အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ

By 0079796zayar

1.6K 165 2

တစ်နေ့တစ်ခန်းတင်ပါတယ်။ ဟာသစာစဥ်လေးပါ။ More

အပိုင်း(၃၃၆) အိုး.. ခဏနေပါဦး.. လိုင်းအောက် မသွားပါနဲ့
အပိုင်း(၃၃၇)မိုက်မဲသော အရာတစ်ခုကို မလုပ်သရွေ့ မင်းကို ခြောက်လှန့်ဖို့ ပြန်လာမည်မ
အပိုင်း(၃၃၈) စိတ်ကူးဉာဏ်ပျောက်ဆုံးနေသည့် ဖေဖေဝမ်
အပိုင်း(၃၃၉) မလှုပ်နဲ့ဒီမှာပဲနေ
အပိုင်း(၃၄၀) ခမ်းနားသော အင်မော်တယ် ဗုဒ္ဓဘာသာ ပိဋိကတ်တိုက်
အပိုင်း(၃၄၁) အနီရောင် သစ်သီး
အပိုင်း(၃၄၂) ဆရာတော်ကြီး ကျစ်ချူး၏ ဘဝဒဿန
အပိုင်း(၃၄၃) လုံးဝမျှော်လင့်မထားသောဖြစ်ရပ်
အပိုင်း(၃၄၄) ကြမ်းတမ်းခက်ထန်ပြီးမှ နွေးထွေးတဲ့သူ ဖြစ်လာမယ်ဆိုရင် ဘဝပျက်နိုင်တယ်
အပိုင်း(၃၄၅) စိတ်ကူးယဥ်လွန်းပြီး လျှို့ဝှက်စွမ်းအားများ ရှိသည်ဟု ကိုယ့်ကိုယ်ကိုယ
အပိုင်း(၃၄၆) ချပ်ဝတ်တန်ဆာအပြည့်ဖြင့် မှန်ကန်သောကိုယ်ဟန်
အပိုင်း(၃၄၇) ငယ်စဥ်ကတည်းက ခေါက်ဆွဲခြောက်နှင့်နှစ်ပါးသွားခဲ့သည်
အပိုင်း(၃၄၈) အသန်မာဆုံးဦးနှောက်
အပိုင်း(၃၄၉) ငါက သာမန်လူတစ်ယောက်ပါ
အပိုင်း(၃၅၀) ငွေအပ်ရဲ့ နောက်ကွယ်က အဓိပ္ပါယ်ကိုသိလား
အပိုင်း(၃၅၁) ကမ္ဘာပတ်နေသူအတွက် အပိုပညာရပ်ဆိုတာ ဝန်ထုပ်ဝန်ပိုး မဟုတ်ပါဘူး
အပိုင်း(၃၅၂) နေ့စဥ်ဘဝ
အပိုင်း(၃၅၃) ညီနောင်.. ဖန့်ရှင်းလား
အပိုင်း(၃၅၄) လဲမုန့်မုန့်၏ စိတ်ရောဂါကုထုံး
အပိုင်း(၃၅၅) မီးတောက်ဧကရာဇ်၏ မျိုးဆက်များ
အပိုင်း(၃၅၆) မိဘများနှင့် ဆရာများ
အပိုင်း(၃၅၇) ဘောက်စ်ကိုဖွင့်သည့်အခိုက်အတန့်
အပိုင်း(၃၅၈) မော်ကွန်းဝင် လူသတ်သမားနှစ်ဦးကြားမှအသေအကျေတိုက်ပွဲ
အပိုင်း(၃၅၉) မော်ကွန်းဝင် လူသတ်သမား နှစ်ဦးကြားမှ နိဂုံး-၁
အပိုင်း(၃၆၀) မော်ကွန်းဝင် လူသတ်သမား နှစ်ဦးကြားမှ နိဂုံး
အပိုင်း(၃၆၁) လေလွင့်ကိုယ်လူချော၏ လျှို့ဝှက်လက်နက်
အပိုင်း(၃၆၂) နတ်ဆိုးကမ္ဘာသူတော်စင်ရေ၁
အပိုင်း(၃၆၃) နတ်ဆိုးကမ္ဘာသူတော်စင်ရေ၂
အပိုင်း(၃၆၄) နတ်ဆိုးကမ္ဘာသူတော်စင်ရေ၃
အပိုင်း(၃၆၅) ဤအရာကို ကလေးများ ကြည့်ရှုရန် မသင့်ပါ
အပိုင်း(၃၆၆) ညီအကိုသုံးယောက်
အပိုင်း(၃၆၇) ကျွန်ုပ်တွင် မြားပစ်စွမ်းရည်ရှိသည်
အပိုင်း(၃၆၈) အင်းဆက် အရောင်းသမား
အပိုင်း(၃၆၉) လင်းကျန်းရန် ကံစမ်းမဲပေါက်ခြင်း
အပိုင်း(၃၇၀) အင်မော်တယ်ဘုရင် နှလုံးသားကျမ်း စမ်းသပ် ဗားရှင်း
အပိုင်း(၃၇၁) ဆုံးရှုံးမှုကဘာလဲ..
အပိုင်း(၃၇၂) သူတော်စင် အဖွဲ့အစည်း
အပိုင်း(၃၇၃) အထက်တန်းလွှာမှ ထိပ်တန်းကျောင်းသား
အပိုင်း(၃၇၄) ဝမ်းနည်းနေသော ငွေရောင်လေး
အပိုင်း(၃၇၅) သင်၏ စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန်အကြောင်း အနည်းငယ်မျှဝေပါ
အပိုင်း(၃၇၇) တွန်းထိုးခြင်း လိပ်ပြာကြီး
အပိုင်း(၃၇၈) သက်လတ်ပိုင်းအရွယ် ပင်ဂွင်းသခင်
အပိုင်း(၃၇၉) စာမေးပွဲအခြေအနေ ဘယ်လိုလဲ
အပိုင်း(၃၈၀) ဟိုးမှာကြည့်စမ်း.. ပန်းကန်​ပြားပျံတစ်စင်း
အပိုင်း(၃၈၁) အတုအယောင်အဖွဲ့အစည်း
အပိုင်း(၃၈၂) အိမ်မွေးတိရစ္ဆာန်မုဆိုးများ
အပိုင်း(၃၈၃) အန္တရာယ်များသောမြေပိုင်ရှင်
အပိုင်း(၃၈၄) ထွင်ထျန်းဟာ ဘာလို့ပြန်မလာသေးတာလဲ
အပိုင်း(၃၈၅) ကောင်းကင်မင်းကြီးက မြေပြင်ကကျားကို ကာကွယ်တယ်
အပိုင်း(၃၈၆) ဝေ့ကျစ်၏ စွမ်းပကား
အပိုင်း(၃၈၇) ဆရာလေးလင်း၏ အဝေးမှ အထောက်အပံ့
အပိုင်း(၃၈၈) ဂန္တဝင်ထဲက နတ်ဆိုးနတ်ဘုရား
အပိုင်း(၃၈၉) ဒဏ္ဍာရီလာ အဆီအနှစ်စုပ်ယူ စွမ်းရည်လား
အပိုင်း(၃၉၀) ကလန်ကဆန်လုပ်ချင်သော ငွေရောင်လေး
အပိုင်း(၃၉၁) မျက်နှာဖြူမိန်းကလေး
အပိုင်း(၃၉၂) ဆန်းကြယ်သောကုသနည်း
အပိုင်း(၃၉၃) လှည့်ကွက်မိသွားသောစီနီယာဖန်း
အပိုင်း(၃၉၄) ကမ္ဘာခြားဂိတ်နှင့် ပတ်သက်သည့်အမှန်တရား
အပိုင်း(၃၉၅) အင်မော်တယ် ရတနာအိမ်
အပိုင်း(၃၉၆) ခေါက်ဆွဲခြောက်ကြွပ်ကြော်တွေက ဘာသုံးစားလို့ရလဲ
အပိုင်း(၃၉၇) အကြောတင်းသောမျက်နှာ၊ ကြင်နာသောနှလုံးသား
အပိုင်း(၃၉၈) စွမ်းအားမြင့် စီနီယာကြီးတွေက တူညီတဲ့အစားအစာကို စားကြသည်။
အပိုင်း(၃၉၉) ခွင့်ပြုချက်ရသွားသောငွေရောင်လေး
အပိုင်း(၄၀၀) မောင်းမဆောင်ထဲကထွင်ထျန်းဟာအဆင့်အတန်း
အပိုင်း(၄၀၁) ငွေရောင်လေး၏ တိုက်ပွဲ
အပိုင်း(၄၀၂) ခြေသလုံးအိမ်တိုင်အင်မော်တယ်အမှတ်အသား
အပိုင်း(၄၀၃) နောက်တစ်ကြိမ် ဖမ်းဆီးခံရသော ငွေရောင်လေး
အပိုင်း(၄၀၄) ဘာအမွေးလဲ
အပိုင်း(၄၀၅) အဖိုးအိုတစ်ယောက် ရှိနေတာလား
တယ်လီဂရမ်ဂရု စဖွင့်နေပါပြီ။
အပိုင်း(၄၀၆) လင်းကျန်းရန်က ဆယ်မိနစ်အတွင်းလက်နက်သန့်စင်တဲ့နည်းစနစ်ကို သင်ယူခဲ့တယ်
အပိုင်း(၄၀၇) လက်နက်သန့်စင်တာ ခက်လို့လား
အပိုင်း(၄၀၈) ကောင်းကင်လက်နက်ရှစ်မျိုး..
အပိုင်း(၄၀၉) အလယ်ကနေအပေါက်တစ်ပေါက်ဖောက်ရုံ..
အပိုင်း(၄၁၀) တာအိုကျင့်ကြံသူကွမ်းက အလင်းရောင်ကို တဖန်ပြန်မြင်ခဲ့ရသည်
အပိုင်း(၄၁၁) ကြက်သားများများ စားနိုင်ရင် ဆရာလည်း လုပ်နိုင်တယ်
အပိုင်း(၄၁၂) ယဇ်ပူဇော်ခြင်းရဲ့ခေတ်သစ်စည်းမျဥ်း
အပိုင်း(၄၁၃) ဗုံးပစ်စီနီယာအင်မော်တယ်က သီချင်းကိုမှော်ဆန်စွာ ပြောင်းလဲလိုက်သည်
အပိုင်း(၄၁၄) ဗုံးပစ်စီနီယာအင်မော်တယ်ရဲ့ အံ့ဖွယ်လျှို့ဝှက်ချက်
အပိုင်း(၄၁၅) မရိုမသေလုပ်သောဓမ္မရာဂျာ
အပိုင်း(၄၁၆) လင်းကျန်းရန် အမှန်တကယ် စိတ်ဆိုးသွားပြီ

အပိုင်း(၃၇၆) ဒီခွေးက အံဩစရာပဲ

20 2 0
By 0079796zayar

စုန့်ဟိုင်မြို့တွင် ဝိညာဉ်သားရဲ အရည်အချင်း အကဲဖြတ်ရေးစင်တာ သုံးခုရှိပြီး သားရဲများ အဆင့်အတန်း ခွဲခြားသတ်မှတ်ခြင်းကို အဓိကထား လုပ်ဆောင်သည်။

သင်က သက်ဆိုင်ရာ သားရဲနှင့် စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန် စာချုပ်ပြုလုပ်ပြီး အကဲဖြတ်မှု အခကြေးငွေကို ပေးဆောင်နေသမျှ ကာလပတ်လုံး သင်က အရည်အချင်းစစ် အကဲဖြတ်မှုကို ဖြေဆိုနိုင်ပေမည်။

ထွင်ထျန်းဟာက ဝမ်လင်းနှင့် အတူနေတာ ကြာပြီဖြစ်သော်လည်း စာချုပ်မချုပ်ထားပေ။

စိတ်ဝိညာဉ် အိမ်မွေးတိရိစ္ဆာန် စာချုပ် တည်ရှိရခြင်းအကြောင်းရင်းမှာ ပိုင်ရှင်များ အနေဖြင့် ၎င်းတို့၏ စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန်များ ပုန်ကန်မှု ပြုလျှင် စာချုပ်စွမ်းအားကို အသုံးပြု၍ အတင်းအကြပ် ချုပ်ကိုင်နိုင်စေရန် ဖြစ်သည်။

သို့သော် လင်းကျန်းရန်နှင့် သက်ဆိုင်သည့် အိမ်မွေးတိရိစ္ဆာန်တစ်ကောင် အနေဖြင့် ဤစာချုပ်က လုံးဝတန်ဖိုးမရှိပေ။

ပထမဆုံး အချက်အနေဖြင့် ထွင်ထျန်းဟာက ဝမ်လင်းကို ပုန်ကန်ဖို့ နေနေသာသာ ဝမ်လင်းရှေ့တွင် သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ် ထိန်းချုပ်၍သာ နေခဲ့ရသည်။

အကယ်၍ ပုန်ကန်မိလျှင် တမင်တကာ အရိုက်ခံရရန် တောင်းဆိုသလိုသာ ဖြစ်နေလိမ့်မည် မဟုတ်ပါလော။

သို့သော် ယခုတစ်ကြိမ် ဝိညာဥ်သားရဲ အရည်အချင်းအကဲဖြတ်ရေး ဌာန၏ စမ်းသပ်မှုတွင် ပါဝင်ရန်အတွက် ဝမ်လင်းက ယမန်နေ့ ညနေတွင် ထွင်ထျန်းဟာ နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ထွင်ထျန်းဟာကလည်း သဘောတူခဲ့၏။

ဖားပြုပ်မျိုးနွယ်စုတွင် အာကာပြင်ဝါးမျိုခြင်း စွမ်းရည် ရှိသည်။

ထွင်ထျန်းဟာက ယခုအခါတွင် ခွေးတစ်ကောင် ဖြစ်နေသော်လည်း မန္တန်ကို သိရှိသ၍ ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ ထိုစွမ်းရည်ကို အသုံးပြုနိုင်မည် ဖြစ်သည်။

လက်ရှိတွင် ထွင်ထျန်းဟာက စာချုပ်ကို ပါးစပ်ထဲတွင်သာ သိမ်းဆည်းထားခဲ့သည်။

..........................

အရည်အချင်းစစ် အကဲဖြတ် စင်တာသို့ အစိမ်းရောင် ခွေးတစ်ကောင် ပေါ်လာချိန်တွင် ဆယ့်တစ်နာရီ နီးပါးရှိပြီ ဖြစ်သည်။

ဤနေရာက မြို့လယ်ရှိ ဝိညာဉ်သားရဲ အရည်အချင်းစစ် အကဲဖြတ်ရေးဌာန ဖြစ်သည်။

၎င်းသည် ဝိညာဉ်ကျောက်တုံး မျိုးစုံဖြင့် ထူထပ်စွာတည်ဆောက်ထားသည့် ဧရာမ ကြက်ဥပုံသဏ္ဍာန် အလှဆင်ထားသော အလွန်တရာ ခံ့ညားသည့် အဆောက်အအုံ တစ်ခုဖြစ်သည်။

ထွင်ထျန်းဟာက နှစ်ကြိမ် သုံးကြိမ် ခုန်လိုက်သည်နှင့် မှန်တံခါးဝဆီသို့ တမဟုတ်ချင်း ရောက်ရှိသွားသည်။

အဆောက်အဦးထဲကို မဝင်ရသေးသော်လည်း အတွင်းထဲကနေ ဆူညံသံများကို ကြားနေရသည်။

ဧည့်ခံကောင်တာရှေ့တွင် အရည်အချင်း အကဲဖြတ်မှုကို ခံယူရန်အတွက် စိတ်ဝိညာဉ် သားရဲများနှင့်အတူ စောင့်ဆိုင်းနေသော ကျင့်ကြံသူ လူတန်းရှည်ကြီး ရှိသည်။

ယင်းက ထွင်ထျန်းဟာ မျှော်လင့်ထားသည် နှင့် ဆန့်ကျင်ဘက် ဖြစ်နေ၏။

၎င်းရှေ့ရှိ ဝိညာဉ်သားရဲများမှာ သာမန်ထက် သာလွန်နေသည်။

ထွင်ထျန်းဟာ အရှေ့တွင် တန်းစီနေသည်မှာ အနီရဲရဲ ဦးထုပ်ကို ဆောင်းထားသည့် ဆယ်ကျော်သက်အရွယ် ဝိညာဥ်သားရဲ ပိုင်ရှင် ဖြစ်၏။

၎င်း၏ ဝိညာဥ်သားရဲမှာ ရှားပါးသည့် ဝိညာဉ်သားရဲလိပ်ပြာ ဖြစ်သည်။

ဤလိပ်ပြာက ဆယ်ကျော်သက်၏ ပခုံးပေါ်၌ နာခံမှုရှိစွာဖြင့် မလှုပ်မယှက် တည်ရှိနေခဲ့သည်။

ထွင်ထျန်းဟာက လူတန်းရှည်၏ အဆုံးတွင် ရှိနေ၏။

သူက လိပ်ပြာသားရဲကို တွေ့လျှင် ချက်ချင်းပင် ချွေးများ ထွက်လာသည်။

၎င်းက ရှားပါးသော ဝိညာဉ်သားရဲ လိပ်ပြာ ဖြစ်နိုင်သော်လည်း ထွင်ထျန်းဟာ အနေဖြင့် ၎င်း၏ ဝိညာဉ်လိပ်ပြာမျိုးစိတ်ကို အတိအကျ မပြောနိုင်ခဲ့ပေ။

..............

ကျင့်ကြံရေး လောကတွင် ဝိညာဥ်သားရဲများကို အမျိုးအစားခွဲခြားခြင်း လုပ်ငန်းစဥ်မှာ ရှုပ်ထွေးလွန်းလှသည်။

ဝိညာဥ်သားရဲ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မည်မျှသန်မာသလဲ ပေါ်တွင်သာ မူတည်သည်။

သင်က သန်မာနေသရွေ့ ဝိညာဥ် ပုရွက်ဆိတ် တစ်ကောင်ပင် ဖြစ်နေပါစေ ဘုရင်ဟု ခေါ်ဆိုနိုင်ပေသည်။

ယနေ့ခေတ်တွင် နိုင်ငံတစ်ဝှမ်းရှိ စိတ်ဝိညာဉ်တိရစ္ဆာန် ပြိုင်ပွဲများတွင် ဝင်ရောက် ယှဥ်ပြိုင်ခြင်းဖြင့် ဝင်ငွေရှာဖွေသော ကျင့်ကြံသူ များစွာ ရှိနေပြီ ဖြစ်သည်။

ဝိညာဉ်သားရဲ အရည်အချင်းစစ် အကဲဖြတ်ရေး စင်တာများက ဤပြိုင်ပွဲများ ယှဥ်ပြိုင်ရန် အတွက် ဆားဗစ်ပေးရန် ဖန်တီးထားသည့် လုပ်ငန်းအသစ် တစ်ခု ဖြစ်လာ၏။

ပထမဦးစွာ ၎င်းတို့အနေဖြင့် ဝိညာဉ်သားရဲများ ဆိုင်ရာ တိကျသော အချက်အလက်များကို အစိုးရအား ပံ့ပိုးပေးရန်အတွက် နိုင်ငံတစ်ဝှမ်းရှိ ဝိညာဉ်တိရစ္ဆာန် ပြိုင်ပွဲများနှင့် ချိတ်ဆက်နိုင်မည် ဖြစ်သည်။

ဒုတိယအနေဖြင့် ၎င်းတို့က ထိန်းသိမ်းခံထားရသော ဝိညာဉ်သားရဲများ အားလုံးကို မှန်ကန်သော မှတ်တမ်းများ ပြုလုပ်နိုင်မည် ဖြစ်သည်။

ထိုသားရဲများ တစ်စုံတစ်​ခု ဖြစ်ခဲ့လျှင် တစ်နိုင်ငံလုံးရှိ အကဲဖြတ် ဌာနများက ပိုင်ရှင်များကို တိုက်ရိုက် ဆက်သွယ်နိုင်မည် ဖြစ်သည်။

ထွင်ထျန်းဟာ တန်းစီနေစဥ် ၎င်း၏ရှေ့ရှိ အနီရောင် လျှာထိုး ဦးထုပ်နှင့် ကောင်လေးက ရုတ်တရက် လှည့်ကြည့်လိုက်သည်။

"မင်းကိုယ်တိုင် လာခဲ့တာလား.. မင်းရဲ့ ပိုင်ရှင်ရော ဘယ်မှာလဲ"

ထွင်ထျန်းဟာက အရည်အချင်းစစ် အကဲဖြတ်ဌာန၏ ပင်မခန်းမရှိ နာရီကို ခေါင်းမော့၍ ကြည့်ကာ တိုက်ရိုက် ပြန်ဖြေလိုက်သည်။

"သူက အတန်းထဲမှာ"

အဆုံးသတ်တွင် အနီးနားရှိ ဝိညာဉ်သားရဲများနှင့် ၎င်းတို့၏ ပိုင်ရှင်များထံမှ လုံးဝ အံ့အားသင့်နေသော အကြည့်များက သူ့ထံသို့ စုပြုံ ကျရောက်လာသည်။

စည်းကမ်းထိန်းသိမ်းမှု တာဝန်ခံများ နှင့် အရည်အချင်းစစ် အကဲဖြတ်ရေး စင်တာ၏ စီမံခန့်ခွဲရေး တာဝန်ခံများ အနားရှိ လုံခြုံရေး အစောင့်များပင် တုန်လှုပ်သွားကြသည်။

"သောက်ချီး.. ဘာလဲဟ"

"ဒီအမွေးစိမ်းခွေးက တကယ်ပဲ စကားပြောနိုင်တာလား"

ယေဘုယျအားဖြင့် ဒုတိယတန်းစား ဝိညာဥ်သားရဲများသာ ဘာသာစကားကို ပြောဆိုနိုင်သည် မဟုတ်လော။

များသောအားဖြင့် ဒုတိယတန်းစားထက် နိမ့်ကျသော ဝိညာဉ်သားရဲများ ပြောဆိုသောအရာများကို ၎င်းတို့နှင့် စာချုပ်ချုပ်ဆိုထားသည့် ၎င်းတို့၏ ပိုင်ရှင်များသာ နားလည်နိုင်မည် ဖြစ်သည်။

ဆယ်ကျော်သက်က ထွင်ထျန်းဟာကို တအံ့တသြ စိုက်ကြည့်နေသည်။

"မင်းစကားပြောလို့ရတယ်လား.. မင်းက ဒုတိယတန်းစားဝိညာဥ်သားရဲလား"

ထွင်ထျန်းဟာက အလွန်ကျိုးနွံစွာ ပြန်ဖြေလိုက်သည်။

"ဒုတိယတန်းစား အဆင့်ကို မရောက်သေးဘူးလို့ ထင်တာပဲ.."

ဆယ်ကျော်သက်က နည်းနည်းတော့ အံ့သြသွား၏။

"ဒါဆို မင်းဘယ်လို စကားပြောတတ်နေတာလဲ"

ထွင်ထျန်းဟာ "ငါက ရေးလည်း ရေးတတ်တယ်.. နေပါဦး.. အဲဒါတွေ သင်ရတာ အရမ်းပဲ ခက်နေလို့လား"

လူတိုင်း "............"

ဆယ်ကျော်သက်က အသက်ခပ်ပြင်းပြင်း ရှူလိုက်သည်။

စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန်ကို သူ့ဘာသာသူ အရည်အချင်းစစ် အကဲဖြတ်မှု ခံယူရန် ပိုင်ရှင်က အဘယ်ကြောင့် စိတ်အေးလက်အေး  လာရောက်ခွင့်ပြုရသနည်းဟု အစောပိုင်းက သူတွေးနေခဲ့၏။

အဘယ်ကြောင့်ဆိုသော် စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန်များသည် အမေးအဖြေကဏ္ဍ အတွက် ၎င်းတို့၏ပိုင်ရှင်များနှင့် ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်မည် ဖြစ်သောကြောင့်ပင်။

သို့သော် စိတ်ဝိညာဉ် အိမ်မွေးတိရိစ္ဆာန်က စကားပြောနိုင်နေလျှင် ပိုင်ရှင်က အရည်အချင်းစစ် အကဲဖြတ်မှု အတွက် အတူလိုက်လာရန် မလိုအပ်တော့ပေ။

တကယ်တမ်းတွင် ဤဆယ်ကျော်သက် လူငယ်က သူ့ကိုယ်ပိုင် စိတ်ဝိညာဉ် သားရဲများကို လေ့ကျင့်သင်ကြားကာ နိုင်ငံအနှံ့ လှည့်လည် ပြိုင်ပွဲဝင်နေသော ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

ထို့ကြောင့် ထွင်ထျန်းဟာကို မြင်လိုက်သည်နှင့် စိတ်ဝင်စားသွားခဲ့ပြီး သာမန်ခွေး အမျိုးအစား မဟုတ်ဟု ခံစားလိုက်ရသည်။

ဒုတိယတန်းစား အဆင့်သို့ မရောက်သေးဘဲ မည်သို့သော ဝိညာဥ်သားရဲမျိုးက စကားပြောတတ်၊ စာရေးတတ်ပါမည်နည်း။

ဤဆယ်ကျော်သက်က ထွင်ထျန်းဟာ အကြောင်းကို မယုံနိုင်လောက်အောင် သိချင်နေခဲ့၏။

သူက ချက်ချင်း ဝပ်တွားကာ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

"မင်္ဂလာပါ.. တွေ့ရတာ ဝမ်းသာပါတယ်... ငါ့နာမည် ဝေ့ကျစ်ပါ.. ငါက ကျန်းရှင်းမြို့ကပါ။ ငါ့ကို ကျစ်လေးလို့လည်း ခေါ်နိုင်ပါတယ်"

"................"

ထွင်ထျန်းဟာက အကြောင်းတစ်ခုခုကြောင့် မှင်တက်သွားသည်။

ယခင်က ဤစာကြောင်းကို ကြားဖူးသလို ခံစားရ၏။

ဝေ့ကျစ်ဟု ခေါ်သော ဤဆယ်ကျော်သက်က အလွန်စိတ်လှုပ်ရှားနေပုံရသည်။

"မင်းမွေးကတည်းက အစိမ်း​ရောင်​အမွေးနဲ့လား"

ထွင်ထျန်းဟာက ခေါင်းညိတ်လိုက်သည်။

"တစ်မျိုးလေးပဲနော်"

တကယ်တော့ ဤအစိမ်းရောင် အမွေးများကြောင့် သူစိတ်ပျက်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

သူက တစ်ချိန်က နတ်ဆိုးဘုရင် ဖြစ်ခဲ့ဖူးသော်လည်း မည်သည့်အရာကိုမျှ လွန်လွန်ကျူးကျူး မလုပ်ခဲ့ဖူးပေ။

သူ့ဘ၀တွင် ကျူးလွန်ဖူးသမျှ အကြီးမားဆုံး ကိစ္စမှာ လွန်ခဲ့သည့် ခြောက်နှစ်လောက်က ကမ္ဘာခြားဂိတ်တံခါးနှင့်အတူ ကမ္ဘာမြေပေါ်သို့ ဆင်းသက်ခဲ့ခြင်း ဖြစ်နိုင်သည်။

၎င်းအနေဖြင့် ထိုအချိန်က အခြားသော နတ်ဆိုးဘုရင်များနှင့် အတူတကွ ဆင်းသက်ခဲ့သည်ဟု ပြောလျှင် မည်သူမျှ ယုံနိုင်ဖွယ် မရှိပေ။

အဆုံးသတ်တွင် ကမ္ဘာမြေပေါ်သို့ ရောက်ရောက်ချင်းမှာပင် အသတ်ခံလိုက်ရသည်။

ဤအဖြစ်အပျက်မှလွဲ၍ ထွင်ထျန်းဟာက သူ့ကိုယ်သူ အလွန်ယဥ်ကျေးသော ဖားပြုပ် ဖြစ်သည်ဟု ထင်ခဲ့သည်။

နောက်ပိုင်းတွင် ဆရာမဖန်က သူ့ကို ခွေးတစ်ကောင်နှင့် ပေါင်းစပ်လိုက်ရာ အစိမ်းရောင် အမွေးများ ရှိသည့် ခွေးတစ်ကောင်ဖြစ်သွားခဲ့၏။

ထိုအခိုက်အတန့်က ထွင်ထျန်းဟာ၏ နှလုံးသားကို စိတ်ပျက်အားငယ်စေခဲ့သည်။

"ငယ်ရွယ်တဲ့အချိန်မှာ တစ်ခါမှ အမှားမလုပ်ဖူးတဲ့သူ ရှိလို့လား.. ဘာလို့ အစိမ်းရောင် ပြောင်းလဲသွားရတာလဲ"

အစိမ်းရောင်က တခြားသူအတွက်မူ အရေးမကြီးဟု ထင်ရသော်လည်း ထွင်ထျန်းဟာ အတွက်က တကယ်ကို နာကျင်ရသည်။

ဤဆယ်ကျော်သက် ဝေ့ကျစ်၏ အပြုအမူကြောင့် သူ့ကို စောင့်ကြည့်နေသည့် မျက်လုံး အရေအတွက်က ပိုပိုပြီး များလာသည်ကို ထွင်ထျန်းဟာ သတိပြုမိလိုက်သည်။

ဧည့်ကောင်တာမှ တာဝန်ခံ ဝန်ထမ်း အများအပြားပင် သူ့ကို ထူးခြားစွာ စိုက်ကြည့်နေကြသည်။

ဝေ့ကျစ်က ဖောင်ဖြည့်ရန် အလှည့် ရောက်လာသောအခါ ထွင်ထျန်းဟာကို အနည်းငယ် စိုးရိမ်သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။

"မင်းအတွက် ငါဖြည့်ပေးရမလား.. မင်းအတွက် ဘောပင်ကိုင်ရတာ ခက်တယ် မဟုတ်လား"

ထွင်ထျန်းဟာ ခေါင်းခါယမ်းလိုက်သည်။

"မလိုဘူး.. ငါ့ဘာသာလုပ်မယ်"

ဝေ့ကျစ် နှင့် ဧည့်ကောင်တာရှိ ဝန်ထမ်းများ တုန်လှုပ်သွားကြသည်။

ထို့နောက် ဝေ့ကျစ်က ထွင်ထျန်းဟာကို အချက်အလက် ဖြည့်ရန် ဖောင်နှင့် ဘောပင်တစ်ချောင်း ပေးကာ ရယ်မောလိုက်သည်။

"စာရေးတတ်တဲ့ခွေးကို ဒါပထမဆုံး မြင်ဖူးတာပဲ..."

ထွင်ထျန်းဟာက ဘောပင်ကို သေသေချာချာ ကိုင်ထားသည်။

တကယ်တမ်းတွင် ဘောပင်ကို ကိုင်ထားသည်ဟု မဆိုနိုင်ပေ။

ဝိညာဉ်စွမ်းအင်ဖြင့် သူ့ခြေထောက်တွင် ကပ်ထားခြင်းသာ။

၎င်းက ထွင်ထျန်းဟာ အထူးတလည် လေ့ကျင့်ခဲ့သည့် ကိုယ်ဟန်အနေအထား ဖြစ်ပြီး ဘောပင်ကို စိတ်ကြိုက်ရွေ့လျားရန် ပိုမို လွယ်ကူစေသည်။

ထွင်ထျန်းဟာ ဖောင်ဖြည့်စ ပြုလာသည်နှင့်အမျှ တန်းစီနေသော လူအများအပြားက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြ၏။

ဝေ့ကျစ်က ထွင်ထျန်းဟာ၏ ဦးတည်ရာကို စိုက်ကြည့်ရင်း သူ့ဖောင်ကို ဖြည့်လိုက်သည်။

ယင်းနောက်တွင် ဝေ့ကျစ်က ရုတ်တရက် စူးစမ်းစွာ မေးခွန်းထုတ်လိုက်၏။

"မင်းက ဘာဝိညာဉ်ခွေး အမျိုးအစားလဲ"

ထွင်ထျန်းဟာက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

"အက်ကီတာ"

"အကျကီတာလား"

အက်ကီတာက သာမန်ခွေးမျိုးစိတ် တစ်ခုမျှသာ ဖြစ်ပြီး ဝိညာဉ်ခွေး အမျိုးအစားတွင် လုံးဝ မပါဝင်သောကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။

ဝေ့ကျစ် အံ့သြသွားသည်။

"မင်းက ရော်ကျော်ခွေးလား"

ထွင်ထျန်းဟာ၏ မျက်လုံးထောင့်များ လှုပ်ယမ်းသွားသည်။

"မင်းကမှ ရောကျော်ခွေး"

ဝေ့ကျစ် "............"

ကျစ်လေးသည် ပိုကီမွန်စီးရီးမှ အဓိက ဇာတ်ကောင် ဆာတိုရှီ၏ တရုတ်နာမည် ဖြစ်သည်။

အပိုင်း(၃၇၆) ပြီး၏။

Continue Reading

You'll Also Like

911K 31K 110
When Grace returns home from college, it doesn't go like she thought it would. With her past still haunting her everyday choices, she discovers a sid...
13.4K 1.3K 53
ရီပင်းဆိုတဲ့လူငယ်လေးက ဒီဘက်ခေတ်ကနေ ကျင့်ကြံခြင်းလောကထဲရောက်ခဲ့တယ်။ ဒါမဲ့အဲ့လူငယ်လေးက ကျင့်ကြံခြင်းလောကမှန်းမသိပဲ စာပေပညါ ပန်းချီပညာစတဲ့ပညာတွေကိုသာလေ့...
7.4K 896 45
following a hundred years of cultivation i'm dying before i got a cheat skill (百年修仙,我快死了金手指才来) Author - Far Westworker Translator - Linkar Chapters...
23.8K 2.2K 52
Author: The Might Of Leaving Blank Genre: Eastern, Fantasy Status: 95 [Completed]