လူသားသစ်စာ (Zawgyi version) (...

By kilulayuu121

182K 25.6K 110

This is translation of Immortal mortal .... All credit given to original author and translator Otiginal Auth... More

chapter (1)
chapter 2
chapter 3
chapter 4
chapter 5
chapter 6
chapter 7
chapter 8
chapter 9
chapter 10
chapter 11
chapter 12
chapter 13
chapter 14
chapter 15
chapter 16
chapter 17
chapter 18
chapter 19
chapter 20
chapter 21
chapter 22
chapter 23
chapter 24
chapter 25
chapter 26
chapter 27
chapter 28
chapter 29
chapter 30
chapter 31
chapter 32
chapter 33
chapter 34
chapter 35
chapter 36
chapter 37
chapter 38
chapter 39
chapter 40
chapter 41
chapter 43 >> Book (4)
chapter 44
chapter 45
chapter 46
chapter 47
chapter 48
chapter 49
chapter 50
chapter 51
chapter 52
chapter 53
chapter 54
chapter 55
chapter 56 (End of Book 4)
chapter 57
chapter 58
chapter 59
chapter 60
chapter 61
chapter 62
chapter 63
chapter 64
chapter 65
chapter 66
chapter 67
chapter 68
chapter 69
chapter 70
chapter 71
chapter 72
chapter 73
chapter 74
chapter 75
chapter 76
chapter 77
chapter 78
chapter 79
chapter 80
chapter 81
chapter 82
chapter 83
chapter 84 (End of Book 6)
chapter 85
chapter 86
chapter 87
chapter 88
chapter 89
chapter 90
chapter 91
chapter 92
chapter 93
chapter 94
chapter 95
chapter 96
chapter 97
chapter 98
chapter 99
chapter 100
chapter 101
chapter 102
chapter 103
chapter 104
chapter 105
chapter 106
chapter 107
chapter 108
chapter 109
chapter 110
chapter 111
chapter 112
chapter 113
chapter 114
chapter 115
chapter 116
chapter 117
chapter 118
chapter 119
chapter 120
chapter 121
chapter 122
chapter 123
chapter 124
chapter 125
chapter 126
chapter 127
chapter 128
chapter 129
chapter 130
chapter 131
chapter 132
chapter 133
chapter 134
chapter 135
chapter 136
chapter 137
chapter 138
chapter 139
chapter 140 (end of Book 10)
chapter 141
chapter 142
chapter 143
chapter 144
chapter 145
chapter 146
chapter 147
chapter 148
chapter 149
chapter 150
chapter 151
chapter 152
chapter 153
chapter 154
chapter 155
chapter 156
chapter 157
chapter 158
chapter 159
chapter 160
chapter 161
chapter 162
chapter 163
chapter 164
chapter 165
chapter 166
chapter 167
chapter 168 (End of Book 12)
chapter 169
chapter 170
chapter 171
chapter 172
chapter 173
chapter 174
chapter 175
chapter 176
chapter 177
chapter 178
chapter 179
chapter 180
chapter 181
chapter 182 [End of Book 13]
chapter 183
chapter 184
chapter 185
chapter 186
chapter 187
chapter 188
chapter 189
chapter 190
chapter 191
chapter 192
chapter 193
chapter 194
chapter 195
chapter 196 (End of Book 14)
chapter 197
chapter 198
chapter 199
chapter 200

chapter 42

935 130 0
By kilulayuu121


အခန်း (၄၂) : အသက်ကြွေးအား ပြန်ပေးဆပ်ခြင်း


ထိုသည်က သူမအပြစ်ရှိစိတ်ကြောင့် ဖြစ်နိင်ပေမဲ့ ဟန်နင်သည် မိုဝူကျီအား မရှာခဲ့ချေ,၏။ သူမဘာသာလဲ ရှင်းမပြခဲ့ပေ။ ထောင်ပချီသည်လည်း ငြိမ်အေးသွားလေသည်။ မိုဝူကျီကို သူ့အား မေ့လဲအောင်လုပ်သည့်သူဟု သံသယရှိသော်လည်း သူသည် ချန်လောင်သို့ သွားမည့်လမ်းတွင် ဘာပြဿနာမှ မဖြစ်ချင်ပေ။

တစ်ဖက်တွင် မိုဝူကျီ၊ ယွန်ကျန်းရီနှင့် တင်းဘူအာတို့သည် နေ့စဉ်နေ့တိုင်း သောက်လိုက် ရွေ့ပြောင်းဈေးကို သွားစပ်စုလိုက်ဖြင့် သာယာနေလေသည်။ ယွန်ကျင်းရီ ပြောပြသည့် ကျင့်ကြံသူများနှင့် တမူထူးသော အတွေ့အကြုံများကို နားထောင်ပြီး မိုဝူကျီသည် စိတ်သက်သာရာ ရသွားလေသည်။

တစ်ခုသော မနက်ခင်းတွင် မိုဝူကျီသည် ဆေးကြောရန် တဲကို လှပ်လိုက်သည့်အခါ ကျယ်လောင်သော အသံကို ကြားလိုက်ရသည်။ ပင်လယ်ကမ်းတွင် ကျောက်ချထားသည့် ဧရာမသင်္ဘောကြီး တစ်စင်း မြင်လိုက်ရ၍ အလွန်တရာ အံ့ဩသွားလေသည်။

သင်္ဘောကုန်းပတ်ကပင် ဘောလုံးကွင်း အများအပြား ဆန့်နိုင်လောက်သည်။ အလယ်တွင် အခန့်များ ကန့်ထားကာ သင်္ဘောတစ်ခုလုံး ခန့်မှန်းခြေ ဧရိယာ ၁၀၀၀၀၀ စတုရန်း မီတာလောက် ကျယ်ဝန်းပေးလိမ့်မည်။

မိုဝူကျီသည် လေပြေအေးကို အားရပါးရ ရှုရှိုက်လိုက်သည်။ ထိုသည်က လေယာဉ်တင် သင်္ဘောထက်ပင် ကြီးမားလေသည်။ လေယာဉ်တင် သင်္ဘောသည်လည်း ကြီးမားလှသည့် သင်္ဘောကုန်းပတ်ဖြင့် ပြုလုပ်ထား၏။ တစ်ဖက်တွင် ဤသင်္ဘောတွင်လဲ အလယ်ရှိ နေစရာ အခန်းနေရာများထက် ကျယ်ဝန်းသည့် သင်္ဘောကုန်းပတ်ဖြင့် ဒီဇိုင်းပြုလုပ်ထားသည်။ ထိုအခန်းများသည် အထပ်လိုက်ဖြစ်နေကာ ခေတ်မှီအဆောက်အဦးနှင့် တူညီလေသည်။

ဤကြီးမားလှသည့် အရာကို မည်သည့် စွမ်းအားဖြင့် မောင်းနှင်မည်နည်း။ ကမ္ဘာမြေမှ လေယာဉ်တင် သင်္ဘောများပင် ထိုမျှမကြီးမားပေ။ သို့သော် မောင်းနှင်ရန် နျုးကလီးယားစွမ်းအားကို လိုအပ်လေ၏။ ဤနေရာတွင်လဲ နျုးကလီးယားစွမ်းအား ရှိသင့်သည်မလား.....

"ဝူကျီ.... မင်းလန့်နေပြီလား..... ငါလဲ ပထမ မြင်ကာစက အရမ်းလန့်သွားခဲ့တာ......" တင်းဘူအာ အသံသည် ထွက်ပေါ်လာလေသည်။

ထိုအခိုက်အတန့်တွင် ဝူကျီသည် သူတစ်ယောက်တည်းသာ အံ့ဩနေသည် မဟုတ်တာကို တွေ့လိုက်ရ၏။ ကမ်းစပ်တွင် လူအများနှင့် ပြည့်နေလေသည်။

"ဝူကျီ.... မြန်မြန် ပစ္စည်းသိမ်းတော့.... သင်္ဘောပေါ် ငါနဲ့လိုက်ခဲ့...... ဘူအာ မင်းလဲ မင်းမမလေးနဲ့ အတူ လိုက်ခဲ့တော့....." ယွန်ကျန်းရီသည် လူထုကြားမှ ထွက်လာကာ ပြောလိုက်သည်။

တင်းဘူအာသည် သူသည် ဟန်နင်နောက်လိုက်ကာ သင်္ဘောပေါ် လိုက်ရမည် ဖြစ်ကြောင်း နားလည်သွား၏။ "ဝူကျီ... အစ်ကို ကျန်းရီ....ကျွန်တော် အရင်သွားနှင့်ပြီ...ချန်လောင်ကျ ပြန်တွေ့ကြမယ်....."

ယွန်ကျန်းရီသည် ရယ်လိုက်ကာ "ဘာ ချန်လောင်လဲ.... ငါတို့ သင်္ဘောပေါ်ကျ ပြန်တွေ့မှာပဲကို..... သင်္ဘောပေါ်က တင်းကျပ်ထားတဲ့ တချို့ စည်းကမ်းလေးတွေ ရှိပေမဲ့လဲ ပိုက်ဆံရှိသရွေ့ အေးဆေးနေလို့ ရပါတယ်ကွာ...."

ယွန်ကျန်းရီသည် ကြင်နာဟန် ရှိသည့် နိုဘယ်အမျိးသား ဂျီရှင်းကို ကာကွယ်စောင့်ရှောက်ပေးနေတာ ဖြစ်၏။ မိုဝူကျီသည် သင်္ဘောပေါ် ကျန်းရီနောက်လိုက်သွားသည့်အခါ သူသည် ဘာမှ မပြောဘဲ ပြုံးကာ ခေါင်းညိတ်ပြလေသည်။

တစ်နာရီကြာပြီးနောက် မိုဝူကျီနှင့် ယွန်ကျန်းရီတို့သည် လူငါးဆယ် ဝေမျှရသော အိမ်အတွင်းသို့ ချမှတ်ခံလိုက်ရသည်။

"ကျန်းရီ.... ငါတို့ ဒီမှာ နေနေရင် ဂျီရှင်းမှာ တစ်ခုခု ဖြစ်ရင် ငါတို့ ဘယ်လိုလုပ် ကာကွယ်နိုင်မှာလဲ....." မိုဝူကျီသည် လူသစ်လေး မဟုတ်တော့သောကြောင့် သင်္ဘောသည် မည်မျှ အန္တရာယ်များနိုင်ကြောင်း သိ၏။

"သူ့မှာ ကိုယ်ပိုင် သက်တော်စောင့်ရှိတယ်..... တခုခု ဖြစ်ရင် ငါတို့က အမြန်သွားရုံပဲ.... တကယ်တမ်း ငါတို့လို အစောင့်တွေက သခင်လေးကို ပင်လယ်မကောင်းဆိုးဝါးကနေ ကာကွယ်ပေးရင် ရပြီ.... ချန်လောင်သွားတဲ့လမ်းမှာ ပင်လယ်မကောင်းဆိုးဝါးတွေ ခဏတိုင်း တိုက်ခိုက်ကြတယ်လို့ ကြားထားတယ်.... အဲလိုဖြစ်ရင် ငါတို့ အပြေးအလွှား သွားပြီး ကာကွယ်ပေးရုံပဲ..... ပြီးတော့ သူကလဲ ငါတို့နဲ့ တစ်ထပ်တည်းမှာပဲ.... အတော်ဆုံး ပါရမီရှင်တွေကသာ မြင့်တဲ့ အထပ်တွေမှာ နေလို့ရတာ.... ပြီးတော့ တစ်ခုခု ဖြစ်ရင်တောင် မင်းသွားဖို့ မလိုပါဘူး.... ဂျီရှင်းက မင်း ချန်လောင်ကို သွားဖို့ ဒေါ်လေးဆယ့်တစ်နေရာ ဝင်ထားတယ်ဆိုတာ နားလည်ပါတယ်.... မင်းက တကယ့်အစောင့်မှ မဟုတ်တာ...." ယွန်ကျန်းရီသည် ရှင်းပြလိုက်သည်။

ပင်လယ်မကောင်းဆိုးဝါးအကြောင်း ကြားပြီး မိုဝူကျီသည် အမှန်တကယ် သိချင်မိသွား၏။ ဤသင်္ဘောသည် အလွန်ကြီးမား၍ မည်သို့သော ပင်လယ်မကောင်းဆိုးဝါးမျိးက သင်္ဘောကို တိုက်ခိုက်ရဲမည်နည်း.....

မိုဝူကျီနှင့် ယွန်ကျန်းရီသည် နောက်ဆုံးမှ ရောက်ရှိလာသောသူများ ဖြစ်သောကြောင့် တံခါးဘေးတွင် နေရာရလေသည်။ လူအများအပြားသည် ဝင်လိုက်ထွက်လိုက် လုပ်နေသောကြောင့် အနားယူဖို့ရန် ခက်ခဲလှ၏။

"ဝူကျီ.....ဒီသင်္ဘောက ကမ်းခြေမှာနဲ့ မတူဘူးကွ...... ဒီမှာ တစ်ယောက်ယောက် အသတ်ခံရင်တောင် လူသတ်သမားဆီ ဘာမှ ကြီးကြီးမားမား ဖြစ်လာမှာ မဟုတ်ဘူး..... အရင် ကြိုတင်ရှောင်ထားလို့ရအောင် တခြားသူတွေနဲ့ ရန်ငြိုးရန်စ မထားတာ‌ ကောင်းတယ်......." ယွန်ကျန်းရီသည် မိုဝူကျီဘေးမှ အိပ်ယာကို ဆွဲကာ တီးတိုးပြောလိုက်သည်။

ယွန်ကျန်းရီ စကားများကို ကြားပြီး ဘေးနားမှ လူအများကလဲ ခေါင်းများညိတ်လိုက်ကြသည်။

မိုဝူကျီသည် ယွန်ကျန်းရီမှ သတိပေးရန် မလိုပေ။ သူသည် ချန်လောင်သို့ မရောက်မချင်း ဤနေရာတွင် ပြဿနာများကို ရှောင်ရှားလိမ့်မည်။ သူ ချန်လောင်ကို ရောက်သည်နှင့် သူလုပ်ရန် လိုအပ်သည်က အရေးကြီးကိစ္စနှစ်ခုသာ ရှိလေ၏။ ဦးစွာ ပထမဆုံး သူသည် ကျင့်စဉ်လိုအပ်သည်။ ဒုတိယတစ်ခုက သူသည် မသေစေနိုင်လောက်သည့် လျှပ်စီးအရင်းမြစ်ကို ရှာဖို့ရန် ဖြစ်၏။ ထိုမှသာ သူ့ခန္ဒာမှ ချီသွေးကြောများကို ဖွင့်နိုင်မည် ဖြစ်လေသည်။

တစ်နာရီလောက် ကြာပြီးနောက် မိုဝူကျီသည် အနည်းငယ် တုန်ခါမှုကို ခံစားမိ၍ သင်္ဘောအင်ဂျင်သည် စတင် အလုပ်လုပ်နေပြီ ဖြစ်ကြောင်း သိလိုက်သည်။

"ကျန်းရီ ဒီသင်္ဘောအတွက် စွမ်းအားက ဘယ်ကနေရတာလဲ...." မိုဝူကျီသည် သိချင်စိတ်ကို ဆက်၍ မချိုးနှိမ်တော့ဘဲ မေးလိုက်သည်။

ယွန်ကျန်းရီသည် ခေါင်းကို ခါလိုက်ပြီး "ငါလဲ သေချာမသိဘူးကွ...... ဒီသင်္ဘောစီးဖူးတာ ပထမဆုံးပဲ...."

"ကျွန်မကြားတာကတော့ ဒီသင်္ဘောကို မောင်းနှင်ဖို့ အားကောင်းတဲ့ အစီအရင်တစ်ခု အသုံးပြုတဲ့ အင်မော်တယ်သခင် တစ်ယောက် ရှိတယ်တဲ့.....အဲဒါက ဒီသင်္ဘောကို မောင်းနှင်လို့ ရတဲ့ စွမ်းအားမျိုး ထုတ်ပေးတယ်တဲ့..... အဲဒီစွမ်းအားက ကျင့်ကြံဖို့အတွက် အရမ်းအသုံးဝင်ပြီး လဲလှယ်လို့လဲ ရတယ်....." ဆွဲဆောင်မှုရှိရှိ အသံချိုချို မိန်းကလေး အသံထွက်ပေါ်လာလေသည်။

မိုဝူကျီသည် ထိုမိန်းကလေးအား မြင်ရန် လှည့်လိုက်သည့်အခါ သူ့ဘေးရှိ ကုတင်တွင် အိပ်နေသော အမျိုးသမီး တစ်ယောက် ဖြစ်နေ၏။ သူမသည် သုံးဆယ်ဝန်းကျင်လောက် ရှိ၏။ သူမဆံပင်များကို တင်းကျပ်စွာသ စီးထားပြီး သူမအသားရည်သည် ဖြူဖျော့နေကာ မျက်နှာအင်္ဂါရပ်များသည် အလွန် မထူးခြားသော်ငြား လှပသော အမျိုးသမီး ဖြစ်၏။ သူမအသံနှင့် ပေါင်းစပ်လိုက်လျှင် သူမအား ရှုမောဖွယ်အမျိုးသမီး အဖြစ် ယူဆနိင်လေသည်။

မိုဝူကျီသည် ထထိုင်ကာ နားမလည်စွာ မေးလိုက်သည် "ဒီမှာ အတူတူနေရတာလား...."

ယွန်ကျန်းရီသည် ရယ်မောကာ "ဘာလို့ အမျိုးသားနဲ့ အမျိးသမီး ခွဲခြားထားမှာလဲ..... ဒီလို အိမ်မျိုးထဲနေရတာကိုက ငါတို့ ကံကောင်းနေပြီကွ......"

အမျိုးသမီးသည်လည်း ပြုံးလိုက်ကာ ထထိုင်လိုက်ပြီး မိုဝူကျီနှင့် ယွန်ကျန်းရီအား နှုတ်ဆက်လိုက်သည် "မင်္ဂလာပါ...... ကျွန်မက ပစီရင်စုမှ ချင်ရှုန်းယုပါ...."

ချင်ရှုန်းယု ထိုင်လိုက်သည့်အခါ မိုဝူကျီက သူမခန္ဓာကိုယ်သည် သူမမျက်နှာထက် ပိုပြည့်စုံကြောင်း သိလိုက်ရ၏။

မိုဝူကျီသည် ရယ်ပြုံးလိုက်ပြီး "ကျွန်တော်က ချင်ယွီက မိုဝူကျီ.....ဒါက ချန်ယန်က ယွန်ကျန်းရီ...."

"ချင်ယွီနဲ့ ချန်ယန်က စစ်ဖြစ်နေတာ မဟုတ်ဘူးလား..... မင်းတို့နှစ်ယောက်....." နောက်တစ်ယောက်က ဝင်ပြောလိုက်သည်။ဤတစ်ကြိမ်ကား ရွှေရောင်ဆံပင်နှင့် လူငယ် ဖြစ်၏။

ယွန်ကျန်းရီသည် အနည်းငယ် မာနကြီးစွာ ပြောလိုက်သည် "ချင်ယွီနဲ့ ချန်ယန် စစ်ပွဲက ငါတို့ကြားမှာ ဘာမှ မဆိုင်ဘူး...."

"ဝူကျီ...." အလောတကြီး ပြေးလာသည့် ခြေသံကို ကြားလိုက်ရ၏။ မိုဝူကျီသည် ထိုသည်က တင်းဘူအာ အသံမှန်း အလွယ်တကူ ခွဲနိုင်သည်။

မိုဝူကျီသည် ကုတင်ပေါ်မှ ဆင်းကာ မေးလိုက်သည် "ဘူအာ ဘာဖြစ်လာ.... ဘာလို့ မင်းပေါ်မှာ သွေးတွေ ပေနေတာလဲ......"

အားရပါးရ အသက်ဝအောင် ရှုထုတ်ပြီး တင်းဘူအာသည် အလောတကြီး ပြောလိုက်သည် "လူတချို့က မမလေးကို ရန်လာရှာတယ်.... ဖန်မုန်ဟွာနဲ့ငါက သူတို့ကို ရင်ဆိုင်နိင်လောက်တဲ့အထိ မသန်မာဘူး...... အခု အဲလူတွေက မမလေးကို သတ်ဖို့ လိုက်ရှာနေကြတယ်......"

မိုဝူကျီသည် မျက်မှောင်ကျုံ့လိုက်ပြီး သင်္ဘောထွက်ခွာရုံမျှ ရှိသေးကာ ထိုသို့ ဖြစ်ပျက်ရသည်လား..... သူသည် ထပ် မမေးတော့ဘဲ ပြောလိုက်သည် "လာ .....ငါ့ကို ခေါ်သွားပေး....."

"ခဏ...." ယွန်ကျန်းရီသည် မိုဝူကျီအား တားလိုက်သည်

"ဝူကျီ.....ဟန်နင်က မင်းကို မောင်းထုတ်ခဲ့ပြီး ချန်လောင်ကို လိုက်ခွင့်မပေးခဲ့တာနော်.....သူမ ဘာဖြစ်ဖြစ် မင်းနဲ့ မပတ်သတ်တော့ဘူးလေ..... ဘာကြောင့် ရွံရေထဲ ခြေပြန်ချမှာလဲ.... ပြီးတော့ မင်းက သူမကို ကူညီသင့်သလောက် လုပ်ပေးခဲ့ပြီးပြီ....."

မိုဝူကျီသည် တည်ငြိမ်စွာ ပြောလိုက်သည် "သူမ အဖေက ရည်ရွယ်ပြီး မဟုတ်ပေမဲ့ ငါ့အသက်ကို ကယ်ပေးခဲ့တယ်..... ငါ သူမကို ဆပ်သင့်သလောက် ပေးဆပ်ခဲ့ပြီးပြီ..... ဒါပေမဲ့ စိတ်ထဲမှာ အသက်ကြွေးက အရာပစ္စည်းတွေ ပိုက်ဆံတွေနဲ့ ဆပ်နိုင်တဲ့ အရာမဟုတ်ဘူး...... အခု သူမမှာ တစ်ခုခု ဆိုးရွားတာ ဖြစ်နေတာကို သိရက်နဲ့ တစ်ယောက်တည်း ပစ်မထားနိုင်ဘူး..... မြို့စားကြီးက ငါ့ကို ကယ်ပေးခဲ့တဲ့အတွက် သူမကို နောက်တစ်ခါ ထပ်ကူညီလိုက်မယ်...... ငါတို့ ချန်လောင်ကို ရောက်တာနဲ့ ငါတို့က လမ်းကိုယ်စီ လျှောက်ကြမှာလေ.....ကျန်းရီ... ငါ့ကို ဒီမှာ စောင့်နေနော်.... ဘူအာ သွားကြစို့.... "

သူ့စကားဆုံးသည်နှင့် မိုဝူကျီသည် အိမ်မှ ထွက်သွားရန် အလောတကြီး ပြေးထွက်လိုက်သည်။ သူသည် ထိုသို့သော ကိုယ်ပိုင်နိယာမတရားနှင့် နေထိုင်၏ 'ကျေးဇူးနှင့် အာဃာဓကို သေချာပေါက် ပြန်ဆပ်ရမည်'။ မြို့စားကြီးသည် သူ့အသက်အား ကယ်တင်ခဲ့သည့် ကျေးဇူးကြွေးကို ကယ်တင်ခြင်းဖြင့် ပြန်ပေးဆပ်မည်။ နှစ်လွှာမီးမြက်ကို ဟန်နင်အား လက်ဆောင်အဖြစ် ပေးကမ်းနိုင်၏။

ဟန်နင်အား ကယ်တင်မည့် အကြောင်းရင်း နောက်တစ်ချက်ရှိသေး၏။ သူအား ဟန်နင်က မောင်းထုတ်လိုက်သော်လည်း တင်းဘူအာသည် သူမလက်အောက်တွင် ရှိဆဲဖြစ်သည်။ သူမကို ကယ်တင်ရန် မလိုသော်လည်း တင်းဘူအာအား ကယ်တင်ရန် လိုအပ်လေသည်။ ဟန်နင်အား ကူညီသည်က တင်းဘူအာကို ကူညီခြင်းသည်နှင့် တူညီလေသည်။

ယွန်ကျန်းရီသည် နှစ်ခြိုက်စွာ ရယ်မောလိုက်ရင်း "ငါတို့က ညီအစ်ကိုတွေ မဟုတ်ဘူးလား.... မင်းသွားရင် ငါပါ လိုက်မှာပေါ့ကွာ.... သွားကြစို့......"

စာစဉ် (၃) ပြီးသွားပါပြီဗျ....... စာစဉ် (၄) ကို ဝန်ဇင်းမှာ အားပေးလို့ရပါတယ်ဗျ.....

Continue Reading

You'll Also Like

8.3K 674 5
ဒါက ခရစ်စမတ် လက်ဆောင်အဖြစ်ပေးမယ့် အတိုလေး တစ်ပုဒ် ပါ ဒီနေ့ ၂၃ရက်ကနေ စရေးပြီးတော့ ၂၄ ရက်နေ့ အပြီးသတ်ပေးမယ့် ဝတ္ထုတိုလေးပါနော်။ တတိယမြောက် ကိုယ်ပိုင်ဖ...
650K 71.7K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
3.9K 219 28
ဒီစာအုပ်ထဲမှာ tar ကြိုက်တဲ့ music video mtv လေးတွေကို translated လုပ်ပြီး သိ မ်းထားမှာပါ :-) သူများတွေ tran တာ အားကျလို့  ကိုယ်လဲ ကို ကြိုက်တဲ့musi...
134K 5.6K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။