Chapter 73

38.1K 4.7K 252
                                    

Unicode

ဝေါယာဉ်အနားသို့ရောက်လာသော လင်းမို၏ ခြေလှမ်းများက လီချန်းယုံ၏ ရင်ခုန်သံကို ထိန်းမရအောင် မြန်လာစေသည်။ သူဗျာများနေစဉ်မှာပင် ဝေါယာဉ်၏ ခန်းစည်းအနီစကို လှစ်ဟလိုက်သော လက်တစ်စုံက သူ၏ မြင်ကွင်းရှေ့သို့ ပေါ်လိုက်သည်။

လင်းမိုက သူ့ကို လက်ကမ်းပေးခြင်း ဖြစ်သည်။ လီချန်းယုံ၏ သူ၏ အေးစက်နေသောလက်ဖြင့် လင်းမို၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ လင်းမိုက အလိုက်သိစွာပင် သူ၏ အေးစက်နေသောလက်ကို ဖျစ်ညှစ်ပြီး ဆုပ်ကိုင်ထားသည်။

လင်းမိုလှစ်ဟပေးသော ခန်းစည်းအောက်ကငုံ့ကာ လီချန်းယုံ ဝေါယာဉ်အပြင်သို့ ထွက်လာသည်။ အလွန်အမင်းစိတ်လှုပ်ရှားလွန်းသောကြောင့် ချော်မလဲစေရန် ဂရုစိုက်နေရသည်။

လီချန်းယုံ အပြင်သို့ရောက်သောအခါ သူက လင်းမို၏ မျက်နှာကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားခိုက်တွင် လီချန်းယုံသည် စက္ကန့်ပိုင်းမျှ သူ၏ရှေ့က နတ်ဘုရားလိုချောမောနေသူကြီး၏ ခန့်ညားမှုတို့အောက်၌ ကျရှုံးသွားချေသည်။

လင်းမိုဝတ်ဆင်ထားသည်က သူကဲ့သို့ အနီရောင်မင်္ဂလာဝတ်စုံပင်ဖြစ်သည်။ သို့သော် လင်းမို၏ ကိုယ်မှ အငွေ့အသက်နှင့် အရှိန်အဝါတို့က သူနှင့်မတူညီပေ။

လင်းမိုက မကြာခင်သူပိုင်ဆိုင်ခွင့်ရတော့မည့် ချစ်လှစွာသော ဝံပုလွေဖြူလေးကို ချစ်မဝသည့်အကြည့်တို့ဖြင့်ကြည့်ရင်း သူ၏ မျက်နှာထက်တွင် အပြုံးရိပ်တစ်ခုက အထင်အရှားပေါ်နေချေသည်။ ထိုအပြုံးက လင်းမို၏ ဘဝသက်တမ်းတစ်လျှောက်၌ အစစ်မှန်ဆုံးအပြုံးဖြစ်သည်မှာ အသေချာပင် ဖြစ်သည်။

လင်းမိုက လီချန်းယုံ၏ လက်ကိုတွဲလျှက် ဥယျာဉ်လျှောက်လမ်းဘက်သို့ လှည့်ရန်ပြင်နေစဉ်မှာပင် လီချန်းယုံက သူ၏ အနားသို့ ကပ်လာကာ တီးတိုးပြောလေသည်။

"ခေါင်းဆောင်းကညီရဲ့လား...ကြည့်ပေးဦး!''

ဝံပုလွေဖြူလေး၏ တီးတိုးစကားကြောင့် လင်းမိုမှာ ရယ်ချင်သွားသည်။ သူက လီချန်းယုံ၏ ချောမောခန့်ညားမှုကိုသာ အသားပေးငေးနေခဲ့သောကြောင့် လီချန်းယုံ၏ ခေါင်းဆောင်းကို သတိမပြုမိ။ နမောနမဲ့နိုင်သော ဝံပုလွေဖြူလေးက တစ်စုံတစ်ရာ လွဲမလာလျှင်တောင် ထူးဆန်နေချေမည်။

The True Conqueror [Complete]Donde viven las historias. Descúbrelo ahora