ရွှယ်ဇီရွမ် (Completed) (MM T...

By MayKingMK119

516K 70K 1.2K

Translator _ May King More

Twins of Different Fates
FOD Extra_1 _ ႐ႊယ္ဇီ႐ြမ္၏ ျပန္လည္ေမြးဖြားျခင္း
FOD Extra_1_Chapter(1-1) - ႐ုတ္တရက္ အလည္လာျခင္း
FOD Extra_1_Chapter(1-2) - ႐ုတ္တရက္ အလည္လာျခင္း
FOD Extra_1_Chapter(1-3) (Zawgyi+Unicode)
FOD Extra_1_Chapter(1-4) (Zawgyi+Unicode)
FOD Extra_1_Chapter(1-5) (Zawgyi+Unicode)
FOD Extra_1_Chapter(1-6) (Zawgyi+Unicode)
FOD Extra_1_Chapter(2-1) (Zawgyi+Unicode)
FOD Extra_1_Chapter(2-2) (Zawgyi+Unicode)
FOD Extra_1_Chapter(2-3) (Zawgyi+Unicode)
FOD Extra_1_Chapter(2-5) (Zawgyi+Unicode)
New Fiction - Lord of End of World
FOD Extra 1 - Chapter (3-1) - လူသားကမာၻသို႔ ျပန္လည္ေရာက္ရွိျခင္း
Chapter (3-2)- သူနဲ႕ေတြ႕မွျဖစ္မယ္
Chapter (3-3) - ဟြမ္ရီ ဘယ္မွာလဲ
Chapter (3-4)- အိမ္ကို ျပန္လာရသည့္ ခံစားခ်က္
Chapter (3-5)- ေတာင္းပန္္ပါတယ္ ကိုယ့္ခ်စ္သူေလးရယ္
FOD Extra_1_ Chapter - (3-6) ေရွာင္ရီ..ကိုကိုေတာင္းပန္ပါတယ္
Chapter (3-7) - ကိုကိုရွိေနသေရႊ႕ မင္းကိုယ္ေပၚ ဘယ္သူမွ လက္ေတာင္ မရြယ္ေစရဘူး။
FOD Extra 1 - Chapter (4-1) - အစြန္းႏွစ္ဖက္ ကိုယ္ရည္ကိုယ္ေသြးႏွင့္ စိတ္ ေရာဂါ
FOD Extra 1 - Chapter (4-2) - မင္းမက်န္းမာတာ ဟြမ္ရီရဲ႕အမွားမဟုတ္ဘူး
FOD Extra 1 - Chapter (4-3) - ဝိဥာဥ္ကူးေျပာင္းလာသူလား?
FOD Extra 1 - Chapter (4-4) - ကိုယ့္ကို ကိုကိုလုိ႕ ေခၚ....
FOD Extra 1 - Chapter (4-5) - ခုလို ဝတ္တာ မင္း ႀကည့္ရဆိုးတယ္ ေရွာင္ရီေလး....
Chapter (5-1) - ထိန္းခ်ဳပ္ႏိုင္စြမ္း ေလ်ာ့နည္းသြားသည့္ system
Chapter (5-2) - 'ေရွာင္ရီေလး.. ကိုယ့္ကို ခြဲမသြားပါနဲ႔..'
Chapter (5-3) - "ရႊယ္ရန္ကိုေရွာင္ဖို႔ ၿမိဳ႕ထဲကို ေျပာင္းေနၾကမယ္.."
Chapter (5-4) - "အျခားသူေတြ မင္းကို ထိခိုက္ေအာင္လုပ္တာခြင့္မျပဳဘူး.."
Chapter (5-5) - ေက်ာင္းတက္ရေတာ့မွာမို႕ ျမိဳ႕ထဲေျပာင္းေနလိုက္ပါ
Chapter (5-6) - ရႊယ္က်င္းရီ... မင္းရူးသြားျပီလား
Chapter (5-7) - ကိုယ့္နွလံုးသားကို လိုခ်င္တယ္ဆိုရင္ အရာအားလံုး ေပးအပ္မယ္။
Chapter (6-1) - မူလရည္႐ြယ္ခ်က္ကို မေမ့ပါဘူး (Zawgyi+Unicode)
Chapter (6-2) - "ဟြမ္ရီက ခ်စ္ဖို႔ေကာင္းတယ္.. ဒီကေလးက သူပိုင္တဲ့ေကာင္ေလး.."
Chapter (6-3) -ဟြမ္ရီေဘးမွာ ဆန္မုန႔္လုံးေလးလို ကပ္ေနခ်င္တယ္
Chapter (6-4) - ေမွ်ာ္လင့္ျခင္းနဲ႔ ျပန္လည္ဆုံစည္းျခင္း ေခါင္းေလာင္းျပာပန္း
Another FOD tanslation
Chapter (6-5)+ (6-6) (Z+U)
Chapter (6-7) - အေကာင္းဆံုးေတြပဲ မင္းကို ေပးအပ္ခ်င္တယ္ ေရွာင္ရီေလး (Z+U)
Chapter (7-1)+(7-2)+(7-3) (Z+U)
Chapter (7-4)+(7-5)(Z+U)
Chapter (7-6)+(7-7) (Z+U)
Chapter (8-1)+(8-2)(Z+U)
Chapter (8-3)+(8-4)(Z+U)
Chapter (8-5)+(8-6)+(8-7)(Z+U)
Chapter (8-8+8-9)(Z+U)
FOD Arc-14 completed
Chapter _ (9-1) +(9-2) ( Z+U)
Chapter (9-3) + (9-4) (Z+U)
FOD Extra_ 1_ Chapter (9-5)_ ျပိဳင္ကားကို ျပန္လည္တပ္ဆင္ျပီးျခင္း (Z+U)
Chapter (9-6)+(9-7)
Chapter (9-8)_ villain system စက္ရုပ္ကိုတီထြက္ျခင္း (Z+U)
Chapter (10-1)_ ႏွစ္ေယာက္တည္း ကမာၻ (Z+U)
FOD Extra 1_ Chapter (10-2) (Z+U) - ႏွစ္ေယာက္တည္းကမာၻ
FOD: Extra 1_ Chapter (10-3) -ႏွစ္ေယာက္တည္း ကမာၻ (Z+U)
FOD: Extra 1_ Chapter (10-4) -ႏွစ္ေယာက္တည္း ကမာၻ
FOD Extra 1_ Chapter (10-5)_ ႏွစ္ေယာက္တည္း ကမာၻ
FOD _ Extra 1 - Chapter (10.6) - နှစ်ယောက်တည်း ကမ္ဘာ (1)
🚨🚨🚨 အသားစားခြင်း/အသားစားျခင္း
FOD: Extra 1_ Xue Zi Xuan- Chapter (10.8)
Extra 1_ Chapter (11-1) - စန္ဒယားပြိုင်ပွဲ
FOD Extra 1_ Chapter (11-2) - စန္ဒရားပြိုင်ပွဲ
FOD Extra 1_ Chapter (11-3) - စန္ဒရားပြိုင်ပွဲ(U+Z)
Extra 1 _Chapter (11-4) - စန္ဒရားပြိုင်ပွဲ
Extra 1_ Chapter (11-5) - စန္ဒရားပြိုင်ပွဲ
(z)Chapter (11-5) - စႏၵရားၿပိဳင္ပြဲ
FOD Extra 1_ Chapter (11-6) _ စန္ဒယားပြိုင်ပွဲ
FOD Extra 1_ Chapter (11-7) _ စန္ဒယားပြိုင်ပွဲ
Chapter (11- 8) - စန္ဒယားပြိုင်ပွဲ
Chapter (12-1) ထာဝရအချစ်
(U+Z) Chapter (12-2) - (M) ထာဝရအချစ်
Chapter (12-3)_ မကောင်းဆိုးဝါး မာရ်နတ်
(U+Z) Chapter (12-4)_ ဟွမ်ရီ အနိုင်ရရှိခြင်း
Chapter (13-1) - လူသတ်မှု
ongoing
Chapter (13-2) _ ဒီကောင်လေးကို အဆုံးထိ ကာကွယ်ပေးရမယ်.....
Chapter (13-3) - ဟွမ်ရီကို ပူးပေါင်းလုပ်ကြံကြခြင်း
Chapter (13-4)_ မကောင်းကြံသူတိုင်း ပြန်လည်ပေးဆပ်ရမယ်
Chapter (13-5)_ ကလဲ့စားချေခြင်း
Extra 1_ Chapter (14-1) _ ရှောင်ရီကို ကာကွယ်ဖို့ ဘာမဆိုလုပ်မယ်
Chapter (14-2)_ ဟွမ်ရီကို သေတာထက် ဆိုးသည့်ဘဝကို ရောက်အောင်လုပ်ပစ်မည်.....
Chapter (14-3)_ ဟွမ်ရီ ဘယ်လောက်တောင် နာကျင်ခဲ့ရမလဲ.....
Chapter (15-1)_ ခေါင်းလောင်းပန်းတို့ ဝေဝေဆာဆာပွင့်ဖူးချိန်
Chapter (15-2)_ မင်းကို ငါ စောင့်နေမယ်
Chapter (15-3)_တရုတ်စံကားပန်းတွေ ပွင့်လာတဲ့အခါ
Chapter (15-4)_ မင်းရှိတဲ့နေရာတိုင်းက ကိုယ့်အိမ်ပဲ.....
Chapter (15-5)_ နှစ်ဘဝတိုင်တိုင် စောင့်ခဲ့ရတယ်.....

FOD Extra 1 - Chapter (2-4)

6.2K 872 3
By MayKingMK119

FOD Extra 1 - Chapter (2-4)

႐ႊယ္က်င္းရီသည္ အရင္က ေသလုေမ်ာပါး ေရာဂါျဖစ္ခဲ့ေသာေၾကာင့္ ေက်ာင္းနားလိုက္ၿပီး အိမ္မွာသာ အနားယူေနရသည္။ အသက္ ၄ ႏွစ္အ႐ြယ္ကစၿပီး စႏၵရားပညာသင္ယူခဲ့ေသာေၾကာင့္ စိတ္ေရာကိုယ္ပါ စႏၵရားတီးျခင္းကို စြဲလန္းလ်က္ရွိသည္။ သူမသည္ မနက္ ၉ နာရီမွ ၁၀ နာရီထိ သူမ၏စႏၵရားတီးပညာ သံေခ်းတက္မသြားေစရန္ ျပန္ေလ့က်င့္ေလ့ရွိသည္။

စႏၵရားတီးသင္ဖို႔ ကိုယ့္မွာ စႏၵရားတစ္လုံးေတာ့ ရွိဖို႔လိုအပ္သည္။ က်ိဳးယြင္ရွန႔္သည္ mission အသစ္ကို လက္ခံရရွိၿပီးေနာက္ ေဘးကအခန္းတစ္ခုမွာ ထိုင္ေစာင့္ေနသည္။ ႐ႊယ္က်င္းရီသည္ စႏၵရားတီးေလ့က်င့္ၿပီးေနာက္ အခန္းထဲမွ ထြက္လာခဲ့သည္။ သူမက အျဖဴေရာင္ခ်ည္သားဝတ္စုံေပ်ာ့ေပ်ာ့ ဂါဝန္ေလးေပၚတြင္ အစိမ္းေရာင္သိုးေမႊးၿခဳံလႊာေလး ထပ္ကာ ဝတ္ဆင္ထားၿပီး ပါးလွပ္သည့္ကိုယ္ခႏၶာ၊ ေဖ်ာ့ေတာ့ျဖဴေဖြးေသာ မ်က္ႏွာေလးေၾကာင့္ သနားစရာပုံေလးျဖစ္ေနသည္။

က်ိဳးယြင္ရွန႔္ကိုေတြ႕လိုက္သည္ႏွင့္ ႐ႊယ္က်င္းရီ၏ ႏူးညံ့ေသာအၿပဳံးက ခ်က္ခ်င္း ေအးစက္သြားခဲ့သည္။ နံေဘးတြင္ ႐ႊယ္မိသားစုဝင္တစ္ေယာက္ေယာက္ရွိလွ်င္ သူမ၏အမုန္းစိတ္ကို မေပၚေအာင္ ဟန္ေဆာင္ေပမယ့္ ဘယ္သူမွမရွိလွ်င္ေတာ့ သူမ၏အမႊာအစ္ကိုျဖစ္သူကို ဘယ္ေတာ့မွ ေကာင္းမြန္စြာ ဆက္ဆံေလ့မရွိေပ။

က်ိဳးယြင္ရွန႔္က ႐ႊယ္က်င္းရီ၏ လ်စ္လွ်ဴရႈေသာအမူအယာကို သတိမထားမိဟန္ျဖင့္ ၿပဳံးကာ ႏႈတ္ဆက္ရင္း ေမးလိုက္သည္။

"က်င္းရီ.. နင္ စႏၵရားတီးတာကို ငါၾကည့္လို႔ရမလား.."

"မရဘူး.."

က်င္းရီက လုံးဝကို ျငင္းဆန္ပစ္လိုက္သည္။ သူမ အသံက်ယ္က်ယ္ ေအာ္ဟစ္လိုက္ေသာေၾကာင့္ သူမအသံက အက္ကြဲစြာထြက္ေပၚလာသည္။ ပထမ သူမက ဒီေကာင္ေလးကို ဒီေနရာမွာ လုံးလုံးမရွိသလို လ်စ္လွ်ဴရႈဖို႔ ဆုံးျဖတ္ထားေပမယ့္ သူက ဒီစႏၵရားခန္းတံခါးေရွ႕မွာ ရပ္ေနသည္ကိုေတြ႕လိုက္ရစဥ္ သူမအတြင္းစိတ္၏ ေၾကာက္လန႔္မႈက သည္းခံႏိုင္သည္ထက္ ေက်ာ္သြားၿပီး အက်ယ္ႀကီး ေအာ္ဟစ္လိုက္မိသည္။

သူက ႐ႊယ္အိမ္ေတာ္ႀကီး၏ မည္သည့္ေနရာကိုမဆို သြားလာလို႔ရေပမယ့္ သူမ၏စႏၵရားကို ဘယ္ေတာ့မွမထိေစရ။ ဒီစိတ္က ဘယ္လိုေပၚလာတယ္မသိေပမယ့္ ဒါက သူမ၏ပင္ကိုသိစိတ္က အလိုေလ်ာက္ သတိေပးတာဟု ႐ႊယ္က်င္းရီယုံၾကည္သည္။ သူမက စႏၵရားခန္းထဲဝင္သြားၿပီး သူ႔ကို ေအးစက္စြာေျပာလိုက္သည္။

"နင့္ကို ဒီအခန္းထဲ ဘယ္ေတာ့မွဝင္ခြင့္မျပဳဘူး.. မဟုတ္ရင္ အေဖနဲ႔အေမက နင့္ကို ႐ြာဆီ ခ်က္ခ်င္းျပန္ပို႔ပစ္လိုက္မယ္.."

ဒီစကားက ဒီေကာင္ေလးအတြက္ ျပင္းထန္သည့္အျပစ္ဒဏ္ျဖစ္မွာ ေသခ်ာသည္။ ဘယ္သူက ေကာင္းကင္ဘုံေရာက္ၿပီး ငရဲကို ျပန္ဆင္းခ်င္မွာလဲ။

ဒါေပမယ့္ ဒီၿခိမ္းေျခာက္မႈက က်ိဳးယြင္ရွန႔္အေပၚ ဘယ္လိုမွမသက္ေရာက္ေပ။ တကယ္ေတာ့ ဒီ႐ႊယ္အိမ္ေတာ္က ငရဲျဖစ္ၿပီး သူ႔စိတ္နဲ႔သူ႔ကိုယ္ လြတ္လပ္စြာေနရသည့္႐ြာေလးက သူ႔အတြက္ သုခဘုံျဖစ္သည္ကို ႐ႊယ္က်င္းရီမသိေပ။ သူက ေရွ႕ကို ေျခႏွစ္လွမ္းတိုးလိုက္ေတာ့ ႐ႊယ္က်င္းရီက သူ႔ေရွ႕မွာပဲ ႀကီးမားသည့္တံခါးႀကီးကို အသံျမည္ေအာင္ ေဆာင့္ပိတ္လိုက္ၿပီး အတြင္းမွ ေသာ့ခတ္လိုက္သည္။

"ဘယ္လိုလဲကြာ.."

က်ိဳးယြင္ရွန႔္က သူ႔ေရွ႕မွာ ပိတ္သြားသည့္တံခါးကိုၾကည့္ကာ မ်က္ႏွာစိမ္းျပာသြားေပမယ့္ သူ႔ေဒါသစိတ္ကိုဖုံးကြယ္ၿပီး သူ႔အခန္းဆီ ျဖည္းညင္းစြာ ျပန္ေလွ်ာက္လာခဲ့သည္။ သူက computer ကိုဖြင့္ၿပီး အြန္လိုင္းေပၚကေန စႏၵရားတီးပုံဗီဒီယိုကို ဖြင့္ၾကည့္ၿပီး စတင္ေလ့လာသင္ယူေတာ့သည္။ သူ၏ျမန္ဆန္ေသာ သင္ယူႏိုင္စြမ္းေၾကာင့္ မၾကာခင္ အားလုံးနားလည္သြားၿပီး လက္ေတြ႕ စႏၵရားအစစ္ႏွင့္ တီးဖို႔ပဲလိုေတာ့သည္။

သူက ဒီလိုပုံမွန္စႏၵရားေလ့က်င့္မႈကိုလုပ္ဖို႔ ကီးဘုတ္ေပၚကခလုတ္ကို အသုံးျပဳလိုက္သည္။ တျခားသူမ်ားဆိုလွ်င္ စႏၵရားခလုတ္ကို မွန္ကန္စြာႏွိပ္ႏိုင္ဖို႔ ႏွစ္ခ်ီအခ်ိန္ယူ ေလ့က်င့္ရမည္ဆိုေသာ္လည္း သူ႔အတြက္ ဗီဒီယိုတခ်ိဳ႕ကို အႀကိမ္ႀကိမ္ၾကည့္ဖို႔ပဲလိုအပ္သည္။ ဒီဟာက ပါရမီရွင္နဲ႔ သာမန္လူၾကားက ကြာဟခ်က္ျဖစ္သည္။ သူက စႏၵရားတီးက်င့္သည့္ software ကို မိနစ္ ၂၀ ျဖင့္တီထြင္လိုက္ၿပီး ဒီဟာနဲ႔ေလ့က်င့္လိုက္ရာ တစ္ဆင့္ၿပီးတစ္ဆင့္ level ျမင့္သြားၿပီး ေနာက္ဆုံး master level ကို ေရာက္ရွိသြားခဲ့သည္။ သူက သိပၸံေခတ္လြန္က ခက္ခဲသည့္လက္နက္မ်ားကိုပင္ က်င္လည္စြာ ကိုင္တြယ္ႏိုင္သည့္သူျဖစ္ရာ ယခုလို ေခတ္ေနာက္က်သည့္ ပုံရိပ္ေယာင္ကမာၻေလးထဲက တူရိယာတီးခတ္ျခင္းက သူ႔အတြက္ စာဖြဲ႕စရာပင္မလိုေပ။

သူက software ကိုသုံးၿပီး "to Alice" ဆိုသည့္ ဂႏၲဝင္သီခ်င္းကို တီးခတ္လိုက္သည္။ ၿပီးေတာ့ system ဆီကို သူ႔အလုပ္ၿပီးသလားဆိုတာ ေမးလိုက္ေတာ့ system က စႏၵရားအစစ္နဲ႔ တီးခတ္မွသာ အလုပ္ၿပီးသည္ဟု သတ္မွတ္ေၾကာင္း ေျဖၾကားခဲ့သည္။

"ဒါဆိုရင္ ငါက စႏၵရားခန္းထဲခိုးဝင္ၿပီး တီးရမွာေပါ့.. တကယ္လို႔ သူတို႔ ငါ့ကိုမိသြားရင္ ဒီအိမ္ကေန ေမာင္းထုတ္ခံရလိမ့္မယ္.."

က်ိဳးယြင္ရွန႔္က သူ႔ေမးေစ့ကိုပြတ္ရင္း ဒီအလုပ္က အေတာ္စိတ္ဝင္စားစရာေကာင္းသည္ဟု ေတြးေနမိသည္။

"Host.. အဓိက mission ကို က်ရႈံးေအာင္ လ်စ္လွ်ဴရႈလို႔မရပါဘူး.."

System က သူ႔ကို သတိေပးလိုက္သည္။

"ငါက ေနာက္တာပါ.. ဘာေၾကာင့္ အတည္မွတ္ေနတာလဲ.."

က်ိဳးယြင္ရွန႔္က လက္ေဝွ႔ယမ္းကာေျပာလိုက္ၿပီး သူ႔စိတ္ဝိညာဥ္အပိုင္းအစကို system ထဲခ်န္ထားရစ္ၿပီး system ရဲ႕လုံၿခဳံေရးကို ပထမလႊာၿပီးေတာ့ ဒုတိယလႊာထဲ ထိုးေဖာက္ဝင္ေရာက္ကာ ခ်ိဳးေဖာက္ဖို႔ႀကိဳးစားလိုက္သည္။

တစ္ေန႔မွာေတာ့ ဆရာဝန္က ႐ႊယ္က်င္းရီ၏က်န္းမာေရးကို လာစစ္ေဆးေပးသည္။ သူတို႔သမီး က်န္းမာေရးမေကာင္းတဲ့အတြက္ ႐ႊယ္ေလြ႕က အိမ္ေတာ္က ေျမေအာက္ကားပါကင္ကို သီးသန႔္ေဆးခန္းတစ္ခုလို ျပင္ဆင္ထားေပးသည္။ တကယ္လို႔ ႐ႊယ္က်င္းရီ ႐ုတ္တရက္ ႏွလုံးေရာဂါေဖာက္လာလွ်င္ ေဆး႐ုံသြားစရာမလိုဘဲ ခ်က္ခ်င္းခြဲစိတ္ႏိုင္ေစရန္ ခြဲစိတ္ကိရိယာအားလုံး ဝယ္ယူတပ္ဆင္ထားၿပီး ႏွလုံးခြဲစိတ္ဆရာဝန္ႏွင့္ သူနာျပဳမ်ားကို 24 နာရီ ငွားရမ္းထားရွိသည္။ ဒါေၾကာင့္ ႐ႊယ္အိမ္ေတာ္က ေခၚလိုက္တာနဲ႔ သူတို႔အားလုံး ခ်က္ခ်င္းေရာက္ရွိလာမွာျဖစ္သည္။

သူတို႔က က်ိဳးယြင္ရွန႔္၏ က်န္းမာေရးအေျခအေနကို ဒီေျမေအာက္ေဆးခန္းမွာ စစ္ေဆးလို႔ရေပမယ့္ ႐ႊယ္ေလြ႕က သံသယဝင္ၿပီး စိုးရိမ္ေသာေၾကာင့္ ျပင္ပကေဆး႐ုံႀကီးမွာ ေဆးစစ္ဖို႔ က်ိဳးယြင္ရွန႔္ကိုေခၚသြားရန္ ႐ႊယ္ဇီ႐ႊမ္ကို ခိုင္းေစလိုက္သည္။

အိမ္ေတာ္ထိန္းဖူဘိုနဲ႔ Xiao Deng က မမေလးက်င္းရီ၏ က်န္းမာေရးအတြက္ အဓိကတာဝန္ယူၾကသည္။ ႐ႊယ္အိမ္ေတာ္ႀကီးထဲ တိတ္ဆိတ္ေနသည္ကို အခြင့္ေကာင္းယူၿပီး က်ိဳးယြင္ရွန႔္က တတိယထပ္ကို တိတ္တဆိတ္တက္လာခဲ့သည္။ မိသားစုဆရာဝန္က နာရီဝက္ေစာေရာက္လာသျဖင့္ ႐ႊယ္က်င္းရီက စႏၵရားခန္းကို ေသာ့ခတ္ဖို႔ ေမ့သြားခဲ့သည္။

စႏၵရားခန္းတံခါးက အသာေလးတြန္းလိုက္သည္ႏွင့္ ပြင့္သြားခဲ့သည္။ က်ယ္ဝန္းသည့္ အခန္း၏အလယ္တြင္ ျဖဴေဖြးသည့္ စႏၵရားတစ္လုံးကို ေတြ႕လိုက္ရသည္။ ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိျမင့္သည့္ တံခါးႀကီးကို အနည္းငယ္ဖြင့္ထားေသာေၾကာင့္ ေလေျပေလးက ခန္းစီးေတြကိုလြင့္ေအာင္ အသာတိုက္ခတ္ၿပီး တစ္ခန္းလုံး သန႔္ရွင္းလတ္ဆတ္သည့္ ေလေျပရနံ႔ေလးမ်ားႏွင့္ စိတ္ခ်မ္းသာဖြယ္ေကာင္းလွသည္။ ေနေရာင္ဖ်ဖ်က စႏၵရားအဖုံးေပၚ လႊမ္းၿခဳံေနၿပီး ေျပာင္လက္ျဖဴေဖြးသည့္ ၾကမ္းျပင္ကို ေရာင္ျပန္ဟပ္ေနေစသည္။ ဒါေၾကာင့္ အခန္းထဲ သံစဥ္တန္းမ်ားျဖာေနၿပီး နတ္ဘုံေလးအလား ထင္မွားေစသည္။

တိတ္ဆိတ္ၿငိမ္သက္ၿပီး ေရာင္စဥ္မ်ားျဖင့္ ေတာက္ပေနေသာအခန္းက လႈပ္ရွားေနေသာစိတ္ကို ၿငိမ္သက္သြားေစၿပီး က်ိဳးယြင္ရွန႔္က အမွတ္တမဲ့ျဖင့္ စႏၵရားရွိရာေလွ်ာက္သြားၿပီး ေရွးက်သည့္တူရိယာကို အသာအယာ တီးခတ္လိုက္သည္။ ၾကယ္တာရာေတြၾကားမွာ ေနထိုင္သည့္ သူ႔အတြက္ ဒီလိုစႏၵရားဆိုတာမ်ိဳးက ေပ်ာက္ကြယ္သြားတာၾကာလွၿပီျဖစ္သည့္ တူရိယာတစ္မ်ိဳးသာျဖစ္သည္။ ၾကယ္တာရာေခတ္မွာရွိသည့္ သိပၸံေခတ္လြန္လူသားမ်ားအတြက္ သံစဥ္တစ္ခုကိုၾကားခ်င္လွ်င္ ဦးေႏွာက္စြမ္းရည္ကိုသုံး႐ုံႏွင့္ ၾကားႏိုင္ေပမယ့္ ေရွးေခတ္ကလူသားမ်ားကေတာ့ တူရိယာတစ္ခုခုကို တီးခတ္မွ ေတးဂီတသံကို ဖန္တီးႏိုင္ၾကသည္။ ဒီအေၾကာင္းအရာကို သူ သမိုင္းစာအုပ္ထဲမွာသာ ဖတ္ဖူးခဲ့ေပမယ့္ အခုေတာ့ ေရွးေခတ္ကတူရိယာကို သူ မ်က္ဝါးထင္ထင္ ေတြ႕ရေလၿပီ။ သူက စႏၵရားကို လက္ႏွင့္အသာအယာထိလိုက္ၿပီး စႏၵရားကို သေဘာက်ႏွစ္သက္သည့္ စိတ္မ်ား ႐ုတ္တရက္ျဖစ္ေပၚလာခဲ့သည္။

သူက စႏၵရားခုံမွာထိုင္လိုက္ၿပီး အဖုံးကိုဖြင့္ဟလို႔ ခလုတ္တခ်ိဳ႕ကို ႏွိပ္ၾကည့္လိုက္ေတာ့ အသံသာသာေလးမ်ား ေပၚလာသျဖင့္ သူ႔မ်က္ႏွာထက္တြင္ ပထမဆုံး စစ္မွန္သည့္အၿပဳံးေလး ေပၚလာခဲ့သည္။ သူ႔လက္ဆယ္ေခ်ာင္းလုံး စႏၵရားခလုတ္ေပၚ ေျပးလႊားကာ ေခါင္းထဲမွာေပၚလာသည့္ သံစဥ္တစ္ခုကို အလိုေလ်ာက္တီးခတ္လိုက္သည္။ ဒီသီခ်င္းသံစဥ္က မနက္တိုင္း ႐ႊယ္က်င္းရီေလ့က်င့္တီးခတ္သည့္ သီခ်င္းျဖစ္သည္။

ဒီသီခ်င္းရဲ႕ ပထမပိုဒ္ကို တီးခတ္ၿပီးခ်ိန္မွာ တံခါးက ႐ုတ္တရက္ပြင့္သြားၿပီး ႐ႊယ္ဇီ႐ႊမ္နဲ႔ ႐ႊယ္က်င္းရီတို႔ မတ္တပ္ရပ္လ်က္ေနၿပီး အခန္းထဲကျမင္ကြင္းကို မယုံႏိုင္စြာျဖင့္ အံ့အားသင့္ေၾကာင္ေငးကာ ၾကည့္ေနမိၾကသည္။

"မင္း အရင္က စႏၵရားတီးဖူးလား.."

႐ႊယ္ဇီ႐ႊမ္က အခန္းထဲဝင္လာရင္း ေမးလိုက္သည္။ သူက ခုေလးတင္ ခရီးကျပန္လာတာျဖစ္ၿပီး သူ႔လက္ထဲမွာ ခရီးေဆာင္အိတ္ကို ကိုင္ထားဆဲျဖစ္သည္။

က်ိဳးယြင္ရွန႔္က ေခါင္းယမ္းၿပီး ျပန္ေျဖလိုက္သည္။

"မတီးဖူးပါဘူး.. ကြၽန္ေတာ္ အႀကိမ္တခ်ိဳ႕ နားေထာင္ဖူး႐ုံပါ.."

႐ႊယ္ဇီ႐ႊမ္၏မ်က္ႏွာထားက ပုံမွန္နဲ႔မတူဘဲ တမ်ိဳးျဖစ္ေနသည္။ တံခါးဝတြင္ရပ္ေနသည့္ ႐ႊယ္က်င္းရီက တံခါးကိုက်စ္က်စ္ပါေအာင္ ဆုပ္ထားပုံက တစ္စစီခ်ိဳးဖဲ့ပစ္ေတာ့မလိုပင္။ ေတာ႐ြာေလးကလာတဲ့ ဒီေကာင္ေလးက စႏၵရားမတီးတတ္တာ သူမအသိဆုံးျဖစ္သည္။ စႏၵရားဆိုတာ ဘယ္လိုဟာမွန္းပင္ သူမသိႏိုင္ေလာက္ေပ။ ဒါေပမယ့္ ခုလိုတီးခတ္ႏိုင္တယ္ဆိုေတာ့ သူက ပါရမီရွင္ပဲျဖစ္ရမယ္။ ဂီတသံတစ္ခုကို အႀကိမ္တခ်ိဳ႕ၾကား႐ုံႏွင့္ ထပ္တူလိုက္တီးႏိုင္သည္ဆိုသည့္ အရည္အခ်င္းက သူမ၏အစ္ကိုႀကီး ႐ႊယ္ဇီ႐ႊမ္ထံတြင္သာရွိၿပီး ပါရမီရွင္ဆိုၿပီး လူတိုင္း စိတ္ဝင္စားေအာင္ ဆြဲေဆာင္ႏိုင္ေသာ အရည္အခ်င္းတစ္ခုျဖစ္သည္။ ခုေတာ့ ဒီေကာင္ေလးက ဒီလိုလုပ္ႏိုင္သည္တဲ့လား။

ထြက္သြားစမ္း.. အခုခ်က္ခ်င္း ငါ့အိမ္ထဲက ထြက္သြားစမ္း..။

သူမရဲ႕ႏွလုံးသားထဲမွာ ေအာ္ဟစ္က်ိန္ဆဲေနေပမယ့္ အျပင္က ဒီလိုအရိပ္မေပၚေအာင္ မနည္းထိန္းထားရသည္။
႐ႊယ္ဇီ႐ႊမ္က စႏၵရားရွိရာသို႔ေလွ်ာက္လာၿပီး ျငင္သာစြာေျပာလိုက္သည္။

"အစအဆုံး ထပ္တီးပါ.."

က်ိဳးယြင္ရွန႔္က သေဘာတူလိုက္ၿပီး ဒီသီခ်င္းကို အစအဆုံးျပန္တီးျပလိုက္သည္။ သူ ႐ႊယ္ဇီ႐ႊမ္ကိုခိုးၾကည့္လိုက္ေတာ့ ႐ႊယ္ဇီ႐ႊမ္က မ်က္လုံးမွိတ္ထားၿပီး ဒီတီးလုံးသံကို အေလးအနက္ထားၿပီး အာ႐ုံစိုက္နားေထာင္ေနသည္ကို ေတြ႕လိုက္ရသည္။ ၿပီးေတာ့ သူ႔အမူအယာက တစ္စုံတစ္ခုကို သည္းခံေနရသည့္အမူအယာ ေပါက္လာသည္။ ဒုတိယပိုဒ္ကို က်ိဳးယြင္ရွန႔္ တီးခတ္လိုက္ခ်ိန္မွာ ႐ႊယ္ဇီ႐ႊမ္က သည္းမခံႏိုင္ေတာ့သည့္ အမူအယာျဖင့္ စႏၵရားအဖုံးကို ပိတ္ခ်လိုက္သည္။ စႏၵရားအဖုံးက တီးလက္စ က်ိဳးယြင္ရွန႔္၏ လက္ 10 ေခ်ာင္းလုံးေပၚ ပိက်လာၿပီး အခန္းထဲ ဆူညံသံတစ္ခုေပၚလာၿပီး တိတ္ဆိတ္သြားေတာ့သည္။ က်ိဳးယြင္ရွန႔္၏ လက္ေခ်ာင္းျဖဴျဖဴမ်ားေပၚ အဖုံးေဆာင့္ပိတ္မႈေၾကာင့္ ရလိုက္သည့္ နီရဲသည့္ဒဏ္ရာက ခ်က္ခ်င္းထင္လာၿပီး နာက်င္မႈကို ခံစားလိုက္ရသည္။

က်ိဳးယြင္ရွန႔္က နာက်င္မႈေၾကာင့္ မ်က္ရည္ဝဲလာၿပီး ႐ႊယ္ဇီ႐ႊမ္ကို ေမာ့ၾကည့္လိုက္ေတာ့ သူက ေအးစက္စြာေျပာခဲ့သည္။

"မင္း စႏၵရားကို ေနာက္တစ္ခါထပ္ထိရင္ မင္းလက္ေတြကို ငါ ႐ိုက္ခ်ိဳးပစ္လိုက္မယ္.."

---------------------------------------

FOD Extra 1 - Chapter (2-4)

ရွှယ်ကျင်းရီသည် အရင်က သေလုမျောပါး ရောဂါဖြစ်ခဲ့သောကြောင့် ကျောင်းနားလိုက်ပြီး အိမ်မှာသာ အနားယူနေရသည်။ အသက် ၄ နှစ်အရွယ်ကစပြီး စန္ဒရားပညာသင်ယူခဲ့သောကြောင့် စိတ်ရောကိုယ်ပါ စန္ဒရားတီးခြင်းကို စွဲလန်းလျက်ရှိသည်။ သူမသည် မနက် ၉ နာရီမှ ၁၀ နာရီထိ သူမ၏စန္ဒရားတီးပညာ သံချေးတက်မသွားစေရန် ပြန်လေ့ကျင့်လေ့ရှိသည်။

စန္ဒရားတီးသင်ဖို့ ကိုယ့်မှာ စန္ဒရားတစ်လုံးတော့ ရှိဖို့လိုအပ်သည်။ ကျိုးယွင်ရှန့်သည် mission အသစ်ကို လက်ခံရရှိပြီးနောက် ဘေးကအခန်းတစ်ခုမှာ ထိုင်စောင့်နေသည်။ ရွှယ်ကျင်းရီသည် စန္ဒရားတီးလေ့ကျင့်ပြီးနောက် အခန်းထဲမှ ထွက်လာခဲ့သည်။ သူမက အဖြူရောင်ချည်သားဝတ်စုံပျော့ပျော့ ဂါဝန်လေးပေါ်တွင် အစိမ်းရောင်သိုးမွှေးခြုံလွှာလေး ထပ်ကာ ဝတ်ဆင်ထားပြီး ပါးလှပ်သည့်ကိုယ်ခန္ဓာ၊ ဖျော့တော့ဖြူဖွေးသော မျက်နှာလေးကြောင့် သနားစရာပုံလေးဖြစ်နေသည်။

ကျိုးယွင်ရှန့်ကိုတွေ့လိုက်သည်နှင့် ရွှယ်ကျင်းရီ၏ နူးညံ့သောအပြုံးက ချက်ချင်း အေးစက်သွားခဲ့သည်။ နံဘေးတွင် ရွှယ်မိသားစုဝင်တစ်ယောက်ယောက်ရှိလျှင် သူမ၏အမုန်းစိတ်ကို မပေါ်အောင် ဟန်ဆောင်ပေမယ့် ဘယ်သူမှမရှိလျှင်တော့ သူမ၏အမွှာအစ်ကိုဖြစ်သူကို ဘယ်တော့မှ ကောင်းမွန်စွာ ဆက်ဆံလေ့မရှိပေ။

ကျိုးယွင်ရှန့်က ရွှယ်ကျင်းရီ၏ လျစ်လျှူရှုသောအမူအယာကို သတိမထားမိဟန်ဖြင့် ပြုံးကာ နှုတ်ဆက်ရင်း မေးလိုက်သည်။

"ကျင်းရီ.. နင် စန္ဒရားတီးတာကို ငါကြည့်လို့ရမလား.."

"မရဘူး.."

ကျင်းရီက လုံးဝကို ငြင်းဆန်ပစ်လိုက်သည်။ သူမ အသံကျယ်ကျယ် အော်ဟစ်လိုက်သောကြောင့် သူမအသံက အက်ကွဲစွာထွက်ပေါ်လာသည်။ ပထမ သူမက ဒီကောင်လေးကို ဒီနေရာမှာ လုံးလုံးမရှိသလို လျစ်လျှူရှုဖို့ ဆုံးဖြတ်ထားပေမယ့် သူက ဒီစန္ဒရားခန်းတံခါးရှေ့မှာ ရပ်နေသည်ကိုတွေ့လိုက်ရစဉ် သူမအတွင်းစိတ်၏ ကြောက်လန့်မှုက သည်းခံနိုင်သည်ထက် ကျော်သွားပြီး အကျယ်ကြီး အော်ဟစ်လိုက်မိသည်။

သူက ရွှယ်အိမ်တော်ကြီး၏ မည်သည့်နေရာကိုမဆို သွားလာလို့ရပေမယ့် သူမ၏စန္ဒရားကို ဘယ်တော့မှမထိစေရ။ ဒီစိတ်က ဘယ်လိုပေါ်လာတယ်မသိပေမယ့် ဒါက သူမ၏ပင်ကိုသိစိတ်က အလိုလျောက် သတိပေးတာဟု ရွှယ်ကျင်းရီယုံကြည်သည်။ သူမက စန္ဒရားခန်းထဲဝင်သွားပြီး သူ့ကို အေးစက်စွာပြောလိုက်သည်။

"နင့်ကို ဒီအခန်းထဲ ဘယ်တော့မှဝင်ခွင့်မပြုဘူး.. မဟုတ်ရင် အဖေနဲ့အမေက နင့်ကို ရွာဆီ ချက်ချင်းပြန်ပို့ပစ်လိုက်မယ်.."

ဒီစကားက ဒီကောင်လေးအတွက် ပြင်းထန်သည့်အပြစ်ဒဏ်ဖြစ်မှာ သေချာသည်။ ဘယ်သူက ကောင်းကင်ဘုံရောက်ပြီး ငရဲကို ပြန်ဆင်းချင်မှာလဲ။

ဒါပေမယ့် ဒီခြိမ်းခြောက်မှုက ကျိုးယွင်ရှန့်အပေါ် ဘယ်လိုမှမသက်ရောက်ပေ။ တကယ်တော့ ဒီရွှယ်အိမ်တော်က ငရဲဖြစ်ပြီး သူ့စိတ်နဲ့သူ့ကိုယ် လွတ်လပ်စွာနေရသည့်ရွာလေးက သူ့အတွက် သုခဘုံဖြစ်သည်ကို ရွှယ်ကျင်းရီမသိပေ။ သူက ရှေ့ကို ခြေနှစ်လှမ်းတိုးလိုက်တော့ ရွှယ်ကျင်းရီက သူ့ရှေ့မှာပဲ ကြီးမားသည့်တံခါးကြီးကို အသံမြည်အောင် ဆောင့်ပိတ်လိုက်ပြီး အတွင်းမှ သော့ခတ်လိုက်သည်။

"ဘယ်လိုလဲကွာ.."

ကျိုးယွင်ရှန့်က သူ့ရှေ့မှာ ပိတ်သွားသည့်တံခါးကိုကြည့်ကာ မျက်နှာစိမ်းပြာသွားပေမယ့် သူ့ဒေါသစိတ်ကိုဖုံးကွယ်ပြီး သူ့အခန်းဆီ ဖြည်းညင်းစွာ ပြန်လျှောက်လာခဲ့သည်။ သူက computer ကိုဖွင့်ပြီး အွန်လိုင်းပေါ်ကနေ စန္ဒရားတီးပုံဗီဒီယိုကို ဖွင့်ကြည့်ပြီး စတင်လေ့လာသင်ယူတော့သည်။ သူ၏မြန်ဆန်သော သင်ယူနိုင်စွမ်းကြောင့် မကြာခင် အားလုံးနားလည်သွားပြီး လက်တွေ့ စန္ဒရားအစစ်နှင့် တီးဖို့ပဲလိုတော့သည်။

သူက ဒီလိုပုံမှန်စန္ဒရားလေ့ကျင့်မှုကိုလုပ်ဖို့ ကီးဘုတ်ပေါ်ကခလုတ်ကို အသုံးပြုလိုက်သည်။ တခြားသူများဆိုလျှင် စန္ဒရားခလုတ်ကို မှန်ကန်စွာနှိပ်နိုင်ဖို့ နှစ်ချီအချိန်ယူ လေ့ကျင့်ရမည်ဆိုသော်လည်း သူ့အတွက် ဗီဒီယိုတချို့ကို အကြိမ်ကြိမ်ကြည့်ဖို့ပဲလိုအပ်သည်။ ဒီဟာက ပါရမီရှင်နဲ့ သာမန်လူကြားက ကွာဟချက်ဖြစ်သည်။ သူက စန္ဒရားတီးကျင့်သည့် software ကို မိနစ် ၂၀ ဖြင့်တီထွင်လိုက်ပြီး ဒီဟာနဲ့လေ့ကျင့်လိုက်ရာ တစ်ဆင့်ပြီးတစ်ဆင့် level မြင့်သွားပြီး နောက်ဆုံး master level ကို ရောက်ရှိသွားခဲ့သည်။ သူက သိပ္ပံခေတ်လွန်က ခက်ခဲသည့်လက်နက်များကိုပင် ကျင်လည်စွာ ကိုင်တွယ်နိုင်သည့်သူဖြစ်ရာ ယခုလို ခေတ်နောက်ကျသည့် ပုံရိပ်ယောင်ကမ္ဘာလေးထဲက တူရိယာတီးခတ်ခြင်းက သူ့အတွက် စာဖွဲ့စရာပင်မလိုပေ။

သူက software ကိုသုံးပြီး "to Alice" ဆိုသည့် ဂန္တဝင်သီချင်းကို တီးခတ်လိုက်သည်။ ပြီးတော့ system ဆီကို သူ့အလုပ်ပြီးသလားဆိုတာ မေးလိုက်တော့ system က စန္ဒရားအစစ်နဲ့ တီးခတ်မှသာ အလုပ်ပြီးသည်ဟု သတ်မှတ်ကြောင်း ဖြေကြားခဲ့သည်။

"ဒါဆိုရင် ငါက စန္ဒရားခန်းထဲခိုးဝင်ပြီး တီးရမှာပေါ့.. တကယ်လို့ သူတို့ ငါ့ကိုမိသွားရင် ဒီအိမ်ကနေ မောင်းထုတ်ခံရလိမ့်မယ်.."

ကျိုးယွင်ရှန့်က သူ့မေးစေ့ကိုပွတ်ရင်း ဒီအလုပ်က အတော်စိတ်ဝင်စားစရာကောင်းသည်ဟု တွေးနေမိသည်။

"Host.. အဓိက mission ကို ကျရှုံးအောင် လျစ်လျှူရှုလို့မရပါဘူး.."

System က သူ့ကို သတိပေးလိုက်သည်။

"ငါက နောက်တာပါ.. ဘာကြောင့် အတည်မှတ်နေတာလဲ.."

ကျိုးယွင်ရှန့်က လက်ဝှေ့ယမ်းကာပြောလိုက်ပြီး သူ့စိတ်ဝိညာဉ်အပိုင်းအစကို system ထဲချန်ထားရစ်ပြီး system ရဲ့လုံခြုံရေးကို ပထမလွှာပြီးတော့ ဒုတိယလွှာထဲ ထိုးဖောက်ဝင်ရောက်ကာ ချိုးဖောက်ဖို့ကြိုးစားလိုက်သည်။

တစ်နေ့မှာတော့ ဆရာဝန်က ရွှယ်ကျင်းရီ၏ကျန်းမာရေးကို လာစစ်ဆေးပေးသည်။ သူတို့သမီး ကျန်းမာရေးမကောင်းတဲ့အတွက် ရွှယ်လွေ့က အိမ်တော်က မြေအောက်ကားပါကင်ကို သီးသန့်ဆေးခန်းတစ်ခုလို ပြင်ဆင်ထားပေးသည်။ တကယ်လို့ ရွှယ်ကျင်းရီ ရုတ်တရက် နှလုံးရောဂါဖောက်လာလျှင် ဆေးရုံသွားစရာမလိုဘဲ ချက်ချင်းခွဲစိတ်နိုင်စေရန် ခွဲစိတ်ကိရိယာအားလုံး ဝယ်ယူတပ်ဆင်ထားပြီး နှလုံးခွဲစိတ်ဆရာဝန်နှင့် သူနာပြုများကို 24 နာရီ ငှားရမ်းထားရှိသည်။ ဒါကြောင့် ရွှယ်အိမ်တော်က ခေါ်လိုက်တာနဲ့ သူတို့အားလုံး ချက်ချင်းရောက်ရှိလာမှာဖြစ်သည်။

သူတို့က ကျိုးယွင်ရှန့်၏ ကျန်းမာရေးအခြေအနေကို ဒီမြေအောက်ဆေးခန်းမှာ စစ်ဆေးလို့ရပေမယ့် ရွှယ်လွေ့က သံသယဝင်ပြီး စိုးရိမ်သောကြောင့် ပြင်ပကဆေးရုံကြီးမှာ ဆေးစစ်ဖို့ ကျိုးယွင်ရှန့်ကိုခေါ်သွားရန် ရွှယ်ဇီရွှမ်ကို ခိုင်းစေလိုက်သည်။

အိမ်တော်ထိန်းဖူဘိုနဲ့ Xiao Deng က မမလေးကျင်းရီ၏ ကျန်းမာရေးအတွက် အဓိကတာဝန်ယူကြသည်။ ရွှယ်အိမ်တော်ကြီးထဲ တိတ်ဆိတ်နေသည်ကို အခွင့်ကောင်းယူပြီး ကျိုးယွင်ရှန့်က တတိယထပ်ကို တိတ်တဆိတ်တက်လာခဲ့သည်။ မိသားစုဆရာဝန်က နာရီဝက်စောရောက်လာသဖြင့် ရွှယ်ကျင်းရီက စန္ဒရားခန်းကို သော့ခတ်ဖို့ မေ့သွားခဲ့သည်။

စန္ဒရားခန်းတံခါးက အသာလေးတွန်းလိုက်သည်နှင့် ပွင့်သွားခဲ့သည်။ ကျယ်ဝန်းသည့် အခန်း၏အလယ်တွင် ဖြူဖွေးသည့် စန္ဒရားတစ်လုံးကို တွေ့လိုက်ရသည်။ ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်သည့် တံခါးကြီးကို အနည်းငယ်ဖွင့်ထားသောကြောင့် လေပြေလေးက ခန်းစီးတွေကိုလွင့်အောင် အသာတိုက်ခတ်ပြီး တစ်ခန်းလုံး သန့်ရှင်းလတ်ဆတ်သည့် လေပြေရနံ့လေးများနှင့် စိတ်ချမ်းသာဖွယ်ကောင်းလှသည်။ နေရောင်ဖျဖျက စန္ဒရားအဖုံးပေါ် လွှမ်းခြုံနေပြီး ပြောင်လက်ဖြူဖွေးသည့် ကြမ်းပြင်ကို ရောင်ပြန်ဟပ်နေစေသည်။ ဒါကြောင့် အခန်းထဲ သံစဉ်တန်းများဖြာနေပြီး နတ်ဘုံလေးအလား ထင်မှားစေသည်။

တိတ်ဆိတ်ငြိမ်သက်ပြီး ရောင်စဉ်များဖြင့် တောက်ပနေသောအခန်းက လှုပ်ရှားနေသောစိတ်ကို ငြိမ်သက်သွားစေပြီး ကျိုးယွင်ရှန့်က အမှတ်တမဲ့ဖြင့် စန္ဒရားရှိရာလျှောက်သွားပြီး ရှေးကျသည့်တူရိယာကို အသာအယာ တီးခတ်လိုက်သည်။ ကြယ်တာရာတွေကြားမှာ နေထိုင်သည့် သူ့အတွက် ဒီလိုစန္ဒရားဆိုတာမျိုးက ပျောက်ကွယ်သွားတာကြာလှပြီဖြစ်သည့် တူရိယာတစ်မျိုးသာဖြစ်သည်။ ကြယ်တာရာခေတ်မှာရှိသည့် သိပ္ပံခေတ်လွန်လူသားများအတွက် သံစဉ်တစ်ခုကိုကြားချင်လျှင် ဦးနှောက်စွမ်းရည်ကိုသုံးရုံနှင့် ကြားနိုင်ပေမယ့် ရှေးခေတ်ကလူသားများကတော့ တူရိယာတစ်ခုခုကို တီးခတ်မှ တေးဂီတသံကို ဖန်တီးနိုင်ကြသည်။ ဒီအကြောင်းအရာကို သူ သမိုင်းစာအုပ်ထဲမှာသာ ဖတ်ဖူးခဲ့ပေမယ့် အခုတော့ ရှေးခေတ်ကတူရိယာကို သူ မျက်ဝါးထင်ထင် တွေ့ရလေပြီ။ သူက စန္ဒရားကို လက်နှင့်အသာအယာထိလိုက်ပြီး စန္ဒရားကို သဘောကျနှစ်သက်သည့် စိတ်များ ရုတ်တရက်ဖြစ်ပေါ်လာခဲ့သည်။

သူက စန္ဒရားခုံမှာထိုင်လိုက်ပြီး အဖုံးကိုဖွင့်ဟလို့ ခလုတ်တချို့ကို နှိပ်ကြည့်လိုက်တော့ အသံသာသာလေးများ ပေါ်လာသဖြင့် သူ့မျက်နှာထက်တွင် ပထမဆုံး စစ်မှန်သည့်အပြုံးလေး ပေါ်လာခဲ့သည်။ သူ့လက်ဆယ်ချောင်းလုံး စန္ဒရားခလုတ်ပေါ် ပြေးလွှားကာ ခေါင်းထဲမှာပေါ်လာသည့် သံစဉ်တစ်ခုကို အလိုလျောက်တီးခတ်လိုက်သည်။ ဒီသီချင်းသံစဉ်က မနက်တိုင်း ရွှယ်ကျင်းရီလေ့ကျင့်တီးခတ်သည့် သီချင်းဖြစ်သည်။

ဒီသီချင်းရဲ့ ပထမပိုဒ်ကို တီးခတ်ပြီးချိန်မှာ တံခါးက ရုတ်တရက်ပွင့်သွားပြီး ရွှယ်ဇီရွှမ်နဲ့ ရွှယ်ကျင်းရီတို့ မတ်တပ်ရပ်လျက်နေပြီး အခန်းထဲကမြင်ကွင်းကို မယုံနိုင်စွာဖြင့် အံ့အားသင့်ကြောင်ငေးကာ ကြည့်နေမိကြသည်။

"မင်း အရင်က စန္ဒရားတီးဖူးလား.."

ရွှယ်ဇီရွှမ်က အခန်းထဲဝင်လာရင်း မေးလိုက်သည်။ သူက ခုလေးတင် ခရီးကပြန်လာတာဖြစ်ပြီး သူ့လက်ထဲမှာ ခရီးဆောင်အိတ်ကို ကိုင်ထားဆဲဖြစ်သည်။

ကျိုးယွင်ရှန့်က ခေါင်းယမ်းပြီး ပြန်ဖြေလိုက်သည်။

"မတီးဖူးပါဘူး.. ကျွန်တော် အကြိမ်တချို့ နားထောင်ဖူးရုံပါ.."

ရွှယ်ဇီရွှမ်၏မျက်နှာထားက ပုံမှန်နဲ့မတူဘဲ တမျိုးဖြစ်နေသည်။ တံခါးဝတွင်ရပ်နေသည့် ရွှယ်ကျင်းရီက တံခါးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားပုံက တစ်စစီချိုးဖဲ့ပစ်တော့မလိုပင်။ တောရွာလေးကလာတဲ့ ဒီကောင်လေးက စန္ဒရားမတီးတတ်တာ သူမအသိဆုံးဖြစ်သည်။ စန္ဒရားဆိုတာ ဘယ်လိုဟာမှန်းပင် သူမသိနိုင်လောက်ပေ။ ဒါပေမယ့် ခုလိုတီးခတ်နိုင်တယ်ဆိုတော့ သူက ပါရမီရှင်ပဲဖြစ်ရမယ်။ ဂီတသံတစ်ခုကို အကြိမ်တချို့ကြားရုံနှင့် ထပ်တူလိုက်တီးနိုင်သည်ဆိုသည့် အရည်အချင်းက သူမ၏အစ်ကိုကြီး ရွှယ်ဇီရွှမ်ထံတွင်သာရှိပြီး ပါရမီရှင်ဆိုပြီး လူတိုင်း စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်သော အရည်အချင်းတစ်ခုဖြစ်သည်။ ခုတော့ ဒီကောင်လေးက ဒီလိုလုပ်နိုင်သည်တဲ့လား။

ထွက်သွားစမ်း.. အခုချက်ချင်း ငါ့အိမ်ထဲက ထွက်သွားစမ်း..။

သူမရဲ့နှလုံးသားထဲမှာ အော်ဟစ်ကျိန်ဆဲနေပေမယ့် အပြင်က ဒီလိုအရိပ်မပေါ်အောင် မနည်းထိန်းထားရသည်။
ရွှယ်ဇီရွှမ်က စန္ဒရားရှိရာသို့လျှောက်လာပြီး ငြင်သာစွာပြောလိုက်သည်။

"အစအဆုံး ထပ်တီးပါ.."

ကျိုးယွင်ရှန့်က သဘောတူလိုက်ပြီး ဒီသီချင်းကို အစအဆုံးပြန်တီးပြလိုက်သည်။ သူ ရွှယ်ဇီရွှမ်ကိုခိုးကြည့်လိုက်တော့ ရွှယ်ဇီရွှမ်က မျက်လုံးမှိတ်ထားပြီး ဒီတီးလုံးသံကို အလေးအနက်ထားပြီး အာရုံစိုက်နားထောင်နေသည်ကို တွေ့လိုက်ရသည်။ ပြီးတော့ သူ့အမူအယာက တစ်စုံတစ်ခုကို သည်းခံနေရသည့်အမူအယာ ပေါက်လာသည်။ ဒုတိယပိုဒ်ကို ကျိုးယွင်ရှန့် တီးခတ်လိုက်ချိန်မှာ ရွှယ်ဇီရွှမ်က သည်းမခံနိုင်တော့သည့် အမူအယာဖြင့် စန္ဒရားအဖုံးကို ပိတ်ချလိုက်သည်။ စန္ဒရားအဖုံးက တီးလက်စ ကျိုးယွင်ရှန့်၏ လက် 10 ချောင်းလုံးပေါ် ပိကျလာပြီး အခန်းထဲ ဆူညံသံတစ်ခုပေါ်လာပြီး တိတ်ဆိတ်သွားတော့သည်။ ကျိုးယွင်ရှန့်၏ လက်ချောင်းဖြူဖြူများပေါ် အဖုံးဆောင့်ပိတ်မှုကြောင့် ရလိုက်သည့် နီရဲသည့်ဒဏ်ရာက ချက်ချင်းထင်လာပြီး နာကျင်မှုကို ခံစားလိုက်ရသည်။

ကျိုးယွင်ရှန့်က နာကျင်မှုကြောင့် မျက်ရည်ဝဲလာပြီး ရွှယ်ဇီရွှမ်ကို မော့ကြည့်လိုက်တော့ သူက အေးစက်စွာပြောခဲ့သည်။

"မင်း စန္ဒရားကို နောက်တစ်ခါထပ်ထိရင် မင်းလက်တွေကို ငါ ရိုက်ချိုးပစ်လိုက်မယ်.."

---------------------------------------

Continue Reading

You'll Also Like

3.9M 413K 41
Myanmar BL
794K 104K 133
ထူးျခားတဲ့ ကြင္းဆက္လူသတ္မႈေတြကို မႈခင္းပညာနဲ႔ စိတ္ပညာေပါင္းၿပီး ေျဖ႐ွင္းၾကတဲ့ S C I အဖြဲ႔ရဲ႕ ေခါင္းေဆာင္ႏွစ္ေယာက္ရဲ႕ တ႐ုတ္ဝတၳဳကို eng ကေန ျမန္မာျပန္ေ...
198K 7.5K 35
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
897K 47.8K 43
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...