ရွှယ်ဇီရွမ် (Completed) (MM T...

By MayKingMK119

516K 70K 1.2K

Translator _ May King More

Twins of Different Fates
FOD Extra_1 _ ႐ႊယ္ဇီ႐ြမ္၏ ျပန္လည္ေမြးဖြားျခင္း
FOD Extra_1_Chapter(1-1) - ႐ုတ္တရက္ အလည္လာျခင္း
FOD Extra_1_Chapter(1-2) - ႐ုတ္တရက္ အလည္လာျခင္း
FOD Extra_1_Chapter(1-3) (Zawgyi+Unicode)
FOD Extra_1_Chapter(1-5) (Zawgyi+Unicode)
FOD Extra_1_Chapter(1-6) (Zawgyi+Unicode)
FOD Extra_1_Chapter(2-1) (Zawgyi+Unicode)
FOD Extra_1_Chapter(2-2) (Zawgyi+Unicode)
FOD Extra_1_Chapter(2-3) (Zawgyi+Unicode)
FOD Extra 1 - Chapter (2-4)
FOD Extra_1_Chapter(2-5) (Zawgyi+Unicode)
New Fiction - Lord of End of World
FOD Extra 1 - Chapter (3-1) - လူသားကမာၻသို႔ ျပန္လည္ေရာက္ရွိျခင္း
Chapter (3-2)- သူနဲ႕ေတြ႕မွျဖစ္မယ္
Chapter (3-3) - ဟြမ္ရီ ဘယ္မွာလဲ
Chapter (3-4)- အိမ္ကို ျပန္လာရသည့္ ခံစားခ်က္
Chapter (3-5)- ေတာင္းပန္္ပါတယ္ ကိုယ့္ခ်စ္သူေလးရယ္
FOD Extra_1_ Chapter - (3-6) ေရွာင္ရီ..ကိုကိုေတာင္းပန္ပါတယ္
Chapter (3-7) - ကိုကိုရွိေနသေရႊ႕ မင္းကိုယ္ေပၚ ဘယ္သူမွ လက္ေတာင္ မရြယ္ေစရဘူး။
FOD Extra 1 - Chapter (4-1) - အစြန္းႏွစ္ဖက္ ကိုယ္ရည္ကိုယ္ေသြးႏွင့္ စိတ္ ေရာဂါ
FOD Extra 1 - Chapter (4-2) - မင္းမက်န္းမာတာ ဟြမ္ရီရဲ႕အမွားမဟုတ္ဘူး
FOD Extra 1 - Chapter (4-3) - ဝိဥာဥ္ကူးေျပာင္းလာသူလား?
FOD Extra 1 - Chapter (4-4) - ကိုယ့္ကို ကိုကိုလုိ႕ ေခၚ....
FOD Extra 1 - Chapter (4-5) - ခုလို ဝတ္တာ မင္း ႀကည့္ရဆိုးတယ္ ေရွာင္ရီေလး....
Chapter (5-1) - ထိန္းခ်ဳပ္ႏိုင္စြမ္း ေလ်ာ့နည္းသြားသည့္ system
Chapter (5-2) - 'ေရွာင္ရီေလး.. ကိုယ့္ကို ခြဲမသြားပါနဲ႔..'
Chapter (5-3) - "ရႊယ္ရန္ကိုေရွာင္ဖို႔ ၿမိဳ႕ထဲကို ေျပာင္းေနၾကမယ္.."
Chapter (5-4) - "အျခားသူေတြ မင္းကို ထိခိုက္ေအာင္လုပ္တာခြင့္မျပဳဘူး.."
Chapter (5-5) - ေက်ာင္းတက္ရေတာ့မွာမို႕ ျမိဳ႕ထဲေျပာင္းေနလိုက္ပါ
Chapter (5-6) - ရႊယ္က်င္းရီ... မင္းရူးသြားျပီလား
Chapter (5-7) - ကိုယ့္နွလံုးသားကို လိုခ်င္တယ္ဆိုရင္ အရာအားလံုး ေပးအပ္မယ္။
Chapter (6-1) - မူလရည္႐ြယ္ခ်က္ကို မေမ့ပါဘူး (Zawgyi+Unicode)
Chapter (6-2) - "ဟြမ္ရီက ခ်စ္ဖို႔ေကာင္းတယ္.. ဒီကေလးက သူပိုင္တဲ့ေကာင္ေလး.."
Chapter (6-3) -ဟြမ္ရီေဘးမွာ ဆန္မုန႔္လုံးေလးလို ကပ္ေနခ်င္တယ္
Chapter (6-4) - ေမွ်ာ္လင့္ျခင္းနဲ႔ ျပန္လည္ဆုံစည္းျခင္း ေခါင္းေလာင္းျပာပန္း
Another FOD tanslation
Chapter (6-5)+ (6-6) (Z+U)
Chapter (6-7) - အေကာင္းဆံုးေတြပဲ မင္းကို ေပးအပ္ခ်င္တယ္ ေရွာင္ရီေလး (Z+U)
Chapter (7-1)+(7-2)+(7-3) (Z+U)
Chapter (7-4)+(7-5)(Z+U)
Chapter (7-6)+(7-7) (Z+U)
Chapter (8-1)+(8-2)(Z+U)
Chapter (8-3)+(8-4)(Z+U)
Chapter (8-5)+(8-6)+(8-7)(Z+U)
Chapter (8-8+8-9)(Z+U)
FOD Arc-14 completed
Chapter _ (9-1) +(9-2) ( Z+U)
Chapter (9-3) + (9-4) (Z+U)
FOD Extra_ 1_ Chapter (9-5)_ ျပိဳင္ကားကို ျပန္လည္တပ္ဆင္ျပီးျခင္း (Z+U)
Chapter (9-6)+(9-7)
Chapter (9-8)_ villain system စက္ရုပ္ကိုတီထြက္ျခင္း (Z+U)
Chapter (10-1)_ ႏွစ္ေယာက္တည္း ကမာၻ (Z+U)
FOD Extra 1_ Chapter (10-2) (Z+U) - ႏွစ္ေယာက္တည္းကမာၻ
FOD: Extra 1_ Chapter (10-3) -ႏွစ္ေယာက္တည္း ကမာၻ (Z+U)
FOD: Extra 1_ Chapter (10-4) -ႏွစ္ေယာက္တည္း ကမာၻ
FOD Extra 1_ Chapter (10-5)_ ႏွစ္ေယာက္တည္း ကမာၻ
FOD _ Extra 1 - Chapter (10.6) - နှစ်ယောက်တည်း ကမ္ဘာ (1)
🚨🚨🚨 အသားစားခြင်း/အသားစားျခင္း
FOD: Extra 1_ Xue Zi Xuan- Chapter (10.8)
Extra 1_ Chapter (11-1) - စန္ဒယားပြိုင်ပွဲ
FOD Extra 1_ Chapter (11-2) - စန္ဒရားပြိုင်ပွဲ
FOD Extra 1_ Chapter (11-3) - စန္ဒရားပြိုင်ပွဲ(U+Z)
Extra 1 _Chapter (11-4) - စန္ဒရားပြိုင်ပွဲ
Extra 1_ Chapter (11-5) - စန္ဒရားပြိုင်ပွဲ
(z)Chapter (11-5) - စႏၵရားၿပိဳင္ပြဲ
FOD Extra 1_ Chapter (11-6) _ စန္ဒယားပြိုင်ပွဲ
FOD Extra 1_ Chapter (11-7) _ စန္ဒယားပြိုင်ပွဲ
Chapter (11- 8) - စန္ဒယားပြိုင်ပွဲ
Chapter (12-1) ထာဝရအချစ်
(U+Z) Chapter (12-2) - (M) ထာဝရအချစ်
Chapter (12-3)_ မကောင်းဆိုးဝါး မာရ်နတ်
(U+Z) Chapter (12-4)_ ဟွမ်ရီ အနိုင်ရရှိခြင်း
Chapter (13-1) - လူသတ်မှု
ongoing
Chapter (13-2) _ ဒီကောင်လေးကို အဆုံးထိ ကာကွယ်ပေးရမယ်.....
Chapter (13-3) - ဟွမ်ရီကို ပူးပေါင်းလုပ်ကြံကြခြင်း
Chapter (13-4)_ မကောင်းကြံသူတိုင်း ပြန်လည်ပေးဆပ်ရမယ်
Chapter (13-5)_ ကလဲ့စားချေခြင်း
Extra 1_ Chapter (14-1) _ ရှောင်ရီကို ကာကွယ်ဖို့ ဘာမဆိုလုပ်မယ်
Chapter (14-2)_ ဟွမ်ရီကို သေတာထက် ဆိုးသည့်ဘဝကို ရောက်အောင်လုပ်ပစ်မည်.....
Chapter (14-3)_ ဟွမ်ရီ ဘယ်လောက်တောင် နာကျင်ခဲ့ရမလဲ.....
Chapter (15-1)_ ခေါင်းလောင်းပန်းတို့ ဝေဝေဆာဆာပွင့်ဖူးချိန်
Chapter (15-2)_ မင်းကို ငါ စောင့်နေမယ်
Chapter (15-3)_တရုတ်စံကားပန်းတွေ ပွင့်လာတဲ့အခါ
Chapter (15-4)_ မင်းရှိတဲ့နေရာတိုင်းက ကိုယ့်အိမ်ပဲ.....
Chapter (15-5)_ နှစ်ဘဝတိုင်တိုင် စောင့်ခဲ့ရတယ်.....

FOD Extra_1_Chapter(1-4) (Zawgyi+Unicode)

5.7K 842 6
By MayKingMK119

FOD Extra_1_Chapter(1-4) (Zawgyi+Unicode)

အိမ္ေတာ္ထိန္းက သူ႔ရဲ႕ေမးခြန္းေတြေၾကာင့္  မေက်မနပ္ျဖစ္သြားပုံရၿပီး ေအးစက္စက္ေျဖလိုက္သည္။

" မင္း သန႔္စင္ၿပီးရင္ သခင္မေလးကိုေတြ႕လိမ့္မယ္။ ေရခ်ိဳးခန္းထဲက ပစၥည္းေတြဘယ္လိုသုံးရမလဲ သိလား။ မသိရင္ ငါသင္ေပးခဲ့မယ္"

သူ႔အေၾကာင္းကို သူတို႔စုံစမ္းၿပီးသားျဖစ္လိမ့္မည္ဆိုတာ က်ိဳးယြင္ရွန႔္ သိသည္။ သူက မ်က္ႏွာနီသြားၿပီး ေခါင္းရမ္းျပလိုက္သည္။ ေရွာင္လွ်ိဳ ႐ြာမွာ ေရပူမရွိရွာေပ။ တစ္လကို ေရပူနဲ႔ ၃ခါေလာက္ခ်ိဳးရတယ္ဆိုရင္ စည္းဇိမ္ႀကီးတစ္ခုျဖစ္ေနၿပီ။ ဒါေၾကာင့္ သူက ေခတ္မီ ေရခ်ိဳးခန္းသုံး ပစၥည္းေတြကို ဘယ္လိုလုပ္ သုံးတတ္မွာလဲ။

ဖူဘိုရဲ႕မ်က္လုံးထဲမွာ အထင္ေသးရိပ္ ေပၚလာၿပီး ေရခ်ိဳးခန္းထဲဝင္လာၿပီး ပစၥည္းေတြအသုံးျပဳပုံကို သင္ျပေပးကာ အဝတ္အစားထုတ္ေပးၿပီး ေျပာလိုက္သည္။

"သခင္မက မင္းအတြက္ တႏွစ္လုံးစာ ဝတ္ရမယ့္ အဝတ္အစားေတြ ျပင္ဆင္ေပးထားတယ္။ မင္းယူလာတာေတြကို ဘာတစ္ခုမွ ဝတ္လို႔မရလို႔ ငါ လႊင့္ပစ္ခိုင္းလိုက္ၿပီ"

သူ႔ပစၥည္းေတြကို  လႊင့္ပစ္လိုက္တယ္....

ဒါက တဖက္သားကို မေလးစားဘူးဆိုတာ ထင္ရွားသည္။ သူ႔ကိုယ္သူ ဘာေကာင္ထင္ေနလဲ။  က်ိဳးယြင္ရွန႔္  ရင္ထဲ ေဒါသထြက္ေနေပမယ့္ အျပင္ပိုင္းမွာ ရွက္႐ြံ႕စြာ  ေခါင္းၿငိမ့္ျပလိုက္သည္။ ဖူဘိုက သူတုံ႔ျပန္တဲ့ပုံကို ၾကည့္ၿပီး ေက်နပ္သြားကာ တံခါးပိတ္ၿပီး  အျပင္ကို ထြက္သြားသည္။

ေျခသံေတြေဝးသြားတဲ့အခါတြင္ နဖူးေပၚဝဲက်ေနတဲ့ ဆံပင္ေတြကို သပ္ကာ မ်က္ခုံးပင့္ၿပီး ညႇိဳ႕အားျပင္းစြာျဖင့္ က်ိဳးယြင္ရွန႔္ၿပဳံးလိုက္သည္။  ႐ိုက်ိဳးစြာ ငုံ႔ကိုင္းေနေသာ ကိုယ္ကို မတ္လိုက္သလို
ႏွိမ့္ခ်တတ္တဲ့အမူအရာ  ေပ်ာက္သြားသည္။ ႐ိုက်ိဳးၿပီး အားနည္းတဲ့ ပုံစံကေန ဘာကိုမွ ဂ႐ုမစိုက္တဲ့ မာနႀကီးၿပီး အထက္စီးဆန္တဲ့ပုံ ျဖစ္လာသည္။ က်ိဳးယြင္ရွန႔္  အခန္းထဲေလွ်ာက္ ၾကည့္ၿပီး ေခါင္းရမ္းလိုက္သည္။

"ဒီအခန္းကို hotelတစ္ခုလို တစ္ခါသုံးေတြနဲ႔ ျပင္ဆင္ထားတယ္။ ၾကည့္ရတာ အိမ္ရွင္က ငါ့အေပၚအခ်ိန္အၾကာႀကီးေခၚထားမယ့္ပုံ မေပၚဘူး။ ငါက ဆင္းရဲၿပီး သူတို႔အတြက္ အက်ိဳးမွမရွိတာ။ ဘာေၾကာင့္ ေခၚထားခ်င္ရတာလဲ။  ငါရထားတဲ့ ေလ်ာ္ေၾကးေငြေၾကာင့္လား  "

 ေဒၚလာသန္းခ်ီတန္တဲ့ ဇိမ္ခံအိမ္ႀကီးကိုေတာင္ ဝယ္ႏိုင္တဲ့လူေတြက ဘယ္လိုလုပ္ၿပီး ေလ်ာ္ေၾကးေငြ ယြမ္ 70000 ေၾကာင့္ သူ႔ကိုေခၚထား မွာလဲ။ ဒီေနာက္ကြယ္မွာ သူ မသိေသးတဲ့  ပိုေလးနက္တဲ့ အေၾကာင္းရင္း ရွိရမည္။ သူ က အခန္းပတ္ပတ္လည္ လိုက္ရွာေပမယ့္ သူအလိုအပ္ဆုံး laptopကို မေတြ႕ရေပ။

သူ႔ရဲ႕ ကမာၻမွာဆိုရင္ သူက ကမာၻ႔ နံပါတ္ 1 ဟက္ကာ တစ္ေယာက္ျဖစ္ၿပီး   ကြန္ပ်ဴတာတလုံးနဲ႔ အင္တာနက္ရွိပါက မွန္းဆလို႔ေတာင္မရႏိုင္တဲ့ ထူးျခားတာေတြကို လုပ္ႏိုင္စြမ္းရွိသည္။ ဒီကမာၻရဲ႕နည္းပညာဖြံ႕ၿဖိဳးမႈက သူေနခဲ့တဲ့ကမာၻနဲ႔ မယွဥ္ႏိုင္ေပမယ့္ ကြန္ပ်ဴတာေတြကိုေတာ့ တြင္က်ယ္စြာ အသုံးျပဳႏိုင္ေနၾကၿပီျဖစ္သည္။ ခင္ဗ်ားတို႔ တကယ္  ကေလးေမြးစား ခ်င္တယ္ ဆိုရင္ သူ႔အတြက္ျပင္ေပးထားတဲ့ အခန္းမွာ  laptop ကို ဘယ္လိုမ်ား ခ်န္ထားရတာလဲ။

အဲ့ဒါေၾကာင့္ ဒီမိသားစု သူ႔ကိုေမြးစားတာက အက်ိဳး တစ္ခုေၾကာင့္ ျဖစ္တယ္ဆိုတာ ထင္ရွားသည္။  အခု သူ႔မွာ ကြန္ပ်ဴတာရွိမယ္ဆိုရင္
Online မွတဆင့္ လက္ရွိလိပ္စာနဲ႔  ႐ႊယ္ မ်ိဳး႐ိုးကေန ဒီမိသားစုရဲ႕ အခ်က္အလက္ေတြအကုန္ ရွာၾကည့္ ႏိုင္မည္ျဖစ္သည္။

"ေမ့လိုက္ေတာ့။ ရွာေတြ႕လည္း  ငါက ေသရမွာပဲ။ ဒီမွာေနရင္း ဒီေနရာက ဇာတ္လိုက္ကို  ဒုကၡေပးရင္း ေပ်ာ္ေအာင္ေနလိုက္ေတာ့မယ္"

က်ိဳးယြင္ရွန႔္ ေလွာင္ရယ္လိုက္ၿပီး laptop ကို မရွာေတာ့ဘဲ  ေရခ်ိဳးလိုက္သည္။ သဲကႏၲာရထဲမွာ ဆယ္ႏွစ္ၾကာေအာင္ ငါေနခဲ့ၿပီး ဂ်ဳံစားရင္း ေျမႀကီးေပၚမွာ အိပ္ခဲ့ရတာ လုံေလာက္ၿပီ။ ေနာက္ဆုံး ဒီ  စံအိမ္ႀကီးထဲမွာ ခဏေတာ့ ေနႏိုင္ၿပီ။  သူ ေသရမယ္ဆိုရင္ေတာင္ ဘယ္ေတာ့မွ အရႉံးေပးလိုက္မည္ မဟုတ္ေပ။ သူ system ကို ထိန္းခ်ဳပ္ဖို႔ လုပ္တာ ဒီတစ္ႀကိမ္ မေအာင္ျမင္ရင္ ေနာက္တစ္ႀကိမ္ ထပ္ႀကိဳးစားမည္။ တစ္ေန႔မွာ Lord God က သူ႔ေျခေထာက္ေအာက္ေရာက္ရမည္ဟု သူယုံၾကည္သည္။

ကမာၻအစစ္မွာ သူ႔ရဲ႕ လိွ်ဳ႕ဝွက္နာမည္က နတ္ဘုရားကိုသတ္ျဖတ္သူ ျဖစ္သည္။ ဒီကစားပြဲမွာ ဘယ္သူႏိုင္မယ္ဆိုတာမသိႏိုင္ေသးပါဘူး။ သူ႔မ်က္ႏွာကို  စိုစြတ္တဲ့ပဝါနဲ႔အုပ္လိုက္ၿပီး ေလွာင္ရယ္ရယ္လိုက္သည္။

တစ္နာရီၾကာၿပီးေနာက္ အိမ္ေတာ္ထိန္းက တံခါးလာေခါက္ၿပီး အလြန္အသန႔္ႀကိဳက္သည့္ သခင္ေလးထက္ ဒီဧည့္သည္ေရခ်ိဳးတာ ၾကာေနလို႔ မေက်မနပ္ျဖစ္ေနသည္။ သခင္မႀကီး၊သခင္ေလးနဲ႔ သခင္မေလးတို႔က ဧည့္ခန္းထဲမွာေစာင့္ေနၾကတာကို ဒီေကာင္ေလး လူမႈေရးနားမလည္ဘူးဟု ေတြးေနသည္။

"ဖူဘို ဒီအဝတ္အစားက မိန္းကေလးေတြ ထင္တယ္"

က်ိဳးယြင္ရွန႔္ တံခါးဖြင့္ၿပီး အျဖဴေရာင္ဝတ္စုံတစ္စုံထုတ္ကာ သူ႔ကိုယ္ေပၚ ကပ္ၾကည့္လိုက္သည္။ သူက ေတာသားေပမယ့္ လွည့္စားလို႔မရေပ။  က်ပ္ထုပ္ေနတဲ့ အသားကပ္ေဘာင္းဘီ ၊ ခါးစည္းႏွင့္ ပန္းပြင့္ဒီဇိုင္း အက်ႌကို မိန္းကေလးေတြ ဝတ္လိမ့္မည္။

ဖူဘိုရဲ႕မ်က္ႏွာက မေျပာင္းလဲပဲ က်ိဳးယြင္ရွန႔္  ထြက္မလာတာ  အဝတ္အစားေတြမိန္းမဆန္ေနလို႔ျဖစ္ႏိုင္တယ္လို႔ ေတြးမိၿပီး မေက်နပ္တာနည္းနည္းေလ်ာ့သြားသည္။ ဒါေၾကာင့္ ဖူဘိုက အတည္ေပါက္ရွင္းျပလိုက္သည္။

"ဒီအဝတ္အစားမ်ိဳးက ေယာက်္ားေလးေရာမိန္းကေလးပါ ဝတ္လို႔ရပါတယ္။ မင္းနဲ႔သခင္မေလးက ေမာင္ႏွမေတြေလ။ အဝတ္အစားဆင္တူဝတ္တာက မင္းတို႔ခ်င္း ရင္းႏွီးမႈပိုရႏိုင္တယ္လို႔ သခင္မႀကီးက ေျပာတယ္။ အခုေခတ္ ဒီလိုအဝတ္အစားမ်ိဳးက လူတိုင္းဝတ္ၾကလို႔ မင္းစိတ္အေႏွာင့္အယွက္ျဖစ္မေနပါနဲ႔"

"ဒီလိုလား"

အက်ႌအနားစေတြကို ဆုပ္ေခ်ရင္း က်ိဳးယြင္ရွန႔္  ဖူဘိုေနာက္မွလိုက္ၿပီး ေလွကားေအာက္ကို ဆင္းခဲ့သည္။

႐ုပ္ေခ်ာတဲ့လူငယ္က ဧည့္ခန္းထဲမွာအၾကာႀကီးေစာင့္ေနရတယ္။ သူထိုင္သည္ျဖစ္ေစ၊  လမ္းေလွ်ာက္သည္ျဖစ္ေစ ခါးကအၿမဲတမ္း မတ္ေနသည္။ အခု ဆိုဖာေပၚထိုင္ေနစဥ္ လက္တစ္ဖက္က ေဘးမွာ ခ်ထားၿပီး က်န္တစ္ဖက္က ေပါင္ေပၚ တင္ထားတာက သက္ေတာင့္ သက္သာႏွင့္ သဘာဝက်က်ပင္။  သူ႔ကိုယ္ေနဟန္ထားနဲ႔ ပုံစံၾကည့္ရတာ ေက်ာက္ဆစ္႐ုပ္တုကဲ့သို႔ ေက်ာ့ရွင္းလို႔ေနသည္။

ေျခသံေတြၾကားလို႔  ႐ႊယ္ဇီ႐ႊမ္ ေမာ့ၾကည့္လိုက္သည္။  သူ၏ နက္ေမွာင္ေနတဲ့မ်က္လုံးေတြက  ေပ်ာ္႐ႊင္ျခင္း၊ဝမ္းနည္းျခင္းကို မေဖာ္ျပပဲ တည္ၿငိမ္ေနသည္။ သူ႔ေဘးမွာထိုင္ေနတဲ့ မိန္းကေလးက သူ႔လက္ေမာင္း ကို  တင္းတင္းက်ပ္က်ပ္  ဖက္တြယ္ထားသည္။  သူ အသန႔္ႀကိဳက္လြန္ တာကို ေမ့ေနပုံရၿပီး ေကာင္မေလးရဲ႕အျပဳအမူကို က်င့္သားရေနဟန္ ေပၚသည္။ သူမကို အထူး အလိုလိုက္ေနပုံေပၚသည္။

ဒါက ငါ့ရဲ႕အမႊာညီမလား။ သူ႔မ်က္လုံးေတြက ႐ြယ္ဇီယြမ္ရဲ႕ ေနာက္က  လွပတဲ့မ်က္ႏွာေလးကိုၾကည့္ၿပီး ခန႔္မွန္းလိုက္တယ္။

================

FOD Extra_1_Chapter(1-4) (Zawgyi+Unicode)

အိမ်တော်ထိန်းက သူ့ရဲ့မေးခွန်းတွေကြောင့်  မကျေမနပ်ဖြစ်သွားပုံရပြီး အေးစက်စက်ဖြေလိုက်သည်။

" မင်း သန့်စင်ပြီးရင် သခင်မလေးကိုတွေ့လိမ့်မယ်။ ရေချိုးခန်းထဲက ပစ္စည်းတွေဘယ်လိုသုံးရမလဲ သိလား။ မသိရင် ငါသင်ပေးခဲ့မယ်"

သူ့အကြောင်းကို သူတို့စုံစမ်းပြီးသားဖြစ်လိမ့်မည်ဆိုတာ ကျိုးယွင်ရှန့် သိသည်။ သူက မျက်နှာနီသွားပြီး ခေါင်းရမ်းပြလိုက်သည်။ ရှောင်လျှို ရွာမှာ ရေပူမရှိရှာပေ။ တစ်လကို ရေပူနဲ့ ၃ခါလောက်ချိုးရတယ်ဆိုရင် စည်းဇိမ်ကြီးတစ်ခုဖြစ်နေပြီ။ ဒါကြောင့် သူက ခေတ်မီ ရေချိုးခန်းသုံး ပစ္စည်းတွေကို ဘယ်လိုလုပ် သုံးတတ်မှာလဲ။

ဖူဘိုရဲ့မျက်လုံးထဲမှာ အထင်သေးရိပ် ပေါ်လာပြီး ရေချိုးခန်းထဲဝင်လာပြီး ပစ္စည်းတွေအသုံးပြုပုံကို သင်ပြပေးကာ အဝတ်အစားထုတ်ပေးပြီး ပြောလိုက်သည်။

"သခင်မက မင်းအတွက် တနှစ်လုံးစာ ဝတ်ရမယ့် အဝတ်အစားတွေ ပြင်ဆင်ပေးထားတယ်။ မင်းယူလာတာတွေကို ဘာတစ်ခုမှ ဝတ်လို့မရလို့ ငါ လွှင့်ပစ်ခိုင်းလိုက်ပြီ"

သူ့ပစ္စည်းတွေကို  လွှင့်ပစ်လိုက်တယ်....

ဒါက တဖက်သားကို မလေးစားဘူးဆိုတာ ထင်ရှားသည်။ သူ့ကိုယ်သူ ဘာကောင်ထင်နေလဲ။  ကျိုးယွင်ရှန့်  ရင်ထဲ ဒေါသထွက်နေပေမယ့် အပြင်ပိုင်းမှာ ရှက်ရွံ့စွာ  ခေါင်းငြိမ့်ပြလိုက်သည်။ ဖူဘိုက သူတုံ့ပြန်တဲ့ပုံကို ကြည့်ပြီး ကျေနပ်သွားကာ တံခါးပိတ်ပြီး  အပြင်ကို ထွက်သွားသည်။

ခြေသံတွေဝေးသွားတဲ့အခါတွင် နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်တွေကို သပ်ကာ မျက်ခုံးပင့်ပြီး ညှို့အားပြင်းစွာဖြင့် ကျိုးယွင်ရှန့်ပြုံးလိုက်သည်။  ရိုကျိုးစွာ ငုံ့ကိုင်းနေသော ကိုယ်ကို မတ်လိုက်သလို
နှိမ့်ချတတ်တဲ့အမူအရာ  ပျောက်သွားသည်။ ရိုကျိုးပြီး အားနည်းတဲ့ ပုံစံကနေ ဘာကိုမှ ဂရုမစိုက်တဲ့ မာနကြီးပြီး အထက်စီးဆန်တဲ့ပုံ ဖြစ်လာသည်။ ကျိုးယွင်ရှန့်  အခန်းထဲလျှောက် ကြည့်ပြီး ခေါင်းရမ်းလိုက်သည်။

"ဒီအခန်းကို hotelတစ်ခုလို တစ်ခါသုံးတွေနဲ့ ပြင်ဆင်ထားတယ်။ ကြည့်ရတာ အိမ်ရှင်က ငါ့အပေါ်အချိန်အကြာကြီးခေါ်ထားမယ့်ပုံ မပေါ်ဘူး။ ငါက ဆင်းရဲပြီး သူတို့အတွက် အကျိုးမှမရှိတာ။ ဘာကြောင့် ခေါ်ထားချင်ရတာလဲ။  ငါရထားတဲ့ လျော်ကြေးငွေကြောင့်လား  "

 ဒေါ်လာသန်းချီတန်တဲ့ ဇိမ်ခံအိမ်ကြီးကိုတောင် ဝယ်နိုင်တဲ့လူတွေက ဘယ်လိုလုပ်ပြီး လျော်ကြေးငွေ ယွမ် 70000 ကြောင့် သူ့ကိုခေါ်ထား မှာလဲ။ ဒီနောက်ကွယ်မှာ သူ မသိသေးတဲ့  ပိုလေးနက်တဲ့ အကြောင်းရင်း ရှိရမည်။ သူ က အခန်းပတ်ပတ်လည် လိုက်ရှာပေမယ့် သူအလိုအပ်ဆုံး laptopကို မတွေ့ရပေ။

သူ့ရဲ့ ကမ္ဘာမှာဆိုရင် သူက ကမ္ဘာ့ နံပါတ် 1 ဟက်ကာ တစ်ယောက်ဖြစ်ပြီး   ကွန်ပျူတာတလုံးနဲ့ အင်တာနက်ရှိပါက မှန်းဆလို့တောင်မရနိုင်တဲ့ ထူးခြားတာတွေကို လုပ်နိုင်စွမ်းရှိသည်။ ဒီကမ္ဘာရဲ့နည်းပညာဖွံ့ဖြိုးမှုက သူနေခဲ့တဲ့ကမ္ဘာနဲ့ မယှဉ်နိုင်ပေမယ့် ကွန်ပျူတာတွေကိုတော့ တွင်ကျယ်စွာ အသုံးပြုနိုင်နေကြပြီဖြစ်သည်။ ခင်ဗျားတို့ တကယ်  ကလေးမွေးစား ချင်တယ် ဆိုရင် သူ့အတွက်ပြင်ပေးထားတဲ့ အခန်းမှာ  laptop ကို ဘယ်လိုများ ချန်ထားရတာလဲ။

အဲ့ဒါကြောင့် ဒီမိသားစု သူ့ကိုမွေးစားတာက အကျိုး တစ်ခုကြောင့် ဖြစ်တယ်ဆိုတာ ထင်ရှားသည်။  အခု သူ့မှာ ကွန်ပျူတာရှိမယ်ဆိုရင်
Online မှတဆင့် လက်ရှိလိပ်စာနဲ့  ရွှယ် မျိုးရိုးကနေ ဒီမိသားစုရဲ့ အချက်အလက်တွေအကုန် ရှာကြည့် နိုင်မည်ဖြစ်သည်။

"မေ့လိုက်တော့။ ရှာတွေ့လည်း  ငါက သေရမှာပဲ။ ဒီမှာနေရင်း ဒီနေရာက ဇာတ်လိုက်ကို  ဒုက္ခပေးရင်း ပျော်အောင်နေလိုက်တော့မယ်"

ကျိုးယွင်ရှန့် လှောင်ရယ်လိုက်ပြီး laptop ကို မရှာတော့ဘဲ  ရေချိုးလိုက်သည်။ သဲကန္တာရထဲမှာ ဆယ်နှစ်ကြာအောင် ငါနေခဲ့ပြီး ဂျုံစားရင်း မြေကြီးပေါ်မှာ အိပ်ခဲ့ရတာ လုံလောက်ပြီ။ နောက်ဆုံး ဒီ  စံအိမ်ကြီးထဲမှာ ခဏတော့ နေနိုင်ပြီ။  သူ သေရမယ်ဆိုရင်တောင် ဘယ်တော့မှ အရှူံးပေးလိုက်မည် မဟုတ်ပေ။ သူ system ကို ထိန်းချုပ်ဖို့ လုပ်တာ ဒီတစ်ကြိမ် မအောင်မြင်ရင် နောက်တစ်ကြိမ် ထပ်ကြိုးစားမည်။ တစ်နေ့မှာ Lord God က သူ့ခြေထောက်အောက်ရောက်ရမည်ဟု သူယုံကြည်သည်။

ကမ္ဘာအစစ်မှာ သူ့ရဲ့ လိျှု့ဝှက်နာမည်က နတ်ဘုရားကိုသတ်ဖြတ်သူ ဖြစ်သည်။ ဒီကစားပွဲမှာ ဘယ်သူနိုင်မယ်ဆိုတာမသိနိုင်သေးပါဘူး။ သူ့မျက်နှာကို  စိုစွတ်တဲ့ပဝါနဲ့အုပ်လိုက်ပြီး လှောင်ရယ်ရယ်လိုက်သည်။

တစ်နာရီကြာပြီးနောက် အိမ်တော်ထိန်းက တံခါးလာခေါက်ပြီး အလွန်အသန့်ကြိုက်သည့် သခင်လေးထက် ဒီဧည့်သည်ရေချိုးတာ ကြာနေလို့ မကျေမနပ်ဖြစ်နေသည်။ သခင်မကြီး၊သခင်လေးနဲ့ သခင်မလေးတို့က ဧည့်ခန်းထဲမှာစောင့်နေကြတာကို ဒီကောင်လေး လူမှုရေးနားမလည်ဘူးဟု တွေးနေသည်။

"ဖူဘို ဒီအဝတ်အစားက မိန်းကလေးတွေ ထင်တယ်"

ကျိုးယွင်ရှန့် တံခါးဖွင့်ပြီး အဖြူရောင်ဝတ်စုံတစ်စုံထုတ်ကာ သူ့ကိုယ်ပေါ် ကပ်ကြည့်လိုက်သည်။ သူက တောသားပေမယ့် လှည့်စားလို့မရပေ။  ကျပ်ထုပ်နေတဲ့ အသားကပ်ဘောင်းဘီ ၊ ခါးစည်းနှင့် ပန်းပွင့်ဒီဇိုင်း အင်္ကျီကို မိန်းကလေးတွေ ဝတ်လိမ့်မည်။

ဖူဘိုရဲ့မျက်နှာက မပြောင်းလဲပဲ ကျိုးယွင်ရှန့်  ထွက်မလာတာ  အဝတ်အစားတွေမိန်းမဆန်နေလို့ဖြစ်နိုင်တယ်လို့ တွေးမိပြီး မကျေနပ်တာနည်းနည်းလျော့သွားသည်။ ဒါကြောင့် ဖူဘိုက အတည်ပေါက်ရှင်းပြလိုက်သည်။

"ဒီအဝတ်အစားမျိုးက ယောကျ်ားလေးရောမိန်းကလေးပါ ဝတ်လို့ရပါတယ်။ မင်းနဲ့သခင်မလေးက မောင်နှမတွေလေ။ အဝတ်အစားဆင်တူဝတ်တာက မင်းတို့ချင်း ရင်းနှီးမှုပိုရနိုင်တယ်လို့ သခင်မကြီးက ပြောတယ်။ အခုခေတ် ဒီလိုအဝတ်အစားမျိုးက လူတိုင်းဝတ်ကြလို့ မင်းစိတ်အနှောင့်အယှက်ဖြစ်မနေပါနဲ့"

"ဒီလိုလား"

အင်္ကျီအနားစတွေကို ဆုပ်ချေရင်း ကျိုးယွင်ရှန့်  ဖူဘိုနောက်မှလိုက်ပြီး လှေကားအောက်ကို ဆင်းခဲ့သည်။

ရုပ်ချောတဲ့လူငယ်က ဧည့်ခန်းထဲမှာအကြာကြီးစောင့်နေရတယ်။ သူထိုင်သည်ဖြစ်စေ၊  လမ်းလျှောက်သည်ဖြစ်စေ ခါးကအမြဲတမ်း မတ်နေသည်။ အခု ဆိုဖာပေါ်ထိုင်နေစဉ် လက်တစ်ဖက်က ဘေးမှာ ချထားပြီး ကျန်တစ်ဖက်က ပေါင်ပေါ် တင်ထားတာက သက်တောင့် သက်သာနှင့် သဘာဝကျကျပင်။  သူ့ကိုယ်နေဟန်ထားနဲ့ ပုံစံကြည့်ရတာ ကျောက်ဆစ်ရုပ်တုကဲ့သို့ ကျော့ရှင်းလို့နေသည်။

ခြေသံတွေကြားလို့  ရွှယ်ဇီရွှမ် မော့ကြည့်လိုက်သည်။  သူ၏ နက်မှောင်နေတဲ့မျက်လုံးတွေက  ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်းကို မဖော်ပြပဲ တည်ငြိမ်နေသည်။ သူ့ဘေးမှာထိုင်နေတဲ့ မိန်းကလေးက သူ့လက်မောင်း ကို  တင်းတင်းကျပ်ကျပ်  ဖက်တွယ်ထားသည်။  သူ အသန့်ကြိုက်လွန် တာကို မေ့နေပုံရပြီး ကောင်မလေးရဲ့အပြုအမူကို ကျင့်သားရနေဟန် ပေါ်သည်။ သူမကို အထူး အလိုလိုက်နေပုံပေါ်သည်။

ဒါက ငါ့ရဲ့အမွှာညီမလား။ သူ့မျက်လုံးတွေက ရွယ်ဇီယွမ်ရဲ့ နောက်က  လှပတဲ့မျက်နှာလေးကိုကြည့်ပြီး ခန့်မှန်းလိုက်တယ်။

================

Continue Reading

You'll Also Like

1M 44.2K 56
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
250K 23K 130
အရမ်းချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်..မရည်ရွယ်တဲ့ အမှားတွေကြားအထင်လွဲမှုတွေနဲ့ဝေးကွာခဲ့ရတဲ့အခါ.. Cover Photo....Credit Pinterest
3M 251K 66
ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔
625K 91.8K 90
" ကိုယ့်မိသားစုက ကိုယ့်ကို အဲ့လိုအကြိမ်ပေါင်းများစွာ ပြောခဲ့ပေမယ့် ကိုယ်က အပြစ်ရှိစိတ်နဲ့နောင်တတွေကို ခံစားရတုန်းပဲ။ အဲ့ဒါက--- မင်းနဲ့ မတွေ့ခင်အထိ "