အခန္း ၄၈
ကြ်န္မတို႕စေတြ႕ခဲ့စဥ္က အေၾကာင္းျပန္ေတြးရင္း...
ေခ်ာင္ႏိုးလာေတာ့ ပတ္ဝန္းက်င္မွာ ေက်ာခ်မ္းဖြယ္ တိတ္ဆိတ္ေန၏ ။
သူမ မ်က္လံုးဖြင့္ခဲ့ၿပီးေနာက္...
ေအးစက္ေနေသာေနရာမွာ သူမ ေရာက္႐ွိေနေၾကာင္း သိခဲ့သည္။
မ်က္ေတာင္ကို ခဏအၾကာထိ ခတ္ၿပီးေနာက္တြင္ လုရဲ႕ ေရခ်ိဳးခန္းထဲမွာ ႐ွိခဲ့ေၾကာင္းကို သတိရသြား၏ ။
သူမ ထဖို႔ႀကိဳးစားသည္။
တစ္ကိုယ္လံုးလည္း နာက်င္ကိုက္ခဲခဲ့သည္။
သူမ ေရခ်ိဳးခန္းထဲကထြက္ျပီး တစ္လွမ္းခ်င္း ယိမ္းထိုးေလ်ွာက္သည္။
လု အခန္းထဲ မ႐ွိေတာ့သည္ကို ေတြ႕႐ွိသြား၏ ။
နံရံေပၚက နာရီကို ၾကည့္သည္။
မနက္ တစ္နာရီေတာင္ ႐ွိေနၿပီ။
လုကို ဇာတ္ၫႊန္းေပးဖို႔ လာတုန္း သူမရဲ႕ဖုန္းေမ့က်န္ခဲ့သည္။
ေခ်ာင္ ခ်က္ခ်င္းဆိုသလို ဟိုတယ္ခန္းက ဖုန္းကိုင္ကာ သူမတို႔ဟိုတယ္အခန္းဖုန္းကို ဆက္လိုက္ေတာ့သည္။
ေ႐ွာင္မန္း ခ်က္ခ်င္းဖုန္းကိုင္၏ ။
ေခ်ာင္ မွ " ေဟး "ဆိုၿပီးေျပာေသာ္...
တစ္ဘက္မွ ေ႐ွာင္မန္းခမ်ာ စိတ္ပူတႀကီး ေမး႐ွာသည္။
" ေခ်ာင္ ေခ်ာင္ ဘယ္ေတြေရာက္ေနတာလဲဟာ"
သူမရဲ႕ ေမးခြန္းကို ေခ်ာင္မေျဖ။
အားနည္းေနေသာအသံျဖင့္သာ...
"အခန္း ၁၀၀၁ကို လာၿပီး အဝတ္အစားေတြ သယ္လာေပးပါ"
ေ႐ွာင္မန္း ၾကာၾကာဖုန္းမကိုင္ေတာ့ဘဲ အဝတ္အစားမ်ားယူၿပီး ခ်က္ခ်င္းေျပးလာခဲ့သည္။
ဘာကိစၥေၾကာင့္ အခန္း ၁၀၀၁ ကိုေရာက္ေနတာလဲ ေခ်ာက့္ကို ေမးဖို႔ ေ႐ွာင္မန္းၾကံစည္ထားခဲ့ေပမယ့္ သူမသူငယ္ခ်င္းရဲ႕ ျဖဴဖတ္ေနတဲ့မ်က္ႏွာ... ခရမ္းေရာင္သန္းေနေသာ အညိဳအမည္းကြက္မ်ားကို ေတြ႕လိုက္ရတဲ့အခါမွာ ဆြံ႕အသြားေတာ့သည္။
ညႀကီးမိုးခ်ဳပ္ျဖစ္ေနၿပီ။
အားလံုးအိပ္စက္ေနၾကသည့္အခ်ိန္...
သူမတို႔ႏွစ္ေယာက္ကေတာ့ ခုထိအခန္းျပန္မပိပ္ႏိုင္ေသး။
ေ႐ွာင္မန္းေရာက္ေရာက္ခ်င္း "ေခ်ာင္ ေခ်ာင္ လုက်င္းညန္ ဘယ္မွာလဲ?"
ေခ်ာင္ သူမေအာက္ႏူတ္ခမ္းကို ကိုက္ၿပီး ေမးခြန္းကို မေျဖခဲ့။
" ငါေပ်ာက္သြားတာကို နင္ အဖြဲ႔ကို အေၾကာင္းမၾကားထားဘူးမလား?"
" မၾကားထားဘူး" ေ႐ွာင္မန္းျပန္ေျဖသည္။
ေ႐ွာင္မန္း ထပ္မေမးခင္ ေခ်ာင္ ဆက္ေျပာ၏ ။
"ငါေရခ်ိဳးခ်င္တယ္"
ေ႐ွာင္မန္းျပန္ေျဖတာမေစာင့္ေတာ့ဘဲ ေရခ်ိဳးခန္းထဲ ဝင္သြား၏ ။
ေရခ်ိဳးၿပီး ျပန္ထြက္လာေသာ္ ေ႐ွာင္မန္း မအိပ္ေပ်ာ္ေနခဲ့ပါ။
ေခ်ာင့္ကို နာက်င္ေသာမ်က္ႏွာထားျဖင့္ ၾကည့္ၿပီး " ေခ်ာင္ ေခ်ာင္ "
"ေ႐ွာင္မန္းရယ္ ငါအဆင္ေျပပါတယ္။ အိပ္ၾကမယ္ေနာ္။ "
ေ႐ွာင္မန္းစကားကို ေခ်ာင္ ထပ္ျဖတ္ခဲ့သည္။
ေ႐ွာင္မန္း သက္ျပင္းခ်ၿပီးသာ ပါးစပ္လူပ္ခဲ့သည္။
သူမ ဆက္မေျပာေတာ့ပဲ အိပ္ရာေပၚသာ တက္အိပ္ခဲ့၏ ။
ေခ်ာင္လည္း အိပ္ရာေပၚဝင္လိုက္ၿပီး မီးေတြပိတ္လိုက္သည္။
ေစာင္ေခါင္းၿမီွးျခံဳလိုက္ၿပီးေနာက္
မ်က္ရည္စက္မ်ားမွာ တိတ္တဆိတ္ စီးဆင္းလာေတာ့သည္။
ေနာက္တစ္ေန႔ မနက္..
ေခ်ာင္မ်က္လံုးပြင့္ေသာ္ သူမေခါင္းအံုကိုက္ခဲေနရံုမက သူမႏွာေခါင္းကလည္း မြန္းေလွာင္ေန၏ ။
အသက္႐ွဴရၾကပ္ေန၏ ။
မေန႔ညက ေရပန္းေအးေအးေၾကာင့္ ျဖစ္ေပသည္။
ၾကမ္းျပင္ေအးေအးမွာ ၾကာၾကာေနခဲ့သည့္အတြက္ သူမအေအးပက္ေနၿပီ။
ျဖဴဖတ္ ျဖဴေရာ္ျဖစ္ေနေသည ေခ်ာင့္ကိုၾကည့္ၿပီး ေခ်ာင္မန္းမေနႏိုင္ေတာ့။
စိတ္ပူၿပီးသာ...
"ဒါ႐ိုက္တာကို နင့္အခန္းေနာက္မွ႐ိုက္ဖို႔ ဖုန္းဆက္ေျပာၾကစို႔။ ဒီလိုပံုစံနဲ႔ဆိုရင္ ပိုဆိုးမယ္။ သူငယ္ခ်င္း ဒီေန႔ေတာ့ ႐ုပ္႐ုင္႐ိုက္ဖို႔ မျဖစ္ေတာ့ဘူး"
--------------------------
အခန်း ၄၈
ကျွန်မတို့စတွေ့ခဲ့စဉ်က အကြောင်းပြန်တွေးရင်း...
ချောင်နိုးလာတော့ ပတ်ဝန်းကျင်မှာ ကျောချမ်းဖွယ် တိတ်ဆိတ်နေ၏ ။
သူမ မျက်လုံးဖွင့်ခဲ့ပြီးနောက်...
အေးစက်နေသောနေရာမှာ သူမ ရောက်ရှိနေကြောင်း သိခဲ့သည်။
မျက်တောင်ကို ခဏအကြာထိ ခတ်ပြီးနောက်တွင် လုရဲ့ ရေချိုးခန်းထဲမှာ ရှိခဲ့ကြောင်းကို သတိရသွား၏ ။
သူမ ထဖို့ကြိုးစားသည်။
တစ်ကိုယ်လုံးလည်း နာကျင်ကိုက်ခဲခဲ့သည်။
သူမ ရေချိုးခန်းထဲကထွက်ပြီး တစ်လှမ်းချင်း ယိမ်းထိုးလျှောက်သည်။
လု အခန်းထဲ မရှိတော့သည်ကို တွေ့ရှိသွား၏ ။
နံရံပေါ်က နာရီကို ကြည့်သည်။
မနက် တစ်နာရီတောင် ရှိနေပြီ။
လုကို ဇာတ်ညွှန်းပေးဖို့ လာတုန်း သူမရဲ့ဖုန်းမေ့ကျန်ခဲ့သည်။
ချောင် ချက်ချင်းဆိုသလို ဟိုတယ်ခန်းက ဖုန်းကိုင်ကာ သူမတို့ဟိုတယ်အခန်းဖုန်းကို ဆက်လိုက်တော့သည်။
ရှောင်မန်း ချက်ချင်းဖုန်းကိုင်၏ ။
ချောင် မှ " ဟေး "ဆိုပြီးပြောသော်...
တစ်ဘက်မှ ရှောင်မန်းခမျာ စိတ်ပူတကြီး မေးရှာသည်။
" ချောင် ချောင် ဘယ်တွေရောက်နေတာလဲဟာ"
သူမရဲ့ မေးခွန်းကို ချောင်မဖြေ။
အားနည်းနေသောအသံဖြင့်သာ...
"အခန်း ၁၀၀၁ကို လာပြီး အဝတ်အစားတွေ သယ်လာပေးပါ"
ရှောင်မန်း ကြာကြာဖုန်းမကိုင်တော့ဘဲ အဝတ်အစားများယူပြီး ချက်ချင်းပြေးလာခဲ့သည်။
ဘာကိစ္စကြောင့် အခန်း ၁၀၀၁ ကိုရောက်နေတာလဲ ချောက့်ကို မေးဖို့ ရှောင်မန်းကြံစည်ထားခဲ့ပေမယ့် သူမသူငယ်ချင်းရဲ့ ဖြူဖတ်နေတဲ့မျက်နှာ... ခရမ်းရောင်သန်းနေသော အညိုအမည်းကွက်များကို တွေ့လိုက်ရတဲ့အခါမှာ ဆွံ့အသွားတော့သည်။
ညကြီးမိုးချုပ်ဖြစ်နေပြီ။
အားလုံးအိပ်စက်နေကြသည့်အချိန်...
သူမတို့နှစ်ယောက်ကတော့ ခုထိအခန်းပြန်မပိပ်နိုင်သေး။
ရှောင်မန်းရောက်ရောက်ချင်း "ချောင် ချောင် လုကျင်းညန် ဘယ်မှာလဲ?"
ချောင် သူမအောက်နူတ်ခမ်းကို ကိုက်ပြီး မေးခွန်းကို မဖြေခဲ့။
" ငါပျောက်သွားတာကို နင် အဖွဲ့ကို အကြောင်းမကြားထားဘူးမလား?"
" မကြားထားဘူး" ရှောင်မန်းပြန်ဖြေသည်။
ရှောင်မန်း ထပ်မမေးခင် ချောင် ဆက်ပြော၏ ။
"ငါရေချိုးချင်တယ်"
ရှောင်မန်းပြန်ဖြေတာမစောင့်တော့ဘဲ ရေချိုးခန်းထဲ ဝင်သွား၏ ။
ရေချိုးပြီး ပြန်ထွက်လာသော် ရှောင်မန်း မအိပ်ပျော်နေခဲ့ပါ။
ချောင့်ကို နာကျင်သောမျက်နှာထားဖြင့် ကြည့်ပြီး " ချောင် ချောင် "
"ရှောင်မန်းရယ် ငါအဆင်ပြေပါတယ်။ အိပ်ကြမယ်နော်။ "
ရှောင်မန်းစကားကို ချောင် ထပ်ဖြတ်ခဲ့သည်။
ရှောင်မန်း သက်ပြင်းချပြီးသာ ပါးစပ်လူပ်ခဲ့သည်။
သူမ ဆက်မပြောတော့ပဲ အိပ်ရာပေါ်သာ တက်အိပ်ခဲ့၏ ။
ချောင်လည်း အိပ်ရာပေါ်ဝင်လိုက်ပြီး မီးတွေပိတ်လိုက်သည်။
စောင်ခေါင်းမြှီးခြုံလိုက်ပြီးနောက်
မျက်ရည်စက်များမှာ တိတ်တဆိတ် စီးဆင်းလာတော့သည်။
နောက်တစ်နေ့ မနက်..
ချောင်မျက်လုံးပွင့်သော် သူမခေါင်းအုံကိုက်ခဲနေရုံမက သူမနှာခေါင်းကလည်း မွန်းလှောင်နေ၏ ။
အသက်ရှူရကြပ်နေ၏ ။
မနေ့ညက ရေပန်းအေးအေးကြောင့် ဖြစ်ပေသည်။
ကြမ်းပြင်အေးအေးမှာ ကြာကြာနေခဲ့သည့်အတွက် သူမအအေးပက်နေပြီ။
ဖြူဖတ် ဖြူရော်ဖြစ်နေသေည ချောင့်ကိုကြည့်ပြီး ချောင်မန်းမနေနိုင်တော့။
စိတ်ပူပြီးသာ...
"ဒါရိုက်တာကို နင့်အခန်းနောက်မှရိုက်ဖို့ ဖုန်းဆက်ပြောကြစို့။ ဒီလိုပုံစံနဲ့ဆိုရင် ပိုဆိုးမယ်။ သူငယ်ချင်း ဒီနေ့တော့ ရုပ်ရုင်ရိုက်ဖို့ မဖြစ်တော့ဘူး"