She Is A Baby (ChanBaek)
By Pluto_9
77.1K 5.6K 252
ChanBaek (Normal) [Zawgyi + Unicode] More
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32 (The Final)
Sequel - 1
Sequel - 2
Sequel - 3
Sequel - 4
Sequel - 5
Seqeul - 6 (All of the end)
Episode 8
1.9K 146 4
By Pluto_9
"ဒါမယ့်....... "
××××××××××××♥×××××××××××
#Unicode version #
Sehun နဲ့အတူ Jongin's Bar မှာ သောက်ပြီး ပြန်လာတော့ အိမ်ရှေ့နားမှာ ညဝတ်အင်္ကျီနဲ့ တရွေ့ရွေ့လျှောက်လာတဲ့ Baekhee... Chanyeol က ဆိုင်ကယ်ကို ရပ်လိုက်ပြီး သူမဆီပြေးသွားကာ သူဝတ်ထားတဲ့ အနွေးထည်ကို ချွတ်ပြီး Baekhee ကို ခြုံပေးလိုက်သည် ။ အေးလို့ နှာခေါင်းထိပ်တွေ နီရဲနေတဲ့အပြင် မျက်ဝန်းတွေကလည်း စွတ်စိုနေတယ် ။
"Baekhee ah.... ဘာဖြစ်လာတာလဲ? အရင်ဆုံး အိမ်ထဲဝင်ရအောင် "
အိမ်ထဲရောက်တော့ သူမက ရှိုက်ကြီးတငင်ငိုနေတာမို့ အတင်းမေးတော့မှ အိမ်ပေါ်ကနေဆင်းလာတာဖစ်ကြောင်းပြောလာသည် ။
"Omma က အိမ်ကို လက်ထပ်ထားတဲ့ ယောက်ျားခေါ်လာတယ် ။ ဘယ်တုန်းက လက်ထပ်မှန်းလည်း မသိဘူး ။ ပြီးတော့ အဲ့ယောက်ျားက Oppa ထက်ဆို နည်းနည်းပဲ ကြီးမယ့်ပုံပဲ ။ ဘယ်လိုလုပ်ပြီး တစ်အိမ်ထဲနေမလဲ ။ Omma က မနေချင်ရင် ထွက်သွားလို့ပြောတယ် ။ ဒါမယ့် သည်းခံခဲ့ပါသေးတယ်။ ဒီနေ့ Omma အိမ်ပြန်မလာတော့ အဲ့ဒီယောက်ျားနဲ့ ၂ယောက်တည်း ။ ပြီးတော့ သူကမူးနေပီး ဆွဲလားရမ်းလားလုပ်တယ် ။ Omma လို့ထင်နေပုံပဲ ။ ဒါကြောင့်အိမ်ကနေထွက်လာတာ... "
Baekhee ရဲ့အမေက တက္ကသိုလ်ကျောင်းသူဘဝမှာ Baekhee ကို မွေးခဲ့ပေမယ့် Single mother အဖြစ်နဲ့ ရပ်တည်ခဲ့ရတယ် ။ သူမကို တာဝန်မယူတဲ့ သူ့ရည်းစားကို မုန်းတဲ့စိတ်ကို Baekhee ပေါ်ပုံချထားပုံပဲ ။ ငယ်ငယ်ထဲက Baekhee က မိဘမဲ့လိုသာ ကြီးပြင်းခဲ့ရတယ် ။ သူ့အမေက အိမ်မှာမရှိတာများသည် ။ သူ့အမေက ဒီဇိုင်နာအလုပ်လုပ်တဲ့အတွက် သူ့အလုပ်ခန်းမှာပဲနေတာများသည်။ မွေးထားတဲ့သမီးရှိသေးတာကို မေ့ထားပြီး အလုပ်ဖိလုပ်ရင်းသာ ရှင်သန်နေသည်။ သူ့အမေဆီက ဂရုစိုက်မှု အရေးတယူလုပ်ခံရဖို့အတွက် Baekhee ဆိုးပြသော်လည်းပဲ သူ့အမေက ဂရုတောင်မစိုက်ခဲ့ပါ။
"အခုဘယ်လိုလုပ်မလဲ... အိမ်ကထွက်လာပေမယ့် သွားစရာနေရာလည်း မရှိဘူး ။ အိမ်လည်းပြန်လို့မရဘူး ။ Baekhee ကလေ မွေးမလာသင့်တဲ့ကလေးပါ ။ အဲ့အစား ဖျက်ချလိုက်ရမှာ "
ငိုနေတဲ့သူမ ကျောကို ပုတ်ပေးရင်း သက်ပြင်းချမိသည် ။ ဒီလိုအတွေးမျိုးကို Park မိသားစု အိမ်မှာနေတုန်းက တွေးခဲ့ဖူးသည် ။ အမေ့ဆီကနေ အတင်းဆွဲခေါ်လာခံရတဲ့အပြင် မိထွေးကလည်း မကြည်ဖြူ  မောင်နှမတွေကလည်း မနွေးထွေး အဖေနဲ့ဆက်ဆံရေးကလည်း မရင်းနှီးတာမို့ ကိုယ့်ကိုကိုယ် စိတ်ပျက်ရင်း ဒေါသထွက်ခဲ့ဖူးသည် ။ သေသွားတာမှ ကောင်းဦးမယ်လို့လည်း တွေးခဲ့ဖူးသည်။
"ဒီနေ့ကစပြီး ဒီအိမ်မှာနေ... မင်းအတွက် Oppa အကုန်တာဝန်ယူပေးမယ်.. Oppa ကို ယုံတယ်မလား... မင်းကျောင်းစာရိတ်ဘာညာ အကုန် Oppa ပေးမယ်.. အဲ့ဒီအိမ်ကိုလည်း မပြန်နဲ့တော့.. "
သူမငိုလို့ဝပြီး စိတ်တည်ငြိမ်သွားတဲ့အခါ ကိုယ်စဉ်းစားထားတဲ့ အစီအစဉ်ကို ပြောပြတော့ သူမက မျက်လုံးပြူး မျက်ဆံပြူးနဲ့...
"Oppa မှာ ဘယ်က ပိုက်ဆံရှိလို့လဲ... Oppa .. Motobike ပြိုင်ပြီးရတဲ့ ပိုက်ဆံနဲ့ Baekhee ကို ထောက်ပံ့ဖို့ မဖြစ်ပါဘူး"
"Oppa မှာ ပိုက်ဆံအများကြီးရှိပာတယ်.. Appa Company မှာ Oppa ရဲ့ Share 10 % ရှိတယ်... ပြီးတော့ Oppa ရဲ့ Showroom ရှိသေးတယ်... အဲ့အတွက် စိတ်ပူစရာမလိုဘူး... အဓိကက မင်းကောင်းကောင်းမွန်မွန် အရွယ်ရောက်လာဖို့ပဲ... "
မနက်ရောက်တော့ သူမက အိမ်ပြန်ကာ ပစ္စည်းယူပြီး ကျောင်းသွားသည် ။ ဖုန်းဆက်ခေါ်ထားတာမို့ Sehun နဲ့ Jongin ရောက်လာကြသည် ။
"ဘာဖြစ်တာလဲ? အပြင်ဘက်မှာ ပစ္စည်းသယ်နေတာတွေ့ခဲ့တယ် "
Jongin အမေးကို ဖြစ်ကြောင်းကုန်စင် ပြောပြရင်း ဖြေတော့ ငြိမ်နားထောင်နေတဲ့ Sehun က
"ဒါဆို အဲ့ကလေးမကို ဒီအိမ်မှာထားမယ်ပေါ့... ဘယ်မှာထားမလို့လဲ "
"ဂျန်နီဖာ့အခန်းကို ရှင်းလိုက်တယ်... လာကြည့်ကြည့် "
တစ်ခန်းလုံး ပန်းရောင်နဲ့ပြည့်နေတဲ့ ကုတင် စားပွဲ ဗီဒို မှန်တင်ခုံတို့ကြောင့် Sehun တစ်ယောက် ပါးစပ်အဟောင်းသားနဲ့
"အမလေး... ပန်းရောင်တွေချည်းပဲ စိတ်ပျက်စရာ... ဒါနဲ့ ငါတို့ ဂျန်နီဖာ နဲ့ အမ်မလီ ဘယ်ရောက်သွားလဲ "
"ဂျန်နီဖာက ငါ့အခန်းထဲမှာ... အမ်မလီကတော့ ဧည့်ခန်းမှာပဲ... တော်သေးတယ်.. ငါ့အခန်းက ကျယ်လို့ "
ဂျန်နီဖာဆိုတာကတော့ Chanyeol အထက်တန်းစတက်တော့ သူ့အဖေဝယ်ပေးခဲ့တဲ့ ဆိုင်ကယ်ပါ ။ အဲ့တုန်းကတော့ နောက်ဆုံးပေါ်ပေါ့ ။ မရောင်းလဲ မရောင်းချင် တန်ဖိုးလည်းထားတာမို့ မစီးတော့တာတောင်မှ တစ်စစီ ဖြုတ်ပြီး သိမ်းထားတာပါ ။ အမ်မလီဆိုတာကတော့ ဂိမ်းစက်ပါ ။ ကွန်ပျူတာ ဂိမ်းအတွက် ထိုင်ခုံနဲ့ set လိုက်လာတဲ့ ဂိမ်းစက်ပါ ။ Sehun လာလာဆော့နေကျပေါ့ ။ Chanyeol က သူ့အိပ်ခန်းအပြင် တစ်ခြားအခန်းကို ဂျန်နီဖာနဲ့ အမ်မလီအတွက် သီးသန့်ထားပေးထားတာပါ ။ အဲ့အခန်းထဲမှာ သူဝယ်ဖူးသမျှ ဆိုင်ကယ်ဦးထုပ်တွေနဲ့ ဆိုင်ကယ်ပြိုင်တဲ့ အင်္ကျီတွေ ထားထားတာပါ ။ အခုတော့ အကုန်ဖယ်ပြီး ကလေးမလေးအတွက် ပေးလိုက်တာပေါ့ ။ Sehun က အမ်မလီကို ဧည့်ခန်းမှာ ထုတ်ထားရကောင်းလားဆိုပြီး ကြေကွဲပြနေသည် ။ Sehun က Game Company Owner ဖြစ်တဲ့အလျောက် Game စက်ဆို P2 P4 အကုန်ဝယ်ပြီး နာမည်ပေးထားတတ်သည် ။ အမ်မလီဆိုတာလည်း Chanyeol ဟာပေမယ့် သူကိုယ်တိုင် သွားဝယ်တဲ့ဟာမို့ သံယောဇဉ်မပြတ်နိုင်ဖြစ်ပြီး သူ့စက်သူမဝယ်ဘဲ Chanyeol အိမ်လာလာဆော့တာပဲကည့်။
"Chanyeol ah... မင်းတကယ်ပဲ Baekhee ကို ခေါ်ထားမလို့လား "
Sehun တစ်ယောက် အမ်မလီနဲ့ ဖက်ပြီး တတွတ်တွတ်ရွတ်နေသော်လည်း Jongin က Chanyeol နားကပ်ကာမေးသည်။
"မင်းလည်းသိရဲ့သားနဲ့.. သူကအခုမှ ၁၆နှစ်ပဲ ရှိသေးတာ.. အသက်လည်း မပြည့်သေးဘူး... တစ်ယောက်တည်းနေခိုင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး.. သူ့အိမ်မှာဆိုလည်း သူ့အမေကရှိတာ မဟုတ်ဘူး... တော်ကြာ ဟိုသူတောင်းစားက စော်ကားသွားရင် ဘယ်လိုလုပ်မလဲ... "
"ဒါမယ့်....... "
"ငါသိပါတယ်... မင်းပြောချင်တာကို... ငါသူ့ကို ဘာမှလုပ်ဖို့ မတွေးထားဘူး... ငါရိုးရိုးသားသား စောင့်ရှောက်ပေးချင်ရုံပဲ "
ပိစိညှောင့်တောက်ကလေးမလေးကို သူက ဘာလုပ်ရမှာလဲ... အပြင်မှာ လုံးဝအမိုက်စား မိန်းကလေးတွေ အပုံလိုက်ရှိနေတဲ့ဟာကို.... ။
××××××××××××♥×××××××××××
Continue Reading
You'll Also Like
1.7M 105K 49
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖြင့် တစ်ခါလောက်တော့ ငြိမ်းချမ်းချင်မိပါ...
176K 19.6K 55
Baekhyuneeက ချစ်နေတုန်းမှာ ပြန်ချစ်နော်...မဟုတ်ရင် သူများနောက် ပါသွားမှ နှမြော၊တသ၊လွမ်းဆွေး၊ငိုကြွေးမနေနဲ့....မသနားဘူးဗျ.... ငါ့ဈေးဗန်းက ကိုကြီးတစ်ေ...
36.4K 1.8K 24
"နောင်တနဲ့အတူ ချစ်တက်လာတဲ့ နှလုံးသားက ဘာနဲ့မှ မတူအောင် နက်ရှိုင်းတယ်" သစ္စာဖောက်ခံရတဲ့သူထက် သစ္စာဖောက်တဲ့သူဘဝက ပိုသနားစရာကောင်းတယ်ဆိုတာ မသိကြဘူး သူတ...
724K 123K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!