(Zawgyi)
မာန ခန္းမထဲ ျပန္ဝင္လာခဲ့ေတာ့ ဝန္းရံက ဒယ္ဒီမိတ္ေဆြေတြႏွင့္ အဖြဲ႔က်ေနပါၿပီ
အမယ္ မနက္က အာျပဲႀကီးနဲ႔ ငိုထားတာ သူမဟုတ္တဲ့အတိုင္း ျပံဳးလို႔ရႊင္လို႔
စကားေတြကလဲ မ်ားလိုက္တာမွ တစ္ဝိုင္းလံုးရဲ႕ ဦးေဆာင္ၿပီး စကားေျပာသူက ဝန္းရံ
မာန စကားဝိုင္းနားကို ေလွ်ာက္သြားလိုက္ေတာ့ အကုန္လံုးရဲ႕ အၾကည့္ေတြက မာနဆီေရာက္လာသည္
ဝန္းရံက မေက်မနပ္ မ်က္ေစာင္းလွမ္းထိုးတာကို မာနျမင္ျဖစ္ေအာင္ ျမင္လိုက္ေသးသည္
'ဒါ ဦးေနမင္း႐ွိန္ရဲ႕ သားႀကီးမလား'
ဝိုင္းထဲမွ ဒယ္ဒီမိတ္ေဆြ တစ္ေယာက္က လွမ္းေမးသည္
'ဟုတ္ကဲ့ ကြၽန္ေတာ့္နာမည္ မင္းမာနပါ ေတြ႔ရတာ ဝမ္းသာပါတယ္'
'ဦးေနမင္း႐ွိန္ သားေတြကေတာ့ တစ္ေယာက္ကလဲ ခန္႔ေခ်ာႀကီး ေနာက္တစ္ေယာက္ကလဲ ခ်စ္ဖို႔ေကာင္းလိုက္တာမွ အရမ္းပဲ'
မာနျပံဳးၿပီးပဲ နားေထာင္ေနလိုက္သည္ ဝန္းရံကေတာ့ ပါးခ်ိဳင့္ေလးေတြပါ ေပၚသည္အထိ ရီေနေတာ့သည္
ဧည့္ခံပြဲက မနက္ပိုင္းပဲ ဆိုေပမဲ့ ဧည့္သည္ေတြ တစ္ဖြဲဖြဲႏွင့္ ေရာက္လာၾကတာမို႔ ညေနထိ ၾကာသြားေတာ့သည္
ဧည့္သည္ေတြ အကုန္လံုးကို ႏႈတ္ဆက္ၿပီးေသာအခါ
'သား မာနေရ'
'ဟုတ္ မာမီ ဘာကိစၥ႐ွိလို႔ေလ'
'မာမီတို႔ ခရီးကေန အခ်ိန္သိပ္မရေတာ့လို႔ ခုသြားမွျဖစ္မယ္'
'ဟုတ္ သြားေလ ရတယ္ ကြၽန္ေတာ္ပဲ က်န္တာအကုန္ ဆက္လုပ္လိုက္မယ္'
'မဟုတ္ပါဘူးကြယ္ မာမီစိတ္ပူတာ ဝန္းရံကိုပါ သားမာနအတြက္ အဆင္ေျပပါ့မလားလို႔'
လာျပန္ၿပီ ဒီကေလးပဲလား
'ရတယ္ မာမီ ကြၽန္ေတာ္အဆင္ေျပတယ္ သူ႔ကိုလဲ စိတ္မပူနဲ႔ ခရီးမွာ ေပ်ာ္ေအာင္သာ ေနခဲ့ၾက'
'ဟုတ္ပါၿပီ အဲ့ဒါဆို မာမီတို႔ေတြ အိမ္ျပန္ၿပီး အထုတ္အပိုးေတြ ယူၿပီးရင္ သြားေတာ့မယ္ေနာ္'
မာနေခါင္းပဲ ၿငိမ့္ျပလိုက္သည္
ေဒၚေရႊဝန္းရံႏွင့္ မာနဒယ္ဒီကေတာ့ ခန္းမထဲကေန ထြက္သြားပါၿပီ
'မာမီေရာဟင္'
မာန ခန္းမလုပ္ထားေသာ ဟိုတယ္မန္ေနဂ်ာႏွင့္ စာရင္းမ်ား ႐ွင္းေနစဥ္ ေနာက္ကေန အသံေသးေသးေလး ထြက္လာေလသည္
'ဟမ္ ဘာေမးတာလဲ'
မာန ၾကားလိုက္ေပမဲ့ မၾကားခ်င္ေယာင္ေဆာင္ကာ ျပန္ေမးလိုက္သည္
'မာမီေရာလို႔ ဝန္းရံ မာမီကို မေတြ႔ေတာ့ဘူး'
ဝန္းရံအသံေလးက ငိုသံစြက္လာတာေၾကာင့္ မာန သနားသြားမိသည္
ခုခ်ိန္ေလာက္ဆို ဒယ္ဒီတို႔လဲ အိမ္ကေန ထြက္သြားေလာက္ပါၿပီေလ
'ဒယ္ဒီတို႔ အိမ္ျပန္သြားတယ္ေလ'
'ဟုတ္လား မာမီက ဝန္းရံကိုလဲ မေခၚသြားဘူး'
ဟား ဘယ္လိုကေလးလဲဟ ဒင္းက သူမ်ားလင္မယားၾကားထဲလဲ ဝင္ပါခ်င္တာပဲလား
ေဒၚေရႊဝန္းရံ ေျပာတုန္းက အပိုေတြဟု ထင္ထားခဲ့ေသာ္လဲ ဝန္းရံက တကယ္ကေလးပါ
သူ႔ဘာသာ ပြစိပြစိေျပာကာ လွည့္ထြက္သြားျပန္သည္
မာနလဲ မန္ေနဂ်ာႏွင့္ ဆက္ေျပာေနလိုက္သည္
ခဏၾကာေသာအခါ မာန အက်ႌလက္ေမာင္းနားကို ေနာက္ကေန ဖြဖြလာဆြဲျပန္သည္
မာနလွည့္ၾကည့္လိုက္ေတာ့ ဝန္းရံပဲေပါ့ မ်က္ႏွာငယ္ေလးနဲ႔
'ကဲ ဘာျဖစ္ခ်င္ျပန္ၿပီလဲ'
'ဟို မာမီတို႔က ဘယ္အိမ္ကို ျပန္သြားတာလဲဟင္'
'ဟ သူတို႔အတြက္ ဝယ္ထားတဲ့ အိမ္အသစ္ကိုေပါ့ကြ တျခား ဘယ္ကိုသြားရမွာလဲ'
မာနတစ္ေယာက္ ဝန္းရံကို တစ္ကယ္ စိတ္မ႐ွည္ခ်င္ေတာ့ပါ
အမယ္ အမယ္ ႏႈတ္ခမ္းစူၿပီး ေဆာင့္ေဆာင့္နဲ႔ ထြက္သြားတယ္ဗ်ား
မာန ေခါင္းယမ္းလိုက္ကာ မန္ေနဂ်ာဘက္ ျပန္လွည့္လိုက္သည္
ခန္းမက မနက္ပိုင္းပဲ ေျပာထားၿပီး အကုန္႐ွင္းၿပီးကာမွ ညေနပိုင္းထိ ဆက္သြားေသာေၾကာင့္ စာရင္းေတြ ႐ႈပ္ေနျခင္း ျဖစ္သည္
ဟိုကေလးက လာလာ႐ႈပ္တာႏွင့္ အစကေန ျပန္ျပန္ေရာက္သြားေသာေၾကာင့္ မန္ေနဂ်ာေကာ မာနပါ စိတ္ညစ္လာသည္
'ကဲ အဲ့လိုဆို အဆင္ေျပသြားၿပီမလား'
မာန သူတြက္ထားတာကို မန္ေနဂ်ာကို ျပလိုက္သည္
မန္ေနဂ်ာက စာရင္းစာအုပ္ကို ယူၾကည့္ေနတုန္း မာနဖုန္းက ျမည္လာေလသည္
မာနဖုန္းကို ယူၾကည့္လိုက္ေတာ့ သူ႔ဒယ္ဒီပါ
'မာနေရ ဒယ္ဒီတို႔အိမ္ ခဏလာခဲ့ပါဦးကြ'
ဖုန္းဖြင့္ဖြင့္ခ်င္း မာနဒယ္ဒီက အေမာတေကာႏွင့္ ေျပာေတာ့သည္
'ဗ်ာ ဘာလို႔လဲ ဒယ္ဒီတို႔က မသြားရေသးဘူးလား'
တစ္ဆက္ထဲ ဝန္းရံကို သူလႊတ္လိုက္မိတာကို သတိရသြားကာ မာန ေခါင္းနားပန္းၾကီးသြားေလသည္
'ေအးကြ ဝန္းရဲ႕သားေလး ဝန္းရံေလ ဘယ္လိုမွေခ်ာ့ၿပီး ထားခဲ့လို႔မရလို႔ကြ အတင္းလိုက္မယ္ပဲ လုပ္ေနတယ္'
မာန က်န္လက္တစ္ဖတ္ႏွင့္ ေခါင္းကို တစ္ဗ်င္းဗ်င္း ကုတ္ပစ္လိုက္သည္
'ကြၽန္ေတာ္ အခုလာခဲ့မယ္'
ဖုန္းကိုပိတ္ၿပီး အိတ္ကပ္ထဲက ကားေသာ့ကို ႏိႈက္ကာ ထြက္ဖို႔အလုပ္
'ဆရာ ဒီနားကေလ...'
မန္ေနဂ်ာက စာရင္းစာအုပ္ကို ျပကာ ဘယ္နားေတြ ေထာက္ျပေနမွန္းမသိ
'ေအး မင္းအဆင္ေျပသလိုသာ လုပ္လိုက္ေတာ့ ႀကိဳက္သလိုသာလုပ္ အကုန္႐ွင္းေပးမယ္ ဟုတ္ၿပီလား'
ခုနက ဝန္းရံလာလာရွုပ္လို႔ မႈန္ကုပ္ေနေသာ မန္ေနဂ်ာရဲ႕မ်က္ႏွာက ဝင္းပသြားေလသည္
ဝန္းရံ ဝန္းရံ မင္းေတာ့ကြာ
မာန ကားေလးကို ျခံဝန္းထဲ ခ်ိဳးေကြ႔လိုက္ေတာ့ ေတြ႔ပါၿပီ အိမ္ေ႐ွ႕မွာ သံုးေယာက္လံုး
မာနဒယ္ဒီက ကားနားမွာ ရပ္ေနၿပီး ဝန္းရံက သူ႔မာမီလက္ကို ဖက္ထားကာ ဒန္းေပၚမွာ ထိုင္ေနၾကသည္
မာမီက ဘာေတြေျပာေနလဲေတာ့မသိ ဝန္းရံက ေခါင္းသာ စြက္ခါေနေတာ့သည္
မာန ကားကိုရပ္လိုက္ၿပီး ဝန္းရံဆီ ေလ်ွာက္သြားလိုက္သည္
ဒယ္ဒီႏွင့္ မာမီက မာနကိုသာ အားကိုးတႀကီး ၾကည့္လာသည္မို႔ မာန ေဒါသကို နဲနဲေလ်ာ့လိုက္ရသည္
'ဝန္းရံရယ္ လိမၼာပါတယ္ မာမီတို႔လဲ အၾကာႀကီး မသြားပါဘူး ခဏရယ္ပါ'
'ဟင့္အင္း မရဘူး ဝန္းရံပါ လိုက္မယ္ ဝန္းရံမာမီနဲ႔ မခြဲႏိုင္ဘူး ဟင့္'
မာနကို ေတြ႔ခါမွ မ်က္ရည္ေလး စမ္းစမ္းႏွင့္ လုပ္ျပေနေသးသည္
'မာမီတို႔ သြားေလ ကြၽန္ေတာ္ ေရာက္လာၿပီပဲဟာ'
မာမီက မာနကိုၾကည့္ၿပီး ဝန္းရံဖက္ထားေသာ လက္ကို ျပေလသည္
မာန ဒန္းနားေလ်ာက္သြားကာ ဝန္းရံလက္ေတြကို ဖယ္ေပးၿပီး ကိုင္ထားလိုက္သည္
ထိုအခါမွ ဒယ္ဒီေရာ မာမီပါ ကားေပၚ ေျပးတက္ေတာ့သည္
'ဟင့္ လႊတ္ ခင္ဗ်ားႀကီး အႏိုင္မက်င့္နဲ႔ ဝန္းရံ လိုက္သြားမွာ'
ကားေလးက ေမာင္းထြက္သြားပါၿပီ ဝန္းရံကေတာ့ ေအာ္ဟစ္႐ုန္းကန္ေနဆဲ
ကားေလး ျခံထဲကထြက္သြားကာမွ ဝန္းရံကို လႊတ္ေပးလိုက္သည္
ဝန္းရံက လွစ္ခနဲထကာ ျခံထဲကေန ေျပးထြက္ဖို႔လုပ္သည္
'ကြၽတ္...'
မာန စိတ္ညစ္ညစ္ႏွင့္ စုတ္သပ္ကာ ဝန္းရံေနာက္ ေျပးလိုက္ရျပန္သည္
ဝန္းရံကို ျခံဝတြင္ ျပန္မိေသာ္လဲ အတင္း႐ုန္းကန္ေနတာေၾကာင့္ ေနာက္ကေန ခါးကိုတင္းေနေအာင္ ဖက္ထားလိုက္သည္
'လႊတ္ လႊတ္ ဝန္းရံကို လႊတ္ေပး ခင္ဗ်ားႀကီး မယုတ္မာနဲ႔'
ဘယ္လိုပဲ ျခံက်ယ္ႀကီးထဲမွာ တိုက္ႀကီးနဲ႔ပဲေနေန ခုကျခံဝမွာမို႔ လူျမင္မေကာင္းေတာ့ေပ
ဘယ္လိုမွ ထိန္းမရေတာ့သည့္အဆံုး မာန ဝန္းရံကို ပုခံုးေပၚ ေကာက္ထမ္းပစ္လိုက္သည္
'အား...ခ်ေပး ခုခ်ေပး ခင္ဗ်ားႀကီး က်ဳပ္ကို ခုခ်ေပး ခ်ေပးလို႔ဆို'
ဝန္းရံအသံက မတိုးသည့္အျပင္ က်ယ္သည္ထက္သာ က်ယ္လာေနေတာ့သည္
မာန ဝန္းရံကို ပုခံုးေပၚထမ္းရင္း တိုက္ထဲသာ အျမန္ေျပးဝင္ခဲ့ေတာ့သည္
(Uni)
မာန ခန်းမထဲ ပြန်ဝင်လာခဲ့တော့ ဝန်းရံက ဒယ်ဒီမိတ်ဆွေတွေနှင့် အဖွဲ့ကျနေပါပြီ
အမယ် မနက်က အာပြဲကြီးနဲ့ ငိုထားတာ သူမဟုတ်တဲ့အတိုင်း ပြုံးလို့ရွှင်လို့
စကားတွေကလဲ များလိုက်တာမှ တစ်ဝိုင်းလုံးရဲ့ ဦးဆောင်ပြီး စကားပြောသူက ဝန်းရံ
မာန စကားဝိုင်းနားကို လျှောက်သွားလိုက်တော့ အကုန်လုံးရဲ့ အကြည့်တွေက မာနဆီရောက်လာသည်
ဝန်းရံက မကျေမနပ် မျက်စောင်းလှမ်းထိုးတာကို မာနမြင်ဖြစ်အောင် မြင်လိုက်သေးသည်
'ဒါ ဦးနေမင်းရှိန်ရဲ့ သားကြီးမလား'
ဝိုင်းထဲမှ ဒယ်ဒီမိတ်ဆွေ တစ်ယောက်က လှမ်းမေးသည်
'ဟုတ်ကဲ့ ကျွန်တော့်နာမည် မင်းမာနပါ တွေ့ရတာ ဝမ်းသာပါတယ်'
'ဦးနေမင်းရှိန် သားတွေကတော့ တစ်ယောက်ကလဲ ခန့်ချောကြီး နောက်တစ်ယောက်ကလဲ ချစ်ဖို့ကောင်းလိုက်တာမှ အရမ်းပဲ'
မာနပြုံးပြီးပဲ နားထောင်နေလိုက်သည် ဝန်းရံကတော့ ပါးချိုင့်လေးတွေပါ ပေါ်သည်အထိ ရီနေတော့သည်
ဧည့်ခံပွဲက မနက်ပိုင်းပဲ ဆိုပေမဲ့ ဧည့်သည်တွေ တစ်ဖွဲဖွဲနှင့် ရောက်လာကြတာမို့ ညနေထိ ကြာသွားတော့သည်
ဧည့်သည်တွေ အကုန်လုံးကို နှုတ်ဆက်ပြီးသောအခါ
'သား မာနရေ'
'ဟုတ် မာမီ ဘာကိစ္စရှိလို့လေ'
'မာမီတို့ ခရီးကနေ အချိန်သိပ်မရတော့လို့ ခုသွားမှဖြစ်မယ်'
'ဟုတ် သွားလေ ရတယ် ကျွန်တော်ပဲ ကျန်တာအကုန် ဆက်လုပ်လိုက်မယ်'
'မဟုတ်ပါဘူးကွယ် မာမီစိတ်ပူတာ ဝန်းရံကိုပါ သားမာနအတွက် အဆင်ပြေပါ့မလားလို့'
လာပြန်ပြီ ဒီကလေးပဲလား
'ရတယ် မာမီ ကျွန်တော်အဆင်ပြေတယ် သူ့ကိုလဲ စိတ်မပူနဲ့ ခရီးမှာ ပျော်အောင်သာ နေခဲ့ကြ'
'ဟုတ်ပါပြီ အဲ့ဒါဆို မာမီတို့တွေ အိမ်ပြန်ပြီး အထုတ်အပိုးတွေ ယူပြီးရင် သွားတော့မယ်နော်'
မာနခေါင်းပဲ ငြိမ့်ပြလိုက်သည်
ဒေါ်ရွှေဝန်းရံနှင့် မာနဒယ်ဒီကတော့ ခန်းမထဲကနေ ထွက်သွားပါပြီ
'မာမီရောဟင်'
မာန ခန်းမလုပ်ထားသော ဟိုတယ်မန်နေဂျာနှင့် စာရင်းများ ရှင်းနေစဉ် နောက်ကနေ အသံသေးသေးလေး ထွက်လာလေသည်
'ဟမ် ဘာမေးတာလဲ'
မာန ကြားလိုက်ပေမဲ့ မကြားချင်ယောင်ဆောင်ကာ ပြန်မေးလိုက်သည်
'မာမီရောလို့ ဝန်းရံ မာမီကို မတွေ့တော့ဘူး'
ဝန်းရံအသံလေးက ငိုသံစွက်လာတာကြောင့် မာန သနားသွားမိသည်
ခုချိန်လောက်ဆို ဒယ်ဒီတို့လဲ အိမ်ကနေ ထွက်သွားလောက်ပါပြီလေ
'ဒယ်ဒီတို့ အိမ်ပြန်သွားတယ်လေ'
'ဟုတ်လား မာမီက ဝန်းရံကိုလဲ မခေါ်သွားဘူး'
ဟား ဘယ်လိုကလေးလဲဟ ဒင်းက သူများလင်မယားကြားထဲလဲ ဝင်ပါချင်တာပဲလား
ဒေါ်ရွှေဝန်းရံ ပြောတုန်းက အပိုတွေဟု ထင်ထားခဲ့သော်လဲ ဝန်းရံက တကယ်ကလေးပါ
သူ့ဘာသာ ပွစိပွစိပြောကာ လှည့်ထွက်သွားပြန်သည်
မာနလဲ မန်နေဂျာနှင့် ဆက်ပြောနေလိုက်သည်
ခဏကြာသောအခါ မာန အကျႌလက်မောင်းနားကို နောက်ကနေ ဖွဖွလာဆွဲပြန်သည်
မာနလှည့်ကြည့်လိုက်တော့ ဝန်းရံပဲပေါ့ မျက်နှာငယ်လေးနဲ့
'ကဲ ဘာဖြစ်ချင်ပြန်ပြီလဲ'
'ဟို မာမီတို့က ဘယ်အိမ်ကို ပြန်သွားတာလဲဟင်'
'ဟ သူတို့အတွက် ဝယ်ထားတဲ့ အိမ်အသစ်ကိုပေါ့ကွ တခြား ဘယ်ကိုသွားရမှာလဲ'
မာနတစ်ယောက် ဝန်းရံကို တစ်ကယ် စိတ်မရှည်ချင်တော့ပါ
အမယ် အမယ် နှုတ်ခမ်းစူပြီး ဆောင့်ဆောင့်နဲ့ ထွက်သွားတယ်ဗျား
မာန ခေါင်းယမ်းလိုက်ကာ မန်နေဂျာဘက် ပြန်လှည့်လိုက်သည်
ခန်းမက မနက်ပိုင်းပဲ ပြောထားပြီး အကုန်ရှင်းပြီးကာမှ ညနေပိုင်းထိ ဆက်သွားသောကြောင့် စာရင်းတွေ ရှုပ်နေခြင်း ဖြစ်သည်
ဟိုကလေးက လာလာရှုပ်တာနှင့် အစကနေ ပြန်ပြန်ရောက်သွားသောကြောင့် မန်နေဂျာကော မာနပါ စိတ်ညစ်လာသည်
'ကဲ အဲ့လိုဆို အဆင်ပြေသွားပြီမလား'
မာန သူတွက်ထားတာကို မန်နေဂျာကို ပြလိုက်သည်
မန်နေဂျာက စာရင်းစာအုပ်ကို ယူကြည့်နေတုန်း မာနဖုန်းက မြည်လာလေသည်
မာနဖုန်းကို ယူကြည့်လိုက်တော့ သူ့ဒယ်ဒီပါ
'မာနရေ ဒယ်ဒီတို့အိမ် ခဏလာခဲ့ပါဦးကွ'
ဖုန်းဖွင့်ဖွင့်ချင်း မာနဒယ်ဒီက အမောတကောနှင့် ပြောတော့သည်
'ဗျာ ဘာလို့လဲ ဒယ်ဒီတို့က မသွားရသေးဘူးလား'
တစ်ဆက်ထဲ ဝန်းရံကို သူလွှတ်လိုက်မိတာကို သတိရသွားကာ မာန ခေါင်းနားပန်းကြီးသွားလေသည်
'အေးကွ ဝန်းရဲ့သားလေး ဝန်းရံလေ ဘယ်လိုမှချော့ပြီး ထားခဲ့လို့မရလို့ကွ အတင်းလိုက်မယ်ပဲ လုပ်နေတယ်'
မာန ကျန်လက်တစ်ဖတ်နှင့် ခေါင်းကို တစ်ဗျင်းဗျင်း ကုတ်ပစ်လိုက်သည်
'ကျွန်တော် အခုလာခဲ့မယ်'
ဖုန်းကိုပိတ်ပြီး အိတ်ကပ်ထဲက ကားသော့ကို နှိုက်ကာ ထွက်ဖို့အလုပ်
'ဆရာ ဒီနားကလေ...'
မန်နေဂျာက စာရင်းစာအုပ်ကို ပြကာ ဘယ်နားတွေ ထောက်ပြနေမှန်းမသိ
'အေး မင်းအဆင်ပြေသလိုသာ လုပ်လိုက်တော့ ကြိုက်သလိုသာလုပ် အကုန်ရှင်းပေးမယ် ဟုတ်ပြီလား'
ခုနက ဝန်းရံလာလာရှုပ်လို့ မှုန်ကုပ်နေသော မန်နေဂျာရဲ့မျက်နှာက ဝင်းပသွားလေသည်
ဝန်းရံ ဝန်းရံ မင်းတော့ကွာ
မာန ကားလေးကို ခြံဝန်းထဲ ချိုးကွေ့လိုက်တော့ တွေ့ပါပြီ အိမ်ရှေ့မှာ သုံးယောက်လုံး
မာနဒယ်ဒီက ကားနားမှာ ရပ်နေပြီး ဝန်းရံက သူ့မာမီလက်ကို ဖက်ထားကာ ဒန်းပေါ်မှာ ထိုင်နေကြသည်
မာမီက ဘာတွေပြောနေလဲတော့မသိ ဝန်းရံက ခေါင်းသာ စွက်ခါနေတော့သည်
မာန ကားကိုရပ်လိုက်ပြီး ဝန်းရံဆီ လျှောက်သွားလိုက်သည်
ဒယ်ဒီနှင့် မာမီက မာနကိုသာ အားကိုးတကြီး ကြည့်လာသည်မို့ မာန ဒေါသကို နဲနဲလျော့လိုက်ရသည်
'ဝန်းရံရယ် လိမ္မာပါတယ် မာမီတို့လဲ အကြာကြီး မသွားပါဘူး ခဏရယ်ပါ'
'ဟင့်အင်း မရဘူး ဝန်းရံပါ လိုက်မယ် ဝန်းရံမာမီနဲ့ မခွဲနိုင်ဘူး ဟင့်'
မာနကို တွေ့ခါမှ မျက်ရည်လေး စမ်းစမ်းနှင့် လုပ်ပြနေသေးသည်
'မာမီတို့ သွားလေ ကျွန်တော် ရောက်လာပြီပဲဟာ'
မာမီက မာနကိုကြည့်ပြီး ဝန်းရံဖက်ထားသော လက်ကို ပြလေသည်
မာန ဒန်းနားလျောက်သွားကာ ဝန်းရံလက်တွေကို ဖယ်ပေးပြီး ကိုင်ထားလိုက်သည်
ထိုအခါမှ ဒယ်ဒီရော မာမီပါ ကားပေါ် ပြေးတက်တော့သည်
'ဟင့် လွှတ် ခင်ဗျားကြီး အနိုင်မကျင့်နဲ့ ဝန်းရံ လိုက်သွားမှာ'
ကားလေးက မောင်းထွက်သွားပါပြီ ဝန်းရံကတော့ အော်ဟစ်ရုန်းကန်နေဆဲ
ကားလေး ခြံထဲကထွက်သွားကာမှ ဝန်းရံကို လွှတ်ပေးလိုက်သည်
ဝန်းရံက လှစ်ခနဲထကာ ခြံထဲကနေ ပြေးထွက်ဖို့လုပ်သည်
'ကျွတ်...'
မာန စိတ်ညစ်ညစ်နှင့် စုတ်သပ်ကာ ဝန်းရံနောက် ပြေးလိုက်ရပြန်သည်
ဝန်းရံကို ခြံဝတွင် ပြန်မိသော်လဲ အတင်းရုန်းကန်နေတာကြောင့် နောက်ကနေ ခါးကိုတင်းနေအောင် ဖက်ထားလိုက်သည်
'လွှတ် လွှတ် ဝန်းရံကို လွှတ်ပေး ခင်ဗျားကြီး မယုတ်မာနဲ့'
ဘယ်လိုပဲ ခြံကျယ်ကြီးထဲမှာ တိုက်ကြီးနဲ့ပဲနေနေ ခုကခြံဝမှာမို့ လူမြင်မကောင်းတော့ပေ
ဘယ်လိုမှ ထိန်းမရတော့သည့်အဆုံး မာန ဝန်းရံကို ပုခုံးပေါ် ကောက်ထမ်းပစ်လိုက်သည်
'အား...ချပေး ခုချပေး ခင်ဗျားကြီး ကျုပ်ကို ခုချပေး ချပေးလို့ဆို'
ဝန်းရံအသံက မတိုးသည့်အပြင် ကျယ်သည်ထက်သာ ကျယ်လာနေတော့သည်
မာန ဝန်းရံကို ပုခုံးပေါ်ထမ်းရင်း တိုက်ထဲသာ အမြန်ပြေးဝင်ခဲ့တော့သည်