She Is A Baby (ChanBaek)

By Pluto_9

75.5K 5.6K 252

ChanBaek (Normal) [Zawgyi + Unicode] More

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32 (The Final)
Sequel - 1
Sequel - 2
Sequel - 3
Sequel - 4
Sequel - 5
Seqeul - 6 (All of the end)

Episode 23

1.9K 156 6
By Pluto_9

"အခုဘယ္မွာလဲ "

ဖုန္းကိုင္လိုက္တာနဲ႔ထြက္လာတဲ့အသံေၾကာင့္ နားမွခြာကာ အိပ္ခ်င္မူးတူး မ်က္လံုးေတြကို ဖြင့္ၾကည့္လိုက္ေတာ့ ဦးစိတ္တိုဖုန္း....

"အိမ္မွာေပါ့.... ပိတ္ရက္ေလ "

"ဒါဆို အကူအညီတစ္ခုေလာက္ေပး... ညေနက်ရင္ Luhan နဲ႔ ေဆးရံုလိုက္သြားေပးပါ... ငါအေရးႀကီးတဲ့ Meeting တစ္ခု႐ွိေနလို႔ "

အကူအညီေတာင္းတာတဲ့ မွတ္ေတာင္ထားရဦးမယ္.... ။ ဒါမယ့္လည္း သူ႔ပိုက္ဆံေတြကို ထိုင္ျဖဳန္းထားတဲ့ အငယ္ေလး တစ္ေယာက္အေနနဲ႔ ျပန္ၿပီး သိတတ္လိုက္ပါ့မယ္ေလ ။

"အခ်ိန္နဲ႕ေနရာ စာပို႔လိုက္... "

"မေန႔ကလည္း နင္ဖုန္းမကိုင္ဘူးေနာ္... လုပ္ထား... အလွည့္က်ရင္ေတာ့လား"

ေျပာခ်င္ရာေျပာၿပီး ဖုန္းခ်သြားတယ္.. ဒါေၾကာင့္ပဲ လူပ်ိဳႀကီးဘဝေရာက္ေနတာ... ငွက္ေပ်ာတံုး႐ွာထားေပးရမယ္.. အခ်ိန္က ေစာေနေသးေပမယ့္ မ်က္စိက်ယ္သြားၿပီမို႔ အိပ္ယာကထလိုက္ၿပီး အျပင္ထြက္လာေတာ့ အေတာ္ေလးၾကာမွ ျပန္ရတဲ့ ကင္ခ်ီဟင္းရည္အနံ႔ေလး...

"ႏိုးလာၿပီလား.... ဒီမွာမနက္စာလာစား... "

"ကိုကိုက ဘယ္လဲ "

ဟင္းေတြအကုန္ျပင္ဆင္ေပးၿပီး ထမင္းဝိုင္းကေန ထြက္သြားေတာ့ လွမ္းဆြဲကာ ေမးလိုက္တယ္ ဆိုရင္ပဲ သူ႔ေမးေစ့ကို ပြတ္ျပကာ

"ဒါသြားလုပ္မလို႔.... "

ကိုကို႔မ်က္ႏွာမွာ ဟိုးအရင္က မျမင္ဖူးတဲ့ ႏႈတ္ခမ္းေမႊး မုတ္ဆိတ္ေမႊးေတြ ခပ္ေရးေရး ေပါက္ေနသည္ ။ အဲ့လိုဆိုေတာ့ ေယာက်္ားရင့္မာႀကီးတစ္ေယာက္ကို ျမင္ေနရသလိုပဲ... အဲ... အရင္ကလည္း ေယာက်္ားေပးမယ့္ ပိုၿပီး ေယာက်္ားဆန္ေနတာမ်ိဳးေပါ့ ။

"ခဏေလး... ကေလးလုပ္ေပးမယ္.. "

သူမလုပ္ေပးမယ္ေျပာေတာ့ Chanyeol က မ်က္လံုးျပဴးကာ လုပ္တတ္ရဲ႕လား သံသယျဖစ္ေနတယ္ ။

"လုပ္တတ္လို႔လား... "

"လုပ္ေတာ့မလုပ္တတ္ဘူးေလ... ဒါမယ့္ ျမင္ဖူးတယ္.. ဆိုေတာ့ကာ အဆင္ေျပမွာပါ.. ဘာလို႔လဲ ဓားထိမွာစိုးလို႔လား "

"ဓားထိတာမ်ားေၾကာက္စရာလား... လုပ္ေလ... "

ကိုကိုက လက္ခံတယ္ဆိုတာနဲ႔ ကိုကို့ကို ေရခ်ိုးခန္းထဲ ဆြဲေခၚကာ ေဘစင္ေပၚက စင္မွာ တင္ထားတဲ့ ပစၥည္းေတြနဲ႔ မိတ္ကပ္ပညာ႐ွင္ႀကီးလိုလို ဆံပင္ညႇပ္ဆရာမလိုလို ပံုစံဖမ္းကာ မုတ္ဆိတ္ရိတ္တဲ့ ခရင္မ္ကို လက္ထဲထည့္ကာ လက္ႏွစ္ဖက္ကို အျမႇဳပ္ထြက္ေအာင္ ေသခ်ာပြတ္ၿပီး ကိုကို့မ်က္ႏွာမွာ လိမ္းေတာ့ အရပ္ကမမွီေတာ့ ေျခဖ်ားေထာက္ကာ ေထာက္ကာနဲ႔ေပါ့... ။

Chanyeol က သူ႔ကေလးက သူ႔ကို ဒီလိုလုပ္ေပးတာကို ေက်နပ္မိသလို မိန္းကေလးတစ္ေယာက္က ပထမဆံုး မုတ္ဆိတ္ရိတ္ေပးတာမို႔ ရင္လည္းခုန္ေနမိတယ္ ။ ေျခဖ်ားေလး ေထာက္ေထာက္ၿပီး လုပ္ေနတာျမင္ေတာ့ သူ Bath tub ေဘာင္မွာထိုင္လိုက္ၿပီး Baekhee ကိုလည္း သူ႔ေပါင္ေပၚ ထိုင္ေစတယ္ ။ သူ႔လုပ္ရပ္ေၾကာင့္အစက သူမလည္းလန္႔သြားတယ္ဆိုေပမယ့္ ဟန္မပ်က္ပဲ ဆက္လုပ္ေနတယ္ ။ အားလံုးလည္း ၿပီးသြားေရာ... Baekhee က သူ႔မ်က္ႏွာအႏွံ႔ အာဘြားေပးသည္ ။ (အာဘြားေနာ္ ဘာမွနမ္းတာမဟုတ္ဘူး..  XD 😂)

"အခုမွ သန္႔ျပန္႔သြားတယ္... "

"ဘာလို႔ ့Omma က လုပ္ေပးတယ္လို႔ ခံစားရပါလိမ့္.. "

"Aigoo... ငါတို႔သားေလး ခ်စ္ဖို႔ေကာင္းလိုက္တာ... မြ.. "

"Baekhee ah.. မ်က္ႏွာေပါင္းတင္မလား.. ကိုယ္လုပ္ေပးမယ္ "

ပံုမွန္ဆို ကိုကိုက သူ႔ဘာသာေနတတ္တဲ့သူပါ... အခုမွ ဘာေတြစိတ္ကူးရေနလဲမသိ ။ ကိုကို့အိပ္ယာမွာပဲ ကိုကိုက ကြၽန္မကို သူ႔ေပါင္ေပၚမွာ ေခါင္းအံုးေစၿပီး ေပါင္းတင္ကပ္ခြာကပ္ေပးသည္ ။

"ေနာက္ေရာ လုပ္ေပးဦးမွာလား "

"တစ္သက္လံုး လုပ္ေပးမယ္ "

အစက သူပဲလန္႔လို႔ဆိုၿပီး အသံျပဲျကီးနဲ႔ ေအာ္ခဲ့ၿပီးေတာ့... အခုက် တစ္သက္လံုးလုပ္ေပးမယ္ ဆိုပဲ ။

"ဒါနဲ႔ေမးရပါဦးမယ္.. ဧည့္ခန္းမွာ ခ်ိတ္ထားတဲ့ ပံုက ဘာလဲ.. "

လြန္ခဲ့တဲ့ ၂လေလာက္က Taeyongie  တို႔ Sehun Oppa ရဲ႕ Company ကိုလာေတာ့ လူတစ္ေယာက္ရဲ႕ ခါးတစ္ပိုင္းေလာက္ႀကီးတဲ့ ပန္းခ်ီကား ေမြးေန႔လက္ေဆာင္ သြားေပးျဖစ္သည္ ။ Taeyongie လာတယ္ဆိုတာကလည္း Sehun Oppa တို႔ Company က Game အသစ္မိတ္ဆက္တာကို CF ႐ိုက္ဖို႔နဲ႔ Game Character အေနနဲ႔ အဖြဲ႔လိုက္ ထည့္ေပးထားတာမို႔ လာတာ... Sehun Oppa က ေျပာထားလို႔ လြယ္လြယ္ကူကူပဲ Company မွာ ေတြ႔ၿပီး ေပးခြင့္ရခဲ့တာ ။ ကိုယ့္ကိုလည္း မွတ္မိတဲ့အျပင္ Fan site Admin မွန္းလည္း သိတယ္ ။ အဲ့ပံုကိုလည္း Ha Jun ႐ိုက္ေပးထားတာပါ ။ 

"အာ... အဲ့ဒါက Taeyongie ရဲ႕ ေမြးေန႔လက္ေဆာင္သြားေပးတုန္းက ႐ိုက္လာတဲ့ဟာ.. ဘာလို႔လဲ "

"ဧည့္ခန္းမွာက တကယ္ဆို မဂၤလာေဆာင္ ဓာတ္ပံုမ်ိဳး ခ်ိတ္သင့္တာေလ... အခုဟာက.. "

"အခန္းထဲေရႊ႔လိုက္မယ္.. "

အခန္းထဲေရႊ႔လိုက္မယ္ ဆိုတာေတာင္ မ်က္ႏွာအေနအထားက ေျပာင္းမသြားပါ ။ စိတ္ေကာက္ေနတာပဲ....

"ဘယ္အခ်ိန္ထိ အဲ့ေဒါ့ဂ်ီလုပ္ေနမွာလဲ.. ကိုယ့္ကိုထားသြားၿပီး သူနဲ႔တြဲရင္လည္းတြဲေပါ့... မင္းေပးထားတဲ့ ပန္းခ်ီကားေတြေတာင္ သူ႔ IG မွာ တင္ထားေသးတာပဲ "

တကယ္ေတာ့ ကိုကို႔အဲ့လိုပံုစံက ပထမဆံုးပါ.. စိတ္တိုသလိုေျပာတာလည္းမဟုတ္ဘူး.. ေအးေဆးေျပာေနေပမယ့္ သဝန္တိုေနမွန္း အသိသာႀကီး... နားရြက္ေတြက နီရဲေနၿပီး မ်က္ႏွာက နဂိုထက္ ၂ဆတည္ေနသည္ ။ ခ်စ္ဖို႔ေကာင္းလိုက္တာ ။

"မတြဲပါဘူး... Taeyongie က ကေလးထက္ပိုေကာင္းတဲ့ ေကာင္မေလးမ်ိဳးနဲ႔ ေတြ႔ရမွာေပါ့.. ၿပီးေတာ့ ကိုကိုနဲ႔လက္ထပ္ၿပီးလို႔ ကေလးေမြးတဲ့အခါက်ရင္ ေယာက်္ားေလးဆိုတာနဲ႔ Taeyongie တို႔ SM TOWN မွာ Trainee အေနနဲ႔ ငယ္ငယ္တည္းက ပို႔လိုက္မွာ.. မိန္းကေလးဆိုရင္ေတာ့ Taeyongie ရဲ႕ Kids fan girl လုပ္ခိုင္းမယ္... Taeyongie က ကေလးခ်စ္ေတာ့ တန္းသတိထားမိမွာပဲ "

"Yah! မင္းတစ္ေယာက္တည္း ႀကိဳက္ရတာ မလံုေလာက္လို႔ ငါ့သားသမီးေတြပါ အဲ့ေကာင္ကို ႀကိဳက္ရမွာလား.. "

"ကိုကိုလည္း Sandara Park ႀကိဳက္တာပဲ မဟုတ္လား "

"အဲ့ဒါက အရမ္းၾကာေနၿပီမို႔ မွတ္ေတာင္မမွတ္မိေတာ့ဘူး.. ၿပီးေတာ့ မင္းလိုမ်ိဳး တေကာက္ေကာက္လိုက္ၿပီး ဓာတ္ပံုလည္းမ႐ိုက္ဘူး.. လက္ေဆာင္လည္းမေပးဘူး... အျပင္မွာေတာင္ လူခ်င္းမေတြ႔ဖူးဘူး... "

ကေလးဆန္တဲ့ ကိုကိုရဲ႕ ပံုစံက ေပၚလာတာမို႔ မရယ္မိေအာင္ ထိန္းထားရသည္ ။

"ကိုကိုလည္း Sandara Park ကို ေဒါ့ဂ်ီလုပ္လို႔ရတာပဲ.. "

"မလုပ္ခ်င္ပါဘူး... ကိုယ့္မွာက မင္းပဲ႐ွိတာ... မင္းကေတာ့ တစ္အိမ္လံုး သူ႔ပံုေတြအျပည့္ထားထားတဲ့အျပင္ Taeyongie Taeyongie နဲ႔ ပါးစပ္ဖ်ားကမခ်ဘူး .. "

ကိုကို႔ေပါင္ေပၚေခါင္းအံုးထားရာကေန ထကာ မ်က္ႏွာခ်င္းဆိုင္ထိုင္ၿပီး..

"Taeyongie ကို သေဘာက်ေပမယ့္ ကိုကို႔ကို ပိုျပီး ပိုၿပီး သေဘာက်တယ္.... ကိုကို႔ကို သေဘာအက်ဆံုး "

ကိုကို့ေပာင္ေပာ္တက္ထိုင္ကာ ဖက္တြယ္ရင္း ​ေျပာလိုက္ေတာ့ ျပံဳးစိစိမ်က္ႏွာေပးျဖင့္

"တကယ္ေနာ္... "

ၾကည့္ပါဦး... ကိုယ့္ထက္ ၁၀ႏွစ္ႀကီးတဲ့သူတဲ့... ကေလးဆန္လိုက္တာမ်ား... ။
အိမ္မွာ ႐ိုၿပီးတာနဲ႔ ဦးစိတ္တိုရဲ႕ ပြစိပြစိအေျပာမခံရေအာင္ Luhan Unnie နဲ႔ ေဆးရံုလိုက္သြားေပးရေတာ့တယ္ ။ Luhan Unnie က ေျပာရရင္ Kyungsoo Unnie လို မိန္းကေလးဆန္ဆန္ ဆြဲေဆာင္မႈ႐ွိ႐ွိ လွတာလည္းမဟုတ္ဘူး ။ ကြၽန္မလို ကေလးဆန္ဆန္ ပံုစံလည္းမဟုတ္ျပန္ဘူး ။ လွပတဲ့မ်က္ႏွာေလးနဲ႔ ေယာက်္ားဆန္ဆန္ Girl Crush Type.. ။ အာ.... Sehun Oppa က Ideal type က Girl crush type လို႔ ဒါေၾကာင့္ေျပာတာကိုး ။ သူပဲ အစကေတာ့ တေကာက္ေကာက္ေျပးလိုက္ခဲ့လို႔ မႀကိဳက္ဘူးဆိုၿပီး အခုက် တေကာက္ေကာက္လိုက္တာက သူျဖစ္ေနတယ္ ။ အခုလည္း သူပဲလႊတ္လိုက္တယ္ေနာ္... လူနာကျဖင့္ Gangstar လားထင္မွတ္ရတယ္ ။ အနက္ေရာင္ Hoodie အနက္ေရာင္ဂ်င္းအျပဲနဲ႔ Lollipop ေတာင္ စားေနေသး ။ တကယ္ပဲ ဘာေရာဂါမို႔ ေဆးရံုသြားသလဲ မသိဘူး ။ ေရာက္ေတာ့လည္း ေၾကာင္ေတာင္သြားတယ္.. စိတ္ေရာဂါအထူးကုနဲ႔ျပတာ ။ ဆရာဝန္နဲ႔ေတြ႔ၿပီးမွ Unnie ရဲ႕​ေရာဂါဘာညာအားလံုး နားလည္သြားေတာ့တယ္ ။

"Unnie ..... Unnie တကယ္ပဲ Sehun Oppa ကို မႀကိဳက္ေတာ့ဘူးလား "

Luhan က Lollipop အသစ္တစ္ခုေဖာက္ကာ ပါးစပ္ထဲထည့္ရင္း

"Baekee ah.. Baekee ကို ဖြင့္ေျပာဖူးတဲ့ သူငယ္ခ်င္း႐ွိလား "

အထက္တန္းတုန္းက တစ္စံုတစ္ေယာက္ကို ျမင္ေယာင္လာသည္ ။

"႐ွိဖူးတယ္.. "

"Baekee က ျငင္းလိုက္ေတာ့ သူက ဆက္ႀကိဳက္ၿပီး တြယ္ကပ္ေနေသးလား "

ေပၚကိုမလာေတာ့တာ ။

သူမေခါင္းခါျပေတာ့....

"အဲ့လိုပဲေပါ့... Sehunnie.. Unnie ကို ျငင္းခဲ့တာ ၾကာခဲ့ၿပီ.. အခုထိ သူ႔ကိုဆက္ႀကိဳက္ေနသင့္လား "

အခုထိမဟုတ္ဘူး... အစကတည္းက မႀကိဳက္သင့္တာ... ဒီပြစိပြစိ ဦးေလးႀကီးက ႐ုပ္ေလးသာေခ်ာတာ ဇီဇာေၾကာင္တဲ့သူ... သူ႔စိတ္ႀကီးပဲ... အားတဲ့အခ်ိန္တိုင္း Bar မွာ ေသာက္ေနတဲ့ ေခတ္သစ္ ဆြန္းအိုဂံုး... မိန္းကေလးေတြကိုလည္း ဘယ္လိုညွင္ညွင္သာသာ ဆက္ဆံေျပာဆိုရေကာင္းမွန္းမသိဘဲ စြတ္ေဟာက္ေနတဲ့လူႀကီး... ကိုကိုက မ်က္ႏွာေသနဲ႔ အားလံုးကို ဆက္ဆံတယ္ဆိုရင္ေတာင္ ဒီဦးေလးႀကီးကေတာ့ ေခ်မိုးၿပီး စကားလည္းအေကာင္းမေျပာတဲ့လူႀကီး ။ Jongin Oppa လို ေျခတံ႐ွည္ဦးေလးႀကီး ပံုစံမ်ိဳးနဲ႔ လက္ထပ္သင့္တယ္လို႔ကို ေျပာပစ္ခ်င္ေပမယ့္ ေခါင္းေလးသာ ခါျပလိုက္ပါသည္ ။ Unnie ကသာ ဆက္မႀကိဳက္ေတာ့ဘူးေျပာေနတာ ဟိုဘက္ကျဖင့္ ဖိတ္စာတစ္ျခမ္း႐ိုက္ၿပီး ခင္ပြန္းလိုလို ဘာလိုလိုနဲ႔ ။ Unnie ကလည္း လက္စားေခ်ေနသလားမွတ္ရတယ္ ။ ဒီေလာက္အေပါက္ဆိုးတဲ့လူ တေကာက္ေကာက္လိုက္ေနတာကို ဘာမွမေျပာဘဲ လႊတ္ထားရတယ္လို႔ ။

ေဆးရံုကျပန္လာတာနဲ႔ ဆိုဖာေပၚမွာ တန္းလွဲကာ အနားယူေနေတာ့ ကိုကိုက အိပ္ခန္းထဲကေန ထြက္လာၿပီး အနားေရာက္လာသည္ ။

"ပင္ပန္းေနၿပီလား.... ဒါနဲ႔ Luhan က ဘာလို႔ ေဆးရံုသြားရတာလဲ "

အေၾကာင္းအရင္းစံုစံုလင္လင္႐ွင္းျပေတာ့ ကိုကိုက ေခါင္းတညိတ္ညိတ္နဲ႔သာ နားေထာင္ၿပီး ဘာမွထပ္မေျပာ.. ။

"ညေနစာဘာစားၾကမလဲ... "

ကြၽန္မဆံပင္ေတြကို နားရြက္ေနာက္သို႔ သိမ္းေပးရင္းေမးလာေတာ့...

"ကေလး ခ်က္ေပးမယ္... "

ကြၽန္မစကားေၾကာင့္ ကိုကို မယံုသလိုျပဴးျပဲျကည့္ကာ

"ကေလးက... ?? "

"ကိုကိုက မယံုလို႔လား... "

"ေကာင္းၿပီေလ... ယံုေပးလိုက္မယ္ "

ခ်က္ခ်င္းထၿပီး ခုနက ေဆးရံုကအျပန္ ေစ်းကေန ဝယ္လာတဲ့ ငါး႐ွဥ့္အ႐ွင္ေတြကို ထုတ္လာခဲ့သည္ ။ ယံုေပးမယ္ေျပာၿပီး ခပ္လွမ္းလွမ္းကေန အကဲခတ္ေနေလေတာ့ ဘယ္ကစလုပ္ရမွန္းကို မသိဘူး ။ တကယ္ေတာ့ သိကိုမသိတာ ဟဲဟဲ... ။ ကိုကိုမ႐ွိတုန္းကလည္း Kyungsoo Unnie ခ်က္တဲ့ဟင္းေတြစားလိုက္... Sehun Oppa က သူ႔အတြက္ညစာဝယ္လာရင္း ဝယ္လာေပးတာေတြစားလိုက္... ဒါမွမဟုတ္ Sehun Oppa နဲ႔အတူ Kyungsoo Unnie အိမ္မွာစားလိုက္... ဘယ္သူမွမေကြၽးရင္ Ha Jun ကိုေခၚၿပီး အျပင္ထြက္စားလိုက္... အျပင္မထြက္ျဖစ္တဲ့ေန႔ဆို အိမ္ထဲကေန ဖုန္းတစ္လံုးနဲ႔ မွာစားလိုက္... ဟုတ္ေနေရာပဲ.. ။ အခုခ်က္တဲ့ဟာေတာင္ Unnie က Jongin Oppa ကို ခဏခဏ ခ်က္ေကြၽးတဲ့ဟင္းမလို႔ ေဘးကေနကူလုပ္ေပးရင္း သင္ထားတဲ့ တစ္မ်ိဳးတည္းေသာဟင္း.. ။ ကိုယ့္အေျခအေနနဲ႔ဆို ၾကက္ဥေတာင္အႏွစ္ထြက္ေအာင္ေၾကာ္တာ ။ အျပစ္ေတာ့လာမေျပာနဲ႔ေနာ္... ဟိုးအရင္ကတည္းက ကိုကိုကပဲ ခ်က္ေကြၽးလာတယ္ ။ ကိုကိုမ႐ွိေတာ့ တျခားသူေတြက ခ်က္ေကြၽးတယ္ ။ ဒါခ်က္ေကြၽးတဲ့လူရဲ႕အျပစ္ပဲ ။ ငါးအ႐ွင္လည္းေတြေရာ ကိုကိုတခါတည္း အိပ္ခန္းထဲဝင္သြားတယ္ ။

Kyungsoo Unnie လုပ္သလို မီးဖိုေပၚတင္ထားတဲ့ အိုးအလြတ္ထဲကို ငါးေတြထည့္လိုက္တယ္ဆိုရင္ပဲ...

ဂြမ္...... ဂလြမ္....... !!!!!!!!!!!!!!!

မိုးႀကိဳးပစ္ခ်သလားမွတ္ရတယ္... ငါးေတြက အိုးထဲကေန ခုန္ထြက္ၿပီး ေဘးကအိုးခြက္ေတြကိုပါ တိုက္ခ်တာ... ။ ၿပီးေတာ့ ၾကမ္းျပင္ေပၚမွာ ေလ်ွာက္သြားေနေတာ့ ကိုယ္က ေအာ္ျပီး အိမ္ေ႐ွ႕ကို ေျပးၿပီးသားပဲ... ။

"Yah!  အဆင္ေျပရဲ႕လား... ဘယ္နားထိခိုက္သြားေသးလဲ... "

"လူကအဆင္ေျပတယ္... မေျပတာက ဟိုမွာ.... "

ကိုယ္လက္ညႇိဳးထိုးျပတဲ့ ငါးေတြလည္းေတြ႔ေရာ ကိုကို႔ခမ်ာ တစ္ကိုယ္လံုးတုန္တက္သြား႐ွာတယ္ ။

"အိုးးး! Yah........ ဒါေတြ႐ွင္းလိုက္ေတာ့... ညစာအျပင္မွာပဲသြားစားမယ္ "

ကိုကိုကေနာ္... က်န္တာအားကိုးလို႔ရတယ္.. ငါးအ႐ွင္ေတာ့ မကိုင္ခိုင္းနဲ႔.. ရန္သူေတြျဖစ္သြားမယ္ဆိုတဲ့လူမ်ိဳး.. တခါမွေတာင္ ငါးအ႐ွင္မဝယ္လာဘူး... မ်က္ႏွာရမလား ခ်က္မိပါတယ္... ဆူပါခံလိုက္ရတယ္... ဟြန္႔ ။

×××××××××♥×××××××××
ခ်ိဳစရာေတြ ႐ွိေနေသးေတာ့ ခ်ိဳၿပီးအီလာရင္ေျပာေနာ္... င႐ုတ္သီးနည္းနည္းထည့္ေပးမယ္... 😝

#Unicode version #

"အခုဘယ်မှာလဲ "

ဖုန်းကိုင်လိုက်တာနဲ့ထွက်လာတဲ့အသံကြောင့် နားမှခွာကာ အိပ်ချင်မူးတူး မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ ဦးစိတ်တိုဖုန်း....

"အိမ်မှာပေါ့.... ပိတ်ရက်လေ "

"ဒါဆို အကူအညီတစ်ခုလောက်ပေး... ညနေကျရင် Luhan နဲ့ ဆေးရုံလိုက်သွားပေးပါ... ငါအရေးကြီးတဲ့ Meeting တစ်ခုရှိနေလို့ "

အကူအညီတောင်းတာတဲ့ မှတ်တောင်ထားရဦးမယ်.... ။ ဒါမယ့်လည်း သူ့ပိုက်ဆံတွေကို ထိုင်ဖြုန်းထားတဲ့ အငယ်လေး တစ်ယောက်အနေနဲ့ ပြန်ပြီး သိတတ်လိုက်ပါ့မယ်လေ ။

"အချိန်နဲ့နေရာ စာပို့လိုက်... "

"မနေ့ကလည်း နင်ဖုန်းမကိုင်ဘူးနော်... လုပ်ထား... အလှည့်ကျရင်တော့လား"

ပြောချင်ရာပြောပြီး ဖုန်းချသွားတယ်.. ဒါကြောင့်ပဲ လူပျိုကြီးဘဝရောက်နေတာ... ငှက်ပျောတုံးရှာထားပေးရမယ်.. အချိန်က စောနေသေးပေမယ့် မျက်စိကျယ်သွားပြီမို့ အိပ်ယာကထလိုက်ပြီး အပြင်ထွက်လာတော့ အတော်လေးကြာမှ ပြန်ရတဲ့ ကင်ချီဟင်းရည်အနံ့လေး...

"နိုးလာပြီလား.... ဒီမှာမနက်စာလာစား... "

"ကိုကိုက ဘယ်လဲ "

ဟင်းတွေအကုန်ပြင်ဆင်ပေးပြီး ထမင်းဝိုင်းကနေ ထွက်သွားတော့ လှမ်းဆွဲကာ မေးလိုက်တယ် ဆိုရင်ပဲ သူ့မေးစေ့ကို ပွတ်ပြကာ

"ဒါသွားလုပ်မလို့.... "

ကိုကို့မျက်နှာမှာ ဟိုးအရင်က မမြင်ဖူးတဲ့ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတွေ ခပ်ရေးရေး ပေါက်နေသည် ။ အဲ့လိုဆိုတော့ ယောက်ျားရင့်မာကြီးတစ်ယောက်ကို မြင်နေရသလိုပဲ... အဲ... အရင်ကလည်း ယောက်ျားပေးမယ့် ပိုပြီး ယောက်ျားဆန်နေတာမျိုးပေါ့ ။

"ခဏလေး... ကလေးလုပ်ပေးမယ်.. "

သူမလုပ်ပေးမယ်ပြောတော့ Chanyeol က မျက်လုံးပြူးကာ လုပ်တတ်ရဲ့လား သံသယဖြစ်နေတယ် ။

"လုပ်တတ်လို့လား... "

"လုပ်တော့မလုပ်တတ်ဘူးလေ... ဒါမယ့် မြင်ဖူးတယ်.. ဆိုတော့ကာ အဆင်ပြေမှာပါ.. ဘာလို့လဲ ဓားထိမှာစိုးလို့လား "

"ဓားထိတာများကြောက်စရာလား... လုပ်လေ... "

ကိုကိုက လက်ခံတယ်ဆိုတာနဲ့ ကိုကို့ကို ရေချိုးခန်းထဲ ဆွဲခေါ်ကာ ဘေစင်ပေါ်က စင်မှာ တင်ထားတဲ့ ပစ္စည်းတွေနဲ့ မိတ်ကပ်ပညာရှင်ကြီးလိုလို ဆံပင်ညှပ်ဆရာမလိုလို ပုံစံဖမ်းကာ မုတ်ဆိတ်ရိတ်တဲ့ ခရင်မ်ကို လက်ထဲထည့်ကာ လက်နှစ်ဖက်ကို အမြှုပ်ထွက်အောင် သေချာပွတ်ပြီး ကိုကို့မျက်နှာမှာ လိမ်းတော့ အရပ်ကမမှီတော့ ခြေဖျားထောက်ကာ ထောက်ကာနဲ့ပေါ့... ။

Chanyeol က သူ့ကလေးက သူ့ကို ဒီလိုလုပ်ပေးတာကို ကျေနပ်မိသလို မိန်းကလေးတစ်ယောက်က ပထမဆုံး မုတ်ဆိတ်ရိတ်ပေးတာမို့ ရင်လည်းခုန်နေမိတယ် ။ ခြေဖျားလေး ထောက်ထောက်ပြီး လုပ်နေတာမြင်တော့ သူ Bath tub ဘောင်မှာထိုင်လိုက်ပြီး Baekhee ကိုလည်း သူ့ပေါင်ပေါ် ထိုင်စေတယ် ။ သူ့လုပ်ရပ်ကြောင့်အစက သူမလည်းလန့်သွားတယ်ဆိုပေမယ့် ဟန်မပျက်ပဲ ဆက်လုပ်နေတယ် ။ အားလုံးလည်း ပြီးသွားရော... Baekhee က သူ့မျက်နှာအနှံ့ အာဘွားပေးသည် ။ (အာဘွားနော် ဘာမှနမ်းတာမဟုတ်ဘူး..  XD 😂)

"အခုမှ သန့်ပြန့်သွားတယ်... "

"ဘာလို့့Omma က လုပ်ပေးတယ်လို့ ခံစားရပါလိမ့်.. "

"Aigoo... ငါတို့သားလေး ချစ်ဖို့ကောင်းလိုက်တာ... မွ.. "

"Baekhee ah.. မျက်နှာပေါင်းတင်မလား.. ကိုယ်လုပ်ပေးမယ် "

ပုံမှန်ဆို ကိုကိုက သူ့ဘာသာနေတတ်တဲ့သူပါ... အခုမှ ဘာတွေစိတ်ကူးရနေလဲမသိ ။ ကိုကို့အိပ်ယာမှာပဲ ကိုကိုက ကျွန်မကို သူ့ပေါင်ပေါ်မှာ ခေါင်းအုံးစေပြီး ပေါင်းတင်ကပ်ခွာကပ်ပေးသည် ။

"နောက်ရော လုပ်ပေးဦးမှာလား "

"တစ်သက်လုံး လုပ်ပေးမယ် "

အစက သူပဲလန့်လို့ဆိုပြီး အသံပြဲကြီးနဲ့ အော်ခဲ့ပြီးတော့... အခုကျ တစ်သက်လုံးလုပ်ပေးမယ် ဆိုပဲ ။

"ဒါနဲ့မေးရပါဦးမယ်.. ဧည့်ခန်းမှာ ချိတ်ထားတဲ့ ပုံက ဘာလဲ.. "

လွန်ခဲ့တဲ့ ၂လလောက်က Taeyongie  တို့ Sehun Oppa ရဲ့ Company ကိုလာတော့ လူတစ်ယောက်ရဲ့ ခါးတစ်ပိုင်းလောက်ကြီးတဲ့ ပန်းချီကား မွေးနေ့လက်ဆောင် သွားပေးဖြစ်သည် ။ Taeyongie လာတယ်ဆိုတာကလည်း Sehun Oppa တို့ Company က Game အသစ်မိတ်ဆက်တာကို CF ရိုက်ဖို့နဲ့ Game Character အနေနဲ့ အဖွဲ့လိုက် ထည့်ပေးထားတာမို့ လာတာ... Sehun Oppa က ပြောထားလို့ လွယ်လွယ်ကူကူပဲ Company မှာ တွေ့ပြီး ပေးခွင့်ရခဲ့တာ ။ ကိုယ့်ကိုလည်း မှတ်မိတဲ့အပြင် Fan site Admin မှန်းလည်း သိတယ် ။ အဲ့ပုံကိုလည်း Ha Jun ရိုက်ပေးထားတာပါ ။ 

"အာ... အဲ့ဒါက Taeyongie ရဲ့ မွေးနေ့လက်ဆောင်သွားပေးတုန်းက ရိုက်လာတဲ့ဟာ.. ဘာလို့လဲ "

"ဧည့်ခန်းမှာက တကယ်ဆို မင်္ဂလာဆောင် ဓာတ်ပုံမျိုး ချိတ်သင့်တာလေ... အခုဟာက.. "

"အခန်းထဲရွှေ့လိုက်မယ်.. "

အခန်းထဲရွှေ့လိုက်မယ် ဆိုတာတောင် မျက်နှာအနေအထားက ပြောင်းမသွားပါ ။ စိတ်ကောက်နေတာပဲ....

"ဘယ်အချိန်ထိ အဲ့ဒေါ့ဂျီလုပ်နေမှာလဲ.. ကိုယ့်ကိုထားသွားပြီး သူနဲ့တွဲရင်လည်းတွဲပေါ့... မင်းပေးထားတဲ့ ပန်းချီကားတွေတောင် သူ့ IG မှာ တင်ထားသေးတာပဲ "

တကယ်တော့ ကိုကို့အဲ့လိုပုံစံက ပထမဆုံးပါ.. စိတ်တိုသလိုပြောတာလည်းမဟုတ်ဘူး.. အေးဆေးပြောနေပေမယ့် သဝန်တိုနေမှန်း အသိသာကြီး... နားရွက်တွေက နီရဲနေပြီး မျက်နှာက နဂိုထက် ၂ဆတည်နေသည် ။ ချစ်ဖို့ကောင်းလိုက်တာ ။

"မတွဲပါဘူး... Taeyongie က ကလေးထက်ပိုကောင်းတဲ့ ကောင်မလေးမျိုးနဲ့ တွေ့ရမှာပေါ့.. ပြီးတော့ ကိုကိုနဲ့လက်ထပ်ပြီးလို့ ကလေးမွေးတဲ့အခါကျရင် ယောက်ျားလေးဆိုတာနဲ့ Taeyongie တို့ SM TOWN မှာ Trainee အနေနဲ့ ငယ်ငယ်တည်းက ပို့လိုက်မှာ.. မိန်းကလေးဆိုရင်တော့ Taeyongie ရဲ့ Kids fan girl လုပ်ခိုင်းမယ်... Taeyongie က ကလေးချစ်တော့ တန်းသတိထားမိမှာပဲ "

"Yah! မင်းတစ်ယောက်တည်း ကြိုက်ရတာ မလုံလောက်လို့ ငါ့သားသမီးတွေပါ အဲ့ကောင်ကို ကြိုက်ရမှာလား.. "

"ကိုကိုလည်း Sandara Park ကြိုက်တာပဲ မဟုတ်လား "

"အဲ့ဒါက အရမ်းကြာနေပြီမို့ မှတ်တောင်မမှတ်မိတော့ဘူး.. ပြီးတော့ မင်းလိုမျိုး တကောက်ကောက်လိုက်ပြီး ဓာတ်ပုံလည်းမရိုက်ဘူး.. လက်ဆောင်လည်းမပေးဘူး... အပြင်မှာတောင် လူချင်းမတွေ့ဖူးဘူး... "

ကလေးဆန်တဲ့ ကိုကိုရဲ့ ပုံစံက ပေါ်လာတာမို့ မရယ်မိအောင် ထိန်းထားရသည် ။

"ကိုကိုလည်း Sandara Park ကို ဒေါ့ဂျီလုပ်လို့ရတာပဲ.. "

"မလုပ်ချင်ပါဘူး... ကိုယ့်မှာက မင်းပဲရှိတာ... မင်းကတော့ တစ်အိမ်လုံး သူ့ပုံတွေအပြည့်ထားထားတဲ့အပြင် Taeyongie Taeyongie နဲ့ ပါးစပ်ဖျားကမချဘူး .. "

ကိုကို့ပေါင်ပေါ်ခေါင်းအုံးထားရာကနေ ထကာ မျက်နှာချင်းဆိုင်ထိုင်ပြီး..

"Taeyongie ကို သဘောကျပေမယ့် ကိုကို့ကို ပိုပြီး ပိုပြီး သဘောကျတယ်.... ကိုကို့ကို သဘောအကျဆုံး "

ကိုကို့ပောင်ပော်တက်ထိုင်ကာ ဖက်တွယ်ရင်း ​ပြောလိုက်တော့ ပြုံးစိစိမျက်နှာပေးဖြင့်

"တကယ်နော်... "

ကြည့်ပါဦး... ကိုယ့်ထက် ၁၀နှစ်ကြီးတဲ့သူတဲ့... ကလေးဆန်လိုက်တာများ... ။
အိမ်မှာ ရိုပြီးတာနဲ့ ဦးစိတ်တိုရဲ့ ပွစိပွစိအပြောမခံရအောင် Luhan Unnie နဲ့ ဆေးရုံလိုက်သွားပေးရတော့တယ် ။ Luhan Unnie က ပြောရရင် Kyungsoo Unnie လို မိန်းကလေးဆန်ဆန် ဆွဲဆောင်မှုရှိရှိ လှတာလည်းမဟုတ်ဘူး ။ ကျွန်မလို ကလေးဆန်ဆန် ပုံစံလည်းမဟုတ်ပြန်ဘူး ။ လှပတဲ့မျက်နှာလေးနဲ့ ယောက်ျားဆန်ဆန် Girl Crush Type.. ။ အာ.... Sehun Oppa က Ideal type က Girl crush type လို့ ဒါကြောင့်ပြောတာကိုး ။ သူပဲ အစကတော့ တကောက်ကောက်ပြေးလိုက်ခဲ့လို့ မကြိုက်ဘူးဆိုပြီး အခုကျ တကောက်ကောက်လိုက်တာက သူဖြစ်နေတယ် ။ အခုလည်း သူပဲလွှတ်လိုက်တယ်နော်... လူနာကဖြင့် Gangstar လားထင်မှတ်ရတယ် ။ အနက်ရောင် Hoodie အနက်ရောင်ဂျင်းအပြဲနဲ့ Lollipop တောင် စားနေသေး ။ တကယ်ပဲ ဘာရောဂါမို့ ဆေးရုံသွားသလဲ မသိဘူး ။ ရောက်တော့လည်း ကြောင်တောင်သွားတယ်.. စိတ်ရောဂါအထူးကုနဲ့ပြတာ ။ ဆရာဝန်နဲ့တွေ့ပြီးမှ Unnie ရဲ့​ရောဂါဘာညာအားလုံး နားလည်သွားတော့တယ် ။

"Unnie ..... Unnie တကယ်ပဲ Sehun Oppa ကို မကြိုက်တော့ဘူးလား "

Luhan က Lollipop အသစ်တစ်ခုဖောက်ကာ ပါးစပ်ထဲထည့်ရင်း

"Baekee ah.. Baekee ကို ဖွင့်ပြောဖူးတဲ့ သူငယ်ချင်းရှိလား "

အထက်တန်းတုန်းက တစ်စုံတစ်ယောက်ကို မြင်ယောင်လာသည် ။

"ရှိဖူးတယ်.. "

"Baekee က ငြင်းလိုက်တော့ သူက ဆက်ကြိုက်ပြီး တွယ်ကပ်နေသေးလား "

ပေါ်ကိုမလာတော့တာ ။

သူမခေါင်းခါပြတော့....

"အဲ့လိုပဲပေါ့... Sehunnie.. Unnie ကို ငြင်းခဲ့တာ ကြာခဲ့ပြီ.. အခုထိ သူ့ကိုဆက်ကြိုက်နေသင့်လား "

အခုထိမဟုတ်ဘူး... အစကတည်းက မကြိုက်သင့်တာ... ဒီပွစိပွစိ ဦးလေးကြီးက ရုပ်လေးသာချောတာ ဇီဇာကြောင်တဲ့သူ... သူ့စိတ်ကြီးပဲ... အားတဲ့အချိန်တိုင်း Bar မှာ သောက်နေတဲ့ ခေတ်သစ် ဆွန်းအိုဂုံး... မိန်းကလေးတွေကိုလည်း ဘယ်လိုညှင်ညှင်သာသာ ဆက်ဆံပြောဆိုရကောင်းမှန်းမသိဘဲ စွတ်ဟောက်နေတဲ့လူကြီး... ကိုကိုက မျက်နှာသေနဲ့ အားလုံးကို ဆက်ဆံတယ်ဆိုရင်တောင် ဒီဦးလေးကြီးကတော့ ချေမိုးပြီး စကားလည်းအကောင်းမပြောတဲ့လူကြီး ။ Jongin Oppa လို ခြေတံရှည်ဦးလေးကြီး ပုံစံမျိုးနဲ့ လက်ထပ်သင့်တယ်လို့ကို ပြောပစ်ချင်ပေမယ့် ခေါင်းလေးသာ ခါပြလိုက်ပါသည် ။ Unnie ကသာ ဆက်မကြိုက်တော့ဘူးပြောနေတာ ဟိုဘက်ကဖြင့် ဖိတ်စာတစ်ခြမ်းရိုက်ပြီး ခင်ပွန်းလိုလို ဘာလိုလိုနဲ့ ။ Unnie ကလည်း လက်စားချေနေသလားမှတ်ရတယ် ။ ဒီလောက်အပေါက်ဆိုးတဲ့လူ တကောက်ကောက်လိုက်နေတာကို ဘာမှမပြောဘဲ လွှတ်ထားရတယ်လို့ ။

ဆေးရုံကပြန်လာတာနဲ့ ဆိုဖာပေါ်မှာ တန်းလှဲကာ အနားယူနေတော့ ကိုကိုက အိပ်ခန်းထဲကနေ ထွက်လာပြီး အနားရောက်လာသည် ။

"ပင်ပန်းနေပြီလား.... ဒါနဲ့ Luhan က ဘာလို့ ဆေးရုံသွားရတာလဲ "

အကြောင်းအရင်းစုံစုံလင်လင်ရှင်းပြတော့ ကိုကိုက ခေါင်းတညိတ်ညိတ်နဲ့သာ နားထောင်ပြီး ဘာမှထပ်မပြော.. ။

"ညနေစာဘာစားကြမလဲ... "

ကျွန်မဆံပင်တွေကို နားရွက်နောက်သို့ သိမ်းပေးရင်းမေးလာတော့...

"ကလေး ချက်ပေးမယ်... "

ကျွန်မစကားကြောင့် ကိုကို မယုံသလိုပြူးပြဲကြည့်ကာ

"ကလေးက... ?? "

"ကိုကိုက မယုံလို့လား... "

"ကောင်းပြီလေ... ယုံပေးလိုက်မယ် "

ချက်ချင်းထပြီး ခုနက ဆေးရုံကအပြန် ဈေးကနေ ဝယ်လာတဲ့ ငါးရှဉ့်အရှင်တွေကို ထုတ်လာခဲ့သည် ။ ယုံပေးမယ်ပြောပြီး ခပ်လှမ်းလှမ်းကနေ အကဲခတ်နေလေတော့ ဘယ်ကစလုပ်ရမှန်းကို မသိဘူး ။ တကယ်တော့ သိကိုမသိတာ ဟဲဟဲ... ။ ကိုကိုမရှိတုန်းကလည်း Kyungsoo Unnie ချက်တဲ့ဟင်းတွေစားလိုက်... Sehun Oppa က သူ့အတွက်ညစာဝယ်လာရင်း ဝယ်လာပေးတာတွေစားလိုက်... ဒါမှမဟုတ် Sehun Oppa နဲ့အတူ Kyungsoo Unnie အိမ်မှာစားလိုက်... ဘယ်သူမှမကျွေးရင် Ha Jun ကိုခေါ်ပြီး အပြင်ထွက်စားလိုက်... အပြင်မထွက်ဖြစ်တဲ့နေ့ဆို အိမ်ထဲကနေ ဖုန်းတစ်လုံးနဲ့ မှာစားလိုက်... ဟုတ်နေရောပဲ.. ။ အခုချက်တဲ့ဟာတောင် Unnie က Jongin Oppa ကို ခဏခဏ ချက်ကျွေးတဲ့ဟင်းမလို့ ဘေးကနေကူလုပ်ပေးရင်း သင်ထားတဲ့ တစ်မျိုးတည်းသောဟင်း.. ။ ကိုယ့်အခြေအနေနဲ့ဆို ကြက်ဥတောင်အနှစ်ထွက်အောင်ကြော်တာ ။ အပြစ်တော့လာမပြောနဲ့နော်... ဟိုးအရင်ကတည်းက ကိုကိုကပဲ ချက်ကျွေးလာတယ် ။ ကိုကိုမရှိတော့ တခြားသူတွေက ချက်ကျွေးတယ် ။ ဒါချက်ကျွေးတဲ့လူရဲ့အပြစ်ပဲ ။ ငါးအရှင်လည်းတွေရော ကိုကိုတခါတည်း အိပ်ခန်းထဲဝင်သွားတယ် ။

Kyungsoo Unnie လုပ်သလို မီးဖိုပေါ်တင်ထားတဲ့ အိုးအလွတ်ထဲကို ငါးတွေထည့်လိုက်တယ်ဆိုရင်ပဲ...

ဂွမ်...... ဂလွမ်....... !!!!!!!!!!!!!!!

မိုးကြိုးပစ်ချသလားမှတ်ရတယ်... ငါးတွေက အိုးထဲကနေ ခုန်ထွက်ပြီး ဘေးကအိုးခွက်တွေကိုပါ တိုက်ချတာ... ။ ပြီးတော့ ကြမ်းပြင်ပေါ်မှာ လျှောက်သွားနေတော့ ကိုယ်က အော်ပြီး အိမ်ရှေ့ကို ပြေးပြီးသားပဲ... ။

"Yah!  အဆင်ပြေရဲ့လား... ဘယ်နားထိခိုက်သွားသေးလဲ... "

"လူကအဆင်ပြေတယ်... မပြေတာက ဟိုမှာ.... "

ကိုယ်လက်ညှိုးထိုးပြတဲ့ ငါးတွေလည်းတွေ့ရော ကိုကို့ခမျာ တစ်ကိုယ်လုံးတုန်တက်သွားရှာတယ် ။

"အိုး! Yah........ ဒါတွေရှင်းလိုက်တော့... ညစာအပြင်မှာပဲသွားစားမယ် "

ကိုကိုကနော်... ကျန်တာအားကိုးလို့ရတယ်.. ငါးအရှင်တော့ မကိုင်ခိုင်းနဲ့.. ရန်သူတွေဖြစ်သွားမယ်ဆိုတဲ့လူမျိုး.. တခါမှတောင် ငါးအရှင်မဝယ်လာဘူး... မျက်နှာရမလား ချက်မိပါတယ်... ဆူပါခံလိုက်ရတယ်... ဟွန့် ။

×××××××××♥×××××××××
ချိုစရာတွေ ရှိနေသေးတော့ ချိုပြီးအီလာရင်ပြောနော်... ငရုတ်သီးနည်းနည်းထည့်ပေးမယ်... 😝

Continue Reading

You'll Also Like

95.9K 12.7K 46
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
19.4K 641 16
*Zawgyi* *က်​ေနာ္​သာအတၲမႀကီးခဲ့ရင္​* မိဘ​ေတြအဆင္​မ​ေျပမႈမိခင္​ရဲ႕စြန္​႔ပစ္​ခ်င္​းခံရတဲ့​ေကာင္​​ေလးအရာရာကိုတစ္​ကိုယ္​​ေကာင္​းဆန္​စြာျဖတ္​သန္​းရင္​တ​ေန...
17.9K 3.6K 53
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
234K 13.3K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ