"လူသတ္မႈ ျဖစ္လို႔တဲ့.. "
ေရာင္ေန လန္႔သြားသည္....
သူ ဆက္ၿပီး ေဘးဝိုင္းက ေျပာသံကို ဆက္ၿပီး နားေထာင္ၾကည့္ေနမိသည္.. ေဘးက အန္တီႀကီးမ်ားက ထမင္းဆိုင္ကို သူတို႔ အိမ္အလား အသံက်ယ္က်ယ္ျဖင့္ ေျပာေနၾကသည္..
"ေသတဲ့သူက ၾကည္မင္းရဲ႕ မိန္းမပိုးၾကည္ျဖဴ ေလ.."
နည္းနည္း ဝဝဖိုင္ဖိုင့္ ဆံပင္ေကာက္ေကာက္နဲ႔ အန္တီႀကီးက ဝင္ေျပာသည္...
"ၾကည္မင္းဆိုတာ .. ရပ္ကြက္ထဲ အျမဲ မူး႐ူးေနတဲ့ ၾကည္မင္းမလား.... "
ခပ္ပိန္ပိန္အန္တီႀကီးက ဝင္ေမးလိုက္ရာဝယ္.. အသာညိဳညိဳ အန္တီႀကီးက သူ႔မွာ ႐ွိသမွ် သတင္းအခ်က္အလက္ေတြကို ေဖာက္သည္ခ်ပါေတာ့သည္..
"ဟုတ္ပါ့... အဲ့ၾကည္မင္းပဲ.. မေန႔ညက သူမူး႐ူးလာၿပီး လင္မယား ႏွစ္ေယာက္ ရန္ျဖစ္တာေလ.. အဲ့တာ မနက္ႏို္းလာေတာ့ သူ႔မိန္းမက မီးဖိုေခ်ာင္ထဲ ဓားထိုးခံရၿပီးေတာ့ ေသေနတာပဲ.. "
ဝဝဖိုင့္ဖိုင့္ အန္တီႀကီးက ဝင္ေျပာသည္..
"ဟုတ္တယ္... မေန႔က ပန္းကန္ကြဲသံေတြဆိုတာ ညံစီေနတာပဲ. အိမ္က ေယာက်ာ္းေတာင္ ညသန္းေခါင္မို႔ ေျပာေနေသးတယ္.. လူေတြက တျဖည္းျဖည္း ေၾကာက္ဖို႔ ေကာင္းလာတယ္ေနာ္.. "
ထိုအန္တီႀကီးစကားကို အသားညိဳညိဳ အန္တီႀကီးက ဝင္ေထာက္ေလသည္..
"ဟုတ္ပါ့ဆို... ဒီေန႔မနက္ဘဲ ၾကည္မင္းက ႏိုးလာၿပီး သူ႔မိန္းမ ေသေနတာကိုလဲ ေတြ႔ေရာ.. ေအာ္ဟစ္ၿပီး လမ္းမေပၚေျပးထြက္လာတာ... ၾကည့္ရတာ သူ လုပ္ခဲ့တာ သူမမွတ္မိဘူးနဲ႔တူပါတယ္.."
"ေအးေပါ့.. အဲ့ေလာက္ မူး႐ူးေနတာကိုး.. အဲ့တာေၾကာင့္မို႔ ဘုရားေျပာတာေပါ့. အရက္ေသာက္ထားတဲ့သူက မလုပ္ရဲတာ ဘာမ႐ွိဘူးလို႔.. သူ႔မ္ိန္းမလည္း သနားပါတယ္ေအ.. အရက္သမားကို လင္ေတာ္ရတာေတာင္ မကလို႔ ေယာက်ာ္းသတ္တာ ခံရၿပီး အေသဆိုးနဲ႔ေသရတယ္.. "
ထိုစဥ္ ခပ္ပိန္ပိန္ အန္တီႀကီးမွ ဝင္၍ ေမးသည္..
" အဲ့တာ ရဲေတြက ဘယ္လို ေရာက္လာတာလဲ.. "
"ဘယ္လိုေ႐ာက္ရမလဲ.. ဖုန္းဆက္ၿပီး ရဲကို တိုင္လိုက္တာေပါ့.. သူ႔ကိုလာဖမ္းတဲ့ ရဲထဲမွာ ငါတို႔ရပ္ကြက္ထဲက ရဲေခ်ာေခ်ာေလးေတာင္ပါေသးတယ္.. "
သူ အေဒၚႀကီးတို႔ စကားဝ္ိုင္းဆီ လွည့္လိုက္ၿပီး စူးစမ္းခ်င္ဟန္ျဖင့္ ဝင္၍ေမးလိုက္သည္..
"အန္တီတို႔.. အဲ့ဒီ ၾကည္မင္းဆိုတဲ့သူကို ေကာင္းေကာင္းသိၾကလား.. "
ေဒၚႀကီးမ်ားသည္ ေျပာလက္စ စကားကို ရပ္ကာ သူ႔ကို ၾကည့္လာၾကသည္..
ထို႔ေနာက္ ဝဝဖိုင့္ဖိုင့္ အန္တီႀကီးက ဝင္ေျဖသည္..
"သိတာေပါ့... ငါတို႔ တစ္အိမ္ေက်ာ္မွာပဲ ေနတာကို.. "
သူထပ္ေမးလိုက္သည္..
" ဒါဆို ၾကည္မင္းရဲ႕ ဘယ္ဘက္လက္ လက္မနဲ႔ လက္ညိဳးၾကားမွာ မီးေလာင္ရာ ႐ွိလား.. "
အန္တီက သူ႔ရဲ႕ ေမးခြန္းကို ၾကားေတာ့ သူ႔ကို ထူးဆန္းစြာၾကည့္လာသည္..
ထို႔ေနာက္ ျပန္ေျဖသည္..
" မ႐ွိဘူးထင္တာပဲ... ဘာလို႔ေမးတာလဲကေလး.. "
သူေခါင္းခါလိုက္သည္..
"ဘာမွ မဟုတ္ပါဘူးအန္တီ.. ေက်းဇူးပါ.. သြားဦးမယ္ေနာ္. "
သူကေတာ့ ေန႔လည္ ထမင္းစားနားခ်ိန္ ကုန္ေတာ့မည္ျဖစ္၍ ထြက္လာခဲ့လိုက္သည္..
ဒါဆို သူ တရားခံ မဟုတ္တာ ေသခ်ာၿပီေပါ့.. ဒါဆို သူ တစ္ခုခု လုပ္ရမည္....
ကြၽန္ေတာ့္နာမည္က ေရာင္ေနဦး ... နာမည္က နည္းနည္းေတာ့ ဆန္းတယ္ဟုတ္..
ဒီနာမည္က သူ႔အဖြားေပးခဲ့တဲ့နာမည္..
သူငယ္ငယ္တုန္းကေတာ့ အဖြားနဲ႔ တူတူ ေနပါတယ္.. ဒါေပမယ့္ အဖြားဆံုးၿပီးေနာက္ပိုင္း သူ ဒီလူ႔ေလာကမွာ တစ္ေကာင္ႂကြက္ျဖစ္ခဲ့ရတယ္ေပါ့..
သူ႔မိဘေတြကေတာ့ ဆံုးတာ ၾကာလွၿပီ.. သူ႔အတြက္ေတာ့ ေလာကႀကီးက တိုက္ခိုက္ရမယ့္ ကြင္းျပင္တစ္ခုလိုပဲ..
ဒီကြင္းျပင္မွာ သူ အခက္အခဲေတြ နာက်င္မႈေတြကို တစ္ေယာက္တည္း တိုက္ခိုက္ေနခဲ့တာ အထက္တန္း ႁပီးကတည္းကပါ.. အထက္တန္းၿပီးေတာ့ အဖြားလည္းဆံုး.. သူလည္း တစ္ေယာက္တည္းျဖစ္ခဲ့ရေတာ့ သူ သူ႔အနာဂတ္ကို ဘာလုပ္ရမွန္းမသိေအာင္ ခဏေတြေဝခဲ့ဖူးပါတယ္..
ဒါေပမယ့္ သူ႔အိမ္မက္က ေ႐ွ႕ေန ဒါမွမဟုတ္ တရားသူႀကီး ျဖစ္ခ်င္တာေလ.. အဲ့ေတာ့ သူ အထက္တန္းၿပီးေတာ့ တကၠသိုလ္ကို ဥပေဒပညာ သင္ယူဖို႔ ေရြးခ်ယ္ခဲ့ပါတယ္.. တကၠသိုလ္ကို အဖြားခ်န္ခဲ့ေပးတဲ့ ေငြေလးနဲ႔ အခ်ိန္ပိုင္းအလုပ္က ႐ွာလို႔ရတဲ့ ေငြေလးနဲ႔ပဲ ဆက္တက္ေနခဲ့ရတာ..
အခုေတာ့ တတိယႏွစ္ကို ေရာက္ေနၿပီ..
သူ႔မွာ ဘယ္သူမွ မေျပာရေသးတဲ့ လ်ိဳ႕ဝွက္ခ်က္တစ္ခု႐ွိေသးတယ္.. အဲ့တာကေတာ့ ဘာလဲ ခင္ဗ်ားတို႔ သိလာမွာပါ..
အခုေတာ့ အတန္းခ်ိန္ ေနာက္က်လို႔ ေျပးေတာ့မယ္..
...................................................................................
"ေဟ့... စစ္ႏိုင္း.. မနက္က ဖမ္းလာတဲ့ တရားခံကို မင္းစစ္လိုက္ကြာ.. "
အဖြဲ႔မွဴးရဲ႕ အမိန္႔ကို နာခံကာ သူ တရားခံ စစ္ေဆးတဲ့အခန္းသို႔ ဝင္လိုက္သည္..
ထို႔ေနာက္ စားပြဲတြင္ ဝင္ထိုင္လိုက္သည္..
Laptop ဖြင့္၍ တရားခံ၏ အခ်က္အလက္မ်ားကို ေသခ်ာ ဖတ္လိုက္သည္...
"ၾကည္မင္း.. အသက္ ၃၈ ႏွစ္.. အလုပ္လက္မဲ့.. "
ထို႔ေနာက္ သူ တရားခံကို စူးစူးရဲရဲ စိုက္ၾကည့္လိုက္သည္.. တရားခံရဲ႕မ်က္ႏွာမွာ အရက္သမားဟု ေတြတဲ့သူတိုင္း ေျပာႏိုင္ေလာက္ေအာင္ နီနီတြတ္တြတ္ျဖစ္ေနသည္..
ထို႔ျပင္ မ်က္လံုးမွာ ေၾကာက္လန္႔မႈမ်ား ျပည့္ႏွက္ေနသည္..
ဒါေၾကာင့္ သူ ျမန္ျမန္ ဝန္ခံလိုျငား ေလသံ ခပ္တင္းတင္းျဖင့္ ေမးလိုက္သည္..
"မင္း ဘာလို႔ မင္းမိန္းမကို သတ္ရတာလဲ.. "
တရားခံမွာ သူ႔အေမးကိုမေျဖ ငိုေနကာ ေခါင္းကို ေအာက္သို႔ ငံု႔ေနသည္...
သူစိတ္မ႐ွည္ေပ...
"ေဟ့... ေမးေနတယ္ေလ.. "
ေျပာေျပာဆိုဆို စားပြဲကို ဒုန္းခနဲမည္ေအာင္ ထုလိုက္သည္..
တရားခံမွာ ႐ုတ္တရက္ လန္႔၍ တြန္႔သြားသည္.. ထို႔ေနာက္ ေခါင္းကို တျဖည္းျဖည္းေမာ့လာကာ.. သနားစဖြယ္ အသံျဖင့္ေျပာသည္..
"ကြၽန္ေတာ္ မသတ္ပါဘူးဗ်ာ.. "
သူ ပါးစပ္ကို ကြၽတ္ခနဲမည္ေအာင္ စုတ္သတ္လိုက္သည္.. ထို႔ေနာက္ အသံကို ျမင့္၍ ေျပာလိုက္သည္..
"မင္း မသတ္လို႔ ဘယ္သူသတ္မလဲကြ.. မေန႔က မင္းမူး႐ူးၿပီး ရန္ျဖစ္ၾကေသးတယ္ဆို.. မင္း အိမ္နီးခ်င္းေတြ အကုန္ ေျပာျပၿပီးၿပီ..
ခက္ခဲေအာင္ မလုပ္စမ္းနဲ႔ကြာ.. ဝန္ခံလိုက္.. "
တရားခံက အရင္ကထက္ လႈပ္လႈပ္႐ွား႐ွားျဖစ္လာကာ.. မတ္တပ္ထရပ္လိုက္သည္..
ထို႔ေနာက္ ၾကမ္းျပင္သို႔ ဒူးေထာက္ကာ သူ႔ကို တတြတ္တြတ္ တိုင္တည္၍ ေျပာေနေလသည္..
" ကြၽန္ေတာ္ မသတ္ပါဘူးဗ်ာ.. ကြၽန္ေတာ္မူးေနတာ မွန္ေပမယ့္ ကြၽန္ေတာ္ မသတ္ပါဘူး.. ကြၽန္ေတာ္ အသိမလြတ္ေသးပါဘူး.. ကြၽန္ေတာ္ သူနဲ႔ ရန္ျဖစ္ၿပီး အခန္းထဲ ဝင္အိပ္ေနတာပါ..
ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကို ယံုပါ စံုေထာက္ႀကီးရယ္.. "
သူ စကားကို မာႏိုင္သမ်ွ မာႏိုင္ေသာ အသံျဖင့္ ျပန္ေမးလိုက္သည္..
"မင္း မသတ္ဘူးလို႔ ေျပာေနတယ္.. မင္းမွာ သက္ေသ႐ွိလား.. "
ထိုအခါ တရားခံက ေခါင္းကို ငံု႔သြားေလသည္..
" ရၿပီ.. မင္းကို အခ်ိန္ေပးမယ္.. ငါ ေနာက္တစ္ခါ လာလို႔ ဝန္မခံေသးရင္ မင္းအသားနာမယ္.. "
သူ တံခါးကို တြန္း၍ ဖြင့္လိုက္သည္..
အရက္မူးၿပီး မိန္းမကို သတ္ၿပီးတာေတာင္ ဝန္မခံပဲ ေနခ်င္ေသးတယ္ေပါ့..
သူ သူ႔စားပြဲကို ေရာက္ေတာ့ အားမ႐ွိေတာ့သလို ထိုင္ခ်ပစ္လိုက္သည္..
"ဘာလဲ.. မတရားခံရတာပါတဲ့လား.. "
ေဘးမွ သူ႔ရဲ႕ Partner ျဖစ္တဲ့ စံုေထာက္ ကိုရဲျမင့္က သူ႔ကိုေမးသည္..
"ထံုးစံအတိုင္းပဲေပါ့ဗ်ာ.. "
သူမေျဖခ်င္ ေျဖခ်င္ႏွင့္ ေျဖ၍ မ်က္လံုးႏွစ္လံုးၾကားကို ႏွိပ္ႏွယ္လိုက္သည္..
သူတစ္ေန႔တစ္ေန႔ တရားခံေတြနဲ႔ စကားေတြ ေျပာရတာ ပင္ပန္းသည္..
အစကေတာ့ ဒီ စံုေထာက္အလုပ္လုပ္ရတာ စိတ္ဝင္စားဖို႔ေကာင္းမည္ထင္မိသည္..
ဒါေပမယ့္ ခက္ခဲတဲ့ အမႈဆိုတာ သိပ္မ႐ွိ.. ဒါေၾကာင့္ စံုစမ္းေနရတာထက္ တရားခံစစ္ေမးေနရတာက ပိုေနသည္..
သူငယ္ငယ္တုန္းက စံုေထာက္မႈခင္းကားေတြ James Bond ကားေတြ ၾကည့္ၿပီး စံုေထာက္အလုပ္ လုပ္ခ်င္ခဲ့သူပင္...
အိမ္က မိဘေတြက ကန္႔ကြက္သည္... သူတို႔အေနနဲ႔ သူတို႔ လုပ္ငန္းကိုပဲ ဆက္ခံေစခ်င္ၾကသည္..
ဒါေပမယ့္ သူက ကုမၸဏီ ကိစၥေတြ စိတ္မဝင္စား..
သူ႔အေဒၚက Entertainment Company ေထာင္ထားေတာ့ သူ႔ကို မင္းသား ဝင္လုပ္ဖို႔လည္း ေျပာေသးသည္..
သူ႔႐ုပ္က မ်က္ခံုးေကာင္းေကာင္း အရပ္႐ွည္႐ွည္ႏွင့္ ေယာက်ာ္းပီသတဲ့ မ်က္ႏွာမို႔ အဆင္ေျပသည္တဲ့..
သူထိုမွ်ေသာ ေရြးခ်ယ္မႈထဲကမွ ဒီ ရဲစံုေထာက္အလုပ္ကို ဝါသနာတစ္ခုတည္းႏွင့္ ေရြးခ်ယ္ခဲ့သည္..
အခုေတာ့ တစ္ေနကုန္ တရားခံစစ္ေနရသည္..
သူ စိတ္ပ်က္စြာ ေခါင္းခါရမ္းမိသည္..
"ေကာင္းစစ္ႏိုင္း.. မင္းကို ေကာင္ေလးတစ္ေယာက္ လာေတြ႕တယ္"
သူ႔ကို လာေတြ႔တယ္.. အငယ္ေကာင္မ်ားလား..
" ေအးေအး.. "
သူျပန္ထူးလိုက္ကာ ကုလားထိုင္တြင္ ခ်ိတ္ထားေသာ ဂ်ာကင္ကို ဝတ္လိုက္သည္..
အငယ္ေကာင္ဆို သူ မုန္႔လိုက္ဝယ္ေကြၽးရဦးမည္မို႔ေပ..
သူ ရဲစခန္း အျပင္ထြက္လိုက္ေတာ့ အျပင္ဘက္မွာ ေကာင္ေလးတစ္ေယာက္ ရပ္ေနသည္..
သူ႔ထြက္လာသည္ကို စိုက္ၾကည့္ေနသည္မို႔ သူ ေသခ်ာအာရံုစိုက္ၿပီး ၾကည့္လိုက္သည္..
ေကာင္ေလး႐ုပ္က ေခ်ာေခ်ာႏုႏုေလးမို႔ သူ အခုမွ အသက္ ၂၀ ေလာက္ပဲ ႐ွိဦးမည္.. သူ႔ကို မ်က္လံုး ဝိုင္းဝိုင္းေလးႏွင့္ ရႊန္းရၸႊန္းစားစား ၾကည့္ေနကာ သူထံ လမ္းေလ်ွာက္၍ လာသည္..
"စံုေထာက္ ကိုေကာင္းစစ္ႏိုင္း... ကြၽန္ေတာ့္နာမည္က ေရာင္ေနဦးပါ.. "
သူ႔ကို လာေတြ႔တာ ဒီေကာင္ေလးလား...
"ေအး.. ဘာကိစၥလဲ.. "
ေကာင္ေလးက သူ႔အေျဖကို တစ္ခဏေလာက္ စဥ္းစားၿပီးမွ ျပန္ေျဖသည္..
" ဟို ေျပာစရာ႐ွိလို႔ပါ.. ကြၽန္ေတာ့္ကို အခ်ိန္ခဏေလာက္ ေပးႏိုင္မလား.. "
"ေအး..ငါ့ေနာက္လိုက္ခဲ့"
သူ ေကာင္ေလးကို ရဲစခန္းရဲ႕ အားကစားကြင္းဘက္ကို ေခၚခဲ့လိုက္သည္..
ထို႔ေနာက္ ကစားကြင္းရဲ႕ ေလွကားမွာ ထိုင္လိုက္ကာ ေမးလိုက္သည္..
"ထိုင္.. ေျပာစရာ႐ွိတာ ျမန္ျမန္ေျပာ.. ငါ လုပ္စရာ႐ွိေသးတယ္.. "
ေကာင္ေလးက သူ႔ကို ေခါင္းညိတ္ျပကာ သူ႔ေဘးမွာ ဝင္ထိုင္လိုက္သည္..
"ကြၽန္ေတာ္ ေျပာခ်င္တာက... "
ေကာင္ေလးက ေျပာေနရင္း စကားကို ခဏရပ္လိုက္သည္.. စကားစီေနသလိုပင္.. ထို႔ေနာက္ ခဏၾကာေတာ့ ေကာင္ေလးက ပင့္သက္႐ွိဳက္လိုက္ၿပီး ဆက္ေျပာသည္..
"ကြၽန္ေတာ္ ေျပာခ်င္တာက မေန႔က သူ႔မိန္းမကို သတ္တဲ့အမႈတဲ့ ဖမ္းသြားတဲ့ ကိုၾကည္မင္းက တရားခံ မဟုတ္ဘူးဆိုတာကိုပါ.. "
သူ ေကာင္ေလးရဲ႕ ေျပာစကားကို ၾကားၿပီး ေကာင္ေလးကို ေသခ်ာ စိုက္ၾကည့္ကာ သူျပန္ေမးလိုက္သည္..
"မင္းက ဘယ္သူလဲ.. ဘယ္လိုသိတာလဲ.. "
သူ႔ဘက္ကို ေခါင္းလွည့္လာကာ ေျပာသည္.. ထို႔ေနာက္ သူ႔ကို မဝ့ံမရဲၾကည့္လိုက္ကာ ေျပာေလသည္..
"တရားခံက ဘယ္ဘက္လက္ လက္မနဲ႔လက္ညိဳးၾကားမွာ မီးေလာင္ရာ ႐ွိတယ္... ၾကည္မင္းရဲ႕ လက္မွာ ဘာမွ မ႐ွိဘူးမလား.. "
သူက တရားခံကို အဲ့ေလာက္ အေသးစိတ္ပံုေဖာ္နိင္ရေအာင္ မ်က္ျမင္သက္ေသမ်ားလား...
သူ ျပန္ေမးလိုက္သည္..
"မင္းက တရားခံကို ဘယ္လို သိတာလဲ.. မင္းျမင္လိုက္လို႔လား.. မင္းက မ်က္ျမင္သက္ေသ လား.. "
သူ႔အေမးကို ေကာင္ေလးက ေခါင္းငံု႔၍ ေျဖျပန္သည္..
"အဲ့လိုေတာ့ မဟုတ္ပါဘူး... ဒီအတိုင္း.. "
ေျပာရင္း ဆက္မေျပာေတာ့ပဲ စကားစ ႐ွာေနသည္ႏွင့္တူသည္..
သူ စိတ္မ႐ွည္ေတာ့.. မတ္တပ္ထရပ္လိုက္သည္.. ထို႔ေနာက္ စကားသံ မာမာျဖင့္ ေကာင္ေလးကို အမိန္႔ေပးလိုက္သည္...
" ေပါက္တက္ကရေတြ ေျပာမယ္ဆို လာမေျပာနဲ႔.. ငါအလုပ္႐ႈပ္ေနတယ္.. "
ေျပာေျပာဆိုဆို သူလွည့္ထြက္လိုက္သည္...
ထိုအခါမွ ေကာင္ေလးက သူ႔ကို ေအာ္ေျပာေလသည္..
" ကြၽန္ေတာ္ျမင္ခဲ့တယ္... လူသတ္သမားက အဲ့မိန္းမရဲ႕ ဗိုက္ကို ဓားနဲ႔ ထိုးခဲ့တာ.. ကြၽန္ေတာ္ ျမင္ခဲ့တယ္.. "
သူ႔ေျခလွမ္းေတြ ရပ္တန္႔သြားသည္..
ထို႔ေနာက္ သူ ေနာက္ျပန္လွည့္၍ ၾကည့္လိုက္သည္..
ေကာင္ေလးက မတ္တပ္ရပ္လ်က္ သူ႔ကို ၾကည့္ေနသည္..
××××××××××××××××××××××××××××××××××××××
Unicode
"လူသတ်မှု ဖြစ်လို့တဲ့.. "
ရောင်နေ လန့်သွားသည်....
သူ ဆက်ပြီး ဘေးဝိုင်းက ပြောသံကို ဆက်ပြီး နားထောင်ကြည့်နေမိသည်.. ဘေးက အန်တီကြီးများက ထမင်းဆိုင်ကို သူတို့ အိမ်အလား အသံကျယ်ကျယ်ဖြင့် ပြောနေကြသည်..
"သေတဲ့သူက ကြည်မင်းရဲ့ မိန်းမပိုးကြည်ဖြူ လေ.."
နည်းနည်း ဝဝဖိုင်ဖိုင့် ဆံပင်ကောက်ကောက်နဲ့ အန်တီကြီးက ဝင်ပြောသည်...
"ကြည်မင်းဆိုတာ .. ရပ်ကွက်ထဲ အမြဲ မူးရူးနေတဲ့ ကြည်မင်းမလား.... "
ခပ်ပိန်ပိန်အန်တီကြီးက ဝင်မေးလိုက်ရာဝယ်.. အသာညိုညို အန်တီကြီးက သူ့မှာ ရှိသမျှ သတင်းအချက်အလက်တွေကို ဖောက်သည်ချပါတော့သည်..
"ဟုတ်ပါ့... အဲ့ကြည်မင်းပဲ.. မနေ့ညက သူမူးရူးလာပြီး လင်မယား နှစ်ယောက် ရန်ဖြစ်တာလေ.. အဲ့တာ မနက်နိုးလာတော့ သူ့မိန်းမက မီးဖိုချောင်ထဲ ဓားထိုးခံရပြီးတော့ သေနေတာပဲ.. "
ဝဝဖိုင့်ဖိုင့် အန်တီကြီးက ဝင်ပြောသည်..
"ဟုတ်တယ်... မနေ့က ပန်းကန်ကွဲသံတွေဆိုတာ ညံစီနေတာပဲ. အိမ်က ယောကျာ်းတောင် ညသန်းခေါင်မို့ ပြောနေသေးတယ်.. လူတွေက တဖြည်းဖြည်း ကြောက်ဖို့ ကောင်းလာတယ်နော်.. "
ထိုအန်တီကြီးစကားကို အသားညိုညို အန်တီကြီးက ဝင်ထောက်လေသည်..
"ဟုတ်ပါ့ဆို... ဒီနေ့မနက်ဘဲ ကြည်မင်းက နိုးလာပြီး သူ့မိန်းမ သေနေတာကိုလဲ တွေ့ရော.. အော်ဟစ်ပြီး လမ်းမပေါ်ပြေးထွက်လာတာ... ကြည့်ရတာ သူ လုပ်ခဲ့တာ သူမမှတ်မိဘူးနဲ့တူပါတယ်.."
"အေးပေါ့.. အဲ့လောက် မူးရူးနေတာကိုး.. အဲ့တာကြောင့်မို့ ဘုရားပြောတာပေါ့. အရက်သောက်ထားတဲ့သူက မလုပ်ရဲတာ ဘာမရှိဘူးလို့.. သူ့မိန်းမလည်း သနားပါတယ်အေ.. အရက်သမားကို လင်တော်ရတာတောင် မကလို့ ယောကျာ်းသတ်တာ ခံရပြီး အသေဆိုးနဲ့သေရတယ်.. "
ထိုစဉ် ခပ်ပိန်ပိန် အန်တီကြီးမှ ဝင်၍ မေးသည်..
" အဲ့တာ ရဲတွေက ဘယ်လို ရောက်လာတာလဲ.. "
"ဘယ်လိုရောက်ရမလဲ.. ဖုန်းဆက်ပြီး ရဲကို တိုင်လိုက်တာပေါ့.. သူ့ကိုလာဖမ်းတဲ့ ရဲထဲမှာ ငါတို့ရပ်ကွက်ထဲက ရဲချောချောလေးတောင်ပါသေးတယ်.. "
သူ အဒေါ်ကြီးတို့ စကားဝိုင်းဆီ လှည့်လိုက်ပြီး စူးစမ်းချင်ဟန်ဖြင့် ဝင်၍မေးလိုက်သည်..
"အန်တီတို့.. အဲ့ဒီ ကြည်မင်းဆိုတဲ့သူကို ကောင်းကောင်းသိကြလား.. "
ဒေါ်ကြီးများသည် ပြောလက်စ စကားကို ရပ်ကာ သူ့ကို ကြည့်လာကြသည်..
ထို့နောက် ဝဝဖိုင့်ဖိုင့် အန်တီကြီးက ဝင်ဖြေသည်..
"သိတာပေါ့... ငါတို့ တစ်အိမ်ကျော်မှာပဲ နေတာကို.. "
သူထပ်မေးလိုက်သည်..
" ဒါဆို ကြည်မင်းရဲ့ ဘယ်ဘက်လက် လက်မနဲ့ လက်ညိုးကြားမှာ မီးလောင်ရာ ရှိလား.. "
အန်တီက သူ့ရဲ့ မေးခွန်းကို ကြားတော့ သူ့ကို ထူးဆန်းစွာကြည့်လာသည်..
ထို့နောက် ပြန်ဖြေသည်..
" မရှိဘူးထင်တာပဲ... ဘာလို့မေးတာလဲကလေး.. "
သူခေါင်းခါလိုက်သည်..
"ဘာမှ မဟုတ်ပါဘူးအန်တီ.. ကျေးဇူးပါ.. သွားဦးမယ်နော်. "
သူကတော့ နေ့လည် ထမင်းစားနားချိန် ကုန်တော့မည်ဖြစ်၍ ထွက်လာခဲ့လိုက်သည်..
ဒါဆို သူ တရားခံ မဟုတ်တာ သေချာပြီပေါ့.. ဒါဆို သူ တစ်ခုခု လုပ်ရမည်....
ကျွန်တော့်နာမည်က ရောင်နေဦး ... နာမည်က နည်းနည်းတော့ ဆန်းတယ်ဟုတ်..
ဒီနာမည်က သူ့အဖွားပေးခဲ့တဲ့နာမည်..
သူငယ်ငယ်တုန်းကတော့ အဖွားနဲ့ တူတူ နေပါတယ်.. ဒါပေမယ့် အဖွားဆုံးပြီးနောက်ပိုင်း သူ ဒီလူ့လောကမှာ တစ်ကောင်ကြွက်ဖြစ်ခဲ့ရတယ်ပေါ့..
သူ့မိဘတွေကတော့ ဆုံးတာ ကြာလှပြီ.. သူ့အတွက်တော့ လောကကြီးက တိုက်ခိုက်ရမယ့် ကွင်းပြင်တစ်ခုလိုပဲ..
ဒီကွင်းပြင်မှာ သူ အခက်အခဲတွေ နာကျင်မှုတွေကို တစ်ယောက်တည်း တိုက်ခိုက်နေခဲ့တာ အထက်တန်း ပြီးကတည်းကပါ.. အထက်တန်းပြီးတော့ အဖွားလည်းဆုံး.. သူလည်း တစ်ယောက်တည်းဖြစ်ခဲ့ရတော့ သူ သူ့အနာဂတ်ကို ဘာလုပ်ရမှန်းမသိအောင် ခဏတွေဝေခဲ့ဖူးပါတယ်..
ဒါပေမယ့် သူ့အိမ်မက်က ရှေ့နေ ဒါမှမဟုတ် တရားသူကြီး ဖြစ်ချင်တာလေ.. အဲ့တော့ သူ အထက်တန်းပြီးတော့ တက္ကသိုလ်ကို ဥပဒေပညာ သင်ယူဖို့ ရွေးချယ်ခဲ့ပါတယ်.. တက္ကသိုလ်ကို အဖွားချန်ခဲ့ပေးတဲ့ ငွေလေးနဲ့ အချိန်ပိုင်းအလုပ်က ရှာလို့ရတဲ့ ငွေလေးနဲ့ပဲ ဆက်တက်နေခဲ့ရတာ..
အခုတော့ တတိယနှစ်ကို ရောက်နေပြီ..
သူ့မှာ ဘယ်သူမှ မပြောရသေးတဲ့ လျို့ဝှက်ချက်တစ်ခုရှိသေးတယ်.. အဲ့တာကတော့ ဘာလဲ ခင်ဗျားတို့ သိလာမှာပါ..
အခုတော့ အတန်းချိန် နောက်ကျလို့ ပြေးတော့မယ်..
...................................................................................
"ဟေ့... စစ်နိုင်း.. မနက်က ဖမ်းလာတဲ့ တရားခံကို မင်းစစ်လိုက်ကွာ.. "
အဖွဲ့မှူးရဲ့ အမိန့်ကို နာခံကာ သူ တရားခံ စစ်ဆေးတဲ့အခန်းသို့ ဝင်လိုက်သည်..
ထို့နောက် စားပွဲတွင် ဝင်ထိုင်လိုက်သည်..
Laptop ဖွင့်၍ တရားခံ၏ အချက်အလက်များကို သေချာ ဖတ်လိုက်သည်...
"ကြည်မင်း.. အသက် ၃၈ နှစ်.. အလုပ်လက်မဲ့.. "
ထို့နောက် သူ တရားခံကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်.. တရားခံရဲ့မျက်နှာမှာ အရက်သမားဟု တွေတဲ့သူတိုင်း ပြောနိုင်လောက်အောင် နီနီတွတ်တွတ်ဖြစ်နေသည်..
ထို့ပြင် မျက်လုံးမှာ ကြောက်လန့်မှုများ ပြည့်နှက်နေသည်..
ဒါကြောင့် သူ မြန်မြန် ဝန်ခံလိုငြား လေသံ ခပ်တင်းတင်းဖြင့် မေးလိုက်သည်..
"မင်း ဘာလို့ မင်းမိန်းမကို သတ်ရတာလဲ.. "
တရားခံမှာ သူ့အမေးကိုမဖြေ ငိုနေကာ ခေါင်းကို အောက်သို့ ငုံ့နေသည်...
သူစိတ်မရှည်ပေ...
"ဟေ့... မေးနေတယ်လေ.. "
ပြောပြောဆိုဆို စားပွဲကို ဒုန်းခနဲမည်အောင် ထုလိုက်သည်..
တရားခံမှာ ရုတ်တရက် လန့်၍ တွန့်သွားသည်.. ထို့နောက် ခေါင်းကို တဖြည်းဖြည်းမော့လာကာ.. သနားစဖွယ် အသံဖြင့်ပြောသည်..
"ကျွန်တော် မသတ်ပါဘူးဗျာ.. "
သူ ပါးစပ်ကို ကျွတ်ခနဲမည်အောင် စုတ်သတ်လိုက်သည်.. ထို့နောက် အသံကို မြင့်၍ ပြောလိုက်သည်..
"မင်း မသတ်လို့ ဘယ်သူသတ်မလဲကွ.. မနေ့က မင်းမူးရူးပြီး ရန်ဖြစ်ကြသေးတယ်ဆို.. မင်း အိမ်နီးချင်းတွေ အကုန် ပြောပြပြီးပြီ..
ခက်ခဲအောင် မလုပ်စမ်းနဲ့ကွာ.. ဝန်ခံလိုက်.. "
တရားခံက အရင်ကထက် လှုပ်လှုပ်ရှားရှားဖြစ်လာကာ.. မတ်တပ်ထရပ်လိုက်သည်..
ထို့နောက် ကြမ်းပြင်သို့ ဒူးထောက်ကာ သူ့ကို တတွတ်တွတ် တိုင်တည်၍ ပြောနေလေသည်..
" ကျွန်တော် မသတ်ပါဘူးဗျာ.. ကျွန်တော်မူးနေတာ မှန်ပေမယ့် ကျွန်တော် မသတ်ပါဘူး.. ကျွန်တော် အသိမလွတ်သေးပါဘူး.. ကျွန်တော် သူနဲ့ ရန်ဖြစ်ပြီး အခန်းထဲ ဝင်အိပ်နေတာပါ..
ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံပါ စုံထောက်ကြီးရယ်.. "
သူ စကားကို မာနိုင်သမျှ မာနိုင်သော အသံဖြင့် ပြန်မေးလိုက်သည်..
"မင်း မသတ်ဘူးလို့ ပြောနေတယ်.. မင်းမှာ သက်သေရှိလား.. "
ထိုအခါ တရားခံက ခေါင်းကို ငုံ့သွားလေသည်..
" ရပြီ.. မင်းကို အချိန်ပေးမယ်.. ငါ နောက်တစ်ခါ လာလို့ ဝန်မခံသေးရင် မင်းအသားနာမယ်.. "
သူ တံခါးကို တွန်း၍ ဖွင့်လိုက်သည်..
အရက်မူးပြီး မိန်းမကို သတ်ပြီးတာတောင် ဝန်မခံပဲ နေချင်သေးတယ်ပေါ့..
သူ သူ့စားပွဲကို ရောက်တော့ အားမရှိတော့သလို ထိုင်ချပစ်လိုက်သည်..
"ဘာလဲ.. မတရားခံရတာပါတဲ့လား.. "
ဘေးမှ သူ့ရဲ့ Partner ဖြစ်တဲ့ စုံထောက် ကိုရဲမြင့်က သူ့ကိုမေးသည်..
"ထုံးစံအတိုင်းပဲပေါ့ဗျာ.. "
သူမဖြေချင် ဖြေချင်နှင့် ဖြေ၍ မျက်လုံးနှစ်လုံးကြားကို နှိပ်နှယ်လိုက်သည်..
သူတစ်နေ့တစ်နေ့ တရားခံတွေနဲ့ စကားတွေ ပြောရတာ ပင်ပန်းသည်..
အစကတော့ ဒီ စုံထောက်အလုပ်လုပ်ရတာ စိတ်ဝင်စားဖို့ကောင်းမည်ထင်မိသည်..
ဒါပေမယ့် ခက်ခဲတဲ့ အမှုဆိုတာ သိပ်မရှိ.. ဒါကြောင့် စုံစမ်းနေရတာထက် တရားခံစစ်မေးနေရတာက ပိုနေသည်..
သူငယ်ငယ်တုန်းက စုံထောက်မှုခင်းကားတွေ James Bond ကားတွေ ကြည့်ပြီး စုံထောက်အလုပ် လုပ်ချင်ခဲ့သူပင်...
အိမ်က မိဘတွေက ကန့်ကွက်သည်... သူတို့အနေနဲ့ သူတို့ လုပ်ငန်းကိုပဲ ဆက်ခံစေချင်ကြသည်..
ဒါပေမယ့် သူက ကုမ္ပဏီ ကိစ္စတွေ စိတ်မဝင်စား..
သူ့အဒေါ်က Entertainment Company ထောင်ထားတော့ သူ့ကို မင်းသား ဝင်လုပ်ဖို့လည်း ပြောသေးသည်..
သူ့ရုပ်က မျက်ခုံးကောင်းကောင်း အရပ်ရှည်ရှည်နှင့် ယောကျာ်းပီသတဲ့ မျက်နှာမို့ အဆင်ပြေသည်တဲ့..
သူထိုမျှသော ရွေးချယ်မှုထဲကမှ ဒီ ရဲစုံထောက်အလုပ်ကို ဝါသနာတစ်ခုတည်းနှင့် ရွေးချယ်ခဲ့သည်..
အခုတော့ တစ်နေကုန် တရားခံစစ်နေရသည်..
သူ စိတ်ပျက်စွာ ခေါင်းခါရမ်းမိသည်..
"ကောင်းစစ်နိုင်း.. မင်းကို ကောင်လေးတစ်ယောက် လာတွေ့တယ်"
သူ့ကို လာတွေ့တယ်.. အငယ်ကောင်များလား..
" အေးအေး.. "
သူပြန်ထူးလိုက်ကာ ကုလားထိုင်တွင် ချိတ်ထားသော ဂျာကင်ကို ဝတ်လိုက်သည်..
အငယ်ကောင်ဆို သူ မုန့်လိုက်ဝယ်ကျွေးရဦးမည်မို့ပေ..
သူ ရဲစခန်း အပြင်ထွက်လိုက်တော့ အပြင်ဘက်မှာ ကောင်လေးတစ်ယောက် ရပ်နေသည်..
သူ့ထွက်လာသည်ကို စိုက်ကြည့်နေသည်မို့ သူ သေချာအာရုံစိုက်ပြီး ကြည့်လိုက်သည်..
ကောင်လေးရုပ်က ချောချောနုနုလေးမို့ သူ အခုမှ အသက် ၂၀ လောက်ပဲ ရှိဦးမည်.. သူ့ကို မျက်လုံး ဝိုင်းဝိုင်းလေးနှင့် ရွှန်းရ္ပွှန်းစားစား ကြည့်နေကာ သူထံ လမ်းလျှောက်၍ လာသည်..
"စုံထောက် ကိုကောင်းစစ်နိုင်း... ကျွန်တော့်နာမည်က ရောင်နေဦးပါ.. "
သူ့ကို လာတွေ့တာ ဒီကောင်လေးလား...
"အေး.. ဘာကိစ္စလဲ.. "
ကောင်လေးက သူ့အဖြေကို တစ်ခဏလောက် စဉ်းစားပြီးမှ ပြန်ဖြေသည်..
" ဟို ပြောစရာရှိလို့ပါ.. ကျွန်တော့်ကို အချိန်ခဏလောက် ပေးနိုင်မလား.. "
"အေး..ငါ့နောက်လိုက်ခဲ့"
သူ ကောင်လေးကို ရဲစခန်းရဲ့ အားကစားကွင်းဘက်ကို ခေါ်ခဲ့လိုက်သည်..
ထို့နောက် ကစားကွင်းရဲ့ လှေကားမှာ ထိုင်လိုက်ကာ မေးလိုက်သည်..
"ထိုင်.. ပြောစရာရှိတာ မြန်မြန်ပြော.. ငါ လုပ်စရာရှိသေးတယ်.. "
ကောင်လေးက သူ့ကို ခေါင်းညိတ်ပြကာ သူ့ဘေးမှာ ဝင်ထိုင်လိုက်သည်..
"ကျွန်တော် ပြောချင်တာက... "
ကောင်လေးက ပြောနေရင်း စကားကို ခဏရပ်လိုက်သည်.. စကားစီနေသလိုပင်.. ထို့နောက် ခဏကြာတော့ ကောင်လေးက ပင့်သက်ရှိုက်လိုက်ပြီး ဆက်ပြောသည်..
"ကျွန်တော် ပြောချင်တာက မနေ့က သူ့မိန်းမကို သတ်တဲ့အမှုတဲ့ ဖမ်းသွားတဲ့ ကိုကြည်မင်းက တရားခံ မဟုတ်ဘူးဆိုတာကိုပါ.. "
သူ ကောင်လေးရဲ့ ပြောစကားကို ကြားပြီး ကောင်လေးကို သေချာ စိုက်ကြည့်ကာ သူပြန်မေးလိုက်သည်..
"မင်းက ဘယ်သူလဲ.. ဘယ်လိုသိတာလဲ.. "
သူ့ဘက်ကို ခေါင်းလှည့်လာကာ ပြောသည်.. ထို့နောက် သူ့ကို မဝံ့မရဲကြည့်လိုက်ကာ ပြောလေသည်..
"တရားခံက ဘယ်ဘက်လက် လက်မနဲ့လက်ညိုးကြားမှာ မီးလောင်ရာ ရှိတယ်... ကြည်မင်းရဲ့ လက်မှာ ဘာမှ မရှိဘူးမလား.. "
သူက တရားခံကို ပယအဲ့လောက် အသေးစိတ်ပုံဖော်နိင်ရအောင် မျက်မြင်သက်သေများလား...
သူ ပြန်မေးလိုက်သည်..
"မင်းက တရားခံကို ဘယ်လို သိတာလဲ.. မင်းမြင်လိုက်လို့လား.. မင်းက မျက်မြင်သက်သေ လား.. "
သူ့အမေးကို ကောင်လေးက ခေါင်းငုံ့၍ ဖြေပြန်သည်..
"အဲ့လိုတော့ မဟုတ်ပါဘူး... ဒီအတိုင်း.. "
ပြောရင်း ဆက်မပြောတော့ပဲ စကားစ ရှာနေသည်နှင့်တူသည်..
သူ စိတ်မရှည်တော့.. မတ်တပ်ထရပ်လိုက်သည်.. ထို့နောက် စကားသံ မာမာဖြင့် ကောင်လေးကို အမိန့်ပေးလိုက်သည်...
" ပေါက်တက်ကရတွေ ပြောမယ်ဆို လာမပြောနဲ့.. ငါအလုပ်ရှုပ်နေတယ်.. "
ပြောပြောဆိုဆို သူလှည့်ထွက်လိုက်သည်...
ထိုအခါမှ ကောင်လေးက သူ့ကို အော်ပြောလေသည်..
" ကျွန်တော်မြင်ခဲ့တယ်... လူသတ်သမားက အဲ့မိန်းမရဲ့ ဗိုက်ကို ဓားနဲ့ ထိုးခဲ့တာ.. ကျွန်တော် မြင်ခဲ့တယ်.. "
သူ့ခြေလှမ်းတွေ ရပ်တန့်သွားသည်..
ထို့နောက် သူ နောက်ပြန်လှည့်၍ ကြည့်လိုက်သည်..
ကောင်လေးက မတ်တပ်ရပ်လျက် သူ့ကို ကြည့်နေသည်..