String
Part 13
~~Ring ~~Ring~~
ညက တစ်ညလုံး ကောင်းကောင်း အိပ်မပျော်တာကြောင့် မနက်ပိုင်းလေး မှေးကနဲ အိပ်ပျော်သွားပြီးမှ ဖုန်းမြည်သံကြောင့် Soon Young အိပ်ရာမှ ထကာ ဖုန်းကိုင်လိုက်၏။
"Morning …… Soon Young ……"
တစ်ဖက်မှ အသံကြောင့် Soon Young ဖုန်းနံပါတ်ကို သေချာ ပြန်ကြည့်လိုက်တော့ Jin ……သူမ မနေ့က အကြောင်းပြန်တွေးမိသွားကာ သွားညီညီလေးတွေ ပေါ်သွားတဲ့ အထိပြုံးလိုက်မိသည်။ သူမ ဘက်မှ ဘာစကားမှ ပြန်မပြောတော့ Jin က
"Soon Young အိပ်နေတာကို အနှောင့်အယှက် ဖြစ်သွားတာလား …… တောင်းပန်ပါတယ်"
"မဟုတ် … မဟုတ်ပါဘူး ……"
"အဲ့ဒါဆို ဘာလို့ ဘာမှပြန်မပြောတာလဲ"
"ဟိုလေ …… အဲ့ဒါက …… ဘာမှမဟုတ်ပါဘူး …… အခု Jin ဖုန်းခေါ်မှ နိုးလို့ အိပ်ချင်မူးတူးဖြစ်နေလို့"
"ကိုယ်တော့ တရေးမှ အိပ်မပျော်ဘူး …… အိမ်မက်ဖြစ်သွားမှာ စိုးရိမ်လို့ …"
"Jin က ပိုပြီ …… "
"ပိုတာ မဟုတ်ဘူး …… မယုံရင် Soon Young ပြူတင်းပေါက် လိုက်ကာ ဖွင့်ကြည့်လိုက်"
Soon Young သူပြောတဲ့ အတိုင်းကုတင်ပေါ်မှ ဆင်းကာ လိုက်ကာဖွင့်ကြည့်လိုက်တော့ ကားကိုမှီကာ ရပ်နေတဲ့ သူ့ကို တွေ့လိုက်ရ၏။
"ဟင် …… Jin ဘယ်အချိန်က ရောက်နေတာလဲ"
"ညက အိပ်မပျော်တာနဲ့ ပြန်ထွက်လာခဲ့တာ …… Soon Young ပြင်ဆင်ပြီးရင် ဆင်းလာခဲ့လေ မနက်စာ တူတူစားမယ် ပြီးရင် Soon Young ကို အလုပ်ထဲ အထိလိုက်ပို့ပေးမယ် "
"nae … ခဏလေးစောင့်နော် Jin"
Soon Young ဖုန်းချပြီး အလျင်အမြန် ပြင်ဆင်လိုက်၏။ မဟုတ်ရင် သူ စောင့်နေတယ် ဆိုတဲ့ အသိက အားနာစရာကောင်းတယ်လေ။ Soon Young အိမ်အောက်ရောက်တာနဲ့ ရင်ဆိုင်လိုက်ရတဲ့ သူမကို မလိုတဲ့ မျက်လုံးတွေကို လျစ်လျူရှုကာ Jin ရှိရာ ဆီသို့ထွက်လာခဲ့သည်။ သူမ သူ့နားရောက်သွားတော့ သူက သူမလက်နှစ်ဖက်ကို သူ့လက်နှစ်ဖက်ဖြင့် အသာလေး ဆုပ်ကိုင်ကာ
"ဒါ အိမ်မက်တော့ မဟုတ်ပါဘူးနော် …… Soon Young …… "
"အိမ်မက်ဖြစ်စရာလား …… လူတစ်ယောက်လုံး ရှေ့ကို ရောက်နေတာကို …… ဒါနဲ့ Jin က ဘာလို့ မအိပ်ရတာလဲ …… မနေ့က လည်း တစ်နေကုန် လျှောက်သွားထားတာ ပင်ပန်းနေမှာပေါ့ …… "
"ကိုယ်က ရပါတယ် …… Soon Young မျက်နှာလေးကို မြင်ရရင် ပင်ပန်းတာတွေ အလိုလိုပျောက်သွားတာ"
"Aigooo …… ခုမှ အပိုစကားတွေ အရမ်းပြောတတ်နေပါလား … မလွယ်ဘူး"
မျက်နှာလေး ရှုံ့မဲ့ကာ ပြောနေတဲ့ Soon Young ကို Jin အသည်းယားလာတာကြောင့် သူမ နှာခေါင်းထိပ်ဖျားလေးကို ဖွဖွလေး ဆွဲလိုက်၏။ သူမ ကတော့ သူ့လက်ကို ဖယ်ချရင်း ရယ်နေလေသည်။ ချစ်ရသူနဲ့ အတူရှိရတဲ့ မနက်ခင်းက ခါတိုင်းထက် ပိုပြီး သာယာနေသလိုပင် ……
အပြုံးချင်း ဖလှယ်ကာ အတူထွက်သွားကြတဲ့ ချစ်သူနှစ်ယောက်ကို စောင့်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံကိုတော့ သူတို့ သတိမမူလိုက်မိပေ ………
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဌာနထဲကို ပြုံးရွှင်စွာ ဝင်လာတဲ့ Soon Young ကို လုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေရော သူနာပြုဆရာမလေး တွေကပါ တီးတိုးတီးတိုးနှင့် အထူးအဆန်းလိုလိုကြည့်နေကြလေသည်။
"Soon …… ခဏ … ခဏ"
Hae Yoon က သူမ လက်ကိုချိတ်၍ လူရှင်းတဲ့ နေရာသို့ ဆွဲခေါ်သွားတာ ခုံတန်းလေးမှာ ထိုင်ခိုင်းလိုက်၏။
"wae Hae Yoon yarr ??"
"နင် ငါ့ကို ဘာတွေလျှိုထားလဲ Soon"
"ဘာလဲ …… ဘာကိုလဲ"
" ဌာနထဲ ဝင်လာကတည်းက မျက်နှာကြီးက ပြုံးနေတာကို …… ကိစ္စတစ်ခုခု ကျိန်းသေ ရှိရမယ် ဟုတ်တယ် မဟုတ်လား"
Soon Young ပြုံးလိုက်ရင်း ……
"ဟုတ်တယ် …… ဟိုတခါ နင့်ကို ပြောတဲ့ တစ်ယောက်လေ ……"
"ဘာလဲ Jimin ရဲ့ hyung လား …… ချစ်သူ ဖြစ်သွားကြပြီလား"
"ဟင် …… နင်က ကြိုသိနေတာလား"
"သိတာပေါ့ …… နင် သူနဲ့ တွဲသွား တွဲလာ လုပ်နေကတည်းက ငါရိပ်မိပါတယ်"
"နင် ဘယ်လို သဘောရလဲဟင် …… ငါ သူ့ကို လက်ခံလိုက်တာ မှန်ရဲ့လား"
Soon Young စကားသံနှင့် မျက်ဝန်းတွေထဲက စိုးရိမ်မှုတွေကို Hae Yoon မြင်လိုက်ရ၏။ Hae Yoon သက်ပြင်းချကာ ……
"နင် သူ့ကိုချစ်လို့ လက်ခံခဲ့တာ မဟုတ်လား …… ပြီးတော့ နင်နဲ့ တွဲနေတော … သူ့အကြောင်းကို …… နင်ပဲ အသိဆုံးဖြစ်မှာပေါ့ ……"
"သူက သဘောကောင်းတယ် … ငါ့ကိုလည်း အစစ အရာရာ ကူညီပေးတယ် … သူနဲ့ရှိရင် ငါပျော်တယ် … လုံခြုံတယ်လို့လည်း ခံစားရတယ် …… သူက ငါ့အတွက် အစ်ကို တစ်ယောက်လိုဖြစ်နေတာ ……သူ ဖွင့်ပြောလာတော့ ငါ မငြင်းရက်ဘူး ……"
"ဒါဆို နင်က သူ့ကို ချစ်လို့ လက်ခံခဲ့တာ မဟုတ်ဘူးပေါ့"
"အဲ့လိုလည်း မဟုတ်ဘူးလေ …"
Hae Yoon …… Soon Young ရဲဲ့ ပုခုံးလေးနှစ်ဖက်ကို ကိုင်လိုက်ရင်း
"နင်လည်း သူ့ကို ချစ်တယ် …… သူလည်း နင့်ကိုချစ်တယ် ဆိုတော့ ပြီးပြီပေါ့ …… ဘာလိုဦးမှာလဲ …… ပျော်ပျော်နေပါ …… ဘာမှစိုးရိမ်မနေနဲ့ …… နင်တို့ကြားထဲကို ဘယ်လိုအနှောင့်အယှက်မျိုးကမှ ဝင်လို့ရမှာ မဟုတ်ဘူး"
"နင်ပြောတာ ဟုတ်ပါတယ် …… ဒါပေမယ့် ငါချစ်ရတဲ့သူတွေကို ဆုံးရှုံးရမှာ ငါ ကြောက်မိတယ် …… နင်လည်း သိတဲ့ အတိုင်းပဲ အမေ မရှိတော့ကတည်းက ငါ့ ဘဝမှာ အဆင်ပြေပြေ ပျော်ပျော်ရွှင်ရွှင် နေရတဲ့ အခိုက်အတန့်ဆိုတာ ဘယ်မှာရှိခဲ့လို့လဲ …… ဒီ တစ်ခါလည်း အခု ငါ့ရဲ့ပျော်ရွှင်နေမိတဲ့ အခိုက်အတန့်လေး ပျောက်သွားမှာကို စိုးရိမ်မိနေတယ်"
"ဘာမှမဖြစ်ပါဘူး …… Soon ရယ် … နင် စိုးရိမ်လွန်နေတာပါ …… အခု နင်ပျော်နေတယ် မဟုတ်လား …… နောက်လည်း ဒီလိုပဲ ပျော်ရမှာပါ"
"အင်း …… နင်ပြောသလိုပဲ အစိုးရိမ်လွန်နေတာပါ …… သွားကြရအောင် Duty ဝင်တာ နောက်ကျနေလိမ့်မယ်"
သူမတို့နှစ်ယောက် စကားပြောပြီး ထလာတော့ အနောက်ကနေ သူမတို့နှစ်ယောက် ပုခုံးကို Jimin က ဖက်လာပြီး
"Lady နှစ်ယောက် ဘာတွေ ကြိတ်ပြီးတိုင်ပင်နေကြလဲ"
Soon Young က Jimin လက်ကို ဖယ်ချကာ
"ဘာမှ မဟုတ်ပါဘူး …… နင်က ဘာလို့ အခုမှရောက်တာလဲ"
"ငါ့ကို လိုက်ပို့ပေးမယ် သူက သူ့ရဲ့ တစ်ယောက်သောသူကို အကြိုအပို့ လုပ်နေရလို့လေ"
Jimin က Soon Young ကို မျက်စပစ်ကာ ပြောလိုက်တော့ Soon Young ဘာမှမပြောတော့ဘဲ Jimin ကို မျက်စောင်းထိုးလျက် ထွက်သွားလေသည်။
"Yah !!! Jimin ဘာလို့ သွားစရတာလဲ …… စိတ်ဆိုးဦးမယ်"
"နင်ကလည်း နင့်သူငယ်ချင်းက ရှက်သွားတာပါ …… အင်းး …… သူ hyung နဲ့ အဆင်ပြေသွားတာ မကောင်းဘူး"
Jimin မျက်နှာကို ရှုံ့ကာပြောလိုက်တော့ Hae Yoon မျက်ခုံးလေးပင့်ကာ သူ့ကိုကြည့်လိုက်မိ၏။
"ဘာလို့လဲ"
"hyung က ငါ့ကိုတောင် သိပ်ဂရုမစိုက်တော့ဘူးလေ …… ဒီလိုမှန်း သိရင် အစကတည်းက ဘေးကနေထိုင်ကြည့်နေပါတယ်"
"Aigoo … လူကြည့်တော့ ရည်းစား တစ်ယောက်ပြီး တစ်ယောက်ထားပြီးတော့ ကလေးလုပ်ချင်နေသေးတယ်"
"ဘာပြောတယ် Nam Hae Yoon …… ကလေး ဟုတ်လား … "
Jimin ပြောရင်း တဖြည်းဖြည်း မျက်နှာကို အရှေ့တိုးလာတော့ Hae Yoon အနောက်ကို ဆုတ်လိုက်၏။ ဒါပေမယ့် Jimin က မရပ် သူမမျက်နှာနားကို တိုးသထက် တိုးလာကာ မျက်နှာ နှစ်ခုကြား လက်နှစ်လုံးလောက်သာ ကွာတော့တဲ့ အခြေအနေကျမှ ရပ်လိုက်လေသည်။ Jimin အသက်ရှုလိုက်တိုင်း သူ့ရဲ့ ဝင်သက်ထွက်သက် နွေးနွေးက သူမ မျက်နှာကို ရိုက်ခတ်နေတော့သည်။
"Ji … Jimin ဘယ်လိုဖြစ်နေတာလဲ ……"
Jimin က ရှေ့ဆက်တိုးတော့မယ့်ပုံ လုပ်ပြီးမှ နောက်ပြန်ဆုတ်လိုက်ကာ တစ်ချက်ပြုံးလိုက်ပြီး ……
"ဘယ်လိုလဲ …… ရင်ခုန်သွားတယ် မဟုတ်လား"
"ဘာလို့ ရင်ခုန်ရမှာလဲ … အရူး"
Hae Yoon …… Jimin ကို ခပ်ကြမ်းကြမ်း တွန်းထုတ်လိုက်ပြီး သူ့ရှေ့ကနေ ခပ်မြန်မြန် ထွက်လာခဲ့လိုက်၏။ အနောက်မှာ ကျန်ခဲ့တဲ့ Jimin ကတော့ သူမကို ကြည့်ပြီး သဘောကျစွာ ပြုံးနေလေရဲ့ ……
xxxxxxxxxxxxxxxxxxxxxxxxxxx
"သူဌေး …… သူဌေး စုံစမ်းခိုင်းထားတဲ့ Choi Juho နေတဲ့ နေရာကို သိရပါပြီ"
Company ရောက်ရောက်ချင်း အတွင်းရေးမှူး ဆီက ကြားလိုက်ရတဲ့ စကားကြောင့် Mr.Shin စိတ်လှုပ်ရှား သွားမိသည်။
"သူ့ ဘက်က ဘာလှုပ်ရှားမှုတွေ ရှိနေလဲ ဆိုတာရော သိခဲ့လား"
"ကြည့်ရတာတော့ ပုံမှန်ပါပဲ သူဌေး …… ဘာမှ ထူးထူးခြားခြား မရှိပါဘူး …… သူ့ စိုက်ခင်းတွေကိုပဲ ဂရုစိုက်နေတာ …… အပြင်နဲ့လည်း အဆက်အသွယ် မလုပ်ဘူး"
"ဒါဆိုရင် …… Company ရဲ့ မဟုတ်မမှန် သတင်းတွေကို ဖြန့်ပြီး ရှယ်ယာ တွေလိုက်ဝယ်နေတဲ့ ကိစ္စရဲ့ တရားခံက ဘယ်သူလဲ"
"ကျွန်တော် စုံစမ်းရသလောက်ကတော့ Japan က လုပ်ငန်းရှင် တစ်ယောက်နဲ့ ဆက်စပ်နေမယ် ထင်တယ် သူဌေး …… ကျွန်တော် ထပ်ပြီးစုံစမ်းထားပေးပါ့မယ်"
" ကောင်းပြီလေ …… ထပ်ပြီး အသေးစိတ်သိရအောင် သေချာ စုံစမ်းခဲ့"
"ဒါနဲ့ မနေ့က ကျွန်တော် Choi ဆီရောက် သွားတော့ ဟို ……"
"ဘာ လဲ"
"ဟို …… ဟို ……"
အတွင်းရေးမှူးက သူ့မျက်နှာကို ကြည့်ကာ ပြောသင့်မပြောသင့် စဉ်းစားနေတဲ့ ဟန်ပေါက်နေတာကြောင့် Mr.Shin စိတ်မရှည်စွာဖြင့်
"ဘာဖြစ်တာလဲ ပြောစရာရှိတာ မြန်မြန်ပြော"
"Soon Young မမလေးကို မနေ့က အဲ့ဒီ့မှာ တွေ့ခဲ့တယ်"
Mr.Shin ခေါင်းနပန်းကြီးသွားရသည်။ Soon Young နှင့် Choi Juho လုံးဝ တွေ့လို့မဖြစ် …… Soon Young သာ အဖြစ်မှန်တွေကို သိသွားခဲ့ရင် ……
"ငါတို့တောင် Choi ကိုတွေ့ဖို့ နှစ်ပေါင်းများစွာ ရှာခဲ့ရတာကို Soon Young က ဘယ်လိုဖြစ်ပြီး အဲ့ဒီ့ကို ရောက်သွားရတာလဲ …… ဘာကိစ္စ အတွက်လဲ"
"အဲ့ဒါတော့ ကျွန်တော်လည်း မသိဘူး သူဌေး …… သူနဲ့ အတူ ကောင်လေး တစ်ယောက်လည်း ပါတယ်"
"ကောင်လေး တစ်ယောက် ???? မင်း Choi ကို စောင့်ကြည့်ထားပါ နောက်တစ်ခါ ဘာအတွက်ကြောင့်ပဲ ဖြစ်ဖြစ် Soon Young ကို အဲ့ဒီ့မှာ တွေ့တာနဲ့ ငါ့ကို အကြောင်းကြား"
"ဟုတ်ကဲ့ပါ သူဌေး"
အတွင်းရေးမှူးက သူ့ကို နှုတ်ဆက်ကာ ပြန်ထွက်သွားခါနီးတွင်
"ခဏလေး …… အဲ့ဒီ့ကို Soon Young နဲ့ အတူသွားတဲ့ ကောင်လေး အကြောင်းကိုပါ စုံစမ်းပေးခဲ့"
"ဟုတ်ကဲ့ပါ သူဌေး"
အတွင်းရေးမှူး ပြန်ထွက်သွားတော့ Mr.Shin မျက်မှောင်ကျုံ့ကာ "တောက်" ခေါက်ရင်း ခံပြင်းစွာဖြင့် စားပွဲကို လက်သီးဖြင့် ထိုးချလိုက်၏။
"ငါ ဒီလောက် ပြည့်စုံအောင် ထားပေးတာကို နင်က ကျေးဇူးကန်းချင်နေတယ်ပေါ့ … Shin Soon Young …… ငါ ထင်တဲ့အတိုင်း မှန်နေလို့ကတော့ ငါ နင့်ကို အရှင်မထားဘူး"
Mr.Shin ဒေါသတကြီးဖြင့် အံ့ကြိတ်ကာ ရေရွတ်လိုက်လေသည်။
xxxxxxxxxxxxxxxxxxxxxx
ညနေဖက် ဆေးရုံက ပြန်လာတာ နောက်ကျနေတာကြောင့် Jimin … Chal Lin အိမ်ကိုသာ လိုက်လာခဲ့၏။ သူမ အခန်းရှေ့ရောက်တော့ အခန်းတံခါး သော့ခတ်ထားလေသည်။
"Chal Lin အပြင်သွားတယ် ထင်တယ်"
Jimin တစ်ယောက်တည်းပြောရင်း ဟိုလျှှောက်ကြည့် ဒီလျှောက်ကြည့်လုပ်နေမိသည်။ တကယ် ဒီအိမ်လေးကို သဘောကျလှသည်။ ခေါင်မိုးထပ် အခန်းသေးသေးလေး ဖြစ်ပေမယ့် တမြို့လုံးရဲ့ အလှအပကို မြင်နိုင်လေသည်။ ငယ်ငယ်ကတည်းကလည််း ဒီလိုနေရာမျိုးလေးမှာ အိမ်ဆောက်ကာ တစ်ယောက်တည်း နေဖို့ စိတ်ကူးဖြစ်ခဲ့ဖူးသည်။ Jimin သူမ အိမ်ရှေ့မှာ အသင့်ရှိနေတဲ့ ခုံတန်းလျားလေးပေါ် ကျောဆန့်ကာလှဲချလိုက်တော့ ကြယ်တွေဖွေးဖွေးနှင့် ကောင်းကင်ကြီးက ဆီးကြိုနေလေသည်။
"Han Chal Lin မင်းက တကယ့်ကောင်းတဲ့ နေရာကို ရထားတာပဲ …… နေ့တိုင်း ဒီနေရာလေးကို လာရရင် သိပ်ကောင်းမှာပဲ
သူ တစ်ယောက်တည်း ရေရွတ်လျက် ပြုံးလိုက်မိသည်။ ခဏကြာတော့ လှေခါးတက်လာသံတွေကြောင့် အသံလာရာ ဆီသို့ သူခေါင်းငဲ့ကြည့်လိုက်တော့ Chal Lin နှင့်အတူ ဟိုနေ့က ပန်းခြံထဲမှာ တွေ့ခဲ့ရတဲ့ ကောင်လေးကိုလည်း တွေ့လိုက်ရ၏။ ထိုကောင်လေး ရော Chal Lin ရောက သူ့ကို အံ့သြစွာကြည့်နေလေသည်။ Jimin လှဲနေရာမှ ထရပ်လိုက်၏။
"ရှင် … ရှင် ဘာလာလုပ်တာလဲ"
Chal Lin အမေးကို Jimin မဖြေမီ Taehyung က
"သူက ဘယ်သူလဲ Chal Lin"
"ဟိုလေ …… "
"Park Jimin ပါ …… ဒါနဲ့ မင်းက"
"Kim Taehyung"
Jimin လက်ကမ်းပေးလိုက်ပေမယ့် Taehyung က မသိကျိုးကျွံပြုကာ
"Chal Lin …… ငါ ဝယ်စရာကျန်သေးလို့ အပြင်ပြန်သွားလိုက်ဦးမယ်" လို့ ပြောပြီး ပြန်ဆင်းသွားလေသည်။ သူမ တို့နှစ်ယောက်တည်း ကျန်တော့မှ Jimin က
"သူနဲ့ မင်းက ဘာတွေလဲ …… တူတူ နေနေ ကြတာလား"
"အဲ့ဒါ ဘာဖြစ်လို့လဲ …… ကိုယ့် သူငယ်ချင်းနဲ့ တစ်အိမ်ထဲနေတာလေ"
"သူက ယောက်ျားလေး မင်းက မိန်းကလေး …… ဘယ်လိုလုပ် သင့်တော်မှာလဲ"
"Taehyung နဲ့ ကျွန်မနဲ့ ကြားမှာ သင့်တော်တယ် မသင့်တော်ဘူးဆိုတာ မရှိဘူး …… နယ်မှာ ကတည်းကလည်း မောင်နှမတွေလိုပဲနေလာခဲ့တာ …… ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စကို ရှင် ဘာမှ စွက်ဖက်စရာ မလိုဘူးနဲ့တူတယ် …… ကျွန်မတို့ တစ်အိမ်တည်းနေတာကို မသင့်တော်ဘူး ထင်ရင် …… ရှင် ကျွန်မကို လက်လျော့လိုက်ပါ …… ကျွန်မလည်း ရှင့်ကို ဘယ်တော့မှ ပြန်ချစ်နိုင်မှာ မဟုတ်ဘူး"
"ဘာလို့ ကိုယ့်ကို ခါးခါးသီးသီး ငြင်းနေရတာလဲ"
"ရှင်ကရော ဘာလို့ မရနိုင်တဲ့ ကျွန်မဆီက အချစ်ကိုမှ လိုချင်နေရတာလဲ … ရှင့်လိုလူ အတွက် မိန်းကလေးမရှားပါဘူး"
"မိန်းကလေး မရှားဘူးဆိုတာ မှန်ပါတယ် … ဒါပေမယ့် ကိုယ်တကယ် ချစ်မြတ်နိုးရတဲ့သူ ကတော့ ရှားတယ်"
Chal Lin ဘာမှဆက် မပြောမိ …… အခြေအတင် ပြောနေရတာကို စိတ်ပျက်မိတာလည်း ပါသည်။
"ကိုယ့်ကို မချစ်နိုင်တဲ့ အကြောင်းအရင်းကို ပြောပြ …… ကိုယ်နောက်ဆုတ်သင့်တဲ့ အကြောင်းအရင်းဆိုရင် နောက်ဆုတ်ပေးမယ်"
"အဲ့ဒါဆို ကျွန်မပြောမယ် … ရှင် ကျွန်မအကြောင်း ဘယ်လောက်သိလဲ … "
"………"
"ရှင် မပြောနိုင်ဘူး မဟုတ်လား …… ကျွန်မ ပြောပြမယ် … ကျွန်မတို့ မိသားစုက ဆင်းရဲတယ် …… ကျွန်မဘဝက မိသားစု စားဝတ်နေရေး အတွက် ရုန်းကန်ရင်း ကိုယ့်ဘဝ တိုးတက်ရာတိုးတက်ကြောင်း ကိုလည်း ဖန်တီးနေရတာ …… ဘဝကို အဲ့လိုဖြတ်သန်းနေရတဲ့ ကျွန်မ အတွက် ချစ်သူဆိုတာ အနှောင့်အယှက် အတားအဆီး တစ်ခုလို့ပဲ မြင်မိတယ် …… အကယ်၍ ချစ်သူထားခဲ့ရင်တောင် သူ့ အတွက် ပေးစရာ အချိန်မရှိဘူးလေ …… အဲ့ဒါကြောင့် ချစ်သူ မထားခဲ့သလို ထားဖြစ်ခဲ့ရင်လည်း ကိုယ့် ဘဝ အခြေအနေကို နားလည်ပေးနိုင်ပြီး ကိုယ့်ကို သက်ဆုံးအထိ လက်တွဲနိုင်တဲ့ သူကိုပဲ စဉ်းစားချင်တယ် …… ဟိုယောက်ျားလေးနဲ့ တွဲလိုက် အဆင်မပြေတော့ နောက်တစ်ယောက်နဲ့ ပြောင်းတွဲလိုက် အဲ့လို အလုပ်မျိုးတွေ ကျွန်မ မကြိုက်ဘူး …… အချစ်ဆိုတာက ကစားစရာ တစ်ခုလို လိုချင်တုန်းကတော့ အသည်းအသန်လိုချင်ပြီး ကစားလို့ ဝသွားပြီဆိုမှ စွန့်ပစ်လိုက်တာမျိုး လုပ်လို့မှ မရတာ …… အဲ့လိုလုပ်ရင် အဲ့ဒါကို အချစ်လို့ ဘယ်လိုလုပ်ခေါ်လို့ရမှာလဲ"
Jimin ဘာမှ မပြောနိုင်လောက်အောင် ငိုင်သွားမိသည်။ သူမရဲ့ ဘဝပေး အခြေအနေနဲ့ သူ့ရဲ့ ဘဝပေး အခြေအနေက ကွာခြားလှ သလို ခံယူချက်ခြင်းလည်း ကွားခြားလွန်းနေသည်။ သူမ စကားတွေကြောင့် ရွယ်တူခြင်း ဖြစ်ပေမယ့် ဘဝကို ပေါ့ပေါ့လေးတွေးကာ ဖြတ်သန်းနေတဲ့ သူ့ကိုယ်သူတောင် ရှက်စိတ်ဝင်မိသည်။ သူမက အဝေးကို ငေးကာ သက်ပြင်းချလိုက်ရင်း
"အခု ကျွန်မပြောတာတွေ အားလုံးက ရှင့်ကို လက်မခံနိုင်တဲ့ အဓိက အကြောင်းပြချက်တွေပဲ ……အမှန်အတိုင်းပြောရရင်တော့ ကျွန်မ ရှင့်ကို စဉ်းစားခဲ့ဖူးတယ် ဒါပေမယ့် ဘယ်လိုတွေးတွေး ရှင်နဲ့ ကျွန်မ ချစ်သူဖြစ်ရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလို့ပဲ ထင်တယ် …… ရှင့်ကိုလည်း ကျွန်မ အတွက်နဲ့ အဓိပ္ပါယ်မဲ့ အချိန်မကုန်စေချင်ဘူး"
သူမ စကားဆုံးသွားပေမယ့် Jimin ဆီက ဘာစကားသံမှ ထွက်မလာခဲ့ပေ။ နှစ်ယောက်သား ထိုင်ရင်း စကားတစ်ခွန်းမှထပ်မပြောမိဘဲ အတွေးကိုယ်စီဖြင့် အဝေးကို ငေးကြည့်လို့သာ နေမိသည်။
"အချစ်ဆိုတာ နှလုံးသားနဲ့ ဆုံးဖြတ်ရတဲ့ အရာ ဆိုပေမယ့် ဦးနှောက်ရဲ့ အကူအညီမပါရင် မချစ်သင့်တဲ့သူကို ချစ်မိတတ်တယ် …… ကျွန်မ ကတော့ အရာရာကို ဦးနှောက်ရဲ့ အလိုအတိုင်းပဲ ဆုံးဖြတ်ချင်တယ်"
"Chal Lin ပြောတာတွေ ကိုယ်လက်ခံပါတယ် …… ဒါပေမယ့် ကိုယ့်ဘက်က လက်မလျော့ဘူး ဆိုရင်ရော …… Chal Lin ကို နားလည်ပေးနိုင်ပြီး တစ်ဘဝလုံး လက်တွဲနိုင်တဲ့သူ ဖြစ်အောင် ကြိုးစားမယ် ဆိုရင်ရော"
"ကျွန်မကို လက်လျော့လိုက်တာထက် ကောင်းတဲ့အဖြေမရှိဘူး"
ပြတ်သားလွန်းတဲ့ သူမကိုကြည့်ရင်း Jimin သက်ပြင်း တစ်ချက်ချကာ
"ကောင်းပြီလေ …… Chal Lin ဘက်က ဒီလောက်အထိငြင်းနေမှတော့ ကိုယ်ထပ်ပြီး မတောင်းဆိုတော့ပါဘူး…… Chal Lin ကိုယ့်ကြောင့် ထပ်ပြီး စိတ်အနှောင့် အယှက်မဖြစ်စေရဘူးလို့ ကတိပေးပါတယ် …… ဒါပေမယ့် တစ်ခုတော့ သိထားပေးပါ …… အခုလို ပြောတာ ကိုယ် Chal Lin ကို မချစ်နိုင်တော့လို့ မဟုတ်ဘူး …… အရင်ထက်ပိုပြီးချစ်လာမိသလို … လေးလည်း လေးစားမိလို့ …… ကိုယ် သွားတော့မယ် …… ကောင်းသောညလေး ဖြစ်ပါစေ …… Chal Lin"
Jimin က ပြောပြီး သူမကို နှုတ်ဆက်ကာ ဆင်းသွားလေသည်။ Chal Lin သူ့နောက်ကျောကို ကြည့်ကာ သင်ပြင်းချလိုက်မိ၏။ သူ့ကို ချစ်နိုင်တဲ့သူနဲ့ အမြန်ဆုံးတွေ့ပါစေ ဟုလည်း စိတ်ထဲမှ ဆုတောင်း ပေးလိုက်မိသည်။ ခဏကြာတော့ Taehyung ပြန်ရောက်လာလေသည်။
"ဟူးး …… ဆိုင်ကလည်း ရှာလိုက်ရတာ တော်တော်ကြာသွားတယ်"
"Taehyung ……"
သူမ သိပါတယ် သူ တမင်ရှောင်ပေးလိုက်တယ် ဆိုတာ …… ဒါပေမယ့် Taehyung ကတော့ အဲ့ဒီ့ကိစ္စကို လုံးဝ စိတ်မဝင်စား သလိုပင် ……
"အထဲဝင်တော့လေ Chal Lin အပြင်မှာ အေးတယ်"
Taehyung …… သူ့ကို ကြောင်တောင်တောင် ရပ်ကြည့်နေတဲ့ Chal Lin ပုခုံးနှစ်ဖက်ကို အနောက်ကနေ တွန်းကာ အိမ်ထဲသို့ ခေါ်လာခဲ့၏။
"Taehyung … ငါတို့ ဘာတွေပြောခဲ့လဲ နင် မသိချင်ဘူးလား"
"ဘာမှလုပ်စရာ မရှိရင် အိပ်တော့လေ …… ငါလည်း အိပ်တော့မယ် …… မနက်ကျရင် ငါ အလုပ်ကို စောစောသွားရမှာ"
Taehyung က သူမနဲ့ Jimin တွေ့ခဲ့တဲ့ အကြောင်းတွေကို တစ်ခွန်းမှ အပြော မခံဘဲ အိပ်ယာခင်းကာ အိပ်ဖို့ပြင်နေတာကြောင့် သူမ လည်း ဘာမှဆက်မပြောတော့ဘဲ သူမ အခန်းထဲဝင်လာခဲ့၏။ အရင်ကဆို သူမ အကြောင်းကို အသေးအမွှားကအစ ဂရုစိုက်တဲ့သူက အခု သူမ ပြောတာကို ဂရုမစိုက်တော့ စိတ်ထဲမှာ မကျေနပ်သလို ခံစားလိုက်ရ၏။
"တွေ့မယ် …… Kim Taehyung ……" လို့ မကျေမနပ် ရေရွတ်ရင်း ဒေါသတွေကို ခေါင်းအုံးပေါ် ပုံချကာ အခန်းဝဆီသို့ ပစ်ထုတ်လိုက်ပြီး မျက်စိ အတင်းမှိတ်ကာ အိပ်ဖို့ ကြိုးစားလိုက်တော့သည်။
xxxxxxxxxxxxxxxx
to be continued