"မင္း Yujin သူငယ္ခ်င္းနဲ႔ တြဲေနတယ္ဆို... "
ပားစပ္ထဲထည့္လိုက္တဲ့ ပန္းသီးကို ျပန္ထုတ္ရင္း Yujin ကို ဘုၾကည့္ၾကည့္လိုက္ေတာ့ သူ႔ကို မ်က္ေစာင္းထိုးသြားသည္ ။ Chanyoung Hyung သည္ မိသားစုထဲကို သူနဲ႔အနီးကပ္ဆံုးျဖစ္သည္ ။ ၂ေယာက္လံုးက တရားမဝင္ကေလးေတြ ဖစ္တဲ့အျပင္ အေမနဲ႔ခြဲပီး အေဖနဲ႔လာေနရတာခ်င္းတူေတာ့ သူ႔ကိုဂ႐ုစိုက္ေပးသည္ ။ Chan hee နဲ႔ Chan min တို႔က အႏိုင္က်င့္သည္မဟုတ္ေသာ္လည္း အသက္အရမ္းကြာတာေၾကာင့္ သူနဲ႔က အေနစိမ္းသည္ ။ Chan yeon ၾကျပန္ေတာ့လည္း ၁၀ႏွစ္ေလာက္ကြာတယ္ဆိုေပမယ့္ ငယ္ငယ္ကေတာ့ ၃ေယာက္တူတူေဆာ့ခဲ့ေသးသည္။ အရြယ္ေရာက္လာကတည္းက ဘာသိဘာသာ ေနတတ္သူမို႔ အေနမစိမ္းေသာ္လည္း နီးနီးကပ္ကပ္မ႐ွိပါ ။ သူပ်င္းတဲ့အခါ Chanyoung hyung တို႔ဆီသြားလည္ျဖစ္သည္ ။ အိမ္မွာက မိသားစုအားလံုးေနတယ္ဆိုေသာ္လည္း သူ႔အထပ္နဲ႔သူ အၿပီးေပးထားတာမို႔ သီးသန္႔လည္း ျဖစ္ေနကတစ္ေၾကာင္းေၾကာင့္ သြားလည္ျဖစ္တာပါ ။
"ဘယ္ကသာ... အဲ့ေကာင္မေလး ေလ်ွာက္ေျပာေနတာ "
"ဘာလို႔ေလ်ွာက္ေျပာရမွာလဲ... ဦးေလးငယ္က Baekhee ကို လက္တြဲထားတာသိလား Appa... "
ေဘးနားလာၿပီး ေဆးထိုးေနတဲ့ေကာင္မေလးကို ေခါင္းေခါက္ထည့္လိုက္ေတာ့ ႐ႈံ႕မဲ့ကာ မ်က္ေစာင္းကဒိုင္းကနဲ..
"ငါ့ကိုမေက်နပ္တာနဲ႔ ေက်ာင္းမွာ အဲ့ေကာင္မေလးကို အႏိုင္မက်င္နဲ႔ဦး.. "
"စိတ္ကိုမဝင္စားတာ... ဘယ္ေလာက္ထိခံမလဲ ၾကည့္ၾကေသးတာေပါ့.. ၿပီးရင္လည္း ျပတ္မွာပဲကို လာပိုျပေနတယ္"
-------
Chanyeol ရဲ႕ ဆိုင္ကယ္ေပၚကေနဆင္းၿပီး ေက်ာင္းဝန္းထဲ လမ္းေလ်ွာက္ဝင္လာေတာ့ ဆိုင္ကယ္သံဆူးဆူးက နားထဲဝင္လာသည္ ။ သူမေဘးမွာ လာရပ္တာမို႔ ၾကည့္လိုက္ေတာ့ Bin...
"Good morning ~~~ ''
"အင္း.... ဘယ္လိုျဖစ္လို႔ ဆိုင္ကယ္နဲ႔လာတာလဲ "
"ဒီတိုင္းပဲ.... ေအာ္.. ေရာ့ ေမြးေန႔လက္ေဆာင္ "
စာရြက္အလိတ္ေလးေပးၿပီး ေမာင္းထြက္သြားတာမို႔ စာရြက္လိတ္ကို ျဖန္႔ၾကည့္လိုက္ေတာ့ သူမပံု ေရေဆးပန္းခ်ီကား ... ဟိုေန႔ကဆြဲလက္စကို လက္စသတ္ထားတာေပမယ့္ ေတာ္ေတာ္ေလးကို ၾကည့္ေကာင္းသည္ ။ ရင္ထဲထိသြားတယ္ ေျပာရမယ္ ။ ထမင္းစားခ်ိန္မွာ Bin နဲ႔အတူ ထမင္းသြားစားေတာ့ Yujin ကို ေတြ႔သည္ ။ Yujin က အရင္လိုပဲ အေထြအထူးသိကြၽမ္းျပမေနဘဲ သူ႔အလုပ္သူလုပ္ ယူစရာ႐ွိတာယူၿပီး ထြက္သြားသည္ ။ ရန္လာေတြ႔မယ္ေတာင္ ထင္ထားတာ ။ ညေနဘက္ Academy ကေန အျပန္မွာ Bin က ေျပာစရာ႐ွိတယ္ဆိုလို႔ ခဏေစာင့္ေနခဲ့သည္ ။
"Baekee ah... ငါနင့္ကိုသေဘာက်တယ္.. နင့္မွာေကာင္ေလး႐ွိတာ ငါသိပါတယ္.. ဒါမယ့္ ငါကေတာ့ လက္မေလ်ာ့ဘဲ ဆက္ႀကိဳးစားမွာ "
တႀကိမ္တခါေလးမွေတာင္ Bin က ကြၽန္မကို သေဘာက်ေနတယ္ဆိုတဲ့ အေတြးမ်ိဳး မေတြးဖူးတာမို႔ ႐ုတ္တရက္ႀကီး ႐ႈပ္ေထြးသြားတယ္ ။
"ဟင့္အင္း.... လက္ေလ်ွာ့လိုက္... ငါနင့္ကို ဒီလိုမ်ိဳးမေတြးဖူးဘူး .. ငါနင့္ကို တခါမွ ရင္ေတာင္မခုန္ဖူးဘူး "
Bin က ကြၽန္မလက္ကို ဆြဲယူကာ သူ႔ရင္ဘတ္ေပၚတင္လိုက္သည္ ။
"ဒီလိုဆိုရင္ေတာင္ ရင္မခုန္ဘူးလား "
ကြၽန္မဆံပင္ကို နားေနာက္သို႔ မထိတထိသိမ္းေပးေတာ့ ကြၽန္မတုန္သြားတဲ့အထိ လန္႔သြားတယ္ ။
"ဒီလိုဆိုရင္ေရာ မခုန္ဘူးလား ... "
ကြၽန္မပါးကို သူလက္နဲ႔ အုပ္ကိုင္ေတာ့ ရင္ထဲမွာ တဒုန္းဒုန္းနဲ႔ ရင္ခုန္တာလား ရင္တုန္တာလားမေျပာတတ္..
"ဒါေတာင္ရင္မခုန္ေသးဘူးေပါ့ "
ကြၽန္မႏႈတ္ဆိတ္ေနမိၿပီး သူ႔ကိုသာၾကည့္ေနမိတယ္... ဒါဘာအေျခအေနႀကီးလဲ? သူက ကြၽန္မမ်က္ႏွာနား တိုးလာၿပီး အနီးဆံုးအကြာအေဝးကေန မ်က္လံုးေတြထဲ စူးစိုက္ၾကည့္ၿပီး
"ဒီလိုဆိုရင္ေရာ... ''
အထိတ္တလန္႔နဲ႔ သူ႔ရင္ဘတ္ကို ေဆာင့္တြန္းလိုက္ခ်ိန္ ကြၽန္မေလေပၚပ်ံသြားတာကို ခံစားမိလိုက္သည္ ။ စကၠန္႔ပိုင္းအတြင္းမွာပဲ ကြၽန္မက အရွိန္အဟုန္နဲ့ သြားေနတဲ့ ဆိုင္ကယ္ေပၚကို ေရာက္ေနၿပီျဖစ္သည္ ။ ႐ုတ္တရက္ျဖစ္ပ်က္ေနမႈကို နားမလည္ႏိုင္ျဖစ္ေနၿပီး စိတ္နဲ႔လူမကပ္တာဟာ ဝုန္းဆိုတဲ့အသံနဲ႔အတူ စားပြဲေပၚက ပစၥည္းေတြ လႊင့္သြားေတာ့မွ အသိကပ္ေတာ့သည္ ။ ဘယ္ကေန ဘယ္လိုျပန္ေရာက္လာမွန္းမသိေပမယ့္ ကြၽန္မကို သတ္ေတာ့မယ့္ လူလို ၾကည့္ေနတဲ့ Oppa က ေ႐ွ႕မွာ ရပ္ေနသည္ ။
"သေဘာက်ေနလား? "
Oppa ျမင္သြားတာလား......
"Sung Bin ကို ေျပာတာလား ?တခါမွ သူ႔ကို သူငယ္ခ်င္းထက္ပိုမေတြးဖူးဘူး "
"ဒါျဖင့္အဲ့ေကာင္က မင္းကို ထိရတာလဲ? ငါပိုင္တာေတြကို သူမ်ားေတြလာထိရင္ ငါအရမ္းေဒါသထြက္တယ္.. "
"Oppa... Baekhee က အရာဝတၱဳပစၥည္းမဟုတ္ဘူး... "
ဟိန္းထြက္ေနတဲ့ Oppa အသံကို လႊမ္းေအာင္ ေအာ္ေျပာလိုက္ေတာ့ Oppa က ကြၽန္မလက္ကို ဆြဲယူကာ ေဘစင္မွာ ဆပ္ျပာနဲ႔ ေဆးပစ္ေနသည္ ။ ေဒါသတႀကီး ပြတ္တိုက္ေဆးေနတာမို႔ ႐ုန္းလိုက္ေတာ့ Oppa က ကြၽန္မကို ခ်ိဳင္းကေနမၿပီး မီးဖိုခံုေပၚတင္လိုက္သည္ ။
"Academy လည္းထြက္လိုက္ေတာ့.. ေက်ာင္းလည္း ေျပာင္းပစ္မယ္ "
"Oppa !!!!!! အခုက ႏွစ္အလယ္ႀကီးေလ.. Oppa ပိုက္ဆံနဲ႔ ေက်ာင္းတက္ေနရတာမို႔ ဒီလိုဆက္ဆံတာဆိုရင္ Oppa ပိုက္ဆံေတြကို ျပန္ေပးၿပီး ထြက္သြားမယ္ "
Baekhee က ေအာ္ငိုရင္းေျပာေတာ့
"မင္းမွာ ဘယ္ကပိုက္ဆံ႐ွိလို႔လဲ "
"Omma က ဟိုတေလာက ဘဏ္စာအုပ္ေပးသြားတယ္... အနည္းဆံုးေတာ့ သူေထာက္ပံ့ပါတယ္ေပါ့... အဲ့စာအုပ္ကို Oppa ကို ေပးမယ္ၿပီးရင္ ဒီအိမ္ကေနထြက္သြားမယ္... Oppa က ပိုက္ဆံေပးဝယ္ထားတဲ့ အ႐ုပ္လိုမ်ိဳး ဆက္ဆံတာေတာ့ ၿငိမ္မခံဘူး "
ေျပာၿပီးတာနဲ႔ သူမအခန္းထဲေျပးဝင္သြားသည္ ။ ငိုသံကို အျပင္ကေနပါ အတိုင္းသားၾကားေနရသည္မို႔ Chanyeol လည္း သူ႔ဆံပင္ေတြကို ေဒါသတႀကီး ဖြပစ္ကာ သူမအခန္းတံခါးကို မွီကာ ထိုင္ခ်လိုက္သည္ ။ အခ်ိန္အေတာ္ၾကာေတာ့ အသံတိတ္သြားတဲ့အခါက်မွ Baekee အခန္းထဲကို ဝင္ၾကည့္ေတာ့ အိပ္ရာေပၚမွာ ငိုရင္းအိပ္ေပ်ာ္ေနတဲ့ သူမ.. သူမအိပ္ယာေဘး ၾကမ္းျပင္မွာ Chanyeol ဝင္ထိုင္လိုက္ၿပီး မ်က္ရည္စေတြ႐ွိေနတဲ့ သူမပါးကို သုတ္ေပးၿပီး
"ကိုကိုလည္း ကေလးကို လုယူခံရမွာစိတ္ပူလို႔အဲ့လိုျဖစ္သြားတာ စိတ္မေကာင္းပါဘူး "
သူမၾကားႏိုင္မွာ သိနိုင္မွာ မဟုတ္ေပမယ့္ သူမရဲ့ပါးကို သူပထမဆံုးအႀကိမ္အျဖစ္ နမ္း႐ႈိက္လိုက္ပါသည္ ။ ဒါဟာ ဒီတေလ်ွာက္လံုးမွာ တကယ့္ကို ပထမဆံုးအႀကိမ္ေပးတဲ့ အနမ္းပါပဲ ။
×××××××××××××♥××××××××××
Feedback ေလးေတြ ေပးပါ... ယူတို႔ရဲ႕ Feedback ေလးေတြကို ဖတ္ၿပီး ေနာက္အပိုင္းေတြမွာ လိုတာေတြ ျဖည့္ရတာမို႔ပါလို႔ 💗
#unicode version #
"မင်း Yujin သူငယ်ချင်းနဲ့ တွဲနေတယ်ဆို... "
ပားစပ်ထဲထည့်လိုက်တဲ့ ပန်းသီးကို ပြန်ထုတ်ရင်း Yujin ကို ဘုကြည့်ကြည့်လိုက်တော့ သူ့ကို မျက်စောင်းထိုးသွားသည် ။ Chanyoung Hyung သည် မိသားစုထဲကို သူနဲ့အနီးကပ်ဆုံးဖြစ်သည် ။ ၂ယောက်လုံးက တရားမဝင်ကလေးတွေ ဖစ်တဲ့အပြင် အမေနဲ့ခွဲပီး အဖေနဲ့လာနေရတာချင်းတူတော့ သူ့ကိုဂရုစိုက်ပေးသည် ။ Chan hee နဲ့ Chan min တို့က အနိုင်ကျင့်သည်မဟုတ်သော်လည်း အသက်အရမ်းကွာတာကြောင့် သူနဲ့က အနေစိမ်းသည် ။ Chan yeon ကြပြန်တော့လည်း ၁၀နှစ်လောက်ကွာတယ်ဆိုပေမယ့် ငယ်ငယ်ကတော့ ၃ယောက်တူတူဆော့ခဲ့သေးသည်။ အရွယ်ရောက်လာကတည်းက ဘာသိဘာသာ နေတတ်သူမို့ အနေမစိမ်းသော်လည်း နီးနီးကပ်ကပ်မရှိပါ ။ သူပျင်းတဲ့အခါ Chanyoung hyung တို့ဆီသွားလည်ဖြစ်သည် ။ အိမ်မှာက မိသားစုအားလုံးနေတယ်ဆိုသော်လည်း သူ့အထပ်နဲ့သူ အပြီးပေးထားတာမို့ သီးသန့်လည်း ဖြစ်နေကတစ်ကြောင်းကြောင့် သွားလည်ဖြစ်တာပါ ။
"ဘယ်ကသာ... အဲ့ကောင်မလေး လျှောက်ပြောနေတာ "
"ဘာလို့လျှောက်ပြောရမှာလဲ... ဦးလေးငယ်က Baekhee ကို လက်တွဲထားတာသိလား Appa... "
ဘေးနားလာပြီး ဆေးထိုးနေတဲ့ကောင်မလေးကို ခေါင်းခေါက်ထည့်လိုက်တော့ ရှုံ့မဲ့ကာ မျက်စောင်းကဒိုင်းကနဲ..
"ငါ့ကိုမကျေနပ်တာနဲ့ ကျောင်းမှာ အဲ့ကောင်မလေးကို အနိုင်မကျင်နဲ့ဦး.. "
"စိတ်ကိုမဝင်စားတာ... ဘယ်လောက်ထိခံမလဲ ကြည့်ကြသေးတာပေါ့.. ပြီးရင်လည်း ပြတ်မှာပဲကို လာပိုပြနေတယ်"
-------
Chanyeol ရဲ့ ဆိုင်ကယ်ပေါ်ကနေဆင်းပြီး ကျောင်းဝန်းထဲ လမ်းလျှောက်ဝင်လာတော့ ဆိုင်ကယ်သံဆူးဆူးက နားထဲဝင်လာသည် ။ သူမဘေးမှာ လာရပ်တာမို့ ကြည့်လိုက်တော့ Bin...
"Good morning ~~~ ''
"အင်း.... ဘယ်လိုဖြစ်လို့ ဆိုင်ကယ်နဲ့လာတာလဲ "
"ဒီတိုင်းပဲ.... အော်.. ရော့ မွေးနေ့လက်ဆောင် "
စာရွက်အလိတ်လေးပေးပြီး မောင်းထွက်သွားတာမို့ စာရွက်လိတ်ကို ဖြန့်ကြည့်လိုက်တော့ သူမပုံ ရေဆေးပန်းချီကား ... ဟိုနေ့ကဆွဲလက်စကို လက်စသတ်ထားတာပေမယ့် တော်တော်လေးကို ကြည့်ကောင်းသည် ။ ရင်ထဲထိသွားတယ် ပြောရမယ် ။ ထမင်းစားချိန်မှာ Bin နဲ့အတူ ထမင်းသွားစားတော့ Yujin ကို တွေ့သည် ။ Yujin က အရင်လိုပဲ အထွေအထူးသိကျွမ်းပြမနေဘဲ သူ့အလုပ်သူလုပ် ယူစရာရှိတာယူပြီး ထွက်သွားသည် ။ ရန်လာတွေ့မယ်တောင် ထင်ထားတာ ။ ညနေဘက် Academy ကနေ အပြန်မှာ Bin က ပြောစရာရှိတယ်ဆိုလို့ ခဏစောင့်နေခဲ့သည် ။
"Baekee ah... ငါနင့်ကိုသဘောကျတယ်.. နင့်မှာကောင်လေးရှိတာ ငါသိပါတယ်.. ဒါမယ့် ငါကတော့ လက်မလျော့ဘဲ ဆက်ကြိုးစားမှာ "
တကြိမ်တခါလေးမှတောင် Bin က ကျွန်မကို သဘောကျနေတယ်ဆိုတဲ့ အတွေးမျိုး မတွေးဖူးတာမို့ ရုတ်တရက်ကြီး ရှုပ်ထွေးသွားတယ် ။
"ဟင့်အင်း.... လက်လျှော့လိုက်... ငါနင့်ကို ဒီလိုမျိုးမတွေးဖူးဘူး .. ငါနင့်ကို တခါမှ ရင်တောင်မခုန်ဖူးဘူး "
Bin က ကျွန်မလက်ကို ဆွဲယူကာ သူ့ရင်ဘတ်ပေါ်တင်လိုက်သည် ။
"ဒီလိုဆိုရင်တောင် ရင်မခုန်ဘူးလား "
ကျွန်မဆံပင်ကို နားနောက်သို့ မထိတထိသိမ်းပေးတော့ ကျွန်မတုန်သွားတဲ့အထိ လန့်သွားတယ် ။
"ဒီလိုဆိုရင်ရော မခုန်ဘူးလား ... "
ကျွန်မပါးကို သူလက်နဲ့ အုပ်ကိုင်တော့ ရင်ထဲမှာ တဒုန်းဒုန်းနဲ့ ရင်ခုန်တာလား ရင်တုန်တာလားမပြောတတ်..
"ဒါတောင်ရင်မခုန်သေးဘူးပေါ့ "
ကျွန်မနှုတ်ဆိတ်နေမိပြီး သူ့ကိုသာကြည့်နေမိတယ်... ဒါဘာအခြေအနေကြီးလဲ? သူက ကျွန်မမျက်နှာနား တိုးလာပြီး အနီးဆုံးအကွာအဝေးကနေ မျက်လုံးတွေထဲ စူးစိုက်ကြည့်ပြီး
"ဒီလိုဆိုရင်ရော... ''
အထိတ်တလန့်နဲ့ သူ့ရင်ဘတ်ကို ဆောင့်တွန်းလိုက်ချိန် ကျွန်မလေပေါ်ပျံသွားတာကို ခံစားမိလိုက်သည် ။ စက္ကန့်ပိုင်းအတွင်းမှာပဲ ကျွန်မက အရှိန်အဟုန်နဲ့ သွားနေတဲ့ ဆိုင်ကယ်ပေါ်ကို ရောက်နေပြီဖြစ်သည် ။ ရုတ်တရက်ဖြစ်ပျက်နေမှုကို နားမလည်နိုင်ဖြစ်နေပြီး စိတ်နဲ့လူမကပ်တာဟာ ဝုန်းဆိုတဲ့အသံနဲ့အတူ စားပွဲပေါ်က ပစ္စည်းတွေ လွှင့်သွားတော့မှ အသိကပ်တော့သည် ။ ဘယ်ကနေ ဘယ်လိုပြန်ရောက်လာမှန်းမသိပေမယ့် ကျွန်မကို သတ်တော့မယ့် လူလို ကြည့်နေတဲ့ Oppa က ရှေ့မှာ ရပ်နေသည် ။
"သဘောကျနေလား? "
Oppa မြင်သွားတာလား......
"Sung Bin ကို ပြောတာလား ?တခါမှ သူ့ကို သူငယ်ချင်းထက်ပိုမတွေးဖူးဘူး "
"ဒါဖြင့်အဲ့ကောင်က မင်းကို ထိရတာလဲ? ငါပိုင်တာတွေကို သူများတွေလာထိရင် ငါအရမ်းဒေါသထွက်တယ်.. "
"Oppa... Baekhee က အရာဝတ္တုပစ္စည်းမဟုတ်ဘူး... "
ဟိန်းထွက်နေတဲ့ Oppa အသံကို လွှမ်းအောင် အော်ပြောလိုက်တော့ Oppa က ကျွန်မလက်ကို ဆွဲယူကာ ဘေစင်မှာ ဆပ်ပြာနဲ့ ဆေးပစ်နေသည် ။ ဒေါသတကြီး ပွတ်တိုက်ဆေးနေတာမို့ ရုန်းလိုက်တော့ Oppa က ကျွန်မကို ချိုင်းကနေမပြီး မီးဖိုခုံပေါ်တင်လိုက်သည် ။
"Academy လည်းထွက်လိုက်တော့.. ကျောင်းလည်း ပြောင်းပစ်မယ် "
"Oppa !!!!!! အခုက နှစ်အလယ်ကြီးလေ.. Oppa ပိုက်ဆံနဲ့ ကျောင်းတက်နေရတာမို့ ဒီလိုဆက်ဆံတာဆိုရင် Oppa ပိုက်ဆံတွေကို ပြန်ပေးပြီး ထွက်သွားမယ် "
Baekhee က အော်ငိုရင်းပြောတော့
"မင်းမှာ ဘယ်ကပိုက်ဆံရှိလို့လဲ "
"Omma က ဟိုတလောက ဘဏ်စာအုပ်ပေးသွားတယ်... အနည်းဆုံးတော့ သူထောက်ပံ့ပါတယ်ပေါ့... အဲ့စာအုပ်ကို Oppa ကို ပေးမယ်ပြီးရင် ဒီအိမ်ကနေထွက်သွားမယ်... Oppa က ပိုက်ဆံပေးဝယ်ထားတဲ့ အရုပ်လိုမျိုး ဆက်ဆံတာတော့ ငြိမ်မခံဘူး "
ပြောပြီးတာနဲ့ သူမအခန်းထဲပြေးဝင်သွားသည် ။ ငိုသံကို အပြင်ကနေပါ အတိုင်းသားကြားနေရသည်မို့ Chanyeol လည်း သူ့ဆံပင်တွေကို ဒေါသတကြီး ဖွပစ်ကာ သူမအခန်းတံခါးကို မှီကာ ထိုင်ချလိုက်သည် ။ အချိန်အတော်ကြာတော့ အသံတိတ်သွားတဲ့အခါကျမှ Baekee အခန်းထဲကို ဝင်ကြည့်တော့ အိပ်ရာပေါ်မှာ ငိုရင်းအိပ်ပျော်နေတဲ့ သူမ.. သူမအိပ်ယာဘေး ကြမ်းပြင်မှာ Chanyeol ဝင်ထိုင်လိုက်ပြီး မျက်ရည်စတွေရှိနေတဲ့ သူမပါးကို သုတ်ပေးပြီး
"ကိုကိုလည်း ကလေးကို လုယူခံရမှာစိတ်ပူလို့အဲ့လိုဖြစ်သွားတာ စိတ်မကောင်းပါဘူး "
သူမကြားနိုင်မှာ သိနိုင်မှာ မဟုတ်ပေမယ့် သူမရဲ့ပါးကို သူပထမဆုံးအကြိမ်အဖြစ် နမ်းရှိုက်လိုက်ပါသည် ။ ဒါဟာ ဒီတလျှောက်လုံးမှာ တကယ့်ကို ပထမဆုံးအကြိမ်ပေးတဲ့ အနမ်းပါပဲ ။
×××××××××××××♥××××××××××
Feedback လေးတွေ ပေးပါ... ယူတို့ရဲ့ Feedback လေးတွေကို ဖတ်ပြီး နောက်အပိုင်းတွေမှာ လိုတာတွေ ဖြည့်ရတာမို့ပါလို့ 💗