အ​ေဖမတူ အ​ေမကြဲ~အဖေမတူ အမေကွဲ...

By Empress184

646K 44.4K 1.7K

Uni Bl ficပါနော် အရင်တစ်ပုဒ်ထက် ပိုကောင်းအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ် Ocပါ ငယ်ငယ်လေးထဲက အမေနဲ့ မခွဲမ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50(end)

Part-6

21.6K 1.4K 25
By Empress184

(Zawgyi)

ခု​ေန႔မာနတစ္​​ေယာက္​ အိပ္​ရာက​ေန အ​ေစာႀကီးႏိုးလာခဲ့သည္​

ႏိုးႏိုးခ်င္​း သူသတိရလိုက္​တာ ဝန္​းရံကိုပါ

ဒီက​ေလး မ​ေန႔ထဲက ဖ်ား​ေနတာ သက္​သာပါ့မလားဟု​ေတြးရင္​း ဝန္​းရံအခန္​း​ေလးဆီသို႔ သြားလိုက္​သည္​

ဝန္​းရံက အိပ္​​ေနသည္​မွာ က​ေလး​ေလးပမာ တုတ္​တုတ္​မွ် မလႈပ္​ပဲ အိပ္​​ေမာက်​ေန​ေလသည္​

မာန​ေျခ​ေဖာ့နင္​းကာ အသာ​ေလး ဝန္​းရံအိပ္​​ေန​ေသာ​ကုတင္​ဆီသို႔ ​ေျဖး​ေျဖး​ေလး ​ေလ်ာက္​သြားလိုက္​သည္​

ဝန္​းရံကအိပ္​​ေနဆဲမို႔ ကုတင္​စြန္​းတြင္​ ဝင္​ထိုင္​လိုက္​ၿပီး ဝန္​းရံနဖူးကိုလက္​နဲ႔ စမ္​းၾကည္​့လိုက္​သည္​

ထို႔​ေနာက္​ ကို႔နဖူးကို ျပန္​စမ္​းရင္​း ကိုယ္​ပူက်မက် စစ္​​ေနလိုက္​သည္​

'အြင္​း...'

ဝန္​းရံက လူးလြန္​႔လာရင္​း အပ်င္​း​ေၾကာဆန္​႔ကာ မ်က္​လံုးမ်ားပြင္​့လာ​ေလသည္​

မ်က္​​ေတာင္​႐ွည္​မ်ားကို ပုတ္​ခက္​ပုတ္​ခက္​လုပ္​ကာ မာနအား အထူးအဆန္​းသဖြယ္​ ျပန္​ၾကည္​့သည္​

ထိုအၾကည္​့​ေၾကာင္​့ မာန ရင္​ခုန္​သြားကာ မ်က္​ႏွာကို တစ္​ဖက္​သို႔ လွည္​့လိုက္​သည္​

'​ေဆာရီး ကို႔​ေၾကာင္​့မင္​းႏိုးသြားၿပီ'

မာနက လက္​ျပန္​႐ုတ္​ၿပီး မတ္​တပ္​ျပန္​ရပ္​လိုက္​သည္​

'ကိုယ္​ပူ​ေတာ့က်သြားပါၿပီ ခု​ေန႔​ေတာ့ ​ေက်ာင္​းမသြားပဲ နားလိုက္​ဦး မင္​းဘာစားမလဲ​ေျပာ အန္​တီကို ျပင္​ခိုင္​းလိုက္​မယ္​'

ဝန္​းရံက ဘာမွမ​ေျပာပဲ မာနကိုသာ ​ေသခ်ာလိုက္​ၾကည္​့​ေနသည္​

အိပ္​ရာထကာစ ဆံပင္​​ေတြက ဖ႐ိုဖရဲႏွင္​့ ဘာမွျပင္​ဆင္​မထားတာ​ေတာင္​ မာနက ဆြဲ​ေဆာင္​မႈ႐ွိ​ေနပါသည္​

ဝန္​းရံကို ႏူးညံ့စြာၾကည္​့ၿပီး ​ေမး​ေနပံု​ေၾကာင္​့ ဝန္​းရံတကယ္​ ​ေက်နပ္​မိပါသည္​

'ကိုရံုးသြားရဦးမယ္​ မင္​းလဲထ​ေတာ့ မနက္​စာကို အဆင္​​ေျပတာပဲ ျပင္​ခိုင္​းလိုက္​​ေတာ့မယ္​'

မာနလွည္​့ထြက္​ဖို႔ လုပ္​ကာမွ ဝန္​းရံက မာနလက္​ကို လွမ္​းဆြဲထား​ေလသည္​

'ဟင္​့အင္​း ဝန္​းရံ အိမ္​ကဟာ​ေတြ မစားခ်င္​ဘူး အျပင္​ကမုန္​႔ပဲ စားခ်င္​တယ္​'

'​ေကာင္​းၿပီ​ေလ ကိုရံုးမသြားခင္​ မုန္​႔လိုက္​ဝယ္​​ေကြၽးမယ္​'

မာနမုန္​႔​ေကြၽးမည္​ ဆို​ေသာ​ေၾကာင္​့ ဝန္​းရံ ပါးခ်ိဳင္​့​ေလး​ေတြ ခြက္​ဝင္​သြားသည္​အထိ ျပံဳးျပလိုက္​​ေလသည္​

မာန ျဗဳန္​းခနဲထကာ အခန္​းျပင္​သို႔ ​ေျခလွမ္​းက်ဲႀကီးမ်ားျဖင္​့ ခပ္​ျမန္​ျမန္​ ထြက္​လာခဲ့သည္​

အလာတုန္​းက ​ေျခလွမ္​းနဲ႔မ်ား ကြာပ

မာနသာ ထိုအခန္​းထဲတြင္​ ဆက္​​ေနမိလွ်င္​ သူဝန္​းရံကို နမ္​းမိ​ေတာ့မည္​မွာ အ​ေသအခ်ာပဲျဖစ္​သည္​

ဝန္​းရံအ​ေတြးထဲတြင္​မူ မာနက ခု​ေန႔အရမ္​း​ေခ်ာတာပဲဟု ​ေတြး​ေန​ေလသည္​

အမွန္​က မာနကို ထြက္​မသြား​ေစခ်င္​​ေသး​ေသာ​ေၾကာင္​့ လက္​ကိုလွမ္​းဆြဲထားျခင္​းျဖစ္​သည္​

မာနက မုန္​႔လိုက္​​ေကြၽးမည္​ ​ေျပာ​ေသာအခါ အ​ေပ်ာ္​လြန္​သြား​ေလ​ေတာ့သည္​

ဝန္​းရံ ကုတင္​​ေပၚက​ေန ခုန္​ဆင္​းကာ ကိုယ္​လက္​သန္​႔စင္​ရင္​း အက်ႌ​ေရြး​ေနလိုက္​သည္​

အရင္​ကဆို ​ေဘာင္​းဘီဒူး​ေလာက္​ႏွင္​့ တီ႐ွပ္​က သူ႔အႀကိဳက္​ျဖစ္​​ေသာ္​လဲ ယခုမူ ဘာလို႔ ဒါ​ေတြႀကီးပဲ ႐ွိ​ေနရတာဟု မ​ေက်မနပ္​ ျဖစ္​မိသည္​

ဟိုလူႀကီးက ရံုးသြားမွာဆို​ေတာ့ စတိုင္​နဲ႔မလိုင္​နဲ႔ အျပတ္​႐ိႈးထုတ္​လာမွာ ငါကက​ေလးကလားပံုစံနဲ႔ မျဖစ္​​ေသးပါဘူး

(အမယ္​ ခုမွ အရမ္​း​ေတြ လူႀကီးဆန္​ခ်င္​​ေန​ေသာ ဝန္​းရံ)

​ေနာက္​ဆံုး​ေတာ့ ႐ွား႐ွားပါးပါး အျပာရင္​့​ေရာင္​ ဂ်င္​း​ေဘာင္​းဘီ႐ွည္​တစ္​ထည္​ကို ယူဝတ္​ကာ အျဖဴႏွင္​့အျပာစင္​းမ်ားပါ​ေသာ တီ႐ွပ္​တစ္​ထည္​ကိုသာ ဝတ္​လိုက္​​ေလသည္​

ဆံပင္​ကိုလဲ ထား​ေနက်အတိုင္​း နဖူး​ေပၚမွာပဲ ဝဲ​ေန​ေအာင္​ ခ်မထားပဲ ဂ်ယ္​နဲ႔​ေနာက္​ကို လွန္​ၿဖီးထားလိုက္​သည္​

ကို႔ပံုကို မွန္​ထဲျပန္​ၾကည္​့ရင္​း ဒီ​ေလာက္​ဆို ရၿပီဟု​ေတြးကာ အခန္​းျပင္​ထြက္​လာခဲ့သည္​

အခန္​းျပင္​​ေရာက္​​ေသာအခါ မာနက ဝန္​းရံဆီကို ​ေလ်ာက္​လာ​ေလသည္​

စတိုင္​ပင္​​ေဘာင္​းဘီကို အက်အနဝတ္​ကာ ႐ွပ္​လက္​႐ွည္​အက်ႌက ကိုယ္​​ေပၚတြင္​ ခ်ပ္​ရပ္​စြာ ႐ွိ​ေန​ေလသည္​

နတ္​တိုင္​ကို ​ေသခ်ာစည္​းထားကာ ကုတ္​အက်ႌကို လက္​တစ္​ဖတ္​နဲ႔ ပုခံုး​ေပၚတင္​လာရင္​း က်န္​လက္​တစ္​ဖတ္​က ​ေဘာင္​းဘီအိတ္​ထဲ ထည္​့ထားကာ ​ေလ်ာက္​လာ​ေနသည္​

ဝန္​းရံမ်က္​လံုးတြင္​ မာနတစ္​​ေယာက္​ထဲကိုပဲ ျမင္​​ေနကာ ​ေဘးကအရာအားလံုး ​ေပ်ာက္​သြား​ေလသည္​

မာန သူ႔ကိုတအံ့တျသ​ေငး​ေန​ေသာ ဝန္​းရံနားတြင္​ ရပ္​လိုက္​သည္​

ဝန္​းရံပံုစံက လူႀကီးဆိုက္​ဖမ္​း​ေန​ေသာ က​ေလး​ေလးႏွင္​့ တူ​ေန​ေသာ​ေၾကာင္​့ ျပံဳးလိုက္​မိသည္​

ဝန္​းရံက သူ႔ကို မ်က္​​ေတာင္​မခတ္​တမ္​း ၾကည္​့​ေနဆဲပင္​

သူဝန္​းရံကို ​ေဘးသို႔အနဲငယ္​ တိုးလိုက္​ကာ ဝန္​းရံအခန္​းထဲဝင္​ၿပီး ဘီ႐ိုထဲက အ​ေႏြးထည္​တစ္​ထည္​ကို ထုတ္​ယူလာခဲ့သည္​

'​ေရာ့ အ​ေႏြးထည္​ ဝတ္​ထားဦး အဖ်ားက အ႐ွင္​း​ေပ်ာက္​​ေသးတာ မဟုတ္​ပဲနဲ႔ ထပ္​ဖ်ား​ေနဦးမယ္​ အျပင္​မွာ​ေအးတယ္​'

ဝန္​းရံက အ​ေႏြးထည္​ကိုယူကာ မာနကိုတစ္​လွည္​့ အ​ေႏြးထည္​ကိုတစ္​လွည္​့ ၾကည္​့သည္​

'ကိုဝတ္​​ေပးရမွာလား'

'မဝတ္​ခ်င္​ပါဘူး က​ေလးလဲမဟုတ္​ပဲနဲ႔'

ဝန္​းရံက ႏႈတ္​​ခမ္​းဆူၿပီး ျပန္​​ေျပာသည္​

'ဝတ္​ဆိုဝတ္​ ၿပီးရင္​ လိုက္​လာခဲ့'

​ေျပာၿပီး ဝန္​းရံကိုမ​ေစာင္​့ပဲ ​ေလွကားအတိုင္​း ဆင္​းလာကာ ကားထဲဝင္​ၿပီး ​ေစာင္​့​ေနလိုက္​သည္​

ဝန္​းရံက မာနထုတ္​​ေပးထား​ေသာ အ​ေႏြးထည္​ကိုပဲဝတ္​ကာ ​ေဘးတြင္​ဝင္​ထိုင္​လာ​ေလသည္​

မာနကဝန္​းရံဘက္​ကို ​ေသခ်ာလွည္​့ၾကည္​့​ေန​ေသာ​ေၾကာင္​့ ဝန္​းရံက ဘာလဲဆို​ေသာ သ​ေဘာနဲ႔ မ်က္​ခံုးပင္​့ျပလိုက္​သည္​

မာနက ခါးပတ္​ႀကိဳးကိုဆြဲကာ ​ေသခ်ာပတ္​​ေပးလိုက္​ရင္​း

'က​ေလးလို႔ ​ေျပာရင္​လဲ မႀကိဳက္​ဘူး အျမဲတမ္​း ​ေနာက္​ကလူမပါရင္​လဲ မၿပီးဘူး'

'ခင္​ဗ်ားလဲ အာ့လို ပြစိပြစိ ​ေျပာတက္​လိမ္​့မယ္​လို႔ ထင္​မထားဘူး'

'ဟား ဟုတ္​ပါၿပီ ဘာစားမလဲ'

ဝန္​းရံလွန္​ၿဖီးထား​ေသာ ဆံပင္​​ေတြကို မာနက လက္​ႏွင္​့ဖြပစ္​လိုက္​ၿပီး ထား​ေနက်အတိုင္​း ​ေ႐ွ႕ကိုပဲ ျပန္​ခ်​ေပးလိုက္​သည္​

အ​ေႏြးထည္​အိတ္​ထဲ လက္​ထည္​့ထားၿပီး ဆံပင္​​ေတြဝဲက်ကာ ဆူပုတ္​​ေန​ေသာ ​ေကာင္​​ေလးက မာနမ်က္​လံုးထဲတြင္​ တကယ္​က​ေလး​ေလးရယ္​ပါ

'​ေစ်းအႀကီးဆံုးဆိုင္​က ဆူ႐ွီ'

ဝန္​းရံဆံပင္​​ေတြကို လာဖြ​ေသာ​ေၾကာင္​့ ဒီလူႀကီးပိုက္​ဆံ​ေတြကို မကုန္​ကုန္​​ေအာင္​ သံုးပစ္​မည္​ဟု ​ေတြးလိုက္​သည္​

မာနကလဲ ဝန္​းရံ ဘာ​ေတြး​ေနလဲဆိုတာ သိပါသည္​

'ဟုတ္​လား ဘယ္​ဆိုင္​က ​ေစ်းအႀကီးဆံုးလဲ ကိုမသိလို႔ ​ေျပာျပပါဦး'

'အမ္​...'

ဝန္​းရံက မာမီ​ေကြၽးသမွ်ပဲ လိုက္​စားတက္​​ေသာ​ေၾကာင္​့ ဘယ္​ဆိုင္​က ဘယ္​​ေစ်း႐ွိလဲ တစ္​ခုမွမသိပါ

ဒီလူႀကီး သက္​သက္​အက်င္​့ယုတ္​တာ ​ေတြ႔မယ္​ ဝန္​းရံအ​ေၾကာင္​း သိ​ေစရမယ္​

'ခင္​ဗ်ားမသိရင္​ တစ္​ၿမိဳ႕လံုးပတ္​​ေမာင္​းၿပီး လိုက္​​ေမး​ေလ'

ကဲ မွတ္​ၿပီလား ခင္​ဗ်ားႀကီးဟု ​ေတြးၿပီး ႀကိတ္​ျပံဳးလိုက္​​ေသးသည္​

ဟား စြာလိုက္​တာလို႔ပဲ မာန​ေတြးလိုက္​ကာ ကား​ေလးကို​ေမာင္​းထြက္​လာခဲ့သည္​

ဝန္​းရံက ဆက္​ဆက္​ထိမခံပါဘူးဆို မာနကလဲ ထိုဇက္​ဇက္​က်ဲ​ေလးကိုလဲ စခ်င္​​ေနတာ​ေတာ့ မတက္​ႏိုင္​ပါ

(Uni)

ခုနေ့မာနတစ်ယောက် အိပ်ရာကနေ အစောကြီးနိုးလာခဲ့သည်

နိုးနိုးချင်း သူသတိရလိုက်တာ ဝန်းရံကိုပါ

ဒီကလေး မနေ့ထဲက ဖျားနေတာ သက်သာပါ့မလားဟုတွေးရင်း ဝန်းရံအခန်းလေးဆီသို့ သွားလိုက်သည်

ဝန်းရံက အိပ်နေသည်မှာ ကလေးလေးပမာ တုတ်တုတ်မျှ မလှုပ်ပဲ အိပ်မောကျနေလေသည်

မာနခြေဖော့နင်းကာ အသာလေး ဝန်းရံအိပ်နေသောကုတင်ဆီသို့ ဖြေးဖြေးလေး လျောက်သွားလိုက်သည်

ဝန်းရံကအိပ်နေဆဲမို့ ကုတင်စွန်းတွင် ဝင်ထိုင်လိုက်ပြီး ဝန်းရံနဖူးကိုလက်နဲ့ စမ်းကြည့်လိုက်သည်

ထို့နောက် ကို့နဖူးကို ပြန်စမ်းရင်း ကိုယ်ပူကျမကျ စစ်နေလိုက်သည်

'အွင်း...'

ဝန်းရံက လူးလွန့်လာရင်း အပျင်းကြောဆန့်ကာ မျက်လုံးများပွင့်လာလေသည်

မျက်တောင်ရှည်များကို ပုတ်ခက်ပုတ်ခက်လုပ်ကာ မာနအား အထူးအဆန်းသဖွယ် ပြန်ကြည့်သည်

ထိုအကြည့်ကြောင့် မာန ရင်ခုန်သွားကာ မျက်နှာကို တစ်ဖက်သို့ လှည့်လိုက်သည်

'ဆောရီး ကို့ကြောင့်မင်းနိုးသွားပြီ'

မာနက လက်ပြန်ရုတ်ပြီး မတ်တပ်ပြန်ရပ်လိုက်သည်

'ကိုယ်ပူတော့ကျသွားပါပြီ ခုနေ့တော့ ကျောင်းမသွားပဲ နားလိုက်ဦး မင်းဘာစားမလဲပြော အန်တီကို ပြင်ခိုင်းလိုက်မယ်'

ဝန်းရံက ဘာမှမပြောပဲ မာနကိုသာ သေချာလိုက်ကြည့်နေသည်

အိပ်ရာထကာစ ဆံပင်တွေက ဖရိုဖရဲနှင့် ဘာမှပြင်ဆင်မထားတာတောင် မာနက ဆွဲဆောင်မှုရှိနေပါသည်

ဝန်းရံကို နူးညံ့စွာကြည့်ပြီး မေးနေပုံကြောင့် ဝန်းရံတကယ် ကျေနပ်မိပါသည်

'ကိုရုံးသွားရဦးမယ် မင်းလဲထတော့ မနက်စာကို အဆင်ပြေတာပဲ ပြင်ခိုင်းလိုက်တော့မယ်'

မာနလှည့်ထွက်ဖို့ လုပ်ကာမှ ဝန်းရံက မာနလက်ကို လှမ်းဆွဲထားလေသည်

'ဟင့်အင်း ဝန်းရံ အိမ်ကဟာတွေ မစားချင်ဘူး အပြင်ကမုန့်ပဲ စားချင်တယ်'

'ကောင်းပြီလေ ကိုရုံးမသွားခင် မုန့်လိုက်ဝယ်ကျွေးမယ်'

မာနမုန့်ကျွေးမည် ဆိုသောကြောင့် ဝန်းရံ ပါးချိုင့်လေးတွေ ခွက်ဝင်သွားသည်အထိ ပြုံးပြလိုက်လေသည်

မာန ဗြုန်းခနဲထကာ အခန်းပြင်သို့ ခြေလှမ်းကျဲကြီးများဖြင့် ခပ်မြန်မြန် ထွက်လာခဲ့သည်

အလာတုန်းက ခြေလှမ်းနဲ့များ ကွာပ

မာနသာ ထိုအခန်းထဲတွင် ဆက်နေမိလျှင် သူဝန်းရံကို နမ်းမိတော့မည်မှာ အသေအချာပဲဖြစ်သည်

ဝန်းရံအတွေးထဲတွင်မူ မာနက ခုနေ့အရမ်းချောတာပဲဟု တွေးနေလေသည်

အမှန်က မာနကို ထွက်မသွားစေချင်သေးသောကြောင့် လက်ကိုလှမ်းဆွဲထားခြင်းဖြစ်သည်

မာနက မုန့်လိုက်ကျွေးမည် ပြောသောအခါ အပျော်လွန်သွားလေတော့သည်

ဝန်းရံ ကုတင်ပေါ်ကနေ ခုန်ဆင်းကာ ကိုယ်လက်သန့်စင်ရင်း အကျႌရွေးနေလိုက်သည်

အရင်ကဆို ဘောင်းဘီဒူးလောက်နှင့် တီရှပ်က သူ့အကြိုက်ဖြစ်သော်လဲ ယခုမူ ဘာလို့ ဒါတွေကြီးပဲ ရှိနေရတာဟု မကျေမနပ် ဖြစ်မိသည်

ဟိုလူကြီးက ရုံးသွားမှာဆိုတော့ စတိုင်နဲ့မလိုင်နဲ့ အပြတ်ရှိုးထုတ်လာမှာ ငါကကလေးကလားပုံစံနဲ့ မဖြစ်သေးပါဘူး

(အမယ် ခုမှ အရမ်းတွေ လူကြီးဆန်ချင်နေသော ဝန်းရံ)

နောက်ဆုံးတော့ ရှားရှားပါးပါး အပြာရင့်ရောင် ဂျင်းဘောင်းဘီရှည်တစ်ထည်ကို ယူဝတ်ကာ အဖြူနှင့်အပြာစင်းများပါသော တီရှပ်တစ်ထည်ကိုသာ ဝတ်လိုက်လေသည်

ဆံပင်ကိုလဲ ထားနေကျအတိုင်း နဖူးပေါ်မှာပဲ ဝဲနေအောင် ချမထားပဲ ဂျယ်နဲ့နောက်ကို လှန်ဖြီးထားလိုက်သည်

ကို့ပုံကို မှန်ထဲပြန်ကြည့်ရင်း ဒီလောက်ဆို ရပြီဟုတွေးကာ အခန်းပြင်ထွက်လာခဲ့သည်

အခန်းပြင်ရောက်သောအခါ မာနက ဝန်းရံဆီကို လျောက်လာလေသည်

စတိုင်ပင်ဘောင်းဘီကို အကျအနဝတ်ကာ ရှပ်လက်ရှည်အကျႌက ကိုယ်ပေါ်တွင် ချပ်ရပ်စွာ ရှိနေလေသည်

နတ်တိုင်ကို သေချာစည်းထားကာ ကုတ်အကျႌကို လက်တစ်ဖတ်နဲ့ ပုခုံးပေါ်တင်လာရင်း ကျန်လက်တစ်ဖတ်က ဘောင်းဘီအိတ်ထဲ ထည့်ထားကာ လျောက်လာနေသည်

ဝန်းရံမျက်လုံးတွင် မာနတစ်ယောက်ထဲကိုပဲ မြင်နေကာ ဘေးကအရာအားလုံး ပျောက်သွားလေသည်

မာန သူ့ကိုတအံ့တသြငေးနေသော ဝန်းရံနားတွင် ရပ်လိုက်သည်

ဝန်းရံပုံစံက လူကြီးဆိုက်ဖမ်းနေသော ကလေးလေးနှင့် တူနေသောကြောင့် ပြုံးလိုက်မိသည်

ဝန်းရံက သူ့ကို မျက်တောင်မခတ်တမ်း ကြည့်နေဆဲပင်

သူဝန်းရံကို ဘေးသို့အနဲငယ် တိုးလိုက်ကာ ဝန်းရံအခန်းထဲဝင်ပြီး ဘီရိုထဲက အနွေးထည်တစ်ထည်ကို ထုတ်ယူလာခဲ့သည်

'ရော့ အနွေးထည် ဝတ်ထားဦး အဖျားက အရှင်းပျောက်သေးတာ မဟုတ်ပဲနဲ့ ထပ်ဖျားနေဦးမယ် အပြင်မှာအေးတယ်'

ဝန်းရံက အနွေးထည်ကိုယူကာ မာနကိုတစ်လှည့် အနွေးထည်ကိုတစ်လှည့် ကြည့်သည်

'ကိုဝတ်ပေးရမှာလား'

'မဝတ်ချင်ပါဘူး ကလေးလဲမဟုတ်ပဲနဲ့'

ဝန်းရံက နှုတ်ခမ်းဆူပြီး ပြန်ပြောသည်

'ဝတ်ဆိုဝတ် ပြီးရင် လိုက်လာခဲ့'

ပြောပြီး ဝန်းရံကိုမစောင့်ပဲ လှေကားအတိုင်း ဆင်းလာကာ ကားထဲဝင်ပြီး စောင့်နေလိုက်သည်

ဝန်းရံက မာနထုတ်ပေးထားသော အနွေးထည်ကိုပဲဝတ်ကာ ဘေးတွင်ဝင်ထိုင်လာလေသည်

မာနကဝန်းရံဘက်ကို သေချာလှည့်ကြည့်နေသောကြောင့် ဝန်းရံက ဘာလဲဆိုသော သဘောနဲ့ မျက်ခုံးပင့်ပြလိုက်သည်

မာနက ခါးပတ်ကြိုးကိုဆွဲကာ သေချာပတ်ပေးလိုက်ရင်း

'ကလေးလို့ ပြောရင်လဲ မကြိုက်ဘူး အမြဲတမ်း နောက်ကလူမပါရင်လဲ မပြီးဘူး'

'ခင်ဗျားလဲ အာ့လို ပွစိပွစိ ပြောတက်လိမ့်မယ်လို့ ထင်မထားဘူး'

'ဟား ဟုတ်ပါပြီ ဘာစားမလဲ'

ဝန်းရံလှန်ဖြီးထားသော ဆံပင်တွေကို မာနက လက်နှင့်ဖွပစ်လိုက်ပြီး ထားနေကျအတိုင်း ရှေ့ကိုပဲ ပြန်ချပေးလိုက်သည်

အနွေးထည်အိတ်ထဲ လက်ထည့်ထားပြီး ဆံပင်တွေဝဲကျကာ ဆူပုတ်နေသော ကောင်လေးက မာနမျက်လုံးထဲတွင် တကယ်ကလေးလေးရယ်ပါ

'ဈေးအကြီးဆုံးဆိုင်က ဆူရှီ'

ဝန်းရံဆံပင်တွေကို လာဖွသောကြောင့် ဒီလူကြီးပိုက်ဆံတွေကို မကုန်ကုန်အောင် သုံးပစ်မည်ဟု တွေးလိုက်သည်

မာနကလဲ ဝန်းရံ ဘာတွေးနေလဲဆိုတာ သိပါသည်

'ဟုတ်လား ဘယ်ဆိုင်က ဈေးအကြီးဆုံးလဲ ကိုမသိလို့ ပြောပြပါဦး'

'အမ်...'

ဝန်းရံက မာမီကျွေးသမျှပဲ လိုက်စားတက်သောကြောင့် ဘယ်ဆိုင်က ဘယ်ဈေးရှိလဲ တစ်ခုမှမသိပါ

ဒီလူကြီး သက်သက်အကျင့်ယုတ်တာ တွေ့မယ် ဝန်းရံအကြောင်း သိစေရမယ်

'ခင်ဗျားမသိရင် တစ်မြို့လုံးပတ်မောင်းပြီး လိုက်မေးလေ'

ကဲ မှတ်ပြီလား ခင်ဗျားကြီးဟု တွေးပြီး ကြိတ်ပြုံးလိုက်သေးသည်

ဟား စွာလိုက်တာလို့ပဲ မာနတွေးလိုက်ကာ ကားလေးကိုမောင်းထွက်လာခဲ့သည်

ဝန်းရံက ဆက်ဆက်ထိမခံပါဘူးဆို မာနကလဲ ထိုဇက်ဇက်ကျဲလေးကိုလဲ စချင်နေတာတော့ မတက်နိုင်ပါ

Continue Reading

You'll Also Like

25.5K 2.5K 26
Park Chan Yeol✨Doh Kyung Soo (14.8.2021)
22.5K 746 11
မ်က္​ရည္​ကင္​းမဲ့ဇုန္​ - ဆလိုင္​းလီယို
562K 15.2K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
627K 5.2K 23
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...