နပ္ၾကေပ။ ရႊယ္လီဒန္နီက သူမသမီး ရႊယ္က်င္းရီကို ဒီလိုစည္းကမ္းမရွိ၊ ညစ္ညမ္းသည့္ေကာင္ေလးႏွင့္ မပတ္သက္မိေစရန္ တင္းၾကပ္စြာေျပာခဲ့သည္။
ဒီဟာေတြက အေၾကာင္းျပခ်က္ သက္သက္သာျဖစ္ၿပီး တကယ္ေတာ့ ရႊယ္က်င္းရီက သူမအမႊာအစ္ကိုႏွင့္ ရင္းႏွီးသြားၿပီး တစ္ေန႔ သူေပ်ာက္ကြယ္သြားသည့္အခါ သူတို႔သမီး စိတ္ထိခိုက္မွာစိုးရိမ္ေနၾကသည္။ ရႊယ္က်င္းရီက သူမခင္ပြန္းတို႔ စကားေျပာေနသည္ကို ခိုးနားေထာင္ၿပီး သူမအစ္ကိုျဖစ္သူကို ေခၚလာေပးဖို႔ ေတာင္းဆိုခဲ့လို႔သာ ခုလိုေခၚလာရျခင္းျဖစ္သည္။ မဟုတ္ရင္ မူလအစီအစဥ္အတိုင္း ေကာင္ေလးကို တစ္ေနရာမွာခ်ဳပ္ထားၿပီး ခြဲစိတ္မည့္အခ်ိန္က်မွ ရႊယ္အိမ္ေတာ္ကို ေခၚေဆာင္လာမည္ျဖစ္သည္။
ရႊယ္က်င္းရီက အေပၚယံေတာ့ သူမအစ္ကိုကို ကာကြယ္ေပးသလိုႏွင့္ သူမစိတ္ထဲကေတာ့ ခုလိုျဖစ္သြားတာကို က်ိတ္ဝမ္းသာေနသည္။ ေကာင္ေလးကို သူမမိသားစုထဲက ေမာင္းထုတ္ႏိုင္မယ့္နည္းကို သိၿပီဟု ထင္ေနသည္။ ဒီေကာင္ေလးကို သူမမိဘနဲ႔ အစ္ကိုတို႔ ပိုမုန္းေအာင္လုပ္ခ်င္ေပမယ့္ သဲလြန္စမက်န္ေအာင္ ဘယ္ကစလုပ္ရမည္မသိ ျဖစ္ေနသည္။
သူ႔အေပၚ ရႊယ္မိသားစု၏သေဘာထား ေျပာင္းလဲလာသည္ကို က်ိဳးယြင္ရွန္႔ သိသည္။ သူတို႔က သူ႔ႏွလံုးကိုရခ်င္လို႔ စမ္းသပ္ခန္းထဲကၾကြက္ျဖဴလို သေဘာထားတာကို သိသည္။ ရႊယ္ဇီရႊမ္က သူနဲ႔ တစ္စားပြဲထဲမစားခ်င္သည္ကို သိေသာေၾကာင့္ က်ိဳးယြင္ရွန္႔က ဖူဘို႔ကို သူ႔အတြက္စားစရာကို အခန္းထဲပဲပို႔ခိုင္းလိုက္သည္။
က်ိဳးယြင္ရွန္႔၏ဆံပင္က ပိုပိုရွည္လာသလို သူ႔အတြက္ေပးတဲ့အဝတ္အစားက ပိုပိုၿပီး မိန္းကေလးဆန္လာခဲ့သည္။ အိမ္ထဲ အၾကာႀကီးေနရသျဖင့္ သူ႔အသားအေရက ျဖဴၿပီး ေဖ်ာ့ေတာ့လာၿပီး သူ႔ပံုစံက ဒုတိယရႊယ္က်င္းရီႏွင့္ တူလာသည္။ မိသားစုဆရာဝန္က ပံုမွန္အိမ္ကိုလာၿပီး အေရွ႕တိုင္းႏွင့္အေနာက္တိုင္း ေဆးပညာေရာေႏွာၿပီး ကုသေပးေနသည္။
ဒီေမာင္ႏွမက ရွားပါးေသာ Bombay ေသြးအုပ္စုေတြျဖစ္ၾကၿပီး ဒီေသြးက တ႐ုတ္ျပည္တစ္ျပည္လံုးမွာ 40% ေသာလူကသာ ပိုင္ဆိုင္ၾကသည္။ ဒါေၾကာင့္ ရႊယ္က်င္းရီႏွလံုးကို အစားထိုးဖို႔ အလွဴရွင္ကိုရွာသည့္အခါ ေသြးအုပ္စုႏွင့္ တစ္သွ်ဴးဆဲလ္ ထပ္တူညီသည့္သူကို ရွာေဖြဖို႔ အရမ္းခက္ခဲေသာေၾကာင့္ ေဝးလံေခါင္သီသည့္ ေက်းရြာက ရႊယ္က်င္းရီ၏ အမႊာအစ္ကိုကိုေခၚဖို႔ မဒမ္ရႊယ္လီဒန္နီက သေဘာတူလိုက္ျခင္းျဖစ္သည္။ ဒီေကာင္ေလးရဲ့မိဘေတြက ေသဆံုးသြားၿပီးျဖစ္တဲ့အျပင္ အမႊာေကာင္ေလးက ေသြးအမ်ိဳးအစားလည္းတူ၊ က်န္းမာေသာႏွလံုးတစ္စံုႏွင့္ ဆဲလ္တစ္သွ်ဴးလည္းတူေသာေၾကာင့္ ဒီေကာင္ေလးနဲ႔ဆိုရင္ သူတို႔သမီး လံုးဝျပန္ေကာင္းလာမွာ ေသခ်ာသည္။
ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေလး သမ္းလာေသာေၾကာင့္ သူတို႔လင္မယားက ဒီအခြင့္အေရးကို လက္လြတ္မခံဘဲ ခ်က္ခ်င္းေခၚလာသလို သူတို႔သမီးရဲ့ကိုယ္ခႏၶာကို ေသခ်ာျပဳစုေပးထားသည္။ မလိုလားအပ္ေသာ ျပႆနာမေပၚေစဖို႔ ျဖစ္ႏိုင္သမွ်ျမန္ျမန္ ႏွလံုးအစားထိုးဖို႔ စဥ္းစားထားၾကသည္။
က်ိဳးယြင္ရွန္႔ရဲ့က်န္းမာေရးကိုလည္း ေန႔စဥ္စစ္ေဆးေပးၿပီး ဆရာဝန္က ေကာင္ေလးရဲ့လက္က ဒဏ္ရာကိုေတြ႕ေတာ့ ပတ္တီးနဲ႔ ေသခ်ာစည္းေပးေပမယ့္ ဓာတ္မွန္႐ိုက္ဖို႔မေျပာေပ။ ေျခလက္မွာဒဏ္ရာရ႐ံုက ႏွလံုးကို ဘာမွမထိခိုက္ေပ။ ဘာျဖစ္ျဖစ္ သူက ေသေတာ့မယ့္လူပဲေလ။
ရႊယ္ဇီရႊမ္က ခုရက္အလုပ္မ်ားေသာေၾကာင့္ အိမ္ကိုျပန္မလာျဖစ္ေပ။ ဒါ့အျပင္ အိမ္ကို လူစိမ္းတစ္ေယာက္ေရာက္လာတာက သူ႔ကို မသက္မသာျဖစ္ေစသည္။ ၿပီးေတာ့ သူ႔ရဲ့သံစံုတီးဝိုင္း ေဖ်ာ္ေျဖေရးက နီးကပ္လာေသာေၾကာင့္ သူ႔လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္ ေလ့က်င့္ေနရသျဖင့္ အလုပ္မ်ားေနသည္။
"OK.. ဒီတစ္ခါေတာ့ ဘာျပႆနာမွမရွိဘူး.. ေနာက္တစ္ခါဆိုရင္ ရစ္သမ္ေတြမွတ္တဲ့ metronome ကိရိယာမသံုးဘဲ ေလ့က်င့္ၾကတာေပါ့.."
သံစံုတီးဝိုင္းဆရာက တီးဝိုင္းအဖြဲ႕ဝင္မ်ားကို လက္ေဝွ႔ယမ္းၿပီး ေျပာလိုက္သည္။ ရႊယ္ဇီရႊမ္က စႏၵရားမွထကာ ေျခႏွစ္လွမ္းသာ လွမ္းရေသးသည္၊ ၾကမ္းျပင္ေပၚ သတိလစ္ လဲက်သြားေတာ့သည္။
"ဟာ.. မေကာင္းေတာ့ဘူး.. မစၥတာရႊယ္ သတိေမ့သြားၿပီ.. ျမန္ျမန္.. 120 ကို ဖုန္းေခၚလိုက္.."
လူေတြက သူ႔နားဝိုင္းလာၾကေပမယ့္ ဘယ္သူမွမထိရဲၾကေပ။ အားလံုးက တစ္ၿပိဳင္တည္း အေရးေပၚဖုန္းနံပါတ္ကို ႏွိပ္ေနၾကသည္။ ရႊယ္ဇီရႊမ္က ႏွစ္နာရီၾကာ သတိလစ္သြားၿပီး သတိမရေသးသည္ကို ရႊယ္အိမ္ကသိသြားၿပီး ေဆး႐ံုမွာ စစ္ေဆးေပမယ့္ ပံုမွန္မဟုတ္တာ ဘာမွမေတြ႕ရသျဖင့္ ေစာင့္ၾကည့္ေနၾကသည္။
ရႊယ္လီဒန္နီက ျပည္ပတြင္ ေဖ်ာ္ေျဖေနရသျဖင့္ ရႊယ္ေလြ႕က အိမ္ျပန္လာၿပီး အဝတ္အစားႏွင့္ ေန႔စဥ္သံုးပစၥည္းကိုယူၿပီး ဖူဘို႔ကို လိုအပ္တာမွာၾကားလိုက္သည္။ စိတ္ပူေနသျဖင့္ ရႊယ္ေလြ႕က အသံတိုးေျပာရန္ ေမ့သြားသျဖင့္ ရႊယ္က်င္းရီကသိသြားၿပီး ေဆး႐ံုလိုက္ခ်င္ေၾကာင္း ငိုယိုေတာ့သည္။
က်ိဳးယြင္ရွန္႔၏လက္ေခ်ာင္းမ်ားက ညိဳမည္းေနဆဲျဖစ္ေသာေၾကာင့္ game လည္းေဆာ့လို႔မရသျဖင့္ video တခ်ိဳ႕ၾကည့္ရန္ လုပ္ေနေပမယ့္ ေအာက္ထပ္မွအသံမ်ားကို ၾကားလိုက္ရသည္။ ပထမ သူက ဝင္ပါဖို႔စိတ္ကူးမရွိေပမယ့္ ရႊယ္က်င္းရီေအာ္ငိုေနသံကို ၾကားေတာ့ ဝမ္းေျမာက္ဝမ္းသာၾကည့္ဖို႔ ေအာက္ကိုဆင္းလာခဲ့သည္။
"အန္ကယ္ရႊယ္.. ဘာျဖစ္လို႔လဲ.."
သူက ေလွကားထိပ္မွာရပ္ၿပီး စိတ္႐ႈပ္ေထြးသည့္အၾကည့္ျဖင့္ ေမးလိုက္သည္။
"ဘာမွမျဖစ္ဘူး.. မင္းအခန္းကို ျပန္သြားလိုက္.."
ရႊယ္ေလြ႕က အတင္းၿပံဳးၿပီး ေျပာလိုက္သည္။ ရႊယ္က်င္းရီက ဆူညံစြာငိုေနတာရပ္သြားၿပီး မ်က္ရည္ကို တိတ္တဆိတ္သုတ္လိုက္သည္။
က်ိဳးယြင္ရွန္႔ သူ႔အိပ္ခန္းကို လိမၼာစြာျပန္လာၿပီး နားေထာင္ၾကည့္ေတာ့ ရႊယ္ဇီရႊမ္ ေမ့လဲၿပီး ေဆး႐ံုေရာက္ေနသည္ကို သိလိုက္ရသည္။
"ေခြးသား.. ဒါ မင္းအတြက္ အေကာင္းဆံုးပဲ.."
သူ႔မ်က္ဝန္းေတြ ေမွးစင္းလိုက္ၿပီး ညစ္က်ယ္က်ယ္ ၿပံဳးလိုက္သည္။
===================
FOD Extra 1 - Chapter (2-5)
ဒီစကားပြောပြီး ရွှယ်ဇီရွှမ်က ထွက်သွားတော့သည်။
"ဘာကြောင့်လဲ.."
ကျိုးယွင်ရှန့်က သွားစေ့ပြီး မေးလိုက်သည်။ သူ့လက်ချောင်းများက နာကျင်လွန်းလို့ တုန်ယင်လို့နေသည်။
"ဒီစန္ဒရားသံက ဝိညာဉ်ကင်းမဲ့တဲ့ အလောင်းကောင် လမ်းလျှောက်သံနဲ့တူတယ်.."
တံခါးက ဆောင့်ပိတ်သွားခဲ့သည်။ ကျိုးယွင်ရှန့်က နီရဲယောင်ယမ်းနေသည့် လက်များဖြင့် မျက်လုံးကို ပွတ်သပ်လိုက်မိသည်။ သူ့မျက်နှာက ဖြူဖျော့လို့နေသည်။ ပထမ ဒေါသထွက်နေသည့် ရွှယ်ကျင်းရီက ကျေနပ်ပျော်ရွှင်စွာဖြင့် ငွေဆည်းလည်းလို ခပ်သာသာရယ်မောလိုက်သည်။ သူမ၏မျက်ဝန်းများက ကျေနပ်စွာ ပိတ်ကျသည်ထိ ရယ်မောနေပြီး ပြောလိုက်သည်။
"နင် ဒီအခန်းထဲဝင်ရင် အဖေနဲ့အမေကိုပြောပြီး မောင်းထုတ်ပစ်မယ်လို့ ငါသတိပေးဖူးခဲ့တယ်မလား.. ခုတော့ ထားလိုက်တော့.. အစ်ကိုကြီးက နင့်ကို သင်ခန်းစာပေးလိုက်ပြီ.. ဒီတစ်ခါ နင့်ကို ငါ ခွင့်လွှတ်လိုက်မယ်.. စိတ်ဝိညာဉ်မပါဘူး ဟုတ်လား.. လူသေလမ်းလျှောက်သံလိုပဲ ဟုတ်လား.. နင် ဘယ်လိုတောင် တီးလိုက်တာလဲ.. ငါကြားဖူးသမျှထဲမှာ အဆိုးဝါးဆုံးကောက်ချက်ပဲ.."
သူမက အရမ်းကိုပျော်နေသည်။ ဒီကောင်လေးကို သူမအစ်ကိုကြီးက အရှက်ခွဲရိုက်ချိုးလိုက်သည်ကို ကြည့်ပြီး ရင်ထဲကစိုးရိမ်ပူပန်မှုအားလုံး ပျောက်သွားသလိုပင်။ ဒီလိုဖြစ်အောင် သူမ စောင့်ကြည့်ရကျိုး နပ်သွားသည်။ ပါရမီရှင် ဟုတ်လား.. ဟမ့်..။
ကျိုးယွင်ရှန့်က သူမ၏သရော်စကားကို မတုံ့ပြန်ဘဲ သူ့အခန်းထဲ လျင်မြန်စွာပြန်လာခဲ့သည်။ အခန်းထဲရောက်တော့ system က အလုပ်ပြီးမြောက်ကြောင်းပြောလာတော့ ဒေါသတွေလွင့်ပြယ်သွားပေမယ့် ပြင်းထန်စွာ ရယ်မောလိုက်သည်။
"ဒီလိုဖြစ်မှာကို မင်းက အစောကြီးကတည်းက သိထားပြီးသားမဟုတ်ဘူးလား.. ငါက သောက်ဗီလိန်ဖြစ်ပြီး ဇာတ်လိုက်တွေရဲ့ နှိပ်စက်တာကို ထပ်ခါထပ်ခါခံရမယ့်ကောင်ပဲ.. fuck.."
ကျိုးယွင်ရှန့်က ကွန်ပျူတာကိုဖွင့်ပြီး သူလုပ်ထားတဲ့စန္ဒရားတီးလေ့ကျင့်သည့် software ကို ပြန်စစ်ဆေးလိုက်သည်။ ဒီ software က လုံးဝပြီးပြည့်စုံပြီး မည်သည့်ချို့ယွင်းချက်မှ မရှိပေ။ သူက နာကျင်နေသည့်ဝေဒနာကို သည်းခံကာ ကွန်ပျူတာခလုတ်ကိုနှိပ်ကာ လေ့ကျင့်ရင်းပြောလိုက်သည်။
"ဒီတီးခတ်တဲ့နည်းစနစ်ကို ကြည့်လေ.. တီးလုံးနဲ့ ရစ်သမ်တွေကို ကြည့်လိုက်၊ လုံးဝပြည့်စုံတယ်.. ဒါက နည်းပညာအဆင့်မြင့် software တစ်ခုပဲ.. လုံးဝကောင်းမွန်တယ်.. ဘာမှမမှားဘူး.. ဘာဝိညာဉ်မရှိဘူးလဲ.. ဘာ လူသေလမ်းလျှောက်သလိုလဲ.. ကျွတ်.. နားထောင်လိုက်တာနဲ့ ပြီးပြည့်စုံတယ်ဆိုတာ မင်းက ဘယ်လိုနားလည်နိုင်မှာလဲ.."
System က သူပြောသမျှကို မတုံ့ပြန်နိုင်တာကိုသိပေမယ့် ကျိုးယွင်ရှန့်က အတော်ကြာ ရေရွတ်ပြောဆိုနေပြီးမှ စိတ်ငြိမ်သွားခဲ့သည်။ ဖူဘိုက မျက်နှာတင်းတင်းနှင့် တံခါးဖွင့်ကြည့်လာချိန်တွင် သူအိပ်ဖို့ပြင်နေသည်။
"မင်း ဒီနေ့ စန္ဒရားခန်းထဲဝင်သွားပြီး သခင်လေးကို ဒေါသထွက်အောင် လုပ်ခဲ့တယ်လို့ ငါကြားခဲ့တယ်.."
သူ့မျက်နှာထက်က စိတ်ပျက်ခြင်းနှင့် အထင်သေးရွံရှာခြင်းတို့ ပြည့်နေပြီး အေးစက်စွာ သတိပေးခဲ့သည်။
"မင်း ဒီအိမ်ထဲကဘယ်နေရာကိုမဆို သွားလို့ရပေမယ့် စန္ဒရားခန်းထဲ ထပ်မသွားရဘူး.. နောက်ထပ်အမှားကျူးလွန်ရင် သခင်နဲ့သခင်မကို ပြောပြပြီး မင်းကို ရွာပြန်ပို့ခိုင်းမယ်.."
တစ်ယောက်ပြီးတစ်ယောက် သူတို့က ဒီစကားပဲပြောပြီး သူ့ကိုခြိမ်းခြောက်နေခဲ့သည်။ မင်းတို့ပြန်ပို့လိုက်မယ်ဆိုရင် ဒီသခင်လေးက အကြိုက်ပေါ့။ မင်းလုပ်ရဲရင်လုပ်ပေါ့။ ခွေးမသားကြီး.. မင်း သောက်ပွစိပွစိပြောနေတာ မရပ်နိုင်သေးဘူး။
ကျိုးယွင်ရှန့်က စိတ်ထဲကနေ လှောင်ပြောင်နေပေမယ့် အပြင်ပန်းကတော့ အိပ်ယာထောင့်မှာ ကိုယ်ကိုကျုံ့နေပြီး ကြောက်ရွံ့ချင်ယောင် ဆောင်လိုက်သည်။
ရွှယ်အိမ်က အခြေအနေနဲ့ သူ့ရွာကိုယှဉ်ကြည့်လိုက်ရင် ရွှယ်အိမ်ကမြေကြီး၊ သူ့ရွာက ကောင်းကင်လိုမျိုး ကွာခြားလှသည်။ ဒီရွှယ်အိမ်မှာ ခွေးတစ်ကောင်အဆင့်သာသာ နေသည်ထက် သူ့ရွာမှာနေရတာ အများကြီးပိုကောင်းသည်။ ဖူဘိုက သူ့စိတ်နဲ့နှိုင်းပြီး ဒီကောင်လေးက ဒီရွှယ်အိမ်ကနေ ဘယ်လိုမှမခွာနိုင်ဘူးလို့ ကောက်ချက်ချလိုက်ပြီး လက်ထဲကိုင်လာသည့် ဆေးသေတ္တာကို ကြမ်းပြင်ပေါ်ချကာ ပြောလိုက်သည်။
"ကိုယ့်ဘာသာ ဒဏ်ရာကို ဆေးထည့်လိုက်.. ငါ မအားဘူး.."
ကျိုးယွင်ရှန့်က ဆေးဆီကိုယူပြီး နီရဲနေသည့်ဒဏ်ရာပေါ် လိမ်းလိုက်သည်။ သူ့လက်ချောင်းတွေ လှုပ်လို့ရသေးသည်ဆိုတော့ ကျိုးသွားသည့်ပုံမပေါ်ပေ။ ရွှယ်မိသားစုက သူ့ကို ဆေးရုံခေါ်သွားပြီး လက်ချောင်းတွေကို ဓာတ်မှန်ရိုက်ပေးဖို့ စိတ်ကူးမည့်ပုံမပေါ်ပေ။ သူ့လက်ချောင်းတွေ ကျိုးပြီး သူ့ကလီစာတွေ တစ်ခုခုဖြစ်သွားရင်တောင် သူ့နှလုံးက အကောင်းပကတိနှင့် ခုန်နေသေးသရွေ့ သူတို့က ဂရုစိုက်မည်မဟုတ်ပေ။
ပုံမှန်မဟုတ်တဲ့ အရူးကောင်တွေ.. ခွေးသားတွေ..။
ကျိုးယွင်ရှန့်က ရွှယ်မိသားစုနဲ့ သူတို့ဘိုးဘေးတွေကိုပါ အကြိမ်ရာထောင်ချီ ဆဲလိုက်သည်။ အဲ့ဒီနေ့ကစပြီး ဖူဘိုက လက်ထောက်တစ်ယောက်ကို ကျိုးယွင်ရှန့်သွားလေရာ တကောက်ကောက်လိုက်ပြီး လုပ်သမျှကို ရွှယ်လွေ့ဆီ အစီရင်ခံစေသည်။ ခွင့်ပြုချက်မရှိဘဲ စန္ဒရားကိုကိုင်ခဲ့လို့ ရွှယ်မိသားစုက မကျေနပ်ကြပေ။ ရွှယ်လီဒန်နီက သူမသမီး ရွှယ်ကျင်းရီကို ဒီလိုစည်းကမ်းမရှိ၊ ညစ်ညမ်းသည့်ကောင်လေးနှင့် မပတ်သက်မိစေရန် တင်းကြပ်စွာပြောခဲ့သည်။
ဒီဟာတွေက အကြောင်းပြချက် သက်သက်သာဖြစ်ပြီး တကယ်တော့ ရွှယ်ကျင်းရီက သူမအမွှာအစ်ကိုနှင့် ရင်းနှီးသွားပြီး တစ်နေ့ သူပျောက်ကွယ်သွားသည့်အခါ သူတို့သမီး စိတ်ထိခိုက်မှာစိုးရိမ်နေကြသည်။ ရွှယ်ကျင်းရီက သူမခင်ပွန်းတို့ စကားပြောနေသည်ကို ခိုးနားထောင်ပြီး သူမအစ်ကိုဖြစ်သူကို ခေါ်လာပေးဖို့ တောင်းဆိုခဲ့လို့သာ ခုလိုခေါ်လာရခြင်းဖြစ်သည်။ မဟုတ်ရင် မူလအစီအစဉ်အတိုင်း ကောင်လေးကို တစ်နေရာမှာချုပ်ထားပြီး ခွဲစိတ်မည့်အချိန်ကျမှ ရွှယ်အိမ်တော်ကို ခေါ်ဆောင်လာမည်ဖြစ်သည်။
ရွှယ်ကျင်းရီက အပေါ်ယံတော့ သူမအစ်ကိုကို ကာကွယ်ပေးသလိုနှင့် သူမစိတ်ထဲကတော့ ခုလိုဖြစ်သွားတာကို ကျိတ်ဝမ်းသာနေသည်။ ကောင်လေးကို သူမမိသားစုထဲက မောင်းထုတ်နိုင်မယ့်နည်းကို သိပြီဟု ထင်နေသည်။ ဒီကောင်လေးကို သူမမိဘနဲ့ အစ်ကိုတို့ ပိုမုန်းအောင်လုပ်ချင်ပေမယ့် သဲလွန်စမကျန်အောင် ဘယ်ကစလုပ်ရမည်မသိ ဖြစ်နေသည်။
သူ့အပေါ် ရွှယ်မိသားစု၏သဘောထား ပြောင်းလဲလာသည်ကို ကျိုးယွင်ရှန့် သိသည်။ သူတို့က သူ့နှလုံးကိုရချင်လို့ စမ်းသပ်ခန်းထဲကကြွက်ဖြူလို သဘောထားတာကို သိသည်။ ရွှယ်ဇီရွှမ်က သူနဲ့ တစ်စားပွဲထဲမစားချင်သည်ကို သိသောကြောင့် ကျိုးယွင်ရှန့်က ဖူဘို့ကို သူ့အတွက်စားစရာကို အခန်းထဲပဲပို့ခိုင်းလိုက်သည်။
ကျိုးယွင်ရှန့်၏ဆံပင်က ပိုပိုရှည်လာသလို သူ့အတွက်ပေးတဲ့အဝတ်အစားက ပိုပိုပြီး မိန်းကလေးဆန်လာခဲ့သည်။ အိမ်ထဲ အကြာကြီးနေရသဖြင့် သူ့အသားအရေက ဖြူပြီး ဖျော့တော့လာပြီး သူ့ပုံစံက ဒုတိယရွှယ်ကျင်းရီနှင့် တူလာသည်။ မိသားစုဆရာဝန်က ပုံမှန်အိမ်ကိုလာပြီး အရှေ့တိုင်းနှင့်အနောက်တိုင်း ဆေးပညာရောနှောပြီး ကုသပေးနေသည်။
ဒီမောင်နှမက ရှားပါးသော Bombay သွေးအုပ်စုတွေဖြစ်ကြပြီး ဒီသွေးက တရုတ်ပြည်တစ်ပြည်လုံးမှာ 40% သောလူကသာ ပိုင်ဆိုင်ကြသည်။ ဒါကြောင့် ရွှယ်ကျင်းရီနှလုံးကို အစားထိုးဖို့ အလှူရှင်ကိုရှာသည့်အခါ သွေးအုပ်စုနှင့် တစ်သျှူးဆဲလ် ထပ်တူညီသည့်သူကို ရှာဖွေဖို့ အရမ်းခက်ခဲသောကြောင့် ဝေးလံခေါင်သီသည့် ကျေးရွာက ရွှယ်ကျင်းရီ၏ အမွှာအစ်ကိုကိုခေါ်ဖို့ မဒမ်ရွှယ်လီဒန်နီက သဘောတူလိုက်ခြင်းဖြစ်သည်။ ဒီကောင်လေးရဲ့မိဘတွေက သေဆုံးသွားပြီးဖြစ်တဲ့အပြင် အမွှာကောင်လေးက သွေးအမျိုးအစားလည်းတူ၊ ကျန်းမာသောနှလုံးတစ်စုံနှင့် ဆဲလ်တစ်သျှူးလည်းတူသောကြောင့် ဒီကောင်လေးနဲ့ဆိုရင် သူတို့သမီး လုံးဝပြန်ကောင်းလာမှာ သေချာသည်။
မျှော်လင့်ချက်ရောင်ခြည်လေး သမ်းလာသောကြောင့် သူတို့လင်မယားက ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ ချက်ချင်းခေါ်လာသလို သူတို့သမီးရဲ့ကိုယ်ခန္ဓာကို သေချာပြုစုပေးထားသည်။ မလိုလားအပ်သော ပြဿနာမပေါ်စေဖို့ ဖြစ်နိုင်သမျှမြန်မြန် နှလုံးအစားထိုးဖို့ စဉ်းစားထားကြသည်။
ကျိုးယွင်ရှန့်ရဲ့ကျန်းမာရေးကိုလည်း နေ့စဉ်စစ်ဆေးပေးပြီး ဆရာဝန်က ကောင်လေးရဲ့လက်က ဒဏ်ရာကိုတွေ့တော့ ပတ်တီးနဲ့ သေချာစည်းပေးပေမယ့် ဓာတ်မှန်ရိုက်ဖို့မပြောပေ။ ခြေလက်မှာဒဏ်ရာရရုံက နှလုံးကို ဘာမှမထိခိုက်ပေ။ ဘာဖြစ်ဖြစ် သူက သေတော့မယ့်လူပဲလေ။
ရွှယ်ဇီရွှမ်က ခုရက်အလုပ်များသောကြောင့် အိမ်ကိုပြန်မလာဖြစ်ပေ။ ဒါ့အပြင် အိမ်ကို လူစိမ်းတစ်ယောက်ရောက်လာတာက သူ့ကို မသက်မသာဖြစ်စေသည်။ ပြီးတော့ သူ့ရဲ့သံစုံတီးဝိုင်း ဖျော်ဖြေရေးက နီးကပ်လာသောကြောင့် သူ့လုပ်ဖော်ကိုင်ဖက်များနှင့် လေ့ကျင့်နေရသဖြင့် အလုပ်များနေသည်။
"OK.. ဒီတစ်ခါတော့ ဘာပြဿနာမှမရှိဘူး.. နောက်တစ်ခါဆိုရင် ရစ်သမ်တွေမှတ်တဲ့ metronome ကိရိယာမသုံးဘဲ လေ့ကျင့်ကြတာပေါ့.."
သံစုံတီးဝိုင်းဆရာက တီးဝိုင်းအဖွဲ့ဝင်များကို လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။ ရွှယ်ဇီရွှမ်က စန္ဒရားမှထကာ ခြေနှစ်လှမ်းသာ လှမ်းရသေးသည်၊ ကြမ်းပြင်ပေါ် သတိလစ် လဲကျသွားတော့သည်။
"ဟာ.. မကောင်းတော့ဘူး.. မစ္စတာရွှယ် သတိမေ့သွားပြီ.. မြန်မြန်.. 120 ကို ဖုန်းခေါ်လိုက်.."
လူတွေက သူ့နားဝိုင်းလာကြပေမယ့် ဘယ်သူမှမထိရဲကြပေ။ အားလုံးက တစ်ပြိုင်တည်း အရေးပေါ်ဖုန်းနံပါတ်ကို နှိပ်နေကြသည်။ ရွှယ်ဇီရွှမ်က နှစ်နာရီကြာ သတိလစ်သွားပြီး သတိမရသေးသည်ကို ရွှယ်အိမ်ကသိသွားပြီး ဆေးရုံမှာ စစ်ဆေးပေမယ့် ပုံမှန်မဟုတ်တာ ဘာမှမတွေ့ရသဖြင့် စောင့်ကြည့်နေကြသည်။
ရွှယ်လီဒန်နီက ပြည်ပတွင် ဖျော်ဖြေနေရသဖြင့် ရွှယ်လွေ့က အိမ်ပြန်လာပြီး အဝတ်အစားနှင့် နေ့စဉ်သုံးပစ္စည်းကိုယူပြီး ဖူဘို့ကို လိုအပ်တာမှာကြားလိုက်သည်။ စိတ်ပူနေသဖြင့် ရွှယ်လွေ့က အသံတိုးပြောရန် မေ့သွားသဖြင့် ရွှယ်ကျင်းရီကသိသွားပြီး ဆေးရုံလိုက်ချင်ကြောင်း ငိုယိုတော့သည်။
ကျိုးယွင်ရှန့်၏လက်ချောင်းများက ညိုမည်းနေဆဲဖြစ်သောကြောင့် game လည်းဆော့လို့မရသဖြင့် video တချို့ကြည့်ရန် လုပ်နေပေမယ့် အောက်ထပ်မှအသံများကို ကြားလိုက်ရသည်။ ပထမ သူက ဝင်ပါဖို့စိတ်ကူးမရှိပေမယ့် ရွှယ်ကျင်းရီအော်ငိုနေသံကို ကြားတော့ ဝမ်းမြောက်ဝမ်းသာကြည့်ဖို့ အောက်ကိုဆင်းလာခဲ့သည်။
"အန်ကယ်ရွှယ်.. ဘာဖြစ်လို့လဲ.."
သူက လှေကားထိပ်မှာရပ်ပြီး စိတ်ရှုပ်ထွေးသည့်အကြည့်ဖြင့် မေးလိုက်သည်။
"ဘာမှမဖြစ်ဘူး.. မင်းအခန်းကို ပြန်သွားလိုက်.."
ရွှယ်လွေ့က အတင်းပြုံးပြီး ပြောလိုက်သည်။ ရွှယ်ကျင်းရီက ဆူညံစွာငိုနေတာရပ်သွားပြီး မျက်ရည်ကို တိတ်တဆိတ်သုတ်လိုက်သည်။
ကျိုးယွင်ရှန့် သူ့အိပ်ခန်းကို လိမ္မာစွာပြန်လာပြီး နားထောင်ကြည့်တော့ ရွှယ်ဇီရွှမ် မေ့လဲပြီး ဆေးရုံရောက်နေသည်ကို သိလိုက်ရသည်။
"ခွေးသား.. ဒါ မင်းအတွက် အကောင်းဆုံးပဲ.."
သူ့မျက်ဝန်းတွေ မှေးစင်းလိုက်ပြီး ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။
===================