အခန်း (၁၂) : ဆေးလောကတွင် အုတ်အော်သောင်းနင်းဖြစ်စေခြင်း
လန်ယုသည် သူ့အား နားလည်ရခက်စွာ ကြည့်နေသည်ကို မြင်သည့်အခါ မိုဝူကျီသည် ရယ်မောရင်း ပြောလိုက်သည် "အစ်ကိုလန်....ဒီဆေးပင်ကို ကျွန်တော်တို့ ဆေးလုပ်ငန်းကို ရောင်းချမယ်ဆိုရင် ဈေးနှုန်းလည်း အနီးမှာဖြစ်နေတဲ့ စစ်ပွဲမှာထက် ပိုပေးပါ့မယ်... အဲကြောင့် ဘာကြောင့်များ အပိုမလုပ်ရမှာလဲ...."
ပင်နီဆလင်ပြုလုပ်ရန် အတွေးသည် မိုဝူကျီအား ခံစားချက်ကောင်းလာစေသည်။ မည်သည့်ဆေး အရည်အသွေးပင်ဖြစ်နေပါစေ.... ဘက်တီးရီးယားဝင်ခြင်း တားဆီးရန် ပင်နီဆလင်ထက် ကောင်းသောဆေးရှိရဲ့လား.... အရေးကြီးဆုံးက ပင်နီဆလင်သည် ဒန်းဟန်ဆေးလုပ်ငန်းအတွက် ထုတ်လုပ်ရန် အသုံးပြုမည့် ဆေးဝါးဖြစ်၏။
လန်ယုသည် မိုဝူကျီအား သံသယဖြစ်ဖွယ် ကြည့်လိုက်သည်။ အဓိကအချက်မှာ မိုဝူကျီသည် ဒန်းဟန်ဆေးလုပ်ငန်း၏ ဆေးဖော်စပ်သူဖြစ်ကြောင်း ပြောလိုက်သည့်အခါကတည်းမှ လန်ယုသည် သံသယရှိနေခြင်း ဖြစ်၏။
"ဆေးဖော်စပ်သူ မို.... လတ်တလော ဒန်းဟန်ဆေးလုပ်ငန်းမှာ အခြေအနေတွေက ခက်ခဲနေတယ်လို့ ကြားမိတယ်....." လန်ယု၏ လေသံသည် အနည်းငယ် ပါးနပ်ပေမဲ့ သူ့ရည်ရွယ်ချက်သည် သိသာလှသည်။ သူပြောချင်သည်က မိုဝူကျီသည် ဝယ်ဖို့ရန် မတတ်နိုင်ကြောင်း ဖြစ်၏။
ထိုအချိန်က သူသည် ပင်နီဆလင်အကြောင်း မစဉ်းစားမိသေးသည့်အချိန်ကဖြစ်ပြီး မိုဝူကျီသည် ကြွားလုံးမထုတ်ရဲချေ။ သို့သော်လည်း သူသည် တွေဝေခြင်းမရှိစွာ ပြောလိုက်သည် "အစ်ကိုလန်..... မကြာခင်မှာ ဒန်းဟန်ဆေးလုပ်ငန်းက ချင်ယွီပြည်နယ်မှာ အုတ်အော်သောင်းနင်းဖြစ်စေလိမ့်မယ်.....ဘာလို့ဆို အောင်မြင်နေတဲ့ စီးပွားရေးသမားတစ်ယောက်က ဒန်းဟန်မှာ ရွှေပြားတွေ မီလီယံနဲ့ချီပြီး ရင်းနှီးမြှပ်နှံ့သွားတယ်......."
လန်ယုသည် ထိုကိစ္စသည် အမှန်တကယ်ဟုတ်ခြင်း မဟုတ်ခြင်းကို သိပ်စိတ်မဝင်စားပေ။ အကယ်၍ ထိုအရာသည် အတုအယောင်ဖြစ်နေလျှင်တောင် သူသည် ဆေးများကို တခြားသူထံ ရောင်းရနိုင်၍ ဖြစ်သည် "ကောင်းပြီ.... အဲဆို သဘောတူလိုက်ပြီ..."
"ပုံမှန်ဆေးပင်တွေအပြင် သီးသန့်ဆေးပင်အချို့လည်း လိုအပ်သေးတယ်..... စာရွက်ပေါ်ချရေးပေးလိုက်မယ်.... ဒါတွေရှာဖို့ ခင်ဗျားပဲ အကူညီတောင်းရတော့မှာပဲ.... နှစ်လကြာရင် ခင်ဗျားမှာ ဆေးပင်ဘယ်လောက်ရှိရှိ ဒန်းဟန်ဆေးလုပ်ငန်းကိုသာ ယူခဲ့ဗျာ..... စစ်ပွဲဖြစ်နေတဲ့ မြို့တွေထက် ဈေးပိုပေးပါ့မယ်..... " မိုဝူကျီသည် စားပွဲပေါ်မှ စာရွက်ကို ယူရင်း ပြောလိုက်သည်။
ပင်နီဆလင်ထုတ်လုပ်ရန် ဆေးပင်အများကြီး မလိုအပ်ချေ။ ဆေးပင်များကို သူ့သုတေသနအတွက်ဖြစ်စေ သို့မဟုတ် ဒန်းဟန်ဆေးလုပ်ငန်း၏ အပိုထုတ်ကုန်အဖြစ် ဖြစ်စေ အသုံးပြုမှာဖြစ်ပြီး ပင်နီဆလင်ကိုသာ ရောင်းချနေ၍ မရချေ။ အမှန်သည် သူ့၏ အဓိက ရည်ရွယ်ချက်ဖြစ်သည့် ချီသွေးကြောများ ဖွင့်နိုင်သည့် ဖြေဆေး ဖော်စပ်ရန် ဖြစ်၏။
လန်ယုသည် မျက်မှောင်အသာအယာ ကျုံ့လိုက်ပြီး "ခဏ.... နှစ်လက အရမ်းကြာလွန်းတယ်.... အဲဒီလောက်အထိ မစောင့်နိုင်ဘူး..."
မိုဝူကျီသည် ရယ်မောရင်း ပြောလိုက်သည် "အစ်ကိုလု.... ပိုက်ဆံ အလောတကြီးများ လိုနေလို့လား.... မဟုတ်ရင် ဘာလို့ မစောင့်နိုင်ရမှာလဲ..... စစ်ပွဲကလည်း မကြာခင် အဆုံးသတ်သွားမှာမှ မဟုတ်သေးတာ......"
လန်ယုသည် အနည်းငယ်တွေးလိုက်ပြီး မိုဝူကျီပြောသည်က မှန်ကန်ကြောင်း သတိပြုမိလိုက်သည်။ သူသည် စစ်ပွဲဖြစ်နေသော မြို့များမှ အမြတ်များများ ရနိုင်သော်လည်း အမှန်တကယ် အန္တရာယ်ကြီးလှ၏။ ထို့အပြင် နှစ်လသာ စောင့်ဆိုင်းရန် လိုအပ်လေသည်။
"မင်းဖြစ်စေချင်သလို ငါတို့လုပ်မယ်.... မင်းလိုအပ်တဲ့ ဆေးပင်တွေကို ချရေးလိုက်...." လန်ယုသည် ရိုးရှင်းလှသည့် တည့်တိုးသမားဖြစ်၏။ သူသဘောတူညီပြီးသည့်အတွက် တွေဝေမနေပေ။ လန်ယုသည် မိုဝူကျီ၏ အလွန်အမင်း ယုံကြည်မှုသည် သူပြောသကဲ့သို့ ဖြစ်နေကြောင်း ခံစားမိ၏။
မိုဝူကျီသည် အစကတည်းမှ လန်ယုသည် သဘောတူညီလိမ့်မည်ဖြစ်ကြောင်း သိခဲ့၏။ သူ့မှာသာ ရွေးချယ်စရာရှိလျှင် မည်သူက စစ်ပွဲအတွင်း သွားရောက်ချင်မှာလဲ....လန်ယု သဘောတူပြီးသည်နှင့် မိုဝူကျီသည် လန်ယုအတွက် စာရွက်ပေါ်တွင် ဆေးပင် ဆယ်ပင်စာရင်းကို ရေးပေးလိုက်၏။
"လုံယန်မြက်၊ ပိုင်ဟွားအသီး၊ သစ်နံကိုင်း၊ သင်းဝင်ပင်၊ အဝါရင့်ရောင် ဂျင်ဆင်း၊ နှစ်တထောင် ထင်းရှုး၊ မီးအဆီအနှစ်ကျောက်....."
လန်ယုသည် မိုဝူကျီရေးထားသည့် စာရင်းကို မြင်သည်နှင့် မျက်မှောင်ကျုံ့လိုက်သည်။ အကြောင်းရင်းမှာ အများစုသည် သူ တစ်ခါမျှ မကြားဖူသည့် ဆေးပင်များဖြစ်နေ၏။
"ဆေးဖော်စပ်သူ မို..... ခင်ဗျားရေးတဲ့ဆေးပင်တွေက ထိပ်တန်းအဆင့်တွေမလို့ ကျွန်တော်ပဲ မမှတ်မိတာလား မသိဘူး အများစုက ပိုင်ဟွားအသီး... သစ်နံကိုင်း.... ညမွှေးပန်းတို့လိုမျိုးပဲ...." နှစ်ခေါက်ဖတ်ပြီးသည့်နောက်တွင် လန်ယုသည် စိတ်ရှုပ်ထွေးလာပြီး မိုဝူကျီထံ စာရွက်ကို ပြန်ပေးလိုက်သည်။
မိုဝူကျီသည် ချက်ချင်း ပြဿနာဇစ်မြစ်ကို နားလည်သဘောပေါက်သွားခဲ့သည်။ ဤဆေးပင်များ၏ နာမည်များသည် ကမ္ဘာမြေနှင့် ကွဲပြားနေသည်။
ထိုကိစ္စကို တွေးမိသွားပြီး မိုဝူကျီသည် နောက်ထပ်စာရွက် တစ်ရွက် ထပ်ယူကာ ဆေးပင်များ၏ ပင်ကိုလက္ခဏာနှင့် ပုံများကို ဆွဲ၍ ရှင်းပြလိုက်သည်။ ဥပမာအားဖြင့် မီးအဆီအနှစ်ကျောက်သည် ခြောက်သွေ့သော မီးတောင်အောက်တွင် တွေ့ရလေ့ရှိသည်။ ထို့အပြင် သစ်နံကိုင်းသည် စိုစွတ်သည့်ဒေသများတွင် ပေါက်လေ့ရှိပြီး ညမွှေးပန်းဖြစ်သည့် ခရမ်းရောင်ပန်းပွင့်များသည် ညနက်သန်းခေါင်ယံအချိန်တွင် ပွင့်လေ့ရှိသည်... အစရှိသဖြင့် ဖြစ်၏....။
"အဲဆို... ခင်ဗျားပြောတဲ့ ပိုင်ဟွားအသီးက ချိုင်အသီးပေါ့.... ညမွှေးပန်းအသီးက ညဉ့်နက်ခရမ်းပေါ့....အာ..... " လန်ယုသည် နောက်ဆုံးတွင် နားလည်သွားပေမဲ့လည်း မိုဝူကျီကို သံသယဝင်နေဆဲ ဖြစ်၏။
မိုဝူကျီသည် ဆေးဖော်စပ်သူဖြစ်ပြီး ဆေးပင်ကို အဘယ်ကြောင့် မမှတ်မိသနည်း..... သူအမှား လုပ်မိသည်များလား.... ထိုသို့လည်း မဖြစ်နိုင်ချေ။ ဒီနှစ်အတွင်း တစ်ယောက်ယောက်က ချိုင်အသီးကို ပိုင်ဟွားအသီးနှင့် လွဲမှားသည်ဟု မကြားဖူးချေ။
"အာ.... ကျွန်တော်မှားသွားတယ်..... ကျွန်တော်သင်ယူထားတာ ရှေးဟောင်းဆေးပညာဆိုတော့ နာမည်တွေ ပြောင်းသွားတာ မေ့သွားတာ..... အခုလက်ရှိ ဆေးနာမည်တွေနဲ့ သိပ်မရင်နှီးသေးဘူး..... ဆေးစာအုပ်ဝယ်ပြီး နာမည်တွေ ပြန်လေ့လာရဦးမယ်...." မိုဝူကျီသည် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
" အော်.. အဲလိုကိုး..." လန်ယုသည် မိုဝူကျီအား ထပ်၍ သံသယမဝင်တော့ပေ။ မိုဝူကျီသည် အပင်မျိုးစုံ၏ ပင်ကိုလက္ခဏာများကို ရှင်းပြသည့်အပြင် တချို့ပုံများ၏ ပုံများကိုပင် ဆွဲပြသေး၏။ ထို့ကြောင့် လိမ်ညာနေခြင်း မဖြစ်နိုင်ချေ။
"ကောင်းပြီ.... အခု ကျွန်တော်လည်း သွားလိုက်ဦးမယ်....နှစ်လကြာရင် ဒန်းဟန်ဆေးလုပ်ငန်းမှာ ဆုံကြမယ်....."
လန်ယုသည် ခေါင်းညိတ်ပြလိုက်ပြီး မိုဝူကျီဆီမှ စာရွက်ကို သိမ်းကာ မိုဝူကျီအား နှုတ်ဆက်လိုက်သည်။
မိုဝူကျီသည် သက်ပြင်းချလိုက်ပြီး ဆိုင်မှ ထွက်လာခဲ့သည်။ ဈေးကွက်စုံစမ်းရေး တစ်ရက်တာသည် နောက်ဆုံးတွင် ဘာမှ မဟုတ်ချေ။
သူသည် လန်ယုက ဤဆေးဖော်မြူလာကို ရရှိသွားမှာကို မစိုးရိမ်ချေ။ တချို့သော အရေးပါလှသည့် ဆေးပင်များသည် သူ့လက်ဝယ်တွင်ရှိပြီး လန်ယုတွင် မရှိချေ။ ထိုဆေးပင်များကို လန်ယုအားပေးလျှင်ပင် ဤဖြေဆေးသည် သာမာန်လူတစ်ယောက်မှ ထုတ်လုပ်နိုင်သည့် ဆေးမဟုတ်ချေ။
မိုဝူကျီသည် ဒန်းဟန်ဆေးလုပ်ငန်းသို့ ပြန်ရောက်သည့်အခါ လုကျိုးကျွင်းသည် အပြေးအလွှားရောက်လာလေသည် "ညီလေးမို..... ဆေးအသစ်ကို ဘယ်တော့ စပြီး စမ်းသပ်မှာလဲ..... ငါ့မှာလည်း တစ်ဝက်တစ်ပျက် ပြီးနေတဲ့ ဆေးဖော်မြူလာအချို့ရှိတယ်...."
မိုဝူကျီသည် လက်ကို ခါလိုက်ပြီး "ကျွန်တော့မှာ ဆေးဖော်မြူလာ အသစ်ရှိတယ်....အဲဒီတစ်ဝက်တစ်ပျက်ဖော်မြုလာတွေကို မေ့ထားလိုက်တော့...... ကျွန်တော် ဒန်းဟန်ဆေးလုပ်ငန်းရဲ့ ဆေးဝါးနမူနာကို ကြည့်ချင်တယ်..... ဟုတ်သားပဲ ပြီးတော့ ကျွန်တော့မှာ စမ်းသပ်မှုအတွက် ရွှေပြားလက်ထဲ နည်းနေပြီ...."
"ဒါတွေအားလုံးက ပြဿနာ မဟုတ်ပါဘူး..... အရင်ဆုံး ဒန်းဟန်ရဲ့ ဆေးမှတ်တမ်းအခန်းကို ခေါ်သွားပေးမယ်...." လုကျိုးကျွင်းသည် တွေဝေခြင်းမရှိစွာ ပြောလိုက်ရင်း သူသည် ဆေးအသစ်ထုတ်လုပ်မှုအတွက် အလွန်အမင်း စိုးရိမ်ပူပင်နေလေသည်။
အရင်ကြိမ်က ဒန်းဟန်ဆေးလုပ်ငန်းသည် ကျရှုံးထားသော်လည်း သူတို့တွင် ရှားပါးသည့် ဆေးဝါးနမူနာများ ရှိသေးပြီး တချို့သည် ဈေးကွက်မှာပင် မတွေ့ရှိနိုင်တော့ချေ။
မိုဝူကျီသည် ဆေးစာအုပ်တွေကို ကြည့်လိုက်ပြီး ဆေးပင်နာမည်များကို မှတ်မိရန် အပြင်စာအုပ်ဝယ်ရန် မလိုကြောင်း သိရှိလိုက်သည်။ သူသည် လုကျိုးကျွင်းအား ပြောလိုက်သည် "အစ်ကိုလု.... ကျွန်တော့်ကို ယုံကြည်စိတ်ချရတဲ့ အလုပ်သမားတချို့ ရှာပေးစေချင်တယ်....... ဆေးအသစ် ထုတ်လုပ်တာနဲ့ နောက်ဖေးကွက်လပ်မှာပဲ ထုတ်လုပ်မယ်..... မှတ်ထားပေးပါ ဆေးအသစ် ထုတ်လုပ်တဲ့အကြောင်းကို လျို့ဝှက်ထားချင်တယ်..... အဲဒါကြောင် အလုပ်သမားတွေက အားကိုးရပြီး ယုံကြည်စိတ်ချရဖို့ လိုအပ်တယ်..... နှစ်ရက်ကြာရင် အလုပ်စမယ်..... အခုကစပြီး နောင်နှစ်လကြာရင် ဒန်းဟန်ဆေးလုပ်ငန်းက ပြန်လည်အောင်မြင်လာလိမ့်မယ်...... မဟုတ်သေးဘူး..... ဆေးလောကမှာ အုတ်အော်သောင်းနင်း ဖြစ်လာစေလိမ့်မယ်...."
လုကျိုးကျွင်း၏ ဒန်းဟန်ဆေးလုပ်ငန်း ကျရှုံးပြီးသည့်နောက်တွင် အရာများများ မကျန်ရှိပေ။ ဤနောက်ဖေးကွက်လပ်သည်ပင် လုံလောက်စွာ ကျယ်ဝန်းနေပြီ ဖြစ်သည်။
မိုဝူကျီသည် သူက ပင်နီဆလင်ထုတ်လုပ်မှုကို မည်မျှပင် လျှို့ဝှက်ထားပါစေ ပင်နီဆလင်ဖြစ်စဉ်သည် ရိုးရှင်းလှသည့် အတွက် အချိန်ကြာမြင့်စွာ လျို့ဝှက်ထားရန် မဖြစ်နိုင်ချေ။ လျို့ဝှက်ထားနိုင်သည့် တစ်ခုတည်းသောအရာမှာ အာဟာရဆေးထုတ်လုပ်သည့် နည်းလမ်းပင် ဖြစ်၏။ သို့သော်လည်း ဤအာဟာရဆေးကို ထုတ်လုပ်သည့် ဖြစ်စဉ်သည်လည်း အလွန်ရိုးရှင်းလှသည်။ တစ်ကြိမ်ထွက်ပေါ်လာသည်နှင့် အလွယ်တကူ ပြန်လည် တုပ၍ ရနိုင်သည်။ သို့သော်လည်း မိုဝူကျီသည် နည်းနည်းမျှ အာရုံမစိုက်ချေ။ သူ့၏ ပထမဆုံးရွှေပြားတွေဝင်နိုင်သရွေ့ ထိုအရာကို တိုးပွားမည့် နည်းလမ်းကို ရှာမည် ဖြစ်သည်။ ပင်နီဆလင်သည် ဆေးလောကတွင် အုတ်အော်သောင်းနင်းဖြစ်စေသည့် အချက်ကို ပြောရလျှင် အကြောင်းရင်းက ပင်နီဆလင်သည် ဤကာလတွင် ပိုင်ဆိုင်ခြင်းမဟုတ်သည်မှာ လိမ်ညာပြောဆိုနေခြင်း မဟုတ်ပေ။
ထိုစကားသည် လုကျိုးကျွင်းအတွက် သက်စောင့်ဆေးနှင့် တူပြီး ချက်ချင်း အသက်ဝင်လှုပ်ရှားလာပြီး သူ့ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည် "ညီလေးမို..... စိတ်မပူပါနဲ့.... ဒန်းဟန်ဆေးလုပ်ငန်းရဲ့ ဘယ်လျို့ဝှက်ချက်ကို မှ မပေါက်ကြားအောင် ကိုယ်တိုင် ဂရုစိုက်လိုက်ပါ့မယ် ....."
"နေပါဦး...." လုကျိုးကျွင်း ထွက်သွားမည်ကို မစောင့်ဘဲ မိုဝူကျီသည် စာရွက်ကို ယူကာ လိုအပ်သည့် ကိရိယာများအကြောင်းရေးကာ လုကျိုးကျွင်းအား ပေးလိုက်သည် "ဆေးအသစ်ထုတ်ဖို့ ပြင်ဆင်ဖို့အတွက် .... ဒီပစ္စည်းတွေကို လိုအပ်တယ်...."
လုကျိုးကျွင်းသည် မိုဝူကျီအား တွေဝေစွာ ကြည့်လိုက်ပြီး "ဘာကြောင့် ဒီအမျိုးမျိုးသော ဖန်ပုလင်းတွေနဲ့ စမ်းသပ်ရေးပြွန်တွေ လိုတာလဲ...."
မိုဝူကျီသည် လက်ကို ခါလိုက်ပြီး "ဒါတွေအားလုံး စိတ်ထဲ မထားပါနဲ့.....ကျွန်တော်ပြောတာပဲ နားထောင်ပေးရုံပဲ..... နှစ်လအတွင်းမှာ ဒန်းဟန်ဆေးလုပ်ငန်းက သေဆုံးရာက ပြန်လည်နိုးထလာလိမ့်မယ်......."
ဤအရာအားလုံးသည် ပင်နီဆလင်အတွက် မဟုတ်ချေ။ သို့သော် သူ့၏ သွေးကြောဖွင့်ဖြေဆေး ထုတ်လုပ်မှုအတွက် ဖြစ်၏။