Unicode
လီချန်းယုံနိုးလာသော မနက်ဝေလီဝေလင်းပင်မရှိသေး။ ပတ်ဝန်းကျင်က မှောင်မှိက်နေသေးသည်။ သို့သော် သူ့တွင် ရတက်မအေးနိုင်သည့် ကိစ္စရှိသည့်အတွက် လင်းမိုကို နှိုးရသည်။
"လင်း...မို...''
လင်းမိုကို အသာပုတ်ပြီး နှိုးလိုက်သည်။ လင်းမိုက အအိပ်ဆတ်သူဖြစ်သည်။ ချက်ချင်းနိုးလာပြီး လင်းမိုက လီချန်းယုံကို တွေ့သောအခါ အကြောင်းရင်းကို မေးဟန်ဖြင့် ကြည့်သည်။
"မင်းပြန်တော့လေ။ မနက်မိုးလင်းရင် အကုန်မြင်သွားမယ်''
လီချန်းယုံက လင်းမိုကို နန်းဆောင်ပြန်ရန်စေခိုင်းသည်။
လင်းမိုက သက်ပြင်းရှည်ကြီးချလိုက်သည်။ ချစ်ရသူ၏ ဘေး၌ ရှိချင်တိုင်းရှိခွင့်မရသည်လောက်ကြီးမားသော ဒုက္ခမရှိပေ။
မျက်တောင်ရှည်ကြီးများ ပုတ်ခတ်ပြီး သူ့ကို ကြည့်နေသော လီချန်းယုံကို အသဲယားစွာပွေ့ဖက်လိုက်သည်။ လီချန်းယုံက အလိုက်သင့် သူ၏ ရင်ခွင်ထဲပါလာသည်။ ရင်ခွင်ထဲရောက်လာသော လီချန်းယုံ၏ မဟူရာရောင် ဆံနွယ်တို့ကို အသာ လက်ဖြင့်ထိုးဖွပြီး ဆော့ကစားနေသည်။ နာခံတတ်သော ဝံပုလွေဖြူလေးဆီက ရုန်းကန်မှုအလျဉ်းမရှိပေ။
ထိုအတိုင်း နာရီဝက်ခန့်အချိန်ဖြုန်းပြီးနောက်မှ လင်းမိုဆီက အသံထွက်လာသည်။
"အားယုံ...ဒီအတိုင်းဆို ကိုယ်တော်နောက်ကျပြီထင်တယ်။ ဘယ်အချိန်ရှိပြီလဲ''
လီချန်းယုံက သွားဖြူဖြူလေးများပေါ်အောင်ရယ်လိုက်ပြီး ပြန်ဖြေသည်။
"ရတယ်...ကိစ္စမရှိဘူး။ မင်းနိုးနိုးချင်း အဲ့ဒီလိုလုပ်မှာ သိလို့ ငါနာရီဝက်စောနှိုးထားတယ်''
လင်းမိုဆီက ရယ်သံတစ်ချက် ထွက်လာပြီး သူက လီချန်းယုံကို ပြောလေသည်။
"မဆိုးဘူး...အားယုံ တိုးတက်လာပြီ''
"....''
လီချန်းယုံက ဘာမှပြန်မပြော။ သူ၏ နှာခေါင်းသာ ရှုံ့ပြသည်။
လာစဉ်ကသို့ပင် လင်းမိုက တိတ်တဆိတ်ဖြင့် ကိုယ်ရံတော်တပ်ဖွဲ့တို့ကို ဖြတ်ကျော်ပြီး သူ၏ နန်းဆောင်သို့ ပြန်သွားလေသည်။
ထိုအချိန်မှစ၍ လင်းမိုသည် လီချန်းယုံ၏ နန်းဆောင်ဘက် ခြေဦးမလှည့်နိုင်တော့။
ရက်အနည်းငယ်အတွင်း လီချန်းယုံသည် သတင်းများစွာကိုကြားရသည်။ လင်းမိုက သူ၏ အကြံအစည်အတိုင်း အကောင်အထည်ဖော်နေပြီဖြစ်သည်။ ဆွေဟိုင်းတွင် နန်းတော်တည်ဆောက်ရေးကို ကြိုးပမ်းသည်။ သူတင်မြှောက်ထားသော ကြင်ယာတော်များကို လက်ဆောင်များမပြတ်ပို့ပေးသည်။
လင်းမိုဆီက တန်ဖိုးကြီးလက်ဆောင်များစွာ ရနေသောကြောင့် ထိုကြင်ယာတော်တို့မှာ များစွာကျေနပ်နေကြသည်။ သူတို့သည် ယခုအချိန်ထိ လင်းမိုနှင့် အတူတူ စားပွဲတော်တည်ရသည်မှအပ အခြားသော ပစားပေးမှုကို မရရှိပေ။
သူတို့၏ စိတ်ထဲ၌ ကြင်ယာတော်တစ်ယောက်ယောက်၏ အဆောင်တော်ကို လင်းမို တိတ်တဆိတ်သွားရောက်ပြီး ထိုကြင်ယာတော်ကို ငြီးငွေ့လာပါက လင်းမိုသည် အခြားသူများဘက် စိတ်လည်လာလိမ့်မည်ဟု ထင်မှတ်နေသည်။
လီချန်းယုံမှာ လင်းမိုအပေါ် ရာနှုန်းပြည့် သံသယမရှိသော်လည်း သူ၏ နန်းဆောင်ရှေ့က မိဖုရားတို့ မနက်ခင်းတိုင်း လင်းမိုနှင့် အတူ မနက္စာ သုံးဆောင်ရန် အမျိုးမျိုးပြင်ဆင်ခြယ်သပြီး သွားနေသည်ကိုတော့ စိတ်မချမ်းသာစွာ မြင်နေရသည်။ လင်းမိုဆီကရရှိသော လက်ဆောင်များ အကြောင်းကိုလည်း အချိန်ရသလို ကြွားဝါပြောဆိုနေကြသည်မှာ နားဖြင့်မဆံ့အောင်ပင်။
လီချန်းယုံ သက်ပြင်းတစ်ချက်ချလိုက်သည်။ သူဖြစ်မလာနိုင်သော ကိစ္စတို့ကို တွေးပြီး စိတ်ပူနေသည်။ သူစိတ်အပူဆုံးက တစ်ယောက်ယောက်က လင်းမိုကို အတင်းမြူစွယ်ပြီး ဖြာယောင်းမည်ကိုပင်။
လီချန်းယုံနှင့်မတွေ့ရသောရက်ပိုင်းအတွင်း လင်းမိုသည် ထိုမိဖုရားများနှင့် မနက္စာ အတူသုံးဆောင်သည်။ လင်းမို မည်မျှ ပင် ဂရုမစိုက်ပါစေ။ အနေနီးနေ၍ ရင်းနှီးသွားနိုင်ချေရှိသည်။ ထိုမိဖုရားမ်ားထဲမွ တစ်စုံတစ်ယောက်၏ နာမည်ကို ခေါ်ဝေါ်ပြီး လင်းမိုက အလာပသလာပ ပြောနေရမည်ကို တွေးမိလျှင်ပင် လီချန်းယုံ ရူးသွားနိုင်သည်။
"ဟူး...''
သက်ပြင်းရှည်ကြီး နှင့်အတူ လေပူတစ်ချက်ကိုပါ မှုတ်ထုတ်ပြီး လီချန်းယုံ ထိုင်ရာက ထလိုက်သည်။ သို့မဟုတ်ပါက သူအတွေးများနှင့် သူနစ်မွန်းနေပေလိမ့်မည်။
ယခုရက်ပိုင်း ရှောင်ချိုနှင့်ဟေးချိုပါ လီချန်းယုံနှင့် မတွေ့ဖြစ်။ တစ်စုံတစ်ရာသော အကြောင်းကြောင့် ဟေးချိုနှင့် လင်းမိုသည် အချိန်တော်တော်များများ အတူရှိနေသည်ဟု ရှောင်ချိုဆီက လီချန်းယုံ ကြားရသည်။ ဟေးချိုမအားလပ်သောကြောင့် ရှောင်ချိုက လီချန်းယုံဆီရောက်လာတတ်သော်လည်း သုံးယောက်အုပ်စုမှာ တစ်ယောက်ပဲ့နေသောကြောင့် ယခင်လို လျှောက်မလည်ဖြစ်။
လီချန်းယုံက နံရံတွင် ချိတ်ဆွဲထားသော လေးနှင့်မြှားကျည်တောက်ကို ဖြုတ်ယူလိုက်သည်။ သူ၏ ကျောတွင် လွယ်လိုက်ပြီး နန်းဆောင်ပြင်သို့ ထွက်လာသည်။ မြှားပစ်ခြင်းသည် လီချန်းယုံအတွက် အကောင်းဆုံးသော စိတ်ဖြေရာပင်။
အေးဆေးတည်ငြိမ်သော ခြေလှမ်းတို့ဖြင့် တောင်ပိုင်းက စစ်သည်တို့ လေ့ကျင့်ရာ ကွင်းပြင်သို့ လီချန်းယုံဦးတည်သွားလိုက်သည်။
သူ၏ ရှေ့ မလှမ်းမကမ်းတွင် လွန်မင်းထူကဲစွာ ပြင်ဆင်ထားသော ကြင်ယာတော်တစ်ယောက်ကိုလည်း အခြွေအရံများနှင့် တကြ တွေ့လိုက်ရသည်။ သူမသည်လည်း တစ်နေရာရာကို ဦးတည်သွားနေပုံရသည်။
နန်းဆောင်အကြီးတစ်ခုကို ကျော်ဖြတ်ပြီး ထောင့်တစ်ခု၌ များစွာသော ခြွေရံသင်းပင်းတို့ဖြင့် တော်ဝင်နဂါးဝတ်ရုံကို ခံ့ညားစြာ ဝတ်ထားသော လင်းမိုကို တွေ့လိုက်ရသည်။ လင်းမိုသည် အလုပ်ရှုပ်နေဟန်ရှိသည်။ အနည်းငယ်မြန်သော ခြေလှမ်းတို့ဖြင့် လီချန်းယုံ၏ မျက်နှာချင်းဆိုင်မှ လာနေသည်။
လင်းမိုသည် မနက်ခင်းညီလာခံတက်ရန် ခန်းမဆောင်သို့ သွားနေပုံရသည်။
လင်းမိုကို မြင်သောအခါ ထိုမိဖုရားမွာ အလွန်ကျေနပ်သွားဟန်ရှိလေသည်။ သူမ၏ မျက်နှာက ချက်ချင်းပြုံးသွားသည်။ အနည်းငယ် ကလက်တက်တက်အမူအရာလည်း ဖြစ်သွားသည်။
သူမက လင်းမိုကို ရိုသေစွာ ဦးညွှတ်ပြီး လြန္စြာ တိုးလ် သော အသံဖြင့် နှုတ်ခွန်းဆက်သည်။
မလှမ်းမကမ်း လီချန်းယုံက အခြေအနေကို အကဲခတ်ရင်း မတ်တပ်ရပ်နေသည်။ သူဆက်လျှောက်သွားရန်လည်း လမ်းမရှိပါ။ လင်းမို၏ အခြွေအရံတို့က လမ်းအပြည့်နေရာယူထားသည်။
လင်းမို၏ မျက်နှာ အမူအရာအေသးစိတ္ကို လီချန်းယုံအကံခတ်နေသည်။ ရုတ်တရက်သူ၏ ရှေ့က ပေါ်လာသော ထိုအမျိုးသမီးကြောင့် လင်းမိုစိတ်ရှုပ်သွားဟန်ရှိသည်။ မျက်နှာကွက်ခနဲ ပျက်သွားသည်။ သို့သော် ထိုအမူအရာက စက္ကန့်ပိုင်းမျှသာ။
စိတ်ပျက်သွားသော အမူအရာ ချက်ချင်းပျောက်သွားပြီး လင်းမို၏ နှုတ်ခမ်းဖျားက မသိမသာ ကွေးညွှတ်ကာ အပြုံးတစ်ချက်ပေါ်လာသည်။ ထိုအပြုံးသည် အတင်းလုပ်ယူထားသော ဟန်ဆောင်အပြုံးဖြစ်ကြောင်း လီချန်းယုံ သိသည်။
လင်းမိုက ထိုကြင်ယာတော်ကို ဝေ့ဝဲကြည့်ရင်း အေနာက္က လီချန်းယုံကိုပါ တွေ့သွားသည်။ လင်းမိုက အကြည့်ပြန်လွှဲသွားသော်လည်း သူ၏ နှုတ်ခမ်းဖျားတို့က သိသာစြာ ပြုံးသွားသည်။
"အရှင်...ညီလာခံတက်စရာရှိလို့လား။ အရှင့်ဆီမီအောင် လာပေမယ့် နည်းနည်းနောက်ကျသွားတယ်။''
လင်းမိုဆီက အသံပြန်မထွက်လာ။
လီချန်းယုံက လင်းမိုကိုကြည့်လိုက်သည်။ လင်းမို၏ မျက်နှာတွင် တစ်စုံတစ်ရာကို ဝေခွဲရခက်နေသော အမူအရာရှိသည်။
လီချန်းယုံ အံ့သြသွားသည်။ ထိုအမူအရာမျိုးကို လင်းမိုဆီက သူတစ်ခါမျှပင် မမြင်ဖူး။ ဉာဏ်ပညာကြီးပြီး ထက်မြက်သော၊ ပရိယာယ်ကြွယ်ဝသော တောင်ပိုင်းဘုရင်ကြီးက တစ်စုံတစ်ရာကို စဉ်းစားမရဟန်ဖြင့် အကျပ်ရိုက်နေလေသည်။
လင်းမိုဆီက ထိုမိဖုရားကို ခွန်းတုံ့ပြန်သံထွက်မလာသောကြောင့် လီချန်းယုံ တစ်စုံတစ်ရာတွေးမိလိုက်သည်။
လင်းမိုဆီက ထိုကဲ့သို့ အမူအရာထွက်လာသည့်အကြောင်းကား...
လင်းမိုသည် ထိုကြင်ယာတော်၏ အမည်ကိုသိဟန်မတူ။
ယုတ်စွအဆုံး ထိုကြင်ယာတော်သည် ကိုယ်လုပ်တော်အဆင့်လား၊ မိဖုရားအဆင့်ရှိလားပင် သိဟန်မရှိ။
အရာရာကို သိမြင်နှံံ့စပ်သော တောင်ပိုင်းဘုရင်ကြီးမှာ သည်တစ်ကြိမ်တော့ သူတုံးအသည်ဟု မကြာခဏ စနောက်လေ့ရှိသော ဝံပုလွေဖြူလေးဆီက အကူအညီယူရသည်။
လီချန်းယုံက လင်းမိုကို မသိမသာ သူ၏ နန်းဆောင်အရှေ့ဘက်ကို မျက်စပစ်ပြသည်။
ထိုအခါမွ လင်းမိုဉာဏ်အလင်းပွင့်သွားလေသည်။ သူသိသည်။ လီချန်းယုံ၏ အဆောင်အရှေ့ဘက်တွင် မိဖုရားများရှိပြီး အနောက်ဘက်တွင် ကိုယ်လုပ်တော်များရှိသည်။ ထိုကြင်ယာတော်သည် မိဖုရားအဆောင်က ဖြစ်ဟန်တူသည်။
"အော်...မိဖုရားပါလား။ စိတ်မရှိပါနဲ့။ ကိုယ်တော် မနက်ခင်း ညီလာခံတက်စရာရှိလို့ အထွေအထူးမရှိရင် နောက်မှ ပြန်လာပါ။''
ထိုမွ်သာ ပြောပြီး မိဖုရားဘေးက လင်းမိုကျော်ဖြတ်လာသည်။
လီချန်းယုံမှာ စက္ကန့်ပိုင်းအကြာက တွေ့လိုက်ရသော လင်းမို၏ ရှားရှားပါးပါး ဇဝေဇဝါအမူအရာကြောင့် သူရယ်ချင်နေသည်။
မည်သည့်ဘုရင်က ကိုယ်မြှောက်ထားသော ကြင်ယာတော်၏ အမည်ကို မသိရုံမက မိဖုရားလား၊ ကိုယ်လုပ်တော်လားပင် မခွဲခြားတတ်ဘဲ ရှိမည်နည်း။
လူမ်ားစြာ၏ မျက်လုံးတို့ကြောင့် လီချန်းယုံထိန်းချုပ်နေရသော်လည်း မျက်နှာမှာ အနည်းငယ် ပြုံးယောင်ယောင်ဖြစ်နေသည်။
လင်းမိုက သူ့ကို အသံတိတ်ဟားနေသော ဝံပုလွေဖြူလေးကို စူးရဲသောအကြည့်တို့ ပို့လွှတ်လိုက်သည်။ အခြွေအရံတို့ထင်ကြသည်က လင်းမိုက လီချန်းယုံကို တွေ့လိုက်ရသောကြောင့် မနှစ်မြို့ဖြစ်သွားသည်ဟု။
အမွန္တကယ္ကမူ သူ့ကိုဟားနေသော ဝံပုလွေဖြူလေးနှင့် အကြည့်ချင်းဆုံပြီး သူပါလိုက်ရယ်ချင်နေသည်။ သို့သော် ရယ်ချင်စိတ်ကို မျိုသိပ်ပြီး ချောင်းတစ်ချက်ဟန့်လိုက်သည်။
"အဟမ်း...''
လင်းမိုရောက်လာသော်လည်း လွတ်လပ်သော မြောက်ပိုင်း၏ အိမ်ရှေ့စံအနေဖြင့် လီချန်းယုံဦးမညွှတ်။ သည်အတိုင်းသာ မတ်တပ်ရပ်နေသည်။
လင်းမိုက လီချန်းယုံကို မသိချင်ယောင်ဆောင်ပြီး ရှေ့သို့သာ လှမ်းသွားသည်။ လီချန်းယုံ၏ နံဘေးတည့်တည့်သို့ရောက်သောအခါ သူ၏ ဝတ်ရုံဘယ်ဘက်ကို တစ်ချက်ခါလိုက်သည်။
ထိုသို့သော အမူအရာသည် မနှစ်မြှို့သည်ကို ပြသသော အမူအရာဖြစ်သည်။ အခြွေအရံတို့မှာ မြောက်ပိုင်းအိမ်ရှေ့စံအတွက် စိတ်မကောင်း ဖြစ်သွားကြသည်။
အမွန္တကယ္က လင်းမိုသည် ဝတ်ရုံလက်ကို ခါဟန်ပြုပြီး လီချန်းယုံ၏ လက္ကို မသိမသာတို့ထိသွားလေသည်။ လီချန်းယုံ၏ မျက်နှာတွင် မသိမသာ အပြုံးတစ်ချက်ပေါ်သွားသည်။
လင်းမိုက ညီလာခံအဆောင်ဦးတည်ထွက်သွားပြီးနောက် ကြင်ယာတော်မိန်းကလေးသည်လည်း သူမ၏ နန်းဆောင်သို့ ပြန်သွားသည်။ လီချန်းယုံတစ်ယောက်သာ ထိုနေရာတွင် ဝေခွဲမရစွာ ကျန်နေခဲ့သည်။
သူသည် ကနဦးက စိတ်ညည်းညူသဖြင့် မြှားပစ်လေ့ကျင့်ရန် ထွက်လာခြင်း ဖြစ်သည်။ ယခုလင်းမိုကို တွေ့ပြီးနောက် စိတ်ညည်းညူမှုတို့က ကြက်ပျောက်ငှက်ပျောက် ပျောက်သွားသည်။
ထွေထွေထူးထူးရွေးချယ်စရာကို စဉ်းစားမနေဘဲ အဆောင်ပြန်၍ တစ္ခုခုစားရန္သာ လီချန်းယုံ ဆုံးဖြတ်လိုက်သည်။
လင်းမိုက ညီလာခံတွင် အမတ်တို့ လျှောက်တင်သမျှကို နားထောင်နေသည်။ သို့သော် သူ၏ စိတ်အစဉ် ခေတ္တမျှ တွေ့ခဲ့ရသော ဝံပုလွေဖြူလေးထံသာ ကျန်ခဲ့သည်။
လီချန်းယုံကို ကြည့်ရသည်မှာ အနည်းငယ် ညှိုးငယ်နေသလိုပင်။ ဒီရက်ပိုင်း မတွေ့ရသောကြောင့် လီချန်းယုံ အစားကောင်းကောင်းမစား လင်းမိုမသိရ။ သူမရှိ၍ အိပ်ပျော်ပါ့မည်လား သူစိုးရိမ်မိသည်။
လင်းမိုက ညီလာခံတွင် သူ၏ ဝံပုလွေဖြူလေးအဆောင်သို့ မည်သို့ ချည်းကပ်ရမည်ဟု ကြံစည်နေစဉ်မှာပင် အမတ်တစ်ယောက်က လျှောက်တင်သည်။
"အရှင်...မြောက်ပိုင်းကနေ အရှင်နဲ့ အိမ်ရှေ့စံအတွက် သဝဏ်လွှာနှစ်စောင်ရောက်လာပါတယ်''
လင်းမိုက သူ့အတွက်ရည်ညွှန်းထားသော သဝဏ်လွှာကို ဖွင့်၍ ဖတ်လိုက်သည်။ အကြောင်းအရာ ထွေထွေထူးထူးမရှိ။ သာကြောင်းမာကြောင်း နှုတ်ခွန်းဆက်ခြင်းသာဖြစ်သည်။ အကြောင်းအရာအစစ်က မြောက်ပိုင်းအိမ်ရှေ့စံသို့ ရည်ညွှန်းထားသော စာသဝဏ်လွှာတွင်သာ ရှိလိမ့်မည်။
ညီလာခံပြီးဆုံးသောအခါ အကြောင်းရှာနေသော လင်းမိုက စာသဝဏ်လွှာပေးပို့ရန်ဟူသော ခေါင်းစဉ်ဖြင့် လီချန်းယုံ၏ အဆောင်သို့ရောက်နေသည်။ နှစ်နိုင်ငံ၏ အရေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာကိစ္စရှိမည်ဟု ယူဆသောကြောင့် လင်းမိုကိုယ်တိုင် လီချန်းယုံ၏ အဆောင်သို့ သွားခြင်းကို အထူးအဆန်းမဖြစ်ကြ။
လင်းမိုက လီချန်းယုံ၏ နန်းဆောင် တံခါးကို ဖွင့်လိုက်သည်။ လင်းမိုက နန်းဆောင်တံခါးကို ပြန်ပိတ်ပြီး အတွင်းသို့ ဝင်လိုက်သည်နှင့် သူ၏ အထင်နှင့် အမြင်မှာတက်တက်စင်အောင် လွဲနေကြောင်းသိလိုက်သည်။
သူထင်သည်က လီချန်းယုံသည် သူ့ကို လွမ်းဆွတ်သောကြောင့် အစားကောင်းကောင်းမစားနိုင်ဟု...
အလျှံအပယ်သောဟင်းလျာတို့ အပြည့်ခင်းထားသော စားပွဲရှေ့၌ လီချန်းယုံသည် တူကိုကိုင်ကာ တစ်မျိုးပြီးတစ်မျိုးစားသောက်နေလေသည်။
လင်းမိုကို တွေ့သောအခါ အံ့သြသွားဟန်ပြသော်လည်း သူ၏ လက်မှ တူဖြင့် ညှပ်ထားသော အသားဖတ္ကို ဝါးလိုက်သေးသည်။ သူ၏ ပါးစပ်သည်လည်း ပလုတ်ပလောင်း ဖြစ်နေသည်။
"အာ...လင်းမို! ဘယ်လိုလုပ်ပြီး...ရောက်လာတာလဲ''
လင်းမိုသည် ဘာမှမပြော။ လီချန်းယုံ၏ ဘေးနားသို့ ဝင်ထိုင်ပြီး ရေတစ်ခွက်ငှဲ့ပေးသည်။
"ရော့...သောက်လိုက်ဦး''
လင်းမိုက ရေကိုငှဲ့ပေးပြီး သူကိုယ်တိုင်ရေခွက်ကိုင်ပြီး လီချန်းယုံအားတိုက်သည်။ ပလုတ်ပလောင်းစားနေသော ဝံပုလွေဖြူလေး နင်သွားမည်စိုးသောကြောင့် သူကပင် ကျောကို ပုတ်ပေးနေသည်။
"ဖြည်းဖြည်းစား...ပြီးမှပြောမယ်''
အစားအသောက်ရှေ့တွင် သူ၏ ဝံပုလွေဖြူျလးသည် ပီဘိကလေးသဖွယ်။ စားပွဲနှင့်အပြည့် ဟင်းလျာတို့ကို ကြည့်ပြီး လင်းမို တွေးမိသည်။
ဤလောကတွင် လီချန်းယုံ မစားသည့်အရာ ရှိသေးလားဟု...
ယခင်က လီချန်းယုံသည် ငါးပေါင်းကြိုက်တတ်သည်၊ ပန်းသစ်တော် ကြိုက်သည်ဟု သူမှတ်ထားသည်။ သို့သော် အချိန်ကြာလှတော့ လီချန်းယုံက တစ်မျိုးပြီး တစ်မျိုး မရိုးအောင် စားသောကြောင့် အင်မတန် ဉာဏ်ကောင်းသည့် လင်းမိုပင် လီချန်းယုံမည်သည့်အရာကို အထူးတလည်ကြိုက်သည်ကို မမှတ်နိုင်တော့။
သူသိသမျှတော့ လီချန်းယုံက အကုန်ကြိုက်လေသည်။
"အာ...''
လီချန်းယုံက ကလေးတစ်ယောက်ကို ထမင်းခွံ့ကျွေးသလို ပြောရင်း အသားတစ္ဖက္ကို ယူကာ လင်းမိုကို ပါးစပ်ဟခိုင်းသည်။
လင်းမိုပါးစပ်ဟပေးလိုက်သည်။ သူကအသားဖက္ကို ဝါးနေသည်ကို လီချန်းယုံက အရောင်တောက်နေသောမျက်လုံးတို့ဖြင့် ကြည့်ရင်းမေးသည်။
"ကောင်းတယ်မလား''
"အင်း...''
လင်းမိုက ခေါင်းငြိမ့်ပြသည်။
လီချန်းယုံက နောက်ထပ်ဟင်းလျာကို ယူကာ ထပ်ခွံ့ကျွေးသည်။ လင်းမိုက ပါးစပ်ဟပေးသည်။
ဤသို့ဖြင့် မြောက်ပိုင်းက သဝဏ်လွှာကို လာပို့သော တောင်ဘုရင်ကြီးမှာ နာရီပိုင်းခန့်ထိ မြောက်ပိုင်းအိမ်ရှေ့စံအဆောင်က ထွက်မလာသေး။ အများစုထင်သည်က တောင်ပိုင်းနှင့်မြောက်ပိုင်း ကတောက်ကဆပြသနာများကြောင့် ဆွေးနွေးမှုက အချိန်ကြာနေသည်ဟု...
________________________________________________________________________________
(
Zawgyi
လီခ်န္းယံုႏိုးလာေသာ မနက္ေဝလီေဝလင္းပင္မ႐ွိေသး။ ပတ္ဝန္းက်င္က ေမွာင္မွိက္ေနေသးသည္။ သို႔ေသာ္ သူ႔တြင္ ရတက္မေအးႏိုင္သည့္ ကိစၥ႐ွိသည့္အတြက္ လင္းမိုကို ႏိႈးရသည္။
"လင္း...မို...''
လင္းမိုကို အသာပုတ္ၿပီး ႏိႈးလိုက္သည္။ လင္းမိုုက အအိပ္ဆတ္သူျဖစ္သည္။ ခ်က္ခ်င္းနိုးလာျပီး လင္းမိုက လီခ်န္းယံုကို ေတြ႔ေသာအခါ အေၾကာင္းရင္းကို ေမးဟန္ျဖင့္ ၾကည့္သည္။
"မင္းျပန္ေတာ့ေလ။ မနက္မိုးလင္းရင္ အကုန္ျမင္သြားမယ္''
လီခ်န္းယံုက လင္းမိုကို နန္းေဆာင္ျပန္ရန္ေစခိုင္းသည္။
လင္းမိုက သက္ျပင္း႐ွည္ႀကီးခ်လိုက္သည္။ ခ်စ္ရသူ၏ ေဘး၌ ႐ွိခ်င္တိုင္း႐ွိခြင့္မရသည္ေလာက္ႀကီးမားေသာ ဒုကၡမ႐ွိေပ။
မ်က္ေတာင္႐ွည္ႀကီးမ်ား ပုတ္ခတ္ၿပီး သူ႔ကို ၾကည့္ေနေသာ လီခ်န္းယံုကို အသဲယားစြာေပြ႔ဖက္လိုက္သည္။ လီခ်န္းယံုက အလိုက္သင့္ သူ၏ ရင္ခြင္ထဲပါလာသည္။ ရင္ခြင္ထဲေရာက္လာေသာ လီခ်န္းယံု၏ မဟူရာေရာင္ ဆံႏြယ္တို႔ကို အသာ လက္ျဖင့္ထိုးဖြၿပီး ေဆာ့ကစားေနသည္။ နာခံတတ္ေသာ ဝံပုေလြျဖဴေလးဆီက ႐ုန္းကန္မႈအလ်ဥ္းမ႐ွိေပ။
ထိုအတိုင္း နာရီဝက္ခန္႔အခ်ိန္ျဖဳန္းၿပီးေနာက္မွ လင္းမိုဆီက အသံထြက္လာသည္။
"အားယံု...ဒီအတိုင္းဆို ကိုယ္ေတာ္ေနာက္က်ၿပီထင္တယ္။ ဘယ္အခ်ိန္႐ွိၿပီလဲ''
လီခ်န္းယံုက သြားျဖဴျဖဴေလးမ်ားေပၚေအာင္ရယ္လိုက္ၿပီး ျပန္ေျဖသည္။
"ရတယ္...ကိစၥမ႐ွိဘူး။ မင္းႏိုးႏိုးခ်င္း အဲ့ဒီလိုလုပ္မွာ သိလို႔ ငါနာရီဝက္ေစာႏိႈးထားတယ္''
လင္းမိုဆီက ရယ္သံတစ္ခ်က္ ထြက္လာၿပီး သူက လီခ်န္းယံုကို ေျပာေလသည္။
"မဆိုးဘူး...အားယံု တိုးတက္လာၿပီ''
"....''
လီခ်န္းယံုက ဘာမွျပန္မေျပာ။ သူ၏ ႏွာေခါင္းသာ ႐ႈံ႕ျပသည္။
လာစဥ္ကသို႔ပင္ လင္းမိုက တိတ္တဆိတ္ျဖင့္ ကိုယ္ရံေတာ္တပ္ဖြဲ႔တို႔ကို ျဖတ္ေက်ာ္ၿပီး သူ၏ နန္းေဆာင္သို႔ ျပန္သြားေလသည္။
ထိုအခ်ိန္မွစ၍ လင္းမိုသည္ လီခ်န္းယံု၏ နန္းေဆာင္ဘက္ ေျခဦးမလွည့္ႏိုင္ေတာ့။
ရက္အနည္းငယ္အတြင္း လီခ်န္းယံုသည္ သတင္းမ်ားစြာကိုၾကားရသည္။ လင္းမိုက သူ၏ အၾကံအစည္အတိုင္း အေကာင္အထည္ေဖာ္ေနၿပီျဖစ္သည္။ ေဆြဟိုင္းတြင္ နန္းေတာ္တည္ေဆာက္ေရးကို ႀကိဳးပမ္းသည္။ သူတင္ေျမႇာက္ထားေသာ ၾကင္ယာေတာ္မ်ားကို လက္ေဆာင္မ်ားမျပတ္ပို႔ေပးသည္။
လင္းမိုဆီက တန္ဖိုးႀကီးလက္ေဆာင္မ်ားစြာ ရေနေသာေၾကာင့္ ထိုၾကင္ယာေတာ္တို႔မွာ မ်ားစြာေက်နပ္ေနၾကသည္။ သူတို႔သည္ ယခုအခ်ိန္ထိ လင္းမိုနွင့္ အတူတူ စားပြဲေတာ္တည္ရသည္မွအပ အျခားေသာ ပစားေပးမႈကို မရ႐ွိေပ။
သူတို႔၏ စိတ္ထဲ၌ ၾကင္ယာေတာ္တစ္ေယာက္ေယာက္၏ အေဆာင္ေတာ္ကို လင္းမို တိတ္တဆိတ္သြားေရာက္ၿပီး ထိုၾကင္ယာေတာ္ကို ၿငီးေငြ႔လာပါက လင္းမိုသည္ အျခားသူမ်ားဘက္ စိတ္လည္လာလိမ့္မည္ဟု ထင္မွတ္ေနသည္။
လီခ်န္းယံုမွာ လင္းမိုအေပၚ ရာႏႈန္းျပည့္ သံသယမ႐ွိေသာ္လည္း သူ၏ နန္းေဆာင္ေ႐ွ႕က မိဖုရားတို႔ မနက္ခင္းတိုင္း လင္းမိုႏွင့္ အတူ မနက္စာ သံုးေဆာင္ရန္ အမ်ိဳးမ်ိဳးျပင္ဆင္ျခယ္သၿပီး သြားေနသည္ကိုေတာ့ စိတ္မခ်မ္းသာစြာ ျမင္ေနရသည္။ လင္းမိုဆီကရ႐ွိေသာ လက္ေဆာင္မ်ား အေၾကာင္းကိုလည္း အခ်ိန္ရသလို ႂကြားဝါေျပာဆိုေနၾကသည္မွာ နားျဖင့္မဆံ့ေအာင္ပင္။
လီခ်န္းယံု သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။ သူျဖစ္မလာႏိုင္ေသာ ကိစၥတို႔ကို ေတြးၿပီး စိတ္ပူေနသည္။ သူစိတ္အပူဆံုးက တစ္ေယာက္ေယာက္က လင္းမိုကို အတင္းျမဴစြယ္ၿပီး ျဖာေယာင္းမည္ကိုပင္။
လီခ်န္းယံုႏွင့္မေတြ႔ရေသာရက္ပိုင္းအတြင္း လင္းမိုသည္ ထိုမိဖုရားမ်ားႏွင့္ မနက္စာ အတူသံုးေဆာင္သည္။ လင္းမို မည္မွ် ပင္ ဂ႐ုမစိုက္ပါေစ။ အေနနီးေန၍ ရင္းႏွီးသြားႏိုင္ေခ်႐ွိသည္။ ထိုမိဖုရားမ်ားထဲမွ တစ္စံုတစ္ေယာက္၏ နာမည္ကို ေခၚေဝၚၿပီး လင္းမိုက အလာပသလာပ ေျပာေနရမည္ကို ေတြးမိလွ်င္ပင္ လီခ်န္းယံု ႐ူးသြားႏိုင္သည္။
"ဟူး...''
သက္ျပင္း႐ွည္ႀကီး ႏွင့္အတူ ေလပူတစ္ခ်က္ကိုပါ မႈတ္ထုတ္ၿပီး လီခ်န္းယံု ထိုင္ရာက ထလိုက္သည္။ သို႔မဟုတ္ပါက သူအေတြးမ်ားႏွင့္ သူနစ္မြန္းေနေပလိမ့္မည္။
ယခုရက္ပိုင္း ေ႐ွာင္ခ်ိဳႏွင့္ေဟးခ်ိဳပါ လီခ်န္းယံုႏွင့္ မေတြ႔ျဖစ္။ တစ္စံုတစ္ရာေသာ အေၾကာင္းေၾကာင့္ ေဟးခ်ိဳႏွင့္ လင္းမိုသည္ အခ်ိန္ေတာ္ေတာ္မ်ားမ်ား အတူ႐ွိေနသည္ဟု ေ႐ွာင္ခ်ိဳဆီက လီခ်န္းယံု ၾကားရသည္။ ေဟးခ်ိဳမအားလပ္ေသာေၾကာင့္ ေ႐ွာင္ခ်ိဳက လီခ်န္းယံုဆီေရာက္လာတတ္ေသာ္လည္း သံုးေယာက္အုပ္စုမွာ တစ္ေယာက္ပဲ့ေနေသာေၾကာင့္ ယခင္လို ေလွ်ာက္မလည္ျဖစ္။
လီခ်န္းယံုက နံရံတြင္ ခ်ိတ္ဆြဲထားေသာ ေလးႏွင့္ျမႇားက်ည္ေတာက္ကို ျဖဳတ္ယူလိုက္သည္။ သူ၏ ေက်ာတြင္ လြယ္လိုက္ၿပီး နန္းေဆာင္ျပင္သို႔ ထြက္လာသည္။ ျမႇားပစ္ျခင္းသည္ လီခ်န္းယံုအတြက္ အေကာင္းဆံုးေသာ စိတ္ေျဖရာပင္။
ေအးေဆးတည္ၿငိမ္ေသာ ေျခလွမ္းတို႔ျဖင့္ ေတာင္ပိုင္းက စစ္သည္တို႔ ေလ့က်င့္ရာ ကြင္းျပင္သို႔ လီခ်န္းယံုဦးတည္သြားလိုက္သည္။
သူ၏ ေ႐ွ႕ မလွမ္းမကမ္းတြင္ လြန္မင္းထူကဲစြာ ျပင္ဆင္ထားေသာ ၾကင္ယာေတာ္တစ္ေယာက္ကိုလည္း အေႁခြအရံမ်ားႏွင့္ တကြ ေတြ႔လိုက္ရသည္။ သူမသည္လည္း တစ္ေနရာရာကို ဦးတည္သြားေနပံုရသည္။
နန္းေဆာင္အႀကီးတစ္ခုကို ေက်ာ္ျဖတ္ၿပီး ေထာင့္တစ္ခု၌ မ်ားစြာေသာ ေႁခြရံသင္းပင္းတို႔ျဖင့္ ေတာ္ဝင္နဂါးဝတ္ရံုကို ခံ့ညားစြာ ဝတ္ထားေသာ လင္းမိုကို ေတြ႔လိုက္ရသည္။ လင္းမိုသည္ အလုပ္႐ႈပ္ေနဟန္႐ွိသည္။ အနည္းငယ္ျမန္ေသာ ေျခလွမ္းတို႔ျဖင့္ လီခ်န္းယံု၏ မ်က္ႏွာခ်င္းဆိုင္မွ လာေနသည္။
လင္းမိုသည္ မနက္ခင္းညီလာခံတက္ရန္ ခန္းမေဆာင္သို႔ သြားေနပံုရသည္။
လင္းမိုကို ျမင္ေသာအခါ ထိုမိဖုရားမွာ အလြန္ေက်နပ္သြားဟန္႐ွိေလသည္။ သူမ၏ မ်က္ႏွာက ခ်က္ခ်င္းျပံဳးသြားသည္။ အနည္းငယ္ ကလက္တက္တက္အမူအရာလည္း ျဖစ္သြားသည္။
သူမက လင္းမိုကို ႐ိုေသစြာ ဦးၫႊတ္ၿပီး လြန္စြာ တိုးလ် ေသာ အသံျဖင့္ ႏႈတ္ခြန္းဆက္သည္။
မလွမ္းမကမ္း လီခ်န္းယံုက အေျခအေနကို အကဲခတ္ရင္း မတ္တပ္ရပ္ေနသည္။ သူဆက္ေလွ်ာက္သြားရန္လည္း လမ္းမ႐ွိပါ။ လင္းမို၏ အေႁခြအရံတို႔က လမ္းအျပည့္ေနရာယူထားသည္။
လင္းမို၏ မ်က္ႏွာ အမူအရာအေသးစိတ္ကို လီခ်န္းယံုအကံခတ္ေနသည္။ ႐ုတ္တရက္သူ၏ ေ႐ွ႕က ေပၚလာေသာ ထိုအမ်ိဳးသမီးေၾကာင့္ လင္းမိုစိတ္႐ႈပ္သြားဟန္႐ွိသည္။ မ်က္ႏွာကြက္ခနဲ ပ်က္သြားသည္။ သို႔ေသာ္ ထိုအမူအရာက စကၠန္႔ပိုင္းမွ်သာ။
စိတ္ပ်က္သြားေသာ အမူအရာ ခ်က္ခ်င္းေပ်ာက္သြားၿပီး လင္းမို၏ ႏႈတ္ခမ္းဖ်ားက မသိမသာ ေကြးၫႊတ္ကာ အျပံဳးတစ္ခ်က္ေပၚလာသည္။ ထိုအျပံဳးသည္ အတင္းလုပ္ယူထားေသာ ဟန္ေဆာင္အျပံဳးျဖစ္ေၾကာင္း လီခ်န္းယံု သိသည္။
လင္းမိုက ထိုၾကင္ယာေတာ္ကို ေဝ့ဝဲၾကည့္ရင္း အေနာက္က လီခ်န္းယံုကိုပါ ေတြ႔သြားသည္။ လင္းမိုက အၾကည့္ျပန္လႊဲသြားေသာ္လည္း သူ၏ ႏႈတ္ခမ္းဖ်ားတို႔က သိသာစြာ ျပံဳးသြားသည္။
"အ႐ွင္...ညီလာခံတက္စရာ႐ွိလို႔လား။ အ႐ွင့္ဆီမီေအာင္ လာေပမယ့္ နည္းနည္းေနာက္က်သြားတယ္။''
လင္းမိုဆီက အသံျပန္မထြက္လာ။
လီခ်န္းယံုက လင္းမိုကိုၾကည့္လိုက္သည္။ လင္းမို၏ မ်က္ႏွာတြင္ တစ္စံုတစ္ရာကို ေဝခြဲရခက္ေနေသာ အမူအရာ႐ွိသည္။
လီခ်န္းယံု အံ့ျသသြားသည္။ ထိုအမူအရာမ်ိဳးကို လင္းမိုဆီက သူတစ္ခါမွ်ပင္ မျမင္ဖူး။ ဥာဏ္ပညာႀကီးၿပီး ထက္ျမက္ေသာ၊ ပရိယာယ္ႂကြယ္ဝေသာ ေတာင္ပိုင္းဘုရင္ႀကီးက တစ္စံုတစ္ရာကို စဥ္းစားမရဟန္ျဖင့္ အက်ပ္႐ိုက္ေနေလသည္။
လင္းမိုဆီက ထိုမိဖုရားကို ခြန္းတံု႔ျပန္သံထြက္မလာေသာေၾကာင့္ လီခ်န္းယံု တစ္စံုတစ္ရာေတြးမိလိုက္သည္။
လင္းမိုဆီက ထိုကဲ့သို႔ အမူအရာထြက္လာသည့္အေၾကာင္းကား...
လင္းမိုသည္ ထိုျကင္ယာေတာ္၏ အမည္ကိုသိဟန္မတူ။
ယုတ္စြအဆံုး ထိုၾကင္ယာေတာ္သည္ ကိုယ္လုပ္ေတာ္အဆင့္လား၊ မိဖုရားအဆင့္ရွိလားပင္ သိဟန္မ႐ွိ။
အရာရာကို သိျမင္ႏွံံ႔စပ္ေသာ ေတာင္ပိုင္းဘုရင္ႀကီးမွာ သည္တစ္ႀကိမ္ေတာ့ သူတံုးအသည္ဟု မၾကာခဏ စေနာက္ေလ့႐ွိေသာ ဝံပုေလြျဖဴေလးဆီက အကူအညီယူရသည္။
လီခ်န္းယံုက လင္းမိုကို မသိမသာ သူ၏ နန္းေဆာင္အေ႐ွ႕ဘက္ကို မ်က္စပစ္ျပသည္။
ထိုအခါမွ လင္းမိုဥာဏ္အလင္းပြင့္သြားေလသည္။ သူသိသည္။ လီခ်န္းယံု၏ အေဆာင္အေ႐ွ႕ဘက္တြင္ မိဖုရားမ်ား႐ွိၿပီး အေနာက္ဘက္တြင္ ကိုယ္လုပ္ေတာ္မ်ား႐ွိသည္။ ထိုၾကင္ယာေတာ္သည္ မိဖုရားအေဆာင္က ျဖစ္ဟန္တူသည္။
"ေအာ္...မိဖုရားပါလား။ စိတ္မ႐ွိပါနဲ႔။ ကိုယ္ေတာ္ မနက္ခင္း ညီလာခံတက္စရာ႐ွိလို႔ အေထြအထူးမ႐ွိရင္ ေနာက္မွ ျပန္လာပါ။''
ထိုမွ်သာ ေျပာၿပီး မိဖုရားေဘးက လင္းမိုေက်ာ္ျဖတ္လာသည္။
လီခ်န္းယံုမွာ စကၠန္႔ပိုင္းအၾကာက ေတြ႔လိုက္ရေသာ လင္းမို၏ ႐ွား႐ွားပါးပါး ဇေဝဇဝါအမူအရာေၾကာင့္ သူရယ္ခ်င္ေနသည္။
မည္သည့္ဘုရင္က ကိုယ္ေျမႇာက္ထားေသာ ၾကင္ယာေတာ္၏ အမည္ကို မသိရံုမက မိဖုရားလား၊ ကိုယ္လုပ္ေတာ္လားပင္ မခြဲျခားတတ္ဘဲ ႐ွိမည္နည္း။
လူမ်ားစြာ၏ မ်က္လံုးတို႔ေၾကာင့္ လီခ်န္းယံုထိန္းခ်ဳပ္ေနရေသာ္လည္း မ်က္ႏွာမွာ အနည္းငယ္ ျပံဳးေယာင္ေယာင္ျဖစ္ေနသည္။
လင္းမိုက သူ႔ကို အသံတိတ္ဟားေနေသာ ဝံပုေလြျဖဴေလးကို စူးရဲေသာအၾကည့္တို႔ ပို႔လႊတ္လိုက္သည္။ အေႁခြအရံတို႔ထင္ၾကသည္က လင္းမိုက လီခ်န္းယံုကို ေတြ႔လိုက္ရေသာေၾကာင့္ မႏွစ္ၿမိဳ႕ျဖစ္သြားသည္ဟု။
အမွန္တကယ္ကမူ သူ႔ကိုဟားေနေသာ ဝံပုေလြျဖဴေလးႏွင့္ အၾကည့္ခ်င္းဆံုၿပီး သူပါလိုက္ရယ္ခ်င္ေနသည္။ သို႔ေသာ္ ရယ္ခ်င္စိတ္ကို မ်ိဳသိပ္ၿပီး ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္သည္။
"အဟမ္း...''
လင္းမိုေရာက္လာေသာ္လည္း လြတ္လပ္ေသာ ေျမာက္ပိုင္း၏ အိမ္ေ႐ွ႕စံအေနျဖင့္ လီခ်န္းယံုဦးမၫႊတ္။ သည္အတိုင္းသာ မတ္တပ္ရပ္ေနသည္။
လင္းမိုက လီခ်န္းယံုကို မသိခ်င္ေယာင္ေဆာင္ၿပီး ေ႐ွ႕သို႔သာ လွမ္းသြားသည္။ လီခ်န္းယံု၏ နံေဘးတည့္တည့္သို႔ေရာက္ေသာအခါ သူ၏ ဝတ္ရံုဘယ္ဘက္ကို တစ္ခ်က္ခါလိုက္သည္။
ထိုသို႔ေသာ အမူအရာသည္ မႏွစ္ျမႇိဳ႕သည္ကို ျပသေသာ အမူအရာျဖစ္သည္။ အေႁခြအရံတို႔မွာ ေျမာက္ပိုင္းအိမ္ေ႐ွ႕စံအတြက္ စိတ္မေကာင္း ျဖစ္သြားၾကသည္။
အမွန္တကယ္က လင္းမိုသည္ ဝတ္ရံုလက္ကို ခါဟန္ျပဳၿပီး လီခ်န္းယံု၏ လက္ကို မသိမသာတို႔ထိသြားေလသည္။ လီခ်န္းယံု၏ မ်က္ႏွာတြင္ မသိမသာ အျပံဳးတစ္ခ်က္ေပၚသြားသည္။
လင္းမိုက ညီလာခံအေဆာင္ဦးတည္ထြက္သြားၿပီးေနာက္ ၾကင္ယာေတာ္မိန္းကေလးသည္လည္း သူမ၏ နန္းေဆာင္သို႔ ျပန္သြားသည္။ လီခ်န္းယံုတစ္ေယာက္သာ ထိုေနရာတြင္ ေဝခြဲမရစြာ က်န္ေနခဲ့သည္။
သူသည္ ကနဦးက စိတ္ညည္းညဴသျဖင့္ ျမႇားပစ္ေလ့က်င့္ရန္ ထြက္လာျခင္း ျဖစ္သည္။ ယခုလင္းမိုကို ေတြ႔ၿပီးေနာက္ စိတ္ညည္းညဴမႈတို႔က ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္သြားသည္။
ေထြေထြထူးထူးေရြးခ်ယ္စရာကို စဥ္းစားမေနဘဲ အေဆာင္ျပန္၍ တစ္ခုခုစားရန္သာ လီခ်န္းယံု ဆံုးျဖတ္လိုက္သည္။
လင္းမိုက ညီလာခံတြင္ အမတ္တို႔ ေလွ်ာက္တင္သမွ်ကို နားေထာင္ေနသည္။ သို႔ေသာ္ သူ၏ စိတ္အစဥ္ ေခတၱမွ် ေတြ႔ခဲ့ရေသာ ဝံပုေလြျဖဴေလးထံသာ က်န္ခဲ့သည္။
လီခ်န္းယံုကို ၾကည့္ရသည္မွာ အနည္းငယ္ ညႇိဳးငယ္ေနသလိုပင္။ ဒီရက္ပိုင္း မေတြ႔ရေသာေၾကာင့္ လီခ်န္းယံု အစားေကာင္းေကာင္းမစား လင္းမိုမသိရ။ သူမ႐ွိ၍ အိပ္ေပ်ာ္ပါ့မည္လား သူစိုးရိမ္မိသည္။
လင္းမိုက ညီလာခံတြင္ သူ၏ ဝံပုေလြျဖဴေလးအေဆာင္သို႔ မည္သို႔ ခ်ည္းကပ္ရမည္ဟု ၾကံစည္ေနစဥ္မွာပင္ အမတ္တစ္ေယာက္က ေလွ်ာက္တင္သည္။
"အ႐ွင္...ေျမာက္ပိုင္းကေန အ႐ွင္နဲ႔ အိမ္ေ႐ွ႕စံအတြက္ သဝဏ္လႊာႏွစ္ေစာင္ေရာက္လာပါတယ္''
လင္းမိုက သူ႔အတြက္ရည္ၫႊန္းထားေသာ သဝဏ္လႊာကို ဖြင့္၍ ဖတ္လိုက္သည္။ အေၾကာင္းအရာ ေထြေထြထူးထူးမ႐ွိ။ သာေၾကာင္းမာေၾကာင္း ႏႈတ္ခြန္းဆက္ျခင္းသာျဖစ္သည္။ အေၾကာင္းအရာအစစ္က ေျမာက္ပိုင္းအိမ္ေ႐ွ႕စံသို႔ ရည္ၫႊန္းထားေသာ စာသဝဏ္လႊာတြင္သာ ႐ွိလိမ့္မည္။
ညီလာခံၿပီးဆံုးေသာအခါ အေၾကာင္း႐ွာေနေသာ လင္းမိုက စာသဝဏ္လႊာေပးပို႔ရန္ဟူေသာ ေခါင္းစဥ္ျဖင့္ လီခ်န္းယံု၏ အေဆာင္သို႔ေရာက္ေနသည္။ ႏွစ္ႏိုင္ငံ၏ အေရးႏွင့္ ပတ္သက္၍ တစ္စံုတစ္ရာကိစၥ႐ွိမည္ဟု ယူဆေသာေၾကာင့္ လင္းမိုကိုယ္တိုင္ လီခ်န္းယံု၏ အေဆာင္သို႔ သြားျခင္းကို အထူးအဆန္းမျဖစ္ၾက။
လင္းမိုက လီခ်န္းယံု၏ နန္းေဆာင္ တံခါးကို ဖြင့္လိုက္သည္။ လင္းမိုက နန္းေဆာင္တံခါးကို ျပန္ပိတ္ၿပီး အတြင္းသို႔ ဝင္လိုက္သည္ႏွင့္ သူ၏ အထင္ႏွင့္ အျမင္မွာတက္တက္စင္ေအာင္ လြဲေနေၾကာင္းသိလိုက္သည္။
သူထင္သည္က လီခ်န္းယံုသည္ သူ႔ကို လြမ္းဆြတ္ေသာေၾကာင့္ အစားေကာင္းေကာင္းမစားႏိုင္ဟု...
အလွ်ံအပယ္ေသာဟင္းလ်ာတို႔ အျပည့္ခင္းထားေသာ စားပြဲေ႐ွ႕၌ လီခ်န္းယံုသည္ တူကိုကိုင္ကာ တစ္မ်ိဳးၿပီးတစ္မ်ိဳးစားေသာက္ေနေလသည္။
လင္းမိုကို ေတြ႔ေသာအခါ အံ့ျသသြားဟန္ျပေသာ္လည္း သူ၏ လက္မွ တူျဖင့္ ညႇပ္ထားေသာ အသားဖတ္ကို ဝါးလိုက္ေသးသည္။ သူ၏ ပါးစပ္သည္လည္း ပလုတ္ပေလာင္း ျဖစ္ေနသည္။
"အာ...လင္းမို! ဘယ္လိုလုပ္ၿပီး...ေရာက္လာတာလဲ''
လင္းမိုသည္ ဘာမွမေျပာ။ လီခ်န္းယံု၏ ေဘးနားသို႔ ဝင္ထိုင္ၿပီး ေရတစ္ခြက္ငွဲ႔ေပးသည္။
"ေရာ့...ေသာက္လိုက္ဦး''
လင္းမိုက ေရကိုငွဲ႔ေပးၿပီး သူကိုယ္တိုင္ေရခြက္ကိုင္ၿပီး လီခ်န္းယံုအားတိုက္သည္။ ပလုတ္ပေလာင္းစားေနေသာ ဝံပုေလြျဖဴေလး နင္သြားမည္စိုးေသာေၾကာင့္ သူကပင္ ေက်ာကို ပုတ္ေပးေနသည္။
"ျဖည္းျဖည္းစား...ၿပီးမွေျပာမယ္''
အစားအေသာက္ေ႐ွ႕တြင္ သူ၏ ဝံပုေလြျဖဴ်လးသည္ ပီဘိကေလးသဖြယ္။ စားပြဲႏွင့္အျပည့္ ဟင္းလ်ာတို႔ကို ၾကည့္ၿပီး လင္းမို ေတြးမိသည္။
ဤေလာကတြင္ လီခ်န္းယံု မစားသည့္အရာ ႐ွိေသးလားဟု...
ယခင္က လီခ်န္းယံုသည္ ငါးေပါင္းႀကိဳက္တတ္သည္၊ ပန္းသစ္ေတာ္ ႀကိဳက္သည္ဟု သူမွတ္ထားသည္။ သို႔ေသာ္ အခ်ိန္ၾကာလွေတာ့ လီခ်န္းယံဳက တစ္မ်ိဳးၿပီး တစ္မ်ိဳး မ႐ိုးေအာင္ စားေသာေၾကာင့္ အင္မတန္ ဥာဏ္ေကာင္းသည့္ လင္းမိုပင္ လီခ်န္းယံုမည္သည့္အရာကို အထူးတလည္ႀကိဳက္သည္ကို မမွတ္ႏိုင္ေတာ့။
သူသိသမွ်ေတာ့ လီခ်န္းယံုက အကုန္ႀကိဳက္ေလသည္။
"အာ...''
လီခ်န္းယံုက ကေလးတစ္ေယာက္ကို ထမင္းခြံ႕ေကြၽးသလို ေျပာရင္း အသားတစ္ဖက္ကို ယူကာ လင္းမိုကို ပါးစပ္ဟခိုင္းသည္။
လင္းမိုပါးစပ္ဟေပးလိုက္သည္။ သူကအသားဖက္ကို ဝါးေနသည္ကို လီခ်န္းယံုက အေရာင္ေတာက္ေနေသာမ်က္လံုးတို႔ျဖင့္ ၾကည့္ရင္းေမးသည္။
"ေကာင္းတယ္မလား''
"အင္း...''
လင္းမိုက ေခါင္းၿငိမ့္ျပသည္။
လီခ်န္းယံုက ေနာက္ထပ္ဟင္းလ်ာကို ယူကာ ထပ္ခြံ႕ေကြၽးသည္။ လင္းမိုက ပါးစပ္ဟေပးသည္။
ဤသို႔ျဖင့္ ေျမာက္ပိုင္းက သဝဏ္လႊာကို လာပို႔ေသာ ေတာင္ဘုရင္ႀကီးမွာ နာရီပိုင္းခန္႔ထိ ေျမာက္ပိုင္းအိမ္ေ႐ွ႕စံအေဆာင္က ထြက္မလာေသး။ အမ်ားစုထင္သည္က ေတာင္ပိုင္းႏွင့္ေျမာက္ပိုင္း ကေတာက္ကဆျပသနာမ်ားေၾကာင့္ ေဆြးေႏြးမႈက အခ်ိန္ၾကာေနသည္ဟု...
________________________________________________________________________________