Unicode
မီးလျှံတွေ ...
အဆုံးမရှိ ကျယ်ပြောသော ရေခဲလွင်ပြင်မှာ မီးလျှံတို့ အရှိန်ညှီးညှီးဖြင့် ဟုန်းဟုန်းတောက်ကာ လောင်ကျွမ်းနေသည်။
ရေခဲလွင်ပြင်မှာ မီးလောင်ခြင်းဆိုသည်မှာ သစ်တောတွေထဲမှာ တောမီးလောင်ကျွမ်းသလို ဖြစ်တန်စွမ်း မရှိ။
မီးလျှံတွေက သာမန်များမီးများမဟုတ်ပေ....."ဂါး......'' ကောင်းကင်းပြင်မှာ သတ္တဝါတစ်ကောင်၏ ကျယ်လောင်စွာအော်ဟစ်သံ ကြားလိုက်ရသည်။
မကြာမီ တောင်ပံရိုက်ခတ်သံ များကိုပါ ကြားရသည်။
လီချန်းယုံမော့ကြည့်လိုက်သည်။ ကောင်းကင်ပြင်တွင် သူတွေ့လိုက်ရသည်က....
ကြီးမားသောအနက်ရောင်နဂါးကြီးတစ်ကောင်မီးလျှံများက နဂါးကြီး မှုတ်ထားသော မီးများဖြစ်ဟန်တူသည်။ လီချန်းယုံနဂါးဆိုသည်မှာ ဒဏ္႑ာရီလာ သတ္တဝါတစ်ကောင်ဟုသာ သိထားလေသည်။ သူ့မျက်စိရှေ့က မြင်ကွင်းမှာလည်း ငယ်ငယ်က ထိုဒဏ္႑ာရီစာအုပ်များကို ရှာဖွေဖတ်ရှုခဲ့ခြင်းကြောင့် စိတ်ဆွဲပြီးမက်နေသော အိပ်မက်သာ ဖြစ်သည်။
မီးလျှံနှင့်ရေခဲလွင်ပြင်၊ ကောင်းကင်မှာပျံဝဲနေသော ကြီးမားသည့်နဂါးကြီး...သည်မြင်ကွင်းက လီချန်းယုံ၏ အိပ်မက်အဆုံးသတ်ပင်။ ထပ်ခါထပ်ခါ မက်ဖူးသော အိပ်မက်၏ အသေးစိတ်တိုင်းကို လီချန်းယုံ သိနေသည်။ သူ၏ သိစိတ်က အ်ိပ်မက်ဟုအတပ်သိသော်လည်း သူက ထိုအိပ်မက်နယ်ပယ်ထဲတွင် မျောလွင့်နေဆဲပင် သူမနိုးထိနိုင်သေး....
အကြိမ်ကြိမ်မြင်မက်ဖူးသည်က နဂါးကြီးက ရေခဲလွင်ပြင်တွင် ဝဲပျံနေသည်။ လီချန်းယုံက မော့ကြည့်နေသည်။ ဒီထက်၍ ရှေ့ဆက်လည်း မမက်ဖူးပေ။
သို့သော်ယခုတွင်တော့
ကောင်းကင်းပြင်ကနဂါးကြီးသည် တောင်ပံများခတ်ခြင်းအမှုကို ရပ်တန့်ပြီး မြေပြင်သို့နိမ့်ဆင်းလာလေသည်။
သူနိမ့်ဆင်းလာသည့်နေရာက လီချန်းယုံ၏ ရှေ့တည့်တည့်ပင်။ ထူးဆန်းစွာပင် မီးလျှံကဲ့သို့ ဝင်းဝင်းတောက်နေသည့် ထိုနဂါး၏ မျက်လုံးများနှင့် အကြည့်ဆုံသွားသော်လည်း လီချန်းယုံသည်ကြောက်စိတ်မဖြစ်ပေါ်မိ...သူအကြည့်တွေကို ရွှေ့လိုက်တော့ ဆူးချွန်သဏ္႑ာန်အတက်တွေနှင့် နဂါး၏ ကျောပြင်မှာ အနက်ရောင်လူရိပ်တစ်ခု...
YOU ARE READING
The True Conqueror [Complete]
Historical FictionTitle - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... Name - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ...