အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ...
By Empress184
616K 43.3K 1.7K
Uni Bl ficပါနော် အရင်တစ်ပုဒ်ထက် ပိုကောင်းအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ် Ocပါ ငယ်ငယ်လေးထဲက အမေနဲ့ မခွဲမ... More
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50(end)
Part-1
64.9K 2.2K 21
By Empress184
(Zawgyi)
'ဟင့်​...ရွှတ်​'
'အင့်​...'
'မာမီ အရမ်းလှ​တယ်​'
#Empress
(Uni)
မင်္ဂလာခန်းမကြီးထဲတွင် လူအများအပြားနဲ့ စည်ကားသိုက်မြိုက်နေသည်
ဧည့်သည်တွေကို နေရာချပေးသူကပေး လိုအပ်သည်များကို ညွှန်ကြားသူက ညွှန်ကြားလိုက်နှင့် ပျားပန်းခတ်မျှ လှုပ်ရှားနေကြသည်
သတို့သမီး အလှပြင်ခန်းတွင်မူ
'ဟင့်...ရွှတ်'
ဝန်းရံခတစ်ယောက် ကြိတ်ပြီး မျက်ရည်ကျနေရသည်
သူ့အတွက် ကမ္ဘာပေါ်မှာ အချစ်ရဆုံးသော မာမီက ပထမဆုံးအကြိမ်အဖြစ် သူ့နားကနေ ခွဲခွာသွားတော့မည်လေ
အတက်နိုင်ဆုံး စိတ်ထိန်းနေသော်လဲ မျက်ရည်တွေက ကျနေဆဲပင်
ဝန်းရံခပုခုံးပေါ်ကို လက်တစ်ဖက်က အသာလာပုတ်သည်
'အင့်...'
ထိုလက်ကြောင့် ပိုဝမ်းနည်းကာ ထက်ရှိုက်မိပြန်သည်
ဝန်းရံမော့ကြည့်တော့ မာမီက အနူးညံ့ဆုံး ပြုံးပြသည်
ဝန်းရံ မျက်ရည်တွေကို ကပြာကယာ ပွတ်သုတ်လိုက်ရင်း ပြုံးပြလိုက်သည်
မာမီအတွက် အပျှော်ရွှင်ဆုံးသော အချိန်လေးကို သူ့ကြောင့်စိတ်မညစ်စေချင်ဘူးလေ
သုံးဆယ်ကျော် လေးဆယ်နားနီးနေပြီဖြစ်သော မာမီက အရွယ်တင်နုပျို လှပဆဲပါ
ဒယ်ဒီဆုံးသွားသော ဆယ့်ငါးနှစ်အတွင်းမှာ မာမီက ဝန်းရံအတွက်သာ အရာအားလုံးကို ဖြည့်စည်းပေးခဲ့သည်လေ
ထို့ကြောင့်လဲ မာမီ ဝန်းရံဆီကနေ ပထမဆုံး တောင်းဆိုခဲ့သော ဒီမင်္ဂလာပွဲကို မငြင်းနိုင်ခဲ့ပါ
'မာမီ အရမ်းလှတယ်'
မာမီက အဖြူလွလွဂါဝန်ကို လှပစွာ ဝတ်ထားသည်မှာ ဝန်းရံအတွက်တော့ နတ်သမီးတစ်ပါးနှယ်
မာမီက ဝန်းရံနဖူးကို ခပ်ဖွဖွ အနမ်းတစ်ခု ခြွေပေးရင်း
'မာမီကို နားလည်ပေးလို့ သားကိုလဲ ကျေးဇူးတင်ပါတယ်'
'သား မာမီကို အရမ်းချစ်တယ်'
ဝန်းရံ မာမီကို ပွေ့ဖက်လိုက်သည်
'သတို့သမီး ခန်းမထဲဝင်ဖို့ အချိန်ရောက်ပါပြီ'
ဘေးကနေ အလှပြင်ပေးသူက အသိလာပေးတာကြောင့် ဝန်းရံ မာမီကို မော့ကြည့်လိုက်တယ်
'သား မာမီကို လိုက်ပို့ပေးမယ်မလား'
ဝန်းရံ ခေါင်းညိတ်ပြလိုက်သည်
ခန်းမထဲတွင် သတို့သမီး လာချိန်ရောက်ပြီမို့ တီးလုံးက တစ်မျိုးပြောင်းသွားသည်
စောနက ပျားပန်းခတ်နေသော လူများအကုန် ငြိမ်သက်သွားကြကာ ခန်းမဝင်ပေါက်ကို ကြည့်နေကြသည်
ကောင်းချီးပေးမည့် ဆရာရှေ့တွင်မူ သတို့သားက အဖြူရောင် အနောက်တိုင်း ဝတ်စုံကို စမတ်ကျစွာဝတ်ကာ ရပ်စောင့်နေသည်
ထိုသတို့သားဘေးတွင် အသက်နှစ်ဆယ်အရွယ် ကောင်လေးတစ်ယောက်က သတို့သားနှင့် တူညီစွာဝတ်ဆင် စောင့်ဆိုင်းနေသည်
ခန်းမထဲသို့ သတို့သမီးက ကောင်လေးတစ်ယောက် လက်ကိုချိတ်ကာ ဝင်လာလေသည်
ထိုကောင်လေးသည်လဲ သတို့သားနှင့် တူညီစွာ ဝတ်ဆင်ထားခြင်းပင်
သတို့သမီး ဝင်လာသည်နှင့် လျှောက်လမ်းတစ်လျောက် နှင်းဆီပွင့်ဖတ် အဖြူရောင်လေးများနှင့် ဖြန့်ကြဲပေးသည်
ကောင်းချီးပေးမည့် ဆရာရှေ့ရောက်သောအခါ ဝန်းရံ မာမီလက်ကို ဖြုတ်ပေးလိုက်ပြီး ဘေးမှာရပ်နေလိုက်သည်
မင်းမာန သတို့သမီး ဝင်လာတုန်းက လှည့်ကြည့်ဖို့ စိတ်ကူးမရှိတာနဲ့ မကြည့်မိ
သတို့သမီးကို ခေါ်လာတဲ့တစ်ယောက်က ဘေးမှာလာရပ်ကာမှ ထိုသူကို လှည့်ကြည့်လိုက်သည်
ခေါင်းကို တည့်တည့်ပဲ လှည့်ကြည့်လိုက်သော်လဲ ဘေးကကောင်လေးက သူ့ထက်ပုနေသောကြောင့် အောက်ကိုနဲနဲစိုက်ကြည့်လိုက်သည်
ထိုကောင်လေး မျက်နှာကိုကြည့်ပြီး မင်းမာနနှုတ်ခမ်းတွေ အနဲငယ်ပြုံးယောင် သမ်းသွားသည်
ဘယ်လိုကောင်လေးပါလိမ့် ကလေးလဲမဟုတ်ပဲ ငိုထားတာများ နှာခေါင်းလေးကို ရဲနေတာပဲ
ဘေးတိုက်မို့ မင်းမာနမြင်နေရတာက နီရဲနေတဲ့ နှာခေါင်းလေးရယ် မျက်ရည်မခြောက်တခြောက် ဖြစ်နေတဲ့ မျက်လုံးလေးတွေရယ်ပဲ ဖြစ်သည်
မင်းမာန မင်္ဂလာပွဲကိုသာ ပြန်အာရုံစိုက်နေလိုက်သည်
ဝန်းရံခသည်လည်း သူ့မာမီကိုသာ ပျောက်သွားမည် စိုးသည့်ပမာ အကြည့်မလွှဲပဲ ကြည့်နေလေသည်
အရင်ficတွေ upမပြီးသေးပဲ အရမ်းရေးချင်လာလို့ ရေးလိုက်ပြီ updateက အနဲဆုံး တစ်ပါတ်ကို တစ်ပိုင်းတော့ တင်ပေးပါတယ်နော် တခြား ရေးလက်စ ficတွေလဲ အများကြီးရှိလို့ နားလည်ပေးကြပါ
#Empress
Continue Reading
You'll Also Like
4.1K 440 32
350K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
261K 41.5K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
8.8K 198 3
#Unicode သူ့ နာမည် က ' Mine ' သူ က ကျွန်တော့်အပိုင် #Zawgyi သူ့ နာမည် က ' Mine ' သူ က ကျွန်တော့်အပိုင်