အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ

By 0079796zayar

3.7K 393 2

တစ်နေ့တစ်ခန်းတင်ပါတယ်။ ဟာသစာစဥ်လေးပါ။ More

အပိုင်း(၃၃၆) အိုး.. ခဏနေပါဦး.. လိုင်းအောက် မသွားပါနဲ့
အပိုင်း(၃၃၇)မိုက်မဲသော အရာတစ်ခုကို မလုပ်သရွေ့ မင်းကို ခြောက်လှန့်ဖို့ ပြန်လာမည်မ
အပိုင်း(၃၃၈) စိတ်ကူးဉာဏ်ပျောက်ဆုံးနေသည့် ဖေဖေဝမ်
အပိုင်း(၃၃၉) မလှုပ်နဲ့ဒီမှာပဲနေ
အပိုင်း(၃၄၀) ခမ်းနားသော အင်မော်တယ် ဗုဒ္ဓဘာသာ ပိဋိကတ်တိုက်
အပိုင်း(၃၄၁) အနီရောင် သစ်သီး
အပိုင်း(၃၄၂) ဆရာတော်ကြီး ကျစ်ချူး၏ ဘဝဒဿန
အပိုင်း(၃၄၃) လုံးဝမျှော်လင့်မထားသောဖြစ်ရပ်
အပိုင်း(၃၄၄) ကြမ်းတမ်းခက်ထန်ပြီးမှ နွေးထွေးတဲ့သူ ဖြစ်လာမယ်ဆိုရင် ဘဝပျက်နိုင်တယ်
အပိုင်း(၃၄၅) စိတ်ကူးယဥ်လွန်းပြီး လျှို့ဝှက်စွမ်းအားများ ရှိသည်ဟု ကိုယ့်ကိုယ်ကိုယ
အပိုင်း(၃၄၆) ချပ်ဝတ်တန်ဆာအပြည့်ဖြင့် မှန်ကန်သောကိုယ်ဟန်
အပိုင်း(၃၄၇) ငယ်စဥ်ကတည်းက ခေါက်ဆွဲခြောက်နှင့်နှစ်ပါးသွားခဲ့သည်
အပိုင်း(၃၄၈) အသန်မာဆုံးဦးနှောက်
အပိုင်း(၃၄၉) ငါက သာမန်လူတစ်ယောက်ပါ
အပိုင်း(၃၅၀) ငွေအပ်ရဲ့ နောက်ကွယ်က အဓိပ္ပါယ်ကိုသိလား
အပိုင်း(၃၅၁) ကမ္ဘာပတ်နေသူအတွက် အပိုပညာရပ်ဆိုတာ ဝန်ထုပ်ဝန်ပိုး မဟုတ်ပါဘူး
အပိုင်း(၃၅၂) နေ့စဥ်ဘဝ
အပိုင်း(၃၅၃) ညီနောင်.. ဖန့်ရှင်းလား
အပိုင်း(၃၅၄) လဲမုန့်မုန့်၏ စိတ်ရောဂါကုထုံး
အပိုင်း(၃၅၅) မီးတောက်ဧကရာဇ်၏ မျိုးဆက်များ
အပိုင်း(၃၅၆) မိဘများနှင့် ဆရာများ
အပိုင်း(၃၅၇) ဘောက်စ်ကိုဖွင့်သည့်အခိုက်အတန့်
အပိုင်း(၃၅၈) မော်ကွန်းဝင် လူသတ်သမားနှစ်ဦးကြားမှအသေအကျေတိုက်ပွဲ
အပိုင်း(၃၅၉) မော်ကွန်းဝင် လူသတ်သမား နှစ်ဦးကြားမှ နိဂုံး-၁
အပိုင်း(၃၆၀) မော်ကွန်းဝင် လူသတ်သမား နှစ်ဦးကြားမှ နိဂုံး
အပိုင်း(၃၆၁) လေလွင့်ကိုယ်လူချော၏ လျှို့ဝှက်လက်နက်
အပိုင်း(၃၆၂) နတ်ဆိုးကမ္ဘာသူတော်စင်ရေ၁
အပိုင်း(၃၆၃) နတ်ဆိုးကမ္ဘာသူတော်စင်ရေ၂
အပိုင်း(၃၆၄) နတ်ဆိုးကမ္ဘာသူတော်စင်ရေ၃
အပိုင်း(၃၆၅) ဤအရာကို ကလေးများ ကြည့်ရှုရန် မသင့်ပါ
အပိုင်း(၃၆၆) ညီအကိုသုံးယောက်
အပိုင်း(၃၆၇) ကျွန်ုပ်တွင် မြားပစ်စွမ်းရည်ရှိသည်
အပိုင်း(၃၆၈) အင်းဆက် အရောင်းသမား
အပိုင်း(၃၆၉) လင်းကျန်းရန် ကံစမ်းမဲပေါက်ခြင်း
အပိုင်း(၃၇၀) အင်မော်တယ်ဘုရင် နှလုံးသားကျမ်း စမ်းသပ် ဗားရှင်း
အပိုင်း(၃၇၁) ဆုံးရှုံးမှုကဘာလဲ..
အပိုင်း(၃၇၂) သူတော်စင် အဖွဲ့အစည်း
အပိုင်း(၃၇၃) အထက်တန်းလွှာမှ ထိပ်တန်းကျောင်းသား
အပိုင်း(၃၇၄) ဝမ်းနည်းနေသော ငွေရောင်လေး
အပိုင်း(၃၇၅) သင်၏ စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန်အကြောင်း အနည်းငယ်မျှဝေပါ
အပိုင်း(၃၇၆) ဒီခွေးက အံဩစရာပဲ
အပိုင်း(၃၇၇) တွန်းထိုးခြင်း လိပ်ပြာကြီး
အပိုင်း(၃၇၈) သက်လတ်ပိုင်းအရွယ် ပင်ဂွင်းသခင်
အပိုင်း(၃၇၉) စာမေးပွဲအခြေအနေ ဘယ်လိုလဲ
အပိုင်း(၃၈၀) ဟိုးမှာကြည့်စမ်း.. ပန်းကန်​ပြားပျံတစ်စင်း
အပိုင်း(၃၈၁) အတုအယောင်အဖွဲ့အစည်း
အပိုင်း(၃၈၂) အိမ်မွေးတိရစ္ဆာန်မုဆိုးများ
အပိုင်း(၃၈၃) အန္တရာယ်များသောမြေပိုင်ရှင်
အပိုင်း(၃၈၄) ထွင်ထျန်းဟာ ဘာလို့ပြန်မလာသေးတာလဲ
အပိုင်း(၃၈၅) ကောင်းကင်မင်းကြီးက မြေပြင်ကကျားကို ကာကွယ်တယ်
အပိုင်း(၃၈၆) ဝေ့ကျစ်၏ စွမ်းပကား
အပိုင်း(၃၈၇) ဆရာလေးလင်း၏ အဝေးမှ အထောက်အပံ့
အပိုင်း(၃၈၈) ဂန္တဝင်ထဲက နတ်ဆိုးနတ်ဘုရား
အပိုင်း(၃၈၉) ဒဏ္ဍာရီလာ အဆီအနှစ်စုပ်ယူ စွမ်းရည်လား
အပိုင်း(၃၉၀) ကလန်ကဆန်လုပ်ချင်သော ငွေရောင်လေး
အပိုင်း(၃၉၂) ဆန်းကြယ်သောကုသနည်း
အပိုင်း(၃၉၃) လှည့်ကွက်မိသွားသောစီနီယာဖန်း
အပိုင်း(၃၉၄) ကမ္ဘာခြားဂိတ်နှင့် ပတ်သက်သည့်အမှန်တရား
အပိုင်း(၃၉၅) အင်မော်တယ် ရတနာအိမ်
အပိုင်း(၃၉၆) ခေါက်ဆွဲခြောက်ကြွပ်ကြော်တွေက ဘာသုံးစားလို့ရလဲ
အပိုင်း(၃၉၇) အကြောတင်းသောမျက်နှာ၊ ကြင်နာသောနှလုံးသား
အပိုင်း(၃၉၈) စွမ်းအားမြင့် စီနီယာကြီးတွေက တူညီတဲ့အစားအစာကို စားကြသည်။
အပိုင်း(၃၉၉) ခွင့်ပြုချက်ရသွားသောငွေရောင်လေး
အပိုင်း(၄၀၀) မောင်းမဆောင်ထဲကထွင်ထျန်းဟာအဆင့်အတန်း
အပိုင်း(၄၀၁) ငွေရောင်လေး၏ တိုက်ပွဲ
အပိုင်း(၄၀၂) ခြေသလုံးအိမ်တိုင်အင်မော်တယ်အမှတ်အသား
အပိုင်း(၄၀၃) နောက်တစ်ကြိမ် ဖမ်းဆီးခံရသော ငွေရောင်လေး
အပိုင်း(၄၀၄) ဘာအမွေးလဲ
အပိုင်း(၄၀၅) အဖိုးအိုတစ်ယောက် ရှိနေတာလား
တယ်လီဂရမ်ဂရု စဖွင့်နေပါပြီ။
အပိုင်း(၄၀၆) လင်းကျန်းရန်က ဆယ်မိနစ်အတွင်းလက်နက်သန့်စင်တဲ့နည်းစနစ်ကို သင်ယူခဲ့တယ်
အပိုင်း(၄၀၇) လက်နက်သန့်စင်တာ ခက်လို့လား
အပိုင်း(၄၀၈) ကောင်းကင်လက်နက်ရှစ်မျိုး..
အပိုင်း(၄၀၉) အလယ်ကနေအပေါက်တစ်ပေါက်ဖောက်ရုံ..
အပိုင်း(၄၁၀) တာအိုကျင့်ကြံသူကွမ်းက အလင်းရောင်ကို တဖန်ပြန်မြင်ခဲ့ရသည်
အပိုင်း(၄၁၁) ကြက်သားများများ စားနိုင်ရင် ဆရာလည်း လုပ်နိုင်တယ်
အပိုင်း(၄၁၂) ယဇ်ပူဇော်ခြင်းရဲ့ခေတ်သစ်စည်းမျဥ်း
အပိုင်း(၄၁၃) ဗုံးပစ်စီနီယာအင်မော်တယ်က သီချင်းကိုမှော်ဆန်စွာ ပြောင်းလဲလိုက်သည်
အပိုင်း(၄၁၄) ဗုံးပစ်စီနီယာအင်မော်တယ်ရဲ့ အံ့ဖွယ်လျှို့ဝှက်ချက်
အပိုင်း(၄၁၅) မရိုမသေလုပ်သောဓမ္မရာဂျာ
အပိုင်း(၄၁၆) လင်းကျန်းရန် အမှန်တကယ် စိတ်ဆိုးသွားပြီ
အပိုင်း(၄၁၇) အင်မော်တယ်ထုန်ရာ၏ ဂန္ဓာမာကျွန်း
အပိုင်း(၄၁၈) စီနီယာအင်မော်တယ်မှာ ပြဿနာကြီးတစ်ခုရှိတယ်
အပိုင်း(၄၁၉) အင်မော်တယ်ထုန်ရာ၏ သွယ်ဝိုက်သတိပေးမှု
အပိုင်း(၄၂၀) ကိုးဆလူသားနှင့် သရုပ်ဆောင်အိပ်မက်
Pdf book
ဟောဒီက📢 ပရိုမိုးရှင်းဗျို့📢
စ/ဆုံး(1810)ထိဖရီးနော်

အပိုင်း(၃၉၁) မျက်နှာဖြူမိန်းကလေး

40 5 0
By 0079796zayar

သူတော်စင် သားရဲတစ်ကောင်ကို ထိန်းကျောင်းခြင်းသည် အမှန်တကယ်တွင် ပေရှည်သော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။

ယင်းမှာ ကျောင်းရှိ မိန်းကလေးများကြားတွင် ရေပန်းစားနေသည့် အချစ်ဇာတ်လမ်း ဂိမ်းတစ်ခုနှင့် ဆင်တူကြောင်း ဝမ်လင်း တွေ့ရှိခဲ့သည်။

မိန်းကလေးများက ထိုဂိမ်းကို "ဆွဲဆောင်မှုရှိသောအမျိုးသား" ဟု နောက်ပြောင်၍ ခေါ်ဝေါ်ကြ၏။

ဝမ်လင်း အတွက်မူ အတန်းထဲရှိ မိန်းကလေးများလို ယောကျာ်းလေး 4ယောက်ကို ဖုန်းတစ်လုံးထဲဖြင့် လှည့်ပတ်ကစားရန်ထက် သစ္စာရှိ ခွေးတစ်ကောင်နှင့် သူတော်စင် သားရဲတစ်ကောင်ကို မွေးမြူသည်ကသာ ပို၍လွယ်ကူပေမည်။

ဇူလိုင်လ ၈ ရက်နေ့သည် စာသင်နှစ်၏ ၁၁ပတ်မြောက် စနေနေ့ ဖြစ်သည်။

ထိုနေ့နံနက်တွင် ငွေရောင်ဆံပင်နှင့် လူငယ်တစ်ဦးသည် ဝမ်မိသားစု အိမ်ငယ်လေးရှေ့တွင် ပေါ်လာသည်။

လူငယ်လေးက အဖြူရောင်ရှပ်အင်္ကျီနှင့် လိုက်ဖက်သော အသားကပ် ဂျင်းဘောင်းဘီ တစ်ထည်ကို ၀တ်ဆင်ထားသည်။

ဤဝတ်စုံကို ဗုံးပစ်စီနီယာ အင်မော်တယ်က ကုန်တိုက်တွင် ဝယ်ပေးခဲ့ခြင်း ဖြစ်သည်။

အစောပိုင်းတွင် ဗုံးပစ်စီနီယာ အင်မော်တယ်က သူနှင့်အတူ လာရန် စီစဥ်ခဲ့သော်လည်း နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းကို ဖော်ထုတ်ပြီးနောက်တွင် ကျင့်ကြံခြင်း ဖိုရမ်၌ တစ်ညလုံး ပို့စ်အသစ်များ ဆက်တိုက် တက်လာခြင်းကြောင့် အဆုံးသတ်တွင် ဖိုရမ်က ဆာဗာဒေါင်းသွားခဲ့သည်။

လောလောဆယ်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က ဆာဗာပြုပြင်ထိန်းသိမ်းမှု ပြုလုပ်နေခဲ့၏။

ငွေရောင်လေး ထွက်မလာမီတွင် ဗုံးပစ် စီနီယာအင်မော်တယ်က တရားဝင် တောင်းပန်ချက် ထုတ်ပြန်ခဲ့သည်။

"တောင်းပန်ပါတယ်.. နည်းပညာဆိုင်ရာ ပြဿနာတွေကြောင့် ဆာဗာ ပျက်သွားပါပြီ.. ကျနော်တို့ရဲ့ နည်းပညာရှင်တွေက ပြဿနာကို ဖြေရှင်းဖို့ တတ်နိုင်သမျှ လုပ်ဆောင်နေပါတယ်"

"ပြုပြင်ထိန်းသိမ်းမှုပြီးရင် ပို့စ်ပျောက်ဆုံးသွားတဲ့ မိတ်ဆွေတွေအတွက် လျော်ကြေးအဖြစ် ဘရိုကိုလီ တစ်ထုပ်စီ ရရှိပါမယ်.. သင်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အတွက်လည်း ကျေးဇူးတင်ပါတယ်"

.....................

"ဒီနေရာမှဟုတ်ရဲ့လား"

ငွေရောင်လေးက ဗုံးပစ်စီနီယာ အင်မော်တယ် သူ့ကို စေလွှတ်လိုက်သည့် နေရာသို့ တစ်ချက်ကြည့်လိုက်သည်။

တကယ်တမ်းတွင် ဝမ်မိသားစု အိမ်ငယ်လေးမှာ အတော်လေးကို ဝေးလံခေါင်သီသော နေရာတွင်ရှိ၍ ရှာရခက်သည်။

ငွေရောင်လေးက ဤနေရာသို့ ရောက်လာရန် အတော်လေး အားစိုက်ထုတ်ခဲ့ရ၏။

အိမ်ငယ်လေး၏ ဝင်ပေါက်ကို ရောက်လာသည်နှင့် အမျှ သူ့အမူအရာက ပိုမို လေးနက်လာသည်။

ဤအိမ်ငယ်လေးကို ဗုံးပစ်စီနီယာ အင်မော်တယ်က အထွတ်အမြတ် နေရာအဖြစ် ထာဝရ သဘောထားခဲ့သည်။

သူပြောခဲ့သည့် စကားအပေါ် အခြေခံလျှင် ဤနေရာရှိ စီနီယာအချို့မှာ လင်းကျန်းရန်ထက်ပင် ပို၍ ကြောက်စရာကောင်းသည့် ခွန်အား ရှိနေကြသည်။

ဤအခိုက်အတန့်တွင် ငွေရောင်လေးက ပင်မတံခါးဝရှေ့တွင် ရင်တုန်စွာဖြင့် ထိတ်လန့်တကြား ရပ်နေ၏။

နဂိုကတည်းက ဖြူဖွေးနေသည့် သူ့မျက်နှာမှာ ကြောက်စိတ်ကြောင့် ပို၍ပင် ဖွေးဆွတ်နေသည်။

မနေ့ညက သွေးမီလီလီတာ နှစ်ထောင်ကို ထုတ်ခဲ့ရ၍ သူအနည်းငယ် အားနည်းနေခဲ့၏။

ဤအိမ်မှ စီနီယာများက သူ့ဆရာထက်ပင် ပို၍ ကြောက်စရာကောင်းနေသည်လော။

၎င်းတို့က ဤကမ္ဘာမြေကြီးပေါ်တွင် မည်ကဲ့သို့ တည်ရှိနေပါသနည်း။

သူက လုံးဝစဥ်းစား၍ပင် မရပေ။

ရုတ်တရက် ဆိုသလိုပင် ခွန်းအားကင်းမဲ့သလို သူခံစားလိုက်ရသည်။

သူငယ်ငယ်က ဂိုဏ်းဝင် အရေအတွက် တစ်သောင်းနှင့် ခုနစ်ကြိမ်တိုင်တိုင် တိုက်ရိုက် ရင်ဆိုင်ဖူးသည်ကို သတိရမိသည်။

သို့သော် ယခုအခါတွင်မူ ဘဲလ်တီးဖို့ပင် သူ၏ ရဲစွမ်းသတ္တိတွေ အားလုံးကို စုစည်းထားရ၏။

ကမ္ဘာကြီးက တကယ်ကို ပြောင်းလဲသွားချေပြီ။

[လူသားကျင့်ကြံသူတွေထဲမှာ ဘာလို့ မွန်းစတားတွေ ဒီလောက်များနေရတာလဲ]

သူ တုံ့ဆိုင်းနေချိန် အိမ်တံခါးက ရုတ်တရက် ပွင့်လာပြီး အမျိုးသမီးတစ်ဦး ထွက်လာသည်။

အိမ်တံခါးဘေးတွင် စားကြွင်းစားကျန် ပန်းကန်လုံးများလည်း ရှိနေသည်။

ပတ်ဝန်းကျင်က အနည်းငယ် ဝေးလံ၍ လူသူတိတ်ဆိတ်နေသော်လည်း ပတ်ဝန်းကျင်ရှိ ကြောင်လေခွေးလွင့်များကိုမေမေဝမ်က စားကြွင်းစားကျန်များ အမြဲကျွေးလေ့ရှိ၏။

တံခါးဖွင့်လိုက်စဉ်မှာပင် မေမေဝမ်က နိုင်ငံခြားသား ကဲ့သို့ ဖြူဆွတ်နေသော မျက်နှာရှိသည့် ငွေရောင်ဆံပင် ချာတိတ်လေးကို တွေ့လိုက်ရသည်။

သူမက ငွေရောင်လေးကို ကြည့်ကာ အံ့အားသင့်သွားသည်။

"မျက်နှာဖြူကောင်မလေး မင်း ဘယ်သူ့ကိုရှာနေတာလဲ"

ငွေရောင်လေး ".............."

ထို့နောက် သူမက သိသိသာသာ ပြုံးပြလိုက်ပြီး ငွေရောင်လေးကို ဂရုတစိုက် အကဲခတ် ကြည့်လိုက်သည်။

"မင်းက လင်းလင်းကို ရှာနေတာလား"

ငွေရောင်လေး ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်.."

ရိုးသားစွာပြောရလျှင် ငွေရောင်လေးက သူ့လိင်ကို ဘာကြောင့် မေမေဝမ် မကွဲပြားလဲ နားမလည်ခဲ့ပေ။

သူကျင့်ကြံခဲ့သော လူသားပုံစံသည် ကြားနေပုံစံ ပေါက်နေသည်။

သူ၏ ရှည်လျားသော ငွေရောင်ဆံပင်များ နှင့် တွဲကြည့်လိုက်လျှင် နားလည်မှုလွဲရန် အလွန် လွယ်ကူ၏။

ရှင်းပြလိုက်ရင်ကောင်းမလား ဟု တွေးနေစဥ်မှာပင် မေမေဝမ်က သူ့လက်ကို ဆွဲကိုင်ရန် ရှေ့ကို လှမ်းလာသည်။

"သမီးလေး ဘာမှပြောစရာ မလိုပါဘူး ..အန်တီ နားလည်ပါတယ်"

ငွေရောင်လေး "............"

ထို့နောက် သူမ၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးက စိုးမိုးလာသည်။

ဤသို့နှယ် ဗုံးပစ်စီနီယာအင်မော်တယ် အထွတ်အမြတ် နေရာအဖြစ် ရှုမြင်သည့် နေရာသို့ သူ အမှန်တကယ် ဝင်ရောက်လာခဲ့သည်။

မေမေဝမ်က သူ့ကို အထဲသို့ လက်ဆွဲ၍ ခေါ်သွားသောအခါတွင် ဤအိမ်ငယ်လေးထဲမှ စီနီယာများက ယခုလောက် ဖော်ရွေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားသဖြင့် အနည်းငယ် တုန်လှုပ်သွားသလို သူ ခံစားလိုက်ရ၏။

သို့သော် ဤစီနီယာ၏ ဝိညာဉ်စွမ်းအင် အတက်အကျက အဘယ်ကြောင့် အလွန်တရာ အားနည်းနေရပါသနည်း။

သူမက သူမ၏ ဝိညာဉ်စွမ်းအင်ကို ဖုံးကွယ်ထားခြင်းသာ ဖြစ်ရပေမည်။

[ဒီလိုပဲဖြစ်ရမယ်]

မေမေဝမ်က ငွေရောင်လေးကို ဧည့်ခန်းရှိ ဆိုဖာဆီသို့ ခေါ်ဆောင်သွားပြီးနောက် လက်ဖက်ရည်တစ်ခွက်ကို ကမ်းပေးလိုက်သည်။

သူမ၏ မျက်နှာက အပြုံးများဖြင့် ဖုံးလွှမ်းနေ၏။

"မိန်းကလေး.. မင်းနာမည်ဘယ်လိုခေါ်လဲ"

ငွေရောင်လေးက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

"ကျမ နာမည်က ငွေရောင်လေးပါ.."

ငွေရောင်လေးက လိင်နှင့် ပတ်သက်၍ မရှင်းပြတော့ဟု ဆုံးဖြတ်လိုက်သည်။

စီနီယာ ပျော်နေသရွေ့ သူ့အတွက် အဆင်ပြေပေသည်။

မေမေဝမ်က ငွေရောင်လေးကို ထပ်မံ စိုက်ကြည့်လိုက်သည်။

"ဒီကောင်မလေးက ရုပ်ရည် တော်တော်ချောတယ် ဆိုပေမယ့် တစ်ချို့ အစိတ်အပိုင်းတွေတော့ နည်းနည်းသေးတယ်"

သို့ရာတွင် ယင်းက မေမေဝမ်၏ စိတ်အားထက်သန်မှုကို မတားဆီးနိုင်ခဲ့ပေ။

"ပုံမှန်ဆိုရင် အိမ်ကိုအလည်လာတဲ့ လူအများစုက ယောကျာ်းလေးတွေချည်းပဲ"

ငွေရောင်လေး "????"

မေမေဝမ် "ငါက လင်းလင်းရဲ့ ယောက်ျားလေး မိတ်ဆွေတွေကို ဆိုလိုတာပါ"

ငွေရောင်လေး "............"

သူမက ငွေရောင်လေး၏ လက်များကို အားတက်သရော ဆုပ်ကိုင်ထားခဲ့သည်။

"ဒီ​နေ့​တော့ ​မိန်းမလှလေး တစ်​​ယောက်​​ ရောက်​လာခဲ့ပြီ"

ငွေရောင်လေး "စီနီယာ...ငါ..."

မေမေဝမ် "ငါ့ကို စီနီယာလို့ မခေါ်နဲ့...ငါ့ကို အန်တီလို့ခေါ်"

ငွေရောင်လေး အနည်းငယ် ထိတ်လန့်သွားသည်။

"ရလား.. အဲဒီလို ခေါ်လို့ရလား"

သူ့ နားလည်ထားမှုအရ ဤအိမ်သည် ဆန်းကြယ်သော စီနီယာများ နေထိုင်သည့် အထွတ်အမြတ် နေရာဖြစ်သည်။

ယခုခေတ်တွင် ဤမျှလောက် အစွမ်းထက်သည့် "အန်တီ"ကို အဘယ်နေရာတွင် ရှာတွေ့နိုင်ပါမည်နည်း။

"ဘာဖြစ်လို့လဲ.. အဲဒါက ခေါင်းစဉ်တစ်ခုပဲလေ"

မေမေဝမ်က ရယ်မော၍ ပြောလိုက်သည်။

"စကားမစပ် ငွေရောင်လေး မင်းဘယ်မှာနေတာလဲ"

"ကျမတို့ မျိုးနွယ်က ဂူထဲမှာပဲ အနေများတယ်... ကျမတို့က မတ်တပ်ရပ်ပြီး အိပ်လေ့ရှိတယ်"

"မင်း ဒီလိုကြွကြွရွရွ ဖြစ်နေတာ မဆန်းပါဘူး... မင်းက မတ်တပ်ရပ်နေကြ ဖြစ်နေလို့ကိုး"

မေမေဝမ်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

လှိုဏ်ဂူထဲတွင် နေထိုင်ခြင်းနှင့် ပတ်သက်၍ မေမေဝမ်က ထူးဆန်းသည်ဟု မထင်ခဲ့ပေ။

ယခုခေတ်တွင် ဤကဲ့သို့ နေထိုင်ခြင်းကို စိတ်ဝင်စားသူများ ရှိလာသည်။

ဆိုရလျှင် မိသားစုတစ်ခုက ပိုချမ်းသာလေလေ ပို၍ အတတ်ဆန်းလေလေပင်။

ထို့အပြင် ယနေ့ခေတ်တွင် လူချမ်းသာများက တောနက်ထဲရှိ လိုဏ်ဂူများကို တူးထုတ်ပြီး ဇိမ်ခံအိမ် အဖြစ် ပြောင်းလဲလေ့ရှိသည်။

ထိုကိစ္စနှင့် သက်ဆိုင်သည့် အကြောင်းအရာ အများအပြားကို တီဗီက ထုတ်လွှင့်လေ့ ရှိသည်။

ယင်းမှာ ဤမိန်းကလေး၏ မိသားစုနောက်ခံက အလွန်ကောင်းမွန်သည်ဟု သက်သေပြနေ၏

မိန်းကလေး၏ အသားအရည် အဘယ်ကြောင့် အလွန်အမင်း ဖြူနေရလဲ သူမအနေဖြင့် ရှင်းလင်းသွားသည်။

ဤမျက်နှာဖြူမိန်းကလေးက သဘာဝ၏ လွှမ်းမိုးမှုကနေ  သိသိသာသာ အကျိုးခံစားခဲ့ရသည်ဟု မေမေဝမ် ထင်ခဲ့သည်။

"မင်းအဆင်ပြေရင် နေ့လည်စာပါ တစ်ခါထဲစားသွားပါလား"

မေမေဝမ် ပြုံးလိုက်သည်။

"အာ.. မလုပ်ပါနဲ့... အဲဒါက အန်တီ အတွက် အလုပ်ပို ဖြစ်စေလိမ့်မယ်"

"ငါ့အတွက် အဆင်ပြေပါတယ်"

မေမေဝမ်က ဝမ်းသာအားရ မတ်တပ်ရပ်လိုက်သည်။

"ငါ မီးဖိုချောင်ထဲ ဝင်လိုက်ဦးမယ်.. မင်း လင်းလင်းကို ရှာချင်ရင် ဒုတိယထပ် ဘယ်ဘက်ရဲ့ ပထမဆုံး အခန်းမှာ ရှိတယ်"

"အန်တီ.. တခြားစီနီယာတွေရော မတွေ့ပါလား"

"သူတို့ အပြင် ထွက်သွားတယ်.. ဒီနေ့ နေ့လည်စာက ငါတို့ သုံးယောက်ပဲ"

မေမေဝမ်က ပြောလိုက်သည်။

"ဟုတ်ကဲ့ အန်တီ... ဒါဆို ကျမ အပေါ်ထပ်ကို အရင်တက်လိုက်ဦးမယ်"

ထိုစကားကို ပြောပြီးနောက် ငွေရောင်လေးက အပေါ်ထပ်သို့ ပြေးတက်သွားခဲ့သည်။

နေ့လယ်စာစားဖို့ တောင်းဆိုခံရလိမ့်မည်ဟု သူ့အနေဖြင့် ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

သူ အပေါ်ထပ်သို့ တက်သွားစဉ် မေမေဝမ်က စူးရှသော မျက်လုံးများဖြင့် အကဲခတ်နေခဲ့သည်။

တစ်ချို့နေရာတွေမှာ သေးနေပေမဲ့ သူမက ဤမျက်နှာဖြူ ကောင်မလေးကို တော်တော်လေး သဘောကျမိသည်။

ငွေရောင်လေး အပေါ်ထပ်သို့ တက်သွားသောအခါ မေမေဝမ်က ဤမျက်နှာဖြူ ကောင်မလေးတွင် တင်ပါးကြီးကြီး ရှိနေသည်ကို သတိပြုမိလိုက်သည်။

သူမ၏ တင်ပါးက သြချရလောက်အောင် ကြီးမား၏။

တင်ပါးကြီးသော မိန်းကလေးသည် ကလေးမွေးဖွားရန်အတွက် ကောင်းမွန်သည် ဟူသော စကားပင်ရှိသည် မဟုတ်ပါလော။

အပိုင်း(၃၉၁) ပြီး၏

Continue Reading

You'll Also Like

26M 779K 76
"You are mine!" He roars. "I will do whatever it takes to make you know that. Whether it means I lock you up in a prison and throw away the key." Foo...
2.9M 193K 57
Marriage Life လေးကို ပုံဖော်ထားပါတယ်။ သွေးထက်သံယိုဖြစ်ခြင်းများအနည်းငယ်ပါနိုင်ပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖန်တီးထားတာဖြစ်တဲ့အတွက် လက်တွေ့နဲ့ မသက...
605K 23.7K 159
Author:Yan Ruo Elegant Status: Complete Status in COO: 551 Chapters Link : http://www.Icread.com/bookpage/36965/index.html/ The rebirth of the poison...
3.2M 181K 104
SECOND CHANCES, I didn't believe in it, I have never been known to the world, I was born disfigured, useless and without a name. To the General, my...