အမုန္းမွသည္...ခ်စ္ျခင္းဆီသို႔...

By MoeKyalPhyu14

199K 5.7K 318

မိဘတွေမတရားခံရမှုအတွက် ကလဲ့စားချေမယ့်ကောင်လေးတစ်ယောက် အမုန်းတရားတွေကနေလွတ်မြောက်နိုင်ပြီး ချစ်ခြင်းကိုရှာဖွေတ... More

🍂ဖတ္ေပးေစခ်င္🍂
💠Intro💠
🍁 Part 1🍁
🍁 Part 2🍁
🍁 Part 3🍁
🍁Part 4🍁
🍁 Part 5🍁
🍁Part 6🍁
🍁Part 7🍁
🍁Part 8🍁
🍁Part 9🍁
🍁Part 10🍁
🍁Part 11🍁
🍁Part 12🍁
🍁 Part 13🍁
🍁Part 14🍁
🍁Part 15🍁
🍁Part 16🍁
🍁Part 17🍁
🍁Part 18🍁
🍁Part 19🍁
🍁Part 20🍁
🍁Part 21🍁
🍁Part 22🍁
🍁Part 23🍁
🍁Part 24🍁
🍁Part 25🍁
🍁Part 26🍁
🍁Part 27🍁
🍁 Part 28🍁
🍁Part 29🍁
🍁Part 30🍁
🍁Part 31🍁
🍁Part 32🍁
🍁Part 33🍁
🍁Part 33.2🍁
🍁Part 33.3🍁
🍁Part 34🍁
🍁Part 35🍁
🍁Part 36🍁
🍁Part 37🍁
🍁Part 38🍁
🍁Part 39🍁
🍁Part 40🍁
🍁Part 41🍁
🍁Part 42🍁
🍁Part 43🍁
🍁Part 44🍁
🍁Part 45🍁
🍁Part 46🍁
🍁Part 47🍁
🍁Part 48🍁
🍁Part 49🍁
🍁Part 50🍁
🍁Part 51🍁
🍁Part 52🍁
🍁Part 53🍁
🍁Part 54🍁
🍁Part 55🍁
🍁Part 56🍁
🍁Part 57🍁
🍁Part 58🍁
🍁Part 60🍁
🍁Part 59🍁
🍁Part 61🍁
🍁Part 62🍁
🍁Part 63🍁
🍁Part 65🍁
🍁Part 66🍁
🍁Part 67🍁
🍁Part 68🍁
🍁Part 69🍁
🍁Part 70{Final}🍁
🥀Diary Of Mann🥀
🥀ေမာင့္မာန္တို္႔နဲ႔ ခဏတာ🥀(🥀မောင့်မာန်တို့်နဲ့ ခဏတာ🥀)
🌹Thank you all my readers🌹

🍁Part 64🍁

1.8K 42 3
By MoeKyalPhyu14

[Unicode]

၆လခန့်ကြာပြီးနောက်။

"မာန် ခဏနေရင် အစည်းအဝေးပွဲစမယ်"

ဖိုင်တွဲတစ်ခုအား သူ့ဆီကမ်းပေးရင်းပြောလာသော လင်းသာကို မာန် ခေါင်းသာညိတ်ပြလိုက်ပြီး ထိုဖိုင်တွဲအား လှန်လျောဖတ်ရှုနေလိုက်သည်။

"ပြောစရာရှိသေးလား မာန်...ငါအစည်းအဝေးအတွက် လိုအပ်တာတွေ သွားပြန်စစ်ထားလိုက်မလို့"

"မရှိတော့ဘူး သွား သွား"

မာန် လင်းသာကို မကြည့်ပဲ အသစ်ရောက်လာသော ရှယ်ယာရှင်တို့၏ ကိုယ်ရေးအကျဉ်းအများကို ဖတ်ရှုနေလိုက်တော့သည်။ မကြာမီ အကောင်အထည်ဖော်တော့မည့် အပန်းဖြေအိမ်ရာများ ဆောက်လုပ်ရေး project အသစ်အတွက် ရှယ်ယာဝင်သည့်လူတို့က တစ်နေ့ထက်တစ်နေ့ တိုးလာသည်။ သူအလုပ်ပြန်ဝင်သည့်နောက်ပိုင်း ပထမဆုံးလုပ်ရသည့် project ဖြစ်တာကြောင့် ဘာပြဿနာမှ မဖြစ်စေရန် ထိုproject အပေါ် မာန်စိတ်ရောကိုယ်ပါ နှစ်ကာ အားစိုက်ထားခဲ့သည်။ မာန် ရှယ်ယာရှင်တစ်ယောက်ချင်းစီ၏ ကိုယ်ရေးအကျဉ်းများကို အသေးစိတ်ဖတ်ရှုနေရင်း စာရွက်တစ်ခုအရောက် လက်တို့က ရပ်တန့်သွားကာ မျက်မှောင်တို့က တွန့်ချိုးသွားသည်။ ထိုစာရွက်က ဗလာသက်သက်ဖြစ်နေသောကြောင့်ပင်။ အနောက်စာရွက်တွေ ထပ်လှန်ကြည့်တော့ အပြည့်အစုံရေးသားထားသည့် အကြောင်းအရာများကို တွေ့ရသော်လည်း ထိုစာရွက်တစ်ခုသာ အလွတ်ဖြစ်နေသည်။ ထိုစဉ် လင်းသာက တံခါးဖွင့်ကာ ၀င်လာပြီး

"မာန် သွားမယ်"

"လင်းသာ ဒါက ဘာလို့အလွတ်ဖြစ်နေရတာလဲ"

မာန် မတ်တပ်ထရပ်လျှက် ထိုဖိုင်တွဲကို လင်းသာဆီကမ်းပေးလိုက်သည်။ အသံကတော့ အနည်းငယ်မာဆတ်ဆတ်လေးဖြစ်နေသည်။ အလုပ်လုပ်ရာတွင် အမြဲတိကျသေသပ်သည့် လင်းသာက ထိုကဲ့သို့အမှားမျိုးပါလာသည်ကြောင့် မာန် စိတ်တိုနေရခြင်းဖြစ်သည်။ အသစ်ဝင်လာသည့် ရှယ်ယာရှင်က ၁၅ဦး ဖြစ်သော်လည်း ယခုဖိုင်ထဲတွင် ရှယ်ယာရှင်၁၄ဦး၏ အကြောင်းများသာ ပါနေသည်။ လင်းသာက ထိုအရာကိုကြည့်ရင်း ဘာမှမမှားသည့်ပုံစံကြောင့် မာန်စိတ်တို့ ပိုတိုလာရသည်။

"လင်းသာ ငါပြောတာ ဒီစာရွက်က ဘာလို့လွတ်နေရတာလဲလို့"

"ဩော် အဲ့တာက အဲ့ရှယ်ယာရှင်က သူ့အချက်အလက်ကို ဘာမှမပေးလို့လေ"

ပြန်ဖြေလာသည်က အရေးမကြီးသလို အေးဆေးစွာနှင့်။ project အတွက် ရှယ်ယာဝင်မယ့်လူကို နာမည်တောင်မသိရပဲ ရှယ်ယာထည့်ခိုင်းထားသော လင်းသာကို မာန်အံ့ဩစွာကြည့်မိတော့သည်။ မာန် ဖြစ်နေသည့်ပုံကိုကြည့်ရင်း လင်းသာက ပြုံးလိုက်ပြီး

"စိတ်ချရတဲ့လူပါ မင်းစိတ်မပူပါနဲ့"

"ဘယ်သူလဲ"

"အစည်းအဝေးခန်းထဲ ရောက်ရင် မင်းသိရမှာပေါ့"

"လင်းသာ အလုပ်ကို ပေါ့ပျက်ပျက်လုပ်တာ ငါမကြိုက်ဘူးနော်"

"ငါသိပါတယ်ဟ လာစမ်းပါ မာန်ရာ"

လင်းသာလည်း မာန့်လက်ကိုဆွဲပြီး အစည်းအဝေးအခန်းဆီ ဆွဲခေါ်သွားတော့သည်။ သူတို့နောက်တွင်တော့ မာန်၏ အတွင်းရေးမှူးက လိုက်ပါလာသည်။ မာန်ကတော့ လင်းသာကို စိတ်တိုနေသည်ကြောင့် မျက်နှာက အနည်းငယ်အေးစက်ကာ ခပ်တည်တည်ဖြစ်လို့နေသည်။ အစည်းအဝေးအခန်းရှေ့သို့ ရောက်တော့ လင်းသာက ပြုံးစစဖြင့် မာန့်ကိုအရင်ဝင်ဟု ဆိုလာသည်ကြောင့် မာန်တံခါးဖွင့်ကာ အထဲသို့ဝင်လိုက်သည်။ အခန်းထဲတွင် ရှယ်ယာရှင်အားလုံး ရောက်ရှိလို့နေသည်။ မာန် စားပွဲ၏ ထိပ်ဆုံးကခုံတွင် ၀င်ထိုင်လိုက်ရင်း နေရာတစ်ခုဆီ အကြည့်အရောက် မျက်ဝန်းပြာလေးများက ပြူးကျယ်သွားကာ မျက်နှာကလည်း အံ့ဩသွားသည့် အရိပ်အယောင်တို့ ပေါ်ထွက်လာသည်။ သို့သော် တစ်ခဏအတွင်း အမှုအရာကို ချက်ချင်းပြန်ထိန်းလိုက်ပြီး လင်းသာဘက်ကိုလှည့်ကာ သတိပေးသလိုအကြည့်နဲ့ကြည့်လိုက်တော့ လင်းသာက မသိချင်ယောင်ဆောင်က ပြုံးစိစိဖြစ်နေသည်။ တစ်ဖန်အခုဏက နေရာဆီပြန်ကြည့်တော့ သူ့ကိုကြည့်ရင်း ပြုံးဖြီးနေသော ခွန်းဆက်ကြောင့် မာန် ချက်ချင်းအကြည့်ပြန်လွှဲလိုက်ပြီး အခန်းထဲရှိ လူအားလုံးကို တစ်ချက်ဝေ့ကြည့်ကာ

"အားလုံးပဲ မင်္ဂလာပါ...သိပြီးသားဆိုပေမယ့် ကျွန်တော်ကို ကျွန်တော် ပြန်မိတ်ဆက်ပေးပါ့မယ်...ကျွန်တော်က ဒီM group မှာ Chief Executive Officer(CEO) အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အလင်္ကာမုန်းမာန်ပဲ ဖြစ်ပါတယ်...အခုလို ကျွန်တော်တို့ group ရဲ့ project အသစ်ကို ယုံယုံကြည်ကြည်နဲ့ ရှယ်ယာထည့်ဝင်ပေးကြတဲ့ လူကြီးမင်းတို့တစ်ယောက်ချင်းစီတိုင်းကို ကျွန်တော်တို့ group ရဲ့ကိုယ်စား ကျွန်တော်က စိတ်ရင်းနဲ့ ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျ"

မာန့် စကားအဆုံး အခန်းအတွင်းလက်ခုပ်သံတို့က ထွက်ပေါ်လာသည်။ မာန်က အတွင်းရေးမှူးအား projectနဲ့ပတ်သတ်သည့် စာရွက်တွေကို ရှယ်ယာရှင်တွေအား ဝေပေးခိုင်းလိုက်ပြီး လင်းသာကိုတော့ projector ဖွင့်ရန်စေခိုင်းလိုက်ပြီးနောက် project အစအဆုံးကို သူကိုယ်တိုင်ပဲ အသေးစိတ်ပြောပြသည်။

ခွန်းဆက်မှာတော့ အရှေ့တွင် project ကို ရှင်းပြနေသူလေးကိုသာ ငေးကြည့်နေမိပြီး project နဲ့ပတ်သတ်သည့် ကိစ္စတို့ သူ့ခေါင်းထဲတစ်ခုမှ မ၀င်သလို ကြားလည်း မကြားရပါချေ။ အမြဲလိုလိုတွေ့ဖူးသော မာန်နဲ့ခြားနားစွာ အခုအလုပ်ကိစ္စရှင်းပြနေသည့် တည်တန့်နေသော မာန့်ပုံစံလေးက ခွန်းဆက်အာရုံကို တစ်မျိုးလေးဆွဲဆောင်နေသည်။ ကလေးဆန်ခြင်း အလျဉ်းမရှိ လူငယ်ဆန်သော အငွေ့အသတ်တို့ကိုလည်း မခံစားစေရပဲ လုပ်ငန်းစုကြီးတစ်ခုကို ဦးဆောင်နေသော ရင့်ကျက်မှုမျိုးနှင့် တည်ကြည်နေသောမာန်က လူကြီးလူကောင်းဆန်ဆန် အငွေ့အသတ်တို့ကို ထုတ်လွှတ်နေကာ မမြင်ရသည့် အရှိန်အဝါတစ်ခုကိုလည်း ခံစားမိနိုင်သည်။

တစ်ချက်တစ်ချက် သူ့ဆီအကြည့်ရောက်လာပြီး သူစိုက်ကြည့်နေသည်ကြောင့် ပြုံးယောင်သန်းချင်သွားသော မျက်နှာကို ပြန်ပြန်တည်နေရသော မာန့်ကိုကြည့်ရင်း ခွန်းဆက်အသည်းယားလာရသည်။ နှစ်ယောက်ထဲသာဆိုလျှင် ရင်ခွင်ထဲ ဆွဲဖက်ကာ မွှေ့ယမ်းပစ်မိမည်မှာ သေချာသည်။ အနက်ရောင် suit လေးနဲ့ လိုက်ဖက်နေသူက ချောမောနေမှုမှာ စကားလုံးများနဲ့ဖော်ပြဖို့ရာ အလျဉ်းမရှိ။ လှုပ်ခတ်သွားသော နှုတ်ခမ်းဖူးဖူးလေးများ၊ project နဲ့ပတ်သက်ပြီး စိတ်အားထက်သန်စွာ တောက်ပနေသော မျက်ဝန်းပြာလေးများ၊ ပန်းသွေးရောင်ပြေးနေသော ပါးဖောင်းဖောင်းလေးနှစ်ဖက်၊ ဖြစ်နိုင်လျှင် ဘယ်သူမှမမြင်နိုင်အောင်ထိ အိမ်ထဲမှာဖွက်သိမ်းထားချင်မိသည်။ မြတ်နိုးရသူ၏ ချောမောမှုများကို သူတစ်ယောက်ထဲသာ ထိုင်ကြည့်ချင်မိသည်။ အခုလိုလူအားလုံး၏ အကြည့်တို့က မာန့်အပေါ်ကျရောက်နေသည်ကို ခွန်းဆက် နည်းနည်းမှ သဘောမကျ။ အလုပ်လာတိုင်း ကုမ္ပဏီမှ လူများက မာန့်ကိုကြည့်နေကြသည်ဟူသော အသိက ခွန်းဆက်ခေါင်းထဲဝင်ရောက်လာပြီး မျက်နှာကလည်း အလိုမကျစွာ တင်းမာလာတော့သည်။

အခြားသူများက သူတို့မရှင်းသည့် အချက်များကို မာန့်အားမေးမြန်းကြသော်လည်း ခွန်းဆက်တစ်ယောက်သာ ဘာမှထမမေးပဲ မာန့်ကို မျက်နှာမသာမယာဖြင့် ထိုင်ကြည့်နေသည်။ထို projectကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ချိန်တွင်လည်း မာန်ကို သူကူခဲ့ဖူးတာမို့ project နဲ့ပတ်သတ်ပြီး သူအားလုံး သိထားပြီးသားဖြစ်သည်။ အချိန်တစ်ခုကြာအောင် အစည်းအဝေးပြုလုပ်ပြီးနောက် မာန်က အစည်းအဝေးအဆုံးသတ်ကြောင်းကို ကြေညာလိုက်ပြီးသည်နှင့် အခန်းထဲမှ လူများက အသျှိုသျှိုထွက်သွားကြတော့သည်။ လင်းသာက မာန့်အနားကပ်ကာ 'sweet time လေးဖြစ်ပါစေကွာ' ဟုဆိုကာ အခန်းထဲမှ ထွက်သွားတော့သည်။ ထို့ကြောင့် အခန်းထဲတွင် ခွန်းဆက်နဲ့ မာန်နှစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။ မာန်လည်း မျက်နှာမသာမယာဖြစ်နေသော ခွန်းဆက်ဆီ လျှောက်သွားလိုက်ကာ

"ဘာဖြစ်နေတာလဲ ခွန်းဆက်"

"ဘာမှမဖြစ်ဘူး"

"အဲ့ဒါဆိုလည်း ပြီးတာပဲ ငါသွားတော့မယ်"

ဆိုကာ မာန်ရယ်ချင်သည့် စိတ်ကိုထိန်းရင်း လှည့်ထွက်ဖို့ပြင်သည်။ ပြုံးဖြီးနေရာမှ ရုပ်တည်သွားသော ခွန်းဆက်ကို မာန် တစ်လျှောက်လုံး သတိထားမိနေသည်။ ဘာကြောင့် ထိုသို့ဖြစ်သွားသည်ဆိုတာကို မသိသော်လည်း ရုပ်တည်လေးနှင့်ဖြစ်နေသော ခွန်းဆက်ပုံစံက ချစ်စရာကောင်းလွန်းသည်ကြောင့် မာန်စနောက်ချင်နေမိသည်။ ခွန်းဆက်မှာလည်း သူ့စကားဆုံးသည်နှင့် လှည့်ထွက်သွားသူ၏ လက်တစ်ဖက်ကို လှမ်းဆွဲလိုက်တော့ သူ့ဘက်လှည့်လာသည့် မာန့်မျက်နှာက ပုံမှန်အတိုင်း ဘာအရိပ်အယောင်မှ မရှိပေ။ ထိုပုံစံကိုကြည့်ရင်း ခွန်းဆက်မျက်နှာ ပို၍ဆူပုတ်လာတော့သည်။

"ဘာမှမဖြစ်ဘူးဆိုတာနဲ့ ဘာမှမဖြစ်ဘူးလို့ထင်တာပဲလား...ဘာမှမဖြစ်ဘူးဆိုတာ ဘာမှမဖြစ်ဘူးလို့ဆိုလိုတာ မဟုတ်ဘူးလေ"

"အာ...ရှုပ်နေတာပဲ...မင်းပဲ ဘာမှမဖြစ်ဘူးဆို အဲ့ဒါကြောင့် ငါလည်း ဘာမှမဖြစ်ဘူးလို့ ထင်တာပေါ့"

မာန် နှုတ်ခမ်းကို တစ်တိတိကိုက်ရင်း ပြောမိသည်။ နှုတ်ခမ်းကိုသာ မကိုက်ထားပါလျှင် သူရယ်မိတော့မည် ဖြစ်သည်။

"ကျစ်! မာန်! "

"ဘာလဲ"

ခွန်းဆက် သူ့အား ရှုတည်တည်ကြည့်နေသောသူကို ခါးမှပင့်ကာ စားပွဲပေါ်တင်လိုက်ပြီး ဘေးတစ်ဖက်တစ်ချက်တွင် လက်ထောက်လိုက်ကာ မျက်ဝန်းပြာလေးများထဲ စိုက်ကြည့်လိုက်သည်။ ထိုအချိန်ထိ မာန့်မျက်နှာထက် ဘာအရိပ်အယောင်မှ ရှိမနေပဲ ခွန်းဆက်ကိုပြန်ကြည့်နေသည်။ စက္ကန့်အတော်အကြာ ဘာစကားမှမပြောပဲ တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေသည်။ ခွန်းဆက်အကြည့်တို့က မျက်ဝန်းပြာမှ ရွေ့လျားလာပြီး နှုတ်ခမ်းဖူးဖူးလေးဆီသို့ အကြည့်ရောက်သွားကာ မျက်နှာက တဖြည်းဖြည်းငုံ့ကိုင်းလာတော့သည်။

နှုတ်ခမ်းချင်းထိလုထိခင်ဖြစ်သွားစဉ်မှာပင် မာန်က ခွန်းဆက်ရင်ဘက်ကို လက်နဲ့ထောက်ကာ တွန်းထားပြီး မျက်နှာက အနောက်သို့ဆုပ်သွားသည်။ ခွန်းဆက် သူ့ရင်ဘက်ကိုတွန်းထားသော လက်များကို လက်တစ်ဖက်နှင့်စုကိုင်လိုက်ပြီး နောက်လက်တစ်ဖက်ဖြင့် မာန့်လည်တိုင်ကိုဆွဲယူကာ မာန်ရှောင်တိမ်းခဲ့သော နှုတ်ခမ်းတို့ကို ထပ်တူကျစေလိုက်သည်။ မိနစ်လက်တံလေး နံပါတ်လေးခုကို ခုန်ကျော်သွားတော့မှ မာန့်အားလွှတ်ပေးလိုက်ပြီး နှုတ်ခမ်းဖူးဖူးလေးကို လက်မဖြင့် ဖိပွတ်ဆွဲပေးနေရင်း မျက်ဝန်းပြာလေးများကို ကြည့်ကာ

"မောင် မကြိုက်ဘူး မာန်...မာန့်ကို သူများတွေကြည့်ကြတာကို"

မာန်ကတော့ ဘာမှမပြောပဲ ခွန်းဆက်ကိုသာ ကြည့်နေသည်။ ခွန်းဆက်၏ အခုလိုပုံစံလေးက အသည်းယားစရာ ကောင်းလွန်းနေသည်ကြောင့် မာန် မျက်တောက်ခတ်ရမည်ကိုတောင် စိုးရွံ့မိသည်အထိ ခွန်းဆက်ကို ကြည့်လို့နေသည်။

"ဒီကိုလာတုန်းကလည်း မာန့်အကြောင်းကို ပိုင်စိုးပိုင်နင်းပြောတာကို ကြားခဲ့ရတယ်...အခုဏက အစည်းအဝေးပွဲမှာလည်း မောင့်အပိုင်လေးကို တပ်မက်တဲ့ မျက်လုံးတွေနဲ့ကြည့်ကြတယ်...မောင် တကယ်မကြိုက်ဘူး"

"အဲ့တော့ ငါက ဘာမှမလုပ်ပဲ မောင့်လုပ်စာပဲ ထိုင်စားရတော့မလား"

"အဲ့လိုဆို မောင်က သ်ိပ်သဘောကျတာပေါ့...မောင် ရုံးကပြန်လာရင် မာန်က အိမ်ရှေ့လေးကို အပြေးလာကြိုမယ်"

"ဒါပေမယ့် ငါက မင်းကိုပဲမှီခိုပြီး မနေချင်ဘူး...ငါလည်း ယောက်ကျားတစ်ယောက်ဆိုတာတော့ မင်းမမေ့ပါဘူးနော်"

"မောင်က အဲ့သဘောပြောတာ မဟုတ်ပါဘူး...ဒီလိုမျိုး မင်းကို မောင်တစ်ယောက်တည်း ကြည့်ချင်မြင်ချင်တာ...တစ်ခြားသူတွေရဲ့အကြည့်တွေကို မာန့်အပေါ်မကျစေချင်ဘူး... မောင်တကယ် မကြိုက်ဘူး မာန်ရယ်"

ပြောရင်း ခွန်းဆက် သူ့မျက်နှာကို မာန့်ပခုံးပေါ်မှောက်ချလိုက်ပြီး ခါးကိုလည်း တင်းကျပ်နေအောင် ဖက်တွယ်လာသည်။ မာန်မှာလည်း ရုတ်ခြည်းဖြစ်သွားသော ခွန်းဆက်ပုံစံကြောင့် ဘာပြောရမှန်းမသိဖြစ်နေသည်။ အရင်ထဲက ဒီပုံစံအတိုင်း အလုပ်သွားတာ အကောင်း အခုမှထပြီး မကြိုက်ဘူးချည်း ထပ်နေအောင် ပြောနေသူကြောင့် ကုမ္ပဏီကိုပဲ ချက်ချင်းပိတ်သိမ်းရမလိုဖြစ်နေသည်။ မာန် တစ်ချက်ပြုံးရင်း ခွန်းဆက်ဆံပင်များကို ပွတ်သပ်နေလိုက်သည်။

"ခွန်းဆက်"

"ဟင့်အင်း မောင်လို့ခေါ်"

ပခုံးထက် ခေါင်းမှောက်ထားပြီး ချွဲ့နွဲ့စွာပြောလာသူကြောင့် မာန်အသံထွက်သည်အထိ ရယ်မိသွားရသည်။ အခုနောက်ပိုင်း ခွန်းဆက်ကသူ့အားပို၍ ကပ်တွယ်လာပြီး ပို၍လည်း ကလေးဆန်ကာ ချွဲ့နွဲ့လာသည်။ မာန်တွေးနေမိတုန်းမှာပင် ခွန်းဆက်က မာန့်လည်တိုင်ဆီကို နမ်းရှိုက်လို့လာသည်။ လည်ပင်းသားလေးများကို သွားဖြင့် အသာကိုက်ကာ တဖွဖွဆုပ်ယူနေသည်ကြောင့် မာန်နေမထိထိုင်မသာ ဖြစ်လာရသည်။

"မောင် ကုမ္ပဏီမှာလေ"

"မောင် ဂရုစိုက်မယ် ထင်လို့လား"

ပြောရင်း ညှပ်ရိုးလေးကို သွားဖြင့်ကိုက်ချလိုက်သည်ကြောင့် မာန်ကိုယ်လေး တွန့်တက်သွားရသည်။

"မောင် တော်ပြီ...မောင် ဂရုမစိုက်ပေမယ့် ငါဂရုစိုက်တယ်"

"ကျစ်! "

စုပ်တစ်ချက်သတ်ကာ ဆူဆူပုတ်ပုတ်ဖြင့် ခေါင်းမော့လာသော ခွန်းဆက်။ မာန် ခွန်းဆက် လည်တိုင်ကို ဖက်တွယ်လိုက်ရင်း ဆူပုတ်နေသော ခွန်းဆက်မျက်နှာကို ပြုံးစိစိဖြင့် ကြည့်နေမိသည်။ ခွန်းဆက်မှာတော့ သူ့အား ကလေးတစ်ယောက်ကို စနောက်နေသလို ပြုံးပြုံးကြီး စိုက်ကြည့်နေသည့် မာန်ကြောင့်

"မာန် အဲ့လိုကြီး မကြည့်နဲ့ဗျာ"

"ဒီလောက်ချစ်စရာကောင်းတဲ့ ကလေးလေးကို မကြည့်ပဲမှမနေနိုင်တာ"

"မောင့် အသက် ၂၆နှစ်ရှိပြီနော်... ကလေးမဟုတ်တော့ဘူး"

"ဒါပေမယ့် ငါ့အတွက်တော့ မင်းက အမြဲတမ်းကလေးလေးပဲ"

ပြောရင်း မာန် ခွန်းဆက်နှာခေါင်းထိပ်လေးကို ဖွဖွလေးဆွဲညစ်လိုက်သည်။ မာန့် လုပ်လိုက်သည့်အရာကြောင့် ခွန်းဆက်ပြုံးယောင် သန်းသွားသော်လည်း ချက်ချင်းပြန်တည်လိုက်သည်ကြောင့် မာန်အူယားသွားရသည်။

"ကလေးလေးတစ်ယောက် ပြုံးချင်နေတာကို မပြုံးပဲနဲ့ အိုက်တင်ခံနေတယ် ကြည့်စမ်း"

ခွန်းဆက် မျက်လုံးတို့က သူ့ကိုမကြည့်ပဲ ဟိုလွှဲသည်လွှဲ လုပ်နေသည်ကြောင့် မာန် ခွန်းဆက်ပါးနှစ်ဖက်ကို အုပ်ကိုင်လာပြီး

"ကလေးလေးက ကိုကို့ကို စိတ်ဆိုးနေတာလား"

"မာန်"

"အဲ့တော့ ကိုကိုက ကလေးလေးကို ချော့ရမှာပေါ့ ဟုတ်လား"

"မာန် တော်ပြီ...ဆက်မပြောနဲ့တော့"

"ကလေးလေးကို ကိုကို...အွန့်!"

ခွန်းဆက် တတွတ်တွတ်စကားဆိုနေသော နှုတ်လမ်းလေးကို အငြင်သာဆုံးနည်းဖြင့် နှုတ်ပိတ်လိုက်သည်။ မာန်က တစ်ချက်လန့်သွားသော်လည်း သူ့အနမ်းကိုပြန်လည် တုန့်ပြန်လာသည်။ မာန် သူ့ကိုယ်သူ ကိုကိုလို့သုံးနှုန်းသည့်အခါနှင့် ခွန်းဆက်အား ကလေးလေးလို့ခေါ်သည့်အခါမျိုးတွင် ခွန်းဆက် အသည်းတွေအူတွေ ပြောင်းပြန်လှန်သွားသလို ရင်ထဲယားကျိကျိဖြစ်လွန်းလှသည်။ မကြိုက်လို့မဟုတ်ပါပဲ ကြိုက်လွန်း၍ အခေါ်မခံနိုင်ခြင်းသာ ဖြစ်သည်။ အနမ်းရေယာဉ်လေးက အချိန်အတော်ကြာ ခုပ်မောင်းသွားပြီးနောက် ပန်းတိုင်သို့ရောက်သွားချေသည်။ ခွန်းဆက် နောက်ဆုံးအနေဖြင့် မာန့်နှုတ်ခမ်းလေးကို ဖိကပ်နမ်းလိုက်သည်။ မာန်ကတော့ မောဟိုက်စွာ အသက်ရှုနေရသည်။ ခွန်းဆက်၏ ပယောဂကြောင့် မာန့်နှုတ်ခမ်းတို့မှာ နီရဲဖောင်းကားနေပြီး ထောင့်နားလေးတွင် သွေးခြေလေးတောင် ဥနေလေသည်။ ခွန်းဆက် သူ၏ ဖန်တီးမှုကို သဘောကျစွာ ကြည့်နေသည်။

မာန် အသက်ရှုနှုန်းလေး ပုံမှန်ပြန်ဖြစ်သွားကာမှ ခွန်းဆက်ကို မော့ကြည့်လာသည်။

"ခွန်းဆက်"

မာန်ခေါ်ရုံရှိသေး ခွန်းဆက်က မာန့်နှုတ်ခမ်းတို့ကို ထပ်မံ၍ ရန်ရှာလာသည်။ မာန်မှာတော့ ခွန်းဆက်ရင်ဘက်ကို ထုရိုက်ကာတားသော်လည်း ခွန်းဆက်ကတော့ လွှတ်မပေးပဲ ပို၍တင်းကျပ်စွာ စုပ်ယူလာသည်။ သို့နှင့် အနမ်းရေယာဉ်လေးသည် တစ်ဖန်ပြန်၍ ခုပ်မောင်းသွားလေသည်။ ဒီတစ်ခါတွင် ခွန်းဆက်၏ အနမ်းတို့က နူးညံ့မနေပဲ ကြမ်းတမ်းကာ ပြင်းရှသည်။

"အ! "

ခွန်းဆက်က မာန့်အောက်နှုတ်ခမ်းသားလေးကို ကိုက်ဖောက်လာသည်ကြောင့် မာန့်ထံမှ နာကျင်မှု၏ ပြယုဒ်အဖြစ် အာမေဋိတ်သံလေး ထွက်ပေါ်လာသည်။ ခွန်းဆက် သူကိုက်ဖောက်လိုက်သော နေရာကိုသာ အားဖြင့်စုပ်ယူနေသည်ကြောင့် မာန်တစ်ယောက် စပ်ဖျဉ်းဖျဉ်းဒဏ်ကို ခံစားနေရသည်။ နှုတ်ခမ်းပေါက်သွားသည်မှန်သော်လည်း မာန် သွေးအရသာကို မခံစားရသေးပေ။ ထိုအစား ခွန်းဆက်စုပ်ယူနေသော နေရာမှ နာကျင်မှုကြောင့် မျက်ရည်လေးများဝဲတက်လို့လာချေသည်။ ခွန်းဆက် သူ့စိတ်ကြိုက် စုပ်ယူပြီးသွားကာမှ မာန့်အား လွှတ်ပေးလာပြီး မျက်ဝန်းပြာလေးမှ မျက်ရည်ကြည်တို့ကို သုတ်ဖယ်ပေးကာ

"အဲ့တာ မောင်လို့ မခေါ်လို့ အပြစ်ပေးတာ...ပြော ဘာပြောမို့ခေါ်တာလဲ"

မာန်က ဘာမှမပြောသေးပဲ သူ့ကိုသာ စိုက်ကြည့်နေသေးသည်ကြောင့်

"ဘာလဲ ထပ်အနမ်းခံချင်သေးလို့လား"

ဆိုရင်း ခွန်းဆက်ခေါင်းက သူ့နှုတ်ခမ်းနားသို့ တစ်ဖန်ပြန်ငုံကိုင်းလာသည်ကြောင့် မာန် ခေါင်းကို နောက်သို့ အမြန်ရှောင်ရင်း တားရသည်။

"ခဏ ခဏ"

ရင်ဘက်ကို လက်နဲ့ထောက်ကာ အသည်းအသန်တားလာသူကြောင့် ခွန်းဆက်နှုတ်ခမ်းစွန်းတို့ ကော့ညွှတ်သွားရသည်။ မာန်ကတော့ သူ့အား မျက်စောင်းလေးတစ်ချက် ရွယ်လာကာ

"ညနေ ရုံးက စောစောပြန်...အိမ်မှာ ငါ့ကိုစောင့်နေ"

"ဘာလို့လဲ...မောင် လာကြိုမယ်လေ...အတူတူပြန်မယ်"

"ဟင့်အင်း...ခွန်း အာ... မောင်က စောစောပြန်ပြီး...ရေချိုးအဝတ်အစားလဲပြီး အဆင်သင့်လုပ်ထား... ငါမောင်နဲ့အတူတူ သွားချင်တဲ့ နေရာတစ်ခုရှိတယ်"

"ဘယ်ကိုလဲ"

"ညနေကျရင် သိရမှာပေါ့"

"အင်းပါ အခုတော့ ထပ်နမ်းပါရစေအုံး"

"ဟင် အခုဏက...အွတ်! "

မာန်အသံတို့ တစ်စွန်းတစ်စသာ ထွက်လာပြီး အဆုံးသတ်ခွင့် မရလိုက်ပါတော့ချေ။ မာန်တစ်ယောက်မှာတော့ နှုတ်ခမ်းသားတို့ ပူထူသွားအောင်ကို ခွန်းဆက်၏ အနမ်းတို့အား တစ်ဝကြီး ခံစားလိုက်ရတော့သည်။ အစည်းအဝေးခန်းထဲ ၂နာရီလောက်ကြာအောင် အတူရှိနေခဲ့ပြီးသည့်နောက် ခွန်းဆက်နဲ့ မာန် အခန်းထဲကထွက်ရန် ပြင်ရတော့သည်။ ကုမ္ပဏီတွင် ဖြစ်သည်ကြောင့် မာန်က အတော်အသင့်ဆင်ခြင်သော်လည်း တစ်ဇွတ်ထိုးသမားလေး ခွန်းဆက်ကြောင့် မာန့်နှုတ်ခမ်းတစ်ခုလုံး ဖူးယောင်ကာနီရဲလို့နေသည်။ မာန် ဖုန်းထဲမှ သူ့မျက်နှာသူပြန်ကြည့်ကာ

"ကျစ်! ငါဒီပုံစံနဲ့ သူတို့ရှေ့ဘယ်လို သွားရတော့မှာလဲ"

မကျေမနပ်ရေရွတ်နေသော မာန့်ကို ခွန်းဆက်ပြုံးပြီးသာ စိုက်ကြည့်နေသည်။ ထိုအချိန် မာန်က သူ့အားမျက်လုံးထောင့်ကပ်ကာ ကြည့်လာပြီး

"ခွေးကောင်...အရမ်းမလုပ်ပါနဲ့ဆိုတာကို အခုတော့ ငါဘယ်မျက်နှာနဲ့ အပြင်ထွက်ရတော့မှာလဲ"

"အဲ့ဒါဆို လာလာ မောင့်ရင်ခွင်ထဲ မျက်နှာဖွက်ထား"

"ငါအတည်ပြောနေတာနော်...ဒီမှာကြည့်အုံး မင်းလုပ်ထားတာ...ဘယ်လောက်တောင်ဆိုးနေလဲဆိုတာ...စကားပြောရင်တောင် နာနေပြီ"

သူရှေ့မျက်နှာမော့ကာ ပြလာသောသူ၏ ပါးလေးနှစ်ဖက်ကို အုပ်ကိုင်ကာ ခွန်းဆက် သေချာကြည့်လိုက်ပြီး

"ဟုတ်ပါရဲ့...တော်တော်ဆိုးနေတာပဲ...ပျောက်သွားအောင် နောက်တစ်ခါလောက် ထပ်နမ်းကြည့်မလား"

"ဘာ! မင်း! ထပ်လုပ်ရင် ငါသေသွားမှာပေါ့ကွ"

"သေမသေ သိရအောင် ထပ်လုပ်ကြည့်မယ်လေ"

"ခွန်း ဆက် ရောင် နီ!!! မင်း သေဖို့သာပြင်! "

မာန်က သူ့အားထုရန် ပြင်တော့ ခွန်းဆက် တံခါးဆီသို့ အပြေးသွားကာ တံခါးအား ဆွဲဖွင့်လိုက်ချိန် သူ့ခြေထောက်ရှေ့ မှောက်ရက်ပြုတ်ကျလာသော သူနှစ်ယောက်ကြောင့် မာန်နဲ့ခွန်းဆက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိသွားရသည်။ ထိုနောက် ကြမ်းပြင်ပေါ်မှ နှစ်ယောက်ကိုပြန်ကြည့်မိကြသည်။ ကြမ်းပြင်ပေါ်မှ လင်းသာနဲ့ မာန်၏ အတွင်းရေးမှူး ရှိုင်းစစ်တို့က ကုန်းရုန်းထလာကာ ရှိုင်းစစ်က မာန့်ကိုကြည့်ရင်း

"ကျွန်တော်တို့ ဘာမှမကြားပါဘူး CEO... အဟွန်း"

"ကိုစစ် မင်းဘာလို့ရယ်တာလဲ...ဟိုက ဘာမှတောင်မပြောရသေးလေ"

လင်းသာက ရှိုင်းစစ်အနားကပ်ကာမေးတော့ ရှိုင်းစစ်က မာန့်ကိုမေးငေါ့ပြကာ

"CEO နှုတ်ခမ်း ပျားတုပ်ခံရလို့ ယောင်ကိုင်းနေတာကိုကြည့်ပြီး ရယ်မိသွားတာ...ထင်တော့ထင်တယ်...အစည်းအဝေးမစခင်တုန်းက ပျားအကြီးကြီးတစ်ကောင်ဝင်သွားတာ တွေ့လိုက်ပါတယ်လို့..."

ပြောရင်း ရှိုင်းစစ်က မာန့်ကို မရဲတရဲခိုးကြည့်သည်။ လင်းသာနဲ့ ခွန်းဆက်ကလည်း ရှိုင်းစစ်၏ အပြောကြောင့်ရယ်နေသည်။ ကိုလင်းသာနဲ့ပေါင်းပြီး CEO တို့လင်လင်နှစ်ယောက်ပြောနေတာတွေကို ရှိုင်းစစ် ချောင်းနားထောင်နေခဲ့ခြင်းဖြစ်သည်။ သူတို့တံခါးနားကပ်ပြီး နားထောင်နေစဉ် အထဲကတံခါးက ဆွဲဖွင့်လိုက်သည်ကြောင့် နှစ်ယောက်သား ရုတ်ပျက်ဆင်းပျက် ကျသွားခဲ့ရခြင်းဖြစ်သည်။

ရှိုင်းစစ်၏ စကားများကြောင့် မာန့်မျက်နှာက နီရဲလာကာ ခွန်းဆက်ကို ဒေါသတကြီးကြည့်လိုက်သည်။ ထို့နောက် လင်းသာနဲ့ သူ့အတွင်းရေးမှူးကိုကြည့်ပြီး

"မင်းတို့နှစ်ကောင် ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ ဒီမှာဘာလုပ်နေကြတာလဲ"

မာန် ထိုနှစ်ယောက်အား လေသံမာမာဖြင့်ပြောလိုက်တော့ ရှိုင်းစစ်က မာန့်ကိုမျက်နှာငယ်လေးနဲ့ ကြည့်လာပြီး

"အရမ်းမအော်ပါနဲ့ CEO ကလည်း နှုတ်ခမ်းပျားတုပ်ခံရတာ ပိုနာသွားမှာပေါ့"

"ရှိုင်း စစ်! "

"ဗျာ...ဟီးဟီး"

ရှိုင်းစစ်က ရယ်ကျဲကျဲဖြင့် မာန့်ကိုထူးလာသည်။ တကယ်တော့ ရှိုင်းစစ်က မာန့်အတွင်းရေးမှူးဆိုသည်ထက် မာန်တို့ဂေဟာက ညီငယ်လေးတစ်ယောက်ဖြစ်သည်။ စီးပွားရေးနဲ့ ဘွဲ့ရထားပြီး အလုပ်လုပ်ရာတွင်လည်း သွက်လက်တိကျသည်ကြောင့် မာန်က အတွင်းရေးမှူးအဖြစ် သူ့အနားခေါ်ထားခြင်းဖြစ်သည်။ အခြားသူများရှေ့တွင် လေးလေးစားစားဆက်ဆံသော်လည်း အခုလိုလူရင်းတွေသာရှိလျှင် မာန့်အား စနောက်မြဲဖြစ်သည်။

"မင်း ဒီနေ့ အချိန်ပိုဆင်း"

"အာ CEO ကလည်း"

"CEO ကမလဲဘူး...မင်းရှေ့မတ်တပ်ရပ်နေတာ"

"အင်းလေ မာန်ကလည်း ကိုစစ်တစ်ယောက်တည်း ကျန်ခဲ့မှာပေါ့"

လင်းသာက ရှိုင်းစစ်ပုခုံးကိုဖက်ကာ မာန့်ကိုပြောလာသည်။ ရှိုင်းစစ်ကလည်း မာန့်ကို မျက်နှာငယ်လေးနဲ့ကြည့်နေသည်။ ထိုနှစ်ယောက်ပုံစံကိုကြည့်ရင်း မာန်က မျက်ခုံးတို့တွန့်ချိုးလာကာ

"ဒါဆို မင်းပါ ဆင်းလိုက်...ကိုစစ် တစ်ယောက်တည်း မဖြစ်တော့ဘူး"

ပြောရင်း မာန်ထိုနှစ်ယောက်ကိုကျော်ကာ အခန်းအပြင်ထွက်မည့်အချိန်တွင် ခွန်းဆက်ရှိနေသေးသည်ကို သတိရသွားသည်။ မာန် ခွန်းဆက်ဘက်ကို လှည့်ကာ

"မင်းက မပြန်သေးပဲ ဘာလုပ်နေတာလဲ... security guard တွေဆွဲခေါ်ခိုင်းပြီး နှင်ထုတ်ရမှာလား ပြော! "

သူ့ဘက်လှည့်ကာ ဒေါသတကြီး ပြောလာသူကြောင့် ခွန်းဆက် အလျင်အမြန်ပင် ပြန်ဖြေရသည်။

"ပြန်မယ် ပြန်မယ်...အခုပြန်မယ်"

"ပြန်ရင်လည်း မြန်မြန်ပြန်တော့...ရုပ်ကိုက မျောက်ရုပ်နဲ့ ကြည့်လို့ကိုမရဘူး...မင်းတို့ နှစ်ကောင်လည်း ရှေ့ကဖယ်... "

ခွန်းဆက်ကိုပြောရင်း သူ့ရှေ့တွင် ပိတ်ရပ်နေသော နှစ်ယောက်ကိုပါ အော်ငေါက်ကာ ထွက်သွားတော့သည်။ ရှက်ရမ်းရမ်းကာ အကုန်လုံးကို ဆူငေါက်ပြီး ထွက်သွားသော မာန့်ကိုကြည့်ရင်း ခွန်းဆက်တို့ ၃ယောက်လုံးရယ်ဖြစ်ကြသည်။ လင်းသာက ခွန်းဆက်ကိုကြည့်ပြီး

"မာန် security guard တွေ မလွှတ်ခင် မြန်မြန်ပြန်အုံး"

ထိုစကားကြောင့် ခွန်းဆက်အသံထွက်သည်အထိ ရယ်မိသွားရသည်။

"အဟွန်း...အစ်ကိုတို့လည်း ဒီနေ့ ကြိုးစားလိုက်ပါအုံးဗျာ "

ထို့နောက် ၃ယောက်သား နှုတ်ဆက်ကာ ကိုယ်စီသက်ဆိုင်ရာဆီသို့ ထွက်သွားကြတော့သည်။

မာန် သူ့အခန်းဆီ ပြန်လာသည့် လမ်းတွင် ဝန်ထမ်းများက သူ့အားကွက်ကြည့်ကွက်ကြည့်လုပ်နေပြီး မျက်နှာများက ပြုံးစိစိဖြစ်နေကြသည်။ မာန် ရှက်လွန်းသည်ကြောင့် အငွေ့ပင်ပျံချင်လာမိသည်။ နှုတ်ခမ်းက သိသိသာသာကို ဖူးယောင်နေသည်ကြောင့် အခန်းဆီသို့ အမြန်ရောက်ရန်သာ ဆုတောင်းနေပြီး ခြေလှမ်းတို့ကို အရှိန်တင်နေမိတော့သည်။ ဝန်ထမ်းများမှာလည်း အနောက်က ကျားလိုက်သလို ခပ်သွက်သွက်လမ်းလျှောက်သွားသော သူတို့ CEO ကိုကြည့်ကာ ရယ်ချင်သည်ကို အတင်းကြိုးစားကာ ထိန်းနေရတော့လေသည်။

**********

မာန် ခြံရှေ့တွင် ကားရပ်ကာ ဟွန်းတီးလိုက်တော့ ထုံးစံအတိုင်း ကိုအောင်က တံခါးလာဖွင့်ပေးသည်ကြောင့် ခြံထဲသို့ ကားမောင်းဝင်လိုက်ရင်း ဆင်ဝင်အောက်တွင်ရှိနေသော Lamborghini မိုးပြာရောင်လေးကြောင့် ပြုံးမိသွားရသည်။ ခွန်းဆက် သူ့စကားကို နားထောင်ကာ အိမ်သို့စောစောပြန်ရောက်လာခြင်း၏ သက်သေပင်ဖြစ်သည်။ မာန် ကားပေါ်ကဆင်းတော့ ကိုအောင်က သူ့ဘေးနားတွင် လာရပ်ပြီး တစ်ခုခုကို ပြောချင်နေသည့် ဟန်ကြောင့်

"ပြောစရာရှိလို့လား ကိုအောင်"

"အစ်ကိုလေး လာ"

မေးသည်ကို ပြန်မဖြေပဲ သူ့လက်အား ဆွဲကာခေါ်သွားသည်ကြောင့် မာန် အလိုက်သင့်လေးပါသွားရသည်။ ကိုအောင် ခေါ်သွားသည့်နေရာက ဒန်းအဖြူလေးဆီသို့ပင်။ မာန့်အား ထိုနေရာတွင် ထားခဲ့ပြီး ကိုအောင်ကတော့ ထွက်သွားလေသည်။ မာန်ကတော့ ဒန်းပေါ်တွင်ရှိနေသော တစ်ခုတည်းသော ပစ္စည်းလေးကြောင့် မျက်နှာထက် အပြုံးရိပ်တို့ ဖြစ်ပေါ်လာရသည်။ မာန်လည်း ဒန်းပေါ်က ငွားငွားစွင့်စွင့် ပွင့်လန်းနေသော နှင်းဆီပန်းလေးကို ကောက်ယူကာ နမ်းရှိုက်လိုက်ပြီးနောက် နှင်းဆီပန်း၏ရိုးတံတွင် ဖဲကြိုးအဖြူလေးဖြင့် တွဲလျက်ချည်ထားသော ကတ်ထူစက္ကူလေးကို ကြည့်လိုက်သည်။ စက္ကူပေါ်တွင်မြင်ရသည့် လက်ရေးက မလှပသော်လည်း ရှင်းလင်းကာ သေသပ်နေသည်။ စာရွက်လေးတွင် ရေးထားသည်က

"မာန့် အတွက် မောင်ပေးတဲ့ နှင်းဆီနီလေး။ နှင်းဆီအနီတစ်ပွင့်ရဲ့ အဓိပ္ပာယ်က 'ငါမင်းကို ချစ်တယ်'တဲ့။ အဲ့လိုပဲ မောင်လည်း မာန့်ကို အရမ်းချစ်တယ်..."

မာန် သိသိသာသာ ပြုံးမိသွားရချေသည်။ နှင်းဆီနီလေးအား ထပ်မံနမ်းရှိုက်ရန်ကြံတော့ ရိုးတံလေးတွေ ချည်ထားသော ကြိုးအနီလေးနောက်တစ်ခုကို သတိထားမိသွားရသည်။ ထို့ကြောင့် ကြိုးအနီလေးနောက်သို့ သူ့ခြေလှမ်းတို့က ရွေ့လျားသွားရသည်။ သို့နှင့် ကံကော်ပင်၏ အရင်းတွင် သူ့လက်ထဲက နှင်းဆီပန်းနဲ့ ပုံစံတူ နှင်းဆီတစ်ပွင့်ကို ထပ်တွေ့ရပြန်သည်။ မာန်လည်း ထိုနှင်းဆီလေးကိုယူပြီး ရိုးတံတွင်ချည်ထားသော စက္ကူထက်မှ စာတို့ကို ဖတ်ကြည့်လိုက်တော့သည်။

"မောင့်ရဲ့ မာန်အတွက် ဒုတိယနှင်းဆီပွင့်လေး။ အခုဆို မာန့်လက်ထဲမှာ နှင်းဆီနှစ်ပွင့် ရှိနေပြီဟုတ်။ အဲ့တော့ နှင်းဆီ နှစ်ပွင့်ရဲ့ အဓိပ္ပာယ်ကို ပြောပြမယ်။ နှလုံးသားလေးနဲ့ နားထောင်ပေး။ နှင်းဆီနှစ်ပွင့်ရဲ့ အဓိပ္ပာယ်က 'နက်နက်ရှိုင်းရှိုင်း ချစ်မိနေပြီ' တဲ့။ မောင်ကလည်း မင်းကို မောင်ရဲ့ ဟိုးနှလုံးသားအနက်ရှိုင်းနေရာကနေကို ရူးရူးမူးမူးချစ်နေမိပြီ မာန်"

"အဟွန်း"

မာန့် မျက်နှာတွင် သဘောကျနှစ်သက်ခြင်းတို့၏ ပြယုဒ်အဖြစ် စွဲမက်ဖွယ်ကောင်းသော အပြုံးလေးက သိသာထင်ရှားစွာ ဖြစ်ထွန်းနေသည်။ ဒုတိယနှင်းဆီပွင့်လေးတွင်လည်း ကြိုးအနီလေးချည်ထားသေးသည်ကြောင့် မာန်ခြေလှမ်းတို့ ထပ်မံ့၍ ရွေ့လျားရပြန်သည်။ သို့နှင့် ကြိုးချည်ထားသော နှင်းဆီပွင့်လေးများ၏ အနောက်ကိုလိုက်ရင်း မာန် သူ့အခန်းရှေ့သို့ပင် ရောက်လို့လာချေသည်။ လက်ထဲတွင်လည်း ၉၉ပွင့်သော နှင်းဆီပန်းတို့ကို မနိုင်မနင်းသယ်ပိုးလို့ထားသေးသည်။ မာန်တံခါးကို တွန်းဖွင့်ရန် လက်မအားသည်ကြောင့် ညာဘက်ခြေထောက်လေးဖြင့် အသာတွန်းဖွင့်ကြည့်တော့ တံခါးက လွယ်လင့်တကူပွင့်လို့သွားသည်။ တံခါးပွင့်ပွင့်ချင်းမြင်လိုက်ရသည်က မြင်ကွင်းက မာန့်ကိုထပ်မံပြုံးမိစေသည်။

Style pants အနက်နှင့် shirt အပြာနုလေးကို တွဲဖက်ဝတ်ဆင်ထားသော ခွန်းဆက်က မာန့်ကိုပြုံး၍ ကြည့်နေသည်။ လက်ထဲတွင်လည်း နှင်းဆီလေးတစ်ပွင့်ကို ကိုင်ထားသေးသည်။ မာန်လည်း ခွန်းဆက်ရှိရာဆီ လျှောက်လှမ်းသွားတော့ ခွန်းဆက်က သူ့လက်ထဲတွင် ကိုင်ထားသော နှင်းဆီပွင့်လေးကို မာန့်လက်ထဲထည့်ပေးလာသည်။ ထို့နောက် မြတ်နိုးခြင်းများစွာဖြင့် နဖူးထက်အနမ်းတို့ ခြွေသည်။ စက္ကန့်ဝက်လောက် အနမ်းခြွေပြီးနောက် ခွန်းဆက်က မာန့်အားမေးစေ့မှကိုင်ကာ မော့စေပြီး မျက်ဝန်းပြာလေးများကို စိုက်ကြည့်ကာ

"နှင်းဆီအပွင့် ၁၀၀ရဲ့ အဓိပ္ပာယ်က 'ကမ္ဘာအင်္သချေ ခိုင်မြဲသော အချစ်'တဲ့...မောင်ရဲ့အချစ်ကလည်း မင်းအပေါ် စကြဝဠာကြီးတည်ရှိနေသရွေ့ အမြဲထာဝရရှင်သန်ခိုင်မြဲနေမယ်ဆိုတာ မင်းယုံထားပေး"

ဆိုကာ မာန့်မေးစေ့လေးကို မော့စေရင်း သူ့လက်ချက်ကြောင့် နီရဲကာဖောင်းတင်းနေသော နှုတ်ခမ်းဖူးဖူးလေးကို တစ်ချက်ဖိကပ်နမ်းလိုက်ပြီးနောက် မာန့်လက်ထဲမှ နှင်းဆီပန်းများကိုယူပြီး အနားတွင်ရှိနေသော စားပွဲပေါ် တင်လိုက်ကာ မာန့်အား ကုတင်ထက်ထိုင်စေလိုက်သည်။ ထိုအချိန်ထိ မာန်က ခွန်းဆက်လုပ်သမျှကို ပြုံးပြုံးလေးဖြင့် နာခံနေသည်။

ခွန်းဆက်က မာန့်ရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်ပြီးနောက် မာန်ဘယ်ဘက်ခြေထောက်လေးကို ဆွဲယူကာ ထောက်ထားသော ဒူးပေါ်တင်လိုက်သည်။ ပြီးနောက် သူ့ဘောင်းဘီအိတ်ထဲက တစ်စုံတစ်ခုကို နှိုက်ယူနေသည်။ မာန်ကတော့ ခွန်းဆက် ထုတ်ယူလာမည့်အရာကို စိတ်ဝင်တစားစောင့်စားနေသည်။ ခဏအကြာတွင်တော့ ခွန်းဆက်က လက်ကိုပြန်ထုတ်လာပြီး လက်ထဲတွင် foot chain လေးတစ်ခုပါလာသည်။ ကြယ်လေးများကို တွဲလောင်းလေးချိတ်ဆွဲထားသော ပလက်တီနမ် foot chain လေးက ခွန်းဆက်၏ ဆောင်ရွက်မှုဖြင့် မာန့်ခြေကျင်းဝတ် ဖွေးဖွေးလေးတွင် လှပစွာနေရာယူလိုက်တော့သည်။ ခွန်းဆက် foot chain လေးနဲ့ တွဲဖက်တည်ရှိနေသော မာန့်ခြေကျင်းဝတ်လေးကို ကြည့်ရှုရင်း သဘောတကျဖြစ်ရသည်။ ထိုစဉ် သူ့နဖူးထက်သို့ ကျရောက်လာသော နွေးထွေးမှုလေးတစ်ခု။ ခွန်းဆက် မော့ကြည့်လိုက်တော့ မာန်က သူ့ကိုပြုံးကာ ကြည့်နေသည်။ ခွန်းဆက် foot chain လေးဝတ်ထားသော နေရာလေးကို ဖွဖွလေးနမ်းလိုက်ရင်း

"မာန် ဘယ်မှထွက်ပြေးလို့မရအောင် မောင်က ချည်နှောင်ထားလိုက်ပြီ...မာန် တစ်သက်လုံး မောင့်အနားမှာပဲ နေရတော့မှာ"

ထိုသို့ပြောပြီး ခွန်းဆက်ထိုင်ရာမှထကာ မာန့်ဘေးတွင် ဝင်ထိုင်လိုက်ပြီ မာန့်ဘယ်ဘက်လက်ကို ဆွဲယူကာ ဘောင်းဘီအိတ်ထဲ တစ်ဖန်နှိုက်ယူပြန်သည်။ ဒီတစ်ခါတွင် ပါလာသည်က foot chain နဲ့တစ်ပုံစံတည်းနည်းတူ hand chain လေးပင် ဖြစ်သည်။ ခွန်းဆက် မာန့်လက်ကောက်ဝတ်လေးတွင် ဝတ်ပေးလိုက်ပြီး ထိုနေရာလေးကို အနမ်းပေးလိုက်သည်။

"ဒါက မောင့်လက်ကို ဘယ်တော့မှ မလွှတ်ချအောင်လို့ ထပ်ချည်နှောင်လိုက်တာ...မာန်က မောင့်လက်ကိုပဲ အမြဲတွဲထားရတော့မှာ"

ထို့နောက် မာန့်လက်ကိုဆွဲကာ မှန်ရှေ့သို့ ခေါ်သွားလိုက်ပြီး မာန့်ကို မှန်နဲ့မျက်နှာချင်းဆိုင်ကာ ရပ်စေလိုက်သည်။ ခွန်းဆက်က မာန့်အနောက်မှနေပြီး မာန်၏ အပေါ်ကုတ်အင်္ကျီကို ချွတ်ပေးလာသည်။ မာန်က ခွန်းဆက်အား 'ဘာလုပ်တာလဲ' ဟု နှုတ်ခမ်းလှုပ်ရုံမေးတော့ ခွန်းဆက်က အရိုင်းဆန်သောအကြည့်များဖြင့် ကြည့်ရင်း မျက်ခုံးတစ်ချက်ပင့်ပြသည်။

အပေါ်ကုတ်ချွတ်ပြီးသွားသည့်နောက် ခွန်းဆက်က မာန့်ကိုယ်လေးအား သူ့ရင်ခွင်ထဲရောက်အောင် ဆွဲယူလိုက်ပြီး မာန်နားရွက်လေးတစ်ဖက်အား ဖွဖွလေးငုံထွေးလိုက်သည်။ ရင်ထဲက အမျိုးအမည်မသိ လှိုက်တက်လာသော ခံစားချက်ကြောင့် မာန်လက်သီးတို့ကို တင်းတင်းဆုပ်ထားပြီး မျက်ဝန်းတို့ကို မှိတ်ချထားလိုက်သည်။ မာန်ဖြစ်နေသော ပုံစံလေးကို မှန်ထဲမှတင်ဆင့် ခွန်းဆက်အတိုင်းသား မြင်နေရသည်ကြောင့် မာန်မသိအောင် ကြိတ်ရယ်လိုက်မိသည်။ ထို့နောက် လက်သီးဆုပ်ထားသော မာန့်ဘယ်ဘက်လက်ကို ပြေလျော့စေပြီး သူ့လက်ချောင်းများတိုးဝင်ကာ တင်းကျပ်စွာဆုပ်ကိုင်ထားလိုက်သည်။ ပြီးနောက် ညာလက်ဖြင့် မာန့်ခါးမှတစ်ဆင့် အပေါ်ဘက်သို့ မထိတထိပွတ်ဆွဲလာရင်း လည်ပင်းနားအရောက် မာန် shirt အင်္ကျီ၏ အပေါ်ကြယ်သီးနှစ်လုံးကိုလည်း ဖြုတ်လိုက်ပြန်သည်။ ပြီးနောက် မာန့်မျက်နှာဘေး လက်သီးဆုပ် တစ်ဖက်ကို မြှောက်ထားလိုက်ကာ

"မျက်လုံးဖွင့်ကြည့် မာန်"

သူ့စကားကြောင့် မာန်က မိုးပြာရောင်မျက်ဝန်းလေးတွေကို ဖြည်းညှင်းစွာ ဖွင့်ဟလာသည်။ မာန် မျက်လုံးဖွင့်လိုက်ချိန်မှာပင် ခွန်းဆက်လက်သီးဆုပ်ထဲကနေ ပတ္တမြားကို ကြယ်ပုံစံထွင်းထုထားသော လော့ကတ်လေးနှင့် ရွှေဆွဲကြိုးလေးက ထွက်ကျလာတော့သည်။ ထိုအရာလေးကို မာန် ကြောင်အစွာငေးကြည့်နေမိသည်။ ကြယ်လေးက အနီရောင်တောက်ကာ စိုလဲ့နေပြီး ရွှေဆွဲကြိုး မျှင်မျှင်လေးနှင့် လိုက်ဖက်စွာ။ ခွန်းဆက် ထိုဆွဲကြိုးလေးအား မာန့်လည်ပင်းတွင် ဝတ်ဆင်ပေးလိုက်ရင်း

"ဒါကတော့ တစ်ဘဝစာ...မဟုတ်သေးဘူး ဘဝအဆက်ဆက် မောင့်အပိုင်အဖြစ် တံဆိပ်ခတ်တာ..."

ပြောပြီး ခွန်းဆက် မှန်ထဲမှ မာန့်ပုံရိပ်ကို မြတ်နိုးမဝစွာငေးကြည့်နေသည်။ မာန့်လည်တိုင်ကျော့ကျော့ထက် ရွှေဆွဲကြိုးလေးက ပနံ့သင့်စွာတည်ရှိနေသည်။ ကြယ်သီးဖြုတ်ထားသည်ကြောင့် ရင်ဘက်ဖြူဖြူထက်က အနီရောင်ကြယ်လေးက လှပစွာ။ မာန့်ရင်ထဲ ကြည်နူးစိတ်တို့က ပြည့်သျှံလို့လာသည်။ သူမထင်ထား သူမမျှော်လင့်ထားသည်များကို ခွန်းဆက်က သိပ်ကိုလုပ်လွန်းပါသည်။ ဒီကောင်လေးကို ချစ်နေရသည့်သူ့အတွက် နေ့ရက်တိုင်းက ပျော်ရွှင်ကြည်နူးစရာတွေနဲ့သာ ပြည့်နှက်နေခဲ့သည်။ သူလိုက်မမီအောင်ထိ ခွန်းဆက်က ချစ်တတ်လွန်းနေသည်။

"သဘောကျလား မာန်"

ထိုစကားကြောင့် မာန် ခွန်းဆက်ဘက်ကိုလှည့်ပြီး ကလေးတစ်ယောက်လို ခေါင်းကို အခါခါညိတ်ပြရင်း

"အင်း သဘောကျတယ် အရမ်းပဲ...မောင်ပေးတဲ့အရာမို့လို့ ပိုသဘောကျတယ်"

ခွန်းဆက်လည်း သဘောတကျပြုံးရယ်ရင်း မာန့်နဖူးထက် တစ်စနှစ်ကျနေသော ဆံပင်များကို သပ်တင်ပေးလိုက်သည်။

"ဟုတ်ပါပြီဗျာ...မာန် သဘောကျတယ်ဆိုရင်ပဲ မောင်က ကျေနပ်ပါပြီ...ဒါနဲ့ ဘယ်ကိုသွားချင်လို့လဲ မာန်"

"အာ ဟုတ်သား"

ထိုအခါမှ မာန်က သတိရသွားဟန်ဖြင့် နာရီကိုကြည့်ကာ

"မောင်က ခဏစောင့် ငါရေမြန်မြန်ချိုးလိုက်မယ်"

"အင်း"

ခွန်းဆက် ခေါင်းညိတ်ပြလိုက်တော့ မာန် ရေချိုးခန်းထဲ ပြေးဝင်သွားတော့သည်။

Time Skip,

လိမ္မော်နီရောင် နေမင်းကြီးက တဖြည်းဖြည်း ငုပ်သျှိုးပျောက်ကွယ်သွားနေသည်ကို ခွန်းဆက်တို့ အတိုင်းသား မြင်နေရသည်။ နေမင်းကြီး၏ ရောင်ခြည်ဖြာကျခြင်းကြောင့် ရေပြင်ကျယ်တွင် ရွှေရောင်ရေလှိုင်းများက တလက်လက်ဖြစ်နေသည်။ ပတ်ဝန်းကျင်တွင်လည်း ရွှေမှုန်လေးများ ပြန့်ကျဲနေသလို ဝန်းကျင်တစ်ခုလုံး နေမင်းကြီး၏ လက်ကျန်ရောင်ခြည် ရွှေဝါရောင်တို့ ဖြန့်ကျက်နေသည်။ မာန်တို့ ယခုရောက်ရှိနေသည့်နေရာက သန်လျင် တံတားပင်ဖြစ်သည်။ ဘာမှကြည့်စရာမရှိသည့် နေရာကို မာန်က ခေါ်လာသည်ကြောင့် ခွန်းဆက် နားမလည်နိုင်ဖြစ်ရသည်။

"မာန် ဘာလို့ဒီကိုခေါ်လာတာလဲ"

တံတားဘောင်ကို ကိုင်ထားရင်း မာန်က ရေပြင်ကျယ်ကိုငေးနေသည်။လေတဖြူးဖြူးတိုက်ခတ်နေသည်မို့ မာန်နဲ့ခွန်းဆက်တို့၏ ဆံပင်များမှာ တလွှင့်လွှင့်။ မာန်က သူ့ဘက်လှည့်လာပြီး ပြုံးပြလာကာ

"နေဝင်ဆည်းဆာအောက်မှာ မောင့်လက်ကိုတွဲပြီး လမ်းလျှောက်ချင်လို့ပေါ့"

"အဲ့ဒါများ တစ်ခြားနေရာတွေရှိတယ်လေ...ဘာလို့ဒီကိုခေါ်လာတာလဲ"

"မသိဘူး...ဒီနေရာမှာပဲ မောင်နဲ့အတူတူလမ်းလျှောက်ချင်တာ...ငါရုံးကပြန်လာတိုင်း ဒီတံတားကိုဖြတ်ရတိုင်း တံတားပေါ်မှာ မောင်နဲ့အတူလမ်းလျှောက်ချင်တယ်လို့ အမြဲတွေးနေခဲ့တာ... အခုလို နေဝင်ချိန် ရေပြင်မှာတလက်လက်ဖြစ်နေတာကို မောင်နဲ့အတူတူ ကြည့်ချင်ခဲ့တာ"

"ဒါဆို သွားရအောင်လေ"

လက်ကမ်းပေးလာသော ခွန်းဆက်ကို မာန်ကြောင်ကြည့်နေသည်။ထို့နောက် တံတားလက်ရန်းကို တင်းတင်းကျပ်ကျပ်ကိုင်ထားလိုက်ပြီး ခွန်းဆက်အား ခေါင်းခါပြလာကာ

"ဘယ်ကိုလဲ... မသွားဘူးနော် ဒီမှာပဲနေမှာ...လာမခေါ်နဲ့...မသွားဘူး"

"အဟွန်း အရူးလေး...လမ်းလျှောက်ချင်တယ်ဆို မောင်တို့ တံတားအဆုံးထိ လျှောက်ကျတာပေါ့"

ထိုအခါမှမာန်က ပြုံးရယ်လာပြီး ခွန်းဆက်လက်ထဲ သူ့လက်ကို ထည့်ပေးလာသည်။ ခွန်းဆက် သူ့လက်ထဲရောက်လာသော လက်ကလေးကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး

"ပြေးရအောင်"

"ဟမ်!"

မာန်တုန့်ပြန်ချိန်မရလိုက် သူ့လက်ကိုဆွဲကာ ပြေးသွားသောသူ၏ခြေလှမ်းနောက် အမှီလိုက်ရသည်။ နှစ်ယောက်လုံးက shirt အပြာနုလေးနှင့် style pants အနက်ကိုသာ ဝတ်ဆင်ထားကြသည်။ ညနေရီတရော နေဝင်ချိန်ကို နောက်ခံထားကာ လက်ချင်းချိတ်ရင်း တံတားပေါ်ပြေးလွှားနေသော ကောင်လေးနှစ်ယောက်၏ပုံစံမှာ ကမ္ဘာပေါ်ရှိအလှပဆုံး ပန်းချီကားတစ်ချပ်ထက်ပင် ပို၍လှပနေသည်။ သန်လျင်တံတားပေါ် တစ်ယောက်လက်တစ်ယောက်ဆွဲရင်း ပြေးနေကာရယ်မောပျော်ရွှင်နေသော ကောင်လေးနှစ်ယောက်ကို မနာလိုသည့်အလား နေမင်းကြီးသည် ရေပြင်ကျယ်ထဲ တဖြည်းဖြည်းတိုးဝင်၍သာနေတော့လေသည်။

အချစ်က ဘာလဲလို့မေးလာရင်
မျက်ဝန်းပြာလေးလို့ ခေါင်းစဉ်တပ်မယ်...။

နှင်းဆီရောင်ရဲနေတဲ့ နှုတ်ခမ်းဖူးဖူးလေးတစ်စုံက
ပိုင်ရှင်ရှိကြောင်း မောင့်နှုတ်ခမ်းနဲ့ တံဆိပ်ခတ်မယ်...။
ပန်းသွေးရောင်ပြေးနေတဲ့ ပါးဖောင်းဖောင်းလေးတွေက
မောင့်အပိုင်ဆိုတာ ကြေညာမယ်...။

နံနက်ခင်းရဲ့ တေးသံသာဟာ
ကျေးငှက်လေးတွေထံမှမဟုတ်ပဲ
မောင့်ရင်ခွင်ထဲက သက်ဆိုင်သူလေးရဲ့
ရယ်သံလွင်လွင်လေးသာ ဖြစ်တယ်...။

မောင့်တစ်နေ့တာ အစပြုခြင်းဟာ
နေမင်းကြီး ထွက်ပေါ်လာလို့ မဟုတ်ပဲ
နဖူးပေါ်ကျရောက်လာတဲ့
မာန့်အနမ်းတွေကြောင့်သာ ဖြစ်တယ်...။

မောင့်ရဲ့တစ်နေ့တာ ရာသီဥတုသာယာခြင်းဟာလည်း
ကမ္ဘာမြေကြီးနဲ့ပတ်ဝန်းကျင်ကို မမူတည်ပဲ
မာန့်မျက်နှာပေါ်က အရိပ်အယောင်များသာဖြစ်တယ်...။
မာန်မပျော်ရင် မောင့်ရာသီဥတု အုံ့မှိုင်းနေမယ်...။
မာန်ပျော်ရင်တော့ မောင့်ရာသီဥတု ကြည်လင်တယ်...။
မာန်သာပြုံးလိုက်ရင် မောင့်ကမ္ဘာမှာ
ပန်းရောင်စုံတွေ သက်တံ့လေးတွေနဲ့
ရာသီဥတုဟာ သာယာလို့...။

မာန် ဂစ်တာတီးတဲ့အခါ
ဂစ်တာကြိုးပေါ် ပြေးလွှားဆော့ကစားနေတဲ့
သွယ်လျလျလက်ကလေးတစ်စုံဟာ
မောင်အမြဲ ဆုပ်ကိုင်ထားချင်တဲ့အရာလေး...။

သံစဉ်တွေကြားထွက်ပေါ်လာတဲ့ မာန့်အသံချိုချိုလေးက
မောင်အမြဲ နားသောတဆင်ချင်တဲ့
သီချင်းတစ်ပုဒ်...။

အမှတ်မထင်ပြုံးလိုက်တဲ့ အပြုံးလေးကအစ
မောင့်အတွက်ပဲပြုံးပြတဲ့ အပြုံးလေးတွေအဆုံး
မာန့်အပြုံးဟာ မောင့်အတွက် ဖြတ်မရအောင်
စွဲလန်းစေတဲ့ မူးယစ်ဆေးအလား...။

မျက်လွှာလေး တစ်ချက်ပင့်လို့
မျက်စောင်းလေး တစ်ခါရွယ်တိုင်း
မာန်ဟာ မရည်ရွယ်ပါပဲနဲ့
မောင့်ကိုသေစေနိုင်တဲ့ ဓားတစ်လက်ပမာ...။

ကောင်းကင်က ကြယ်လေးတွေ လင်းလက်လို့
မာန့်အပြုံးတွေ တောက်ပချိန်တိုင်း
ဒီမောင်ဟာ သစ်ရွက်အလား
တစ်ဖြုတ်ဖြုတ်ကြွေရတယ်...။

နှင်းဆီတွေရဲလို့
မာန်သဘောကျ ပန်ဆင်ချိန်တိုင်း
ဒီမောင်ဟာ မာန်မပြုစားပါပဲနဲ့
ရူးရတယ်...။

ကလေးတစ်ယောက်လို နှုတ်ခမ်းလေးဆူ
ခြေလေးဆောင့်လို့ အလိုမကျဟန်
မျက်မှောင်ကြုတ်လေတိုင်း
အသည်းတစ်ယားယား ဖြစ်ရတာလည်း
ဒီမောင်ပါပဲ...။

မိုးပြာရောင် မျက်ဝန်းတွေထဲ
ပျော်ရွှင်မှု အရိပ်အယောင်အပြည့်နဲ့
နှုတ်ခမ်းဖူးဖူးလေးတစ်စုံ ကွေးညွှတ်နေတိုင်း
အရာရာကို အောင်နိုင်သူတစ်ယောက်လို
စိတ်ကြီးဝင်မိသူဟာလဲ မောင်ဖြစ်ရတယ်...။

အသံကြည်ကြည်လေးနဲ့ မောင်လို့ခေါ်လေတိုင်း
မီတာတစ်သောင်း ပြေးလာရသူလို
ရန်ခုန်မြန်လာရခြင်းဟာ
မာန်ဆေးခတ်ထားပေလို့များလား...။

ကြယ်လေးတွေကို သဘောကျသူက
ကြယ်လေးတွေထက် လင်းလက်နေတယ်ဆိုတာ
မာန်မေ့များနေသလား...။

နှင်းဆီပန်းကို နှစ်ခြိုက်လွန်းသူက
နှင်းဆီပန်းထက် ပိုစွဲမက်ဖွယ်ကောင်းတယ်ဆိုတာ
မာန် မျက်ကွယ်ပြုထားလေသလား။

တစ်နေ့တစ်နေ့ အကြောင်းပြချက်မရှိပဲ
မောင် ပြုံးနေမိတယ် ။
မောင်အတွေးတွေထဲ မင်းရောက်လာတဲ့အခါတိုင်း
နှုတ်ခမ်းထက် အပြုံးကအလိုလိုဖြစ်တည်တယ်။
အဲ့လောက်ထိကို မောင်မင်းကို ရူးမိတယ်။

ဘယ်ရှုထောင့်ကပဲကြည့်ကြည့် မြတ်နိုးမဝတဲ့
မာန်ဆိုတဲ့လူသားလေးဟာ ခွန်းဆက်ရောင်နီဆိုတဲ့
မောင့်အပိုင်သာဖြစ်ကြောင့် တွေးလိုက်မိတိုင်း
ဒီကမ္ဘာမှာ မောင်ဟာ ကံအကောင်းဆုံး
လူသားတစ်ယောက်ပမာ ပျော်ရွှင်ခဲ့ရတယ်...။

ချစ်တယ် မာန်...မောင် မင်းကို သိပ်ချစ်တယ်။
ဒီဘဝ...နောက်ဘဝ...သံသရာအဆက်ဆက်
မောင်ဟာ မင်းတစ်ယောက်တည်းအတွက်သာ ဖြစ်စေရမယ်။
ဒါဟာ အလိမ်အညာကင်းတဲ့ မောင့်ရဲ့သစ္စာ...
မောင့်နှလုံးသားကို တိုင်တည်ပြီး ကျိန်ဆိုတယ်...
မာန် တစ်ယောက်တည်းသာလျှင် မောင့်ရဲ့ရှင်သန်ရာဖြစ်တယ်။

********Main Story ဤတွင်ပြီးပါပြီ********

#9.5.2.24
#🍁Moe Kyal Phyu🍁

**********

main story လေးကတော့ ပြီးသွားပြီပေါ့နော်...ရေးးးး 🥳🥳

extra မဟုတ်တဲ့ အပိုင်းဆက်လေးကတော့ ၆ ပိုင်းကျန်ပါသေးတယ်ရှင့်🥰🥰

ခရီးရှည်ကြီးကို အတူလိုက်ပါပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို မိုးက စိတ်ရင်းနဲ့ တကယ်ကိုကျေးဇူးတင်ရှိပါတယ်ရှင့်❤❤ ကျေးဇူးတင်လွှာကိုတော့ ကျန်တဲ့အပိုင်းလေးတွေပြီးမှပဲ တင်ပါတော့မယ်နော်...ဆိုတော့ နှုတ်ဆက်ပါတယ်ရှင့်...ကောင်းသောညလေးဖြစ်ပြီး အိပ်မက်ကလေးတွေ လှကြပါစေရှင့် 🥰🥰

All love you 😘😘

[Zawgyi]

၆လခန္႔ၾကာၿပီးေနာက္။

"မာန္ ခဏေနရင္ အစည္းအေ၀းပြဲစမယ္"

ဖိုင္တြဲတစ္ခုအား သူ႕ဆီကမ္းေပးရင္းေျပာလာေသာ လင္းသာကို မာန္ ေခါင္းသာညိတ္ျပလိုက္ၿပီး ထိုဖိုင္တြဲအား လွန္ေလ်ာဖတ္႐ႈေနလိုက္သည္။

"ေျပာစရာရိွေသးလား မာန္...ငါအစည္းအေ၀းအတြက္ လိုအပ္တာေတြ သြားျပန္စစ္ထားလိုက္မလို႔"

"မရိွေတာ့ဘူး သြား သြား"

မာန္ လင္းသာကို မၾကည့္ပဲ အသစ္ေရာက္လာေသာ ရွယ္ယာရွင္တို႔၏ ကိုယ္ေရးအက်ဥ္းအမ်ားကို ဖတ္႐ႈေနလိုက္ေတာ့သည္။ မၾကာမီ အေကာင္အထည္ေဖာ္ေတာ့မည့္ အပန္းေျဖအိမ္ရာမ်ား ေဆာက္လုပ္ေရး project အသစ္အတြက္ ရွယ္ယာ၀င္သည့္လူတို႔က တစ္ေန႔ထက္တစ္ေန႔ တိုးလာသည္။ သူအလုပ္ျပန္၀င္သည့္ေနာက္ပိုင္း ပထမဆံုးလုပ္ရသည့္ project ျဖစ္တာေၾကာင့္ ဘာျပႆနာမွ မျဖစ္ေစရန္ ထိုproject အေပၚ မာန္စိတ္ေရာကိုယ္ပါ ႏွစ္ကာ အားစိုက္ထားခဲ့သည္။ မာန္ ရွယ္ယာရွင္တစ္ေယာက္ခ်င္းစီ၏ ကိုယ္ေရးအက်ဥ္းမ်ားကို အေသးစိတ္ဖတ္႐ႈေနရင္း စာရြက္တစ္ခုအေရာက္ လက္တို႔က ရပ္တန္႔သြားကာ မ်က္ေမွာင္တို႔က တြန္႔ခ်ဳိးသြားသည္။ ထိုစာရြက္က ဗလာသက္သက္ျဖစ္ေနေသာေၾကာင့္ပင္။ အေနာက္စာရြက္ေတြ ထပ္လွန္ၾကည့္ေတာ့ အျပည့္အစံုေရးသားထားသည့္ အေၾကာင္းအရာမ်ားကို ေတြ႕ရေသာ္လည္း ထိုစာရြက္တစ္ခုသာ အလြတ္ျဖစ္ေနသည္။ ထိုစဥ္ လင္းသာက တံခါးဖြင့္ကာ ၀င္လာၿပီး

"မာန္ သြားမယ္"

"လင္းသာ ဒါက ဘာလို႔အလြတ္ျဖစ္ေနရတာလဲ"

မာန္ မတ္တပ္ထရပ္လွ်က္ ထိုဖိုင္တြဲကို လင္းသာဆီကမ္းေပးလိုက္သည္။ အသံကေတာ့ အနည္းငယ္မာဆတ္ဆတ္ေလးျဖစ္ေနသည္။ အလုပ္လုပ္ရာတြင္ အၿမဲတိက်ေသသပ္သည့္ လင္းသာက ထိုကဲ့သို႔အမွားမ်ဳိးပါလာသည္ေၾကာင့္ မာန္ စိတ္တိုေနရျခင္းျဖစ္သည္။ အသစ္၀င္လာသည့္ ရွယ္ယာရွင္က ၁၅ဦး ျဖစ္ေသာ္လည္း ယခုဖိုင္ထဲတြင္ ရွယ္ယာရွင္၁၄ဦး၏ အေၾကာင္းမ်ားသာ ပါေနသည္။ လင္းသာက ထိုအရာကိုၾကည့္ရင္း ဘာမွမမွားသည့္ပံုစံေၾကာင့္ မာန္စိတ္တို႔ ပိုတိုလာရသည္။

"လင္းသာ ငါေျပာတာ ဒီစာရြက္က ဘာလို႔လြတ္ေနရတာလဲလို႔"

"ေဩာ္ အဲ့တာက အဲ့ရွယ္ယာရွင္က သူ႕အခ်က္အလက္ကို ဘာမွမေပးလို႔ေလ"

ျပန္ေျဖလာသည္က အေရးမႀကီးသလို ေအးေဆးစြာႏွင့္။ project အတြက္ ရွယ္ယာ၀င္မယ့္လူကို နာမည္ေတာင္မသိရပဲ ရွယ္ယာထည့္ခိုင္းထားေသာ လင္းသာကို မာန္အံ့ဩစြာၾကည့္မိေတာ့သည္။ မာန္ ျဖစ္ေနသည့္ပံုကိုၾကည့္ရင္း လင္းသာက ၿပံဳးလိုက္ၿပီး

"စိတ္ခ်ရတဲ့လူပါ မင္းစိတ္မပူပါနဲ႔"

"ဘယ္သူလဲ"

"အစည္းအေ၀းခန္းထဲ ေရာက္ရင္ မင္းသိရမွာေပါ့"

"လင္းသာ အလုပ္ကို ေပါ့ပ်က္ပ်က္လုပ္တာ ငါမႀကိဳက္ဘူးေနာ္"

"ငါသိပါတယ္ဟ လာစမ္းပါ မာန္ရာ"

လင္းသာလည္း မာန္႔လက္ကိုဆြဲၿပီး အစည္းအေ၀းအခန္းဆီ ဆြဲေခၚသြားေတာ့သည္။ သူတို႔ေနာက္တြင္ေတာ့ မာန္၏ အတြင္းေရးမႉးက လိုက္ပါလာသည္။ မာန္ကေတာ့ လင္းသာကို စိတ္တိုေနသည္ေၾကာင့္ မ်က္ႏွာက အနည္းငယ္ေအးစက္ကာ ခပ္တည္တည္ျဖစ္လို႔ေနသည္။ အစည္းအေ၀းအခန္းေရွ႕သို႔ ေရာက္ေတာ့ လင္းသာက ၿပံဳးစစျဖင့္ မာန္႔ကိုအရင္၀င္ဟု ဆိုလာသည္ေၾကာင့္ မာန္တံခါးဖြင့္ကာ အထဲသို႔၀င္လိုက္သည္။ အခန္းထဲတြင္ ရွယ္ယာရွင္အားလံုး ေရာက္ရိွလို႔ေနသည္။ မာန္ စားပြဲ၏ ထိပ္ဆံုးကခံုတြင္ ၀င္ထိုင္လိုက္ရင္း ေနရာတစ္ခုဆီ အၾကည့္အေရာက္ မ်က္၀န္းျပာေလးမ်ားက ျပဴးက်ယ္သြားကာ မ်က္ႏွာကလည္း အံ့ဩသြားသည့္ အရိပ္အေယာင္တို႔ ေပၚထြက္လာသည္။ သို႔ေသာ္ တစ္ခဏအတြင္း အမႈအရာကို ခ်က္ခ်င္းျပန္ထိန္းလိုက္ၿပီး လင္းသာဘက္ကိုလွည့္ကာ သတိေပးသလိုအၾကည့္နဲ႔ၾကည့္လိုက္ေတာ့ လင္းသာက မသိခ်င္ေယာင္ေဆာင္က ၿပံဳးစိစိျဖစ္ေနသည္။ တစ္ဖန္အခုဏက ေနရာဆီျပန္ၾကည့္ေတာ့ သူ႕ကိုၾကည့္ရင္း ၿပံဳးၿဖီးေနေသာ ခြန္းဆက္ေၾကာင့္ မာန္ ခ်က္ခ်င္းအၾကည့္ျပန္လႊဲလိုက္ၿပီး အခန္းထဲရိွ လူအားလံုးကို တစ္ခ်က္ေ၀့ၾကည့္ကာ

"အားလံုးပဲ မဂၤလာပါ...သိၿပီးသားဆိုေပမယ့္ ကြၽန္ေတာ္ကို ကြၽန္ေတာ္ ျပန္မိတ္ဆက္ေပးပါ့မယ္...ကြၽန္ေတာ္က ဒီM group မွာ Chief Executive Officer(CEO) အျဖစ္ တာ၀န္ထမ္းေဆာင္ေနတဲ့ အလကၤာမုန္းမာန္ပဲ ျဖစ္ပါတယ္...အခုလို ကြၽန္ေတာ္တို႔ group ရဲ႕ project အသစ္ကို ယံုယံုၾကည္ၾကည္နဲ႔ ရွယ္ယာထည့္၀င္ေပးၾကတဲ့ လူႀကီးမင္းတို႔တစ္ေယာက္ခ်င္းစီတိုင္းကို ကြၽန္ေတာ္တို႔ group ရဲ႕ကိုယ္စား ကြၽန္ေတာ္က စိတ္ရင္းနဲ႔ ေက်းဇူးအထူးတင္ရိွပါတယ္ ခင္ဗ်"

မာန္႔ စကားအဆံုး အခန္းအတြင္းလက္ခုပ္သံတို႔က ထြက္ေပၚလာသည္။ မာန္က အတြင္းေရးမႉးအား projectနဲ႔ပတ္သတ္သည့္ စာရြက္ေတြကို ရွယ္ယာရွင္ေတြအား ေ၀ေပးခိုင္းလိုက္ၿပီး လင္းသာကိုေတာ့ projector ဖြင့္ရန္ေစခိုင္းလိုက္ၿပီးေနာက္ project အစအဆံုးကို သူကိုယ္တိုင္ပဲ အေသးစိတ္ေျပာျပသည္။

ခြန္းဆက္မွာေတာ့ အေရွ႕တြင္ project ကို ရွင္းျပေနသူေလးကိုသာ ေငးၾကည့္ေနမိၿပီး project နဲ႔ပတ္သတ္သည့္ ကိစၥတို႔ သူ႕ေခါင္းထဲတစ္ခုမွ မ၀င္သလို ၾကားလည္း မၾကားရပါေခ်။ အၿမဲလိုလိုေတြ႕ဖူးေသာ မာန္နဲ႔ျခားနားစြာ အခုအလုပ္ကိစၥရွင္းျပေနသည့္ တည္တန္႔ေနေသာ မာန္႔ပံုစံေလးက ခြန္းဆက္အာ႐ံုကို တစ္မ်ဳိးေလးဆြဲေဆာင္ေနသည္။ ကေလးဆန္ျခင္း အလ်ဥ္းမရိွ လူငယ္ဆန္ေသာ အေငြ႕အသတ္တို႔ကိုလည္း မခံစားေစရပဲ လုပ္ငန္းစုႀကီးတစ္ခုကို ဦးေဆာင္ေနေသာ ရင့္က်က္မႈမ်ဳိးႏွင့္ တည္ၾကည္ေနေသာမာန္က လူႀကီးလူေကာင္းဆန္ဆန္ အေငြ႕အသတ္တို႔ကို ထုတ္လႊတ္ေနကာ မျမင္ရသည့္ အရိွန္အဝါတစ္ခုကိုလည္း ခံစားမိႏိုင္သည္။

တစ္ခ်က္တစ္ခ်က္ သူ႕ဆီအၾကည့္ေရာက္လာၿပီး သူစိုက္ၾကည့္ေနသည္ေၾကာင့္ ၿပံဳးေယာင္သန္းခ်င္သြားေသာ မ်က္ႏွာကို ျပန္ျပန္တည္ေနရေသာ မာန္႔ကိုၾကည့္ရင္း ခြန္းဆက္အသည္းယားလာရသည္။ ႏွစ္ေယာက္ထဲသာဆိုလွ်င္ ရင္ခြင္ထဲ ဆြဲဖက္ကာ ေမႊ႕ယမ္းပစ္မိမည္မွာ ေသခ်ာသည္။ အနက္ေရာင္ suit ေလးနဲ႔ လိုက္ဖက္ေနသူက ေခ်ာေမာေနမႈမွာ စကားလံုးမ်ားနဲ႔ေဖာ္ျပဖို႔ရာ အလ်ဥ္းမရိွ။ လႈပ္ခတ္သြားေသာ ႏႈတ္ခမ္းဖူးဖူးေလးမ်ား၊ project နဲ႔ပတ္သက္ၿပီး စိတ္အားထက္သန္စြာ ေတာက္ပေနေသာ မ်က္၀န္းျပာေလးမ်ား၊ ပန္းေသြးေရာင္ေျပးေနေသာ ပါးေဖာင္းေဖာင္းေလးႏွစ္ဖက္၊ ျဖစ္ႏိုင္လွ်င္ ဘယ္သူမွမျမင္ႏိုင္ေအာင္ထိ အိမ္ထဲမွာဖြက္သိမ္းထားခ်င္မိသည္။ ျမတ္ႏိုးရသူ၏ ေခ်ာေမာမႈမ်ားကို သူတစ္ေယာက္ထဲသာ ထိုင္ၾကည့္ခ်င္မိသည္။ အခုလိုလူအားလံုး၏ အၾကည့္တို႔က မာန္႔အေပၚက်ေရာက္ေနသည္ကို ခြန္းဆက္ နည္းနည္းမွ သေဘာမက်။ အလုပ္လာတိုင္း ကုမၸဏီမွ လူမ်ားက မာန္႔ကိုၾကည့္ေနၾကသည္ဟူေသာ အသိက ခြန္းဆက္ေခါင္းထဲ၀င္ေရာက္လာၿပီး မ်က္ႏွာကလည္း အလိုမက်စြာ တင္းမာလာေတာ့သည္။

အျခားသူမ်ားက သူတို႔မရွင္းသည့္ အခ်က္မ်ားကို မာန္႔အားေမးျမန္းၾကေသာ္လည္း ခြန္းဆက္တစ္ေယာက္သာ ဘာမွထမေမးပဲ မာန္႔ကို မ်က္ႏွာမသာမယာျဖင့္ ထိုင္ၾကည့္ေနသည္။ထို projectကို အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးစားခဲ့ခ်ိန္တြင္လည္း မာန္ကို သူကူခဲ့ဖူးတာမို႔ project နဲ႔ပတ္သတ္ၿပီး သူအားလံုး သိထားၿပီးသားျဖစ္သည္။ အခ်ိန္တစ္ခုၾကာေအာင္ အစည္းအေ၀းျပဳလုပ္ၿပီးေနာက္ မာန္က အစည္းအေ၀းအဆံုးသတ္ေၾကာင္းကို ေၾကညာလိုက္ၿပီးသည္ႏွင့္ အခန္းထဲမွ လူမ်ားက အသွ်ဳိသွ်ဳိထြက္သြားၾကေတာ့သည္။ လင္းသာက မာန္႔အနားကပ္ကာ 'sweet time ေလးျဖစ္ပါေစကြာ' ဟုဆိုကာ အခန္းထဲမွ ထြက္သြားေတာ့သည္။ ထို႔ေၾကာင့္ အခန္းထဲတြင္ ခြန္းဆက္နဲ႔ မာန္ႏွစ္ေယာက္တည္းသာ က်န္ခဲ့ေတာ့သည္။ မာန္လည္း မ်က္ႏွာမသာမယာျဖစ္ေနေသာ ခြန္းဆက္ဆီ ေလွ်ာက္သြားလိုက္ကာ

"ဘာျဖစ္ေနတာလဲ ခြန္းဆက္"

"ဘာမွမျဖစ္ဘူး"

"အဲ့ဒါဆိုလည္း ၿပီးတာပဲ ငါသြားေတာ့မယ္"

ဆိုကာ မာန္ရယ္ခ်င္သည့္ စိတ္ကိုထိန္းရင္း လွည့္ထြက္ဖို႔ျပင္သည္။ ၿပံဳးၿဖီးေနရာမွ ႐ုပ္တည္သြားေသာ ခြန္းဆက္ကို မာန္ တစ္ေလွ်ာက္လံုး သတိထားမိေနသည္။ ဘာေၾကာင့္ ထိုသို႔ျဖစ္သြားသည္ဆိုတာကို မသိေသာ္လည္း ႐ုပ္တည္ေလးႏွင့္ျဖစ္ေနေသာ ခြန္းဆက္ပံုစံက ခ်စ္စရာေကာင္းလြန္းသည္ေၾကာင့္ မာန္စေနာက္ခ်င္ေနမိသည္။ ခြန္းဆက္မွာလည္း သူ႕စကားဆံုးသည္ႏွင့္ လွည့္ထြက္သြားသူ၏ လက္တစ္ဖက္ကို လွမ္းဆြဲလိုက္ေတာ့ သူ႕ဘက္လွည့္လာသည့္ မာန္႔မ်က္ႏွာက ပံုမွန္အတိုင္း ဘာအရိပ္အေယာင္မွ မရိွေပ။ ထိုပံုစံကိုၾကည့္ရင္း ခြန္းဆက္မ်က္ႏွာ ပို၍ဆူပုတ္လာေတာ့သည္။

"ဘာမွမျဖစ္ဘူးဆိုတာနဲ႔ ဘာမွမျဖစ္ဘူးလို႔ထင္တာပဲလား...ဘာမွမျဖစ္ဘူးဆိုတာ ဘာမွမျဖစ္ဘူးလို႔ဆိုလိုတာ မဟုတ္ဘူးေလ"

"အာ...႐ႈပ္ေနတာပဲ...မင္းပဲ ဘာမွမျဖစ္ဘူးဆို အဲ့ဒါေၾကာင့္ ငါလည္း ဘာမွမျဖစ္ဘူးလို့ ထင္တာေပါ့"

မာန္ ႏႈတ္ခမ္းကို တစ္တိတိကိုက္ရင္း ေျပာမိသည္။ ႏႈတ္ခမ္းကိုသာ မကိုက္ထားပါလွ်င္ သူရယ္မိေတာ့မည္ ျဖစ္သည္။

"က်စ္! မာန္! "

"ဘာလဲ"

ခြန္းဆက္ သူ႕အား ႐ႈတည္တည္ၾကည့္ေနေသာသူကို ခါးမွပင့္ကာ စားပြဲေပၚတင္လိုက္ၿပီး ေဘးတစ္ဖက္တစ္ခ်က္တြင္ လက္ေထာက္လိုက္ကာ မ်က္၀န္းျပာေလးမ်ားထဲ စိုက္ၾကည့္လိုက္သည္။ ထိုအခ်ိန္ထိ မာန္႔မ်က္ႏွာထက္ ဘာအရိပ္အေယာင္မွ ရိွမေနပဲ ခြန္းဆက္ကိုျပန္ၾကည့္ေနသည္။ စကၠန္႔အေတာ္အၾကာ ဘာစကားမွမေျပာပဲ တစ္ေယာက္ႏွင့္တစ္ေယာက္ စိုက္ၾကည့္ေနသည္။ ခြန္းဆက္အၾကည့္တို႔က မ်က္၀န္းျပာမွ ေရြ႕လ်ားလာၿပီး ႏႈတ္ခမ္းဖူးဖူးေလးဆီသို႔ အၾကည့္ေရာက္သြားကာ မ်က္ႏွာက တျဖည္းျဖည္းငံု႔ကိုင္းလာေတာ့သည္။

ႏႈတ္ခမ္းခ်င္းထိလုထိခင္ျဖစ္သြားစဥ္မွာပင္ မာန္က ခြန္းဆက္ရင္ဘက္ကို လက္နဲ႔ေထာက္ကာ တြန္းထားၿပီး မ်က္ႏွာက အေနာက္သို႔ဆုပ္သြားသည္။ ခြန္းဆက္ သူ႕ရင္ဘက္ကိုတြန္းထားေသာ လက္မ်ားကို လက္တစ္ဖက္ႏွင့္စုကိုင္လိုက္ၿပီး ေနာက္လက္တစ္ဖက္ျဖင့္ မာန္႔လည္တိုင္ကိုဆြဲယူကာ မာန္ေရွာင္တိမ္းခဲ့ေသာ ႏႈတ္ခမ္းတို႔ကို ထပ္တူက်ေစလိုက္သည္။ မိနစ္လက္တံေလး နံပါတ္ေလးခုကို ခုန္ေက်ာ္သြားေတာ့မွ မာန္႔အားလႊတ္ေပးလိုက္ၿပီး ႏႈတ္ခမ္းဖူးဖူးေလးကို လက္မျဖင့္ ဖိပြတ္ဆြဲေပးေနရင္း မ်က္၀န္းျပာေလးမ်ားကို ၾကည့္ကာ

"ေမာင္ မႀကိဳက္ဘူး မာန္...မာန္႔ကို သူမ်ားေတြၾကည့္ၾကတာကို"

မာန္ကေတာ့ ဘာမွမေျပာပဲ ခြန္းဆက္ကိုသာ ၾကည့္ေနသည္။ ခြန္းဆက္၏ အခုလိုပံုစံေလးက အသည္းယားစရာ ေကာင္းလြန္းေနသည္ေၾကာင့္ မာန္ မ်က္ေတာက္ခတ္ရမည္ကိုေတာင္ စိုးရြံ႕မိသည္အထိ ခြန္းဆက္ကို ၾကည့္လို႔ေနသည္။

"ဒီကိုလာတုန္းကလည္း မာန္႔အေၾကာင္းကို ပိုင္စိုးပိုင္နင္းေျပာတာကို ၾကားခဲ့ရတယ္...အခုဏက အစည္းအေ၀းပြဲမွာလည္း ေမာင့္အပိုင္ေလးကို တပ္မက္တဲ့ မ်က္လံုးေတြနဲ႔ၾကည့္ၾကတယ္...ေမာင္ တကယ္မႀကိဳက္ဘူး"

"အဲ့ေတာ့ ငါက ဘာမွမလုပ္ပဲ ေမာင့္လုပ္စာပဲ ထိုင္စားရေတာ့မလား"

"အဲ့လိုဆို ေမာင္က သိ္ပ္သေဘာက်တာေပါ့...ေမာင္ ႐ံုးကျပန္လာရင္ မာန္က အိမ္ေရွ႕ေလးကို အေျပးလာႀကိဳမယ္"

"ဒါေပမယ့္ ငါက မင္းကိုပဲမီွခိုၿပီး မေနခ်င္ဘူး...ငါလည္း ေယာက္က်ားတစ္ေယာက္ဆိုတာေတာ့ မင္းမေမ့ပါဘူးေနာ္"

"ေမာင္က အဲ့သေဘာေျပာတာ မဟုတ္ပါဘူး...ဒီလိုမ်ဳိး မင္းကို ေမာင္တစ္ေယာက္တည္း ၾကည့္ခ်င္ျမင္ခ်င္တာ...တစ္ျခားသူေတြရဲ႕အၾကည့္ေတြကို မာန္႔အေပၚမက်ေစခ်င္ဘူး... ေမာင္တကယ္ မႀကိဳက္ဘူး မာန္ရယ္"

ေျပာရင္း ခြန္းဆက္ သူ႕မ်က္ႏွာကို မာန္႔ပခံုးေပၚေမွာက္ခ်လိုက္ၿပီး ခါးကိုလည္း တင္းက်ပ္ေနေအာင္ ဖက္တြယ္လာသည္။ မာန္မွာလည္း ႐ုတ္ျခည္းျဖစ္သြားေသာ ခြန္းဆက္ပံုစံေၾကာင့္ ဘာေျပာရမွန္းမသိျဖစ္ေနသည္။ အရင္ထဲက ဒီပံုစံအတိုင္း အလုပ္သြားတာ အေကာင္း အခုမွထၿပီး မႀကိဳက္ဘူးခ်ည္း ထပ္ေနေအာင္ ေျပာေနသူေၾကာင့္ ကုမၸဏီကိုပဲ ခ်က္ခ်င္းပိတ္သိမ္းရမလိုျဖစ္ေနသည္။ မာန္ တစ္ခ်က္ၿပံဳးရင္း ခြန္းဆက္ဆံပင္မ်ားကို ပြတ္သပ္ေနလိုက္သည္။

"ခြန္းဆက္"

"ဟင့္အင္း ေမာင္လို႔ေခၚ"

ပခံုးထက္ ေခါင္းေမွာက္ထားၿပီး ခြၽဲ႕ႏြဲ႕စြာေျပာလာသူေၾကာင့္ မာန္အသံထြက္သည္အထိ ရယ္မိသြားရသည္။ အခုေနာက္ပိုင္း ခြန္းဆက္ကသူ႕အားပို၍ ကပ္တြယ္လာၿပီး ပို၍လည္း ကေလးဆန္ကာ ခြၽဲ႕ႏြဲ႕လာသည္။ မာန္ေတြးေနမိတုန္းမွာပင္ ခြန္းဆက္က မာန္႔လည္တိုင္ဆီကို နမ္း႐ိႈက္လို႔လာသည္။ လည္ပင္းသားေလးမ်ားကို သြားျဖင့္ အသာကိုက္ကာ တဖြဖြဆုပ္ယူေနသည္ေၾကာင့္ မာန္ေနမထိထိုင္မသာ ျဖစ္လာရသည္။

"ေမာင္ ကုမၸဏီမွာေလ"

"ေမာင္ ဂ႐ုစိုက္မယ္ ထင္လို႔လား"

ေျပာရင္း ညႇပ္႐ိုးေလးကို သြားျဖင့္ကိုက္ခ်လိုက္သည္ေၾကာင့္ မာန္ကိုယ္ေလး တြန္႔တက္သြားရသည္။

"ေမာင္ ေတာ္ၿပီ...ေမာင္ ဂ႐ုမစိုက္ေပမယ့္ ငါဂ႐ုစိုက္တယ္"

"က်စ္! "

စုပ္တစ္ခ်က္သတ္ကာ ဆူဆူပုတ္ပုတ္ျဖင့္ ေခါင္းေမာ့လာေသာ ခြန္းဆက္။ မာန္ ခြန္းဆက္ လည္တိုင္ကို ဖက္တြယ္လိုက္ရင္း ဆူပုတ္ေနေသာ ခြန္းဆက္မ်က္ႏွာကို ၿပံဳးစိစိျဖင့္ ၾကည့္ေနမိသည္။ ခြန္းဆက္မွာေတာ့ သူ႕အား ကေလးတစ္ေယာက္ကို စေနာက္ေနသလို ၿပံဳးၿပံဳးႀကီး စိုက္ၾကည့္ေနသည့္ မာန္ေၾကာင့္

"မာန္ အဲ့လိုႀကီး မၾကည့္နဲ႔ဗ်ာ"

"ဒီေလာက္ခ်စ္စရာေကာင္းတဲ့ ကေလးေလးကို မၾကည့္ပဲမွမေနႏိုင္တာ"

"ေမာင့္ အသက္ ၂၆ႏွစ္ရိွၿပီေနာ္... ကေလးမဟုတ္ေတာ့ဘူး"

"ဒါေပမယ့္ ငါ့အတြက္ေတာ့ မင္းက အၿမဲတမ္းကေလးေလးပဲ"

ေျပာရင္း မာန္ ခြန္းဆက္ႏွာေခါင္းထိပ္ေလးကို ဖြဖြေလးဆြဲညစ္လိုက္သည္။ မာန္႔ လုပ္လိုက္သည့္အရာေၾကာင့္ ခြန္းဆက္ၿပံဳးေယာင္ သန္းသြားေသာ္လည္း ခ်က္ခ်င္းျပန္တည္လိုက္သည္ေၾကာင့္ မာန္အူယားသြားရသည္။

"ကေလးေလးတစ္ေယာက္ ၿပံဳးခ်င္ေနတာကို မၿပံဳးပဲနဲ႔ အိုက္တင္ခံေနတယ္ ၾကည့္စမ္း"

ခြန္းဆက္ မ်က္လံုးတို႔က သူ႕ကိုမၾကည့္ပဲ ဟိုလႊဲသည္လႊဲ လုပ္ေနသည္ေၾကာင့္ မာန္ ခြန္းဆက္ပါးႏွစ္ဖက္ကို အုပ္ကိုင္လာၿပီး

"ကေလးေလးက ကိုကို႔ကို စိတ္ဆိုးေနတာလား"

"မာန္"

"အဲ့ေတာ့ ကိုကိုက ကေလးေလးကို ေခ်ာ့ရမွာေပါ့ ဟုတ္လား"

"မာန္ ေတာ္ၿပီ...ဆက္မေျပာနဲ႔ေတာ့"

"ကေလးေလးကို ကိုကို...အြန္႔!"

ခြန္းဆက္ တတြတ္တြတ္စကားဆိုေနေသာ ႏႈတ္လမ္းေလးကို အျငင္သာဆံုးနည္းျဖင့္ ႏႈတ္ပိတ္လိုက္သည္။ မာန္က တစ္ခ်က္လန္႔သြားေသာ္လည္း သူ႕အနမ္းကိုျပန္လည္ တုန္႔ျပန္လာသည္။ မာန္ သူ႕ကိုယ္သူ ကိုကိုလို႔သံုးႏႈန္းသည့္အခါႏွင့္ ခြန္းဆက္အား ကေလးေလးလို႔ေခၚသည့္အခါမ်ဳိးတြင္ ခြန္းဆက္ အသည္းေတြအူေတြ ေျပာင္းျပန္လွန္သြားသလို ရင္ထဲယားက်ိက်ိျဖစ္လြန္းလွသည္။ မႀကိဳက္လို႔မဟုတ္ပါပဲ ႀကိဳက္လြန္း၍ အေခၚမခံႏိုင္ျခင္းသာ ျဖစ္သည္။ အနမ္းေရယာဥ္ေလးက အခ်ိန္အေတာ္ၾကာ ခုပ္ေမာင္းသြားၿပီးေနာက္ ပန္းတိုင္သို႔ေရာက္သြားေခ်သည္။ ခြန္းဆက္ ေနာက္ဆံုးအေနျဖင့္ မာန္႔ႏႈတ္ခမ္းေလးကို ဖိကပ္နမ္းလိုက္သည္။ မာန္ကေတာ့ ေမာဟိုက္စြာ အသက္႐ႈေနရသည္။ ခြန္းဆက္၏ ပေယာဂေၾကာင့္ မာန္႔ႏႈတ္ခမ္းတို႔မွာ နီရဲေဖာင္းကားေနၿပီး ေထာင့္နားေလးတြင္ ေသြးေျခေလးေတာင္ ဥေနေလသည္။ ခြန္းဆက္ သူ၏ ဖန္တီးမႈကို သေဘာက်စြာ ၾကည့္ေနသည္။

မာန္ အသက္႐ႈႏႈန္းေလး ပံုမွန္ျပန္ျဖစ္သြားကာမွ ခြန္းဆက္ကို ေမာ့ၾကည့္လာသည္။

"ခြန္းဆက္"

မာန္ေခၚ႐ုံရိွေသး ခြန္းဆက္က မာန္႔ႏႈတ္ခမ္းတို႔ကို ထပ္မံ၍ ရန္ရွာလာသည္။ မာန္မွာေတာ့ ခြန္းဆက္ရင္ဘက္ကို ထု႐ိုက္ကာတားေသာ္လည္း ခြန္းဆက္ကေတာ့ လႊတ္မေပးပဲ ပို၍တင္းက်ပ္စြာ စုပ္ယူလာသည္။ သို႔ႏွင့္ အနမ္းေရယာဥ္ေလးသည္ တစ္ဖန္ျပန္၍ ခုပ္ေမာင္းသြားေလသည္။ ဒီတစ္ခါတြင္ ခြန္းဆက္၏ အနမ္းတို႔က ႏူးညံ့မေနပဲ ၾကမ္းတမ္းကာ ျပင္းရွသည္။

"အ! "

ခြန္းဆက္က မာန္႔ေအာက္ႏႈတ္ခမ္းသားေလးကို ကိုက္ေဖာက္လာသည္ေၾကာင့္ မာန္႔ထံမွ နာက်င္မႈ၏ ျပယုဒ္အျဖစ္ အာေမဋိတ္သံေလး ထြက္ေပၚလာသည္။ ခြန္းဆက္ သူကိုက္ေဖာက္လိုက္ေသာ ေနရာကိုသာ အားျဖင့္စုပ္ယူေနသည္ေၾကာင့္ မာန္တစ္ေယာက္ စပ္ဖ်ဥ္းဖ်ဥ္းဒဏ္ကို ခံစားေနရသည္။ ႏႈတ္ခမ္းေပါက္သြားသည္မွန္ေသာ္လည္း မာန္ ေသြးအရသာကို မခံစားရေသးေပ။ ထိုအစား ခြန္းဆက္စုပ္ယူေနေသာ ေနရာမွ နာက်င္မႈေၾကာင့္ မ်က္ရည္ေလးမ်ား၀ဲတက္လို့လာေခ်သည္။ ခြန္းဆက္ သူ႕စိတ္ႀကိဳက္ စုပ္ယူၿပီးသြားကာမွ မာန္႔အား လႊတ္ေပးလာၿပီး မ်က္၀န္းျပာေလးမွ မ်က္ရည္ၾကည္တို႔ကို သုတ္ဖယ္ေပးကာ

"အဲ့တာ ေမာင္လို႔ မေခၚလို႔ အျပစ္ေပးတာ...ေျပာ ဘာေျပာမို႔ေခၚတာလဲ"

မာန္က ဘာမွမေျပာေသးပဲ သူ႕ကိုသာ စိုက္ၾကည့္ေနေသးသည္ေၾကာင့္

"ဘာလဲ ထပ္အနမ္းခံခ်င္ေသးလို႔လား"

ဆိုရင္း ခြန္းဆက္ေခါင္းက သူ႕ႏႈတ္ခမ္းနားသို႔ တစ္ဖန္ျပန္ငံုကိုင္းလာသည္ေၾကာင့္ မာန္ ေခါင္းကို ေနာက္သို႔ အျမန္ေရွာင္ရင္း တားရသည္။

"ခဏ ခဏ"

ရင္ဘက္ကို လက္နဲ႔ေထာက္ကာ အသည္းအသန္တားလာသူေၾကာင့္ ခြန္းဆက္ႏႈတ္ခမ္းစြန္းတို႔ ေကာ့ၫႊတ္သြားရသည္။ မာန္ကေတာ့ သူ႕အား မ်က္ေစာင္းေလးတစ္ခ်က္ ရြယ္လာကာ

"ညေန ႐ံုးက ေစာေစာျပန္...အိမ္မွာ ငါ့ကိုေစာင့္ေန"

"ဘာလို႔လဲ...ေမာင္ လာႀကိဳမယ္ေလ...အတူတူျပန္မယ္"

"ဟင့္အင္း...ခြန္း အာ... ေမာင္က ေစာေစာျပန္ၿပီး...ေရခ်ဳိးအ၀တ္အစားလဲၿပီး အဆင္သင့္လုပ္ထား... ငါေမာင္နဲ႔အတူတူ သြားခ်င္တဲ့ ေနရာတစ္ခုရိွတယ္"

"ဘယ္ကိုလဲ"

"ညေနက်ရင္ သိရမွာေပါ့"

"အင္းပါ အခုေတာ့ ထပ္နမ္းပါရေစအံုး"

"ဟင္ အခုဏက...အြတ္! "

မာန္အသံတို႔ တစ္စြန္းတစ္စသာ ထြက္လာၿပီး အဆံုးသတ္ခြင့္ မရလိုက္ပါေတာ့ေခ်။ မာန္တစ္ေယာက္မွာေတာ့ ႏႈတ္ခမ္းသားတို႔ ပူထူသြားေအာင္ကို ခြန္းဆက္၏ အနမ္းတို႔အား တစ္၀ႀကီး ခံစားလိုက္ရေတာ့သည္။ အစည္းအေ၀းခန္းထဲ ၂နာရီေလာက္ၾကာေအာင္ အတူရိွေနခဲ့ၿပီးသည့္ေနာက္ ခြန္းဆက္နဲ႔ မာန္ အခန္းထဲကထြက္ရန္ ျပင္ရေတာ့သည္။ ကုမၸဏီတြင္ ျဖစ္သည္ေၾကာင့္ မာန္က အေတာ္အသင့္ဆင္ျခင္ေသာ္လည္း တစ္ဇြတ္ထိုးသမားေလး ခြန္းဆက္ေၾကာင့္ မာန္႔ႏႈတ္ခမ္းတစ္ခုလံုး ဖူးေယာင္ကာနီရဲလို႔ေနသည္။ မာန္ ဖုန္းထဲမွ သူ႕မ်က္ႏွာသူျပန္ၾကည့္ကာ

"က်စ္! ငါဒီပံုစံနဲ႔ သူတို႔ေရွ႕ဘယ္လို သြားရေတာ့မွာလဲ"

မေက်မနပ္ေရရြတ္ေနေသာ မာန္႔ကို ခြန္းဆက္ၿပံဳးၿပီးသာ စိုက္ၾကည့္ေနသည္။ ထိုအခ်ိန္ မာန္က သူ႕အားမ်က္လံုးေထာင့္ကပ္ကာ ၾကည့္လာၿပီး

"ေခြးေကာင္...အရမ္းမလုပ္ပါနဲ႔ဆိုတာကို အခုေတာ့ ငါဘယ္မ်က္ႏွာနဲ႔ အျပင္ထြက္ရေတာ့မွာလဲ"

"အဲ့ဒါဆို လာလာ ေမာင့္ရင္ခြင္ထဲ မ်က္ႏွာဖြက္ထား"

"ငါအတည္ေျပာေနတာေနာ္...ဒီမွာၾကည့္အံုး မင္းလုပ္ထားတာ...ဘယ္ေလာက္ေတာင္ဆိုးေနလဲဆိုတာ...စကားေျပာရင္ေတာင္ နာေနၿပီ"

သူေရွ႕မ်က္ႏွာေမာ့ကာ ျပလာေသာသူ၏ ပါးေလးႏွစ္ဖက္ကို အုပ္ကိုင္ကာ ခြန္းဆက္ ေသခ်ာၾကည့္လိုက္ၿပီး

"ဟုတ္ပါရဲ႕...ေတာ္ေတာ္ဆိုးေနတာပဲ...ေပ်ာက္သြားေအာင္ ေနာက္တစ္ခါေလာက္ ထပ္နမ္းၾကည့္မလား"

"ဘာ! မင္း! ထပ္လုပ္ရင္ ငါေသသြားမွာေပါ့ကြ"

"ေသမေသ သိရေအာင္ ထပ္လုပ္ၾကည့္မယ္ေလ"

"ခြန္း ဆက္ ေရာင္ နီ!!! မင္း ေသဖို႔သာျပင္! "

မာန္က သူ႕အားထုရန္ ျပင္ေတာ့ ခြန္းဆက္ တံခါးဆီသို႔ အေျပးသြားကာ တံခါးအား ဆြဲဖြင့္လိုက္ခ်ိန္ သူ႕ေျခေထာက္ေရွ႕ ေမွာက္ရက္ျပဳတ္က်လာေသာ သူႏွစ္ေယာက္ေၾကာင့္ မာန္နဲ႔ခြန္းဆက္ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္မိသြားရသည္။ ထို္ေနာက္ ၾကမ္းျပင္ေပၚမွ ႏွစ္ေယာက္ကိုျပန္ၾကည့္မိၾကသည္။ ၾကမ္းျပင္ေပၚမွ လင္းသာနဲ႔ မာန္၏ အတြင္းေရးမႉး ႐ိႈင္းစစ္တို႔က ကုန္း႐ုန္းထလာကာ ႐ိႈင္းစစ္က မာန္႔ကိုၾကည့္ရင္း

"ကြၽန္ေတာ္တို႔ ဘာမွမၾကားပါဘူး CEO... အဟြန္း"

"ကိုစစ္ မင္းဘာလို႔ရယ္တာလဲ...ဟိုက ဘာမွေတာင္မေျပာရေသးေလ"

လင္းသာက ႐ိႈင္းစစ္အနားကပ္ကာေမးေတာ့ ႐ိႈင္းစစ္က မာန္႔ကိုေမးေငါ့ျပကာ

"CEO ႏႈတ္ခမ္း ပ်ားတုပ္ခံရလို႔ ေယာင္ကိုင္းေနတာကိုၾကည့္ၿပီး ရယ္မိသြားတာ...ထင္ေတာ့ထင္တယ္...အစည္းအေ၀းမစခင္တုန္းက ပ်ားအႀကီးႀကီးတစ္ေကာင္၀င္သြားတာ ေတြ႕လိုက္ပါတယ္လို႔..."

ေျပာရင္း ႐ိႈင္းစစ္က မာန္႔ကို မရဲတရဲခိုးၾကည့္သည္။ လင္းသာနဲ႔ ခြန္းဆက္ကလည္း ႐ိႈင္းစစ္၏ အေျပာေၾကာင့္ရယ္ေနသည္။ ကိုလင္းသာနဲ႔ေပါင္းၿပီး CEO တို႔လင္လင္ႏွစ္ေယာက္ေျပာေနတာေတြကို ႐ိႈင္းစစ္ ေခ်ာင္းနားေထာင္ေနခဲ့ျခင္းျဖစ္သည္။ သူတို႔တံခါးနားကပ္ၿပီး နားေထာင္ေနစဥ္ အထဲကတံခါးက ဆြဲဖြင့္လိုက္သည္ေၾကာင့္ ႏွစ္ေယာက္သား ႐ုတ္ပ်က္ဆင္းပ်က္ က်သြားခဲ့ရျခင္းျဖစ္သည္။

႐ိႈင္းစစ္၏ စကားမ်ားေၾကာင့္ မာန့္မ်က္ႏွာက နီရဲလာကာ ခြန္းဆက္ကို ေဒါသတႀကီးၾကည့္လိုက္သည္။ ထို႔ေနာက္ လင္းသာနဲ႔ သူ႕အတြင္းေရးမႉးကိုၾကည့္ၿပီး

"မင္းတို႔ႏွစ္ေကာင္ ကိုယ့္အလုပ္ကိုယ္မလုပ္ပဲ ဒီမွာဘာလုပ္ေနၾကတာလဲ"

မာန္ ထိုႏွစ္ေယာက္အား ေလသံမာမာျဖင့္ေျပာလိုက္ေတာ့ ႐ိႈင္းစစ္က မာန္႔ကိုမ်က္ႏွာငယ္ေလးနဲ႔ ၾကည့္လာၿပီး

"အရမ္းမေအာ္ပါနဲ႔ CEO ကလည္း ႏႈတ္ခမ္းပ်ားတုပ္ခံရတာ ပိုနာသြားမွာေပါ့"

"႐ိႈင္း စစ္! "

"ဗ်ာ...ဟီးဟီး"

႐ိႈင္းစစ္က ရယ္က်ဲက်ဲျဖင့္ မာန္႔ကိုထူးလာသည္။ တကယ္ေတာ့ ႐ိႈင္းစစ္က မာန္႔အတြင္းေရးမႉးဆိုသည္ထက္ မာန္တို႔ေဂဟာက ညီငယ္ေလးတစ္ေယာက္ျဖစ္သည္။ စီးပြားေရးနဲ႔ ဘြဲ႕ရထားၿပီး အလုပ္လုပ္ရာတြင္လည္း သြက္လက္တိက်သည္ေၾကာင့္ မာန္က အတြင္းေရးမႉးအျဖစ္ သူ႕အနားေခၚထားျခင္းျဖစ္သည္။ အျခားသူမ်ားေရွ႕တြင္ ေလးေလးစားစားဆက္ဆံေသာ္လည္း အခုလိုလူရင္းေတြသာရိွလွ်င္ မာန္႔အား စေနာက္ၿမဲျဖစ္သည္။

"မင္း ဒီေန႔ အခ်ိန္ပိုဆင္း"

"အာ CEO ကလည္း"

"CEO ကမလဲဘူး...မင္းေရွ႕မတ္တပ္ရပ္ေနတာ"

"အင္းေလ မာန္ကလည္း ကိုစစ္တစ္ေယာက္တည္း က်န္ခဲ့မွာေပါ့"

လင္းသာက ႐ိႈင္းစစ္ပုခံုးကိုဖက္ကာ မာန္႔ကိုေျပာလာသည္။ ႐ိႈင္းစစ္ကလည္း မာန္႔ကို မ်က္ႏွာငယ္ေလးနဲ႔ၾကည့္ေနသည္။ ထိုႏွစ္ေယာက္ပံုစံကိုၾကည့္ရင္း မာန္က မ်က္ခံုးတို႔တြန္႔ခ်ဳိးလာကာ

"ဒါဆို မင္းပါ ဆင္းလိုက္...ကိုစစ္ တစ္ေယာက္တည္း မျဖစ္ေတာ့ဘူး"

ေျပာရင္း မာန္ထိုႏွစ္ေယာက္ကိုေက်ာ္ကာ အခန္းအျပင္ထြက္မည့္အခ်ိန္တြင္ ခြန္းဆက္ရိွေနေသးသည္ကို သတိရသြားသည္။ မာန္ ခြန္းဆက္ဘက္ကို လွည့္ကာ

"မင္းက မျပန္ေသးပဲ ဘာလုပ္ေနတာလဲ... security guard ေတြဆြဲေခၚခိုင္းျပီး ႏွင္ထုတ္ရမွာလား ေျပာ! "

သူ႕ဘက္လွည့္ကာ ေဒါသတႀကီး ေျပာလာသူေၾကာင့္ ခြန္းဆက္ အလ်င္အျမန္ပင္ ျပန္ေျဖရသည္။

"ျပန္မယ္ ျပန္မယ္...အခုျပန္မယ္"

"ျပန္ရင္လည္း ျမန္ျမန္ျပန္ေတာ့...႐ုပ္ကိုက ေမ်ာက္႐ုပ္နဲ႔ ၾကည့္လို႔ကိုမရဘူး...မင္းတို႔ ႏွစ္ေကာင္လည္း ေရွ႕ကဖယ္... "

ခြန္းဆက္ကိုေျပာရင္း သူ႕ေရွ႕တြင္ ပိတ္ရပ္ေနေသာ ႏွစ္ေယာက္ကိုပါ ေအာ္ေငါက္ကာ ထြက္သြားေတာ့သည္။ ရွက္ရမ္းရမ္းကာ အကုန္လံုးကို ဆူေငါက္ၿပီး ထြက္သြားေသာ မာန္႔ကိုၾကည့္ရင္း ခြန္းဆက္တို႔ ၃ေယာက္လံုးရယ္ျဖစ္ၾကသည္။ လင္းသာက ခြန္းဆက္ကိုၾကည့္ၿပီး

"မာန္ security guard ေတြ မလႊတ္ခင္ ျမန္ျမန္ျပန္အံုး"

ထိုစကားေၾကာင့္ ခြန္းဆက္အသံထြက္သည္အထိ ရယ္မိသြားရသည္။

"အဟြန္း...အစ္ကိုတို႔လည္း ဒီေန႔ ႀကိဳးစားလိုက္ပါအံုးဗ်ာ "

ထို႔ေနာက္ ၃ေယာက္သား ႏႈတ္ဆက္ကာ ကိုယ္စီသက္ဆိုင္ရာဆီသို႔ ထြက္သြားၾကေတာ့သည္။

မာန္ သူ႕အခန္းဆီ ျပန္လာသည့္ လမ္းတြင္ ၀န္ထမ္းမ်ားက သူ႕အားကြက္ၾကည့္ကြက္ၾကည့္လုပ္ေနၿပီး မ်က္ႏွာမ်ားက ၿပံဳးစိစိျဖစ္ေနၾကသည္။ မာန္ ရွက္လြန္းသည္ေၾကာင့္ အေငြ႕ပင္ပ်ံခ်င္လာမိသည္။ ႏႈတ္ခမ္းက သိသိသာသာကို ဖူးေယာင္ေနသည္ေၾကာင့္ အခန္းဆီသို႔ အျမန္ေရာက္ရန္သာ ဆုေတာင္းေနၿပီး ေျခလွမ္းတို႔ကို အရိွန္တင္ေနမိေတာ့သည္။ ၀န္ထမ္းမ်ားမွာလည္း အေနာက္က က်ားလိုက္သလို ခပ္သြက္သြက္လမ္းေလွ်ာက္သြားေသာ သူတို႔ CEO ကိုၾကည့္ကာ ရယ္ခ်င္သည္ကို အတင္းႀကိဳးစားကာ ထိန္းေနရေတာ့ေလသည္။

**********

မာန္ ၿခံေရွ႕တြင္ ကားရပ္ကာ ဟြန္းတီးလိုက္ေတာ့ ထံုးစံအတိုင္း ကိုေအာင္က တံခါးလာဖြင့္ေပးသည္ေၾကာင့္ ၿခံထဲသို႔ ကားေမာင္း၀င္လိုက္ရင္း ဆင္၀င္ေအာက္တြင္ရိွေနေသာ Lamborghini မိုးျပာေရာင္ေလးေၾကာင့္ ၿပံဳးမိသြားရသည္။ ခြန္းဆက္ သူ႕စကားကို နားေထာင္ကာ အိမ္သို႔ေစာေစာျပန္ေရာက္လာျခင္း၏ သက္ေသပင္ျဖစ္သည္။ မာန္ ကားေပၚကဆင္းေတာ့ ကိုေအာင္က သူ႕ေဘးနားတြင္ လာရပ္ၿပီး တစ္ခုခုကို ေျပာခ်င္ေနသည့္ ဟန္ေၾကာင့္

"ေျပာစရာရိွလို႔လား ကိုေအာင္"

"အစ္ကိုေလး လာ"

ေမးသည္ကို ျပန္မေျဖပဲ သူ႕လက္အား ဆြဲကာေခၚသြားသည္ေၾကာင့္ မာန္ အလိုက္သင့္ေလးပါသြားရသည္။ ကိုေအာင္ ေခၚသြားသည့္ေနရာက ဒန္းအျဖဴေလးဆီသို႔ပင္။ မာန္႔အား ထိုေနရာတြင္ ထားခဲ့ၿပီး ကိုေအာင္ကေတာ့ ထြက္သြားေလသည္။ မာန္ကေတာ့ ဒန္းေပၚတြင္ရိွေနေသာ တစ္ခုတည္းေသာ ပစၥည္းေလးေၾကာင့္ မ်က္ႏွာထက္ အၿပံဳးရိပ္တို႔ ျဖစ္ေပၚလာရသည္။ မာန္လည္း ဒန္းေပၚက ငြားငြားစြင့္စြင့္ ပြင့္လန္းေနေသာ ႏွင္းဆီပန္းေလးကို ေကာက္ယူကာ နမ္း႐ိႈက္လိုက္ၿပီးေနာက္ ႏွင္းဆီပန္း၏႐ိုးတံတြင္ ဖဲႀကိဳးအျဖဴေလးျဖင့္ တြဲလ်က္ခ်ည္ထားေသာ ကတ္ထူစကၠဴေလးကို ၾကည့္လိုက္သည္။ စကၠဴေပၚတြင္ျမင္ရသည့္ လက္ေရးက မလွပေသာ္လည္း ရွင္းလင္းကာ ေသသပ္ေနသည္။ စာရြက္ေလးတြင္ ေရးထားသည္က

"မာန္႔ အတြက္ ေမာင္ေပးတဲ့ ႏွင္းဆီနီေလး။ ႏွင္းဆီအနီတစ္ပြင့္ရဲ႕ အဓိပၸာယ္က 'ငါမင္းကို ခ်စ္တယ္'တဲ့။ အဲ့လိုပဲ ေမာင္လည္း မာန္႔ကို အရမ္းခ်စ္တယ္..."

မာန္ သိသိသာသာ ၿပံဳးမိသြားရေခ်သည္။ ႏွင္းဆီနီေလးအား ထပ္မံနမ္း႐ိႈက္ရန္ႀကံေတာ့ ႐ိုးတံေလးေတြ ခ်ည္ထားေသာ ႀကိဳးအနီေလးေနာက္တစ္ခုကို သတိထားမိသြားရသည္။ ထို႔ေၾကာင့္ ႀကိဳးအနီေလးေနာက္သို႔ သူ႕ေျခလွမ္းတို႔က ေရြ႕လ်ားသြားရသည္။ သို႔ႏွင့္ ကံေကာ္ပင္၏ အရင္းတြင္ သူ႕လက္ထဲက ႏွင္းဆီပန္းနဲ႔ ပံုစံတူ ႏွင္းဆီတစ္ပြင့္ကို ထပ္ေတြ႕ရျပန္သည္။ မာန္လည္း ထိုႏွင္းဆီေလးကိုယူၿပီး ႐ိုးတံတြင္ခ်ည္ထားေသာ စကၠဴထက္မွ စာတို႔ကို ဖတ္ျကည့္လိုက္ေတာ့သည္။

"ေမာင့္ရဲ႕ မာန္အတြက္ ဒုတိယႏွင္းဆီပြင့္ေလး။ အခုဆို မာန္႔လက္ထဲမွာ ႏွင္းဆီႏွစ္ပြင့္ ရိွေနၿပီဟုတ္။ အဲ့ေတာ့ ႏွင္းဆီ ႏွစ္ပြင့္ရဲ႕ အဓိပၸာယ္ကို ေျပာျပမယ္။ ႏွလံုးသားေလးနဲ႔ နားေထာင္ေပး။ ႏွင္းဆီႏွစ္ပြင့္ရဲ႕ အဓိပၸာယ္က 'နက္နက္႐ိႈင္း႐ိႈင္း ခ်စ္မိေနၿပီ' တဲ့။ ေမာင္ကလည္း မင္းကို ေမာင္ရဲ့ ဟိုးႏွလံုးသားအနက္႐ိႈင္းေနရာကေနကို ႐ူး႐ူးမူးမူးခ်စ္ေနမိၿပီ မာန္"

"အဟြန္း"

မာန့္ မ်က္ႏွာတြင္ သေဘာက်ႏွစ္သက္ျခင္းတို႔၏ ျပယုဒ္အျဖစ္ စြဲမက္ဖြယ္ေကာင္းေသာ အၿပံဳးေလးက သိသာထင္ရွားစြာ ျဖစ္ထြန္းေနသည္။ ဒုတိယႏွင္းဆီပြင့္ေလးတြင္လည္း ႀကိဳးအနီေလးခ်ည္ထားေသးသည္ေၾကာင့္ မာန္ေျခလွမ္းတို႔ ထပ္မံ့၍ ေရြ႕လ်ားရျပန္သည္။ သို႔ႏွင့္ ႀကိဳးခ်ည္ထားေသာ ႏွင္းဆီပြင့္ေလးမ်ား၏ အေနာက္ကိုလိုက္ရင္း မာန္ သူ႕အခန္းေရွ႕သို႔ပင္ ေရာက္လို႔လာေခ်သည္။ လက္ထဲတြင္လည္း ၉၉ပြင့္ေသာ ႏွင္းဆီပန္းတို႔ကို မႏိုင္မနင္းသယ္ပိုးလို႔ထားေသးသည္။ မာန္တံခါးကို တြန္းဖြင့္ရန္ လက္မအားသည္ေၾကာင့္ ညာဘက္ေျခေထာက္ေလးျဖင့္ အသာတြန္းဖြင့္ၾကည့္ေတာ့ တံခါးက လြယ္လင့္တကူပြင့္လို႔သြားသည္။ တံခါးပြင့္ပြင့္ခ်င္းျမင္လိုက္ရသည္က ျမင္ကြင္းက မာန္႔ကိုထပ္မံၿပံဳးမိေစသည္။

Style pants အနက္ႏွင့္ shirt အျပာႏုေလးကို တြဲဖက္၀တ္ဆင္ထားေသာ ခြန္းဆက္က မာန္႔ကိုၿပံဳး၍ ၾကည့္ေနသည္။ လက္ထဲတြင္လည္း ႏွင္းဆီေလးတစ္ပြင့္ကို ကိုင္ထားေသးသည္။ မာန္လည္း ခြန္းဆက္ရိွရာဆီ ေလွ်ာက္လွမ္းသြားေတာ့ ခြန္းဆက္က သူ႕လက္ထဲတြင္ ကိုင္ထားေသာ ႏွင္းဆီပြင့္ေလးကို မာန္႔လက္ထဲထည့္ေပးလာသည္။ ထို႔ေနာက္ ျမတ္ႏိုးျခင္းမ်ားစြာျဖင့္ နဖူးထက္အနမ္းတို႔ ေႁခြသည္။ စကၠန္႔၀က္ေလာက္ အနမ္းေႁခြၿပီးေနာက္ ခြန္းဆက္က မာန္႔အားေမးေစ့မွကိုင္ကာ ေမာ့ေစၿပီး မ်က္၀န္းျပာေလးမ်ားကို စိုက္ၾကည့္ကာ

"ႏွင္းဆီအပြင့္ ၁၀၀ရဲ႕ အဓိပၸာယ္က 'ကမာၻအသၤေခ် ခိုင္ၿမဲေသာ အခ်စ္'တဲ့...ေမာင္ရဲ႕အခ်စ္ကလည္း မင္းအေပၚ စၾကဝဠာႀကီးတည္ရိွေနသေရြ႕ အၿမဲထာ၀ရရွင္သန္ခိုင္ၿမဲေနမယ္ဆိုတာ မင္းယံုထားေပး"

ဆိုကာ မာန္႔ေမးေစ့ေလးကို ေမာ့ေစရင္း သူ႕လက္ခ်က္ေၾကာင့္ နီရဲကာေဖာင္းတင္းေနေသာ ႏႈတ္ခမ္းဖူးဖူးေလးကို တစ္ခ်က္ဖိကပ္နမ္းလိုက္ၿပီးေနာက္ မာန္႔လက္ထဲမွ ႏွင္းဆီပန္းမ်ားကိုယူၿပီး အနားတြင္ရိွေနေသာ စားပြဲေပၚ တင္လိုက္ကာ မာန္႔အား ကုတင္ထက္ထိုင္ေစလိုက္သည္။ ထိုအခ်ိန္ထိ မာန္က ခြန္းဆက္လုပ္သမွ်ကို ၿပံဳးၿပံဳးေလးျဖင့္ နာခံေနသည္။

ခြန္းဆက္က မာန္႔ေရွ႕တြင္ ဒူးတစ္ဖက္ေထာက္ကာ ထိုင္ခ်လိုက္ၿပီးေနာက္ မာန္ဘယ္ဘက္ေျခေထာက္ေလးကို ဆြဲယူကာ ေထာက္ထားေသာ ဒူးေပၚတင္လိုက္သည္။ ၿပီးေနာက္ သူ႕ေဘာင္းဘီအိတ္ထဲက တစ္စံုတစ္ခုကို ႏႈိက္ယူေနသည္။ မာန္ကေတာ့ ခြန္းဆက္ ထုတ္ယူလာမည့္အရာကို စိတ္၀င္တစားေစာင့္စားေနသည္။ ခဏအၾကာတြင္ေတာ့ ခြန္းဆက္က လက္ကိုျပန္ထုတ္လာၿပီး လက္ထဲတြင္ foot chain ေလးတစ္ခုပါလာသည္။ ၾကယ္ေလးမ်ားကို တြဲေလာင္းေလးခ်ိတ္ဆြဲထားေသာ ပလက္တီနမ္ foot chain ေလးက ခြန္းဆက္၏ ေဆာင္ရြက္မႈျဖင့္ မာန္႔ေျခက်င္း၀တ္ ေဖြးေဖြးေလးတြင္ လွပစြာေနရာယူလိုက္ေတာ့သည္။ ခြန္းဆက္ foot chain ေလးနဲ႔ တြဲဖက္တည္ရိွေနေသာ မာန္႔ေျခက်င္း၀တ္ေလးကို ၾကည့္႐ႈရင္း သေဘာတက်ျဖစ္ရသည္။ ထိုစဥ္ သူ႕နဖူးထက္သုိ့ က်ေရာက္လာေသာ ေႏြးေထြးမႈေလးတစ္ခု။ ခြန္းဆက္ ေမာ့ၾကည့္လိုက္ေတာ့ မာန္က သူ႕ကိုၿပံဳးကာ ၾကည့္ေနသည္။ ခြန္းဆက္ foot chain ေလး၀တ္ထားေသာ ေနရာေလးကို ဖြဖြေလးနမ္းလိုက္ရင္း

"မာန္ ဘယ္မွထြက္ေျပးလို႔မရေအာင္ ေမာင္က ခ်ည္ေႏွာင္ထားလိုက္ၿပီ...မာန္ တစ္သက္လံုး ေမာင့္အနားမွာပဲ ေနရေတာ့မွာ"

ထိုသို႔ေျပာၿပီး ခြန္းဆက္ထိုင္ရာမွထကာ မာန္႔ေဘးတြင္ ၀င္ထိုင္လိုက္ျပီ မာန္႔ဘယ္ဘက္လက္ကို ဆြဲယူကာ ေဘာင္းဘီအိတ္ထဲ တစ္ဖန္ႏႈိက္ယူျပန္သည္။ ဒီတစ္ခါတြင္ ပါလာသည္က foot chain နဲ႔တစ္ပံုစံတည္းနည္းတူ hand chain ေလးပင္ ျဖစ္သည္။ ခြန္းဆက္ မာန္႔လက္ေကာက္၀တ္ေလးတြင္ ၀တ္ေပးလိုက္ၿပီး ထိုေနရာေလးကို အနမ္းေပးလိုက္သည္။

"ဒါက ေမာင့္လက္ကို ဘယ္ေတာ့မွ မလႊတ္ခ်ေအာင္လို႔ ထပ္ခ်ည္ေႏွာင္လိုက္တာ...မာန္က ေမာင့္လက္ကိုပဲ အၿမဲတြဲထားရေတာ့မွာ"

ထို႔ေနာက္ မာန္႔လက္ကိုဆြဲကာ မွန္ေရွ႕သို႔ ေခၚသြားလိုက္ၿပီး မာန္႔ကို မွန္နဲ႔မ်က္ႏွာခ်င္းဆိုင္ကာ ရပ္ေစလိုက္သည္။ ခြန္းဆက္က မာန္႔အေနာက္မွေနၿပီး မာန္၏ အေပၚကုတ္အက်ႌကို ခြၽတ္ေပးလာသည္။ မာန္က ခြန္းဆက္အား 'ဘာလုပ္တာလဲ' ဟု ႏႈတ္ခမ္းလႈပ္႐ံုေမးေတာ့ ခြန္းဆက္က အ႐ိုင္းဆန္ေသာအၾကည့္မ်ားျဖင့္ ၾကည့္ရင္း မ်က္ခံုးတစ္ခ်က္ပင့္ျပသည္။

အေပၚကုတ္ခြၽတ္ၿပီးသြားသည့္ေနာက္ ခြန္းဆက္က မာန္႔ကိုယ္ေလးအား သူ႕ရင္ခြင္ထဲေရာက္ေအာင္ ဆြဲယူလိုက္ၿပီး မာန္နားရြက္ေလးတစ္ဖက္အား ဖြဖြေလးငံုေထြးလိုက္သည္။ ရင္ထဲက အမ်ဳိးအမည္မသိ လိႈက္တက္လာေသာ ခံစားခ်က္ေၾကာင့္ မာန္လက္သီးတို႔ကို တင္းတင္းဆုပ္ထားၿပီး မ်က္၀န္းတို႔ကို မိွတ္ခ်ထားလိုက္သည္။ မာန္ျဖစ္ေနေသာ ပံုစံေလးကို မွန္ထဲမွတင္ဆင့္ ခြန္းဆက္အတိုင္းသား ျမင္ေနရသည္ေၾကာင့္ မာန္မသိေအာင္ ႀကိတ္ရယ္လိုက္မိသည္။ ထို႔ေနာက္ လက္သီးဆုပ္ထားေသာ မာန္႔ဘယ္ဘက္လက္ကို ေျပေလ်ာ့ေစၿပီး သူ႕လက္ေခ်ာင္းမ်ားတိုး၀င္ကာ တင္းက်ပ္စြာဆုပ္ကိုင္ထားလိုက္သည္။ ၿပီးေနာက္ ညာလက္ျဖင့္ မာန္႔ခါးမွတစ္ဆင့္ အေပၚဘက္သို႔ မထိတထိပြတ္ဆြဲလာရင္း လည္ပင္းနားအေရာက္ မာန္ shirt အက်ႌ၏ အေပၚၾကယ္သီးႏွစ္လံုးကိုလည္း ျဖဳတ္လိုက္ျပန္သည္။ ၿပီးေနာက္ မာန္႔မ်က္ႏွာေဘး လက္သီးဆုပ္ တစ္ဖက္ကို ေျမႇာက္ထားလိုက္ကာ

"မ်က္လံုးဖြင့္ၾကည့္ မာန္"

သူ႕စကားေၾကာင့္ မာန္က မိုးျပာေရာင္မ်က္၀န္းေလးေတြကို ျဖည္းညႇင္းစြာ ဖြင့္ဟလာသည္။ မာန္ မ်က္လံုးဖြင့္လိုက္ခ်ိန္မွာပင္ ခြန္းဆက္လက္သီးဆုပ္ထဲကေန ပတၱျမားကို ၾကယ္ပံုစံထြင္းထုထားေသာ ေလာ့ကတ္ေလးႏွင့္ ေရႊဆြဲႀကိဳးေလးက ထြက္က်လာေတာ့သည္။ ထိုအရာေလးကို မာန္ ေၾကာင္အစြာေငးၾကည့္ေနမိသည္။ ၾကယ္ေလးက အနီေရာင္ေတာက္ကာ စိုလဲ့ေနၿပီး ေရႊဆြဲႀကိဳး မွ်င္မွ်င္ေလးႏွင့္ လိုက္ဖက္စြာ။ ခြန္းဆက္ ထိုဆြဲႀကိဳးေလးအား မာန္႔လည္ပင္းတြင္ ၀တ္ဆင္ေပးလိုက္ရင္း

"ဒါကေတာ့ တစ္ဘ၀စာ...မဟုတ္ေသးဘူး ဘ၀အဆက္ဆက္ ေမာင့္အပိုင္အျဖစ္ တံဆိပ္ခတ္တာ..."

ေျပာၿပီး ခြန္းဆက္ မွန္ထဲမွ မာန္႔ပံုရိပ္ကို ျမတ္ႏိုးမ၀စြာေငးၾကည့္ေနသည္။ မာန္႔လည္တိုင္ေက်ာ့ေက်ာ့ထက္ ေရႊဆြဲႀကိဳးေလးက ပနံ႔သင့္စြာတည္ရိွေနသည္။ ၾကယ္သီးျဖဳတ္ထားသည္ေၾကာင့္ ရင္ဘက္ျဖဴျဖဴထက္က အနီေရာင္ၾကယ္ေလးက လွပစြာ။ မာန္႔ရင္ထဲ ၾကည္ႏူးစိတ္တို႔က ျပည့္သွ်ံလို႔လာသည္။ သူမထင္ထား သူမေမွ်ာ္လင့္ထားသည္မ်ားကို ခြန္းဆက္က သိပ္ကိုလုပ္လြန္းပါသည္။ ဒီေကာင္ေလးကို ခ်စ္ေနရသည့္သူ႕အတြက္ ေန႔ရက္တိုင္းက ေပ်ာ္ရႊင္ၾကည္ႏူးစရာေတြနဲ႔သာ ျပည့္ႏွက္ေနခဲ့သည္။ သူလိုက္မမီေအာင္ထိ ခြန္းဆက္က ခ်စ္တတ္လြန္းေနသည္။

"သေဘာက်လား မာန္"

ထိုစကားေၾကာင့္ မာန္ ခြန္းဆက္ဘက္ကိုလွည့္ၿပီး ကေလးတစ္ေယာက္လို ေခါင္းကို အခါခါညိတ္ျပရင္း

"အင္း သေဘာက်တယ္ အရမ္းပဲ...ေမာင္ေပးတဲ့အရာမို႔လို႔ ပိုသေဘာက်တယ္"

ခြန္းဆက္လည္း သေဘာတက်ၿပံဳးရယ္ရင္း မာန္႔နဖူးထက္ တစ္စႏွစ္က်ေနေသာ ဆံပင္မ်ားကို သပ္တင္ေပးလိုက္သည္။

"ဟုတ္ပါၿပီဗ်ာ...မာန္ သေဘာက်တယ္ဆိုရင္ပဲ ေမာင္က ေက်နပ္ပါၿပီ...ဒါနဲ႔ ဘယ္ကိုသြားခ်င္လို႔လဲ မာန္"

"အာ ဟုတ္သား"

ထိုအခါမွ မာန္က သတိရသြားဟန္ျဖင့္ နာရီကိုၾကည့္ကာ

"ေမာင္က ခဏေစာင့္ ငါေရျမန္ျမန္ခ်ဳိးလိုက္မယ္"

"အင္း"

ခြန္းဆက္ ေခါင္းညိတ္ျပလိုက္ေတာ့ မာန္ ေရခ်ဳိးခန္းထဲ ေျပး၀င္သြားေတာ့သည္။

Time Skip,

လိေမၼာ္နီေရာင္ ေနမင္းႀကီးက တျဖည္းျဖည္း ငုပ္သွ်ဳိးေပ်ာက္ကြယ္သြားေနသည္ကို ခြန္းဆက္တို႔ အတိုင္းသား ျမင္ေနရသည္။ ေနမင္းႀကီး၏ ေရာင္ျခည္ျဖာက်ျခင္းေၾကာင့္ ေရျပင္က်ယ္တြင္ ေရႊေရာင္ေရလိႈင္းမ်ားက တလက္လက္ျဖစ္ေနသည္။ ပတ္၀န္းက်င္တြင္လည္း ေရႊမႈန္ေလးမ်ား ျပန္႔က်ဲေနသလို ၀န္းက်င္တစ္ခုလံုး ေနမင္းႀကီး၏ လက္က်န္ေရာင္ျခည္ ေရႊဝါေရာင္တို႔ ျဖန္႔က်က္ေနသည္။ မာန္တို႔ ယခုေရာက္ရိွေနသည့္ေနရာက သန္လ်င္ တံတားပင္ျဖစ္သည္။ ဘာမွၾကည့္စရာမရိွသည့္ ေနရာကို မာန္က ေခၚလာသည္ေၾကာင့္ ခြန္းဆက္ နားမလည္ႏိုင္ျဖစ္ရသည္။

"မာန္ ဘာလို႔ဒီကိုေခၚလာတာလဲ"

တံတားေဘာင္ကို ကိုင္ထားရင္း မာန္က ေရျပင္က်ယ္ကိုေငးေနသည္။ေလတျဖဴးျဖဴးတိုက္ခတ္ေနသည္မို႔ မာန္နဲ႔ခြန္းဆက္တို႔၏ ဆံပင္မ်ားမွာ တလႊင့္လႊင့္။ မာန္က သူ႕ဘက္လွည့္လာႁပီး ၿပံဳးျပလာကာ

"ေန၀င္ဆည္းဆာေအာက္မွာ ေမာင့္လက္ကိုတြဲၿပီး လမ္းေလွ်ာက္ခ်င္လို႔ေပါ့"

"အဲ့ဒါမ်ား တစ္ျခားေနရာေတြရိွတယ္ေလ...ဘာလို႔ဒီကိုေခၚလာတာလဲ"

"မသိဘူး...ဒီေနရာမွာပဲ ေမာင္နဲ႔အတူတူလမ္းေလွ်ာက္ခ်င္တာ...ငါ႐ံုးကျပန္လာတိုင္း ဒီတံတားကိုျဖတ္ရတိုင္း တံတားေပၚမွာ ေမာင္နဲ႔အတူလမ္းေလွ်ာက္ခ်င္တယ္လို႔ အၿမဲေတြးေနခဲ့တာ... အခုလို ေန၀င္ခ်ိန္ ေရျပင္မွာတလက္လက္ျဖစ္ေနတာကို ေမာင္နဲ႔အတူတူ ၾကည့္ခ်င္ခဲ့တာ"

"ဒါဆို သြားရေအာင္ေလ"

လက္ကမ္းေပးလာေသာ ခြန္းဆက္ကို မာန္ေၾကာင္ၾကည့္ေနသည္။ထို႔ေနာက္ တံတားလက္ရန္းကို တင္းတင္းက်ပ္က်ပ္ကိုင္ထားလိုက္ျပီး ခြန္းဆက္အား ေခါင္းခါျပလာကာ

"ဘယ္ကိုလဲ... မသြားဘူးေနာ္ ဒီမွာပဲေနမွာ...လာမေခၚနဲ႔...မသြားဘူး"

"အဟြန္း အ႐ူးေလး...လမ္းေလွ်ာက္ခ်င္တယ္ဆို ေမာင္တို႔ တံတားအဆံုးထိ ေလွ်ာက္က်တာေပါ့"

ထိုအခါမွမာန္က ၿပံဳးရယ္လာၿပီး ခြန္းဆက္လက္ထဲ သူ႕လက္ကို ထည့္ေပးလာသည္။ ခြန္းဆက္ သူ႕လက္ထဲေရာက္လာေသာ လက္ကေလးကို တင္းတင္းဆုပ္ကိုင္လိုက္ၿပီး

"ေျပးရေအာင္"

"ဟမ္!"

မာန္တုန္႔ျပန္ခ်ိန္မရလိုက္ သူ႕လက္ကိုဆြဲကာ ေျပးသြားေသာသူ၏ေျခလွမ္းေနာက္ အမီွလိုက္ရသည္။ ႏွစ္ေယာက္လံုးက shirt အျပာႏုေလးႏွင့္ style pants အနက္ကိုသာ ၀တ္ဆင္ထားၾကသည္။ ညေနရီတေရာ ေန၀င္ခ်ိန္ကို ေနာက္ခံထားကာ လက္ခ်င္းခ်ိတ္ရင္း တံတားေပၚေျပးလႊားေနေသာ ေကာင္ေလးႏွစ္ေယာက္၏ပံုစံမွာ ကမာၻေပၚရိွအလွပဆံုး ပန္းခ်ီကားတစ္ခ်ပ္ထက္ပင္ ပို၍လွပေနသည္။ သန္လ်င္တံတားေပၚ တစ္ေယာက္လက္တစ္ေယာက္ဆြဲရင္း ေျပးေနကာရယ္ေမာေပ်ာ္ရႊင္ေနေသာ ေကာင္ေလးႏွစ္ေယာက္ကို မနာလိုသည့္အလား ေနမင္းႀကီးသည္ ေရျပင္က်ယ္ထဲ တျဖည္းျဖည္းတိုး၀င္၍သာေနေတာ့ေလသည္။

အခ်စ္က ဘာလဲလို႔ေမးလာရင္
မ်က္၀န္းျပာေလးလို႔ ေခါင္းစဥ္တပ္မယ္...။

ႏွင္းဆီေရာင္ရဲေနတဲ့ ႏႈတ္ခမ္းဖူးဖူးေလးတစ္စံုက
ပိုင္ရွင္ရိွေၾကာင္း ေမာင့္ႏႈတ္ခမ္းနဲ႔ တံဆိပ္ခတ္မယ္...။
ပန္းေသြးေရာင္ေျပးေနတဲ့ ပါးေဖာင္းေဖာင္းေလးေတြက
ေမာင့္အပိုင္ဆိုတာ ေၾကညာမယ္...။

နံနက္ခင္းရဲ႕ ေတးသံသာဟာ
ေက်းငွက္ေလးေတြထံမွမဟုတ္ပဲ
ေမာင့္ရင္ခြင္ထဲက သက္ဆိုင္သူေလးရဲ႕
ရယ္သံလြင္လြင္ေလးသာ ျဖစ္တယ္...။

ေမာင့္တစ္ေန႔တာ အစျပဳျခင္းဟာ
ေနမင္းႀကီး ထြက္ေပၚလာလို႔ မဟုတ္ပဲ
နဖူးေပၚက်ေရာက္လာတဲ့
မာန္႔အနမ္းေတြေၾကာင့္သာ ျဖစ္တယ္...။

ေမာင့္ရဲ႕တစ္ေန႔တာ ရာသီဥတုသာယာျခင္းဟာလည္း
ကမာၻေျမႀကီးနဲ႔ပတ္၀န္းက်င္ကို မမူတည္ပဲ
မာန္႔မ်က္ႏွာေပၚက အရိပ္အေယာင္မ်ားသာျဖစ္တယ္...။
မာန္မေပ်ာ္ရင္ ေမာင့္ရာသီဥတု အံု႔မိႈင္းေနမယ္...။
မာန္ေပ်ာ္ရင္ေတာ့ ေမာင့္ရာသီဥတု ၾကည္လင္တယ္...။
မာန္သာၿပံဳးလိုက္ရင္ ေမာင့္ကမ႓ာမွာ
ပန္းေရာင္စံုေတြ သက္တံ့ေလးေတြနဲ႔
ရာသီဥတုဟာ သာယာလို႔...။

မာန္ ဂစ္တာတီးတဲ့အခါ
ဂစ္တာႀကိဳးေပၚ ေျပးလႊားေဆာ့ကစားေနတဲ့
သြယ္လ်လ်လက္ကေလးတစ္စံုဟာ
ေမာင္အၿမဲ ဆုပ္ကိုင္ထားခ်င္တဲ့အရာေလး...။

သံစဥ္ေတြၾကားထြက္ေပၚလာတဲ့ မာန္႔အသံခ်ဳိခ်ဳိေလးက
ေမာင္အၿမဲ နားေသာတဆင္ခ်င္တဲ့
သီခ်င္းတစ္ပုဒ္...။

အမွတ္မထင္ၿပံဳးလိုက္တဲ့ အၿပံဳးေလးကအစ
ေမာင့္အတြက္ပဲၿပံဳးျပတဲ့ အၿပံဳးေလးေတြအဆံုး
မာန္႔အၿပံဳးဟာ ေမာင့္အတြက္ ျဖတ္မရေအာင္
စြဲလန္းေစတဲ့ မူးယစ္ေဆးအလား...။

မ်က္လႊာေလး တစ္ခ်က္ပင့္လို႔
မ်က္ေစာင္းေလး တစ္ခါရြယ္တိုင္း
မာန္ဟာ မရည္ရြယ္ပါပဲနဲ႔
ေမာင့္ကိုေသေစႏိုင္တဲ့ ဓားတစ္လက္ပမာ...။

ေကာင္းကင္က ၾကယ္ေလးေတြ လင္းလက္လို႔
မာန္႔အၿပံဳးေတြ ေတာက္ပခ်ိန္တိုင္း
ဒီေမာင္ဟာ သစ္ရြက္အလား
တစ္ျဖဳတ္ျဖဳတ္ေႂကြရတယ္...။

ႏွင္းဆီေတြရဲလို႔
မာန္သေဘာက် ပန္ဆင္ခ်ိန္တိုင္း
ဒီေမာင္ဟာ မာန္မျပဳစားပါပဲနဲ႔
႐ူးရတယ္...။

ကေလးတစ္ေယာက္လို ႏႈတ္ခမ္းေလးဆူ
ေျခေလးေဆာင့္လို႔ အလိုမက်ဟန္
မ်က္ေမွာင္ၾကဳတ္ေလတိုင္း
အသည္းတစ္ယားယား ျဖစ္ရတာလည္း
ဒီေမာင္ပါပဲ...။

မိုးျပာေရာင္ မ်က္၀န္းေတြထဲ
ေပ်ာ္ရႊင္မႈ အရိပ္အေယာင္အျပည့္နဲ႔
ႏႈတ္ခမ္းဖူးဖူးေလးတစ္စံု ေကြးၫႊတ္ေနတိုင္း
အရာရာကို ေအာင္ႏိုင္သူတစ္ေယာက္လို
စိတ္ႀကီး၀င္မိသူဟာလဲ ေမာင္ျဖစ္ရတယ္...။

အသံၾကည္ၾကည္ေလးနဲ႔ ေမာင္လို႔ေခၚေလတိုင္း
မီတာတစ္ေသာင္း ေျပးလာရသူလို
ရန္ခုန္ျမန္လာရျခင္းဟာ
မာန္ေဆးခတ္ထားေပလို႔မ်ားလား...။

ၾကယ္ေလးေတြကို သေဘာက်သူက
ၾကယ္ေလးေတြထက္ လင္းလက္ေနတယ္ဆိုတာ
မာန္ေမ့မ်ားေနသလား...။

ႏွင္းဆီပန္းကို ႏွစ္ၿခိဳက္လြန္းသူက
ႏွင္းဆီပန္းထက္ ပိုစြဲမက္ဖြယ္ေကာင္းတယ္ဆိုတာ
မာန္ မ်က္ကြယ္ျပဳထားေလသလား။

တစ္ေန႔တစ္ေန႔ အေၾကာင္းျပခ်က္မရိွပဲ
ေမာင္ ၿပံဳးေနမိတယ္ ။
ေမာင္အေတြးေတြထဲ မင္းေရာက္လာတဲ့အခါတိုင္း
ႏႈတ္ခမ္းထက္ အၿပံဳးကအလိုလိုျဖစ္တည္တယ္။
အဲ့ေလာက္ထိကို ေမာင္မင္းကို ႐ူးမိတယ္။

ဘယ္႐ႈေထာင့္ကပဲၾကည့္ၾကည့္ ျမတ္ႏိုးမ၀တဲ့
မာန္ဆိုတဲ့လူသားေလးဟာ ခြန္းဆက္ေရာင္နီဆိုတဲ့
ေမာင့္အပိုင္သာျဖစ္ေၾကာင့္ ေတြးလိုက္မိတိုင္း
ဒီကမာၻမွာ ေမာင္ဟာ ကံအေကာင္းဆံုး
လူသားတစ္ေယာက္ပမာ ေပ်ာ္ရႊင္ခဲ့ရတယ္...။

ခ်စ္တယ္ မာန္...ေမာင္ မင္းကို သိပ္ခ်စ္တယ္။
ဒီဘ၀...ေနာက္ဘ၀...သံသရာအဆက္ဆက္
ေမာင္ဟာ မင္းတစ္ေယာက္တည္းအတြက္သာ ျဖစ္ေစရမယ္။
ဒါဟာ အလိမ္အညာကင္းတဲ့ ေမာင့္ရဲ႕သစၥာ...
ေမာင့္ႏွလံုးသားကို တိုင္တည္ၿပီး က်ိန္ဆိုတယ္...
မာန္ တစ္ေယာက္တည္းသာလွ်င္ ေမာင့္ရဲ႕ရွင္သန္ရာျဖစ္တယ္။

********Main Story ဤတြင္ၿပီးပါၿပီ********

#9.5.2.24
#🍁Moe Kyal Phyu🍁

**********

main story ေလးကေတာ့ ၿပီးသြားၿပီေပါ့ေနာ္...ေရးးးး 🥳🥳

extra မဟုတ္တဲ့ အပိုင္းဆက္ေလးကေတာ့ ၆ ပိုင္းက်န္ပါေသးတယ္ရွင့္🥰🥰

ခရီးရွည္ႀကီးကို အတူလိုက္ပါေပးခဲ့ၾကတဲ့ တစ္ေယာက္ခ်င္းစီတိုင္းကို မိုးက စိတ္ရင္းနဲ႔ တကယ္ကိုေက်းဇူးတင္ရိွပါတယ္ရွင့္❤❤ ေက်းဇူးတင္လႊာကိုေတာ့ က်န္တဲ့အပိုင္းေလးေတြၿပီးမွပဲ တင္ပါေတာ့မယ္ေနာ္...ဆိုေတာ့ ႏႈတ္ဆက္ပါတယ္ရွင့္...ေကာင္းေသာညေလးျဖစ္ၿပီး အိပ္မက္ကေလးေတြ လွၾကပါေစရွင့္ 🥰🥰

All love you 😘😘

Continue Reading

You'll Also Like

4.8M 144K 53
Addison is gay and has a massive crush on a cheerleader at her school. A cheerleader who is supposed to be 'straight'. But as the school year progres...
19.1K 569 25
"ငါ့အပိုင်ကိုလာထိရင် သေမင်းတောင်အလွတ်ပေးမယ် မထင်လိုက်နဲ့ အာဏာဒိုင်စစ်ရှင်ဆိုတဲ့အတိုင်း ငါ့အာဏာအောက်မှာအကုန်ပြားပြားဝပ်နေရမယ်"
154K 8.1K 34
တိမ်ပြာတွေ မရှိတဲ့ ကောင်းကင်ကြီးက ဘယ်လိုလုပ် အဓိပ္ပါယ် ရှိနိုင်ပါ့မလဲ...။ (ကောင်းကင်သစ်) တိမ်တွေဆို...