Chapter 28

48.2K 6K 330
                                    

Unicode

လူရွယ်သည် မပြုံးမရယ် အသက်မဲ့သော မျက်နှာအမူအရာနှင့် လီချန်းယုံတို့ ရှေ့သို့ ဦးတည်လာခဲ့သည်။ လင်းမိုက လီချန်းယုံကို သူ၏ နောက်သို့ ဆွဲကာ သူက ရှေ့ကကာထားသည်။ လင်းမို၏ ဘေးမှာ ရှောင်ချိုက အသင့်အနေအထားနှင့် မတ်တပ်ရပ်နေသည်။

လူရွယ်က ရှောင်ချိုကို တစ်လှည့်၊ လင်းမိုကို တစ်လှည့် စူးရဲစွာကြည့်နေသည်။ သူသည် လင်းမိုကို သွေးဖြူဝံပုလွေဟု ထင်မှတ်မှားနေသည်။ သို့ကြောင့် သူ့ခါးတွင် ချိတ်ထားသော ဓားကို ထုတ်ပြီး လင်းမိုကို ဦးတည်တိုက်ခိုက်လေသည်။ ဓားချက်က လင်းမိုဆီမရောက်ခင် အဖြူရောင်အရိပ်တစ်ရိပ်ပြေးဝင်လာသည်။

ပြေးဝင်လာသော အဖြူရောင်အရိပ်နှင့်အတူ မာန်ဖီသံကဲ့သို့သော အသံပါကြားရသည်။
"ဝေါင်း....''

လူရွယ်၏ ဓားချက်ကို သွေးဖြူဝံပုလွေက ဟန့်တားလိုက်ခြင်းဖြစ်သည်။ ရှောင်ချိုသည် သူ၏ မူလအသွင်အပြင်ကို ပြောင်းလဲပြီး ဖြစ်သည်။ ဖြူစွတ်သောအမွေးများ၊ နီရဲသော မျက်ဝန်းအစုံ၊ ချွန်မြိနေသည့်အစွယ်တို့က အမှန်တကယ်ပင် သွေးဖြူဝံပုလွေ၏ လက္ခဏာများဖြစ်သည်။

လူရွယ်ဓားကို အလျင်အမြန်ရုတ်သိမ်းလိုက်သည်။
"မင်းက သွေးဖြူဝံပုလွေလား''

သွေးဖြူဝံပုလွေရှောင်ချိုက သူ၏ သခင်နှင့် အရှင်ကို ကာကွယ်ရန် ရှေးကမားမားမတ်မတ်ရပ်နေသည်။

လူရွယ်တွေဝေသွားသည်။ သူ့စိတ်ထဲတွင် သံသယတို့ကြီးစိုးလာသည်။ ဤလောကတွင် သွေးဖြူဝံပုလွေကို အမိန့်ပေးနိုင်သည့် သူမှာ နဂါးစီးနင်းသူအရှင် ဖြစ်လာမည့်သူက လွဲ၍ မည်သူမျှ မဖြစ်နိုင်။ သူ၏ ဓားကိုင်ထားသော လက်တို့က တုန်လှုပ်နေသည်။ သူက လင်းမို၏ နောက်တွင်ရပ်နေသော အိမ်ရှေ့စံကို စိုက်ကြည့်နေသည်။ အိမ်ရှေ့စံ၏ ခါးတွင် ချိတ်ဆွဲထားသည်က ရေခဲဝိညာဉ်ဓား...

သူကိုင်ထားသော ဓားကို လွှတ်ချလိုက်သည်။ လူရွယ်က အန္တရာယ်ပေးတော့မည့်ပုံမရှိမှ ရှောင်ချိုက လူအသွင်ပြောင်းလဲလာသည်။

လူရွယ်ကရီဝေသော ခန့်မှန်းရခက်သော အကြည့်တို့ဖြင့် လင်းမိုကို ကြည့်နေသည်။ သူ၏ နှုတ်ခမ်းတို့က တစ်စုံတစ်ရာကို ပြောဆိုချင်နေပုံရသည်။ လင်းမိုက လူရွယ်ကို ပြန်စိုက်ကြည့်နေသည်။ သူတို့ကြားထဲတွင် ဆက်သွယ်မှုတစ်ခုခုရှိနေသယောင်။

The True Conqueror [Complete]Where stories live. Discover now