Chapter 4

60.7K 6.5K 312
                                    

Unicode

လင်းမိုတို့ရဲ့ ယန်စစ်တပ်စစ်ချီလာတာ လဝက်ကျော်လာတဲ့အခါမှာတော့ ဆွေဟိုင်းလွင်ပြင်ကိုကျော်လာခဲ့ပြီး လော့မြစ်ကမ်းကိုရောက်လာခဲ့သည်။ မြောက်ပိုင်းသို့ ချည်းနင်းဝင်ရောက်လာသည်နှင့်အမျှ အအေးဒဏ်က ပိုမိုဆိုးဝါးလာသည်။ လမ်းတစ်လျှောက်တွင် ဆီးနှင်းများဖုံးနေပြီး လမ်းဘေးဝဲယာသစ်ပင်များမှာ ရေခဲပန်းဆွယ်များကပ်နေကြသည်။ လင်းမို၏ စစ်သည်တော်များမှာ အအေးဒဏ်ကို ကြံ့ခိုင်နိုင်အောင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပေမယ့် တကယ့်အအေးဒဏ်ကို နဖူးတွေ့ဒူးတွေ့ကြုံရတော့ တစ်ကိုယ်လုံးအေးခဲပြီး ခြေလှမ်းများကို ပင် မနည်းရွေ့အောင်လှမ်းနေရသည်။

အမတ်ကြီးကတော့ စစ်သည်တော်တို့၏ အခြေအနေကို သုံးသပ်မိပြီး မြောက်ပိုင်းကို သိမ်းဖိူ့က ထင်သလောက်မလွယ်ကူမှန်း ရိပ်မိလာခဲ့သည်။ သူတို့ဘက်က အင်အားအဆမတန်သာလွန်နေပေမယ့် အအေးဒဏ်ကို ခါးစည်းခံနေရသည်။ မြောက်ပိုင်းစစ်သည်တော်တို့က အရေအတွက်နည်းသော်လည်း အအေးဒဏ်က သူ့တို့အတွက် မိတ်ဆွေပင်။ မြောက်ပိုင်းအအေးဒဏ်က မြောက်ပိုင်းသားတို့အတွက် နွေဦးရောက်နေသလိုသာ ခံစားရပေလိမ့်မည်။

ထောင်ပေါင်းများစွာသော စစ်သည်တော်တို့၏ အရှေ့မှာတော့ လင်းမိုက အုန်းခွံရောင် မြင်းကြီးကိုစီးပြီး ဦးဆောင်သွားနေသည်။ လင်းမိုသည် အရပ်ခြောက်ပေနှစ်လက်မရှိပြီး ခန္ဓာကိုယ်ကြံ့ခိုင်သောသူဖြစ်သည်။ သူ့မျက်နှာမှာ အထင်ရှားဆုံးပေါ်လွင်နေသည့်အရာကတော့ ကျားသစ်တစ်ကောင်လို စူးရဲသော မျက်လုံးများဖြစ်သည်။ လင်းမိုမှာ တိကျစွာဖြောင့်တန်းနေသော နှာတံနှင့် ပိရိသေသပ်သောနှုတ်ခမ်းပါးတို့ရှိသည်။
မြင်သူတကာတိူ့က လင်းမိုမှာ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ အစွမ်းအစများရှိရုံသာမက နတ်ဘုရားတစ်ပါးလိုချောမောကြောင်းကိုလည်း ခြွင်းချက်မရှိ လက်ခံကြလေသည်။

လင်းမို့၏နှုတ်ခမ်းက အမြဲလိုတင်းတင်းစေ့ထားပေမယ့် ရံဖန်ရံခါ အထက်သို့ကွေးညွှတ်ပြီး ပြုံးယောင်ယောင်ဖြစ်သွားတတ်သည်။ အမတ်ကြီးတစ်ယောက်ကပဲ လင်းမို၏ အပြုံးက မည်မျှကြောက်စရာကောင်းကြောင်းသိလေသည်။ လင်းမိုက အရာရာကို တွက်ဆ ကြိုတင်စီစဉ်ပြီးမှ ပြုလုပ်တတ်လေသည်။ သူများထက်ခြေဆယ်လှမ်းလောက်ကြိုမြင်ပြီး ပရိယာယ်မျိုးစုံကို သုံးနိုင်သူဖြစ်သည်။ လင်းမိုဘာတွေးနေလဲဆိုတာ မည်သူမျှမခန့်မှန်းနိုင်ပေ။ သို့ပေမယ့် ယခုမြောက်ပိုင်းသို့ စစ်ချီရာလမ်းတွင် လင်းမိုကပြုံးနေသောကြောင့် သေချာပေါက် မြောက်ပိုင်းအတွက်ကောင်းသောအရာတော့မဟုတ်ပေ...

The True Conqueror [Complete]Where stories live. Discover now